အခန်း ( ၅၀ ) နတ်ဘုရားသားတော်၏ ပြိုင်ဘက်ကင်း အနေအထား၊ ကျွင်းဝမ်ကျဲကို ဖိနှိပ်၍ သူ့နှလုံးသားကို ထိုးဖောက်သည်
အရာအားလုံး တိတ်ဆိတ်ငြိမ်သွားခဲ့သည်။
နှစ်ကွက်တည်းဖြင့် ဟေးတု သေဆုံးသွားပုံကိုကြည့်ကာ အားလုံး တုန်လှုပ်သွားကြ၏။
တိမ်မည်းကလတ်မှ ပါရမီရှင်ဖြစ်၍ ဟေးတုဟာ အသန်မာဆုံးမဟုတ်လျှင်ပင် အလွန်အစွမ်းထက်နေဆဲပင်။
သူ့စွမ်းအားက ရှေးဟောင်းဂိုဏ်းများ၊ မျိုးနွယ်များမှ ထိပ်တန်းပါရမီရှင်များကို ယှဉ်နိုင်သည်။ မဟုတ်ပါက ကျွင်းဝမ်ကျဲ၏ နောက်လိုက်ဖြစ်လာနိုင်မည် မဟုတ်ပါချေ။
သို့ရာတွင် ကျွင်းရှောင်ယောက်က ထိုကဲ့သို့သော ပါရမီရှင်တစ်ယောက်ကို ထမင်းစား၊ ရေသောက်ကဲ့သို့ အလွယ်တကူ သတ်ခဲ့၏။
ကျွင်းရှောင်ယောက် လှုပ်ရှားသည်ကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးသော ကျင့်ကြံသူများကတော့ အလွန်ပင် တုန်လှုပ်ချောက်ချားနေကြတော့သည်။
ကျွင်းရှောင်ယောက်က ကျွင်းမိသားစု၏ စီကွမ်သုညရာထူးနှင့် အမှန်တကယ် ထိုက်တန်သည်။
"ကျွင်းရှောင်ယောက်"
ဒေါသတကြီး အော်ဟစ်လိုက်သံ ထွက်ပေါ်လာခဲ့သည်။ ၎င်းက ကျွင်းဝမ်ကျဲဖြစ်ကာ သူ အလွန်ဒေါသထွက်နေ၏။
သူ့ရှေ့တွင် သူ့နောက်လိုက်ကို သတ်ဖြတ်ခြင်းက လုံးဝ အရှက်ရစရာပင်။
"ဝုန်း"
ကျွင်းဝမ်ကျဲ အများကြီး ပြေမနေတော့ပေ။ သူ့သည်းခံနိုင်စွမ်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
နောင်ဖြစ်လာမည်များကို နောင်အခါမှပင် ရှင်းတော့မည်။ ယခုလောလောဆယ် သူ့စိတ်ထဲမှာရှိသည်က ကျွင်းရှောင်ယောက်ကို ဖိနှိပ်ရန်သာ ဖြစ်သည်။
သူက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သောအခါ အလွန်ပြင်းထန်သော မိုးကြိုးလျှပ်စီးများ ဖြစ်ပေါ်လာသည်။ ၎င်းတွင် ထွက်ပေါ်နေသော စွမ်းအင်အတက်အကျများက အလွန်သန်မာပေရာ မြင်ရသူကို သွေးပျက်ချောက်ချားသွားစေနိုင်၏။
၎င်းက မိုးကြိုးစွမ်းရည် သိုင်းပညာတစ်မျိုးဖြစ်သည့် ပျက်ဆီးခြင်း မိုးကြိုးလက်ဝါးပင် ဖြစ်သည်။
ကျွင်းဝမ်ကျဲက ၎င်းကို ကပ်ဘေးမိုးကြိုးတိုက်ခိုက်ရေးခန္ဓာနှင့် တွဲဖက်အသုံးပြုပါကာ ကောင်းကင်တံတားနယ်ပယ်မှ မည်သူမဆို ဒဏ်ရာအပြင်းအထန်ရသွားပေလိမ့်မည်။
"နတ်ဘုရားသားတော်၊ သတိထား"
ကျွင်းကျန်းကျန့် မနေနိုင်ဘဲ သတိလှမ်းပေးလိုက်၏။
ကျွင်းရှောင်ယောက်က သန်မာလျှင်ပင် ကျွင်းဝမ်ကျဲကလည်း အားမနည်းပါချေ။
ယခင်ကဆိုလျှင် သူနှင့် ကျွင်းလင်းလုံက အတူတူခုခံသည့်တိုင် ကျွင်းဝမ်ကျဲထံမှ တစ်ကွက်ကို မခံနိုင်ခဲ့ကြပေ။
သို့သော်လည်း စကားဆုံးသည်နှင့် ကျွင်းကျန်းကျန့်မျက်လုံးဟာ ကျွတ်ထွက်လုမတတ် ပြူးကျယ်သွားခဲ့သည်။
ကျွင်းရှောင်ယောက်က ဘာမျှမပါဘဲ ရိုးရှင်းသော လက်သီးတစ်လုံးကို ထုတ်ဖော်လိုက်၏။ သို့သော်လည်း ယင်းက နဂါးတစ်ကောင် ဟိန်းဟောက်လိုက်သကဲ့သို့ပင်။
နဂါးတစ်ကောင်၏ပုံရိပ်က သူ့လက်သီးကိုရစ်ပတ်ကာ ထွက်ပေါ်လာသည်။
၎င်းက ဘိုးဘေးနဂါးသိုက်မှ နဂါးလက်သီးသိုင်းပင် ဖြစ်ချေသည်။
သူက တချိန်တည်းမှာပင် ဤလက်သီးချက်နှင့် ဂျင်သန်းခုနစ်ရာခွန်အားကို ပေါင်းစပ်ထုတ်ဖော်ခိုက်၏။
စွမ်းအင်နှစ်ခုက ထိပ်တိုက်တွေ့ဆုံသောအခါ ကောင်းကင်ယံ၌ တဂျုန်းဂျုန်းမြည်သံများပင် ထွက်ပေါ်နေတော့သည်။
မြေပြင်ကလည်း တုန်ခါနေရသည်။
ကြောက်စရာစွမ်းအင်များက လှိုင်းလုံးကြီးကဲ့သို့ ဖြာထွက်လာကာ နန်ထျန်းမြို့တစ်ခုလုံးကို လွှမ်းခခြံသွားခဲသည်။
အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေချိန်တွင် လူရိပ်တစ်ခုက အရုပ်ကြိုးပြတ် လွင့်စဉ်သွား၏။
၎င်း ကျွင်းဝမ်ကျဲသာ ဖြစ်တော့သည်။
သွေးများကလည်း ကောင်းကင်ယံမှ ဖြာဆင်းသွားခဲ့သည်။
သူ့ခန္ဓာကိုယ်က ရုပ်ပျက်ဆင်းပျက်ဖြင့် လွင့်စဉ်သွားပာ ခက်ကလည်း ပုံမှန်မရှိတော့ပေ။
ကျွင်ရှောင်ယောက်ကိုကြည့်ရင်း သူ့ရင်တွင် ထူးထူးကဲကဲ ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်လာခဲ့၏။
ကိုယ်တိုင် မကြုံဖူးပါက စိတ်ပျက်အားငယ်မှုဟူသည်ကို ကောင်းစွာ နားလည်နိုင်မည် မဟုတ်ပေ။
နောက်ဆုံးတော့ ကျွင်းဝမ်ကျဲဟာ လုံဟောက်ထျန်းနှင့် ရဲရှင်းယွင်၏ စိတ်ပျက်အားငယ်မှုများအား ခံစားခဲ့ရပြီးဖြစ်သည်။
၎င်းက သာမန်လူမဟုတ်တော့ဘဲ ဧကရာဇ်ငယ်ပင် ဖြစ်ပေတော့သည်။
"ကျွင်းရှောင်ယောက်၊ မင်းခွန်အားက..."
ကျွင်းဝမ်ကျဲဟာ အနောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်ပြီးမှ တုန်ယင်နေသောခန္ဓာကိုယ်ကို ရပ်လိုက်နိုင်သည်။
သူ့အပြင် နန်ထျန်းမြို့တဝှမ်းရှိ အခြားလူများလည်း တုန်လှုပ်ခြောက်ခြားသွး၏။
ကျွင်းကျန်းကျန့်လည်း အံ့ဩသွားခဲ့သည်။
ကျွင်းရှောင်ယောက်က ကျွင်းဝမ်ကျဲကို မကြောက်မှန်း သူသိထားသော်လည်း သူတို့ကြားမှတိုက်ပွဲက တစ်ဖက်သတ်ဖြစ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
"နတ်ဘုရားသားတော်က တကယ်ကို ရန်စသင့်တဲ့သူမဟုတ်ဘူး"
ကျွင်းရွယ်ဟွမ် ရေရွတ်လိုက်၏။
"သခင်လေး..."
ကျွင်းလင်းလုံ၏ လှပသော မျက်လုံးများတွင် လေးစား၊ မြတ်နိုးမှုများ ပြည့်နှက်နေတော့သည်။
၎င်းက ဤလောကတွင် ပြိုင်ဘက်ကင်းသော သူ့သခင်ပင် ဖြစ်သည်။
"ငါမယုံဘူးကွ... ဒါတကယ်မဟုတ်ဘူး"
မည်သို့ဆိုစေ ကျွင်းဝမ်ကျဲဟာ အောက်ခြေမှတက်လာခဲ့သူ ဖြစ်၏။ ထို့ကြောင့် သူ့စိတ်ဓာတ်က ရဲ့ရှင်းယွင်၊ စသူတို့ထက် ပိုသန်မာသည်။
ထို့ကြောင့် သူက အရှုံးမပေးလိုသေးပေ။
မိုးကြိုးထစ်ချုန်းသံများနှင့်အတူ သူ့ခန္ဓာမှ အရိုးကျိုးနေသော ဒဏ်ရာများက အလျင်အမြန်ပင် ပြန်လည်ကောင်းမွန်လာသည်။
"မိုးကြိုးကပ်ဘေး တိုက်ခိုက်ရေးခန္ဓာလို့ ဆိုထိုက်ပါပေတယ်..။ ကောလာဟလတွေအရ ကပ်ဘေးမိုးကြိုးကြောင့်လည်း ဒီတာအိုခန္ဓာက မယုံနိုင်လောက်အောင် အစွမ်းထက်တယ်ဆိုပဲ"
ကျွင်းဝမ်ကျဲ၏ ဒဏ်ရာများက ပြန်လည်ကောင်းမွန်လာနေသည်ကိုမြင်သောအခါ ကျင့်ကြံသူများ မျက်လုံးအရောင်လက်သွားခဲ့ကြသည်။
တာအိုခန္ဓာသုံးထောင်အနက်မှ ထိပ်တန်းသုံးရာအတွင်းသို့ ဝင်ရောက်နိုင်သော တာအိုခန္ဓာဆိုသည့်အတိုင်း အမှန်ပင် ထူးကဲသောအနေအထားမျိုးရှိသည်။
"ဒီလိုတာအိုခန္ဓာမျိုးရှိရင်တောင် ဘာဖြစ်သေးလဲ... နတ်ဘုရားသားတော်က လက်သီးတစ်လုံးနဲ့ ချေဖျက်ပစ်လိုက်တာပဲကို..။ ကပ်ဘေးမိုးကြိုးတိုက်ခိုက်ရေးခန္ဓာက အစွမ်းထက်ရင်တောင် ရှေးဟောင်းမြင့်မြတ်ခန္ဓာနဲ့ယှဉ်ရင်တော့ လုံးဝ အမှိုက်ပဲ"
အမျိုးသမီးကျင့်ကြံသူများကလည်း နှုတ်ခမ်းကိုတွန့်ကွေးကာ ပြောလိုက်ကြ၏။
၎င်းတို့က ကျွင်းရှောင်ယောက်ကို စွဲလန်းလွန်နေပြီဖြစ်သော ဖန်ဂဲလ်များပင် ဖြစ်ပေသည်။
ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးတစ်ခုလုံးတွင် ဘယ်ပါရမီရှင်က ကျွင်းရှောင်ယောက်လောက် သန်မာနိုင်မည်နည်း။
ထိုအချိန်တွင် ကျွင်းဝမ်ကျဲထံမှ မိုးကြိုးလျှပ်စီးများက တအုန်းအုန်း ရိုက်ခတ်လာသည်။
သူက ကျွင်းရှောင်ယောက်ကို အလေးအနက်ထားကာ ကြည့်လိုက်၏။
"ငါက ကပ်ဘေးမိုးကြိုးတိုက်ခိုက်ရေးခန္ဓာနဲ့ အဓိပဓိကျမ်းကို လေ့ကျင့်ထားတယ်..။ ငါက မိုးကောင်းကင်ရဲ့ ကပ်ဘေးမိုးကြိုးတွေကို ထိန်းချုပ်တဲ့သူ"
"တားမြစ်မိုးကြိုး... မိုးကြိုးနတ်ဘုရား နိုးထခြင်း"
ကျွင်းဝမ်ကျဲက ကောင်းကင်ကိုမော့၍ ဟိန်းဟောက်လိုက်သည်။ ထိုအခါ လေထဲတွင် မိုးကြိုးလျှပ်စီးများနှင့် ပြည့်နှက်လာခဲ့၏။
ကောင်းကင်တခွင်၌ ပြည့်နှက်နေသော မိုးကြိုးများနှင့် ကျွင်းဝမ်ကျဲ၏အသွင်ဟာ မိုးကြိုးနတ်ဘုရားကဲ့သို့ တုန်လှုပ်စရာပင် ကောင်းနေတော့သည်။
"ကောင်းကင်ကပ်ဘေးကို ထိန်းချုပ်တာလား..၊။ မင်းက အတော်ရယ်စရာကောင်းတာပဲ"
ကျွင်းရှောင်ယောက်၏ မျက်နှာက ခံစားချက်မရှိဘဲ တည်ငြိမ်နေသည်။
"ငါ့အရှေ့မှာ မင်းမပြောနဲ့ ကောင်းကင်ဘုံတောင် ဦးညွှတ်သွားရမယ်"
ကျွင်းရှောင်ယောက်က အေးစက်စက်နှင့် လွှမ်းမိုးနိုင်စွမ်းရှိစွာ ပြောလိုက်သည်။
သူက ရှေးဟောင်းမြင့်မြတ်ခန္ဓာကို ထုတ်ဖော်လိုက်သောအခါ ဝိညာဉ်ပင်လယ်အတွင်းမှ ရွှေရောင်စွမ်းအင်များ ရုန်းကြွလာ၏။ စွမ်းအင်များက ဖြာထွက်လာကာ နောက်ဆုံးတွင် အချိန်နှင့်စကြာဝဠာကိုအုပ်စိုးပုံရသော ရွှေရုပ်တုကြီးတစ်ခုအသွင် ပြောင်းလဲသွားခဲ့တော့သည်။
သူက အနှိုင်းမဲ့နတ်ဆင်ခွန်အားကို အကန့်အသတ်ထိ ထုတ်ဖော်လိုက်သည်။
တချိန်တည်းမှာပင် သူက ဘယ်လက်ဖြင့် လက်နက်တစ်သောင်းမုန်တိုင်းသိုင်းကို ထုတ်ဖော်လိုက်၏။ ထိုအခါ ဓား၊ လှံ၊ လက်နက်မျိုးစုံက လေထုထဲတွင် ဆက်တိုက် ထွက်ပေါ်လာတော့သည်။
တချိန်တည်းမှာပင် သူ့ညာလက်မှ နဂါးအဆီအနှစ်နှင့် အစစ်အမှန်နဂါးကြီးတစ်ကောင်ပုံရိပ်ကို ဖြစ်ပေါ်လာစေသည်။ ၎င်းက နဂါးအဆီအနှစ်မှ ရရှိခဲ့သော ကောင်းကင်ပိတ်လှောင်အစစ်အမှန်နဂါးသိုင်းပင် ဖြစ်သည်။
ကျွင်းရှောင်ယောက်ဟာ သိုင်းပညာနှစ်မျိုးကို တပြိုင်နက်တည်း ထုတ်ဖော်လိုက်၏။ အစစ်အမှန်နဂါးကြီးက ကောင်းကင်ယံရှိ မိုးကြိုးများကို ပြေးဝင်တိုက်ခိုက်လိုက်သောအခါ တအုန်းအုန်း ပေါက်ကွဲသံများလည်း ထွက်ပေါ်လာလေတော့သည်။
အခြားတစ်ဖက်တွင် လက်နက်တစ်သောင်း မုန်တိုင်းသိုင်းက ကျွင်းဝမ်ကျဲထံ ပြေးဝင်သွားခဲ့သည်။
"ဒါက ဘယ်လိုလုပ်ပြီး...."
ကျွင်းဝမ်ကျဲ မတုံ့ပြန်နိုင်မီ တိုက်ခိုက်မှုက ရောက်ရှိလာခဲ့၏။
ကျွင်းဝမ်ကျဲက ထိတ်လန့်တကြားဖြင့် အကောင်းဆုံးကာကွယ်ရန် ကြိုးစားလိုက်သော်လည်း မရတော့ပေ။ အရိုးများကျိုးကာ အရွတ်များစုတ်ပြဲ၍ သွေးများ အန်ထွက်နေတော့သည်။
ထိုစဉ် ကျွင်းရှောင်ယောက်က နတ်ဆိုးတောင်ပံများကို ထုတ်ဖော်လိုက်သောအခါ ကျွင်းဝမ်ကျဲအထက်တွင် ရိပ်ခနဲ ထွက်ပေါ်လာသည်။ သူက နတ်ဘုရင်တစ်ပါးကဲ့သို့ ခြေတစ်ဖက်ကို နင်းချလိုက်၏။
"ဝုန်း"
ကြောက်မက်ဖွယ် ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။
ကျွင်းရှောင်ယောက်၏ ခြေထောက်ဟာ ကျွင်းဝမ်ကျဲ၏ရင်ဝကို အတိအကျ နင်းချလိုက်သည်။
သူတို့နှစ်ယောက်သာ ကြယ်ကြွေသကဲ့သို့ မြေပေါ်ကို ကျဆင်းသွား၏။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကျွင်းဝမ်ကျဲဟာ မြေပြင်သို့ အရှိန်ပြင်းပြင်း ကျဆင်းသွားတော့သည်။
ထိုအချိန်တွင် ကျွင်းဝမ်ကျဲက လက်တစ်ဖက်ကိုနောက်ပစ်၍ သူ့ရင်ဝကို တက်နင်းထားဆဲပင်။
သူ့ဝတ်စုံကလည်း ဖုန်တစ်စပင် ကပ်ညိမနေဘဲ လေတိုးလိုက်တိုင်း တဖျတ်ဖျတ် လူးလွန့်နေသည်။
ကွာဟမှုက ကြီးမားလွန်းပေရာ သဘာဝမကျသောလေထုကိုပင် ဖြစ်ပေါ်လာစေခဲ့၏။
ကျွင်းမိသားစုမှ ပဉ္စမစီကွမ်ကျွင်းဝမ်ကျဲဟာ ယခုအခါမှာတော့ ကျွင်းရှောင်ယောက်၏ နင်းချေမှုကြောင့် လှုပ်ပင် မလှုပ်နိုင်တော့ပေ။
သို့ဆိုလျှင် ကျွင်းဝမ်ကျဲက အားနည်းနေ၍လော။
မဟုတ်ပေ။ ယင်းက မဖြစ်နိုင်ပါချေ။ လူတိုင်းက ကျွင်းဝမ်ကျဲ၏ခွန်အားကို မြင်တွေ့ဖူးကြသည်။
ထိုအခါ ဖြစ်နိုင်ချေတစ်ခုသာ ရှိတော့၏။ ယင်းက ကျွင်းရှောင်ယောက်ဟာ အစွမ်းထက်လွန်းသောကြောင့်ပင်။
ထို့အပြင် ကျွင်းရှောင်ယောက်က ခွန်အားအပြည့်ပင် မသုံးခဲ့ကြောင်း အားလုံး သိနိုင်သည်။
သူက အနှိုင်းမဲ့အရိုးနှင့် ရှေးဟောင်းမြင့်မြတ်ခန္ဓာကိုလည်း အသုံးမပြုခဲ့ပေ။
"ကျွင်းရှောင်ယောက်... မင်းခြေထောက်ကို ဖယ်လိုက်စမ်း"
ကျွင်းဝမ်ကျဲဟာ လုံးဝ စိတ်မတည်ငြိမ်တော့ဘဲ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
"ဒုန်း"
ထိုစကားကိုကြားသောအခါ ကျွင်းရှောင်ယောက်က အားထပ်စိုက်ကာ နင်းချလိုက်၏။ ချက်ချင်းပင် ကျွင်းဝမ်ကျဲ၏ ရင်ဝအရိုးများကျိုး၍ သွေးများ အန်ထွက်လာပြန်တော့သည်။
"ကျွင်းမိသားစုရဲ့ ပဉ္စမစီကွမ်ဖြစ်ပါလျက်နဲ့ မင်းဘာဖြစ်လို့ ဒီလောက် အသုံးမကျရတာလဲ"
ကျွင်းဝမ်ကျဲ ခပ်တိုးတိုး ပြောလိုက်သည်။
"ငါမရှုံးဘူးကွ... မနက်ဖြန်ဆိုတာ ရှိနေသေးသ၍ ငါနိုင်တယ်"
ကျွင်းဝမ်ကျဲ အော်ဟစ်လိုက်သည်။
"မင်းလို တို့ဟူးတုံးတွေကို ငါလုံးဝ ဂရုမစိုက်ဘူး..။ မင်းကို အချိန်နှစ်ပေါင်း သိန်းချီပေးရင်တောင် မင်းဘာမှတတ်နိုင်မှာ မဟုတ်ဘူး ကျွင်းဝမ်ကျဲ..။ မင်းလုပ်နိုင်တာက အဝေးကိုရောက်နေတဲ့ ငါ့နောက်ကျောကို မနာလိုစိတ်တွေနဲ့ မော့ကြည့်နေဖို့ပဲ"
ကျွင်းရှောင်ယောက်၏ စကားများက ထက်ရှသော လူသတ်ဓားများကဲ့သို့ ထွက်ပေါ်လာခဲ့သည်။
ထိုအခါ ကျွင်းဝမ်ကျဲမျက်နှာက တဖြည်းဖြည်း နီရဲလာ၏။ ရုတ်တရက် သူ့ရင်ဘက်ထဲတွင် ပို၍နာကျင်လာသကဲ့သို့ ခံစားရကာ သွေးတစ်ပွက်ကို ထပ်မံအန်ထုတ်လိုက်ရတော့သည်။ သူဟာ ဒေါသထွက်လွန်း၍ အသိစိတ်များပင် ပြိုကွဲလုနီး ဖြစ်နေခဲ့ရပြီ ဖြစ်သည်။
-------------
Zawgyi
အခန္း ( ၅၀ ) နတ္ဘုရားသားေတာ္၏ ၿပိဳင္ဘက္ကင္း အေနအထား၊ ကြၽင္းဝမ္က်ဲကို ဖိႏိွပ္၍ သူ႔ႏွလံုးသားကို ထိုးေဖာက္သည္
အရာအားလံုး တိတ္ဆိတ္ၿငိမ္သြားခဲ့သည္။
ႏွစ္ကြက္တည္းျဖင့္ ေဟးတု ေသဆံုးသြားပံုကိုၾကၫ့္ကာ အားလံုး တုန္လႈပ္သြားၾက၏။
တိမ္မည္းကလတ္မွ ပါရမီရွင္ျဖစ္၍ ေဟးတုဟာ အသန္မာဆံုးမဟုတ္လ်ွင္ပင္ အလြန္အစြမ္းထက္ေနဆဲပင္။
သူ႔စြမ္းအားက ေရွးေဟာင္းဂိုဏ္းမ်ား၊ မ်ိဳးႏြယ္မ်ားမွ ထိပ္တန္းပါရမီရွင္မ်ားကို ယွဉ္ႏိုင္သည္။ မဟုတ္ပါက ကြၽင္းဝမ္က်ဲ၏ ေနာက္လိုက္ျဖစ္လာႏိုင္မည္ မဟုတ္ပါေခ်။
သို႔ရာတြင္ ကြၽင္းေရွာင္ေယာက္က ထိုကဲ့သို႔ေသာ ပါရမီရွင္တစ္ေယာက္ကို ထမင္းစား၊ ေရေသာက္ကဲ့သို႔ အလြယ္တကူ သတ္ခဲ့၏။
ကြၽင္းေရွာင္ေယာက္ လႈပ္ရွားသည္ကို ပထမဆံုးအႀကိမ္ ေတြ့ျမင္ဖူးေသာ က်င့္ႀကံသူမ်ားကေတာ့ အလြန္ပင္ တုန္လႈပ္ေခ်ာက္ခ်ားေနၾကေတာ့သည္။
ကြၽင္းေရွာင္ေယာက္က ကြၽင္းမိသားစု၏ စီကြမ္သုညရာထူးႏွင့္ အမွန္တကယ္ ထိုက္တန္သည္။
"ကြၽင္းေရွာင္ေယာက္"
ေဒါသတႀကီး ေအာ္ဟစ္လိုက္သံ ထြက္ေပၚလာခဲ့သည္။ ၄က ကြၽင္းဝမ္က်ဲျဖစ္ကာ သူ အလြန္ေဒါသထြက္ေန၏။
သူ႔ေရ႔ွတြင္ သူ႔ေနာက္လိုက္ကို သတ္ျဖတ္ျခင္းက လံုးဝ အရွက္ရစရာပင္။
"ဝုန္း"
ကြၽင္းဝမ္က်ဲ အမ်ားႀကီး ေျပမေနေတာ့ေပ။ သူ႔သည္းခံႏိုင္စြမ္း ကုန္ဆံုးသြားခဲ့ၿပီ ျဖစ္သည္။
ေနာင္ျဖစ္လာမည္မ်ားကို ေနာင္အခါမွပင္ ရွင္းေတာ့မည္။ ယခုေလာေလာဆယ္ သူ႔စိတ္ထဲမွာရိွသည္က ကြၽင္းေရွာင္ေယာက္ကို ဖိႏိွပ္ရန္သာ ျဖစ္သည္။
သူက လက္ဝါးတစ္ခ်က္ ရိုက္ထုတ္လိုက္ေသာအခါ အလြန္ျပင္းထန္ေသာ မိုးႀကိဳးလ်ွပ္စီးမ်ား ျဖစ္ေပၚလာသည္။ ၄တြင္ ထြက္ေပၚေနေသာ စြမ္းအင္အတက္အက်မ်ားက အလြန္သန္မာေပရာ ျမင္ရသူကို ေသြးပ်က္ေခ်ာက္ခ်ားသြားေစႏိုင္၏။
၄က မိုးႀကိဳးစြမ္းရည္ သိုင္းပညာတစ္မ်ိဳးျဖစ္သၫ့္ ပ်က္ဆီးျခင္း မိုးႀကိဳးလက္ဝါးပင္ ျဖစ္သည္။
ကြၽင္းဝမ္က်ဲက ၄ကို ကပ္ေဘးမိုးႀကိဳးတိုက္ခိုက္ေရးခႏၶာႏွင့္ တြဲဖက္အသံုးျပဳပါကာ ေကာင္းကင္တံတားနယ္ပယ္မွ မည္သူမဆို ဒဏ္ရာအျပင္းအထန္ရသြားေပလိမ့္မည္။
"နတ္ဘုရားသားေတာ္၊ သတိထား"
ကြၽင္းက်န္းက်န႔္ မေနႏိုင္ဘဲ သတိလွမ္းေပးလိုက္၏။
ကြၽင္းေရွာင္ေယာက္က သန္မာလ်ွင္ပင္ ကြၽင္းဝမ္က်ဲကလည္း အားမနည္းပါေခ်။
ယခင္ကဆိုလ်ွင္ သူႏွင့္ ကြၽင္းလင္းလံုက အတူတူခုခံသၫ့္တိုင္ ကြၽင္းဝမ္က်ဲထံမွ တစ္ကြက္ကို မခံႏိုင္ခဲ့ၾကေပ။
သို႔ေသာ္လည္း စကားဆံုးသည္ႏွင့္ ကြၽင္းက်န္းက်န႔္မ်က္လံုးဟာ ကြၽတ္ထြက္လုမတတ္ ျပဴးက်ယ္သြားခဲ့သည္။
ကြၽင္းေရွာင္ေယာက္က ဘာမ်ွမပါဘဲ ရိုးရွင္းေသာ လက္သီးတစ္လံုးကို ထုတ္ေဖာ္လိုက္၏။ သို႔ေသာ္လည္း ယင္းက နဂါးတစ္ေကာင္ ဟိန္းေဟာက္လိုက္သကဲ့သို႔ပင္။
နဂါးတစ္ေကာင္၏ပံုရိပ္က သူ႔လက္သီးကိုရစ္ပတ္ကာ ထြက္ေပၚလာသည္။
၄က ဘိုးေဘးနဂါးသိုက္မွ နဂါးလက္သီးသိုင္းပင္ ျဖစ္ေခ်သည္။
သူက တခ်ိန္တည္းမွာပင္ ဤလက္သီးခ်က္ႏွင့္ ဂ်င္သန္းခုနစ္ရာခြန္အားကို ေပါင္းစပ္ထုတ္ေဖာ္ခိုက္၏။
စြမ္းအင္ႏွစ္ခုက ထိပ္တိုက္ေတြ့ဆံုေသာအခါ ေကာင္းကင္ယံ၌ တဂ်ဳန္းဂ်ဳန္းျမည္သံမ်ားပင္ ထြက္ေပၚေနေတာ့သည္။
ေျမျပင္ကလည္း တုန္ခါေနရသည္။
ေၾကာက္စရာစြမ္းအင္မ်ားက လိႈင္းလံုးႀကီးကဲ့သို႔ ျဖာထြက္လာကာ နန္ထ်န္းၿမိဳ႔တစ္ခုလံုးကို လႊမ္းခၿခံသြားခဲသည္။
အားလံုးက စိတ္ဝင္တစား ေစာင့္ၾကၫ့္ေနခ်ိန္တြင္ လူရိပ္တစ္ခုက အရုပ္ႀကိဳးျပတ္ လြင့္စဉ္သြား၏။
၄ ကြၽင္းဝမ္က်ဲသာ ျဖစ္ေတာ့သည္။
ေသြးမ်ားကလည္း ေကာင္းကင္ယံမွ ျဖာဆင္းသြားခဲ့သည္။
သူ႔ခႏၶာကိုယ္က ရုပ္ပ်က္ဆင္းပ်က္ျဖင့္ လြင့္စဉ္သြားပာ ခက္ကလည္း ပံုမွန္မရိွေတာ့ေပ။
ကြၽင္ေရွာင္ေယာက္ကိုၾကၫ့္ရင္း သူ႔ရင္တြင္ ထူးထူးကဲကဲ ေၾကာက္ရြံ႔စိတ္မ်ား ျဖစ္ေပၚလာခဲ့၏။
ကိုယ္တိုင္ မႀကံဳဖူးပါက စိတ္ပ်က္အားငယ္မႈဟူသည္ကို ေကာင္းစြာ နားလည္ႏိုင္မည္ မဟုတ္ေပ။
ေနာက္ဆံုးေတာ့ ကြၽင္းဝမ္က်ဲဟာ လံုေဟာက္ထ်န္းႏွင့္ ရဲရွင္းယြင္၏ စိတ္ပ်က္အားငယ္မႈမ်ားအား ခံစားခဲ့ရၿပီးျဖစ္သည္။
၄က သာမန္လူမဟုတ္ေတာ့ဘဲ ဧကရာဇ္ငယ္ပင္ ျဖစ္ေပေတာ့သည္။
"ကြၽင္းေရွာင္ေယာက္၊ မင္းခြန္အားက..."
ကြၽင္းဝမ္က်ဲဟာ အေနာက္ကို ေျခလွမ္းအနည္းငယ္ဆုတ္ၿပီးမွ တုန္ယင္ေနေသာခႏၶာကိုယ္ကို ရပ္လိုက္ႏိုင္သည္။
သူ႔အျပင္ နန္ထ်န္းၿမိဳ႔တဝွမ္းရိွ အျခားလူမ်ားလည္း တုန္လႈပ္ေျခာက္ျခားသြး၏။
ကြၽင္းက်န္းက်န႔္လည္း အံ့ဩသြားခဲ့သည္။
ကြၽင္းေရွာင္ေယာက္က ကြၽင္းဝမ္က်ဲကို မေၾကာက္မွန္း သူသိထားေသာ္လည္း သူတို႔ၾကားမွတိုက္ပြဲက တစ္ဖက္သတ္ျဖစ္လိမ့္မည္ဟု ထင္မထားခဲ့ေပ။
"နတ္ဘုရားသားေတာ္က တကယ္ကို ရန္စသင့္တဲ့သူမဟုတ္ဘူး"
ကြၽင္းရြယ္ဟြမ္ ေရရြတ္လိုက္၏။
"သခင္ေလး..."
ကြၽင္းလင္းလံု၏ လွပေသာ မ်က္လံုးမ်ားတြင္ ေလးစား၊ ျမတ္ႏိုးမႈမ်ား ျပၫ့္ႏွက္ေနေတာ့သည္။
၄က ဤေလာကတြင္ ၿပိဳင္ဘက္ကင္းေသာ သူ႔သခင္ပင္ ျဖစ္သည္။
"ငါမယံုဘူးကြ... ဒါတကယ္မဟုတ္ဘူး"
မည္သို႔ဆိုေစ ကြၽင္းဝမ္က်ဲဟာ ေအာက္ေျခမွတက္လာခဲ့သူ ျဖစ္၏။ ထို႔ေၾကာင့္ သူ႔စိတ္ဓာတ္က ရဲ့ရွင္းယြင္၊ စသူတို႔ထက္ ပိုသန္မာသည္။
ထို႔ေၾကာင့္ သူက အရႈံးမေပးလိုေသးေပ။
မိုးႀကိဳးထစ္ခ်ဳန္းသံမ်ားႏွင့္အတူ သူ႔ခႏၶာမွ အရိုးက်ိဳးေနေသာ ဒဏ္ရာမ်ားက အလ်င္အျမန္ပင္ ျပန္လည္ေကာင္းမြန္လာသည္။
"မိုးႀကိဳးကပ္ေဘး တိုက္ခိုက္ေရးခႏၶာလို႔ ဆိုထိုက္ပါေပတယ္..။ ေကာလာဟလေတြအရ ကပ္ေဘးမိုးႀကိဳးေၾကာင့္လည္း ဒီတာအိုခႏၶာက မယံုႏိုင္ေလာက္ေအာင္ အစြမ္းထက္တယ္ဆိုပဲ"
ကြၽင္းဝမ္က်ဲ၏ ဒဏ္ရာမ်ားက ျပန္လည္ေကာင္းမြန္လာေနသည္ကိုျမင္ေသာအခါ က်င့္ႀကံသူမ်ား မ်က္လံုးအေရာင္လက္သြားခဲ့ၾကသည္။
တာအိုခႏၶာသံုးေထာင္အနက္မွ ထိပ္တန္းသံုးရာအတြင္းသို႔ ဝင္ေရာက္ႏိုင္ေသာ တာအိုခႏၶာဆိုသၫ့္အတိုင္း အမွန္ပင္ ထူးကဲေသာအေနအထားမ်ိဳးရိွသည္။
"ဒီလိုတာအိုခႏၶာမ်ိဳးရိွရင္ေတာင္ ဘာျဖစ္ေသးလဲ... နတ္ဘုရားသားေတာ္က လက္သီးတစ္လံုးနဲ႔ ေခ်ဖ်က္ပစ္လိုက္တာပဲကို..။ ကပ္ေဘးမိုးႀကိဳးတိုက္ခိုက္ေရးခႏၶာက အစြမ္းထက္ရင္ေတာင္ ေရွးေဟာင္းျမင့္ျမတ္ခႏၶာနဲ႔ယွဉ္ရင္ေတာ့ လံုးဝ အမိႈက္ပဲ"
အမ်ိဳးသမီးက်င့္ႀကံသူမ်ားကလည္း ႏႈတ္ခမ္းကိုတြန႔္ေကြးကာ ေျပာလိုက္ၾက၏။
၄တို႔က ကြၽင္းေရွာင္ေယာက္ကို စြဲလန္းလြန္ေနၿပီျဖစ္ေသာ ဖန္ဂဲလ္မ်ားပင္ ျဖစ္ေပသည္။
ပ်က္ဆီးျခင္းေကာင္းကင္ အင္ေမာ္တယ္နယ္ေျမၾကီးတစ္ခုလံုးတြင္ ဘယ္ပါရမီရွင္က ကြၽင္းေရွာင္ေယာက္ေလာက္ သန္မာႏိုင္မည္နည္း။
ထိုအခ်ိန္တြင္ ကြၽင္းဝမ္က်ဲထံမွ မိုးႀကိဳးလ်ွပ္စီးမ်ားက တအုန္းအုန္း ရိုက္ခတ္လာသည္။
သူက ကြၽင္းေရွာင္ေယာက္ကို အေလးအနက္ထားကာ ၾကၫ့္လိုက္၏။
"ငါက ကပ္ေဘးမိုးႀကိဳးတိုက္ခိုက္ေရးခႏၶာနဲ႔ အဓိပဓိက်မ္းကို ေလ့က်င့္ထားတယ္..။ ငါက မိုးေကာင္းကင္ရဲ့ ကပ္ေဘးမိုးႀကိဳးေတြကို ထိန္းခ်ဳပ္တဲ့သူ"
"တားျမစ္မိုးႀကိဳး... မိုးႀကိဳးနတ္ဘုရား ႏိုးထျခင္း"
ကြၽင္းဝမ္က်ဲက ေကာင္းကင္ကိုေမာ့၍ ဟိန္းေဟာက္လိုက္သည္။ ထိုအခါ ေလထဲတြင္ မိုးႀကိဳးလ်ွပ္စီးမ်ားႏွင့္ ျပၫ့္ႏွက္လာခဲ့၏။
ေကာင္းကင္တခြင္၌ ျပၫ့္ႏွက္ေနေသာ မိုးႀကိဳးမ်ားႏွင့္ ကြၽင္းဝမ္က်ဲ၏အသြင္ဟာ မိုးႀကိဳးနတ္ဘုရားကဲ့သို႔ တုန္လႈပ္စရာပင္ ေကာင္းေနေတာ့သည္။
"ေကာင္းကင္ကပ္ေဘးကို ထိန္းခ်ဳပ္တာလား..၊။ မင္းက အေတာ္ရယ္စရာေကာင္းတာပဲ"
ကြၽင္းေရွာင္ေယာက္၏ မ်က္ႏွာက ခံစားခ်က္မရိွဘဲ တည္ၿငိမ္ေနသည္။
"ငါ့အေရ႔ွမွာ မင္းမေျပာနဲ႔ ေကာင္းကင္ဘံုေတာင္ ဦးၫႊတ္သြားရမယ္"
ကြၽင္းေရွာင္ေယာက္က ေအးစက္စက္ႏွင့္ လႊမ္းမိုးႏိုင္စြမ္းရိွစြာ ေျပာလိုက္သည္။
သူက ေရွးေဟာင္းျမင့္ျမတ္ခႏၶာကို ထုတ္ေဖာ္လိုက္ေသာအခါ ဝိညာဉ္ပင္လယ္အတြင္းမွ ေရႊေရာင္စြမ္းအင္မ်ား ရုန္းႂကြလာ၏။ စြမ္းအင္မ်ားက ျဖာထြက္လာကာ ေနာက္ဆံုးတြင္ အခ်ိန္ႏွင့္စၾကာဝဠာကိုအုပ္စိုးပံုရေသာ ေရႊရုပ္တုႀကီးတစ္ခုအသြင္ ေျပာင္းလဲသြားခဲ့ေတာ့သည္။
သူက အႏိႈင္းမဲ့နတ္ဆင္ခြန္အားကို အကန႔္အသတ္ထိ ထုတ္ေဖာ္လိုက္သည္။
တခ်ိန္တည္းမွာပင္ သူက ဘယ္လက္ျဖင့္ လက္နက္တစ္ေသာင္းမုန္တိုင္းသိုင္းကို ထုတ္ေဖာ္လိုက္၏။ ထိုအခါ ဓား၊ လွံ၊ လက္နက္မ်ိဳးစံုက ေလထုထဲတြင္ ဆက္တိုက္ ထြက္ေပၚလာေတာ့သည္။
တခ်ိန္တည္းမွာပင္ သူ႔ညာလက္မွ နဂါးအဆီအႏွစ္ႏွင့္ အစစ္အမွန္နဂါးႀကီးတစ္ေကာင္ပံုရိပ္ကို ျဖစ္ေပၚလာေစသည္။ ၄က နဂါးအဆီအႏွစ္မွ ရရိွခဲ့ေသာ ေကာင္းကင္ပိတ္ေလွာင္အစစ္အမွန္နဂါးသိုင္းပင္ ျဖစ္သည္။
ကြၽင္းေရွာင္ေယာက္ဟာ သိုင္းပညာႏွစ္မ်ိဳးကို တၿပိဳင္နက္တည္း ထုတ္ေဖာ္လိုက္၏။ အစစ္အမွန္နဂါးႀကီးက ေကာင္းကင္ယံရိွ မိုးႀကိဳးမ်ားကို ေျပးဝင္တိုက္ခိုက္လိုက္ေသာအခါ တအုန္းအုန္း ေပါက္ကြဲသံမ်ားလည္း ထြက္ေပၚလာေလေတာ့သည္။
အျခားတစ္ဖက္တြင္ လက္နက္တစ္ေသာင္း မုန္တိုင္းသိုင္းက ကြၽင္းဝမ္က်ဲထံ ေျပးဝင္သြားခဲ့သည္။
"ဒါက ဘယ္လိုလုပ္ၿပီး...."
ကြၽင္းဝမ္က်ဲ မတံု႔ျပန္ႏိုင္မီ တိုက္ခိုက္မႈက ေရာက္ရိွလာခဲ့၏။
ကြၽင္းဝမ္က်ဲက ထိတ္လန႔္တၾကားျဖင့္ အေကာင္းဆံုးကာကြယ္ရန္ ႀကိဳးစားလိုက္ေသာ္လည္း မရေတာ့ေပ။ အရိုးမ်ားက်ိဳးကာ အရြတ္မ်ားစုတ္ၿပဲ၍ ေသြးမ်ား အန္ထြက္ေနေတာ့သည္။
ထိုစဉ္ ကြၽင္းေရွာင္ေယာက္က နတ္ဆိုးေတာင္ပံမ်ားကို ထုတ္ေဖာ္လိုက္ေသာအခါ ကြၽင္းဝမ္က်ဲအထက္တြင္ ရိပ္ခနဲ ထြက္ေပၚလာသည္။ သူက နတ္ဘုရင္တစ္ပါးကဲ့သို႔ ေျခတစ္ဖက္ကို နင္းခ်လိုက္၏။
"ဝုန္း"
ေၾကာက္မက္ဖြယ္ ေပါက္ကြဲသံတစ္ခ်က္ ထြက္ေပၚလာသည္။
ကြၽင္းေရွာင္ေယာက္၏ ေျခေထာက္ဟာ ကြၽင္းဝမ္က်ဲ၏ရင္ဝကို အတိအက် နင္းခ်လိုက္သည္။
သူတို႔ႏွစ္ေယာက္သာ ၾကယ္ေႂကြသကဲ့သို႔ ေျမေပၚကို က်ဆင္းသြား၏။
က်ယ္ေလာင္ေသာ ေပါက္ကြဲသံႏွင့္အတူ ကြၽင္းဝမ္က်ဲဟာ ေျမျပင္သို႔ အရိွန္ျပင္းျပင္း က်ဆင္းသြားေတာ့သည္။
ထိုအခ်ိန္တြင္ ကြၽင္းဝမ္က်ဲက လက္တစ္ဖက္ကိုေနာက္ပစ္၍ သူ႔ရင္ဝကို တက္နင္းထားဆဲပင္။
သူ႔ဝတ္စံုကလည္း ဖုန္တစ္စပင္ ကပ္ညိမေနဘဲ ေလတိုးလိုက္တိုင္း တဖ်တ္ဖ်တ္ လူးလြန႔္ေနသည္။
ကြာဟမႈက ႀကီးမားလြန္းေပရာ သဘာဝမက်ေသာေလထုကိုပင္ ျဖစ္ေပၚလာေစခဲ့၏။
ကြၽင္းမိသားစုမွ ပဉၥမစီကြမ္ကြၽင္းဝမ္က်ဲဟာ ယခုအခါမွာေတာ့ ကြၽင္းေရွာင္ေယာက္၏ နင္းေခ်မႈေၾကာင့္ လႈပ္ပင္ မလႈပ္ႏိုင္ေတာ့ေပ။
သို႔ဆိုလ်ွင္ ကြၽင္းဝမ္က်ဲက အားနည္းေန၍ေလာ။
မဟုတ္ေပ။ ယင္းက မျဖစ္ႏိုင္ပါေခ်။ လူတိုင္းက ကြၽင္းဝမ္က်ဲ၏ခြန္အားကို ျမင္ေတြ့ဖူးၾကသည္။
ထိုအခါ ျဖစ္ႏိုင္ေခ်တစ္ခုသာ ရိွေတာ့၏။ ယင္းက ကြၽင္းေရွာင္ေယာက္ဟာ အစြမ္းထက္လြန္းေသာေၾကာင့္ပင္။
ထို႔အျပင္ ကြၽင္းေရွာင္ေယာက္က ခြန္အားအျပၫ့္ပင္ မသံုးခဲ့ေၾကာင္း အားလံုး သိႏိုင္သည္။
သူက အႏိႈင္းမဲ့အရိုးႏွင့္ ေရွးေဟာင္းျမင့္ျမတ္ခႏၶာကိုလည္း အသံုးမျပဳခဲ့ေပ။
"ကြၽင္းေရွာင္ေယာက္... မင္းေျခေထာက္ကို ဖယ္လိုက္စမ္း"
ကြၽင္းဝမ္က်ဲဟာ လံုးဝ စိတ္မတည္ၿငိမ္ေတာ့ဘဲ ေဒါသတႀကီးျဖင့္ ေအာ္ဟစ္လိုက္သည္။
"ဒုန္း"
ထိုစကားကိုၾကားေသာအခါ ကြၽင္းေရွာင္ေယာက္က အားထပ္စိုက္ကာ နင္းခ်လိုက္၏။ ခ်က္ခ်င္းပင္ ကြၽင္းဝမ္က်ဲ၏ ရင္ဝအရိုးမ်ားက်ိဳး၍ ေသြးမ်ား အန္ထြက္လာျပန္ေတာ့သည္။
"ကြၽင္းမိသားစုရဲ့ ပဉၥမစီကြမ္ျဖစ္ပါလ်က္နဲ႔ မင္းဘာျဖစ္လို႔ ဒီေလာက္ အသံုးမက်ရတာလဲ"
ကြၽင္းဝမ္က်ဲ ခပ္တိုးတိုး ေျပာလိုက္သည္။
"ငါမရႈံးဘူးကြ... မနက္ျဖန္ဆိုတာ ရိွေနေသးသ၍ ငါႏိုင္တယ္"
ကြၽင္းဝမ္က်ဲ ေအာ္ဟစ္လိုက္သည္။
"မင္းလို တို႔ဟူးတံုးေတြကို ငါလံုးဝ ဂရုမစိုက္ဘူး..။ မင္းကို အခ်ိန္ႏွစ္ေပါင္း သိန္းခ်ီေပးရင္ေတာင္ မင္းဘာမွတတ္ႏိုင္မွာ မဟုတ္ဘူး ကြၽင္းဝမ္က်ဲ..။ မင္းလုပ္ႏိုင္တာက အေဝးကိုေရာက္ေနတဲ့ ငါ့ေနာက္ေက်ာကို မနာလိုစိတ္ေတြနဲ႔ ေမာ့ၾကၫ့္ေနဖို႔ပဲ"
ကြၽင္းေရွာင္ေယာက္၏ စကားမ်ားက ထက္ရွေသာ လူသတ္ဓားမ်ားကဲ့သို႔ ထြက္ေပၚလာခဲ့သည္။
ထိုအခါ ကြၽင္းဝမ္က်ဲမ်က္ႏွာက တျဖည္းျဖည္း နီရဲလာ၏။ ရုတ္တရက္ သူ႔ရင္ဘက္ထဲတြင္ ပို၍နာက်င္လာသကဲ့သို႔ ခံစားရကာ ေသြးတစ္ပြက္ကို ထပ္မံအန္ထုတ္လိုက္ရေတာ့သည္။ သူဟာ ေဒါသထြက္လြန္း၍ အသိစိတ္မ်ားပင္ ၿပိဳကြဲလုနီး ျဖစ္ေနခဲ့ရၿပီ ျဖစ္သည္။
-------------