ပြိုင်ဘက်ကင်းမိုးကောင်းကင်သို...

By Azure5549

129K 11.9K 221

ဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွ... More

မိတ်ဆက် + ရှင်းလင်းချက်
ကျွင်းရှောင်ယောက်အကြောင်း
အခန်း ၁ - ပြိုင်ဘက်ကင်း
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃
အခန်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အခန်း ၅၁ မှ ၅၅
အခန်း ၅၆ မှ ၆၀
အပိုင်း ၆၁ မှ ၆၅
အပိုင်း ၆၆ မှ ၇၀
အပိုင်း ၇၁ မှ ၇၅
အပိုင်း ၇၆ မှ ၈၀
အပိုင်း ၈၁ မှ ၈၅
အပိုင်း ၈၆ မှ ၉၀
အပိုင်း ၉၁ မှ ၉၅
အပိုင်း ၉၆ မှ ၁၀၀
အပိုင်း ၁၀၁ မှ ၁၀၅
အပိုင်း ၁၀၆ မှ ၁၁၀
အပိုင်း ၁၁၁ မှ ၁၁၅
အပိုင်း ၁၁၆ မှ ၁၂၀
အပိုင်း ၁၂၁ မှ ၁၂၅
အပိုင်း ၁၂၆ မှ ၁၃၀
အပိုင်း ၁၃၁ မှ ၁၃၅
အပိုင်း ၁၃၆ မှ ၁၄၀
အပိုင်း ၁၄၁ မှ ၁၄၅
အပိုင်း ၁၄၆ မှ ၁၅၀
အပိုင်း ၁၅၁ မှ ၁၅၅
အပိုင်း ၁၅၆ မှ ၁၆၀
အပိုင်း ၁၆၁ မှ ၁၆၅
အပိုင်း ၁၆၆ မှ ၁၇၀
အပိုင်း ၁၇၁ မှ ၁၇၅
အပိုင်း ၁၇၆ မှ ၁၈၀
အပိုင်း ၁၈၁ မှ ၁၈၅
အပိုင်း ၁၈၆ မှ ၁၉၀
အပိုင်း ၁၉၁ မှ ၁၉၅
အပိုင်း ၁၉၆ မှ ၂၀၀
အပိုင်း ၂၀၁ မှ ၂၀၅
အပိုင်း ၂၀၆ မှ ၂၁၀
အပိုင်း ၂၁၁ မှ ၂၁၅
အပိုင်း ၂၁၆ မှ ၂၂၀
အပိုင်း ၂၂၁ မှ ၂၂၅
အပိုင်း ၂၂၆ မှ ၂၃၀
အပိုင်း ၂၃၁ မှ ၂၃၅
အပိုင်း ၂၃၆ မှ ၂၄၀
အပိုင်း ၂၄၁ မှ ၂၄၅
အပိုင်း ၂၄၆ မှ ၂၅၀
အပိုင်း ၂၅၁ မှ ၂၅၅
အပိုင်း ၂၅၆ မှ ၂၆၀
အပိုင်း ၂၆၁ မှ ၂၆၅
အပိုင်း ၂၆၆ မှ ၂၇၀
အပိုင်း ၂၇၁ မှ ၂၇၅
အပိုင်း ၂၇၆ မှ ၂၈၀
အပိုင်း ၂၈၁ မှ ၂၈၅
အပိုင်း ၂၈၆ မှ ၂၉၀
အပိုင်း ၂၉၁ မှ ၂၉၅
အပိုင်း ၂၉၆ မှ ၃၀၀
အပိုင်း ၃၀၁ မှ ၃၀၅
အပိုင်း ၃၀၆ မှ ၃၁၀
အပိုင်း ၃၁၁ မှ ၃၁၅
အပိုင်း ၃၁၆ မှ ၃၂၀
အပိုင်း ၃၂၁ မှ ၃၂၅
အပိုင်း ၃၂၆ မှ ၃၃၀
အပိုင်း ၃၃၁ မှ ၃၃၅
အပိုင်း ၃၃၆ မှ ၃၄၀
အပိုင်း ၃၄၁ မှ ၃၄၅
အပိုင်း ၃၄၆ မှ ၃၅၀
အပိုင်း ၃၅၁ မှ ၃၅၅
အပိုင်း ၃၅၆ မှ ၃၆၀
အပိုင်း ၃၆၁ မှ ၃၆၅
အပိုင်း ၃၆၆ မှ ၃၇၀
အပိုင်း ၃၇၁ မှ ၃၇၅
အပိုင်း ၃၇၆ မှ ၃၈၀
အပိုင်း ၃၈၁ မှ ၃၈၅
အပိုင်း ၃၈၆ မှ ၃၉၀
အပိုင်း ၃၉၁ မှ ၃၉၅
အပိုင်း ၃၉၆ မှ ၄၀၀
အပိုင်း ၄၀၁ မှ ၄၀၅
အပိုင်း ၄၀၆ မှ ၄၁၀
အပိုင်း ၄၁၁ မှ ၄၁၅
အပိုင်း ၄၁၆ မှ ၄၂၀
အပိုင်း ၄၂၁ - ၄၂၅
အပိုင်း ၄၂၆ - ၄၃၀
၄၃၁ - ၄၃၅
၄၃၆ - ၄၄၀
၄၄၁ - ၄၄၅
၄၄၆ - ၄၅၀
၄၅၁ - ၄၅၅
၄၅၆ - ၄၆၀
၄၆၁ - ၄၆၅
၄၆၆ - ၄၇၀
၄၇၁ - ၄၇၅
၄၇၆ - ၄၈၀
၄၈၁ - ၄၈၅
၄၈၆ - ၄၉၀
အပိုင်း ၄၉၁ - ၄၉၅
၄၉၆ - ၅၀၀
၅၀၁ - ၅၀၅
၅၀၆ - ၅၁၀
၅၁၁ - ၅၁၅
၅၁၆ - ၅၂၀
၅၂၁ - ၅၂၅
၅၂၆ - ၅၃၀
၅၃၁ - ၅၃၅
၅၃၆ - ၅၄၀
၅၄၁ - ၅၄၅
၅၄၆ - ၅၅၀
၅၅၁ - ၅၅၅
၅၅၆ - ၅၆၀
၅၆၁ - ၅၆၅
၅၆၆ - ၅၇၀
စာဖတ်သူများကို အနူးအညွတ်တောင်းပန်ခြင်း
ကျင့်ကြံခြင်းအဆင့်များ
၅၇၁ - ၅၇၅
၅၇၆ - ၅၈၀
၅၈၁ - ၅၈၅
၅၈၆ - ၅၉၀
၅၉၁ - ၅၉၅
၅၉၆ - ၆၀၀
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
၆၀၁ - ၆၀၅
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
ပုံလေးတွေ
ပုံပြင်လေးတစ်ပုဒ်
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765

အပိုင်း ၉

932 97 0
By Azure5549

အခန်း ( ၉ ) လန်ချင်းယာ့ တောင်းပန်ရပြီ၊ အဓိပတိယွမ်ထျန်း၏ ရတနာ

လန်ချင်းယာ့ ပူလောင်သွားသော ပါးပြင်ကို လက်တစ်ဖက်နှင့်အုပ်ကာ မယုံနိုင်ဟန်ဖြင့် ကျွင်းကျန်းကျန့်ကို ပြန်ကြည့်လိုက်၏။

ကျွင်းကျန်းကျန့်မျက်နှာမူကား လုံးဝမည်းမှောင်ကာ သူ့ကို အေးစက်စက်နှင့် စိုက်ကြည့်နေတော့သည်။

"သခင်လေးကျန်းကျန့်... ရှင်ကျွန်မကို ရိုက်လိုက်တာလား"
လန်ချင်းယာ့ မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။

သူ့ပါးပြင်က ရောင်ရမ်းလာသည်ကို ခံစားရသောအခါ အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရ၏။

ကျွင်းကျန်းကျန့်က သူ့ကို အမြဲဂရုစိုက်ခဲ့သည် မဟုတ်ပါလား။

ထိုအတွက်ကြောင့် ကျွင်းမိသားစုက ဤမျှသာဟု ခံစားမိခဲ့သည်အထိပင်။

သူဟာ အနာဂါတ်တွင် ကျွင်းကျန်းကျန့်ကိုချုပ်ကိုင်၍ အလိုရှိရာကို လုပ်နိုင်လာမည်ဟုပင် စိတ်ကူးယဉ်ခဲ့မိသည်။

မည်သည့်ပြင်ပနောက်လိုက်မှ ကျွင်းမိသားစု၏ စီကွမ်ပါရမီရှင်ကို မထိန်းချုပ်နိုင်ပေ။

သူ လန်ချင်းယာ့ကတော့ လုပ်နိုင်ခဲ့၏။

သို့သော် ယခုတော့ ကျွင်းကျန်းကျန့်မျက်နှာက သူစိမ်းတစ်ယောက်ကဲ့သို့ မည်းမှောင်နေခဲ့ချေပြီ။

"ကျွင်းရှောင်ယောက်ကို ရန်စရမယ်လို့ မင်းကိုဘယ်သူပြောလဲ"
ကျွင်းကျန်းကျန့်က ဒေါသကို ဖိနှိပ်ထားရသောလေသံနှင့် ပြောလိုက်သည်။

"ကျွန်မ... ကျွန်မက ရှင့်အတွက်ပါ သခင်လေးကျန်းကျန့်ရယ်..။ အရင်က ရှင် ကျွင်းလင်းလုံကို ဖိတ်ခေါ်ခဲ့တော့ သူက လျစ်လျူရှုခဲ့တယ်လေ..။ ဒါပေမဲ့ အခုတော့ သူကိုယ်တိုင် ကျွင်းရှောင်ယောက်အနောက်ကိုလိုက်ဖို့ စတင်တောင်းဆိုခဲ့တယ်လေ..."
လန်ချင်းယာ့က ခုခံပြောဆိုလိုက်သည်။

"ခွေးမ"
ယင်းကိုကြားသောအခါ ကျွင်းကျန်းကျန့် ဒေါသတကြီးနှင့် လန်ချင်းယာ့ပါးတစ်ဖက်ကို ထပ်မံရိုက်ချလိုက်၏။

ဤရိုက်ချက်ကတော့ အနည်းငယ်ပြင်း၍ သွားတချို့ပင် ကျွတ်ထွက်ကုန်တော့သည်။

"ကျွင်းရှောင်ယောက်က ဘယ်သူဆိုတာ သိလား..။ သူ့အဖေကရော ဘယ်သူလဲဆိုတာ သိလား"
ကျွင်းကျန်းကျန့် သွေးအန်လုနီး ဒေါသထွက်သွားသည်။

ဒီလန်ချင်းယာ့က သူ့စီကွမ်အနေအထားကို တည်ငြိမ်နေပြီထင်လို့ လာကိုင်လှုပ်ဖို့ ကြိုးစားနေတာလား။

"ကျွင်းဝူဟွေ့က အခုဘယ်နေရာမှာဆိုတာ ဘယ်သူမှမသိဘူး မဟုတ်လား"
လန်ချင်းယာ့ အံကြိတ်၍ ပြောလိုက်သည်။

"မင်းက ဦးလေးဝူဟွေ့ကို စော်ကားဖို့ အရည်အချင်း မရှိဘူးကွ"
ကျွင်းကျန်းကျန့်ဟာ ပိုအတင့်ရဲလာသော လန်ချင်းယာ့ကို ဒေါသတကြီးဖြစ်လာသည်။ သူက လန်ချင်းယာ့ပါးကို အကြိမ်ရေဒါဇင်ခန့်ရိုက်နှက်ကာ ဝက်ခေါင်းကဲ့သို့ ဖူးယောင်သွားစေခဲ့၏။

အနီးနားရှိ နောက်လိုက်များအားလုံးလည်း အံ့အားသင့်သွားကြတော့သည်။

အနောက်ဘက်က နေထွက်နေပြီ။
(TN လန်ချင်းယာ့ကို အမြဲဂရုစိုက်တဲ့ ကျွင်းကျန်းကျန်က ရိုက်နေလို့ပါ)

"ကျွင်းရှောင်ယောက်က ဦးလေးဝူဟွေ့သားဆိုတာကို ဘေးဖယ်ထားရင်တောင် သူ့အမေက ကျန်းမိသားစုရဲ့ နတ်ဘုရားမပဲကွ..။ ဘိုးဘေးဆယ့်ရှစ်တောင်မှ သူ့ကို အာရုံစိုက်နေတာ..။ ဒါကို သွားရန်စတယ်ဆိုတော့ ငါ့စီကွမ်ရာထူးကို ဖယ်ရှားချင်နေတာလား"
ကျွင်းကျန်းကျန့် ‌လန်ချင်းယာ့ကို သတ်ဖြတ်ချင်စိတ်များ ဖြစ်ပေါ်လာသည်။

သူက အလွန်အတင့်ရဲကာ ကျွင်းမိသားစု၏ အမြင့်ဆုံးနောက်ခံရှိသော ကျွင်းရှောင်ယောက်ကိုမှ တိုက်ရိုက် စော်ကားခဲ့၏။

"ချင်းယာ့မှားပါတယ် သခင်လေးကျန်းကျန့်... ချင်းယာ့ကို ခွင့်လွှတ်ပေးပါ"
လန်ချင်းယာ့ ဖူး‌ရောင်နေသောမျက်နှာနှင့် ဒူးထောက် ထိုင်ချလိုက်သည်။

သူဟာ ကျွင်းကျန်းကျန့်က ကျွင်းရှောင်ယောက်ကို အလွန်ကြောက်၍ ဘာမဆိုလုပ်မည်ဟု ထင်မထားခဲ့ပါချေ။

"သွားစမ်း... ကျွင်းရှောင်ယောက်ကို သွားတောင်းပန်လိုက်"
ကျွင်းကျန်းကျန့် ပြောလိုက်သည်။

"သခင်လေးကျန်းကျန့်..၊ ဒါက..."
လန်ချင်းယာ့ ထုံကျဉ်သွား၏။

ဤသို့ဆိုလျှင် အနာဂါတ်တွင် ကျွင်းမိသားစု၌ အဘယ်သို့ ဆက်‌လက်နေရပါမည်နည်း။

ထို့အပြင် ကျွင်းလင်းလုံအရှေ့တွင်ဆိုပါက သူ့အတွက် ပို၍ခက်ခဲသည်။

"ဘာလဲ... မသွားဘူးလား"
ကျွင်းကျန်းကျန့်မျက်လုံးများ အေးစက်သွား၏။

"ကျွန်မ သွားပါ့မယ်..."
လန်ချင်းယာ့ ကြောက်လန့်တကြား ခေါင်းညိတ်လိုက်လေသည်။

ထို့နောက် သူဟာ နောက်လိုက်တစ်ယောက်ကို ဆူးထုပ်ကြီးတစ်ခုရှာစေ၍ လန်ချင်းယာ့ကို သယ်ခိုင်းလိုက်သည်။

ချွန်ထက်သောဆူးများက လန်ချင်းယာ့ကျောပြင်ကို ထိုးစိုက်သောအခါ အသည်းခိုက်အောင် ခံစားရ၏။

"ထားပါ... ငါမင်းနဲ့လိုက်ခဲ့မယ်။ ဒါက ငါတို့ရဲ့ ရိုးသားမှုပြဖို့ တစ်ခုတည်းသောနည်းလမ်းပဲ"
ကျွင်းကျန်းကျန့်ဟာ ခဏတုံ့ဆိုင်းသွားပြီးနောက် သူနှင့်လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။

လန်ချင်းယာ့မူကား ပို၍ပင် စိတ်ဓာတ်ကျလာခဲ့၏။

ယင်းက ကျွင်းကျန်းကျန့် မတည်မငြိမ်ဖြစ်သည်ကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းပင်။

ကျွင်းရှောင်ယောက်က ကျွင်းကျန်းကျန့်ပင် ဤမျှကြောက်ရသူဖြစ်မည်ဟု သူထင်မထားခဲ့ပေ။

ဤသို့ဖြင့် ကျွင်းကျန်းကျန့်ဟာ လန်ချင်းယာ့ကိုခေါ်၍ ကောင်းကင်ဧကရာဇ်နန်းတော်ကို ထွက်ခွာလာခဲ့သည်။

ထူးခြားသော သူတို့ဟန်ပန်ကြောင့် ကျွင်းမိသားစုဝင်များပင် အာရုံစိုက်မိသွား၏။

"ဒါက... စီကွမ်တစ်ဆယ် ကျွင်းကျန်းကျန့်မဟုတ်လား...။ သူထွက်လာပြီပေါ့"

"ကျွင်းကျန်းကျန့်က သူ့ခွန်အားတွေ ထပ်ပြီးတိုးတက်လာလို့ ကောင်းကင်ဧကရာဇ်နန်းတော်ကို လာနေတာလား..။ သူက နတ်ဘုရားသားတော်ကို ပြဿနာလာရှာတာများလား"

"မဟုတ်ဘူးဗျ... လန်ချင်းယာ့ကို သေချာကြည့်အုံး"

ထိုအခါ မျက်လုံးများစွာက လန်ချင်းယာ့ကို ကြည့်လိုက်ကြသည်။

သူ့မျက်နှာက ဖူးယောင်ကာ နောက်ကျောတွင်လည်း သွေးများ ရွှဲစိုနေ၏။ ထိုအတွက် သူ့အသွင်ဟာ သနားစရာပင် ဖြစ်နေတော့သည်။

"ကျွင်းကျန်းကျန့်က ပြဿနာရှာဖို့ သွားတာ မဟုတ်ဘူးဆိုတော့... အသင့်ပြင်သွားနေတာများလား"
ကျွင်းမိသားစုဝင် လူငယ်လေးများ အံ့အားသင့်ကုန်ကြသည်။

ဂုဏ်သိက္ခာရှိသော ကျွင်းမိသားစု၏ စီကွမ်တစ်ဆယ်ဟာ အမှန်တကယ် စိတ်လျှော့သွားခဲ့ပြီလား။

"အင်း... နတ်ဘုရားသားတော်ကပဲ စီကွမ်တစ်ယောက်ကို မတိုက်ခိုက်ဘဲ ဦးညွတ်စေနိုင်လိမ့်မယ်"
ကျွင်းမိသားစုဝင် လူငယ်တစ်ယောက်က လေးစားဟန်ဖြင့် ပြောလိုက်သည်။

စီကွမ်ဆယ်ယောက်တွင် မာနမကြီးသောစီကွမ် အဘယ်မှာ ရှိနိုင်ပါမည်နည်း။ ၎င်းတို့က မတိုက်ခိုက်ဘဲ အရှုံးပေးမည် မဟုတ်ပေ။

သို့သော် ကျွင်းရှောင်ယောက်ကတော့ လုပ်နိုင်သည်။

လက်ရှိတွင် ကျွင်းရှောင်ယောက်က ကောင်းကင်ဧကရာဇ်နန်းတော်တွင် အနားယူနေသည်။ ကျွင်းလင်းလုံကမူ ကျွင်းရှောင်ယောက်အတွက် လက်ဖက်ရည်ဖျော်ပေးနေ၏။

နှစ်သောင်းနှင်းနင်းရေတွင် ရှေးဟောင်းဗောဓိသစ်ပင်မှ အရွက်များခတ်၍ သောက်ရသည်မှာ အမှန်တကယ် ကောင်းမွန်သည်။

သာမန်ပါရမီရှင်များအဖို့ ဤလက်ဖက်ရည်မျိုးကို သောက်ဖူးရန်ဝေးစွ၊ အနံ့ပင် ရှူဖူးမည်မဟုတ်ပေ။

ကျွင်းရှောင်ယောက်ကတော့ နေ့တိုင်း သောက်နိုင်သည်။

"သခင်လေး၊ ကျေးဇူးပြုပြီး..."
ကျွင်းလင်းလုံက တကယ့်အစေခံတစ်ယောက်ကဲ့သို့ ပြုမူနေခဲ့သည်။

ကျွင်းရှောင်ယောက်လည်း လက်ဖက်ရည်ကို တစ်ငုံသောက်ကာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"မင်းအဆင်ပြေရဲ့လား"

ကျွင်းလင်းလုံမျက်နှာ နီမြန်းသွား၏။ ဒါက လက်ဖက်ရည်ကို ရည်ညွှန်းသည်လော၊ သို့တည်းမဟုတ်....

ထိုစဉ် ကောင်းကင်ဧကရာဇ်နန်းတော်၏ အစေခံတစ်ယောက်က တံခါးလာခေါက်ကာ လေးလေးစားစား ပြောလိုက်သည်။
"နတ်ဘုရားသားတော်ခင်ဗျာ... ကောင်းကင်ဧကရာဇ်နန်းတော်ကို သခင်လေးကျန်းကျန့် ရောက်လာပါပြီ"

'နောက်ဆုံးတော့ ရောက်လာပြီပေါ့... ဒီလောက်လေးအတွက်နဲ့ ငါ့ကို ရက်အကြာကြီး စောင့်ခိုင်းထားတယ်'
ကျွင်းရှောင်ယောက်မျက်လုံးက အရောင်တလက်လက် တောက်ပသွားသည်။

နောက်ဆုံးတော့ ဇာတ်လမ်းလေး စလာခဲ့ပြီပေါ့..။

'လန်ချင်းယာ့က ငိုယိုပြီး သခင်လေးကျန်းကျန့်ကို တိုင်တန်းမယ်... ဒီအခါ ကျွင်းကျန်းကျန့်က ဒေါသတကြီးနဲ့ ငါ့ကို ရန်လာပြုမယ်..။ ဟုတ်တယ်... ဒါကမှ တကယ့်ဇာတ်လမ်းအမှန်ပဲ..။'

ကျွင်းရှောင်ယောက် တွေးရင်း ကျေနပ်သွားသည်။ သူသည်လည်း သူ့ခွန်အားကိုစမ်းသပ်ရန် လူလိုချင်မိ၏။

ကျွင်းလင်းလုံ၏ မျက်နှာကတော့ တည်ငြိမ်နေသည်။ ကျွင်းကျန်းကျန့်အနေဖြင့် ကျွင်းရှောင်ယောက်ကို ပြဿနာမရှာသင့်ကြောင်း သူသိထား၏။

"ဟီးဟီး... ညီလေးရှောင်ယောက်..။ မင်းမွေးလာကတည်းက ငါတို့ တစ်ခါမှ မတွေ့ရသေးဘူး... ဒါပေမဲ့ အခုလိုနည်းနဲ့ စပြီးတွေ့ရဖို့‌ တကယ်ကို မျှော်လင့်မထားခဲ့မိဘူး... စိတ်မကောင်းစရာပဲ"
ထိုစဉ် ကျွင်းကျန်းကျန့်၏ ချိုသာစွာပြောလိုက်သည့် စကားသံ ထွက်ပေါ်လာသည်။ သူက အရှေ့မှလျှောက်လာကာ ရှက်ရွံ့နေသောလန်ချင်းယာ့က အနောက်မှ လိုက်လာနေ၏။

သူ့ကျောတွင်ကား ဆူးညှောင့်များကြောင့် သွေးချင်းချင်း နီရဲနေချေပြီ။

'ဟာ...ဒီ... ဒီလိုမဟုတ်ဘူးလေ...'
ယင်းကိုမြင်သောအခါ ကျွင်းရှောင်ယောက် အံ့ဩသွား၏။

ကျွင်းကျန်းကျန့်က လုပ်ရိုးလုပ်စဉ်အတိုင်း မလိုက်သကဲ့သို့ ခံစားလိုက်ရလေသည်။

"ငါ့ရဲ့နောက်လိုက်က ညီငယ်ရှောင်ယောက်ကို စော်ကားခဲ့တယ်လေ... အဲတာကြောင့် သူ့ကို တောင်းပန်ဖို့အတွက် ခေါ်လာခဲ့တာပါ..။ ညီငယ်ရှောင်ယောက်က သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်နိုင်ဖို့ မျှော်လင့်ပါတယ်"
ကျွင်းကျန်းကျန့်က ပြုံးကာ ပြောလိုက်သည်။

လန်ချင်းယာ့ ရှက်ရွံ့မှု‌ဖြင့် အံကြိတ်နေသော်လည်း ဒူးမထောက်ဘဲ မနေဝံ့ပေ။ သူက စကားလုံးတချို့ကို အတင်းဖျစ်ညှစ်ပြီး ပြောလိုက်သည်။
"နတ်ဘုရားသားတော်နဲ့ ကျွင်းလင်းလုံ... ချင်ယာ့ကို ခွင့်လွှတ်ပေးဖို့‌ တောင်းပန်ပါတယ်"

ထိုစကားကိုပြောပြီးချိန်တွင် သူဟာ ‌သေလုမျောပါးရှက်ရွံ့သွားရ၏။

ကျွင်းလင်းလုံ၏ လှပသောမျက်နှာကမူ အေးစက်နေဆဲပင်။

ကျွင်းရှောင်ယောက်ကလည်း တိတ်ဆိတ်နေသည်။

ယင်းကိုမြင်သောအခါ ကျွင်းရှောင်ယောက်စိတ်ထဲတွင် ခါးသက်သက်ဖြင့် ပြုံးလိုက်၏။

ကျွင်းရှောင်ယောက်က ဘိုးဘေးဆယ့်ရှစ်အား တိုင်တန်းမည်ကို အမှန်တကယ် ကြောက်ရွံ့နေမိသည်။ ထိုသို့ဖြစ်လာပါက သူ့အဆင့်အတန်းကို ထိန်းသိမ်းထားနိုင်မည် မဟုတ်တော့ပေ။

ကျွင်းကျန်းကျန့်လည်း အားတင်းကာပြုံး၍ တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။
"ဒါနဲ့ ငါအပြင်ကိုသွားတော့ အဓိပတိယွမ်ထျန်းရဲ့ တံဆိပ်ပြားနှစ်ခုကို မတော်တဆ ရလာခဲ့တယ်လေ... အဲဒါက အဓိပတိယွမ်ထျန်းရဲ့ ရတနာတိုက်နဲ့တောင် ပတ်သက်တယ်လို့ ကောလဟာလတွေ ရှိနေတာ..။ ဒါက ငါ့အတွက် အသုံးမလိုတာကြောင့် ညီငယ်ရှောင်ယောက်ကိုပဲ ပေးလိုက်ပါတော့မယ်"

"အဓိပတိလျှို့ဝှက် ရတနာ"
ယင်းကိုကြားပြီးနောက် ကျွင်းလင်းလုံမျက်လုံးများက အရောင်လက်သွားသည်။

သူတော်စင်အထက်တွင် အဓိပတိနယ်ပယ်ရှိ၏။

၎င်းတို့က အင်မော်တယ်နယ်မြေ၏ အထွတ်အထိပ်တွင် ရပ်တည်နေကြသူများဖြစ်ကာ အချိန်စကြာဝဠာကိုပင် ဟန့်တားနိုင်ကြသည်။

ထိုကဲ့သို့သော အဓိပတိရတနာတစ်ခု၏ တန်ဖိုးက တွေးကြည့်ရန်ပင် မလွယ်ပေ။

ဤတံဆိပ်ပြားကိုသာ ပြင်ပလောကသို့ ပို့လွှတ်လိုက်လျှင် သွေးသံတရဲရဲနှင့် ပြင်းထန်သောတိုက်ပွဲကြီးကို ဖြစ်ပေါ်လာစေနိုင်သည်။

ကျွင်းကျန်းကျန့်သည်လည်း ဤတံဆိပ်ပြားနှစ်ခုရရန် အချိန်နှင့် ငွေများစွာ ပေးဆပ်ခဲ့ရ၏။

ကျွင်းကျန်းကျန့်က ဤမျှအဖိုးတန်သောရတနာကို ပေးလာမည်ဟု ထင်မထားသောကြောင့် ကျွင်းရှောင်ယောက်ပင် အံ့ဩခဲ့ရသည်။

သူတွေးနေစဉ် စနစ်မှ အသံတစ်ချက် ထွက်ပေါ်လာ၏။

"ဒင်၊ ဂုဏ်ယူပါတယ်... လက်မှတ်ထိုးဝင်ဖို့ နေရာသစ်ကို ရှာဖွေပြီးပါပြီ"

"အဓိပတိယွမ်ထျန်းရဲ့ လျို့ဝှက်ရတနာမှာ လက်မှတ်ထိုးဝင်ပါ"

'လက်မှတ်ထိုးဝင်ဖို့ နေရာသစ်ရှိတာလား'
ကျွင်းရှောင်ယောက်၏ မျက်လုံးများ တောက်ပလာသည်။

သူဟာ စနစ်၏ လုပ်ဆောင်ပုံတချို့ကို နားလည်စပြုလာသည်။

ပထမ၊ တချိန်တည်းတွင် လက်မှတ်ထိုးဝင်ရန် နေရာများကို မှတ်သားထားနိုင်သည်။

ဒုတိယ၊ လက်မှတ်ထိုးဝင်သည့်နေရာကို ထူးခြားဖြစ်စဉ်များနှင့် အစပျိုးနိုင်ပေ၏။

ဥပမာအားဖြင့် အဓိပတိယွမ်ထျန်း၏ လျှို့ဝှက်ရတနာသတင်းကို ရရှိသည်နှင့် အကောင့်ဝင်ရန် နေရာသစ်ကို ပြန်လည်စတင်ခဲ့ပေသည်။

'အိမ်း... ငါအဲဒီနေရာကို တစ်ခေါက်လောက်တော့ သွားရလိမ့်မယ်'
ကျွင်းရှောင်ယောက် တွေးလိုက်သည်။

လက်မှတ်ထိုးဝင်ခြင်းက အမြဲမဖြစ်သော်လည်း ရရှိလာသော ဆုလာဘ်များဟာ အမှန်တကယ် ဖမ်းစားနိုင်၏။

"အကိုကျန်းကျန့်... ခင်ဗျားက တကယ်ယဉ်ကျေးတာပဲ..."
ကျွင်းရှောင်ယောက် ပြောပြောဆိုဆိုနှင့် တံဆိပ်ပြားကို ယူလိုက်သည်။

ယင်းက ကျွင်းရှောင်ယောက်ကို နှုတ်ခမ်းများ တဆတ်ဆတ်တုန်ခါသွားစေခဲ့သည်။

တချိန်တည်းမှာပင် သူဟာ တိတ်တဆိတ် တုန်လှုပ်သွားရ၏။

'ဒါကတကယ်ကြီး ရွှေရောင် စွမ်းအားတွေပါလား... ဒါဆို ရှေးဟောင်းမြင့်ခန္ဓာကိုယ်က တကယ်ပဲပေါ့'
ကျွင်းကျန်းကျန့်လည်း ယင်းကို ခံစားမိသောအခါ စိတ်ထဲမှ ထိတ်လန့်တုန်လှုပ်သွားတော့သည်။

-------------

Zawgyi

အခန္း ( ၉ ) လန္ခ်င္းယာ့ ေတာင္းပန္ရၿပီ၊ အဓိပတိယြမ္ထ်န္း၏ ရတနာ

လန္ခ်င္းယာ့ ပူေလာင္သြားေသာ ပါးျပင္ကို လက္တစ္ဖက္ႏွင့္အုပ္ကာ မယံုႏိုင္ဟန္ျဖင့္ ကြၽင္းက်န္းက်န႔္ကို ျပန္ၾကၫ့္လိုက္၏။

ကြၽင္းက်န္းက်န႔္မ်က္ႏွာမူကား လံုးဝမည္းေမွာင္ကာ သူ႔ကို ေအးစက္စက္ႏွင့္ စိုက္ၾကၫ့္ေနေတာ့သည္။

"သခင္ေလးက်န္းက်န႔္... ရွင္ကြၽန္မကို ရိုက္လိုက္တာလား"
လန္ခ်င္းယာ့ မယံုႏိုင္ဟန္ျဖင့္ ေမးလိုက္သည္။

သူ႔ပါးျပင္က ေရာင္ရမ္းလာသည္ကို ခံစားရေသာအခါ အိပ္မက္မက္ေနသကဲ့သို႔ ခံစားလိုက္ရ၏။

ကြၽင္းက်န္းက်န႔္က သူ႔ကို အၿမဲဂရုစိုက္ခဲ့သည္ မဟုတ္ပါလား။

ထိုအတြက္ေၾကာင့္ ကြၽင္းမိသားစုက ဤမ်ွသာဟု ခံစားမိခဲ့သည္အထိပင္။

သူဟာ အနာဂါတ္တြင္ ကြၽင္းက်န္းက်န႔္ကိုခ်ဳပ္ကိုင္၍ အလိုရိွရာကို လုပ္ႏိုင္လာမည္ဟုပင္ စိတ္ကူးယဉ္ခဲ့မိသည္။

မည္သၫ့္ျပင္ပေနာက္လိုက္မွ ကြၽင္းမိသားစု၏ စီကြမ္ပါရမီရွင္ကို မထိန္းခ်ဳပ္ႏိုင္ေပ။

သူ လန္ခ်င္းယာ့ကေတာ့ လုပ္ႏိုင္ခဲ့၏။

သို႔ေသာ္ ယခုေတာ့ ကြၽင္းက်န္းက်န႔္မ်က္ႏွာက သူစိမ္းတစ္ေယာက္ကဲ့သို႔ မည္းေမွာင္ေနခဲ့ေခ်ၿပီ။

"ကြၽင္းေရွာင္ေယာက္ကို ရန္စရမယ္လို႔ မင္းကိုဘယ္သူေျပာလဲ"
ကြၽင္းက်န္းက်န႔္က ေဒါသကို ဖိႏိွပ္ထားရေသာေလသံႏွင့္ ေျပာလိုက္သည္။

"ကြၽန္မ... ကြၽန္မက ရွင့္အတြက္ပါ သခင္ေလးက်န္းက်န႔္ရယ္..။ အရင္က ရွင္ ကြၽင္းလင္းလံုကို ဖိတ္ေခၚခဲ့ေတာ့ သူက လ်စ္လ်ူရႈခဲ့တယ္ေလ..။ ဒါေပမဲ့ အခုေတာ့ သူကိုယ္တိုင္ ကြၽင္းေရွာင္ေယာက္အေနာက္ကိုလိုက္ဖို႔ စတင္ေတာင္းဆိုခဲ့တယ္ေလ..."
လန္ခ်င္းယာ့က ခုခံေျပာဆိုလိုက္သည္။

"ေခြးမ"
ယင္းကိုၾကားေသာအခါ ကြၽင္းက်န္းက်န႔္ ေဒါသတႀကီးႏွင့္ လန္ခ်င္းယာ့ပါးတစ္ဖက္ကို ထပ္မံရိုက္ခ်လိုက္၏။

ဤရိုက္ခ်က္ကေတာ့ အနည္းငယ္ျပင္း၍ သြားတခ်ိဳ႕ပင္ ကြၽတ္ထြက္ကုန္ေတာ့သည္။

"ကြၽင္းေရွာင္ေယာက္က ဘယ္သူဆိုတာ သိလား..။ သူ႔အေဖကေရာ ဘယ္သူလဲဆိုတာ သိလား"
ကြၽင္းက်န္းက်န႔္ ေသြးအန္လုနီး ေဒါသထြက္သြားသည္။

ဒီလန္ခ်င္းယာ့က သူ႔စီကြမ္အေနအထားကို တည္ၿငိမ္ေနၿပီထင္လို႔ လာကိုင္လႈပ္ဖို႔ ႀကိဳးစားေနတာလား။

"ကြၽင္းဝူေဟြ့က အခုဘယ္ေနရာမွာဆိုတာ ဘယ္သူမွမသိဘူး မဟုတ္လား"
လန္ခ်င္းယာ့ အံႀကိတ္၍ ေျပာလိုက္သည္။

"မင္းက ဦးေလးဝူေဟြ့ကို ေစာ္ကားဖို႔ အရည္အခ်င္း မရိွဘူးကြ"
ကြၽင္းက်န္းက်န႔္ဟာ ပိုအတင့္ရဲလာေသာ လန္ခ်င္းယာ့ကို ေဒါသတႀကီးျဖစ္လာသည္။ သူက လန္ခ်င္းယာ့ပါးကို အႀကိမ္ေရဒါဇင္ခန႔္ရိုက္ႏွက္ကာ ဝက္ေခါင္းကဲ့သို႔ ဖူးေယာင္သြားေစခဲ့၏။

အနီးနားရိွ ေနာက္လိုက္မ်ားအားလံုးလည္း အံ့အားသင့္သြားၾကေတာ့သည္။

အေနာက္ဘက္က ေနထြက္ေနၿပီ။
(TN လန္ခ်င္းယာ့ကို အၿမဲဂရုစိုက္တဲ့ ကြၽင္းက်န္းက်န္က ရိုက္ေနလို႔ပါ)

"ကြၽင္းေရွာင္ေယာက္က ဦးေလးဝူေဟြ့သားဆိုတာကို ေဘးဖယ္ထားရင္ေတာင္ သူ႔အေမက က်န္းမိသားစုရဲ့ နတ္ဘုရားမပဲကြ..။ ဘိုးေဘးဆယ့္ရွစ္ေတာင္မွ သူ႔ကို အာရံုစိုက္ေနတာ..။ ဒါကို သြားရန္စတယ္ဆိုေတာ့ ငါ့စီကြမ္ရာထူးကို ဖယ္ရွားခ်င္ေနတာလား"
ကြၽင္းက်န္းက်န႔္ ‌လန္ခ်င္းယာ့ကို သတ္ျဖတ္ခ်င္စိတ္မ်ား ျဖစ္ေပၚလာသည္။

သူက အလြန္အတင့္ရဲကာ ကြၽင္းမိသားစု၏ အျမင့္ဆံုးေနာက္ခံရိွေသာ ကြၽင္းေရွာင္ေယာက္ကိုမွ တိုက္ရိုက္ ေစာ္ကားခဲ့၏။

"ခ်င္းယာ့မွားပါတယ္ သခင္ေလးက်န္းက်န႔္... ခ်င္းယာ့ကို ခြင့္လႊတ္ေပးပါ"
လန္ခ်င္းယာ့ ဖူး‌ေရာင္ေနေသာမ်က္ႏွာႏွင့္ ဒူးေထာက္ ထိုင္ခ်လိုက္သည္။

သူဟာ ကြၽင္းက်န္းက်န႔္က ကြၽင္းေရွာင္ေယာက္ကို အလြန္ေၾကာက္၍ ဘာမဆိုလုပ္မည္ဟု ထင္မထားခဲ့ပါေခ်။

"သြားစမ္း... ကြၽင္းေရွာင္ေယာက္ကို သြားေတာင္းပန္လိုက္"
ကြၽင္းက်န္းက်န႔္ ေျပာလိုက္သည္။

"သခင္ေလးက်န္းက်န႔္..၊ ဒါက..."
လန္ခ်င္းယာ့ ထံုက်ဉ္သြား၏။

ဤသို႔ဆိုလ်ွင္ အနာဂါတ္တြင္ ကြၽင္းမိသားစု၌ အဘယ္သို႔ ဆက္‌လက္ေနရပါမည္နည္း။

ထို႔အျပင္ ကြၽင္းလင္းလံုအေရ႔ွတြင္ဆိုပါက သူ႔အတြက္ ပို၍ခက္ခဲသည္။

"ဘာလဲ... မသြားဘူးလား"
ကြၽင္းက်န္းက်န႔္မ်က္လံုးမ်ား ေအးစက္သြား၏။

"ကြၽန္မ သြားပါ့မယ္..."
လန္ခ်င္းယာ့ ေၾကာက္လန႔္တၾကား ေခါင္းညိတ္လိုက္ေလသည္။

ထို႔ေနာက္ သူဟာ ေနာက္လိုက္တစ္ေယာက္ကို ဆူးထုပ္ႀကီးတစ္ခုရွာေစ၍ လန္ခ်င္းယာ့ကို သယ္ခိုင္းလိုက္သည္။

ခြၽန္ထက္ေသာဆူးမ်ားက လန္ခ်င္းယာ့ေက်ာျပင္ကို ထိုးစိုက္ေသာအခါ အသည္းခိုက္ေအာင္ ခံစားရ၏။

"ထားပါ... ငါမင္းနဲ႔လိုက္ခဲ့မယ္။ ဒါက ငါတို႔ရဲ့ ရိုးသားမႈျပဖို႔ တစ္ခုတည္းေသာနည္းလမ္းပဲ"
ကြၽင္းက်န္းက်န႔္ဟာ ခဏတံု႔ဆိုင္းသြားၿပီးေနာက္ သူႏွင့္လိုက္သြားရန္ ဆံုးျဖတ္လိုက္သည္။

လန္ခ်င္းယာ့မူကား ပို၍ပင္ စိတ္ဓာတ္က်လာခဲ့၏။

ယင္းက ကြၽင္းက်န္းက်န႔္ မတည္မၿငိမ္ျဖစ္သည္ကို ပထမဆံုးအႀကိမ္ ျမင္ေတြ့ရျခင္းပင္။

ကြၽင္းေရွာင္ေယာက္က ကြၽင္းက်န္းက်န႔္ပင္ ဤမ်ွေၾကာက္ရသူျဖစ္မည္ဟု သူထင္မထားခဲ့ေပ။

ဤသို႔ျဖင့္ ကြၽင္းက်န္းက်န႔္ဟာ လန္ခ်င္းယာ့ကိုေခၚ၍ ေကာင္းကင္ဧကရာဇ္နန္းေတာ္ကို ထြက္ခြာလာခဲ့သည္။

ထူးျခားေသာ သူတို႔ဟန္ပန္ေၾကာင့္ ကြၽင္းမိသားစုဝင္မ်ားပင္ အာရံုစိုက္မိသြား၏။

"ဒါက... စီကြမ္တစ္ဆယ္ ကြၽင္းက်န္းက်န႔္မဟုတ္လား...။ သူထြက္လာၿပီေပါ့"

"ကြၽင္းက်န္းက်န႔္က သူ႔ခြန္အားေတြ ထပ္ၿပီးတိုးတက္လာလို႔ ေကာင္းကင္ဧကရာဇ္နန္းေတာ္ကို လာေနတာလား..။ သူက နတ္ဘုရားသားေတာ္ကို ျပႆနာလာရွာတာမ်ားလား"

"မဟုတ္ဘူးဗ်... လန္ခ်င္းယာ့ကို ေသခ်ာၾကၫ့္အံုး"

ထိုအခါ မ်က္လံုးမ်ားစြာက လန္ခ်င္းယာ့ကို ၾကၫ့္လိုက္ၾကသည္။

သူ႔မ်က္ႏွာက ဖူးေယာင္ကာ ေနာက္ေက်ာတြင္လည္း ေသြးမ်ား ရႊဲစိုေန၏။ ထိုအတြက္ သူ႔အသြင္ဟာ သနားစရာပင္ ျဖစ္ေနေတာ့သည္။

"ကြၽင္းက်န္းက်န႔္က ျပႆနာရွာဖို႔ သြားတာ မဟုတ္ဘူးဆိုေတာ့... အသင့္ျပင္သြားေနတာမ်ားလား"
ကြၽင္းမိသားစုဝင္ လူငယ္ေလးမ်ား အံ့အားသင့္ကုန္ၾကသည္။

ဂုဏ္သိကၡာရိွေသာ ကြၽင္းမိသားစု၏ စီကြမ္တစ္ဆယ္ဟာ အမွန္တကယ္ စိတ္ေလ်ွာ့သြားခဲ့ၿပီလား။

"အင္း... နတ္ဘုရားသားေတာ္ကပဲ စီကြမ္တစ္ေယာက္ကို မတိုက္ခိုက္ဘဲ ဦးၫြတ္ေစႏိုင္လိမ့္မယ္"
ကြၽင္းမိသားစုဝင္ လူငယ္တစ္ေယာက္က ေလးစားဟန္ျဖင့္ ေျပာလိုက္သည္။

စီကြမ္ဆယ္ေယာက္တြင္ မာနမႀကီးေသာစီကြမ္ အဘယ္မွာ ရိွႏိုင္ပါမည္နည္း။ ၄တို႔က မတိုက္ခိုက္ဘဲ အရႈံးေပးမည္ မဟုတ္ေပ။

သို႔ေသာ္ ကြၽင္းေရွာင္ေယာက္ကေတာ့ လုပ္ႏိုင္သည္။

လက္ရိွတြင္ ကြၽင္းေရွာင္ေယာက္က ေကာင္းကင္ဧကရာဇ္နန္းေတာ္တြင္ အနားယူေနသည္။ ကြၽင္းလင္းလံုကမူ ကြၽင္းေရွာင္ေယာက္အတြက္ လက္ဖက္ရည္ေဖ်ာ္ေပးေန၏။

ႏွစ္ေသာင္းႏွင္းနင္းေရတြင္ ေရွးေဟာင္းေဗာဓိသစ္ပင္မွ အရြက္မ်ားခတ္၍ ေသာက္ရသည္မွာ အမွန္တကယ္ ေကာင္းမြန္သည္။

သာမန္ပါရမီရွင္မ်ားအဖို႔ ဤလက္ဖက္ရည္မ်ိဳးကို ေသာက္ဖူးရန္ေဝးစြ၊ အနံ႔ပင္ ရႉဖူးမည္မဟုတ္ေပ။

ကြၽင္းေရွာင္ေယာက္ကေတာ့ ေန့တိုင္း ေသာက္ႏိုင္သည္။

"သခင္ေလး၊ ေက်းဇူးျပဳျပီး..."
ကြၽင္းလင္းလံုက တကယ့္အေစခံတစ္ေယာက္ကဲ့သို႔ ျပဳမူေနခဲ့သည္။

ကြၽင္းေရွာင္ေယာက္လည္း လက္ဖက္ရည္ကို တစ္ငံုေသာက္ကာ ေခါင္းညိတ္ၿပီး ေျပာလိုက္သည္။
"မင္းအဆင္ေျပရဲ့လား"

ကြၽင္းလင္းလံုမ်က္ႏွာ နီျမန္းသြား၏။ ဒါက လက္ဖက္ရည္ကို ရည္ၫႊန္းသည္ေလာ၊ သို႔တည္းမဟုတ္....

ထိုစဉ္ ေကာင္းကင္ဧကရာဇ္နန္းေတာ္၏ အေစခံတစ္ေယာက္က တံခါးလာေခါက္ကာ ေလးေလးစားစား ေျပာလိုက္သည္။
"နတ္ဘုရားသားေတာ္ခင္ဗ်ာ... ေကာင္းကင္ဧကရာဇ္နန္းေတာ္ကို သခင္ေလးက်န္းက်န႔္ ေရာက္လာပါၿပီ"

'ေနာက္ဆံုးေတာ့ ေရာက္လာၿပီေပါ့... ဒီေလာက္ေလးအတြက္နဲ႔ ငါ့ကို ရက္အၾကာႀကီး ေစာင့္ခိုင္းထားတယ္'
ကြၽင္းေရွာင္ေယာက္မ်က္လံုးက အေရာင္တလက္လက္ ေတာက္ပသြားသည္။

ေနာက္ဆံုးေတာ့ ဇာတ္လမ္းေလး စလာခဲ့ၿပီေပါ့..။

'လန္ခ်င္းယာ့က ငိုယိုၿပီး သခင္ေလးက်န္းက်န႔္ကို တိုင္တန္းမယ္... ဒီအခါ ကြၽင္းက်န္းက်န႔္က ေဒါသတႀကီးနဲ႔ ငါ့ကို ရန္လာျပဳမယ္..။ ဟုတ္တယ္... ဒါကမွ တကယ့္ဇာတ္လမ္းအမွန္ပဲ..။'

ကြၽင္းေရွာင္ေယာက္ ေတြးရင္း ေက်နပ္သြားသည္။ သူသည္လည္း သူ႔ခြန္အားကိုစမ္းသပ္ရန္ လူလိုခ်င္မိ၏။

ကြၽင္းလင္းလံု၏ မ်က္ႏွာကေတာ့ တည္ၿငိမ္ေနသည္။ ကြၽင္းက်န္းက်န႔္အေနျဖင့္ ကြၽင္းေရွာင္ေယာက္ကို ျပႆနာမရွာသင့္ေၾကာင္း သူသိထား၏။

"ဟီးဟီး... ညီေလးေရွာင္ေယာက္..။ မင္းေမြးလာကတည္းက ငါတို႔ တစ္ခါမွ မေတြ့ရေသးဘူး... ဒါေပမဲ့ အခုလိုနည္းနဲ႔ စၿပီးေတြ့ရဖို႔‌ တကယ္ကို ေမ်ွာ္လင့္မထားခဲ့မိဘူး... စိတ္မေကာင္းစရာပဲ"
ထိုစဉ္ ကြၽင္းက်န္းက်န႔္၏ ခ်ိဳသာစြာေျပာလိုက္သၫ့္ စကားသံ ထြက္ေပၚလာသည္။ သူက အေရ႔ွမွေလ်ွာက္လာကာ ရွက္ရြံ႔ေနေသာလန္ခ်င္းယာ့က အေနာက္မွ လိုက္လာေန၏။

သူ႔ေက်ာတြင္ကား ဆူးေၫွာင့္မ်ားေၾကာင့္ ေသြးခ်င္းခ်င္း နီရဲေနေခ်ၿပီ။

'ဟာ...ဒီ... ဒီလိုမဟုတ္ဘူးေလ...'
ယင္းကိုျမင္ေသာအခါ ကြၽင္းေရွာင္ေယာက္ အံ့ဩသြား၏။

ကြၽင္းက်န္းက်န႔္က လုပ္ရိုးလုပ္စဉ္အတိုင္း မလိုက္သကဲ့သို႔ ခံစားလိုက္ရေလသည္။

"ငါ့ရဲ့ေနာက္လိုက္က ညီငယ္ေရွာင္ေယာက္ကို ေစာ္ကားခဲ့တယ္ေလ... အဲတာေၾကာင့္ သူ႔ကို ေတာင္းပန္ဖို႔အတြက္ ေခၚလာခဲ့တာပါ..။ ညီငယ္ေရွာင္ေယာက္က သေဘာထားႀကီးႀကီးနဲ႔ ခြင့္လႊတ္ႏိုင္ဖို႔ ေမ်ွာ္လင့္ပါတယ္"
ကြၽင္းက်န္းက်န႔္က ၿပံဳးကာ ေျပာလိုက္သည္။

လန္ခ်င္းယာ့ ရွက္ရြံ႔မႈ‌ျဖင့္ အံႀကိတ္ေနေသာ္လည္း ဒူးမေထာက္ဘဲ မေနဝံ့ေပ။ သူက စကားလံုးတခ်ိဳ႕ကို အတင္းဖ်စ္ၫွစ္ၿပီး ေျပာလိုက္သည္။
"နတ္ဘုရားသားေတာ္နဲ႔ ကြၽင္းလင္းလံု... ခ်င္ယာ့ကို ခြင့္လႊတ္ေပးဖို႔‌ ေတာင္းပန္ပါတယ္"

ထိုစကားကိုေျပာၿပီးခ်ိန္တြင္ သူဟာ ‌ေသလုေမ်ာပါးရွက္ရြံ႔သြားရ၏။

ကြၽင္းလင္းလံု၏ လွပေသာမ်က္ႏွာကမူ ေအးစက္ေနဆဲပင္။

ကြၽင္းေရွာင္ေယာက္ကလည္း တိတ္ဆိတ္ေနသည္။

ယင္းကိုျမင္ေသာအခါ ကြၽင္းေရွာင္ေယာက္စိတ္ထဲတြင္ ခါးသက္သက္ျဖင့္ ၿပံဳးလိုက္၏။

ကြၽင္းေရွာင္ေယာက္က ဘိုးေဘးဆယ့္ရွစ္အား တိုင္တန္းမည္ကို အမွန္တကယ္ ေၾကာက္ရြံ႔ေနမိသည္။ ထိုသို႔ျဖစ္လာပါက သူ႔အဆင့္အတန္းကို ထိန္းသိမ္းထားႏိုင္မည္ မဟုတ္ေတာ့ေပ။

ကြၽင္းက်န္းက်န႔္လည္း အားတင္းကာၿပံဳး၍ တံဆိပ္ျပားတစ္ခုကို ထုတ္ယူလိုက္သည္။
"ဒါနဲ႔ ငါအျပင္ကိုသြားေတာ့ အဓိပတိယြမ္ထ်န္းရဲ့ တံဆိပ္ျပားႏွစ္ခုကို မေတာ္တဆ ရလာခဲ့တယ္ေလ... အဲဒါက အဓိပတိယြမ္ထ်န္းရဲ့ ရတနာတိုက္နဲ႔ေတာင္ ပတ္သက္တယ္လို႔ ေကာလဟာလေတြ ရိွေနတာ..။ ဒါက ငါ့အတြက္ အသံုးမလိုတာေၾကာင့္ ညီငယ္ေရွာင္ေယာက္ကိုပဲ ေပးလိုက္ပါေတာ့မယ္"

"အဓိပတိလ်ိႈ႔ဝွက္ ရတနာ"
ယင္းကိုၾကားၿပီးေနာက္ ကြၽင္းလင္းလံုမ်က္လံုးမ်ားက အေရာင္လက္သြားသည္။

သူေတာ္စင္အထက္တြင္ အဓိပတိနယ္ပယ္ရိွ၏။

၄တို႔က အင္ေမာ္တယ္နယ္ေျမ၏ အထြတ္အထိပ္တြင္ ရပ္တည္ေနၾကသူမ်ားျဖစ္ကာ အခ်ိန္စၾကာဝဠာကိုပင္ ဟန႔္တားႏိုင္ၾကသည္။

ထိုကဲ့သို႔ေသာ အဓိပတိရတနာတစ္ခု၏ တန္ဖိုးက ေတြးၾကၫ့္ရန္ပင္ မလြယ္ေပ။

ဤတံဆိပ္ျပားကိုသာ ျပင္ပေလာကသို႔ ပို႔လႊတ္လိုက္လ်ွင္ ေသြးသံတရဲရဲႏွင့္ ျပင္းထန္ေသာတိုက္ပြဲႀကီးကို ျဖစ္ေပၚလာေစႏိုင္သည္။

ကြၽင္းက်န္းက်န႔္သည္လည္း ဤတံဆိပ္ျပားႏွစ္ခုရရန္ အခ်ိန္ႏွင့္ ေငြမ်ားစြာ ေပးဆပ္ခဲ့ရ၏။

ကြၽင္းက်န္းက်န႔္က ဤမ်ွအဖိုးတန္ေသာရတနာကို ေပးလာမည္ဟု ထင္မထားေသာေၾကာင့္ ကြၽင္းေရွာင္ေယာက္ပင္ အံ့ဩခဲ့ရသည္။

သူေတြးေနစဉ္ စနစ္မွ အသံတစ္ခ်က္ ထြက္ေပၚလာ၏။

"ဒင္၊ ဂုဏ္ယူပါတယ္... လက္မွတ္ထိုးဝင္ဖို႔ ေနရာသစ္ကို ရွာေဖြၿပီးပါၿပီ"

"အဓိပတိယြမ္ထ်န္းရဲ့ လ်ိဳ႕ဝွက္ရတနာမွာ လက္မွတ္ထိုးဝင္ပါ"

'လက္မွတ္ထိုးဝင္ဖို႔ ေနရာသစ္ရိွတာလား'
ကြၽင္းေရွာင္ေယာက္၏ မ်က္လံုးမ်ား ေတာက္ပလာသည္။

သူဟာ စနစ္၏ လုပ္ေဆာင္ပံုတခ်ိဳ႕ကို နားလည္စျပဳလာသည္။

ပထမ၊ တခ်ိန္တည္းတြင္ လက္မွတ္ထိုးဝင္ရန္ ေနရာမ်ားကို မွတ္သားထားႏိုင္သည္။

ဒုတိယ၊ လက္မွတ္ထိုးဝင္သၫ့္ေနရာကို ထူးျခားျဖစ္စဉ္မ်ားႏွင့္ အစပ်ိဳးႏိုင္ေပ၏။

ဥပမာအားျဖင့္ အဓိပတိယြမ္ထ်န္း၏ လ်ိႈ႔ဝွက္ရတနာသတင္းကို ရရိွသည္ႏွင့္ အေကာင့္ဝင္ရန္ ေနရာသစ္ကို ျပန္လည္စတင္ခဲ့ေပသည္။

'အိမ္း... ငါအဲဒီေနရာကို တစ္ေခါက္ေလာက္ေတာ့ သြားရလိမ့္မယ္'
ကြၽင္းေရွာင္ေယာက္ ေတြးလိုက္သည္။

လက္မွတ္ထိုးဝင္ျခင္းက အၿမဲမျဖစ္ေသာ္လည္း ရရိွလာေသာ ဆုလာဘ္မ်ားဟာ အမွန္တကယ္ ဖမ္းစားႏိုင္၏။

"အကိုက်န္းက်န႔္... ခင္ဗ်ားက တကယ္ယဉ္ေက်းတာပဲ..."
ကြၽင္းေရွာင္ေယာက္ ေျပာေျပာဆိုဆိုႏွင့္ တံဆိပ္ျပားကို ယူလိုက္သည္။

ယင္းက ကြၽင္းေရွာင္ေယာက္ကို ႏႈတ္ခမ္းမ်ား တဆတ္ဆတ္တုန္ခါသြားေစခဲ့သည္။

တခ်ိန္တည္းမွာပင္ သူဟာ တိတ္တဆိတ္ တုန္လႈပ္သြားရ၏။

'ဒါကတကယ္ႀကီး ေရႊေရာင္ စြမ္းအားေတြပါလား... ဒါဆို ေရွးေဟာင္းျမင့္ခႏၶာကိုယ္က တကယ္ပဲေပါ့'
ကြၽင္းက်န္းက်န႔္လည္း ယင္းကို ခံစားမိေသာအခါ စိတ္ထဲမွ ထိတ္လန႔္တုန္လႈပ္သြားေတာ့သည္။

-------------

Continue Reading

You'll Also Like

112K 18.5K 90
I don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi ...
29.8K 2.9K 43
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...
574K 92.1K 198
I don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi ...
46.8K 4.3K 168
ယန်ချီရောက်ရှိသွားတဲ့ လောကကြီးမှာဆိုရင် နတ်ဆိုးမိစ္ဆာတွေနဲ့ လူသားတွေက နေရာလု တိုက်ခိုက်နေကြပြီး တနေ့မှာတော့ ယန်ချီက စနစ်တစ်ခုကို မတော်တဆ ရရှိသွားခဲ့တ...