အပိုင်း (၂၄)

1.8K 209 6
                                    

(24)

အချိန် တွေက တဖြေးဖြေး တစ်ရွေ့ရွေ့ နဲ့ ကုန်ဆုံး သွားပြီးတော့ အန်းဇီရှို့တို့ မွေးရမယ့် ရက်က နီးလာခဲ့တယ်။

နမ်ထုံက အရင်မွေး ရမှာ ဆိုပေမယ့် အန်းဇီရှို့က နှစ်သစ်ကူးညမှာပဲ ဗိုက်နာပြီးတော့ ဆေးရုံကို ပို့လိုက်ရလေတယ်။

ခွဲခန်းထဲ မဝင်ခင်အထိ သိမ်မွေ့လှတဲ့ အန်းဇီရှို့ဟာ ကျိုးချီ ရဲ့ ဆံပင်တွေ အဝတ်တွေကို စောင့်ဆွဲ ပြီးတော့ အော်ဟစ်နေခဲ့လေတယ်။

'' ကျိုးချီ မင်းကို ဆုတ်ဖြဲ ​ပစ်မယ် သောက်ကောင်လေး ။ အား...... ဗိုက်နာတယ်လို့ ဗိုက်က သေလောက်အောင် နာတယ်။ အား....... ''

အန်းဇီရှို့ တစ်ယောက် ခွဲခန်းထဲကို ဝင်သွားတဲ့ အခါမှ ကျိူးချီ လည်း အရွဲရွဲ အပြဲပြဲ နဲ့ အပြင်မှာ ကျန်နေခဲ့လေတယ်။

အခုမွေးလာမယ့် ကလေး က မိသားစုတွေ အတွက် အရမ်းအရေးကြီးတာကြောင့် ကျိူးမိသားစုနဲ့ အန်းမိသားစု အပြင် ချီမိသားစု ကပါ ရောက်ချ လာခဲ့လေတယ်။

သူတို့ မြေးချွေးမ က ကလေး မွေးနေတာကြောင့် ကျိူးအဖိုးအဖွားနဲ့ ချီအဖိုးအဖွားတို့ ခမျာ တုန်ရီ နေပြီးတော့ ချီရွေ့နဲ့ အန်းမေမေ တို့ခမျာ မနေနိုင်မထိုင်နိုင်ဖြစ်နေကြတာမလို့ သက်ဆိုင်ရာ အမျိူးသား တွေက နှစ်သိမ့် ပေးနေရလေတယ်။

ခွဲခန်းထဲမှာ နာရီဝက်လောက်ရုန်း ကန် ခဲ့ရပြီးတော့မှ ဆရာဝန် သုံးယောက်က ကလေးတစ်ယောက်ဆီကို ပွေ့ပြီး အပြင်ကို ထွက်လာခဲ့ ကြတယ်။

'' ဂုဏ်ယူပါတယ် ခမျာ အယ်ဖာ သားလေး ၃ ယောက်ပါ ''

မီဒီယာ တွေက အန်းဇီရှို့ ဆေးရုံရောက်ပြီး မွေးတော့မယ် ဆိုတာ ကို သတင်းရသွားတဲ့ အတွက်ကြောင့် အပြေးအလွှား လာပြီးတော့ သတင်းယူကြပေမယ့် ဆေးရုံရဲ့ ဝန်ဆောင်မှု ကောင်းတာကြောင့် အထဲကို တောင် ဝန်ခွင့်မရလိုက်ပေ။ နောက်တစ်နာရီမှာတော့ ကျင်းလန် လုပ်ငန်းစု အပြင် အရူး​လေး စတူရီယိုနဲ့ အန်းဟုန် အိမ်ခြံမြေတို့ကပါ အယ်ဖာ အမျိူးသား ၃ ယောက် မွေးတဲ့ အတွက်ကြောင့် ဂုဏ်ပြုလွှာ တွေပါ တင်ပေး လာကြလေတယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Där berättelser lever. Upptäck nu