အပိုင်း (21)

3.3K 327 2
                                    

(21)

ဧကရာဇ် စီးခုန်ချီမြန်တွေး ထားတဲ့အတိုင်း ပဲ စီးခုန်ချီလန်ရဲ့ သတင်းက ကျန်းနန်ဝမ်ရယ် စီးခုန်ချီယာ့ နားထဲကို ရက်အနည်းငယ် ကြာတော့ ရောက်သွားလေတယ်။

ထိုအချိန်မှာ ချီယာ့က ပုန်ကန်ဖို့ ပြင်ဆင်ပြီး ဖြစ်တဲ့အပြင် ပထမ အဆင့်ဗျူဟာမှူး စစ်သူကြီး ပေ့လန်ကျင်း ရဲ့အထောက်အပံ့နဲ့ ကျန်းဟူက ဂိုဏ်းငယ်တွေရဲ့ အကူအညီကို ရပြီးသား ဖြစ်လေတယ်။

နောက် ၂လ ကြာရင် ပုန်ကန်မှု စတင်တော့မှာ ပဲ ဖြစ်လေတယ်။ ဒါကြောင့်သူ့ရဲ့ ကြင်ယာတော်တွေကို လုံခြုံတဲ့ နေရာဆီကို ပို့ထား ရလေတယ်။

ကျင်းရှင်း က လီချိန်ဟွာနဲ့ ထန်ချီလေးကို စောင့်ရှောက်ပေးနေပြီးတော့ စီးခုန်မေ့ဟွားကတော့ သူ့ရဲ့ ကိုယ်လုပ်တော် နှစ်ယောက်နဲ့ သာသာယာယာ ပုန်းခိုနေလေရဲ့။

စီးခုန်ချီယာ့ တစ်ယောက် ပုန်ကန်မယ်ဆိုတဲ့ ဟာကို တားဆီးနိုင်မယ်လို့ ထင်ခဲ့ပေမယ့် ငြိမ်သွား တဲ့ ကျန်းနန်ဝမ်ရယ်ဟာ ၂လ အကြာမှာ အကြီးအကျယ် ပုန်ကန်တော့တယ်။ ပြီးတော့ စစ်သူကြီး ပေ့ကလည်း ကျန်းနန်ဝမ်ရယ် စီးခုန်ချီယာ့ ဘက်မှာ ရပ်ပြီးတော့ လက်ရှိဧကရာဇ်ကို သစ္စာဖောက်ခဲ့လေတယ်။

ပုန်ကန်မှုက ဧကရီရဲ့ မွေးနေ့ပွဲနေ့မှာ ဖြစ်သွားပြီးတော့ လက်ရှိဧကရာဇ် နန်းကျသွားလေတယ်။ ပြီးတော့ ဧကရာဇ် က နေ့တွင်းချင်းပဲ ပျောက်ကွယ်သွားပြီးတော့ ကျန်းနန်ဝမ်ရယ်က နန်းတက်မယ့် ဧကရာဇ် ဖြစ်လာခဲ့တယ်။

ပြီးတော့ လူရှေ့သူရှေ့က ပျောက်ကွယ်နေတဲ့ အိမ်ရှေ့စံ စီးခုန်ချီလန် ကလည်း ပေါ်ထွက်လာခဲ့လေတယ်။

ထိုအိမ်ရှေ့စံဟောင်းက အရင်ဧကရာဇ် ကို သေမိန့်ကနေ လွတ်ပေးဖို့ အပြင်းအထန်တောင်းဆို ခဲ့ပြီး စီးခုန်ချီယာ့ကလည်း သဘောတူခဲ့တယ်။ ဒါပေမယ့် အလဲအလှယ်အနေနဲ့ ထို အိမ်ရှေ့စံဟောင်း စီးခုန် ချီလန်က သာမန်ပြည်သူ အဖြစ် အဆင့်နိမ့်ချ ခြင်းကို ခံလိုက်ရတော့တယ်။

နန်းတွင်း ထဲမှာ ကျန်နေခဲ့တဲ့ ဧကရီနဲ့ ကြင်ယာတော် မိဖုရား တွေကတော့ နှင်ထုတ်ခံလိုက်ရပြီး အိမ်ပြန်တဲ့သူတွေက ပြန် ၊ ပြန်စရာမရှိတဲ့ သူတွေက နန်းတော်ဆီမှ အရင်းအနှီးယူပြီးတော့ ထွက်ခွာကြရတယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Dove le storie prendono vita. Scoprilo ora