အပိုင်း ( 12)

3.9K 512 29
                                    

(12) မျှတတဲ့ အပေး အယူ ၂

ထိုအချိန်မှာ ကျင်းရှင်းက ခဏတော့ တောင့်ခဲ သွားပြီး မျက်နှာလှလှလေးက မဲ့သွားလေတယ်။ သူဘာတွေး နေသလဲဆိုတာကို ချီယာ့က သိတာမလို့ ထိုအတွေးတွေ ဆက်မတွေးနိုင် ဖို့ရာသူကပဲ စတင်ရှင်းလင်း လိုက်ရတယ်။

'' ပန်ဝမ်ရဲ့ ကြင်ယာတော် အဖြစ် နေခိုင်းတယ် ဆိုတာနဲ့ ပန်ဝမ်ရဲ့ အမှုတော် ထမ်းရမယ် ဆိုတာက မင်းတွေးနေသလို လုံးဝ မဟုတ်ဘူးနော်။ ''

စကားပိတ်​ပြောလိုက်တာမလို့ ကျင်းရှင်းလည်း မျက်နှာအနည်းငယ် ပြေလျော့လာတယ်။

'' ပန်ဝမ်ဆီကို ဧကရာဇ်က လက်ဆောင်အဖြစ် ပေးတာကို ပန်ဝမ်က လက်မခံရင် သူ့ကို ပုန်ကန်တာမျိုး ​ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် မင်းက ဒီဝမ်ရယ်ရဲ့ ကြင်ယာဖြစ်ပြီးမှ ဖျားနာမှုကြောင့် ဆုံးပါးသွားတယ် ဆိုရင်တော့ ကိစ္စတစ်မျိုး ပေါ့လေ ''

အခန်းထဲမှာ ရှိတဲ့ လူတိုင်းက မနုံအကြတာကြောင့် စီးခုန်ချီယာ့ က ဘာကို ပြောချင်သလဲ ဆိုတာကို သိလေတယ်။

သူ့ရဲ့ ကြင်ယာတော် ဖြစ်လိုက် ပြီးရင် အတုအယောင် သေဆုံးမှု လုပ်လိုက်။ တကယ်လို့ သူ့ကြင်ယာမလုပ်ပဲ အိမ်တော်တွေ ပြန်သွားရရင်လည်း တစ်ခြားလက်ထပ်ပွဲတွေ မစီစဥ်ပေး ခံရဘူးလို့ မပြောနိုင်ဘူးလေ။

သဘောတူဖို့ အနည်းငယ် အင်တင်တင် ဖြစ်နေတာကို တွေ့တော့ ချီယာ့က နောက်ထပ် ဗုံးတစ်လုံး ပစ်ကျဲ လိုက်တယ်။

''မင်းက ငါ့ရဲ့လက်အောက်မှာ တစ်နေရာအမှု ထမ်းခွင့်ပေးမယ်။ ငါ့ကလေးကို မွေးစရာမလိုဘူး ''

ထိုစကားက တစ်ကယ်ကြီး သူတို့ကို ထိမှန်သွားစေ ပါတယ်။

သုံးယောက်စလုံးက မျက်လုံး စူးစူးကြီးတွေနဲ့ ဝမ်ရယ်ကို ကြည့်နေတာကြောင့် ဘေးက ထန်ချီ မသက်မသာ ဖြစ်နေလေတယ်။ ချီယာ့က သူတို့ရဲ့ သိလိုစိတ်ကို ရိပ်မိတာကြောင့် သူက ထပ်ပြီးပြောလိုက်တယ်။

'' ပန်ဝမ်က ကြင်ယာတော်ကြီး ထန် ကိုပဲ မြတ်နိုးတယ်။ ဒီအရှင်ရဲ့ ဆက်ခံသူက ကြင်ယာတော်ကြီး ထန်ကပဲ မွေးပေးရမှာ''

[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟Where stories live. Discover now