အပိုင်း (၂၂)

1.6K 200 2
                                    

(22)

ကျိူးချီဟာ အနီရောင် ရိုးရာ ဟန်ဖု ဝတ်စုံကို ဝတ်ထားပြီးတော့ ခါးမှာလည်း ကျောက်စိမ်းပြား တပ်ထားလေတယ်။ အန်းဇီရှို့ကလည်း အနီရောင် ရိုးရာ မင်္ဂလာ ဝတ်စုံကို ဝတ်ဆင်ထားပြီးတော့ လှပစွာ ခြယ်သ ကာ မျက်နှာပုဝါစည်းပြီး လှပတဲ့ မျက်ဝန်းတွေကို ဖော်ပြထားပြီးတော့ လက်ထဲမှာလဲ ယပ်တောင် ဝိုင်းကို ကိုင်ထား ရလေတယ်။

အန်းဇီရှို့ရဲ့ မူရင်းဆံပင်က ဂုတ်ကျော်လေး ဖြစ်တာကြောင့် လှသလိုလေး စည်းပြီးတော့ အဆင်တန်ဆာတွေ ဆင်မြန်းထားလေတယ်။

မနက်ခင်း ၇ နာရီမှာတော့ ဧည့်သည်တွေကို ခေါ်ဆောင်လာတဲ့ လေယာဥ်ပျံ ၄စင်းက ကျွန်းကို ရောက်လာခဲ့တယ်။

အခုမင်္ဂလာပွဲက ကျိူးအိမ်နဲ့ ချီအိမ်တို့ရဲ့ တစ်ဦးတည်းသော အယ်ဖာ ကောင်လေး ရဲ့ မင်္ဂလာပွဲ ဖြစ်တဲ့ အတွက်ကြောင့် ရာထူးကြီးပိုင်းတွေ တင်မကပဲ နယ်ပယ်အမျိုးမျိုးက အရာရှိတွေ၊ သုတေသီတွေ ၊ ပါမောက္ခ တွေ တက်ရောက်ကြလေတယ်။

ဒါ့အပြင် အန်းမိသားစု ဘက်ကနေပြီးတော့လည်း ဆွေမျိုးတွေက တက်ရောက်လာကြလေတယ်။

မနက်ခင်း ၈နာရီထိုးတဲ့ အချိန်မှာတော့ မင်္ဂလာပွဲကို တရားဝင် စတင်ကြလေတယ်။

ထိုအချိန်မှ ' အရူးလေး ' စတူရီယိုရဲ့ ကိုယ်ပိုင် ပေ့ချ် ကနေ ပြီးတော့ သူတို့ရဲ့ မင်္ဂလာပွဲကို တိုက်ရိုက်ထုတ် လွင့် ကြလေတယ်။

အန်းဇီရှို့ ရဲ့ ဖန်တွေခမျာ အသဲတွေ ​ကွဲ သွားကြကာ ကျိူးချီရဲ့ ဖန် တွေကလည်း ငိုကြွေး ကြကုန်တယ်။ ဒါပေမယ့် အဲ့နှစ်ယောက်က အတော်လေး ကို လိုက်ဖက်တယ် ဆိုတာ ကိုတော့ သူတို့ ဝန်ခံ ကြပါတယ်။

မနက်ပိုင်း မှာ ရိုးရာနဲ့ အညီ မင်္ဂလာပွဲ ကို ကျင်းပ ပြီးတော့ မိဘ ဆွေမျိုး တွေရဲ့ ကောင်းချီး ပေးမှုကို ခံယူ ကြရလေတယ်။ ပြီးတာနဲ့ ကြွရောက်လာရတဲ့ ဧည့်သည်တွေ အကုန်လုံး ကို လိုက်ဧည့်ခံ ရပြန်တယ်။ နေ့လည်ပိုင်းကျတော့ ဧည့်သည်တွေ ကို ပြန်ပို့ကျပြီးတော့ ဆွေမျိုး တွေပဲ ကျန်ခဲ့ကာ ညခင်း လူပျိိုည နှုတ်ဆက်ပွဲ အတွက် ကျိူးချီကို ဝိုင်းပြီး ပညာတွေ ပို့ချ ကြလေတယ်။ ကျိူးချီ ခမျာတော့ မျက်နှာကြီး နီရဲကာ အကုန်လုံးကို လိုက်ပြီး မှတ်သားနေခဲ့တယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now