အပိုင်း ( 20)

3.5K 370 0
                                    

(20)

စီးခုန်ချီမြန်ဟာ သူမရဲ့ စနစ်မှ စွ့န်ခွာခြင်း ခံလိုက်ရတော့ စိုးရိမ်စိတ်တွေ အချိန်နဲ့ အမျှ တိုးပွားလာခဲ့တယ်။ သူမရဲ့ညီတော် က ဇာတ်လိုက်အရှိန်အဝါ က တိုးလာပြီ ဖြစ်လို့ ပုန်ကန်မယ် ဆိုရင် သူမ ရှုံးမှာ အသေချာပဲ။ အစကတော့ ဇာတ်လိုက်အရှိန် အဝါဆိုတာ က ဘာမှန်း သေချာ မသိပေမယ့် နောက်ပိုင်း မှာတော့ ထိုအရှိန်အဝါ ဆိုတာမျိုးက ' ဖော်ပြခြင်းငှာ မတက်သာတဲ့ ကောင်းချီး ' ဆိုတာမှန်း သိလာခဲ့ ရတယ်။

အဓိက ဇာတ်ဆောင် ဘာပဲ လုပ်လုပ် အမြဲ ကံကောင်း နေလိမ့်မယ်၊ အနည်းငယ်လောက်သာ အခက်အခဲ တွေ့ပေမယ့် နောက်ပိုင်းမှာ လုံးဝကို အောင်မြင်မှု ရလိမ့်မယ်။

ဒါကြောင့် ' အနည်းငယ်သော အခက်ကြုံမှု ' ကာလမှာ အဓိက ဇာတ်ဆောင် ကို သူမ အစွမ်းကုန် ဖိနှိပ်ထားနိုင်ခဲ့တယ်။ သူမရဲ့ သတိလက်လွတ် ပေါ့ဆ မှုကြောင့် ဖိနှိပ်ခံ က မူလအခြေအနေ က ထက်တောင် ပိုလို့ အင်အားကြီး လာနေသေးတယ်။

သူမရဲ့ ဒုတိယ အစီအစဥ် လုပ်ရတော့မယ် ထင်တယ်။ အမှန််တော့ သူမက ကျန်းဟူထဲ အထိပါ သူမရဲ့ လက်တံတွေကို ဆန့်ထုတ်ပြီးသား ဖြစ်လေတယ်။ ဒါကြောင့် နန်းအချခံ ရခဲ့သည်ရှိသော် သူမရဲ့ ဂိုဏ်းကြီး ဂိုဏ်းငယ် တွေဆီကို ပုန်းရှောင်လို့ ရအောင် ပြင်ထား ပြီးသားပါ။

သူမရဲ့ ရုပ်သွင် ရယ်၊ ကိုယ်အသွင်အပြင် ရယ်ကို ပြောင်းလဲ နိုင်တဲ့ဆေးကို စနစ်ရဲ့ စျေးဆိုင် ဆီကနေ ဝယ်ထားမိတယ်။ စနစ်က သူမနဲ့ စာချုပ် ကို ​ဖျတ်လိုက်ပေမယ့် စနစ်လေဟာနယ်ထဲမှာ ထားထားတဲ့ သူမဝယ်ထားတဲ့ ပစ္စည်းမှန်သမျှကို ထားပေးခဲ့လေတယ်။

အဲ့အချိန်တုံးက စနစ်စျေးဆိုင် ကနေ ရှေးဟောင်း သိုင်းကျမ်း ၂ အုပ်၊ ထာဝရရုပ်သွင်ပြောင်းဆေး ၁လုံး ၊ ဒုတိယ ကိုယ်ပွား တု တစ်ခုနဲ့ သိုလှောင်လက်စွပ် တစ်ခုတို့ကို လဲလှယ်ထားခဲ့တာပဲ ဖြစ်တယ်။ ဟုတ်တာပေါ့ သူမ မလဲရသေးတဲ့ အမှတ်တွေ ကတော့ ယခုခေတ် ငွေကြေးလဲလှယ်မှုနဲ့ အခြေပြုပြီး တန်ဖိုးကြီး ရတနာတွေ အဖြစ် စနစ်လေးက သိုလှောင်လက်စွပ် ထဲကို ထည့်ပေးသွားတယ်လေ။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now