အပိုင်း (၂၃)

1.6K 185 1
                                    

(23)

တစ်ပတ်ခန့် ကုန်လွန်သွားပြီးတဲ့ နောက်မှာ တော့ ကျိုးချီ က အသိစိတ်လေး ပြန်ဝင်လာခဲ့တယ်။ ထိုအချိန်မှာ အန်းဇီရှို့ က ထတောင် မထနိုင်တော့ပေ။ ကျိူးချီ ခမျာ ဘေးနားက ကိုက်ရာ ဗလ ပွနဲ့ လဲနေကာ အိပ်မောကျ နေတဲ့ အန်းဇီရှို့ကို ကြည့်ပြီးတော့ လွန်ခဲ့တဲ့ တစ်ပတ် က မှတ်ဉာဏ်တွေက သူ့ခေါင်းထဲမှာ တန်းစီ ပြီးတော့ ပေါ်လာခဲ့လေတယ်။

ကျိုးချီ က သူလုပ်ခဲ့တာ တွေ ပြန်အမှတ်ရ လေလေ မျက်ရည်တွေ ဝဲလာလေလေ ပါပဲ။ သူ့ကောကော က နိုးလာရင် သူ့ကို အရမ်း စိတ်ဆိုး နေတော့မှာပဲ။

ကျိူးချီက ရေချိူး ဝတ်ရုံလေး ဝတ်ကာ ဘန်ဂလို ဝရံတာ ​ဆီကို ထွက်လိုက်တယ်။ နာရီကို ကြည့်လိုက်တဲ့ အချိန်မှာတော့ ည ၇ နာရီ ရှိနေပြီ ဖြစ်တာ ကြောင့် သူက သူ့ဖေဖေ ကျိူးဟန် ဆီကို လှမ်းပြီးတော့ ဖုန်းဆက်လိုက်တယ်။

'' ပါ့ပါ့ အိမ်ပြန်ရောက်ပြီလား ''

အလုပ်တွေ ကို တစ်ပတ်လောက် နားခဲ့ လို့ ပုံနေတဲ့ အလုပ်တွေ ရှင်းနေရတဲ့ ကျိူးဟန်က ညတိုင်း အချိန်ပိုတွေ ဆင်းနေခဲ့ရတယ်။

နောက်ဆုံးတော့ သူ့သား လေး ကလည်း သူ့ဆီကို ဖုန်းဆက်လာခဲ့တယ်လေ။

'' ဟင့်အင်း ပါ့ပါ့ အလုပ်လုပ်နေ သေးတုံးပဲ ''

'' ပါ့ပါ့ သားကို ကယ်ပါအုံး ''

'' ဘာဖြစ်တာ လဲ ''

'' အဲ့ဒါက ဒီလိုလေ.....''

ကျိူးချီ က သူလုပ်ခဲ့ မိသမျှ တွေကို အကြမ်းဖျင်း ပြန်ပြော ပြပြီးတော့ သူ့အိုမီဂါက နိုးလာရင် သူ့ကို စိတ်ဆိုးတော့မှာ ဖြစ်ကြောင်း ပြောလာလေတယ်။ ကျိုးဟန် ကလည်း အထာနပ်ပြီး သားမလို့ ဘာတွေ ဘယ်လိုလုပ်ပြီး ဘယ်လို ကိုင်တွယ် ရမလဲ ဆိုတာကို ပြောပြ လိုက်တယ်။

နောက်ဆုံး ဖုန်းချ ပြီးသွားတာနဲ့ ကျိုးချီ က အိပ်ယာပေါ်က လဲနေတဲ့ အန်းဇီရှို့ကို ပွေ့သွားကာ ရေနွေးနွေး နဲ့ သန့်ရှင်းရေး လုပ်ပေး လိုက်ပြီးတော့ အခန်းထဲမှာ ထားပေးခဲ့တဲ့ ဆေးသေတ္တာ ကို ယူကာ သူကိုက်ထား မိလို့ သွေးထွက်နေတဲ့ နေရာတွေကို သေချာလေး လိမ်းပေးလိုက်တယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now