မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မ...

By Ssinlet_aeri

664K 113K 12.4K

Title: Mist[Unlimited] 薄雾[无限] Author : Wei Feng Ji Xu 微风几许 Status : 103 chapters + 3... More

Description
အပိုင်း(၁)နိဒါန်း
အပိုင်း(၃)
အပိုင်း(၄)Ouroboros
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)ပြောင်းရွှေ့စခန်း
အပိုင်း(၂၇)ပရမ်းပတာ
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉) ငါဘယ်သူလဲ
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)ပြောင်းရွှေ့စခန်း
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)ရောင်စုံကုဗတုံး
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)ငါတို့ရဲ့လက်တွေ့
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)အဆုံးသတ်စက်ဝန်း
အပိုင်း(၉၄)
အပိုင်း(၉၅)အလျှံအပယ်
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)လင်းလက်တောက်ပသော အချိန်များ
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄) အချပ်ပို
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)

အပိုင်း(၂)

10.1K 1.4K 105
By Ssinlet_aeri

『Unicode』

《မှတ်ဉာဏ်ကောင်းတဲ့သူတွေက အငြိုးအတေးကြီးတယ်》

ထိုသူက ထျန်းချုံအခြေစိုက်စခန်းတွင် ရှိနေခဲ့ပြီး ဌာနမှူးကိုယ်တိုင် သွားခေါ်လာရသည့် လူလည်းဖြစ်သည် ။

စုန့်ချင်းလန် သတင်းရပြီးသည်နှင့် စခန်းဆီ ဦးတည်လိုက်၏ ။ သူ၏ အရပ်နှင့် ခြေတံရှည်များကြောင့် လျှောက်လမ်းကို ဖြတ်ကာ ရွှေ့ပြောင်းခန်းထဲရောက်ဖို့ ခြေလှမ်းအနည်းငယ်သာ လှမ်းလိုက်ရသည် ။

"ခေါင်းဆောင်စုန့် "

"အာ ခေါင်းဆောင်စုန့် "

လမ်းတစ်လျှောက် တွေ့သမျှ လူတိုင်းက သူပုံမှန်အတိုင်းရှိနေသည်ကို မြင်သော်ငြား တစ်ယောက်ပြီးတစ်ယောက် အော်ကာ နှုတ်ဆက်လာ၏ ။ မီးတောင်သည် ထိုသြဇာကြီးမားသည့် အရှိန်အဝါနှင့် ထိန်းချုပ်မှုအောက်တွင် ပေါက်ကွဲတော့မည်ဖြစ်ကြောင်း သူတို့တစ်နည်းနည်းဖြင့် ခံစားမိခဲ့ကြသည် ။

သိပ်မကြာခင်မှာပဲ ခေါင်းဆောင်စုန့်က တစ်စုံတစ်ယောက်ကို တရားဝင် မောင်းထုတ်ပစ်တော့မည်ဟူသော အတင်းအဖျင်းက ဌာနတစ်ခုလုံး ပျံ့နှံ့သွား၏ ။

မိနစ်အနည်းငယ်ကြာသောအခါ စုန့်ချင်းလန် မြေအောက်ကို ရောက်လာ၏ ။

[ကြိုဆိုပါတယ် စုန့်ချင်းလန် ၊ ထျန်းချုံမှ ပြန်လည်ကြိုဆိုပါတယ် ]

ဘေးနှစ်ဖက်လုံးမှ တံခါးများ ပွင့်ဟသွားပြီး အီလက်ထရောနစ်အမျိုးသမီးအသံထွက်ပေါ်လာသည် ။ မစ်ရှင်မစတင်ခင်ထွက်ပေါ်လာသည့်အချိန်များကဲ့သို့ပင် ထိုအသံက ညင်သာနေဆဲ ။

လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ကျော် အချိန်တုန်းက နိုင်ငံ့သိပ္ပံအဖွဲ့အစည်းက အချိန်ခရီးသွားခြင်းနှင့်ပတ်သက်ပြီး ရှာဖွေတွေ့ရှိခဲ့ကြသည် ၊ ထိုမှတစ်ဆင့် ယနေ့ခေတ်
အချိန်စီမံမှုအဖွဲ့အစည်းအဖြစ် ဖွံ့ဖြိုးလာ၏ ။ နိုင်ငံပေါင်းစုံတွင် ဌာနခွဲများ ရှိသော်လည်း ဒီနေရာတွင်ရှိသည်က ပင်မဌာနချုပ် ဖြစ်သည် ။ မြေအောက် နှစ်ကီလိုမီတာ အနက်တွင် လူထောင်ပေါင်းများစွာက အချိန်အတော်ကြာ ပင်ပန်းခက်ခဲစွာ အလုပ်လုပ်နေကြရသည် ။ မှောင်မဲသော မြေအောက် ပင်မဌာနချုပ်က  နေ့နေ့ညည အမြဲတစေ လင်းချင်းနေမြဲ ။

စုန့်ချင်းလန်သည် ရွှေ့ပြောင်းခန်းမှ ထွက်လိုက်ပြီး မိနစ်အနည်းငယ် လမ်းလျှောက်ပြီးသည့်နောက်တွင်တော့ အဖြူရောင် နံရံရှေ့တွင် ရပ်တန့်လိုက်၏ ။ သူနံရံကို အသာ ဖိလိုက်သောအခါ မမြင်ရသော တံခါးတစ်ချပ်က ပွင့်ဟသွားလေသည် ။

"ဒုန်း !"

အခန်းထဲရှိ လူများမှာ ထိတ်လန့်သွားရပြီး သူ့ကို လှည့်ကြည့်လာကြသည် ။

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ဌာနမှူး၏ ဘေးတွင် တစ်စုံတစ်ယောက် ရပ်နေခဲ့သည် ။

ကြမ်းပြင်မှ မျက်နှာကြက်အထိ မြင့်မားသော ပြတင်းပေါက်၏ အပြင်ဘက်တွင်တော့ ထွန်းလင်းတောက်ပသော စက်ဝိုင်းခုံးသဏ္ဍာန် မြင်ကွင်းရှိသည် ။ ထိုအရာမှာ ကျယ်ပြန့်သော စကြဝဠာအတွင်းရှိ နဂါးငွေ့တန်းနှင့်ပင် ခပ်ဆင်ဆင်တူနေသေး၏ ။

ပြတင်းပေါက်ရှေ့ရှိ လူက အဖြူရောင် သာမန်ရှပ်အင်္ကျီနှင့် သူ့၏ သေးသိမ်သောခါးကို ပေါ်လွင်စေသည့် ဘောင်းဘီအနက်ကို ဝတ်ဆင်ထားသည် ။ သူသည် အရပ်ရှည်ကာ တည်ကြည်ပြီး နှင်းထူသော ရေကန်ဘေးမှ ထင်းရှူးပင်ကို အမှတ်ရစေသည် ။

တောက်ပနေသည့် ကြယ်အလင်းရောင်က ဒီလူ၏ အသားအရည်ကို ပိုဖြူဖျော့သွားစေ၏ ။ သူ၏ ဖြောင့်စင်းသောနှာတံ ၊ တောက်ပသောမျက်ဝန်း ၊ သူ့မျက်နှာသွင်ပြင်အကုန်လုံးက သေသပ်တိကျစွာ..အထူးသဖြင့်  ထိုလှပသည့်အသွင်ရှိသော နှုတ်ခမ်းများပင် ။ အလင်းရောင်များက ကျော့ရှင်းပြီး အသရေတင့်သည့် ထိုမျက်နှာကို ပိုလို့ပင် ထင်သာမြင်သာရှိအောင် ပံ့ပို့ပေးနေ၏ ။

မေ့ပျောက်နိုင်ဖွယ်ရာမရှိခဲ့ ။

ထိုသူ့ကိုမြင်လိုက်သည့်အခိုက် စုန့်ချင်းလန်က သူ့အဖွဲ့သားများ လေ့ကျင့်ရေးခန်းထဲတွင် ပြောနေသည့်စကားများကို ဘာရယ်မဟုတ် သတိရသွားသည် ။

"ငါတို့သူ့ကို မတိုက်ခိုက်တတ်ဘူး ပြောတုန်းက သူမလာဘူး ၊  ငါတို့သူ့ကို အလှခေါင်းအုံးလို့ ​ခေါ်တုန်းကလဲ သူမလာဘူး ၊ ဒါပေမဲ့ ငါတို့တစ်ဖွဲ့လုံးက ဂေးမုန်းတီးတဲ့သူတွေလို့ပြောတာနဲ့ သူရောက်ချလာတယ် ၊ သူငါတို့ကို စိန်ခေါ်ဖို့ လာတာလား.. သူ့ဆွဲဆောင်မှုတွေကို ပြဖို့လာတာလားဆိုတာ ဘယ်သူသိမှာလဲ !"

"တံခါးမခေါက်ပြန်ဘူး !" ဌာနမှူးဝမ်က ဝေဖန်ပြစ်တင်လာ၏ ။ "ငါ့အထင် ထျန်းချုံဌာနတစ်ခုလုံးမှာ စည်းကမ်းတွေကို ဆက်တိုက်အလေးမထားတာ မင်းတစ်ယောက်ပဲ ရှိမယ် ! "

စုန့်ချင်းလန်က အတွေးလွန်နေရာမှ အသိပြန်ဝင်လာပြီး တည်တည်ငြိမ်ငြိမ်ပင် အထဲသို့ လမ်းလျှောက်ဝင်လာ၏ ။

သူ့မှာ ဒီကိစ္စကို ပြန်ပြီး သုံးသပ်ဖို့ စိတ်ကူးမရှိဘဲ နှုတ်ခမ်းထောင့်တွေကို တွန့်ကွေးလိုက်သည် ။ "အဖွဲ့သားအသစ်ရောက်ပြီ ကြားတယ် ၊ ဌာနမှူးဝမ် ၊ ဘာလို့ ကျွန်တော်တို့ကို အသိမပေးတာလဲ...ဒါမှ သူ့ကိုကြိုဆိုလို့ရအောင်ကို "

ထိုသို့ပြောပြီးသည်နှင့် စုန့်ချင်းလန်၏အကြည့်က ထိုလူထံ ကျရောက်သွားသည် ။ "အကြံပေးကျစ် "

ခေါ်ဆိုလိုက်ပုံက ရန်လိုဟန်များ အပြည့်ပင် ။

သူ့မျက်စိရှေ့မှ လူက Bအဆင့်မစ်ရှင်များကိုသာ ပြီးမြောက်သော နျဥ်းမြို့ဌာနမှ မှတ်တမ်းတင်သူ တစ်ယောက်ဖြစ်သည် ။ သူ့ကို စောင့်ရှောက်သူအဖွဲ့ဆီသို့ အထူးအကြံပေးဆိုသည့် ရာထူးဖြင့် ရွှေ့ပြောင်းလိုက်ခြင်းဖြစ်သည် ။

စုန့်ချင်းလန်၏ အထင်သေးမှု ၊ မကျေနပ်မှုနှင့် တစ်ဖက်လူကိုစစ်ဆေးနေမှုများမှာ အင်မတန် သိသိသာသာပင် ။

ကျစ်ယွီရှီသည် စုန့်ချင်းလန်၏ အကြည့်အောက်မှ ရှောင်ဖယ်ခြင်း ၊ ပုန်းကွယ်ခြင်း မရှိဘဲ အေးဆေးစွာ ပြန်စိုက်ကြည့်နေသည်က တစ်ဖက်လူက ဘယ်သူဆိုတာ မသိသယောင် ။ သူသည် တစ်လျှောက်လုံး ဘာစကားတစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်နေခဲ့သည် ။

လေထုသည် အတော်ကြာ ငြိမ်သက်နေ၏ ။ အမျိုးသားကောင်း၏
တုံ့ပြန်မှုက အပေါ်ယံတွင်တော့ တည်ငြိမ်ကာ မယိမ်းမယိုင် ၊ သို့သော် အတွင်းစိတ်မှာတော့ လှိုင်းထန်နေလေပြီ။

ဌာနမှူးဝမ်သည် နှစ်ယောက်ကြားက လိုက်လျောညီထွေမဖြစ်မှုကြီးကို ဘယ်လိုလုပ် မသိဘဲ နေလိမ့်မည်နည်း ။ မတွေ့ဆုံခင်ကတည်းက သူမဘက်က လူက တစ်ဖက်လူအား သွားဆွကာစော်ကားခဲ့ပြီး ဖြစ်သည် ။ အဆုံးမှာတော့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူမကပဲ သူ့အစားပြန်လည်ဖျန်ဖြေပေးရပေမည် ။

"အကြံပေးကျစ်ကို စခန်းကို ပြဖို့ ခေါ်လာတာလေ ၊ မင်းဒီလောက်ထိ
စိတ်မရှည်ဖြစ်နေမယ်လို့တော့ ငါမထင်ခဲ့မိဘူး " ဌာနမှူးဝမ်က ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ကာ နူးညံ့သိမ်မွေ့စွာ မိတ်ဆက်ပေးလာ၏ ။

"အကြံပေးကျစ် ၊ ဒါက တပ်ဖွဲ့ ၇ ရဲ့ခေါင်းဆောင် ၊ ပြီးတော့ ထျန်းချုံစနစ်အောက်မှာ အလားအလာအရှိဆုံးနဲ့ အသက်အငယ်ဆုံးခေါင်းဆောင်ပေါ့ ၊ အသက်ငယ်ငယ်နဲ့ Aအဆင့်ရှိတဲ့ မစ်ရှင် ၁၂ခုတောင် လုပ်ပြီးလို့ သူ့ကြယ်အဆင့်က တစ်ပွင့်ရောက်နေပြီ ။ တရားဝင် မိတ်ဆက်ပေးရအောင် ၊ သူ့နာမည်က စုန့်ချင်းလန်တဲ့ ၊ မင်းတို့ အရင်က မတွေ့ဖူးကြဘူး ထင်တယ် "

ကျစ်ယွီရှီက အနည်းငယ် အံ့သြသွားသည် ။ သူ့အကြည့်တွေကို ပြန်ရုတ်သိမ်းလိုက်ပြီး ထိုစာလုံးနှစ်လုံးကို မသိလိုက်မသိဘာသာ ပြန်ရေရွတ်မိ၏ ။ "စုန့်...ချင်းလန်? "

သူ့အသံက နူးညံ့ညင်သာလွန်းပြီး အင်မတန် နားထောင်လို့ကောင်းသည် ။ ထိုအသံက စုန့်ချင်းလန် မျှော်လင့်ထားခဲ့သည့် အသံပင် ။

ပြည်သူ့ရေးရာဝန်ထမ်းများ၏ အသံများမှာ အကုန်လုံး ထိုအသံအတိုင်း ခပ်ဆင်ဆင်တူကြသည်သာ ။

ဌာနမှူးဝမ်က ပြုံးလိုက်ကာ "နေသာတယ်ဆိုတဲ့ 'ချင်း'နဲ့ တောင်လေရဲ့ 'လန်'...တူတယ်မလား ၊ မိန်းက--"

စုန့်ချင်းလန်က မျက်စိပျက်မျက်နှာပျက်နှင့် ကြားဖြတ်​ပြောလိုက်၏ ။ "ဌာနမှူးဝမ် "

ကျစ်ယွီရှီကတော့ သူမ၏ စနောက်နေသည့် လေသံကို သတိထားမိပုံမပေါ်ပေ ။ သူက မျက်ခုံးတွေကို အလျင်အမြန် ဖြေလျှော့လိုက်ပြီး ဆိုလာ၏ ။ "တကယ်တော့ ခေါင်းဆောင်စုန့်ကို ကျွန်တော်အရင်က တွေ့ဖူးတယ် "

ဌာနမှူးဝမ်က စိတ်ဝင်စားသွားသည် ။ "အိုး ?ဘယ်တုန်းကလဲ ?"

ကျစ်ယွီရှီ၏ ကောင်းမွန်သည့်အသံက ဆက်​ပြောလာ၏ ။ "လွန်ခဲ့တဲ့ သုံးနှစ် အောက်တိုဘာ ၁၄ရက်နေ့က ၊ ကျန်းမြို့ဌာနခွဲမှာလုပ်တဲ့ ထျန်းချုံးက ဦးစီးတဲ့ သင်တန်းတစ်ခုမှာ ကျွန်တော်တက်ခဲ့တာ ၊ အဲ့အတန်းက ဌာနမှူးဝမ်သင်ပေးတာလေ ၊ ခေါင်းဆောင်စုန့်ကလဲ အဲ့အချိန်တုန်းက အဲ့ဒီအတန်းမှာတက်ခဲ့ပေမဲ့ ကျွန်တော်တို့ အဲ့တုန်းက တစ်ယောက်နဲ့ တစ်ယောက် မသိခဲ့ကြဘူး "

ဒီတစ်ခါတွင်တော့ ဌာနမှူးဝမ်က အံ့အားသင့်သွားရသည် ။ "ထူးဆန်းလိုက်တာ ၊ မင်းလိုလူကို ငါဘယ်လို​များ သတိမထားမိရတာလဲ ? "

ဌာနမှူးဝမ်သာမက ၊ စုန့်ချင်းလန်ကိုယ်တိုင်သည်လည်း ထိုအကြောင်းကို နည်းနည်းလေးမှ အမှတ်မရပေ ။ 

နောက်နေတာလား ? ဘယ်သူက လွန်ခဲ့တဲ့ သုံးနှစ်က တွေ့ခဲ့ဖူးတဲ့ လူတွေအကြောင်း စဥ်းစားဖို့ သတိရလို့လဲ ?

ကျစ်ယွီရှီက မနေ့ကမှ ဖြစ်ပျက်ခဲ့သလိုပင် ထိုနေ့က ဖြစ်ရပ်များအကြောင်း လွယ်လင့်တကူ ပြန်မှတ်မိနိုင်သည် ။  "ခန်းမက တအားကျယ်တယ် ၊ ပြီးတော့ ကျွန်တော့်ခုံက အနောက်မှာဆိုတော့ မမှတ်မိတာ ပုံမှန်ပါပဲ ၊ အဲ့နေ့က ဌာနမှူးက အပြာနုရောင် အင်္ကျီနဲ့ စကတ်ကို Baroque ပုလဲနားကပ်နဲ့ တွဲဝတ်ထားတာ ၊ ပြီးတော့ ဆံပင်က အခုထက် နည်းနည်းလေးတိုသေးတယ် ၊ စာသင်နေရင်း မတ်ခွက် မတော်တဆကျကွဲသွားလို့ အသစ်တစ်ခွက်နဲ့ လဲလိုက်ရသေးတယ် ၊ မှတ်မိလား ?"

ဌာနမှူးဝမ်က အလျင်အမြန် ခေါင်းညိတ်ပြလေသည် ။ "မှတ်မိတယ် !"

ကျစ်ယွီရှီက ဆက်ပြော၏ ။"ခေါင်းဆောင်စုန့်ရဲ့ ခုံက တတိယလိုင်းရဲ့ ဘယ်ဘက်ကနေ ရေရင် ကိုးခုံမြောက်မှာ ၊ သူက အတန်းချိန် နှစ်ချိန်ဆက်တိုက် အိပ်နေပြီးတော့ နေ့လယ်ကျ စောပြန်သွားတယ် "

စုန့်ချင်းလန်က မတတ်သာတော့ဘဲ
ပြောလိုက်မိသည် ။ " မင်းငါ့ကို ထူးထူးခြားခြားပဲ မှတ်မိနေတာလား ဒါမှမဟုတ် ငါ့ကိုတိုင်ဖို့များ ကြိုးစားနေတာလား ?"

ကျစ်ယွီရှီက စုန့်ချင်းလန်အား  လှည့်ကြည့်လာသည် ။ သူ့မျက်ဝန်းတွေထဲ စုန့်ချင်းလန်၏ ပုံရိပ်က ရောင်ပြန်ဟပ်နေခဲ့၏ ။ "ကျွန်တော်က အဲ့ဒီနေ့မှာ ရှိနေခဲ့တဲ့ လူတိုင်းကို မှတ်မိနေရုံပါပဲ "

စုန့်ချင်းလန် မေ့လုနီး ဖြစ်သွားတော့မလို့ပင် ။ အနှီအကြံပေးကျစ်မှာ အလွန်ကောင်းသည့် မှတ်ဉာဏ်
ရှိသည်ဟု ကောလာဟလထွက်ခဲ့သူ ဖြစ်သည် ။

စုန့်ချင်းလန်က သွယ်ဝိုက်ကာ မေးလိုက်၏ ။ "အကြံပေးကျစ် ၊ ကျွန်တော်ကြားဖူးတာက မှတ်ဉာဏ်ကောင်းတဲ့သူတွေက အငြိုးအတေးကြီးတယ်တဲ့ "

ကျစ်ယွီရှီသည် ပွင့်ပွင့်လင်းလင်းပင် ဖြေကြားလာသည် ။ "အမှန်ပဲ ၊ အခြေအနေပေါ်တော့ မူတည်တာပေါ့ "

ဌာနမှူးဝမ်က အခြေအနေတွေကို ဖျန်ဖြေပေးလိုက်သည် ။ "မင်းတို့တွေ့ဖူးတော့ ကောင်းတာပေါ့ ၊ ရှောင်စုန့်က နည်းနည်း သွေးပူလွယ်ပြီး ဒဲဲ့တိုးသမားဆိုတော့ သူ့အဖွဲ့သားတွေကို ဝေဖန်ရင် အညှာအတာမရှိဘူး ၊ လူကြားထဲ သူများတွေကို ငိုအောင်လုပ်တာဆိုတာ သူအရင်က မလုပ်ဖူးတာမျိုး မဟုတ်ဘူး ၊  ဌာနမှူးလင်းဆီက ကြားတာတော့ အကြံပေးကျစ်ရဲ့ စရိုက်က အတော်အေးဆေးပြီး လိုက်လျောညီထွေနေတတ်တယ်ဆို ၊ အဖွဲ့ဝင်အနေနဲ့ ရှိတုန်းတော့ ရှောင်စုန့်နဲ့ တအားလိုက်လျောညီထွေဖြစ်အောင်နေစရာမလိုပါဘူး ၊ အမှားလုပ်မိရင်လဲ မှားပါစေပေါ့  "

ကျစ်ယွီရှီသည်လည်း ဟိတ်ဟန်ကြီးသည့် လူမျိုးမဟုတ်ပေ ။ သူက ဖြေလိုက်ပါ၏ ။ " စိတ်မပူပါနဲ့ ၊ အလုပ်အတွက်ဖြစ်နေသရွေ့  ကျွန်တော် ပူးပေါင်းပေးမှာပါ "

စုန့်ချင်းလန်က အသာ ရယ်လိုက်ရင်း ထိုကိစ္စနှင့် ပတ်သက်လို့ ဂရုစိုက်ပုံမပေါ်ပေ ။ "အဲ့လိုဆို ကောင်းတာပေါ့ "

စကားစမြည် ပြောပြီးသည့်နောက်တွင်တော့ ဌာနမှူးဝမ်က အရေးကြီးသည့် ကိစ္စများအကြောင်း စတင်ပြောပြလာ၏ ။

"မစ်ရှင်က နောက်တစ်ပတ်စဆောင်ရွက်ရလိမ့်မယ် ၊ မနက်ဖြန်ကစပြီး အကြံပေးကျစ်က အဖွဲ့သားတွေ ၊ အလုပ်လုပ်ရတဲ့ ပတ်ဝန်းကျင်တွေနဲ့ ရင်းနှီးနေအောင် ရှောင်စုန့်နဲ့ လိုက်သွားသင့်တယ် ၊ 
လေ့ကျင့်ရေးကွင်းမှာ ပစ္စည်းတွေအများကြီးရှိတယ် ၊ အထူးသရုပ်ဖော်တိုက်ခိုက်ရေးစနစ်ရောပဲ ၊ ကြားဖူးတာတော့ အကြံပေးကျစ်က အရင်က တော်ဝင်တပ်ဖွဲ့ထဲလဲ ဝင်ဖူးသေးတယ်ဆို ?"

စုန့်ချင်းလန်က မျက်ခုံးများကို ပင့်တင်လိုက်၏ ။ သူယုံကြည်သည့်ပုံမပေါ်ပေ ။

သေချာပေါက်ကို ကျစ်ယွီရှီက သူ့အတွေးတွေကို ချက်ချင်းအတည်ပြုပေးလိုက်သည် ။ "ကျွန်တော်က စာရွက်စာတမ်းကိစ္စတွေပဲလုပ်ပြီး အဲ့မှာ နှစ်လပဲ နေခဲ့တာပါ "

ထိုသို့ နှိမ့်ချသည်လည်း မဟုတ် ၊ မောက်မာသည်လည်း မဟုတ်သည့်
အကျင့်စရိုက်က အထူးတပ်ဖွဲ့နောက်ခံရှိသော စုန့်ချင်းလန်ကို ရယ်မောချင်စိတ်ဖြစ်စေသည် ။

ဒီလို ပိန်ပါးပြီး ထိလွယ်ရှလွယ်ခန္ဓာကိုယ်နှင့် လူတစ်ယောက်က ဘယ်လိုလုပ် ရှေ့တန်းမှာ တိုက်ခိုက်နိုင်မှာတဲ့လဲ ?

ဌာနမှူးဝမ်က ခေါင်းညိတ်ကာ " ကင်းထောက်တွေက တိုက်ခိုက်နိုင်စွမ်း မြင့်ဖို့ မလိုပေမဲ့ နည်းနည်းတော့ လေ့ကျင့်ထားတာ ပိုကောင်းမယ် ၊ ဒီနှစ် လူသစ်ခေါ်ထားတဲ့ အသုတ်က မနက်တိုင်း အတန်းတွေ ရှိတယ် ၊ အကြံပေးကျစ် အဲ့မှာ တက်ချင်ရင် တက်လို့ရတယ် "

"သူတို့လာပြီ !"

"သူတို့ထွက်လာပြီဟ !"

"မြန်မြန် ၊ မြန်မြန် ..သူတို့ရန်စဖြစ်နေကြပြီလား "

"ဌာနမှူးဝမ်ကရော ခွက်တစ်ခွက်လောက် မခွဲရသေးဘူးလား? "

မော်နီတာရှေ့တွင် ခေါင်းများ စုပြုံနေကြပြီး လျှောက်လမ်းတွင်လည်း ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်နေကြသည့် လူများရှိသည် ။

ရွှေ့ပြောင်းခန်းက ပွင့်ဟလာခဲ့သည့်နောက် ဌာနမှူးဝမ်က ဒေါက်ဖိနပ်နှင့် အရင်ဆုံး အပြင်ကိုလှမ်းလာသည် ။ သူမက သူမရုံးခန်းဆီသို့ ပြန်သွားတော့မည့်ပုံပင် ။ 

ထို့နောက်တွင်တော့ စုန့်ချင်းလန် ထွက်လာပြီး သူ့နောက်တွင်တော့ ကျစ်ယွီရှီက လိုက်ပါလာသည် ။

နှစ်ယောက်ကြားရှိ အရပ်ကွာခြားချက်မှာ ခေါင်းတစ်ဝက်စာထက် နည်းနည်းပိုများ၏ ။ တစ်ယောက်က ရဲရင့်ပြီး နောက်တစ်ယောက်က တင့်တယ်သည် ။

စုန့်ချင်းလန်၏ အဖွဲ့ဝင်အသစ်အပေါ် ကြိုဆိုရန် စိတ်အားထက်သန်မှုကင်းမဲ့ပုံကို မော်နီတာမျက်နှာပြင်မှပင် ခံစားလို့ရနေသည် ။ သူ့အရပ်ကလန်ကလားနှင့် ရှေ့သို့ အလျင်အမြန်သာ လျှောက်နေလျက် နောက်သို့ တစ်ချက်လှည့်မကြည့် ။ အကြံပေးကျစ်ကတော့ ထင်သည့်အတိုင်း အင်မတန်ကြည့်ကောင်းလှပြီး စုန့်ချင်းလန်နောက်မှ ခြေလှမ်းကျယ်ဖြင့် လျှောက်လှမ်းနေကာ အခက်အခဲ သိပ်ရှိပုံမပေါ် ။

နှစ်ယောက်သားက စကားတစ်ခွန်းပင်မဆိုဘဲ လေ့ကျင့်ရေးကွင်းဆီ သွားလိုက်ကြ၏ ။ အကုန်လုံး၏ ခေါင်းထဲ၌ အမေးသင်္ကေတများဖြင့် ပြည့်နှက်သွားကြသည် ။

ဒါ-ဒါပဲလား ?

စုန့်ချင်းလန်က ဒီအတိုင်း လက်ခံလိုက်တာပဲလား ?

သဘောတူထားတဲ့ သွေး​စိမ်းရှင်ရှင်ကျပြီး လာလမ်းအတိုင်း ပြန်ပို့မယ်ဆိုတာကရော ဘာဖြစ်သွားပြီလဲ ?

နှစ်ယောက် အတူတူပြန်လာသည်ကို မြင်သောအခါ လေ့ကျင့်ရေးကွင်းထဲမှ အဖွဲ့သားများသည်လည်း အံ့သြသွားရသည် ။ ဘာတွေဖြစ်ကုန်တာလဲ ?

စုန့်ချင်းလန်က ကွင်းပြင်နေရာလွတ်ဆီ တန်းလျှောက်သွားပြီး လက်ခုပ်တီးကာ လူစုလိုက်သည် ။

"ဒီမှာ ၊ မင်းတို့ကို မိတ်ဆက်ပေးမယ် ၊ ဒါက ငါတို့ရဲ့နောက်လာမဲ့ မစ်ရှင်ကို ပြီးမြောက်အောင် ကူညီပေးမဲ့ နျဥ်းမြို့ဌာနက ဌားလိုက်တဲ့ လုပ်ဖော်ကိုင်ဖက် ၊ သူက အဖွဲ့ရဲ့ ကင်းထောက်အနေနဲ့ တာဝန်ယူမှာဖြစ်ပြီး အထူးအကြံပေးလို့ခေါ်တဲ့ ကျစ်ယွီရှီ ၊ အကြံပေးကျစ် "

ကျားဟော်မုန်းတွေနှင့် ပြည့်လျှံနေသည့် စောင့်ရှောက်သူအုပ်စု အရှေ့၌ အဖြူရောင်ရှပ်အင်္ကျီနှင့် ကျစ်ယွီရှီသည် လုံးဝမတူညီကွဲပြားသည့် ဖြစ်တည်မှု တစ်ခုလိုပင် ။

ဤသည်မှာ အဖြူရောင် ယုန်ပေါက်လေးက ခြင်္သေ့အုပ်ထဲ မတော်တဆ လမ်းမှား ရောက်လာသယောင် ။

သို့ပေသည့် ကျစ်ယွီရှီမှာ လုံးဝတည်ငြိမ်နေကာ နည်းနည်းလေးတောင် စိတ်မသက်မသာ ဖြစ်ပုံမပေါ်ပေ ။ သူက နှုတ်ခမ်းကိုဟပြီး ပြောလာ၏ ။ " မင်္ဂလာပါ "

"ဒါက သွမ့်ဝမ် ၊ ကျိုးမင်ရွှမ်း ၊ လီချွင်းနဲ့ အမြွှာနှစ်ယောက် ထန်းလဲ့နဲ့ ထန်းချီ " စုန့်ချင်းလန်က အစဥ်အတိုင်း မိတ်ဆက်ပေးလိုက်သည် ။

"အစဥ်အတိုင်းပဲ ၊ သူတို့က ထိန်းချုပ်မှု ၊ စက်ယန္တရား ၊ ထောက်ပို့ နဲ့ ဘယ်ညာတောင်ပံတွေမှာ တာဝန်ယူထားတယ် ။ အဖွဲ့ထဲ ယွီမျိုးရိုးနဲ့ ကင်းထောက်တစ်ယောက်ရှိသေးတယ် ၊ မင်းကအခု သူ့နေရာ ယာယီတာဝန်ယူထားတာ "

ရင်းနှီးကျွမ်းဝင်မှုမရှိသော အဖွဲ့သားများက တူညီသော ယူနီဖောင်းများကို ဝတ်ဆင်ထားကြသည် ။ သူတို့မျက်နှာများမှလွဲ၍ သိသာထင်ရှားသော ကွဲပြားခြားနားချက် မရှိပါချေ  ။ ထို့အပြင် ရုပ်ချင်း ချွတ်စွပ်တူနေသော အမြွှာနှစ်ယောက်ပင် ရှိနေသေးသည် ။

သို့သော် စုန့်ချင်းလန်က အလွန်လျင်မြန်စွာပင် ပြောသွား၏ ။ ကျစ်ယွီရှီအတွက် ခက်ခဲအောင် တမင်တကာလုပ်သည်လား ၊ အမြဲ  စကားကို ​ဖြစ်သလို ပြောတတ်၍လားဆိုတာ မသဲကွဲ။

ကျစ်ယွီရှီက ခေါင်းသာညိတ်လိုက်၏ ။ သူအကုန်လုံးကို မှတ်မိနိုင်ရဲ့လားဆိုတာတော့ မသိရ ။

စုန့်ချင်းလန်သည် သူ့အား အသက်ရှူဖို့ အချိန်လေးတောင်မပေးခဲ့ ။ သူက အစီအစဥ်ချကာ " လောင်သွမ့် ၊ မင်းရဲ့အပိုင်းက ကင်းထောက်တာဝန်နဲ့ နည်းနည်းဆက်စပ်မှုရှိတယ် ။ ကင်းထောက်ရဲ့ အလုပ်တွေက ဘာတွေပါလဲဆိုတာ သူနားလည်အောင် အရင်ဆုံး ပြလိုက် "

သွမ့်ဝမ် : "ဟင် ? မ-မမြန်လွန်းဘူးလား ? "

ပုံမှန်ဆို ဌာနတစ်ခုချင်းစီကို လိုက်ပြပြီး ပတ်ဝန်းကျင်နဲ့ရင်းနှီးလာအောင် အရင်လုပ်ခိုင်းရမှာ မဟုတ်ဘူးလား ?

စုန့်ချင်းလန် : "အချိန်က ဘယ်သူ့ကိုမှ စောင့်မနေဘူး ၊ နောက်လာမဲ့ တာဝန်လုပ်ဖို့ မြန်လွန်းနေပြီလို့ မင်းထင်နေလား ? "

သွမ့်ဝမ် :" ဟုတ်ကဲ့ပါ ဆရာ!"

စုန့်ချင်းလန်က အသစ်ရောက်လာသည့် အကြံပေးကျစ်အား မျက်နှာသာပေးဖို့ အစီအစဥ်မရှိကြောင်း ပိုင်းခြားတတ်သည့် မျက်စိပါသည့်လူတိုင်း မြင်နိုင်ပေသည် ။

ကျစ်ယွီရှီကတော့ အထွန့်တက်စရာရှိသည့်ပုံ မပေါ် ။ သူသည် အလွန် ပူးပေါင်းဆောင်ရွက်စွာဖြင့် လောင်သွမ့်နှင့်အတူ ထွက်သွားလေ၏ ။
မဟုတ်ရင်လည်း စုန့်ချင်းလန်နှင့် ထိပ်တိုက်ခေါင်းချင်းဆိုင်ဖို့ ဘယ်တုန်းကမှ အကြံအစည်မရှိခဲ့တာ ဖြစ်နိုင်သည် ။

သူတို့ထွက်ခွာသွားသည်နှင့် စုန့်ချင်းလန်က ပုံမှန်အခြေအနေ ပြန်ဖြစ်သွားသည် ။ သူက မျက်ခုံးကို အနည်းငယ် ပင့်ရင်း

" ဘာကြည့်နေကြတာလဲ ? မင်းတို့မျက်လုံးတွေ အပြင်ကို ကျွတ်ထွက်လာတော့မယ် ၊ ကိုယ့်ဘာသာ ပြန်ကြည့်အုံး  "

"ဘောစ့် ၊ သူက တကယ်ကြည့်ကောင်းတာပဲ !"

"လှတယ်ဆိုတဲ့ စာလုံးကို ယောက်ျားလေးတွေကိုသုံးတာ မသင့်တော်ဘူးလို့ ကျွန်တော်အရင်ကထင်ခဲ့တာ ၊ ဒါပေမဲ့ အခုတော့ အတော်လေး သင့်တော်တယ်လို့ ထင်တယ် "

"ကျွန်တော်တို့အကုန် အစားတူတူစားပြီး အကုန်လုံးက လူသားတွေချည်းဖြစ်တာတောင် သူက ဘယ်လိုများ ဒီလိုကြီးပြင်းလာရတာလဲ ? ခုနက ဒီလောက်နီးနီးလေးကို သူ့မျက်နှာမှာ ချွေးပေါက်တစ်ခုတောင်  မမြင်လိုက်ဘူး ၊ သူ့အသားအရည်က တကယ် ကောင်းလွန်းတယ် "

ခုနက စုန့်ချင်းလန်ထံမှ ခေါင်းအရိုက်ခံလိုက်ရသော မျက်စိကျဥ်းကျဥ်း ကတုံးဆံပင်ပေါက်နှင့် ကျိုးမင်ရွှမ်းက သက်ပြင်းချ၏ ။ "ဖာခ့် ၊ ငါအခု အရူးလို ခံစားနေရပြီ ၊ သူ့လိုလူမျိုးက သေချာပေါက် ငါ့ကို ထည့်စဥ်းစားမှာတောင် မဟုတ်ဘူး "

"နောင်တရနေတာလား ? " စုန့်ချင်းလန်သည် ခြေထောက်ကို ကြွကာ သူ့အား တစ်ချက်လှမ်းကန်လိုက်သည် ။ "မင်းမိသားစု မျိုးဆက်အတွက် စိတ်မပူတော့ဘူးလား ? "

ကျိုးမင်ရွှမ်းက ရှက်ရွံ့စွာဖြင့် ရယ်မောလိုက်၏ ။

"ဘောစ့် ၊ ကျွန်တော်တို့ သူ့ကို တကယ်ကြီး ဒီမှာပေးနေတော့မလို့လား ?"

"သူက သေချာပေါက်ကို လုံးဝ တိုက်ခိုက်တတ်မဲ့ပုံမပေါ်ဘူး ၊ ကြည့်ကောင်းတာကလွဲပြီး အသုံးမဝင်ဘူးပဲ ! "

"ကျွန်တော်က ခင်ဗျား ငြင်းမယ် ထင်ခဲ့တာ ၊ ဒါက ခင်ဗျားနဲ့မတူလိုက်တာ "

စုန့်ချင်းလန်က သူ့အစီအစဥ်များအား တိုက်ရိုက်ရှင်းပြလာ၏ ။

အတိုချုပ်ဆိုရသော် :" အမိန့်ကချပြီးနေပြီ ၊ လူကလဲ ရောက်နေပြီ ၊ ငါတို့ပြောင်းချင်ရင်တောင် နောက်ကျသွားပြီ ၊ နောက်ရက်နည်းနည်းလောက် ဒီတိုင်းပဲ နေလိုက် ၊ မင်းမှာ ပြောစရာရှိရင် ပြီးသွားတဲ့အထိ စောင့် ၊ အခုအချိန်မှာ ပန်းတိုင်ကတစ်ခုပဲရှိတယ် : မစ်ရှင်ကို အန္တရာယ်ကင်းကင်းနဲ့ ပြီးမြောက်အောင်လုပ် ! "

အကုန်လုံးက ညီညွတ်စွာ အော်လိုက်ကြသည် ။ "ဟုတ်ကဲ့ပါ ဆရာ!"

အဖွဲ့သားများ လူစုကွဲသွားကြ၏ ။

စုန့်ချင်းလန်သည် လွန်ခဲ့သော သုံးနှစ်မှ အတန်းအကြောင်းကို မသိစိတ်အရ  ပြန်တွေးမိသွားသည် ။ သို့သော် အသုံးမဝင် ။ ဘာလို့ဆိုအာရုံမစိုက်ခြင်းနှင့် စောစောပြန်ခြင်းကဲ့သို့သော ကိစ္စများမှာ...သူအကြိမ်အရေအတွက်များစွာ လုပ်ဖူးခဲ့သည့်အရာများပင် ။

ထိုသူရဲ့ မှတ်ဉာဏ်....တကယ်တမ်း ပြောရလျှင် သူဒါကို အားသာချက်ဟု သတ်မှတ်လို့ ရသည် မဟုတ်လား ?

•°•°•

T/N>>

တော်တော်များများ သိကြလောက်ပေမဲ့ မသိတဲ့သူတွေရှိနေမှာစိုးလို့ပါ ။
ရှောင်-ဆိုတာက ကိုယ့်ထက် ငယ်တဲ့သူတွေနာမည်ရှေ့မှာ ထည့်ခေါ်တာပါ ။ မြန်မာလိုဆို (လေး)လိုပါပဲ ။
လောင်-ကတော့ ကိုယ့်ထက်ကြီးတဲ့သူတွေကိုခေါ်တာပါ ။

•°•°•

『Zawgyi』

《မွတ္ဉာဏ္ေကာင္းတဲ့သူေတြက အၿငိဳးအေတးႀကီးတယ္》

ထိုသူက ထ်န္းခ်ံဳအေျခစိုက္စခန္းတြင္ ရိွေနခဲ့ၿပီး ဌာနမွဴးကိုယ္တိုင္ သြားေခၚလာရသည့္ လူလည္းျဖစ္သည္ ။

စုန္႔ခ်င္းလန္ သတင္းရၿပီးသည္ႏွင့္ စခန္းဆီ ၪီးတည္လိုက္၏ ။ သူ၏ အရပ္ႏွင့္ ေျခတံရွည္မ်ားေၾကာင့္ ေလ်ွာက္လမ္းကို ျဖတ္ကာ ေရႊ့ေျပာင္းခန္းထဲေရာက္ဖို႔ ေျခလွမ္းအနည္းငယ္သာ လွမ္းလိုက္ရသည္ ။

"ေခါင္းေဆာင္စုန္႔ "

"အာ ေခါင္းေဆာင္စုန္႔ "

လမ္းတစ္ေလ်ွာက္ ေတြ့သမ်ွ လူတိုင္းက သူပံုမွန္အတိုင္းရိွေနသည္ကို ျမင္ေသာ္ျငား တစ္ေယာက္ၿပီးတစ္ေယာက္ ေအာ္ကာ ႏႈတ္ဆက္လာ၏ ။ မီးေတာင္သည္ ထိုၾသဇာႀကီးမားသည့္ အရိွန္အဝါႏွင့္ ထိန္းခ်ဳပ္မႈေအာက္တြင္ ေပါက္ကြဲေတာ့မည္ျဖစ္ေၾကာင္း သူတို႔တစ္နည္းနည္းျဖင့္ ခံစားမိခဲ့ၾကသည္ ။

သိပ္မၾကာခင္မွာပဲ ေခါင္းေဆာင္စုန္႔က တစ္စံုတစ္ေယာက္ကို တရားဝင္ ေမာင္းထုတ္ပစ္ေတာ့မည္ဟူေသာ အတင္းအဖ်င္းက ဌာနတစ္ခုလံုး ပ်ံ့ႏွံ႔သြား၏ ။

မိနစ္အနည္းငယ္ၾကာေသာအခါ စုန္႔ခ်င္းလန္ ေျမေအာက္ကို ေရာက္လာ၏ ။

[ႀကိဳဆိုပါတယ္ စုန္႔ခ်င္းလန္ ၊ ထ်န္းခ်ံဳမွ ျပန္လည္ႀကိဳဆိုပါတယ္ ]

ေဘးႏွစ္ဖက္လံုးမွ တံခါးမ်ား ပြင့္ဟသြားၿပီး အီလက္ထေရာနစ္အမ်ိဳးသမီးအသံထြက္ေပၚလာသည္ ။ မစ္ရွင္မစတင္ခင္ထြက္ေပၚလာသည့္အခ်ိန္မ်ားကဲ့သို႔ပင္ ထိုအသံက ညင္သာေနဆဲ ။

လြန္ခဲ့သည့္ အႏွစ္ႏွစ္ဆယ္ေက်ာ္ အခ်ိန္တုန္းက ႏိုင္ငံ့သိပၸံအဖြဲ႔အစည္းက အခ်ိန္ခရီးသြားျခင္းႏွင့္ပတ္သက္ၿပီး ရွာေဖြေတြ့ရိွခဲ့ၾကသည္ ၊ ထိုမွတစ္ဆင့္ ယေန့ေခတ္
အခ်ိန္စီမံမႈအဖြဲ႔အစည္းအျဖစ္ ဖြံ႔ၿဖိဳးလာ၏ ။ ႏိုင္ငံေပါင္းစံုတြင္ ဌာနခြဲမ်ား ရိွေသာ္လည္း ဒီေနရာတြင္ရိွသည္က ပင္မဌာနခ်ဳပ္ ျဖစ္သည္ ။ ေျမေအာက္ ႏွစ္ကီလိုမီတာ အနက္တြင္ လူေထာင္ေပါင္းမ်ားစြာက အခ်ိန္အေတာ္ၾကာ ပင္ပန္းခက္ခဲစြာ အလုပ္လုပ္ေနၾကရသည္ ။ ေမွာင္မဲေသာ ေျမေအာက္ ပင္မဌာနခ်ဳပ္က  ေန့ေန့ညည အၿမဲတေစ လင္းခ်င္းေနၿမဲ ။

စုန္႔ခ်င္းလန္သည္ ေရႊ့ေျပာင္းခန္းမွ ထြက္လိုက္ၿပီး မိနစ္အနည္းငယ္ လမ္းေလ်ွာက္ၿပီးသည့္ေနာက္တြင္ေတာ့ အျဖဴေရာင္ နံရံေရ႔ွတြင္ ရပ္တန္႔လိုက္၏ ။ သူနံရံကို အသာ ဖိလိုက္ေသာအခါ မျမင္ရေသာ တံခါးတစ္ခ်ပ္က ပြင့္ဟသြားေလသည္ ။

"ဒုန္း !"

အခန္းထဲရိွ လူမ်ားမွာ ထိတ္လန္႔သြားရၿပီး သူ႔ကို လွည့္ၾကည့္လာၾကသည္ ။

သက္လတ္ပိုင္းအရြယ္ အမ်ိဳးသမီး ဌာနမွဴး၏ ေဘးတြင္ တစ္စံုတစ္ေယာက္ ရပ္ေနခဲ့သည္ ။

ၾကမ္းျပင္မွ မ်က္ႏွာၾကက္အထိ ျမင့္မားေသာ ျပတင္းေပါက္၏ အျပင္ဘက္တြင္ေတာ့ ထြန္းလင္းေတာက္ပေသာ စက္ဝိုင္းခံုးသ႑ာန္ ျမင္ကြင္းရိွသည္ ။ ထိုအရာမွာ က်ယ္ျပန္႔ေသာ စၾကဝဠာအတြင္းရိွ နဂါးေငြ့တန္းႏွင့္ပင္ ခပ္ဆင္ဆင္တူေနေသး၏ ။

ျပတင္းေပါက္ေရ႔ွရိွ လူက အျဖဴေရာင္ သာမန္ရွပ္အက်ႌႏွင့္ သူ႔၏ ေသးသိမ္ေသာခါးကို ေပၚလြင္ေစသည့္ ေဘာင္းဘီအနက္ကို ဝတ္ဆင္ထားသည္ ။ သူသည္ အရပ္ရွည္ကာ တည္ၾကည္ၿပီး ႏွင္းထူေသာ ေရကန္ေဘးမွ ထင္းရႉးပင္ကို အမွတ္ရေစသည္ ။

ေတာက္ပေနသည့္ ၾကယ္အလင္းေရာင္က ဒီလူ၏ အသားအရည္ကို ပိုျဖဴေဖ်ာ့သြားေစ၏ ။ သူ၏ ေျဖာင့္စင္းေသာႏွာတံ ၊ ေတာက္ပေသာမ်က္ဝန္း ၊ သူ႔မ်က္ႏွာသြင္ျပင္အကုန္လံုးက ေသသပ္တိက်စြာ..အထူးသျဖင့္  ထိုလွပသည့္အသြင္ရိွေသာ ႏႈတ္ခမ္းမ်ားပင္ ။ အလင္းေရာင္မ်ားက ေက်ာ့ရွင္းၿပီး အသေရတင့္သည့္ ထိုမ်က္ႏွာကို ပိုလို႔ပင္ ထင္သာျမင္သာရိွေအာင္ ပံ့ပို႔ေပးေန၏ ။

ေမ့ေပ်ာက္ႏိုင္ဖြယ္ရာမရိွခဲ့ ။

ထိုသူ႔ကိုျမင္လိုက္သည့္အခိုက္ စုန္႔ခ်င္းလန္က သူ႔အဖြဲ႔သားမ်ား ေလ့က်င့္ေရးခန္းထဲတြင္ ေျပာေနသည့္စကားမ်ားကို ဘာရယ္မဟုတ္ သတိရသြားသည္ ။

"ငါတို႔သူ႔ကို မတိုက္ခိုက္တတ္ဘူး ေျပာတုန္းက သူမလာဘူး ၊  ငါတို႔သူ႔ကို အလွေခါင္းအံုးလို႔ ​ေခၚတုန္းကလဲ သူမလာဘူး ၊ ဒါေပမဲ့ ငါတို႔တစ္ဖြဲ႔လံုးက ေဂးမုန္းတီးတဲ့သူေတြလို႔ေျပာတာနဲ႔ သူေရာက္ခ်လာတယ္ ၊ သူငါတို႔ကို စိန္ေခၚဖို႔ လာတာလား.. သူ႔ဆြဲေဆာင္မႈေတြကို ျပဖို႔လာတာလားဆိုတာ ဘယ္သူသိမွာလဲ !"

"တံခါးမေခါက္ျပန္ဘူး !" ဌာနမွဴးဝမ္က ေဝဖန္ျပစ္တင္လာ၏ ။ "ငါ့အထင္ ထ်န္းခ်ံဳဌာနတစ္ခုလံုးမွာ စည္းကမ္းေတြကို ဆက္တိုက္အေလးမထားတာ မင္းတစ္ေယာက္ပဲ ရိွမယ္ ! "

စုန္႔ခ်င္းလန္က အေတြးလြန္ေနရာမွ အသိျပန္ဝင္လာၿပီး တည္တည္ၿငိမ္ၿငိမ္ပင္ အထဲသို႔ လမ္းေလ်ွာက္ဝင္လာ၏ ။

သူ႔မွာ ဒီကိစၥကို ျပန္ၿပီး သံုးသပ္ဖို႔ စိတ္ကူးမရိွဘဲ ႏႈတ္ခမ္းေထာင့္ေတြကို တြန္႔ေကြးလိုက္သည္ ။ "အဖြဲ႔သားအသစ္ေရာက္ၿပီ ၾကားတယ္ ၊ ဌာနမွဴးဝမ္ ၊ ဘာလို႔ ကြၽန္ေတာ္တို႔ကို အသိမေပးတာလဲ...ဒါမွ သူ႔ကိုႀကိဳဆိုလို႔ရေအာင္ကို "

ထိုသို႔ေျပာၿပီးသည္ႏွင့္ စုန္႔ခ်င္းလန္၏အၾကည့္က ထိုလူထံ က်ေရာက္သြားသည္ ။ "အႀကံေပးက်စ္ "

ေခၚဆိုလိုက္ပံုက ရန္လိုဟန္မ်ား အျပည့္ပင္ ။

သူ႔မ်က္စိေရ႔ွမွ လူက Bအဆင့္မစ္ရွင္မ်ားကိုသာ ၿပီးေျမာက္ေသာ န်ဥ္းၿမိဳ႔ဌာနမွ မွတ္တမ္းတင္သူ တစ္ေယာက္ျဖစ္သည္ ။ သူ႔ကို ေစာင့္ေရွာက္သူအဖြဲ႔ဆီသို႔ အထူးအႀကံေပးဆိုသည့္ ရာထူးျဖင့္ ေရႊ့ေျပာင္းလိုက္ျခင္းျဖစ္သည္ ။

စုန္႔ခ်င္းလန္၏ အထင္ေသးမႈ ၊ မေက်နပ္မႈႏွင့္ တစ္ဖက္လူကိုစစ္ေဆးေနမႈမ်ားမွာ အင္မတန္ သိသိသာသာပင္ ။

က်စ္ယြီရွီသည္ စုန္႔ခ်င္းလန္၏ အၾကည့္ေအာက္မွ ေရွာင္ဖယ္ျခင္း ၊ ပုန္းကြယ္ျခင္း မရိွဘဲ ေအးေဆးစြာ ျပန္စိုက္ၾကည့္ေနသည္က တစ္ဖက္လူက ဘယ္သူဆိုတာ မသိသေယာင္ ။ သူသည္ တစ္ေလ်ွာက္လံုး ဘာစကားတစ္ခြန္းမွ မေျပာဘဲ တိတ္ဆိတ္ေနခဲ့သည္ ။

ေလထုသည္ အေတာ္ၾကာ ၿငိမ္သက္ေန၏ ။ အမ်ိဳးသားေကာင္း၏
တံု႔ျပန္မႈက အေပၚယံတြင္ေတာ့ တည္ၿငိမ္ကာ မယိမ္းမယိုင္ ၊ သို႔ေသာ္ အတြင္းစိတ္မွာေတာ့ လိႈင္းထန္ေနေလၿပီ။

ဌာနမွဴးဝမ္သည္ ႏွစ္ေယာက္ၾကားက လိုက္ေလ်ာညီေထြမျဖစ္မႈႀကီးကို ဘယ္လိုလုပ္ မသိဘဲ ေနလိမ့္မည္နည္း ။ မေတြ့ဆံုခင္ကတည္းက သူမဘက္က လူက တစ္ဖက္လူအား သြားဆြကာေစာ္ကားခဲ့ၿပီး ျဖစ္သည္ ။ အဆံုးမွာေတာ့ ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ သူမကပဲ သူ႔အစားျပန္လည္ဖ်န္ေျဖေပးရေပမည္ ။

"အႀကံေပးက်စ္ကို စခန္းကို ျပဖို႔ ေခၚလာတာေလ ၊ မင္းဒီေလာက္ထိ
စိတ္မရွည္ျဖစ္ေနမယ္လို႔ေတာ့ ငါမထင္ခဲ့မိဘူး " ဌာနမွဴးဝမ္က ဘာမွမျဖစ္ခဲ့သလို ဟန္ေဆာင္ကာ ႏူးညံ့သိမ္ေမြ့စြာ မိတ္ဆက္ေပးလာ၏ ။

"အႀကံေပးက်စ္ ၊ ဒါက တပ္ဖြဲ႔ ၇ ရဲ့ေခါင္းေဆာင္ ၊ ၿပီးေတာ့ ထ်န္းခ်ံဳစနစ္ေအာက္မွာ အလားအလာအရိွဆံုးနဲ႔ အသက္အငယ္ဆံုးေခါင္းေဆာင္ေပါ့ ၊ အသက္ငယ္ငယ္နဲ႔ Aအဆင့္ရိွတဲ့ မစ္ရွင္ ၁၂ခုေတာင္ လုပ္ၿပီးလို႔ သူ႔ၾကယ္အဆင့္က တစ္ပြင့္ေရာက္ေနၿပီ ။ တရားဝင္ မိတ္ဆက္ေပးရေအာင္ ၊ သူ႔နာမည္က စုန္႔ခ်င္းလန္တဲ့ ၊ မင္းတို႔ အရင္က မေတြ့ဖူးၾကဘူး ထင္တယ္ "

က်စ္ယြီရွီက အနည္းငယ္ အံ့ၾသသြားသည္ ။ သူ႔အၾကည့္ေတြကို ျပန္ရုတ္သိမ္းလိုက္ၿပီး ထိုစာလံုးႏွစ္လံုးကို မသိလိုက္မသိဘာသာ ျပန္ေရရြတ္မိ၏ ။ "စုန္႔...ခ်င္းလန္? "

သူ႔အသံက ႏူးညံ့ညင္သာလြန္းၿပီး အင္မတန္ နားေထာင္လို႔ေကာင္းသည္ ။ ထိုအသံက စုန္႔ခ်င္းလန္ ေမ်ွာ္လင့္ထားခဲ့သည့္ အသံပင္ ။

ျပည္သူ႔ေရးရာဝန္ထမ္းမ်ား၏ အသံမ်ားမွာ အကုန္လံုး ထိုအသံအတိုင္း ခပ္ဆင္ဆင္တူၾကသည္သာ ။

ဌာနမွဴးဝမ္က ၿပံဳးလိုက္ကာ "ေနသာတယ္ဆိုတဲ့ 'ခ်င္း'နဲ႔ ေတာင္ေလရဲ့ 'လန္'...တူတယ္မလား ၊ မိန္းက--"

စုန္႔ခ်င္းလန္က မ်က္စိပ်က္မ်က္ႏွာပ်က္ႏွင့္ ၾကားျဖတ္​ေျပာလိုက္၏ ။ "ဌာနမွဴးဝမ္ "

က်စ္ယြီရွီကေတာ့ သူမ၏ စေနာက္ေနသည့္ ေလသံကို သတိထားမိပံုမေပၚေပ ။ သူက မ်က္ခံုးေတြကို အလ်င္အျမန္ ေျဖေလ်ွာ့လိုက္ၿပီး ဆိုလာ၏ ။ "တကယ္ေတာ့ ေခါင္းေဆာင္စုန္႔ကို ကြၽန္ေတာ္အရင္က ေတြ့ဖူးတယ္ "

ဌာနမွဴးဝမ္က စိတ္ဝင္စားသြားသည္ ။ "အိုး ?ဘယ္တုန္းကလဲ ?"

က်စ္ယြီရွီ၏ ေကာင္းမြန္သည့္အသံက ဆက္​ေျပာလာ၏ ။ "လြန္ခဲ့တဲ့ သံုးႏွစ္ ေအာက္တိုဘာ ၁၄ရက္ေန့က ၊ က်န္းၿမိဳ႔ဌာနခြဲမွာလုပ္တဲ့ ထ်န္းခ်ံဳးက ၪီးစီးတဲ့ သင္တန္းတစ္ခုမွာ ကြၽန္ေတာ္တက္ခဲ့တာ ၊ အဲ့အတန္းက ဌာနမွဴးဝမ္သင္ေပးတာေလ ၊ ေခါင္းေဆာင္စုန္႔ကလဲ အဲ့အခ်ိန္တုန္းက အဲ့ဒီအတန္းမွာတက္ခဲ့ေပမဲ့ ကြၽန္ေတာ္တို႔ အဲ့တုန္းက တစ္ေယာက္နဲ႔ တစ္ေယာက္ မသိခဲ့ၾကဘူး "

ဒီတစ္ခါတြင္ေတာ့ ဌာနမွဴးဝမ္က အံ့အားသင့္သြားရသည္ ။ "ထူးဆန္းလိုက္တာ ၊ မင္းလိုလူကို ငါဘယ္လို​မ်ား သတိမထားမိရတာလဲ ? "

ဌာနမွဴးဝမ္သာမက ၊ စုန္႔ခ်င္းလန္ကိုယ္တိုင္သည္လည္း ထိုအေၾကာင္းကို နည္းနည္းေလးမွ အမွတ္မရေပ ။ 

ေနာက္ေနတာလား ? ဘယ္သူက လြန္ခဲ့တဲ့ သံုးႏွစ္က ေတြ့ခဲ့ဖူးတဲ့ လူေတြအေၾကာင္း စဥ္းစားဖို႔ သတိရလို႔လဲ ?

က်စ္ယြီရွီက မေန့ကမွ ျဖစ္ပ်က္ခဲ့သလိုပင္ ထိုေန့က ျဖစ္ရပ္မ်ားအေၾကာင္း လြယ္လင့္တကူ ျပန္မွတ္မိႏိုင္သည္ ။  "ခန္းမက တအားက်ယ္တယ္ ၊ ၿပီးေတာ့ ကြၽန္ေတာ့္ခံုက အေနာက္မွာဆိုေတာ့ မမွတ္မိတာ ပံုမွန္ပါပဲ ၊ အဲ့ေန့က ဌာနမွဴးက အျပာႏုေရာင္ အက်ႌနဲ႔ စကတ္ကို Baroque ပုလဲနားကပ္နဲ႔ တြဲဝတ္ထားတာ ၊ ၿပီးေတာ့ ဆံပင္က အခုထက္ နည္းနည္းေလးတိုေသးတယ္ ၊ စာသင္ေနရင္း မတ္ခြက္ မေတာ္တဆက်ကြဲသြားလို႔ အသစ္တစ္ခြက္နဲ႔ လဲလိုက္ရေသးတယ္ ၊ မွတ္မိလား ?"

ဌာနမွဴးဝမ္က အလ်င္အျမန္ ေခါင္းညိတ္ျပေလသည္ ။ "မွတ္မိတယ္ !"

က်စ္ယြီရွီက ဆက္ေျပာ၏ ။"ေခါင္းေဆာင္စုန္႔ရဲ့ ခံုက တတိယလိုင္းရဲ့ ဘယ္ဘက္ကေန ေရရင္ ကိုးခံုေျမာက္မွာ ၊ သူက အတန္းခ်ိန္ ႏွစ္ခ်ိန္ဆက္တိုက္ အိပ္ေနၿပီးေတာ့ ေန့လယ္က် ေစာျပန္သြားတယ္ "

စုန္႔ခ်င္းလန္က မတတ္သာေတာ့ဘဲ
ေျပာလိုက္မိသည္ ။ " မင္းငါ့ကို ထူးထူးျခားျခားပဲ မွတ္မိေနတာလား ဒါမွမဟုတ္ ငါ့ကိုတိုင္ဖို႔မ်ား ႀကိဳးစားေနတာလား ?"

က်စ္ယြီရွီက စုန္႔ခ်င္းလန္အား  လွည့္ၾကည့္လာသည္ ။ သူ႔မ်က္ဝန္းေတြထဲ စုန္႔ခ်င္းလန္၏ ပံုရိပ္က ေရာင္ျပန္ဟပ္ေနခဲ့၏ ။ "ကြၽန္ေတာ္က အဲ့ဒီေန့မွာ ရိွေနခဲ့တဲ့ လူတိုင္းကို မွတ္မိေနရံုပါပဲ "

စုန္႔ခ်င္းလန္ ေမ့လုနီး ျဖစ္သြားေတာ့မလို႔ပင္ ။ အႏွီအႀကံေပးက်စ္မွာ အလြန္ေကာင္းသည့္ မွတ္ဉာဏ္
ရိွသည္ဟု ေကာလာဟလထြက္ခဲ့သူ ျဖစ္သည္ ။

စုန္႔ခ်င္းလန္က သြယ္ဝိုက္ကာ ေမးလိုက္၏ ။ "အႀကံေပးက်စ္ ၊ ကြၽန္ေတာ္ၾကားဖူးတာက မွတ္ဉာဏ္ေကာင္းတဲ့သူေတြက အၿငိဳးအေတးႀကီးတယ္တဲ့ "

က်စ္ယြီရွီသည္ ပြင့္ပြင့္လင္းလင္းပင္ ေျဖၾကားလာသည္ ။ "အမွန္ပဲ ၊ အေျခအေနေပၚေတာ့ မူတည္တာေပါ့ "

ဌာနမွဴးဝမ္က အေျခအေနေတြကို ဖ်န္ေျဖေပးလိုက္သည္ ။ "မင္းတို႔ေတြ့ဖူးေတာ့ ေကာင္းတာေပါ့ ၊ ေရွာင္စုန္႔က နည္းနည္း ေသြးပူလြယ္ၿပီး ဒဲ့တိုးသမားဆိုေတာ့ သူ႔အဖြဲ႔သားေတြကို ေဝဖန္ရင္ အၫွာအတာမရိွဘူး ၊ လူၾကားထဲ သူမ်ားေတြကို ငိုေအာင္လုပ္တာဆိုတာ သူအရင္က မလုပ္ဖူးတာမ်ိဳး မဟုတ္ဘူး ၊  ဌာနမွဴးလင္းဆီက ၾကားတာေတာ့ အႀကံေပးက်စ္ရဲ့ စရိုက္က အေတာ္ေအးေဆးၿပီး လိုက္ေလ်ာညီေထြေနတတ္တယ္ဆို ၊ အဖြဲ႔ဝင္အေနနဲ႔ ရိွတုန္းေတာ့ ေရွာင္စုန္႔နဲ႔ တအားလိုက္ေလ်ာညီေထျြဖစ္ေအာင္ေနစရာမလိုပါဘူး ၊ အမွားလုပ္မိရင္လဲ မွားပါေစေပါ့  "

က်စ္ယြီရွီသည္လည္း ဟိတ္ဟန္ႀကီးသည့္ လူမ်ိဳးမဟုတ္ေပ ။ သူက ေျဖလိုက္ပါ၏ ။ " စိတ္မပူပါနဲ႔ ၊ အလုပ္အတြက္ျဖစ္ေနသေရြ့  ကြၽန္ေတာ္ ပူးေပါင္းေပးမွာပါ "

စုန္႔ခ်င္းလန္က အသာ ရယ္လိုက္ရင္း ထိုကိစၥႏွင့္ ပတ္သက္လို႔ ဂရုစိုက္ပံုမေပၚေပ ။ "အဲ့လိုဆို ေကာင္းတာေပါ့ "

စကားစျမည္ ေျပာၿပီးသည့္ေနာက္တြင္ေတာ့ ဌာနမွဴးဝမ္က အေရးႀကီးသည့္ ကိစၥမ်ားအေၾကာင္း စတင္ေျပာျပလာ၏ ။

"မစ္ရွင္က ေနာက္တစ္ပတ္စေဆာင္ရြက္ရလိမ့္မယ္ ၊ မနက္ျဖန္ကစၿပီး အႀကံေပးက်စ္က အဖြဲ႔သားေတြ ၊ အလုပ္လုပ္ရတဲ့ ပတ္ဝန္းက်င္ေတြနဲ႔ ရင္းႏွီးေနေအာင္ ေရွာင္စုန္႔နဲ႔ လိုက္သြားသင့္တယ္ ၊ 
ေလ့က်င့္ေရးကြင္းမွာ ပစၥည္းေတြအမ်ားႀကီးရိွတယ္ ၊ အထူးသရုပ္ေဖာ္တိုက္ခိုက္ေရးစနစ္ေရာပဲ ၊ ၾကားဖူးတာေတာ့ အႀကံေပးက်စ္က အရင္က ေတာ္ဝင္တပ္ဖြဲ႔ထဲလဲ ဝင္ဖူးေသးတယ္ဆို ?"

စုန္႔ခ်င္းလန္က မ်က္ခံုးမ်ားကို ပင့္တင္လိုက္၏ ။ သူယံုၾကည္သည့္ပံုမေပၚေပ ။

ေသခ်ာေပါက္ကို က်စ္ယြီရွီက သူ႔အေတြးေတြကို ခ်က္ခ်င္းအတည္ျပဳေပးလိုက္သည္ ။ "ကြၽန္ေတာ္က စာရြက္စာတမ္းကိစၥေတြပဲလုပ္ၿပီး အဲ့မွာ ႏွစ္လပဲ ေနခဲ့တာပါ "

ထိုသို႔ ႏိွမ့္ခ်သည္လည္း မဟုတ္ ၊ ေမာက္မာသည္လည္း မဟုတ္သည့္
အက်င့္စရိုက္က အထူးတပ္ဖြဲ႔ေနာက္ခံရိွေသာ စုန္႔ခ်င္းလန္ကို ရယ္ေမာခ်င္စိတ္ျဖစ္ေစသည္ ။

ဒီလို ပိန္ပါးၿပီး ထိလြယ္ရွလြယ္ခႏၶာကိုယ္ႏွင့္ လူတစ္ေယာက္က ဘယ္လိုလုပ္ ေရ႔ွတန္းမွာ တိုက္ခိုက္ႏိုင္မွာတဲ့လဲ ?

ဌာနမွဴးဝမ္က ေခါင္းညိတ္ကာ " ကင္းေထာက္ေတြက တိုက္ခိုက္ႏိုင္စြမ္း ျမင့္ဖို႔ မလိုေပမဲ့ နည္းနည္းေတာ့ ေလ့က်င့္ထားတာ ပိုေကာင္းမယ္ ၊ ဒီႏွစ္ လူသစ္ေခၚထားတဲ့ အသုတ္က မနက္တိုင္း အတန္းေတြ ရိွတယ္ ၊ အႀကံေပးက်စ္ အဲ့မွာ တက္ခ်င္ရင္ တက္လို႔ရတယ္ "

"သူတို႔လာၿပီ !"

"သူတို႔ထြက္လာၿပီဟ !"

"ျမန္ျမန္ ၊ ျမန္ျမန္ ..သူတို႔ရန္စျဖစ္ေနၾကၿပီလား "

"ဌာနမွဴးဝမ္ကေရာ ခြက္တစ္ခြက္ေလာက္ မခြဲရေသးဘူးလား? "

ေမာ္နီတာေရ႔ွတြင္ ေခါင္းမ်ား စုၿပံဳေနၾကၿပီး ေလ်ွာက္လမ္းတြင္လည္း ဟိုေယာင္ေယာင္ ဒီေယာင္ေယာင္ လုပ္ေနၾကသၫ့္ လူမ်ားရိွသည္ ။

ေရႊ့ေျပာင္းခန္းက ပြင့္ဟလာခဲ့သည့္ေနာက္ ဌာနမွဴးဝမ္က ေဒါက္ဖိနပ္ႏွင့္ အရင္ဆံုး အျပင္ကိုလွမ္းလာသည္ ။ သူမက သူမရံုးခန္းဆီသို႔ ျပန္သြားေတာ့မည့္ပံုပင္ ။ 

ထို႔ေနာက္တြင္ေတာ့ စုန္႔ခ်င္းလန္ ထြက္လာၿပီး သူ႔ေနာက္တြင္ေတာ့ က်စ္ယြီရွီက လိုက္ပါလာသည္ ။

ႏွစ္ေယာက္ၾကားရိွ အရပ္ကြာျခားခ်က္မွာ ေခါင္းတစ္ဝက္စာထက္ နည္းနည္းပိုမ်ား၏ ။ တစ္ေယာက္က ရဲရင့္ၿပီး ေနာက္တစ္ေယာက္က တင့္တယ္သည္ ။

စုန္႔ခ်င္းလန္၏ အဖြဲ႔ဝင္အသစ္အေပၚ ႀကိဳဆိုရန္ စိတ္အားထက္သန္မႈကင္းမဲ့ပံုကို ေမာ္နီတာမ်က္ႏွာျပင္မွပင္ ခံစားလို႔ရေနသည္ ။ သူ႔အရပ္ကလန္ကလားႏွင့္ ေရ႔ွသို႔ အလ်င္အျမန္သာ ေလ်ွာက္ေနလ်က္ ေနာက္သို႔ တစ္ခ်က္လွည့္မၾကည့္ ။ အႀကံေပးက်စ္ကေတာ့ ထင္သည့္အတိုင္း အင္မတန္ၾကည့္ေကာင္းလွၿပီး စုန္႔ခ်င္းလန္ေနာက္မွ ေျခလွမ္းက်ယ္ျဖင့္ ေလ်ွာက္လွမ္းေနကာ အခက္အခဲ သိပ္ရိွပံုမေပၚ ။

ႏွစ္ေယာက္သားက စကားတစ္ခြန္းပင္မဆိုဘဲ ေလ့က်င့္ေရးကြင္းဆီ သြားလိုက္ၾက၏ ။ အကုန္လံုး၏ ေခါင္းထဲ၌ အေမးသေကၤတမ်ားျဖင့္ ျပည့္ႏွက္သြားၾကသည္ ။

ဒါ-ဒါပဲလား ?

စုန္႔ခ်င္းလန္က ဒီအတိုင္း လက္ခံလိုက္တာပဲလား ?

သေဘာတူထားတဲ့ ေသြး​စိမ္းရွင္ရွင္က်ၿပီး လာလမ္းအတိုင္း ျပန္ပို႔မယ္ဆိုတာကေရာ ဘာျဖစ္သြားၿပီလဲ ?

ႏွစ္ေယာက္ အတူတူျပန္လာသည္ကို ျမင္ေသာအခါ ေလ့က်င့္ေရးကြင္းထဲမွ အဖြဲ႔သားမ်ားသည္လည္း အံ့ၾသသြားရသည္ ။ ဘာေတျြဖစ္ကုန္တာလဲ ?

စုန္႔ခ်င္းလန္က ကြင္းျပင္ေနရာလြတ္ဆီ တန္းေလ်ွာက္သြားၿပီး လက္ခုပ္တီးကာ လူစုလိုက္သည္ ။

"ဒီမွာ ၊ မင္းတို႔ကို မိတ္ဆက္ေပးမယ္ ၊ ဒါက ငါတို႔ရဲ့ေနာက္လာမဲ့ မစ္ရွင္ကို ၿပီးေျမာက္ေအာင္ ကူညီေပးမဲ့ န်ဥ္းၿမိဳ႔ဌာနက ဌားလိုက္တဲ့ လုပ္ေဖာ္ကိုင္ဖက္ ၊ သူက အဖြဲ႔ရဲ့ ကင္းေထာက္အေနနဲ႔ တာဝန္ယူမွာျဖစ္ၿပီး အထူးအႀကံေပးလို႔ေခၚတဲ့ က်စ္ယြီရွီ ၊ အႀကံေပးက်စ္ "

က်ားေဟာ္မုန္းေတြႏွင့္ ျပည့္လ်ွံေနသည့္ ေစာင့္ေရွာက္သူအုပ္စု အေရ႔ွ၌ အျဖဴေရာင္ရွပ္အက်ႌႏွင့္ က်စ္ယြီရွီသည္ လံုးဝမတူညီကြဲျပားသည့္ ျဖစ္တည္မႈ တစ္ခုလိုပင္ ။

ဤသည္မွာ အျဖဴေရာင္ ယုန္ေပါက္ေလးက ျခေသၤ့အုပ္ထဲ မေတာ္တဆ လမ္းမွား ေရာက္လာသေယာင္ ။

သို႔ေပသည့္ က်စ္ယြီရွီမွာ လံုးဝတည္ၿငိမ္ေနကာ နည္းနည္းေလးေတာင္ စိတ္မသက္မသာ ျဖစ္ပံုမေပၚေပ ။ သူက ႏႈတ္ခမ္းကိုဟၿပီး ေျပာလာ၏ ။ " မဂၤလာပါ "

"ဒါက သြမ့္ဝမ္ ၊ က်ိဳးမင္ရႊမ္း ၊ လီခြၽင္းနဲ႔ အႁမြွာႏွစ္ေယာက္ ထန္းလဲ့နဲ႔ ထန္းခ်ီ " စုန္႔ခ်င္းလန္က အစဥ္အတိုင္း မိတ္ဆက္ေပးလိုက္သည္ ။

"အစဥ္အတိုင္းပဲ ၊ သူတို႔က ထိန္းခ်ဳပ္မႈ ၊ စက္ယႏၲရား ၊ ေထာက္ပို႔ နဲ႔ ဘယ္ညာေတာင္ပံေတြမွာ တာဝန္ယူထားတယ္ ။ အဖြဲ႔ထဲ ယြီမ်ိဳးရိုးနဲ႔ ကင္းေထာက္တစ္ေယာက္ရိွေသးတယ္ ၊ မင္းကအခု သူ႔ေနရာ ယာယီတာဝန္ယူထားတာ "

ရင္းႏွီးကြၽမ္းဝင္မႈမရိွေသာ အဖြဲ႔သားမ်ားက တူညီေသာ ယူနီေဖာင္းမ်ားကို ဝတ္ဆင္ထားၾကသည္ ။ သူတို႔မ်က္ႏွာမ်ားမွလြဲ၍ သိသာထင္ရွားေသာ ကြဲျပားျခားနားခ်က္ မရိွပါေခ်  ။ ထို႔အျပင္ ရုပ္ခ်င္း ခြၽတ္စြပ္တူေနေသာ အႁမြွာႏွစ္ေယာက္ပင္ ရိွေနေသးသည္ ။

သို႔ေသာ္ စုန္႔ခ်င္းလန္က အလြန္လ်င္ျမန္စြာပင္ ေျပာသြား၏ ။ က်စ္ယြီရွီအတြက္ ခက္ခဲေအာင္ တမင္တကာလုပ္သည္လား ၊ အၿမဲ  စကားကို ​ျဖစ္သလို ေျပာတတ္၍လားဆိုတာ မသဲကြဲ။

က်စ္ယြီရွီက ေခါင္းသာညိတ္လိုက္၏ ။ သူအကုန္လံုးကို မွတ္မိႏိုင္ရဲ့လားဆိုတာေတာ့ မသိရ ။

စုန္႔ခ်င္းလန္သည္ သူ႔အား အသက္ရႉဖို႔ အခ်ိန္ေလးေတာင္မေပးခဲ့ ။ သူက အစီအစဥ္ခ်ကာ " ေလာင္သြမ့္ ၊ မင္းရဲ့အပိုင္းက ကင္းေထာက္တာဝန္နဲ႔ နည္းနည္းဆက္စပ္မႈရိွတယ္ ။ ကင္းေထာက္ရဲ့ အလုပ္ေတြက ဘာေတြပါလဲဆိုတာ သူနားလည္ေအာင္ အရင္ဆံုး ျပလိုက္ "

သြမ့္ဝမ္ : "ဟင္ ? မ-မျမန္လြန္းဘူးလား ? "

ပံုမွန္ဆို ဌာနတစ္ခုခ်င္းစီကို လိုက္ျပၿပီး ပတ္ဝန္းက်င္နဲ႔ရင္းႏွီးလာေအာင္ အရင္လုပ္ခိုင္းရမွာ မဟုတ္ဘူးလား ?

စုန္႔ခ်င္းလန္ : "အခ်ိန္က ဘယ္သူ႔ကိုမွ ေစာင့္မေနဘူး ၊ ေနာက္လာမဲ့ တာဝန္လုပ္ဖို႔ ျမန္လြန္းေနၿပီလို႔ မင္းထင္ေနလား ? "

သြမ့္ဝမ္ :" ဟုတ္ကဲ့ပါ ဆရာ!"

စုန္႔ခ်င္းလန္က အသစ္ေရာက္လာသည့္ အႀကံေပးက်စ္အား မ်က္ႏွာသာေပးဖို႔ အစီအစဥ္မရိွေၾကာင္း ပိုင္းျခားတတ္သည့္ မ်က္စိပါသည့္လူတိုင္း ျမင္ႏိုင္ေပသည္ ။

က်စ္ယြီရွီကေတာ့ အထြန္႔တက္စရာရိွသည့္ပံု မေပၚ ။ သူသည္ အလြန္ ပူးေပါင္းေဆာင္ရြက္စြာျဖင့္ ေလာင္သြမ့္ႏွင့္အတူ ထြက္သြားေလ၏ ။
မဟုတ္ရင္လည္း စုန္႔ခ်င္းလန္ႏွင့္ ထိပ္တိုက္ေခါင္းခ်င္းဆိုင္ဖို႔ ဘယ္တုန္းကမွ အႀကံအစည္မရိွခဲ့တာ ျဖစ္ႏိုင္သည္ ။

သူတို႔ထြက္ခြာသြားသည္ႏွင့္ စုန္႔ခ်င္းလန္က ပံုမွန္အေျခအေန ျပန္ျဖစ္သြားသည္ ။ သူက မ်က္ခံုးကို အနည္းငယ္ ပင့္ရင္း

" ဘာၾကည့္ေနၾကတာလဲ ? မင္းတို႔မ်က္လံုးေတြ အျပင္ကို ကြၽတ္ထြက္လာေတာ့မယ္ ၊ ကိုယ့္ဘာသာ ျပန္ၾကည့္အံုး  "

"ေဘာစ့္ ၊ သူက တကယ္ၾကည့္ေကာင္းတာပဲ !"

"လွတယ္ဆိုတဲ့ စာလံုးကို ေယာက္်ားေလးေတြကိုသံုးတာ မသင့္ေတာ္ဘူးလို႔ ကြၽန္ေတာ္အရင္ကထင္ခဲ့တာ ၊ ဒါေပမဲ့ အခုေတာ့ အေတာ္ေလး သင့္ေတာ္တယ္လို႔ ထင္တယ္ "

"ကြၽန္ေတာ္တို႔အကုန္ အစားတူတူစားၿပီး အကုန္လံုးက လူသားေတြခ်ည္းျဖစ္တာေတာင္ သူက ဘယ္လိုမ်ား ဒီလိုႀကီးျပင္းလာရတာလဲ ? ခုနက ဒီေလာက္နီးနီးေလးကို သူ႔မ်က္ႏွာမွာ ေခြၽးေပါက္တစ္ခုေတာင္  မျမင္လိုက္ဘူး ၊ သူ႔အသားအရည္က တကယ္ ေကာင္းလြန္းတယ္ "

ခုနက စုန္႔ခ်င္းလန္ထံမွ ေခါင္းအရိုက္ခံလိုက္ရေသာ မ်က္စိက်ဥ္းက်ဥ္း ကတံုးဆံပင္ေပါက္ႏွင့္ က်ိဳးမင္ရႊမ္းက သက္ျပင္းခ်၏ ။ "ဖာခ့္ ၊ ငါအခု အရူးလို ခံစားေနရၿပီ ၊ သူ႔လိုလူမ်ိဳးက ေသခ်ာေပါက္ ငါ့ကို ထည့္စဥ္းစားမွာေတာင္ မဟုတ္ဘူး "

"ေနာင္တရေနတာလား ? " စုန္႔ခ်င္းလန္သည္ ေျခေထာက္ကို ႂကြကာ သူ႔အား တစ္ခ်က္လွမ္းကန္လိုက္သည္ ။ "မင္းမိသားစု မ်ိဳးဆက္အတြက္ စိတ္မပူေတာ့ဘူးလား ? "

က်ိဳးမင္ရႊမ္းက ရွက္ရြံ႔စြာျဖင့္ ရယ္ေမာလိုက္၏ ။

"ေဘာစ့္ ၊ ကြၽန္ေတာ္တို႔ သူ႔ကို တကယ္ႀကီး ဒီမွာေပးေနေတာ့မလို႔လား ?"

"သူက ေသခ်ာေပါက္ကို လံုးဝ တိုက္ခိုက္တတ္မဲ့ပံုမေပၚဘူး ၊ ၾကည့္ေကာင္းတာကလြဲၿပီး အသံုးမဝင္ဘူးပဲ ! "

"ကြၽန္ေတာ္က ခင္ဗ်ား ျငင္းမယ္ ထင္ခဲ့တာ ၊ ဒါက ခင္ဗ်ားနဲ႔မတူလိုက္တာ "

စုန္႔ခ်င္းလန္က သူ႔အစီအစဥ္မ်ားအား တိုက္ရိုက္ရွင္းျပလာ၏ ။

အတိုခ်ဳပ္ဆိုရေသာ္ :" အမိန္႔ကခ်ၿပီးေနၿပီ ၊ လူကလဲ ေရာက္ေနၿပီ ၊ ငါတို႔ေျပာင္းခ်င္ရင္ေတာင္ ေနာက္က်သြားၿပီ ၊ ေနာက္ရက္နည္းနည္းေလာက္ ဒီတိုင္းပဲ ေနလိုက္ ၊ မင္းမွာ ေျပာစရာရိွရင္ ၿပီးသြားတဲ့အထိ ေစာင့္ ၊ အခုအခ်ိန္မွာ ပန္းတိုင္ကတစ္ခုပဲရိွတယ္ : မစ္ရွင္ကို အႏၲရာယ္ကင္းကင္းနဲ႔ ၿပီးေျမာက္ေအာင္လုပ္ ! "

အကုန္လံုးက ညီၫြတ္စြာ ေအာ္လိုက္ၾကသည္ ။ "ဟုတ္ကဲ့ပါ ဆရာ!"

အဖြဲ႔သားမ်ား လူစုကြဲသြားၾက၏ ။

စုန္႔ခ်င္းလန္သည္ လြန္ခဲ့ေသာ သံုးႏွစ္မွ အတန္းအေၾကာင္းကို မသိစိတ္အရ  ျပန္ေတြးမိသြားသည္ ။ သို႔ေသာ္ အသံုးမဝင္ ။ ဘာလို႔ဆိုအာရံုမစိုက္ျခင္းႏွင့္ ေစာေစာျပန္ျခင္းကဲ့သို႔ေသာ ကိစၥမ်ားမွာ...သူအႀကိမ္အေရအတြက္မ်ားစြာ လုပ္ဖူးခဲ့သည့္အရာမ်ားပင္ ။

ထိုသူရဲ့ မွတ္ဉာဏ္....တကယ္တမ္း ေျပာရလ်ွင္ သူဒါကို အားသာခ်က္ဟု သတ္မွတ္လို႔ ရသည္ မဟုတ္လား ?

•°•°•

T/N>>

ေတာ္ေတာ္မ်ားမ်ား သိၾကေလာက္ေပမဲ့ မသိတဲ့သူေတြရိွေနမွာစိုးလို႔ပါ ။
ေရွာင္-ဆိုတာက ကိုယ့္ထက္ ငယ္တဲ့သူေတြနာမည္ေရ႔ွမွာ ထည့္ေခၚတာပါ ။ ျမန္မာလိုဆို (ေလး)လိုပါပဲ ။
ေလာင္-ကေတာ့ ကိုယ့္ထက္ႀကီးတဲ့သူေတြကိုေခၚတာပါ ။

•°•°•

Continue Reading

You'll Also Like

218K 19.9K 38
JiKook KookMin (Complete)
2M 151K 180
Yaoi Ongoing ရည္းစားျဖစ္သူက အိမ္ကိုေရာင္းၿပီးအေႂကြေတြ႔နဲ႔ျပစ္ထားခဲ့ခ်ိန္မွာ ကေလးငယ္တစ္ဦးကကံေကာင္းျခင္းေတြ႔ကိုယူေဆာင္လာၿပီးေနာက္ yakuzaေခါင္းေဆာင္နဲ...
50.6K 5.3K 12
Titel-《終雨之城》 Original Author-朱莉 Total chapters- 11 Type-Web novel Genre-Mystery,Psychological,Yaoi,Supernatural, Tragedy
169K 23.9K 49
Name : Who Dare Touch My Disciple!? [Notice : Not written in English.] Genre : historical, bl, fantasy, romance Start date : 19.7.2020 End date : 19...