'ကျွန်မ...' စုလိုင်လဲစုန့်ထင်ယွီရဲ့စစ်ဆေးမေးမြန်းတာကိုခံနေရတော့သူမဆွံအနေမိတယ်။စုရန်များကူပြောပေးမလားဆိုပြီးစုရန်ကိုကြည့်လိုက်တော့ သူမကမေးလေးထောက်ပြီးစုလိုင်တို့ကိုကြည့်နေတယ်။သူမကြည့်ရတာရုပ်ရှင်ကြည့်နေရသလိုမျိုးသဘောကျနေတဲ့ပုံဘဲ။
စုလိုင်လဲစုရန်ကိုအားကိုးလို့မရဘူးဆိုတာကိုသိသွားတယ်။ပြီးတော့စုန့်ထင်ယွီသူမကိုညစာစားဖို့ခေါ်တာကအဲ့ဒီညတုန်းကကိစ္စကိုမေးမလို့ဆိုတာကိုရှင်းရှင်းလင်းလင်းသိသွားပြီ။
ဒီနေ့ကသူမအတွက်ကောင်းတဲ့နေ့မဟုတ်ဘူးဆိုတာကိုစုလိုင်ခန့်မှန်းမိနေပြီ။
'စောစောတုန်းကကျွန်မခဏမေ့သွားလို့ပါ...' စုန့်ထင်ယွီမျက်လုံးတွေကိုမကြည့်ရဲတော့လို့စုလိုင်ခေါင်းငုံ့လိုက်တယ်။
စုန့်ထင်ယွီလဲသူမကိုလှောင်ရယ်လိုက်ပြီး: 'မင်းကအခုမှ၂၉နှစ်ဘဲရှိသေးတာကိုငယ်ငယ်ရွယ်ရွယ်နဲ့အတိတ်မေ့ရောဂါရနေပြီလား?'
စုန့်ထင်ယွီကသာတစ်ယောက်ယောက်ကိုဆန့်ကျင်ချင်တယ်ဆိုရင်ပထမတစ်ဆင့်မှာတင်ဘဲအဲ့ဒီလူကိုသူအလဲထိုးလိုက်နိုင်တယ်။သူပြောတဲ့စကားတွေကအရမ်းကိုပြင်းထန်လွန်းတော့ပြန်ချေပမနိုင်ဘူးဖြစ်နေတယ်။
စုလိုင်မျက်နှာပိုပြီးပျက်လာတာကိုစုရန်တွေ့တယ်။သူမဘာစကားမှတော့ပြန်မပြောဘူး။
စုန့်ထင်ယွီလဲထိုင်ခုံကိုဆွဲပြီးပြန်ထိုင်လိုက်တယ်။ပြီးတော့စုလိုင်ကိုကြည့်လိုက်ပြီး: 'စုလိုင် မင်းကိုငါနောက်ဆုံးအကြိမ်ထပ်မေးမယ်။အဲ့ဒီညတုန်းကမင်းစုရန်ကိုဖုန်းဆက်ခဲ့တယ်မလား?'
ကိစ္စတွေကဒီအထိတောင်ရောက်လာမှတော့သူမဝန်မခံချင်လဲဝန်ခံရတော့မယ်ဆိုတာကိုစုလိုင်သိနေပြီ။သူမသာဝန်မခံရင်နောက်ဆက်တွဲပြဿနာကသေးမှာမဟုတ်ဘူး။
သူမဝန်မခံရင်လဲဝန်ခံရအောင်သက်သေတွေကိုစုန့်ထင်ယွီကထပ်ပြီးပြင်ဆင်လာတဲ့ပုံဘဲ။အဲ့ဒီအခါကျရင်သူမတကယ်ကိုဒုက္ခရောက်တော့မှာ။
'ကျွန်မရှင့်ဖုန်းနဲ့စုရန်ကိုဆက်ခဲ့တာပါ' စုလိုင်စိတ်ပူနေတာတွေကိုဖုံးပြီးခေါင်းမော့လိုက်တယ်။
'မင်းကအရမ်းကိုတော်တာဘဲ' စုန့်ထင်ယွီထိုင်ခုံအနောက်ကိုမှီလိုက်ပြီး: 'ပြီးတော့အရှက်လဲမရှိဘူး'
စုလိုင်မျက်နှာဖျော့သွားတယ်။
သူမကိုဒီလိုမျိုးပြောတာကိုကြားရတာပထမဆုံးဘဲ။ဘာဘဲပြောပြောသူမကလဲစုအိမ်ကသမီးပါ။သူများတွေသူမကိုတွေရင်လေးလေးစားစားနဲ့နှုတ်ဆက်ကြတာ။ပြီးတော့သူမရုပ်ရည်နဲ့ပတ်သက်ပြီးချီးကျူးကြတာ။ဘယ်တုန်းကဒီလိုဆက်ဆံခံခဲ့ရလို့လဲ?
'အဲ့ဒီညတုန်းကမင်းဘယ်လိုအထဲကိုဝင်လာတာလဲ?ငါသန့်စင်ခန်းသွားနေတုန်းဝင်သွားတာလား?' အစကတည်းကစုလိုင်သူ့ဖုန်းကိုဘယ်လိုရသွားလဲဆိုတာကိုစုန့်ထင်ယွီခန့်မှန်းထားပြီးသား။သူသန့်စင်ခန်းသွားတဲ့အချိန်ဘဲဖြစ်မှာ။သူဖုန်းကိုအခန်းထဲမှာထားခဲ့တာ။သူမဘယ်လိုလုပ်ပြီးဖုန်းကိုယူသွားတာလဲ?
'ဟုတ်တယ်။ရှင်သန့်စင်ခန်းသွားတဲ့အချိန်ဘဲ။အဲ့ဒီတုန်းကရှင်အပြင်ကိုထွက်သွားတာကိုတွေ့ပြီးအခန်းထဲမှာလဲဘယ်သူမှမရှိတာနဲ့ကျွန်မ...' စုလိုင်နောက်ဆုံးပြောမယ့်စကားကိုချန်ထားပြီး ငိုသံနဲ့ပြောလိုက်တယ်: 'ထင်ယွီ တောင်းပန်ပါတယ်။ကျွန်မတမင်ရည်ရွယ်ပြီးလုပ်ခဲ့တာမဟုတ်ပါဘူး။ကျွန်မဒီအတိုင်းဘဲ...'
စုန့်ထင်ယွီလက်ကာပြလိုက်ပြီးစုရန်ကိုလက်ညှိုးထိုးလိုက်ကာ: 'မင်းသူ့ကိုတောင်းပန်သင့်တာ။မင်းဖုန်းဆက်လိုက်လို့သူသဝန်တိုသွားတာ။သူမအိပ်လဲမပျော်စားလဲမဝင်ဖြစ်နေတာ...'
ဒီလူကတော်တော်အရှက်မရှိတာဘဲ။
'စုန့်ထင်ယွီ!' စုရန်သူ့ကိုတိုးတိုးလေးခေါ်လိုက်ပြီးသူပါးစပ်ကိုမပိတ်နိုင်လို့သူမကိုယ်သူမမုန်းနေမိကာ: 'ဘယ်တုန်းကကျွန်မသဝန်တိုလို့လဲ'
'မဟုတ်ဘူးလို့ကိုယ့်ကိုမပြောနဲ့နော်' စုန့်ထင်ယွီ စုရန်ဘက်ကိုလှည့်ပြီးမျက်ခုံးတွေကိုပင့်ကာသူမပါးလေးကိုပွတ်ပေးလိုက်ပြီး: 'လိမ္မာပါတယ်။ဝန်ခံဖို့ကိုမရှက်ပါနဲ့။စုလိုင်ရောကိုယ်ရောမင်းကိုမရယ်ပါဘူး'
စုလိုင်သူတို့နှစ်ယောက်ကိုကြည့်ပြီးဒီမှာဆက်နေချင်စိတ်မရှိတော့ဘူး။သူတို့နှစ်ယောက်လုံးကဒီမှာဘယ်သူမှမရှိတဲ့အတိုင်းဘဲချစ်နေကြတာ။သူတို့တွေကသူမကိုရှိတယ်လို့ကိုမသတ်မှတ်ထားဘူး။အခုသူမလုပ်ထားတာတွေလဲစုန့်ထင်ယွီကဖော်လိုက်ပြီဆိုတော့ သူမနှလုံးသားကိုဆုတ်ဖြဲခံလိုက်ရသလိုခံစားနေရတယ်။
စုလိုင်အတွေးတွေထဲမှာနစ်မြောနေတုန်းအေးစက်တဲ့အသံကိုကြားလိုက်ရတယ်: 'မင်းမတောင်းပန်ချင်သေးဘူးလား?ဘယ်တော့မှတောင်းပန်မှာလဲ?'
စုလိုင်မျက်လုံးပြူးပြီးစုရန်ကိုကြည့်လိုက်တယ်။သူမစုရန်ကိုတစ်ခါမှမတောင်းပန်ဖူးဘူး။ငယ်ငယ်လေးကတည်းကသူမစုရန်ကိုအထင်သေးလာတာဆိုတော့ အခုစုရန်ကိုသူတောင်းပန်ခိုင်းနေတာလား?
ဒါကတော်တော့်ကိုခက်ခဲတဲ့ကိစ္စဘဲ။
စုရန်ကမလိုဘူးလို့ပြောမှာကိုသူမမျှော်လင့်နေမိတယ်။ဒါပေမယ့်စုရန်ကသူမတောင်းပန်တာကိုစောင့်နေတဲ့ပုံနဲ့ပြုံးပြီးကြည့်နေတယ်။
'တောင်းပန်ပါတယ်စုရန်'
စုရန်ပြုံးနေရင်းနဲ့: 'အမစောစောကတောင်းပန်တဲ့အသံကတိုးလို့ငါမကြားရဘူး'
'.....' စုလိုင်စိတ်ဆိုးပြီးစုရန်ကိုစိုက်ကြည့်နေလိုက်တယ်။ဒါပေမယ့်လဲစုန့်ထင်ယွီရှိနေတာဆိုတော့သူမလဲဘာမှမတတ်နိုင်ဘူး။အဲ့ဒါကြောင့်အသံအကျယ်ကြီးနဲ့: 'ငါတောင်းပန်ပါတယ်လို့ပြောနေတာစုရန်။အဲ့ဒီညတုန်းကစုန့်ထင်ယွီဖုန်းနဲ့နင့်ကိုဆက်ပြီးမလိမ်ခဲ့သင့်ဘူး...'
'နင်ဘာလို့လိမ်ခဲ့တာလဲ?' စုရန်မသိသလိုပုံစံလုပ်ပြီးမှရုတ်တရက်သဘောပေါက်သွားသလိုနဲ့: 'ငါသိပြီ။နင်သူ့ဖုန်းကိုသုံးပြီးငါတို့နှစ်ယောက်ပြဿနာတက်ရအောင်မဟုတ်လား?ဟွမ်ဟိုင်မှာတုန်းကလဲဒီလိုမျိုးဖြစ်ဖူးတာကိုငါမေ့နေတာ။သူ့ရင်ခွင်ထဲကိုနင်တမင်မပြုတ်ကျခဲ့ဘူးလား?နောက်ဆုံးမအောင်မြင်တော့အခုထက်ထိလက်မလျှော့နိုင်သေးဘူးလား?တစ်ခုခုကိုကြံနေတုန်းဘဲလား?'
စုရန်စကားလဲကြားရောစုလိုင်မျက်နှာပျက်သွားကာစိတ်တွေထိန်းမရတော့ဘဲ: 'စုရန် အပိုတွေသိပ်မလုပ်ပါနဲ့'
'အခုဘယ်သူကအပိုတွေလုပ်နေတာလဲ?' စုရန်ပြုံးပြီးပြန်မေးလိုက်ကာ: 'အမ နင်ငယ်ငယ်တုန်းကဒီလိုမျိုးမဟုတ်ပါဘူး။ဘာလို့အခုမှအရှက်မရှိဖြစ်သွားတာလဲ?ကိုယ့်ရဲ့မတ်ကိုတောင်မြူဆွယ်ချင်သေးတယ်ပေါ့လေ?ငါသာနင့်ကိုအခွင့်အရေးပေးရင်ကိုယ်တုံးလုံးချွတ်ပြီးစုန့်ထင်ယွီအိပ်ယာပေါ်ကိုတက်မှာမဟုတ်လား...'
'ရပ်ဦး!' စုန့်ထင်ယွီချောင်းဟန့်လိုက်ပြီး: 'စုရန် ကိုယ့်ခံစားချက်ကိုပါမင်းထည့်စဉ်းစားပြီးမှပြောသင့်တယ်'
'ရှင်ဝင်မပြောနဲ့' စုရန်သူ့ကိုစွေကြည့်လိုက်တယ်။
စုန့်ထင်ယွီပုခုံးတွန့်ပြလိုက်ပြီးဘာမှမပြောတော့ဘူး။စုရန်လဲစုလိုင်ကိုပြန်ကြည့်လိုက်ပြီး: 'ငယ်ငယ်လေးကတည်းကနင်ငါ့ကိုအထင်သေးနေတယ်ဆိုတာကိုငါသိတယ်။ငါ့ပစ္စည်းတွေဆိုရင်နင်အမြဲလိုချင်နေတာ။ဒါပေမယ့်တစ်ခုတော့မှတ်ထားလိုက် နင်အရမ်းကိုလိုချင်နေရင်ပစ္စည်းကတန်ဖိုးမရှိတော့ဘူး။အဲ့ဒါအပြင်လူတွေအားလုံးကနင်အရူးလုပ်တာကိုခံနေမှာမဟုတ်ဘူး'
စုရန်ကစုလိုင်ထက်ကိုတစ်နှစ်ဘဲငယ်တယ်။သူမစုအိမ်ကိုရောက်တော့၁၀နှစ်ဝန်းကျင်ဘဲရှိသေးတယ်။အဲ့ဒီတုန်းကစုလိုင်လှေကားထိပ်မှာရပ်ပြီးမင်းသမီးဝတ်စုံကိုဝတ်ထားကာသူမကိုမတူသလိုမတန်သလိုကြည့်နေခဲ့တာ။
သူမကိုအမြဲအထင်သေးပြီးသူမပစ္စည်းတွေက်ိုဆိုရင်အမြဲလုယူခဲ့တာ။
အဲ့ဒါတွေကြောင့်အခုလဲစုန့်ထင်ယွီကိုလုယူချင်နေပြန်ပြီထင်တယ်။
စုလိုင်လဲအခုသူမကရာဇဝတ်မှုကျူးလွန်ထားလို့ပေါ်သွားတဲ့အပြစ်သားနဲ့တူနေတယ်လို့ခံစားနေရတယ်။ဘာမှလဲပြန်ပြောလို့မရဘူး။
စုန့်ထင်ယွီ စုရန်ကိုကြည့်ပြီးပြုံးလိုက်ကာ: 'မင်းပြောလို့ပြီးပြီလား?'