အပိုင်း (24)

3.3K 358 16
                                    

(24)

အချိန်ကောင်းလေး ရောက်တဲ့အခါ ကျမှ ထန်ချီလေးရဲ့ ဗိုက်လေးက နေ အော်သံ ကို ထွက်လာခဲ့လေတယ်။

' ဂွီ '

တောက်လောင် နေတဲ့ ရမ္မက်မီးတွေ ဟာ ချက်ချင်းပဲ ' ဟုတ် ' ခနဲ ငြိမ်းကျ သွားလေတယ်။

အချင်းချင်း တစ်ယောက် ကို တစ်​ယောက် ကြောင်အ စွာနဲ့ မျက်လုံးခြင်း စုံကာ ကြည့်ပြီးတဲ့နောက် ချီယာ့ က စပြီးတော့ ကို့ယို့ကားယား ရယ်မောလိုက်လေတယ်။

'' ဟားဟားဟား...  ''

'' ဘာလို့ ရယ်နေရတာလဲ အရှင်က....  ''

ထန်ချီလေးက မျက်နှာလေးကို လက်နဲ့ အုပ်ကာ ပြောလိုက်တယ်။

အစက အုပ်မိုးထားတဲ့ ကိုယ်နေဟန်ထား ကနေ ဘေးနာကို လှဲချ လိုက်ပြီးတော့ အူလိုက်သဲလိုက် ရယ်နေခဲ့တယ်။

'' အရှင် တော်ပါတော့ဆို ''

ထန်ချီက ရယ်နေတဲ့ ချီယာ့ရဲ့ ရင်ဘက်ကို ထုကာ တိုးတိုးလေး ပြောလိုက်တယ်။

ချီယာ့က လက်သီးစုပ် အသေးလေးနဲ့ ထုတာခံရတာကြောင့် နာကျင်မှု မရှိပဲနဲ့ အသည်းတောင် ယားယံနေလေတယ်။ လက်ကလေးကို ဖမ်းဆုပ်ပြီးတော့ နမ်းလိုက်တယ်။

'' ညနေကျရင် ဟိုကိစ္စ လုပ်ဖို့ ၊ အဲ့တာ လုပ်ရင် လွယ်အောင်လို့ ထမင်း မစားထားတာ... ''

ချီယာ့က ပြုံးပြုံးကြီး ကြည့်လိုက်ကာ ထန်ချီလေးကို ဆွဲထူလိုက်တယ်။

'' မင်္ဂလာ သစ်သီးတွေ စားကြစို့။ မင်းလေး ဗိုက်ဆာနေလို့ မဖြစ်ဘူးလေ ''

'' ဟုတ် ''

မင်္ဂလာ အသီးတွေ အဖြစ် ပန်းသီး၊ ပန်းသစ်တော်၊ စပျစ် ၊ သစ်ကြား ၊ သရက် သီး တို့ကို တည်ခင်းထားကာ မင်္ဂလာအရက် ဝိုင် တစ်အိုးရယ် မောင်နှံ ခွက်တစ်စုံရယ်၊ နဂါးနဲ့ ဇာမဏီ ရွှေရုပ်ထွင်းထားတဲ့ ဖယောင်းတိုင် နီတစ်စုံရယ် နဲ့ ' ပျော်ရွှင်မှု ' ဆိုတဲ့ ရွှေရောင် စာလုံး ကိုလည်း ကပ်ထားသေးတယ်။

ချီယာ့က ထန်ချီလေးရဲ့ အပေါ်ကို သူ့ဝတ်ရုံလေး ခြုံထား ပေးကာ မင်္ဂလာအသီး တွေနဲ့ မင်္ဂလာ ဝိုင်ကို ဖလှယ်ကာ စားသောက် လိုက်ကြတယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now