အပိုင်း ( 29)

2.5K 230 0
                                    

(29) extra 3 ( လီချိန်ဟွာ ၊ ကျင်းရှင်း)

ကျင်းရှင်းဟာ စစ်သူကြီး ကျင်းရဲ့ ကောသားလေး ဖြစ်ပြီးတော့ အသက် တစ်ဆယ့် ခုနှစ် နှစ်မှာတင် ကျန်းနန်ဝမ်ရယ် စီးခုန်ချီယာ့ ဆီကို ကြင်တော်ငယ် အဖြစ် နန်းတော်မှ ပို့ဆောင်ခြင်း ခံလိုက်ရလေတယ်။

ကျင်းရှင်းဟာ သူ့ရဲ့ အိမ်မက်တွေ ပြိုကွဲ သွားပြီ ထင်ခဲ့ပေမယ့် အိမ်မက်တွေက သူနဲ့ လက်တစ်ကမ်း အလိုမှာ ရောက်နေခဲ့တယ်။ ကျန်းနန် ဝမ်ရယ် စီးခုန်ချီယာ့ က သူ့ရဲ့ ကြင်ယာတော် ငယ် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ သူ့ရဲ့အိမ်မက်ကို လဲလှယ်ပေးခြင်း ခံခဲ့ရတယ်။

ကျန်းနန်ဝမ်ရယ် စီးခုန်ချီယာ့က သူ့ကို ကောင်းမွန်တဲ့ ဆရာခေါ် ပေးကာ စစ်ရေးစစ်ရာတွေ သင်ပေးပြီး ကိုယ်ခံ ပညာကို ပါလေ့ကျင့် ပေးခဲ့တယ်။ ဒါတင် မကသေးပဲ သူ့ရဲ့ လက်ထောက်အဖြစ်လည်း ထားခဲ့သေးတယ်။

ကျင်းရှင်းဟာ နိုင်ငံတော်ကို ကာကွယ်လိုတဲ့ ဆန္ဒကို ဖြည့်စည်း ပေးခဲ့တဲ့ စီးခုန်ချီယာ့ကို အရမ်း ကျေးဇူးတင်ပြီးတော့ သစ္စာစောင့် သိခဲ့တယ်။

တစ်နေ့မှာတော့ သူက သူပုန်တွေကို သုတ်သင်နေရင်းနဲ့ မြားမှန်ကာ သေသွားခဲ့လေတယ်။ တကယ့်ကျင်းရှင်း နေရာမှာ ခေတ်သစ် မူရင်း မန်ဟွ ရေးဆွဲသူက အစားထိုး ဝင်ရောက်လာခဲ့တယ်။

မူရင်းမန်ဟွ ရေးဆွဲသူ ' ကိတ်မုန့်ချိုချို ' ဟာ သူ့ရဲ့ မန့်ဟွက ဆွဲထားတာနဲ့ တစ်ခြားဆီ ပြောင်းလဲ သွားတာကို ရှာတွေ့သွားတယ်။ တစ်ခြားသူတွေက မသိကြပေမယ့် ကိုယ်တိုင်ဆွဲတဲ့ သူတော့ သိလေတယ်။ အစကတော့ သူ့ရဲ့ မန်ဟွဆွဲတဲ့ အကောင့်ကို တစ်ခြားသူက ခိုးပြီးတော့ ဇာတ်ကြောင်း ပြောင်းခဲ့တယ် ထင်ခဲ့ပေမယ့် အကောင့် ဟက်ခံထားရတဲ့ အခြေအနေကိုလည်း မတွေ့ခဲ့ပေ။

ဆိုတော့ ဒါက ဒဏ္ဏာရီလာ ထူးဆန်းမှုကြီးပေါ့!

အသစ်ဖြစ်တည်လာတဲ့ ဇာတ်ကြောင်းက သူ့ဆွဲထားတာထက် ပိုရှည်သလို ဇာတ်ကွက်က အပေါက်တွေနဲ့ ပြည့်နေခဲ့တယ်။

လက်ရာကောင်းကောင်းလေး ကနေ မှိုတက်သွားလို့ စားမရတော့တဲ့ မုန့်လိုမျိုး ပြောင်းလဲ သွားခဲ့တယ်။ အဆိုးဆုံးကတော့ ဇာတ်လိုက်မင်းသားနဲ့ ဖိုင်နယ်ဘော့စ် တို့က ရသွားတာပဲ ဖြစ်လေတယ်။

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Waar verhalen tot leven komen. Ontdek het nu