ချစ်သော "ထွေး" (Complete)
By LibraO161003
956K 80.7K 2.6K
"ထွေးမြို့အုပ်မင်းကတော်မလုပ်ချင်ဘူးလားဟင်" "မျက်နှာရူးမြို့အုပ်မင်း" More
💜Part 1💜
💜Part 2💜
💜Part 3💜
💜Part 4💜
💜Part 5💜
💜Part 6💜
💜Part 7💜
💜Part 8💜
💜Part 9💜
💜Part 10💜
💜Part 11💜
💜Part 12💜
💜Part 13💜
💜Part 14💜
💜Part15💜
💜Part 16💜
💜Part 17💜
💜Part 18💜
💜Part 19💜
💜Part20💜
💜Part 21💜
💜Part22💜
💜Part23💜
💜Part24💜
💜Part25💜
💜Part 26💜
🌚Part 27🌚 (18+warning)
🌚Part28🌚(18+warning🚨)
💜Part 30💜
💜Part 31💜
💜Part32💜
💜Part 33💜
💜Part34💜
💜Part35💜
💜Part36💜
💜Part 37💜
Final Part💜
Extra(ယုမောင်+လူဇော်
💜💜
💜Part 29💜
20.2K 1.4K 25
By LibraO161003
မေမြို့.....
မြေပြန့်ရဲ့အလွန်တောင်ကုန်းပေါ်မှာတည်ရှိသောမြို့လေးရဲ့ နွေရာသီဟာ မုတ်သုန်ရာသီမို့ထင် မိုးကအုံ့မှိုင်းမှိုင်းနှင့် ချမ်းစိမ့်စိမ့်။
အိပ်ယာထပ်မှာတော့ လူကောင်ကြီးသောအမျိူးသားတစ်ဦးကသူ့ထပ်လူကောင်သေးသော ကောင်ငယ်လေးကိုတင်းနေအောင်ပွေ့ဖက်၍အိပ်နေကြသည်။
ပြတင်းတံခါးကမှတစ်ဆင့် တဖြူးဖြူးတိုက်ခတ်လာသောလေအေးက အနဂ္ဂမောင်ကိုဘာမှမဖြစ်ပေမဲ့ မနေ့ညက ပင်ပမ်း၍အိပ်မောကျနေသော ထွေးအတွက်တော့အဆင်မပြေနိုင်ပါ။
ထို့ကြောင့်ထွေးကိုဖက်ထားသောလက်များကိုအသာဖြည်ချလိုက်ပြီး ကုတင်ပေါ်ကဆင်းကာ ထို​ပြတင်း တံခါးများကိုပိတ်လိုက်သည်။
"ေဝါ"ဆိုသော အသံနှင့်အတူ မိုးကသဲမဲစွာရွာသွန်းလေသည်။
ထိုအခိုက် အနဂ္ဂမောင်၏ခါးလေးမှာတင်းကြပ်မှုနှင့်အတူအနောက်မှသိုင်းဖက်ခြင်းခံလိုက်ရသည်။
သူသိနေကြထွေးဆီမှ နို့နံ့သင်းသောကိုယ်သင်းရနံ့ကြောင့်နှစ်ခါပြောစရာမလို ဒါဟာ ထွေးပင်။
"ဆက်အိပ်လေးကို့ထွေးရဲ့။"
"ဟင့်အင်း"
ပြောပီးအနဂ္ဂမောင်ရဲ့ပုခုံးပေါ်ခေါင်းလေးအပ်နေပြန်သည်။
"ဗိုက်မဆာဘူးလား ထွေး"
"ဟင့်အင်းမိုးစက်ကလေးတွေကိုကြည့်ချင်တယ်"
ေထွးက အနဂ္ဂမောင်ရဲ့ကိုယ်မှခွာကာပြတင်းတံခါးကိုဖွင့်လိုက်သည်။ ထို့နောက် သူ့လက်ကလေးနှစ်ဖက်ကို မိုးရေပြင်ထဲထုတ်လိုက်သည်။
ကလေးငယ်ကကြည်စင်စွာပြုံးလို့။ထိုအပြုံးကိုအနဂ္ဂမောင်ကလည်းသူ့ရင်ဘတ်မှာနောင်ဘဝများစွာထိမမေ့အောင် ကူးယူနိုင်ခဲ့သည်။
ထွေးကမိုးရေစက်ကလေးများကိုကြည့်နေရင်းမနေ့ကမိုးကြိုပန်းခင်းကိုသွားသတိရ၍လှမ်းကြည့်မိတော့ မနေ့ညကမိုးရွာတဲ့အရှိန်ကြောင်ထင်...။ပန်းကလေးများက ပွင့်လန်းလို့။
"မိုးရာသီကိုချစ်တယ်။မိုးကြိုပန်းကလေးတွေကိုခေါ်ဆောင်လာပေးတဲ့အတွက်"
ေထွးကသူ့ဟာသူရေရွတ်လိုက်ပေမဲ့အနောက်နားကအနဂ္ဂမောင်ကတော့ထွေးခါးလေးကိုဖက်လိုက်ကာ နားနားသို့ကပ်ကာတိုးတိုးလေးပြောလိုက်သည်။
"ကိုကတော့မိုးရေစက်တွေထပ် မိုးရာသီကိုချစ်တဲ့ကောင်လေးကိုပိုချစ်တယ်"
ဒီလိုနှင့် တစ်နေကုန်မိုးရွာနေ၍သူတို့လည်းအပြင်သို့လျှောက်မလည်ဖြစ်ခဲ့ကြပေ။
*******
" အကြွေးရှိရင်ပြန်လာဆပ်ပါ
ကြွက်နှင့်နဂါးဘုရင်"
ယုမောင်နှင့်လူဇော်တို့ ရုံးထဲရောက်ကတည်းကထိုစာကစားပွဲပေါ်ရောက်နေတာ။
ပြာတာကောင်လေးက်ိုမေးကြည့်တော့လည်း မနက်ကတည်းကရောက်နေတာတဲ့။သူမသိဘူးဟုဆိုသည်။
ယုမောင်သိလိုက်သည်။ဒါ လမ်းမတော်ဖိုး​ေတ၏စာပဲဖြစ်ရမည်။
"လူဇော်ရေ ဒီရက်ထဲသွားတာလာတာဂရုစိုက်ကွာ"
"ဟုတ်ကဲ့အစ်ကို"
လူဇော်ထိုင်နေရင်းမှစဥ်းစားသည်။အစ်ကိုကသာမန်အားဖြင့်ယခုလိုမမှာတတ်ပါ။ ယခုလိုမှာသည်ကလည်းအကြောင်းရင်းရှိရမည်ဟုထင်ပါသည်။
ဘာဖြစ်ဖြစ်သတိထားရမည်။
ထိုအခိုက် အခန်းထဲသို့တံခါးမခေါက်ပဲ ဝင်လာသောမိန်းမတစ်ဦး။ဒေါက်ဖိနပ်သံတစ်ဂွပ်ဂွပ်ကလူဇော်ကိုမျက်စိနောက်စေပါသည်။
ထိုမိန်းကလေးက အစ်ကို့ရှေ့ကဧည့်သည်ထိုင်သည့်ခုံတွင်ဝင်ထိုင်လိုက်သည်။
"ကိုယုမောင်ရေ ရီလေ ဒီဘက်ကိုကိစ္စရှိလို့လာရင်း ကိုယုမောင်ကိုသတိရတာနဲ့ဝင်လာတာ "
"အော် မဟုတ်တာရီရီရယ် တကူးတကလုပ်လို့"
အကိုကဝဋ္်ကျေတန်းကြေ နှုတ်ဆက်သော်လည်း ထိုအမျိုးသမီးကဆက်၍ပြောသည်။
"တကူးတကရယ်ဘယ်ဟုတ်မလဲအကိုရယ် ဒေါ်ဒေါ်ကလည်းပြောထားလေမိသားစုတွေလိုပဲဝင်ထွက်ပါဆိုတော့ ဟင်းဟင်း"
ချွဲပစ်၍နောက်ဆုံးလုပ်ကြံရယ်သော ဟင်းဟင်းဆိုသည့်အသံအဆုံးမှာ လူဇော်တစ်ယောက်သွားများပင်ကျိန်းသွားသည်။
'တော်တော်နားဝင်ဆိုးသောအသံပါလေ'ဟုမှတ်ချက်ချ၍ဆရာခိုင်းထားသည့် စာရွက်တစ်ချို့ကိုသံကြိုးရိုက်ရန် သံရုံးသို့ထွက်လာခဲ့သည်။
......
"ကိုယုမောင်ရယ် နေ့လယ်စာကို ရီရီနဲ့သွားစားရအောင်လေ"
"တော်ပြီရီရီ ကိုအလုပ်တွေရှိသေးလို့"
ယုမောင်မှာမကောင်းတတ်လို့ယဥ်ကျေးစွာငြင်းနေသော်လည်းထိုအမျိူးသမီးကထိုမျှတင်မကသေး။
ယုမောင်အနားသို့ထလာကာ ယုမောင်လက်မောင်းကိုလာဲဆွဲ၍ခေါ်ပြန်သည်။
"ကိုယုမောင်ရယ် ရိုင်ရယ်ပဲလေ့စ် ဟိုတည်မှာ
ဘိုစာအသစ်တွေရောက်တယ်တဲ့ အဲ့တာသွားစားရအောင်ပါ ကိုယုမောင်ရယ်"
ယုမောင်လည်း ထိုအမျိုးသမီးအနားရောက်ကတည်းကစူးရှပြင်းထန်သောပေါင်ဒါရနံ့ကနှာခေါင်းထဲကိုစူးနစ်စွာဝင်လာသည်။
မနက်ကတည်းက စိတ်မကြည်သောယုမောင်မှာထိုပေါင်ဒါနံ့ကြောင့်ခေါင်းတောင်ကိုက်ချင်လာသည်။ ထို့ကြောင့်သူကိုဆွဲခေါ်နေသောလက်ကိုတစ်ချက်ယမ်း၍ခါထုတ်လိုက်သည်။
ထို့နောက်မတ်တပ်ရပ်၍အားမနာနိုင်တော့ပဲပြောပစ်လိုက်သည်။
"ဒီမှာမရီရီ ကျုပ်ကမေမေ့နဲ့ပတ်သတ်ပြီးမှခင်ဗျားကိုသိရတာ ခင်ဗျားနဲ့ကျုပ်နဲ့ကယခုလိုထမင်းလက်စုံစားရတဲ့အထိရင်းနှီးမှုလည်းမဟုတ်ဘူး ။ နောက်ပြီး ယခုလိုကိုယ့်လူမျိုးသူများလက်အောက်ကျနေချိန်မှာ ကိုယ့်လူမျိုးအချင်းချင်းဖွင့်ပြီးရောင်းချနေတဲ့ထမင်းဟင်းတော့မဝယ်ပဲ တိုင်းတစ်ပါးက ကိုယ့်မြေကိုလာကျုးကျော်ပြီး ကိုယ့်မြေမှာမတန်တဆစျေးနဲ့လာရောင်းတဲ့ထမင်းကိုဝယ်စားမယ်ဆိုတဲ့ခင်ဗျားကိုလည်းကျုပ်တော်တော်အံ့သြရပါတယ်"
ဒေါသအနည်းငယ်ထွက်ကာအသံကမာမိတော့ရီရီ့မျက်နှာမှာအပျက်ပျက်အယွင်းယွင်း။
"ဒီလိုဆိုတော့ခင်ဗျားကထပ်မေးချင်ရသေးတယ်မရီရီ ကျုပ်ကဘာလို့သူများတိုင်းတစ်ပါးအောက်အလုပ်လုပ်နေလည်း။ ကျုပ်နေရာမှာ တိုင်းတစ်ပါးသားသာထိုင်နေရင် အာဏာပါဝါကိုအလွဲသုံးစားလုပ်ပြီး ကျုပ်တို့်မြန်မာတွေကိုအနိုင်ကျင့်းေစာ်ကားမှာကိုမလိုလားလို့ကျုပ်ကဒီနေရာကိုမရရအောင်ကြိုးစားခဲ့တာ"
"ဟိုလေရီက"
"ကျေးဇူးတင်ပါတယ်မရီရီ နောက်တစ်ခါကျုပ်ကိုဒီလိုမျိုး လူရောစိတ်ရောအနှောက်ယှက်ဖြစ်စေမဲ့အရာတွေကို မလုပ်ပါနဲ့ ။ကျုပ်တောင်းဆိုတာပါဗျာ"
"ရီကဒီတိုင်းပဲပြောတာကို ဟင့်။ရီ .... ရီ့စေတနာကို ကိုယုမောင်နားမလည်ဘူး"
ဟုဆိုကာထိုအခန်းထဲမှာပြေးထွက်သွားလေသည်။
ယုမောင်လည်းစိတ်ပျက်စရာဆိုသည့်သဘောဖြင့် စုတ်တစ်ချက်သပ်ကာ လေပူတစ်ချက်ကိုမှုတ်ကာထိုင်ခုံပေါ်စိတ်ပျက်လက်ပျက်ထိုင်ချလိုက်သည်။
@@@@
ဒီနေ့တော့ ထွေးရော သူရော အိမ်ထဲမှာပဲနေဖြစ်သည်။ မိုးကြိုပန်းကလေးများကိုခူး၍ဘုရားလှူသည်။
ကိုမောင်ကစျေးသွား၍ချက်ပြုတ်ပြင်ဆင်ပြီး နေ့လယ်ခင်းတွင် ခြံထဲရှိအရိပ်ပင်ကြီးအောက်နှစ်ယောက်အတူတူထိုင်ဖြစ်ကြသည်။
နှစ်ယောက်သားထိုင်တယ်သာဆိုတာပါ။ကိုမောင်က စာအုပ်တစ်အုပ်ကိုဖတ်​နေတာ။သူသာပဲ ဟိုလျှောက်ဒီလျှောက်နဲ့ပျင်းလာရတာ။
"ကိုမောင်"
"ဗျာ...."
"ပျင်းတယ်...."
"ေဟာဗျာ...ထွေးကလည်း ကဲပြော...ထွေးပျော်အောင်ကိုဘာလုပ်ပေးရမလဲ"
"လျှောက်သွားချင်တယ်"
"ဒါဆိုခဏနေအုံး။ မနက်ကစျေးသွားရင်းမြင်းလှည်းဆရာပြောတဲ့ရွာတစ်ရွာရှိတယ်။အဲ့ရွာရဲ့တောင်ကုန်းထိပ်ကိုသွားကြည့်ကြတာပေါ့"
"တကယ်လား ကိုမောင်"
"Promise"
"အူဝါး....ကျွန်တော့်မြို့အုပ်မင်းကြီးကအရမ်းချစ်ဖို့ကောင်းတာပဲ"
ထွေးကအနဂ္ဂမောင်၏ပါးနှစ်ဖက်ကိုကိုင်ကာခေါင်းကိုဘယ်ညာရမ်းစေတော့ အနဂ္ဂမောင်လည်းတဟားဟားနဲ့ သဘောအကျကြီးကျနေတော့သည်။
******
မြင်းလှည်းဆရာ၏ပြောစကားအရ သူတို့ရွာထိပ်ကတောင်ကုန်းလေးဟာလှပသည်ဆို၍ ထိုတောင်ကုန်းပေါ်ကိုလိုက်ချင်သည်ဆိုသောထွေးလေးကြောင့် သူတို့တောင််ကုန်းပေါ်တက်ခဲ့ကြပြန်သည်။
မြင်းလှည်းဆရာပြောသည်ကအမှန်ပင်။
တောင်ကုန်းကလှမ်းကြည့်ရင်မှုံပြပြရွာငယ်လေးတွေကိုမြင်ရပြီး။ တမျှော်တကော် တောင်တန်းကြီးများ။ လမ်းတစ်လျှောက်ဖြတ်လာစဥ်ကလည်း တောပန်းကလေးများကလှပစွာပွင့်လို့။
မြင်းလှည်းဆရာကလည်းအလိုက်သိစွာ မြင်းကိုချ၍မြက်ကျွေးနေသည်။
သူတို့နှစ်ယောက်တည်းသာချောက်အစွန်းနားက နေရာလေးမှာထိုင်နေသည်။
"ကိုမောင်"
"ဗျာ "
"ထွေးကိုဘာလို့ချစ်တာလဲ"
"မသိဘူးထွေးရယ် ထွေးကိုစတွေ့တဲ့နေ့က ထွေးစန္ဒယားတီးရင်းသီချင်းဆိုကတည်းကထွေးက ကိုယ့်ရင်ထဲရောက်လာတာ"
"ကို့ကိုသာမေးတာထွေးကရော"
"ထွေးမှာအကြောင်းပြချက်မရှိဘူး။တစ်ဆထပ်တစ်ဆပိုတိုးပြီးကိုမောင်ကထွေးရင်ထဲရောက်လာတာ"
"အလည်လေးပါကွာကို့ထွေးကပြောတတ်လိုက်တာ"
ပြောပြီးအနဂ္ဂမောင်က ထွေးနဖူးကိုနမ်းလိုက်သည်။
မြန်မာပြည်ရဲ့ညနေခင်းကသည်လောက်လှသလား။သည်အမျိုးသားရဲ့အချစ်တွေကြောင့်ပဲ မြင်ရသမျှကလှနေသလားဆိုတာ ေထွးအဖြေရခက်တဲ့အဖြေတစ်ပုဒ်ဖြစ်မည်။
"ချစ်တယ် ဒီအမျိုးသားကိုခွဲခွာပြီးအနာဂတ်ကိုမပြန်ချင်လောက်အောင် ဒီအမျိုးသားကိုချစ်နေမိတယ်"
May28,2022(1:43PM)
Update နောက်ကျရတာတကယ်တောင်းပန်ပါတယ်။တရုတ်လိုင်းပူးပြီး R ပေါ်နေလို့ပါဗျာ😞
💜💜💜💜💜💜💜💜💜💜💜💜💜💜
Zawgyi Font
မေမြို့.....
မြေပြန့်ရဲ့အလွန်တောင်ကုန်းပေါ်မှာတည်ရှိသောမြို့လေးရဲ့ နွရောသီဟာ မုတ်သုန်ရာသီမို့ထင် မိုးကအုံ့မှိုင်းမှိုင်းနှင့် ချမ်းစိမ့်စိမ့်။
အိပ်ယာထပ်မှာတော့ လူကောင်ကြီးသောအမျိုးသားတစ်ဦးကသူ့ထပ်လူကောင်သေးသော ကောင်ငယ်လေးကိုတင်းနေအောင်ပွေ့ဖက်၍အိပ်နေကြသည်။
"ဝေါ"ဆိုသော အသံနှင့်အတူ မိုးကသဲမဲစွာရွာသွန်းလေသည်။
"ဟင့်အင်း"
"ဗိုက်မဆာဘူးလား ထွေး"
ထွေးကမိုးရေစက်ကလေးများကိုကြည့်နေရင်းမနေ့ကမိုးကြိုပန်းခင်းကိုသွားသတိရ၍လှမ်းကြည့်မိတော့ မနေ့ညကမိုးရွာတဲ့အရှိန်ကြောင်ထင်ပန်းကလေးများက ပွင့်လန်းလို့။
*******
ကြွက်နှင့်နဂါးဘုရင်"
ယုမောင်သိလိုက်သည်။ဒါ လမ်းမတော်ဖိုးတေ၏စာပဲဖွဈရမညျ။
"ဟုတ်ကဲ့အကို"
ထိုမိန်းကလေးက အကို့ရှေ့ကဧည့်သည်ထိုင်သည့်ခုံတွင်ဝင်ထိုင်လိုက်သည်။
အကိုကဝဋ်ျကတြေနျးကွေ နှုတ်ဆက်သော်လည်း ထိုအမျိုးသမီးကဆက်၍ပြောသည်။
......
"ကိုမောင်ရယ် နေ့လယ်စာကို ရီရီနဲ့သွားစားရအောင်လေ"
ယုမောင်မှာမကောင်းတတ်လို့ယဉ်ကျေးစွာငြင်းနေသော်လည်းထိုအမျိုးသမီးကထိုမျှတင်မကသေး။
"ဟိုလေရီက"
@@@@
ကိုမောင်ကဈေးသွား၍ချက်ပြုတ်ပြင်ဆင်ပြီး နေ့လယ်ခင်းတွင် ခြံထဲရှိအရိပ်ပင်ကြီးအောက်နှစ်ယောက်အတူတူထိုင်ဖြစ်ကြသည်။
"ကိုမောင်"
"ဗျာ...."
"ပျင်းတယ်...."
"ဟောဗြာ...ထွေးကလည်း ကဲပြော...ထွေးပျော်အောင်ကိုဘာလုပ်ပေးရမလဲ"
"လျှောက်သွားချင်တယ်"
"တကယ်လား ကိုမောင်"
"Promise"
******
မြင်းလှည်းဆရာ၏ပြောစကားအရ သူတို့ရွာထိပ်ကတောင်ကုန်းလေးဟာလှပသည်ဆို၍ ထိုတောင်ကုန်းပေါ်ကိုလိုက်ချင်သည်ဆိုသောထွေးလေးကြောင့် သူတို့တောင်ကုန်းပေါ်တက်ခဲ့ကြပြန်သည်။
"ကိုမောင်"
"ဗျာ "
May28,2022(1:43PM)
Continue Reading
You'll Also Like
28.5K 1.3K 20
(ကျွန်တော်မှမဟုတ်ရင် ဦးနစ် လက်ထပ်ဖို့ စိတ်မကူးနဲ့ ) ငြိမ်ငြိမ်လေးနဲ့ သွားတဲ့ fic တွေကို ကြိုက်တာမို့ အားမရရင် ဆော်ရီးပါနော်။စိတ်ကူးယှဉ်ဇာတ်လမ်းလေး တစ...
17K 628 41
အေတြးအပိုင္းအစကေလးမ်ား၊
472K 11.4K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.3K 132 14
Short Storyလေးပါ။ သီတင်းကျွတ်ရဲ့အငွေ့အသက်လေးဖြစ်ချင်တာမို့ သီတင်းကျွတ်လကိုအခြေခံထားတဲ့ BoyLove Fctionလေးပါ။