အပိုင်း (၄)

1.8K 247 9
                                    

(၄)

အခုတော့ ကူး​ပြောင်းဝင်ရောက် လာတဲ့ ကျိုးချီရဲ့ ဝိဉာဥ် တစ်ဝက် တစ်ပျက်လေးဟာ ဆိုရင်ဖြင့် အယ်ဖာ ကျိုးချီရဲ့ ကျန်ခဲ့တဲ့ မှတ်ဉာဏ်တွေ နဲ့ အကုန်ပေါင်းစည်း ပြီးတော့မှ နိုးထ လာခဲ့လေတယ်။

မူလ အယ်ဖာ ကျိုးချီ ကတော့လည်း စိတ်မကောင်း ပါဘူး။ သေဆုံးသွား ပြီပဲ ဖြစ်လေတယ်။ လူတွေ သေဆုံးချိန် မှတ်ဉာဏ် တွေ​က ကိုယ်ထဲမှာ တစ်ချို့ တစ်ဝက် ကျန်နေသေးတာကြောင့် ထိုမှတ်ဉာဏ်တွေကို ကျိူးချီက ယူလို့ ရတာ ဖြစ်လေတယ်။

ဒါပေမယ့် မှတ်ဉာဏ် ကို ယူခဲ့ပေမယ့် သူ့ရဲ့ ကိုယ်ပိုင် ဝိဉာဏ်ကလည်း မပြည့်စုံတော့တာ ကြောင့် သူ့ကိုယ်သူ သာမန်ကမ္ဘာကနေ ရှေးခေတ် ကို ကူးပြောင်းပြီး အခု ထိုခန္ဓာထဲကို လွင့်လာတဲ့ ကူးပြောင်းသူ ကျိူးချီ ဆိုတာ ကို တော့ သူက လုံးဝ မှကို မမှတ်မိ တော့ပေ။

ဆရာဝန်တွေက ၆ လ ကြာ ကိုမာ ဝင်တဲ့ သုတေသီ လေးက နိုးလ ပြီ ဖြစ်တာကြောင့် ဘာမှ မဖြစ်သွားရလေအောင် သူ့ကုတင် နားကို တိုးကပ်လာကြလေတယ်။

ကုတင်ပေါ် က ကောင်လေး ကတော့ မျက်လုံးလေး ပုတ်ခက် ပုတ်ခက် လုပ်ကာ သူတို့ကို ကြည့်နေခဲ့တယ်။

ဆရာဝန် အုပ်ကြီး ထဲက ဂလင်း နဲ့ အာရုံကြော အထူးကု ပါမောက္ခ အိုကြီး က လက်လေး နှစ်ချောင်း ထောင်ကာ ကြင်နာတက်တဲ့ အသံနဲ့ ပြောလိုက်တယ်။

'' ကောင်လေး ဒါက ဘယ်နှချောင်းလဲ ''

ကျိုးချီ စိတ်ထဲမှာတော့ ဒီအဖိုးကြီး လက်နှစ်ချောင်း ထောင်ပြီး ဘယ်လောက်လဲ လို့ လာမေးတာ ရူးများ နေသလားလို့ တွေးမိတယ်။ သူ့ကို အသက်ရှု အုပ်လည်း မဖြုတ်ပေးတဲ့ အပြင်ရေလည်း မတိုက်ပေ။ ပြီးတော့ ကုတင်ပေါ်မှာ လည်း သူက ပတ်လက်ကြီးလေ။

ကျိုးချီရဲ့ ' ခများကြီး ရူးနေလား ' ဆိုတဲ့ အကြည့်ကြောင့် အဖိုးကြီး အနည်းငယ် ကြောင်အ သွားပေမယ့် ကျိုးချီက မျက်လုံးနဲ့ ကုတင်ဘေး က ရေခွက်ကို မျက်စ ပစ်ပြတော့မှ ပဲ သူတို့က အောက်ဆီဂျင် အုပ်ကို မဖြုတ်ပေးရသေး ဘူးဆိုတာ သတိရသွားတယ်။

ဆရာဝန်ငယ် တစ်ယောက်က အမြန် အောက်ဆီဂျင် အုပ်ကို ဖယ်ပေးကာ သူ့ကို ထူပေးလိုက်ပြီးတော့ ကုတင် ခေါင်းရင်း ကို မှီခိုင်း လိုက်ရတယ်။ ပြတော့ ရေပါတဲ့ ဖန်ခွက် ကိုလည်း ပါးစပ်နားကို တည့်ပေး လိုက်ရတယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now