အပိုင်း (၁၆ )

1.5K 186 5
                                    

(16)

နောက်တစ်နေ့ အန်းဇီရှို့ နိုးလာတော့ ဘေးနားက စားပွဲတင် နာရီကို ကြည့်လိုက်တဲ့ အခါ မနက် ၇ နာရီကို ညွှန်ပြနေတာ ကြောင့် ထလိုက်ကာ အရင်ဆုံး ရေချိူးခန်း ထဲ သွားပြီးတော့ ရေမိုးချိုးကာ တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်ပြီးတော့ အိမ်နေရင်း ပေါ့ပေါ့ပါးပါး အဝတ်လေး ဝတ်ကာ အောက်ကို ဆင်းလာလေတယ်။

ဒီနေ့က သူတို့ လက်မထပ်ရသေးခင် ၆ရက် အလိုပဲဖြစ်လေတယ်။

အောက်ထပ်မှာတော့ ကျိူးချီ က အေပရွန်ကို ဝတ်ကာ ချက်ပြုတ်နေတာ ပဲ ဖြစ်လေတယ်။ အန်းဇီရှို့က မီးဖိုချောင် တံခါးကို မှီရပ်ကာ လှုပ်လီ လှုပ်လဲနဲ့ ချက်ပြုတ်နေတဲ့ သူ့ရဲ့ အယ်ဖာလေးကို ကြည့်ကာ အချစ်စိတ်တွေ ယိုဖိတ်လို့လာပါလေတယ်။

အန်းဇီရှို့ က သူ့ထက် အရပ်အနည်းငယ် ပုတဲ့ ကောင်လေး ဆီကို သွားကာ အနောက်ကနေ သိုင်းဖက်ပြီးတော့ ခေါင်းပေါ်ကို မေးစေ့ တင်လိုက်လေတယ်။

'' ပေါင်ပေါင်း က ဘာတွေ ချက်နေတာလဲ? ''

'' ကောကော အတွက် ကိုလာ ကြက်တောင်ပံ ကြော်ရယ်၊ ငါးစွပ်ပြုတ်ရယ်၊ ခရမ်းသီးနှပ် ရယ်၊ ဝက်သား ဖက်ထုတ်ရယ် လုပ်နေတာလေ ''

'' ဝါး ကောကော ကတော့ အရမ်းကို ကံတွေ ကောင်း နေတော့တာ ပဲ နော်။ ကျိုးပေါင်ပေါင်း လေး က အကုန်ကို ချက်ပြုတ်တက် နေတော့တာပဲ။ ''

'' ကောကော ကလည်း.....  ''

ကြည်နူးနေတဲ့ မီးဖိုချောင် လေထုကို ဖျက်ဆီးလိုက်တာ ကတော့ ကျိူးဟန်တို့ လင်မယား ပါပေ။ သူတို့က မနက်အစော သူတို့သားအိမ်ကို လာကာ နှစ်ယောက် စလုံးကို မင်္ဂလာ ဝတ်စုံ ကိုယ်တိုင်း သွားပေးပြီး ချုပ်ဖို့နဲ့ ဖိတ်စာ ရိုက်ဖို့အပြင် မင်္ဂလာပွဲ နဲ့ ပတ်သတ်တဲ့ တစ်ခြား ကိစ္စအဝဝ ကို ကြိုတင် ဆောင်ရွက် ဖို့ရာ လာပြီး ခေါ်တာ ပဲ ဖြစ်လေတယ်။

ကျိုးဟန် နဲ့ ချီရွေ့တို့က သူတို့ရဲ့ လုပ်ငန်းတွေ ဆီကနေ ခွင့်ယူထားပြီးတော့ ကလေးတွေဆီကို မနက်အစောလာခဲ့တာပဲ ဖြစ်လေတယ်။ သူတို့ဆီမှာ ကျိုးချီရဲ့ အိမ်သော့ အပို တစ်ချောင်း ရှိတဲ့ အပြင် လက်ဗွေ စနစ်မှာလည်း ထည့်ထားတာကြောင့် ဒီတိုင်းပဲ ဝင်ချ လာတဲ့ အခါ ထို လှပတဲ့ မြင်ကွင်းလေးကို တွေ့လိုက်ရတာ ပဲ ဖြစ်လေတယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now