အပိုင်း (၁)

3.5K 250 5
                                    

အပိုင်း (1) အပြိုင်ကမ္ဘာ သို့ လွင့်သွားခြင်း

ကျိုးချီဟာ မူလ စီးခုန်ချီယာ့ရဲ့ လှည့်စားမှုကို ခံလိုက်ရပြီးတော့ သူ့ရဲ့ အသိစိတ်က ဝိဉာဥ် တစ်ခုလုံး ကို ဝါးမြိုခံ ရခြင်းမှ ​ကာကွယ် ရန်အတွက် အားကုန် သုံးကာ ထွက်​ပြေး ခဲ့ရတယ်။

သူ့ရဲ့ မှတ်ဉာဏ်တွေနဲ့ အသိစိတ် တော်တော် များများက စီးခုန်ချီယာ့ ဆီမှ ဝါးမြိုစုပ်ယူ ခြင်း ခံလိုက်ရတာကြောင့် သူဟာ သူ့ရဲ့ ဝိဉာဥ် ကြိုးကို တင်းတင်း ကိုင်ရင်း ယောင်ဝါးဝါးနဲ့ ထွက်ပြေးကာ အချိန်တွေနဲ့ နေရာတွေ လွဲ သွားတာကို မသိခဲ့ပေ။

သူမှတ်မိတာ က သူဟာ အရမ်းတော်တဲ့ သိပ္ပံ သုတေသီ တစ်ယောက် ဖြစ်ကာ အကောင်းဆုံး ပရောဂျက်ကို ဆောင်ရွက်ရင်း လူယုံ သစ္စာဖောက်လို့ ဝိဉာဥ် လွင့်သွား ခဲ့ရတာ ဖြစ်ပြီးတော့ သူ အရမ်းကို ချစ်ခဲ့တဲ့ သူလေး တစ်ယောက် ရှိတယ် ဆိုတာ တော့ မှတ်မိလေတယ်။

ကျန်တာ တွေတော့ သူက သိပ်ပြီး မမှတ်မိပါချေ။ ဒါ​ကြောင့် ဆေးရုံပေါ် မှာ လဲနေတဲ့ ကိုယ် တစ်ခု ထဲကို သူဝိဉာဥ် ကြိုးက ဝင်တာဖြစ်လို့ ကျိူးချီလည်း ဝင်ချသွားတော့တယ်။

အခု သူဝင်လိုက်တဲ့ ကိုယ်က အမှန်တကယ့်ကို ကျိုးချီလို့ ခေါ်တဲ့ အမျိုးသား တစ်ယောက် ဖြစ်ကာ နိုင်ငံတော် အဆင့် သုတေသန ကိုအောင်မြင်အောင် ဆောင်ရွက်ခဲ့တဲ့ ထိပ်တန်း ပရောဖက်ဆာ တစ်ယောက်ပေ။

ဟုန်လန် လုပ်ငန်းစုကြီးရဲ့ အိမ်ရှေ့မင်းသားလေး ဖြစ်သလို အတော်ဆုံး ပါမောက္ခ ရဲ့ တစ်ဦးတည်းသော သားလေး ​ဖြစ်လေတယ်။ သူ့ရဲ့ အားနည်းချက်က အော်တစ်ဇင် ဖြစ်နေတာ ပါပဲ။ သူဟာ လူတွေနဲ့ သိပ်ပြီးတော့ ထိတွေ့မှု မရှိပဲ သုတေသန တွေ လုပ်ကာ အလုပ်ထဲ နစ်မြုပ်ထားတာ ကိုပဲ သဘောကျလေတယ်။

ရှင်းရှင်းပြော ရရင် သူ့ကမ္ဘာလေး ထဲမှာ ပဲ နေတဲ့ သူလေးပေါ့လေ။

သူက ' ထိပ်တန်း အိုမီဂါ heat တားဆေး ' ကို တီထွင် နိုင်ခဲ့ပြီးတော့ ' အယ်ဖာ တစ်ယောက်ရဲ့ အမှတ်အသား ဖျတ်ဆေး ' ကို ပါ သုတေသန လုပ်ခဲ့ပြီး အောင်မြင် ခဲ့ ပြီပဲဖြစ်လေတယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now