အပိုင်း (၈)

1.7K 221 6
                                    

(၈)

အန်းဇီရှို့ က အရမ်းကောင်းတဲ့ အင်တာ တိန်းမန့် ကြီး ၂ ခုရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ် သွားတာ တွေ့လိုက်ရတဲ့ သူတွေ ကတော့ တစ်ချို့က တော့ အပြစ်တင်နေကြသလို တစ်ချို့ ကတော့ အံ့သြ နေခဲ့ ကြတယ်လေ။

အထူးသဖြင့် ထို ဇာတ်ကား ထဲက ဇာတ်လိုက် အယ်ဖာ က သံစဥ် အင်တာတိန်းမန့် နဲ့ စာချုပ် ချုပ် နိုင်ပြီးတော့ ဇာတ်လိုက် အိုမီဂါ ကတော့ ကြယ်လေး အင်တာ တိန်းမန့် နဲ့ စာချုပ်  ချုပ်လိုက် ကြလေတယ်။

တစ်ခြား သူတွေကလည်း အင်တာ တိန်းမန့် တစ်ချို့ နဲ့ စာချုပ်ချုပ်ဆို လိုက်ကြလေတယ်။ အန်းဇီရှို့ ကတော့ ဘယ်သူတွေ ဘယ်လိုပဲ လမ်းတွေရွေးချယ် နေပါစေ သူ့ဘေဘီလေး က ပြောထားတာ ဖြစ်လို့ သူကတော့ ဘယ်လမ်းကို မှ မသွား ချင် ပေ။

သိပ်မကြာခင်မှာပဲ အနီရောင် အမိုးဖွင့် ကားလေး က ဝူးခနဲ ရောက်လာခဲ့လေတယ်။

ထိုထဲမှာမှ  suit ကို စတိုင်ကျကျ ဝတ်ထား ပြီးတော့ သေသပ်လှပ ခန့်ညား နေအောင် ပြင်ဆင် ထားတဲ့ လူငယ်လေး တစ်ယောက်က လက်လုပ်သားရေ ဖိနပ်အစစ်ကို ချကာ ကားထဲ ကနေ ထွက်လာခဲ့တယ်။

ဘေး ပတ်ဝန်း ကျင် က လူတိုင်းကတော့ ထို အမျိုးကောင်းသားလေး ရဲ့ကိုယ်ပေါ်က အဆင်တန်ဆာတွေကို အကဲဖြတ်နေကြ ပြီးတော့ အိုမီဂါလေး တွေကတော့ ထိုကောင်လေးရဲ့ အောက်ပိုင်းကို မသိမသာ ကြည့်နေကြကာ အင်တာတိန်းမန့် က မန်နေဂျာတွေ ကတော့ သူ့ရဲ့ လှပတဲ့ မျက်နှာလေးကို တန်ဖိုး ဖြတ်နေကြလေတယ်။

ဒါပေမယ့် ထိုခန့်ချောတဲ့ အမျိုးသား လေးကတော့ မျက်နှာ တည်တည် နဲ့ ပဲ ဘေးဘီကို တစ်ချက် ဝေ့ကြည့်လိုက်တယ်။ နောက်တော့ ရှာနေတဲ့ သူကို မတွေ့ရတဲ့ အတွက် မျက်မှောင် တစ်ချက် ကြုတ်ကာ ဆက်သွယ်ရေးစက်ကို ဖွင့်ပြီး ခေါ်တော့မလို လုပ်နေတဲ့ ရင်သပ်ရှုမောဖွယ် ပြကွက် အလယ်ကို ရုတ်တရက် လူတစ်ယောက် က ပြေးဝင်သွားတာ ကို လူတိုင်း တွေ့လိုက်ရလေတယ်။

ထိုလူကတော့ အန်းဇီရှို့ပဲ ဖြစ်လေတယ်။ သူက အနီးနား က ကော်ဖီဆိုင် လေး မှာ ကော်ဖီဝင်သောက် နေပြီးတော့မှ သူ့အယ်ဖာလေး ရှိုးထုတ်နေတဲ့ မြင်ကွင်းကို တွေ့လိုက်တဲ့ အချိန်ကို သေချာ ငေးမော နေပြီးတော့မှ သူက ဆိုင်ထဲ ကနေ ပြေးထွက်လာပြီးတော့ လှပတဲ့ မြင်ကွင်း လေးကို ဖျက်ဆီး ပြစ်လိုက်တာ ပဲ ဖြစ်လေတယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now