အပိုင်း (30)

3.2K 261 5
                                    

(30) Extra 4 ( ချင်းမင်းသား)

ငါမင်းသားဟာ တော်ဝင်မင်းသားကြီး စီးခုန်မေ့ဟွား နဲ့ ပထမအဆင့် ဗျူဟာမှုး စစ်သူကြီး ပေ့လန်ကျင်း တို့ ရဲ့ အကြီးဆုံး သားပါ။

ငါမင်းသား မှတ်မိတဲ့ အရွယ်ရောက်တဲ့ အချိန်မှာ ' အဆင့် ၂ ချင်း မင်းသား'  ဆိုတဲ့ ဘွဲ့ကို ဦးရီးတော် ဧကရာဇ်က ချီးမြင့်ခဲ့တာပါ ။ အဆင့် ၁ မင်းသား ဘာလို့ မဟုတ်တာ လဲ ဆိုတော့ အဆင့်၁ မင်းသားက အိမ်ရှေ့စံ ဖြစ်မယ့် သူလေ။

ဦးရီးတော် ဧကရာဇ် နဲ့ အရီးတော် ဧကရီ တို့မွေးတဲ့ ကလေးတွေတောင်မှ ငါမင်းသားကို လေးစား ရိုကျိုးရတယ်။ ဒါပေါ့ ငါမင်းသားက သူတို့ကို ငယ်ငယ်လေး ကတည်းက ထိန်းကျောင်းလာတာလေ။

အမှန်တော့ ဒီတာဝန်က တကယ့်ကို လေးလံပါတယ်။ ဦးရီးတော် ဧကရာဇ် မွေးထားတဲ့ သားတော်တွေရယ် ၊ ငါမင်းသားရဲ့ မောင်နှမတွေရယ် အပြင် အမတ်တွေရဲ့ အလားအလာ ရှိတဲ့ သားတွေကိုတောင်မှ ပဲ ငါမင်းသားက နိုင်အောင် အုပ်ထိန်း နေရတာလေ။

တော်ဝင်မျိုးနွယ်ထဲမှာဆိုရင် ငါမင်းသားတို့ မျိုးဆက်မှာ ငါမင်းသား က အသက်အကြီးဆုံး ဖြစ်သလို ၊ ချစ်မြတ်နိုးမှုတွေ အများကြီးကို လည်း အခံရဆုံး ဖြစ်တဲ့ မင်းသား တစ်ပါးပါ။

ဒါက သူများတွေ မြင်တဲ့ အမြင်ပေါ့။ အမှန်တော့ ငါမင်းသားဟာ ကလေးထိန်း သာသာ ရယ်ပါ ။ ပြီးတော့ အခိုင်းခံလေးပေါ့။  ဘယ်အချိန်က စတာလဲလို့မေးရင် ငါမင်းသား ၂နှစ်သား အရွယ် ကစမယ်ထင်တယ်။ 

ငါမင်းသားကို ၁နှစ်သားမှာတင် နို့ဖြတ်ခိုင်းပြီးတော့ ညီလာခံ ကို ခေါ်သွားသတဲ့။ ဘယ်ဖခင်မျိုးက ဒီလိုမျိုး လုပ်မှာတဲ့လဲ။ ဒါပေမယ့် ဖခင် ပေ့ ကတော့ လုပ်ရက်တယ်။ မယ်တော် ကလည်း ဘာမှ မပြောဘူးတဲ့။

နောက်တော့ ဦးရီးတော် ဧကရာဇ်ကလည်း ' အဆင့် ၂ ချင်း မင်းသား ' ဆိုတဲ့ ဘွဲ့ကို ပေးပြီး ညီလာခံ တက်စေပြန်တယ်။

လူကြီးတွေ ဘာတွေးနေမှန်း အဲ့တုံး က တကယ်နားမလည်ခဲ့ဘူး။ အခုလို အသက် ၁၅ အရွယ်ရောက်ခါမှ ပဲ ခိုင်းစားခံရတယ် ဆိုတာကို နားလည်လာတယ်လေ။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now