အပိုင်း (15)

3.5K 446 17
                                    

(15) နန်းမြို့မှ စစ်သူကြီး ပေ့လန်ကျင်း

စီးခုန်မေ့ဟွားကို ဧကရာဇ်က ကျန်းနန်ဝမ်ရယ်ရဲ့ ကြင်ယာတော် အဖြစ် ရွေးထည့်လိုက် လိမ့်မယ်လို့ ဘယ်သူမှ မထင်ကြရိုး အမှန်ပါ။ စီးခုန်မေ့ဟွားရဲ့ ကံကြမ္မာ အကြောင်းက လည်း လျှို့ဝှက်ချက် တစ်ခု မဟုတ်တာကြောင့် သွေးနတ်ဆိုး ကြယ် ဖြစ်တဲ့ ပထမအဆင့် စစ်သူကြီး ပေ့လန်ကျင်း နဲ့ လက်ထပ်ကြလိမ့်မယ် လို့ နန်းမြို့က လူတွေ အများကြီး ထင်ကြေး ပေးကြတယ်။

ဒါပေမယ့် ချစ်လှပါတယ် ဆိုတဲ့ ဧကရာဇ် ကိုယ်တိုင်က ပေးလိုက်တာ ဆိုတော့ လည်း ငြင်းဆန်ခွင့် မှ မရှိတော့ပဲလေ။

အမှိုက်ကြယ်နဲ့ အထီးကျန်ကြယ် ပိုင်ထားတဲ့ သူနှစ်​ယောက်က တစ်ယောက်ဟာ မေ့ဟွားရဲ့ ကိုယ်ပိုင် အစေခံ၊ တစ်ယောက်က သက်တော်စောင့် ဖြစ်တာကြောင့် ကျန်းနန်ဆီကို တစ်ပါတည်း လိုက်လာခဲ့လို့ ရပေမယ့် ပထမ အဆင့် စစ်သူကြီး ပေ့က တော့ မလိုက်လာနိုင် ခဲ့ပါပေ။

စီးခုန်မေ့ဟွား နန်းမြို့ကနေ သတို့ သမီး ပို့ဆောင်ရေး အဖွဲ့နဲ အတူ ထွက်သွားပြီး ကတည်းက ပေ့လန်ကျင်း တစ်ယောက် စိတ်နှလုံးသားတွေ ကွဲကြေ သွားခဲ့ ရတယ်။ သူ့အနေနဲ့ မေ့ဟွားလေးမှာ လိုက်ဖက်တဲ့ ကြယ် ၂လုံးကို ကိုယ်စားပြုတဲ့ လူနှစ်ယောက် ရှိနေမှန်း သိနေပါသော်လည်း ထိုသူတွေက သူ့ကို မယှဥ်နိုင်တဲ့ အတွက်ကြောင့် ပေ့လန်ကျင်းက သိပ်ပြီးတော့ ဂရုမစိုက်ခဲ့ပေ။ တကယ်လို့ သူနဲ့ မေ့ဟွားသာ လက်ထပ်ပြီးရင် ထို နှစ်ယောက်ကို မေ့ဟွားလေး ဘေးနားကနေ ဖယ်ဖို့ သူ့မှာ အစီအစဥ်ရှိတယ်။

တကယ်လို့များ မေ့ဟွားလေးက သူတို့ကို မစွန့်ပစ်နိုင်ဘူး ဆိုရင်လည်း သူက တရားဝင် ကြင်ယာ နေရာကို ယူပြီးတော့ ထို နှစ်ယောက်ကို ကိုယ်လုပ်တော် တွေ အဖြစ်ပဲ နှိမ်ထားနိုင်ဖို့ ယုံကြည်ချက် ရှိခဲ့လေတယ်။

ဒါပေမယ့် နိုင်ငံတော်ရဲ့ တစ်ဦးတည်းသော ' ဝမ် ' ဘွဲ့ရ ကျန်းနန် ဝမ်ရယ် စီးခုန်ချီယာ့ ဆီ ပို့ခြင်း ခံလိုက်ရတာ​ကြောင့် သူ့ခမျာ ယှဥ်လို့တောင် မရတော့ပေ။

နောက်တစ်ကြိမ် ချစ်ရသူလေးနဲ့ တွေ့ခဲ့ရရင်တော့ သူ့မှာ သူချစ်ရသူလေး ကောင်းမွန်စွာ နေနိုင်စေဖို့ ရာ သူ့ဘက်က စပြီး ခေါင်းငုံ့ ထားရတော့မယ် ။ သူ့ခမျာ လူကြမ်းကြီး ကနေ အလဲလဲ အပြိုပြိုပါပဲ။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now