အပိုင်း (၆)

1.7K 226 3
                                    

(၆)

နောက်တစ်ပတ် ကြာပြီးတဲ့ နောက်မှာပဲ ကျိုးချီက ဆေးရုံ ကနေ ဆင်းရလေတယ်။ သူ့ရဲ့ ဖေဖေ ကျိုးနဲ့ ဖေဖေချီ တို့က လာကြိုသွားပေမယ့် အိမ်ရောက်တဲ့ အချိန်မှာတော့ ဖေဖေ ချီက အရေးပေါ် အစည်းအဝေး ဆိုပြီးတော့ တက္ကသိုလ်ကျောင်း ကို ပြန်သွား ရတာ ကြောင့် အိမ်မှာ ကျိုး သားအဖ ပဲ ကျန်နေခဲ့တော့တယ်။

ကျိုးချီ တို့ သားဖ နှစ်ယောက် ဧည့်ခန်းထဲမှာ အတူတူ ထိုင်နေရင်းနဲ့ ကျိုးချီ က သူ့အဖေ ကို ပြောလိုက်တယ်။

'' အဖေ ၊ သားတို့ ရဲ့ လုပ်ငန်းစု ကြီးက အရမ်းကို ကြီးတာ လားဟင်? ''

ကျိုးဟန် ကလည်း အနည်းတော့ ထူးဆန်းသွားပေမယ့် ချက်ချင်း ပြန်​ဖြေပေးလိုက်ပါတယ်။

'' ဒါပေါ့ကွ။ မင်း အဖေ ငါ ပိုင်တဲ့ လုပ်ငန်းစု က အကြီးကြီးပဲလေ ''

ကျိုးချီ က မျက်လုံးလေး တောက်ပ လာကာ သူ့အဖေ က ကမ္ဘာမှာ အားအကြီး ဆုံး ဆိုတဲ့ မျက်ဝန်းလေး တွေနဲ့ ကြည့်ကာ အားတက် သရော ပြောလိုက်ပြန်တယ်။

'' ဝါး အဖေ က အရမ်းကို အင်အားကြီးတာပဲနော်။ အဖေ က အတော်ဆုံးပဲ! ''

'' အဟားဟား ဒါပေါ့ကွ။ ငါက ဘယ်သူလဲ။ ချီရွေ့ရဲ့ ယောကျာ်း မင်းရဲ့ အဖေ ပဲလေ။ ''

ကျိုးဟန် ဟာ ငယ်စဥ် ကလေး ဘဝ ကတည်း က အချီးကျူး မခံ ရပေ။ အခု သူလုပ်ကိုင် နေတဲ့ လုပ်ငန်းစု ကြီးက အမှန်တော့ သူ့ရဲ့ ​ခြေလက်တွေနဲ့ တည်ဆောက် ထားတာပဲ ဖြစ်တယ်။ ကျိုးဟန် ရဲ့ အဖေ အယ်ဖာဟာ ကျိူးဟန် ထက်ကို ပိုပြီးတော့ သူ့အိုမီဂါ ကို ပိုင်ဆိုင်လို စိတ် ပြင်းထန် ပါတယ်။ ဒါကြောင့် မလို့ သူ့အိုမီဂါက မွေးတဲ့ ကလေး က အယ်ဖာ ဆိုတာ သိတာနဲ့ ချက်ချင်းပဲ နို့ဘူး ပဲ တိုက်ပါတော့တယ်။

အသက် ၂ နှစ်သား ကျတော့ နေ့သင်တန်း မူကြိုကို ပို့ခဲ့တယ်။ အမှန်တော့ ကျိုးဟန် ရဲ့ အယ်ဖာ အဖေ က သူ့ကို ဘော်ဒါ အဆောင်ကိုတောင် ပို့ပစ်ချင်ခဲ့တာပါ။ ဒါပေမယ့် သူ့အိုမီဂါရဲ့ ကြိမ်းမောင်း မှုကြောင့် နေ့ကျောင်း ကိုသာ ပို့ထား ရတာ ပဲ ဖြစ်တယ်။

ကျိုးဟန်ဟာ နောက်ပိုင်းမှာ အထက်တန်း ကျောင်း တက်ရင်းနဲ့ ချီရွေ့နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပြီးတော့ အချစ်ဆိုတာ က စတင် ပေါက်ဖွားလာခဲ့တာ ပဲဖြစ်ပါတယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now