(17) မူလဝိဉာဥ်
စီးခုန်ချီယာ့ဟာ သူ့ရဲ့ မူလ ဝိဉာဥ်ကို ကျူးကျော် လာတဲ့ အင်အားကြီး ဝိဉာဥ် ဘာတွေ လုပ်နေခဲ့ သလဲ ဆိုတာကို အသိစိတ်ပင်လယ် ထဲက နေ အမြဲ စောင့်ကြည့် နေခဲ့တယ်။
ထိုသူက ကြီးမြတ်တဲ့ ရောင်ဝါ ရှိနေပေမယ့် အတွေးတွေ ကတော့ မဖြစ်ထွန်းတဲ့ လူစား မျိုးပေ။ သူ့ရဲ့ အမတော်ကို ထိုသူက ပုန်ကန်ဖို့ အတွေး မရှိတဲ့ အပြင် ကပ်ဖား ဖို့တောင် လုပ်နေခဲ့တယ်။ သူ့ကိုယ်ကြီး နဲ့ ကပ်ဖားလို့ ဘယ်ဖြစ်လိမ့်မလဲ သူ့ရဲ့ အမတော် အကြောင်းကို ချီယာ့ အသိဆုံးပဲလေ။
အမတော်က ပြုံးနေတဲ့ မြေခွေးလို့ ပြောရင်တောင် သူ့အလွန် မဟုတ်ပေ။ သူအမဘယ်လောက်ထိ ရက်စက် သလဲ ဆိုတာ သူကလွဲလို့ ဘယ်သူမှ မသိနိုင်ပေ။ သိပ်မကြာခင်မှာပဲ ထို အင်အားကြီး ဝိဉာဥ်က ဖူးပွင့်စ ကောလေး တစ်ယောက်ကို အသုံးတော် ခံလိုက်တယ်။
ပြီးတော့ ကျန်းနန်အိမ်ကို ပြန်ပြီး ကပေါက်တိ ကပေါက်ချာ တွေလုပ်တယ်။ သူ့ခမျာ ထိုသူလုပ်နေတာကိုပဲ ဘာမှမတက်နိုင်ပဲ ကြည့်နေရတယ်။ သူ့ရဲ့ ဝိဉာဥ်က ထိုကောလေးနဲ့ ထိတွေ့ ပွတ်သပ်တိုင်း စွမ်းအား ပြန်ပြည့်လာခဲ့တယ်။
ကြည့်ရတာတော့ ထိုကောင်လေး က သန့်စင်တဲ့ ကိုယ်ခန္ဓာကိုယ် ပိုင်ဆိုင်ထား သူ ဖြစ်လောက်တယ်။ ထိုအင်အားကြီး ဝိဉာဥ်က ကစားစရာလေးတွေ အများကြီး ကြိုက်ဟန် မပေါ်လေဘူး။ ထိုကော အသေးလေး ကိုပဲ အာရုံစိုက်တယ်။ ဒါကြောင့် အမတော်က သူ့ကို ကောအမျိုးသားတွေ ကြိုက်တယ် ထင်ပြီးတော့ နာမည်ကြီး ကော အမျိုးသား အလှလေးတွေကို ရွေးပို့လိုက်တော့ တာပဲ ။
ဒါပေမယ့် အဲ့ အင်အားကြီး ဝိဉာဥ်က ပြောရဆိုရတာ ခက်ခဲတဲ့ ကောအမျိုးသား တွေနဲ့ ညှိနိုင်ခဲ့တယ်လေ။ ဟုတ်တာပေါ့ အဲ့ထဲမှာ လက်ပေါက် အကပ်ဆုံးက သူ့ရဲ့ ဝမ်းကွဲ စီးခုန် မေ့ဟွားပဲ ဖြစ်တယ်။
စီးခုန် မျိုးနွယ် ရဲ့ နာမည်ကို စီးခုန် မျိုးနွယ် က မွေးတဲ့ လူတိုင်း မရနိုင်ပေ။ စီးခုန် ဆိုတဲ့ နာမည်ပါတဲ့ သူတိုင်းက အများနဲ့ လုံးဝကို ကွဲထွက်နေကြတဲ့ သူတွေ ပဲ ဖြစ်တယ်။ ဒါကတော့ သပ်သပ် ဇာတ်ကြောင်း တစ်ခုပေါ့လေ။
အခု အင်အားကြီး ဝိဉာဉ် အကြောင်း ဆက်အုံးစို့။ ထိုလူက စီးခုန်ချီမြန် ကို ပုန်ကန်တော့မယ့် ပုံပဲ။ သူ့ရဲ့ ရည်ရွယ်ချက်က ထိုကော အမျိုးသား လေးကို သူရဲ့ တစ်ဦးတည်းသော ဖြစ်ချင်ဟန်ပဲ။ တကယ်လို့သာ သူ့ကို ဝါးမျိုချင်တယ် ဆိုရင် သူ့ရဲ့ ဆန္ဒ တစ်ခု ကို ဖြည့်ဆည်း ပေးရမှာပဲ ဖြစ်တယ်။
သူကလည်း အရင်ဘဝ က ပန်းပွင့်တွေ ကြား လူးလွင့်ပြီးသား ဖြစ်လို့ ဒီဘဝ မှာတော့ ပန်းပွင့်တွေ မလိုချင်တော့ပေ။ မသေခါနီးလေး ဒွိလိင် ဖြစ်တဲ့ ကောအမျိူးသား လေးနဲ့ စက်ယှက် ဘူးတာ မလို့ ဒီအင်အားကြီး ဝိဉာဥ် ရွေးချယ်ထားတဲ့ သူကို စိတ်ထဲ ထည့်နိုင်တာပဲ ဖြစ်တယ်။
မဟုတ်လို့ ကတော့ အခက်တွေ့ အုံးမှာပဲ။ တဖြေးဖြေးနဲ့ သူ့ဝိဉာဥ် ကို အားဖြည့်ပြီး တော့ အခုချိန်မှာတော့ သူပြန်ကောင်းလာပြီ မလို့ ထို အင်အားကြီး ဝိဉာဥ် ကို မသိစိတ် ပင်လယ်ထဲမှာ ချုပ်နှောင် ထားနိုင် ခဲ့ပြီပဲ ဖြစ်တယ်။
ကျိူးချီဟာ ပင်လယ်ကြီး တစ်ခု မှာ ရောက်နေပြီး တော့ လူမရှိတဲ့ ကျွန်းအငယ်လေး ပေါ်မှာ သောင်တင် နေခဲ့တယ်။ ကျွန်းလို့သာ ပြောပေမယ့် အုန်းပင်လေး ၂ ပင်သာ ရှိပြီးတော့ ဘေးနားက ပင်လယ် ရေတွေက ဘောင်ဘင် ခတ်နေခဲ့တယ်။
အစောလေး ကတင် သူ့ရဲ့ ကောင်လေးကို ပွေ့ချီပြီးတော့ အိပ်ယာဝင်ခဲ့တာလေ။ နိုးလာတော့ သူက ကျွန်းပေါ်တောင် ရောက်နေပြီ။ သူ့ကို မေ့ဆေး ခတ်တယ် ဆိုရင်လည်း ဒီလောက် မြန်မြန် ကြီးတော့ ပင်လယ်ထဲကို ရောက်လာနိုင်မှာ မဟုတ်ဘူးလေ။
ထူးဆန်းတာက သူရေမဆာတာပဲ။ ပင်လယ်ရေ ထဲမှာ ဆားတွေ ပါတာကြောင့် ပင်လယ်လေ တိုက်ရင် လေတိုက်ခံ ရသူအဖို့ ရေငတ် ကြတယ်။ ပြောရရင်လည်း ဒီနေရာကြီးက လေလည်း မတိုက်ပေ။ သူက အိမ်မက် မက်နေတယ် ထင်ပြီးတော့ ကိုယ့်ဘာသာကို ဆိတ်စွဲ ကြည့်လိုက်တယ်။
အား!
နာတယ်ဟ! !
ကျိုးချီ တစ်ယောက် အဖြေရှာနေစဥ်မှာပဲ သူနဲ့ အတော်တူတဲ အမျိုးသား တစ်ယောက် က ကျွန်းပေါ်မှာ ပေါ်မှာ ပေါ်လာတာ ကိုတွေ့လိုက်ရတယ်။
ကျိုးချီက ချက်ချင်းပဲ မက်တပ်ရပ် လိုက်ကာ ထိုအမျိုးသားကို ကြည့်လိုက်တယ်။ သူ့ကို ကြည့်ရတာ မူရင်း စီးခုန်ချီယာ့မှန်း ကျိုးချီ သိလေတယ်။ ဘာလို့လဲ ဆိုတော့ သူ က ထိုသူရဲ့ ကိုယ်ထဲကို ကူးပြောင်း လာတာ ၆ လနီးပါး ရှိနေခဲ့ပြီလေ။
သူက မူလ လူကိုတွေ့ရတော့ မလန့်ဘူးလို့ ပြောရင် လိမ်ညာရာ ရောက်တာပေါ့။ ပြီးတော့ ထိုသူရဲ့ ကိုယ်ကို ယူထားမိတဲ့ အတွက်လည်း သူအနည်းငယ်တော့ ရှက်ရွံမိတယ်။ ဟိုဘက်မှာ သူက သေပြီလား ဆိုတာကို သူမှ မသိတာပဲလေ။
ကူးပြောင်းမှု နိုဗယ်တွေက စံနှုန်းအရ ဆို ဟိုဘက် ကမ္ဘာက သူက သေသွားပြီ ဆိုတာ ကိုးဆယ့်ကိုး ရာခိုင်နှုန်း သေချာတယ်။ တစ် ရာခိုင်နှုန်းကတော့ သူက မသေပဲ ဝိဉာဥ်မျော နေတာပဲ ဖြစ်ရမယ်။ ဒါပေမယ့် အဲ့လို ဖြစ်တာက အတော်လေး ရှားပါးတယ်လေ။
ကျိုးချီက စိတ်အတွင်းထဲမှာ ဘယ်လောက်ပဲ အတွေးများနေပါစေ အပြင်ဘက်မှာတော့ သူ့ရဲ့ ရုပ်က ရုပ်တည်ကြီးပါပဲ။
ထိုမူလ စီးခုန်ချီယာ့က စပြီးတော့ ကျိုးချီကို စကားပြောလာတယ်။
'' ထိုင်ပါအုံး ''
ကျိုးချီတွေးမိတာ က ဒီနေရာမှာ ဘာမှ မရှိဘူး ဆိုတာကိုပေါ့။
ဒီကောင် ရူးများနေသလား?
ဒီနေရာကြီးက အလွတ်.... !
သူ့ဘေးနားမှာ ထိုင်ခုံ တစ်ခု ပေါ်လာတာကို ကျိူးချီ တွေ့လိုက်ရတယ်။
စိတ်ထဲမှာ အရမ်းကို အံသြ သွားပေမယ့် ဘာမှ မပြောပဲ ဝင်ထိုင်လိုက်တယ်။
ပြီးတော့မှ စကားစပြောတယ်။
'' မင်းက စီးခုန်ချီယာ့? ''
သူထိုင်ပြီးလို့ ကြည့်လိုက်တဲ့ အချိန်မှာ စီးခုန် ချီယာ့ ကလည်း ထိုင်နေခဲ့ ပြီပဲ ဖြစ်လေတယ်။ သူ့အမေးကို ကြားတော့ ချီယာ့က ပြုံးကာ ပြန်ဖြေတယ်။
'' သိပ်ဟုတ်တာပေါ့။ ကျန်း ရဲ့ နာမည်က စီးခုန်ချီယာ့လေ ''
'' ဆိုတော့ မင်းက ငါ့ကို ဘယ်နေရာကို ခေါ်လာတာလဲ ''
'' မသိစိတ် ပင်လယ်''
'' မသိစိတ် ပင်လယ်? ''
ခွင့်လွှတ်ပေးကြဘာ ခေတ်သစ်က လာတဲ့ ကျိုးချီက စိုက်ပျိူးရေး ထုတ်ကုန်နဲ့ မွေးမြူရေး အစာ ထုတ်ကုန်အပြင် လက်နက်ခဲယမ်း ထုတ်တဲ့ သုတေသနပဲ လုပ်ဘူးတဲ့ အတွက်ကြောင့် ယခုလိုမျိုး စိတ်ပိုင်းဆိုင်ရာ အသိစိတ် နဲ့ ပတ်သက်တာ ကို ဘာမှကို မသိတာပဲ ဖြစ်လေတယ်။
စီးခုန်ချီယာ့က သူ့ရဲ့ သံယောင်အမေး စကားကို အတည်ပြုပြီး ရှင်းပြ လာတယ်။
'' ဟုတ်တယ်။ သေသေချာချာ ပြောရရင် ငါ့ရဲ့ မသိစိတ် ပင်လယ်။ မင်းကို ငါ့ရဲ့ မသိစိတ် ပင်လယ်ထဲမှာ ထိန်းချုပ်ထားတာလေ''
'' အဲ့တာက ဘယ်လိုကို ပြောတာလဲ? ''
စီးခုန်ချီယာ့က ထိုလူက သူတို့နဲ့ တည်ရှိတဲ့ ခေတ်မတူတဲ့ အူတူတူ အတတ တစ်ယောက်မှန်း ရိပ်မိ ပြီး သားပါ။ ဒါကြောင့် သူက အင်အားကြီး ဝိဉာဥ်ကို ခေါ်ခဲ့တာကို မပြောခဲ့ပဲ သူ့ကိုယ်ထဲကို ကျူးကျော်ခဲ့တယ်ဆိုပြီး အမှန်ကို ပြောင်းပြန်လှန်လိုက်ခဲ့တယ်။
သိပ္ပံပညာရှင်တွေက ယခု ခေတ်မှာ တန်ဖိုး အထားခံ ရပေမယ့် သူတို့ရှေးခေတ် မှာတော့ အလိမ်လွယ်တဲ့ အူတူတူ လေးတွေ ဖြစ်သွားခဲ့လေတယ်။
...............
( စာရေးသူသည် ဝေဘင်မှုတွေအား ခံနိုင်ရည် မရှိဘာ ☺💟)