အပိုင်း (5)

5.9K 578 20
                                    

(5) ဝမ်ရယ်ဖူ ( အိမ်တော်)  သို့ အပြန်ခရီး (၂)

လောကသိနာမည် စွင်းမူလန်း ၊ အိမ်ခေါ်နာမည် ရှစ်ယိ ဟာ စွင်းအိမ်တော်ရဲ့ လက်ထဲကနေ ကြီးမြတ်တဲ့ ဝယ်ရယ် စီးခုန် ချီယာ့ရဲ့ ကိုယ်ရေး အစေခံ ထန်ချီ ဆိုပြီးတော့ ထိုနေ့ကတည်းက ပြောင်းလဲ သွားခဲ့လေတယ်။

သူတို့ ကျန်းနန်ကို အပြန်လမ်း မှာပဲ ကိုယ်ရေး ကိုယ်တာ အစေခံ တစ်ယောက် အနေနဲ့ သခင်ကို ဘယ်လိုခစား ရမယ်၊ ဘယ်လိုတွေ ပြုမှု ရမယ်ဆိုတာကို ဟုန်ယိက စပြီးတော့ သင်ကြားပေးခဲ့လေတယ်။

မနက်ဆို သခင်မနိုးခင် အရင်ထပြီးတော့ ခြေလက်ဆေးဖို့ ရေတွေ ပြင်ရမယ်၊ မျက်နှာသစ် အာလုပ်ကျင်းဖို့ရာ ပြင်ဆင်ထားရမယ်။ ပြီးတာနဲ့ အဝတ်အစားပြင်ရမယ်။

သခင်မနိုးအောင် သေချာ ဂရုပြုပြီး ကိစ္စတိုင်းကို တိုးတိုး သက်သာ ပြုရမယ်။ ပြင်ဆင်စရာ တွေ လုပ်ပြီးတဲ့နောက် အိမ်ယာဘေးမှာ အသာလေး ရပ်စောင့်နေရပါ့မယ်။

သခင်နိုးလာရင် ပြင်ပြီးသမျှ တွေကို အကုန်လုပ် ပေးပြီးတာနဲ့ သခင်နားမှာ အမြဲတမ်း လိုက်နေရမှာ ဖြစ်ပြီးတော့ ရှိနေပေးရမှာပဲ ဖြစ်ပါတယ်။

ညဘက်ကျရင်လည်း ကိုယ်ရေးကိုယ်တာ အစေခံ တစ်ယောက် အနေနဲ့ သခင်ရဲ့ လိုအပ်တဲ့  ဆန္ဒတွေ အကုန်လုံးကို ဖြည့်ဆည်းပေး ရမယ့် တာဝန်ရှိပါတယ်တဲ့လေ။

ကြီးမြတ်လှတဲ့ စီးခုန်ချီယာ့ဟာ သူ့ရဲ့ လက်အောက်က နာမည်တွေကို အမှတ်စဥ်တွေနဲ့ ပေးထားတာပဲ ဖြစ်လေတယ်။ ဒါ​ကြောင့် သက်တော်စောင့်ပဲ ဖြစ်စေ၊ အစေခံမိန်းမပျိုတွေပဲ ဖြစ်စေ နံပါတ်စဥ် ၁ တိုင်းဟာ ယုံကြည်ကိုးစား ခံရဆုံး လက်အောက် ငယ်သားတွေ ပဲ ဖြစ်လေတယ်။

ဟုန်ယိဟာ ဝမ်ရယ်ရဲ့ ငယ်စဥ် ကတည်းက သူ့မိခင်ဘက်က ပါလာတဲ့ အစေခံ လေးပဲ ဖြစ်လေတယ်။ ဒါကြောင့် ချီယာ့ကို အဆုံးစွန်ထိကို သစ္စာရှိလေတယ်။ သူမဟာ စီးခုန်ချီယာ့ ​တစ်ယောက် ငယ်ရာကနေ ကြီးလာတာကို မြင်တွေ့ရပြီးနောက် သူ့ကို မောင်ငယ်လေး အဖြစ် မှတ်ယူပြီး စောင့်ရှောက်ခဲ့ရတာ ပဲ ဖြစ်လေတယ်။

လွန်ခဲ့တဲ့ ၆လ တုံးက အသက်ပြည့်ခဲ့တဲ့ စီးခုန် ချီယာ့ဟာ ငယ်စဥ်က စေ့စပ်ခဲ့တဲ့ သတို့သမီးလောင်း ကို ဝမ်ဖေး အဖြစ် လက်ထပ် ယူတော့မယ့် အချိန်မှာပဲ ထိုသတို့သမီးလောင်းက ဧကရာဇ် အရှင် စီးခုန်ချီမြန် ကိုမှ မယူရရင် သတ်သေ ပါ့မယ်လို့ ခြိမ်းခြောက်တဲ့ အတွက်ကြောင့် သူမရဲ့ အဖေ အမတ်ချုပ်ကြီး ကလည်း မတက်နိုင်တော့ပဲ စေ့စပ်ပွဲကို ဖျက်ကာ သူ့သမီးအား နန်းတွင်းထဲ ပို့လိုက်ရပါ တော့တယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now