လူဇော်သတိရလာတော့ ဘေးနားမှာ မိန်းမကြီးနှစ်ဦးကတစ်ဦးကယပ်ခတ်ပေးနေသည်။တစ်ဦးကသူ့ကိုရေတစ်ခွက်တိုက်သည်။
ညီမလေးကသူ့လက်ကလေးကိုကိုင်လို့ ငိုနေရှာသည်။
ဆရာကတော့ဘေးနားမှာထိုင်စောင့်နေဟန်။
ကျတော်သတိရလို့ အဒေါ်ကြီးနှစ်ယောက်လည်းအိမ်ပြန်သွားပြီ။ညီမလေးကလည်း ဧည့်သည်တွေအတွက်ပြင်ဆင်စရာရှိတာပြင်ဆင်ကူလုပ်နေသည်။ ကျွန်တော်ရယ် ဆရာရယ်သာကျန်နေသည်။
"လူဇော်သက်သာလား"
"ဟုတ်ကဲ့ဆရာ"
"ငါ့ကိုဆရာလို့မခေါ်ပဲ ကိုကိုကြီးလို့ပဲခေါ်ပါ။အခုငါနဲ့မင်းက ဆရာတပည့်မဟုတ်ဘူး။မင်းရောမင်းညီမလေးရောက ငါ့ရဲ့ညီတွေညီမတွေဖြစ်သွားပြီ"
ယုမောင်ကချွေးနည်းနည်းစို့နေသော လူဇော့်နဖူးစပ်ကချွေးလေးတွေကိုသပ်ရင်းပြောလာသည်။
"အစ်ကို..."
"ဘယ်လို"
"အစ်ကိုလ်ို့ပဲခေါ်ချင်တယ်"
"လူဇော့်သဘောပါကွာ"
'ကျွန်တော်အကိုနဲ့ညီအစ်ကိုမဖြစ်ချင်ဘူးအစ်ကို။ အစ်ကို့ရဲ့လက်တွဲဖော်ပဲဖြစ်ချင်တာ။
သည်စကားကိုတော့လူဇော်က စိတ်ထဲကသာပြောလိုက်သည်။ ရုတ်တရက်မေမေ့အကြောင်းကိုပြန်တွေးမိတော့ မျက်ရည်တွေက ကျဆင်းလာပြန်သည်။
အစ်ကိုကကျွန်တော့်လက်ကလေးတွေကိုအုပ်မိုး၍လာကိုင်သည်။ ကျွန်တော်အစ်ကို့မျက်နှာက်ိုကြည့်မိတော့ ဂရုဏာသက်တဲ့မျက်ဝန်းများနှင့် ကျွန်တော်ဆုံသည်။
" အခု ကို့လူဇော်လေးက အကြီးဖြစ်ပြီ။ညီမလေးကိုစောင့်ရှောက်ရမှာက လူဇော်လေးတာဝန်ဟုတ်တယ်မို့လား"
လူဇော်လေးကငိုရင်းခေါင်းငြိမ့်ပြသည်။
"လူဇော်လေးကမှ ပျော့ညံ့ရင်ညီမလေးကဘယ်လိုရှင်သန်မလဲ။ တမလွန်ကဒေါ်ဒေါ်ကရောစိတ်ဖြောင့်နိုင်မယ်ထင်သလား။"
သည်လိုဆိုတော့လည်းလူဇော်လေးကခေါင်းခါရမ်းပြသည်။
"အဲ့တော့လူဇော်လေးသန်မာရမယ်။ လူဇော်လေးပိုပြီးကြိုးစားရမယ်။ ကိုယ်ပြောတာနားလည်လား"
"ဟုတ် အစ်ကို"
"အခုလူဇော်လေးငို...အားရပါးရငို...ရတယ်။ လူဇော်လေးငိုလို့ဝရင်တော့လုပ်သင့်တာတေွကိုလုပ်ရမယ်ငါ့ညီလေးရဲ့။ ဘဝဆိုတာတိုက်ပွဲတစ်ခု။ကိုယ်တို့အမြဲတမ်းဝင်နေရမဲ့တိုက်ပွဲပဲ။"
လူဇော်လေးကရှိုက်၍ငိုတော့ ယုမောင်ကသူရင်ခွင်ထဲထည့်၍ မိခင်က ကလေးကိုချောမြူသလိုခေါင်းလေးကိုသပ်၍ သူပါမျက်ရည်ကျမိသည်။
'ဘဝမှာအတူတူရယ်မောဖူးသူထပ်အတူတူငိုဖူးတဲ့သူကိုမေ့လို့မရဘူး'ဆိုတာကိုသူရောကိုယ်ရောနောင်တစ်ချိန်မှာ သိလာပါလိမ့်မည်။
>>>>>>
လူဇော့်အမေ့ကိုအသုဘချတဲ့နေ့က ထွေးရောမေမေရော အနဂ္ဂမောင်ရော လာကြသည်။
မေမေကတော့ကလေးနှစ်ယောက်ကိုထိန်းရင်းသူပါငိုတာပေါ့။
ထွေးတို့နှစ်ယောက်ကလည်း အသုဘလာတဲ့သူတွေကိုကူညီရှာသည်။
အသုဘမြေချတော့ လူဇော်ကကိုကိုကြီးစကားတွေကြောင့်အရမ်းစိတ်မပျော့တော့ပေမဲ့ သိတတ်စ ညီမလေးကတော့ငိုရင်းတက်သွားလို့ မနည်းနှာနှပ်ယူရသေးသည်။
အသုဘကိစ္စတွေပြီးတော့ အားလုံးအိမ်ပြန်ကြတော့ ယုမောင်ကပင်ဘာမှမပြောရသေးပဲမေမေကအရင်စသည်။
"ကလေးနှစ်ယောက်တည်းဘယ်လိုမှစိတ်မချနိုင်ဘူး။အငယ်မလေးကလည်းမကြာခင်အရွယ်ရောက်လာမှာဆိုတော့မေမေပဲဒီကလေးနှစ်ယောက်ကိုမွေးစားချင်တယ်"
"ဟို အဲ့တာကဒေါ်ဒေါ်"
လူဇော်ကငြင်းရန်ပြင်သည်။ထိုအခါယုမောင်က လူဇော်ဘေးနားမှထိုင်၍လူဇော့်လက်ကလေးတေကိုအုံ့မိုးကိုင်လိုက်သည်။
"မငြင်းနဲ့လူဇော်။မင်းညီမလေးက မကြာခင်အရွယ်ရောက်လာမှာ။မင်းကအပြင်မှာ အလုပ်လုပ်တဲ့သူ။ မိန်းမငယ်လေးတစ်ယောက်တည်းအိမ်မှာရှိနေရမှာပတ်ဝန်းကျင်မှာလည်းအမြင်မတင့်ဘူး။ငါတို့ပြောတာလက်ခံပါ"
"အ...အစ်ကုိ..ဒါပေမဲ့"
ထိုအခါထွေးကကြားထဲကဝင်ပြောသည်။
"ဘာမှအားမနာနဲ့လူဇော်။ကျွန်တော်တို့ကအစကတည်းကမိသားစုတွေလိုပဲ။အခုတော့လူဇော်လေးအတွက်မဟုတ်တောင်ညီမလေးအတွက်စဥ်းစားပေးရမယ်"
ထိုအခါလူဇော်လေးကညီမလေးဘက်သို့လှည့်၍မေးလိုက်သည်။
"ညီမလေးကရော"
"သမီးကိုကိုနဲ့မခွဲနိုင်ဘူး"
ညီမလေးကလူဇော်ကိုဖက်၍ငိုသည်။သူထင်သည်ကသူမကိုပဲမွေးစားပြီးသူ့အစ်ကိုနဲ့ခွဲတယ်ထင်နေသည်ပင်။
ဒေါ်လှရီကပဲဆက်ပြောသည်။
"ဒေါ်ဒေါ်တို့က သမီးကိုရောသမီးအစ်ကိုကိုပါမွေးစားမှာလေ။ ဒေါ်ဒေါ်တို့အိမ်မှာပဲနေ။ဒေါ်ဒေါ်တို့က ကျောင်းလည်းထားပေးမှာပါသမီးရယ်"
ညီမလေးက လူဇော့်ဘက်သို့တစ်ဖက်လှည့်ကြည့်ပြန်သည်။
"ကိုကို့သဘောပါညီမလေးကကိုကို့ဆန္ဒအတိုင်းပဲ"
နောက်ဆုံးတော့ လူဇော်ကခေါင်းငြိမ့်၍အားလုံးအဆင်ပြေကြသည်။တစ်ပတ်လောက်တော့မေမေအငွေ့အသက်ရှိသောဒီအိမ်မှာနေချင်သည်ဆို၍ ယုမောင်ကပါလာနေပေးမည်ဟုပြော၍အဆုံးသတ်သွားသည်။
*********
တစ်ပတ်လောက်ကြာတော့ လူဇော်တို့မောင်နှမလည်းအိမ်ေရာက်လာသည်။ ကိုကိုကြီးကလည်းကိုမောင်နှင့်ထွေးကိုသဘောတူသည်သာမပြောသေးတာ မကန့်ကွပ်တော့ပေ။
တစ်ခါတလေထွေးနှင့်ကိုမောင်စကားပြောနေတာတေွဘာတွေဆိုမမြင်ချင်ယောင်ဆောင်သွားသည်။ရှောင်ပေးတတ်သည်။
ဟိုတနေ့ကလည်း ဧည့်ခန်းထဲမှာ ကိုမောင်ရယ် ထွေးရယ် မေမေရယ်စကားပြောနေတုန်း ကိုကိုကြီးကအပြင်ကပြန်လာသည်။
ပထမဧည့်ခန်းထဲဝင်ရန်ပြင်လိုက်ပြီးမှကိုမောင်ကပါရှိနေသည်ကိုမြင်၍ မထုိင်တော့ဘူးဟုဆိုကာအပေါ်ထပ်တက်သွားလေသည်။
ထွေးမှာစိတ်မကောင်းဖြစ်သွားရသော်လည်း မေမေ့စကားကြောင့် ထွေးရောကိုမောင်ရောရယ်ခဲ့ရပါသေးသည်။
"ဘာမှမဟုတ်ဘူးသားထွေးရေ ညီလင်ရလို့အကိုဖင်ကြိမ်းဖြစ်နေတာတဲ့"လေ။
******
ဒီညနေတော့ ထွေးရယ်ကိုမောင်ရယ် လမ်းထိပ်က မုန့်တီဆိုင်လေးသို့ထွက်လာခဲ့သည်။
ပုံမှန်ဆိုအစပ်စားတာသဘောမကျတတ်ပေမဲ့ ဒင်းကိုစိတ်ပါကောက်ပြီးဆန္ဒပြထားသဖြင့် ပုတ်သိုးသိုးမျက်နှာနှင့်ခွင့်ပြုသည်တဲ့လေ။
ဒါတောင်ပြောသေးသည်။ "ငရုပ်သီးကိုသူထည့်ပေးတာပဲစားရမယ်။"တဲ့။
နောင်ခါလာနောင်ခါစျေးပဲ အဓိက က မုန့်တီဆိုင်ရောက်ဖို့ပင်။
မုန့်တီဆိုင်ရောက်ေတာ့မုန့်တီနှစ်ပွဲမှာ၍ ငရုပ်သီးခွက်ကလေးကိုကိုယ့်ဘက်မရုံရှိသေး။လမ်းတစ်ဝက်မှာတင် လက်ထဲကငရုတ်သီးခွက်ကိုအလုခံရသည်။
"မရဘူးကိုယ်ထည့်ပေးသလောက်ပဲစားရမယ်"
ပြောလည်းပြောပြီး ကိုယ့်ပန်းကန်ထဲငရုပ်သီးသုံးလေးမှုန့်လောက်ကိုထည့်ပေးသည်။
"ဒါကလူစားမှာလား။ နတ်တင်မှာလားကိုအနဂ္ဂမောင်"
"မရဘူးနော် ထွေးဗိုက်အောင့်လိမ့်မယ်"
"မရဘူးစားမှာနည်းနည်းတော့ထပ်ထည့်"
"ထွေးနော် ကိုယ်အကောင်းပြောနေတုန်းအဲ့လောက်ပဲစားနော်။ပြီးမှကိုယ့်အဆိုးမဆိုနဲ့"
သင်းကချက်ချင်းမျက်နှာကိုတည်၍ပြောလာသည်။ အော်...ကြောက်နေမယ်သည်က။
"နားမထောင်တော့ဘာလုပ်ချင်လဲ ကိုအနဂ္ဂမောင်"
ထွေးကလည်းအားကျမခံ ခါးထောက်၍သူ့ကိုခပ်တည်တည်ကြည့်ပေးလိုက်သည်။
ထိုအခါမျက်နှာငယ်လေးနဲ့သူက
"ထွေးရယ် အစပ်တွေမစားပါနဲ့ကွာ။တော်ကြာထွေးဗိုက်အောင့်တယ်ဆိုကိုယ့်မှာဘယ်လိုနေလို့နေရမှန်းမသိလို့ပါကွာ။ကိုယ်တောင်းပန်ပါတယ်နော်"
နောက်ဆုံးတော့ ဒီကကိုယ်ကပဲလင်နိုင်တယ်ဆိုပြီးဘွဲ့ခံရပြီးသူကိုအလျော့ပေးလိုက်ရပါသည်။ ဒါတောင်သူ့ကိုသေချာကြည့်၍ပြောလိုက်ပါသေးသည်။
"ဟွန်း..ထွေးတဲ့တစ်ထွေးတည်းရှိတယ်။ "
ထို့နောက်လက်ဖက်စားဇွန်းအဖျားလေးနဲ့ငရုပ်သီးမှုန့်ကိုထည့်ကာစားတော့သူကဘာမှမပြောတော့။
ဒါတောင်သူကပွစိပွစိပြောသေး။
"မြို့အုပ်မင်းကိုနိုင်တာသူတစ်ယောက်ပဲရှိတယ်
ယူပြီးကာမှတွေ့မယ်"တဲ့လေ။
May26,2022(2:17PM)
Next Part's Hint
မိုးကြိုပန်းကလေးများကိုကြားဖူးကြသလားဒါဒါတို့ရေ။နောက်အပိုင်းကျမိုးကြိုပန်းကလေးတွေနှင့်အတူပြန်လာမယ်နော် ။ ေနာက်ပြီးအဆင်ပြေရင် Reviewလေးတွေ FB မှာမြင်ချင်သေးတယ်ရယ်☹
တရုတ်လိုင်းပူးနေလို့ခုမှတင်ရတာ ပုံမှာသာကြည့် Rပေါ်နေတာလေ
💜💜💜💜💜💜💜💜💜💜💜💜💜💜
Zawgyi Font
ေဇာ္သတိရလာေတာ့ ေဘးနားမွာ မိန္းမႀကီးႏွစ္ဦးကတစ္ဦးကယပ္ခတ္ေပးေနသည္။တစ္ဦးကသူ႕ကိုေရတစ္ခြက္တိုက္သည္။
ညီမေလးကသူ႕လက္ကေလးကိုကိုင္လို႔ ငိုေနရွာသည္။
ဆရာကေတာ့ေဘးနားမွာထိုင္ေစာင့္ေနဟန္။
က်ေတာ္သတိရလို႔ အေဒၚႀကီးႏွစ္ေယာက္လည္းအိမ္ျပန္သြားၿပီ။ညီမေလးကလည္း ဧည့္သည္ေတြအတြက္ျပင္ဆင္စရာရွိတာျပင္ဆင္ကူလုပ္ေနသည္။ ကြၽန္ေတာ္ရယ္ ဆရာရယ္သာက်န္ေနသည္။
"လူေဇာ္သက္သာလား"
"ဟုတ္ကဲ့ဆရာ"
"ငါ့ကိုဆရာလို႔မေခၚပဲ ကိုကိုႀကီးလို႔ပဲေခၚပါ။အခုငါနဲ႕မင္းက ဆရာတပည့္မဟုတ္ဘူး။မင္းေရာမင္းညီမေလးေရာက ငါ့ရဲ႕ညီေတြညီမေတြျဖစ္သြားၿပီ"
ယုေမာင္ကေခြၽးနည္းနည္းစို႔ေနေသာ လူေဇာ့္နဖူးစပ္ကေခြၽးေလးေတြကိုသပ္ရင္းေျပာလာသည္။
"အကို..."
"ဘယ္လို"
"အကိုလ်ို့ပဲခေါ်ချင်တယ်"
"လူေဇာ့္သေဘာပါကြာ"
'က်ေတာ္အကိုနဲ႕ညီအကိုမျဖစ္ခ်င္ဘူးအကို။ အကို႔ရဲ႕လက္တြဲေဖာ္ပဲျဖစ္ခ်င္တာ။
သည္စကားကိုေတာ့လူေဇာ္က စိတ္ထဲကသာေျပာလိုက္သည္။ ႐ုတ္တရက္ေမေမ့အေၾကာင္းကိုျပန္ေတြးမိေတာ့ မ်က္ရည္ေတြက က်ဆင္းလာျပန္သည္။
အကိုကကြၽန္ေတာ့္လက္ကေလးေတြကိုအုပ္မိုး၍လာကိုင္သည္။ ကျွန်တော်အကို့မျက်နှာက်ုကြည့်မိတော့ ဂ႐ုဏာသက္တယ့္မ်က္ဝန္းမ်ားႏွင့္ ကြၽန္ေတာ္ဆုံသည္။
" အခု ကို႔လူေဇာ္ေလးက အႀကီးျဖစ္ၿပီ။ညီမေလးကိုေစာင့္ေရွာက္ရမွာက လူေဇာ္ေလးတာဝန္ဟုတ္တယ္မို႔လား"
လူေဇာ္ေလးကငိုရင္းေခါင္းၿငိမ့္ျပသည္။
"လူေဇာ္ေလးကမွ ေပ်ာ့ညံ့ရင္ညီမေလးကဘယ္လိုရွင္သန္မလည္း။ တမလြန္ကေဒၚေဒၚကေရာစိတ္ေျဖာင့္နိုင္မယ္ထင္သလား။"
သည္လိုဆိုေတာ့လည္းလူေဇာ္ေလးကေခါင္းခါရမ္းျပသည္။
"အဲ့ေတာ့လူေဇာ္ေလးသန္မာရမယ္။ လူေဇာ္ေလးပိုၿပီးႀကိဳးစားရမယ္။ ကိုေျပာတာနားလည္လား"
"ဟုတ္ အကို"
"အခုလူေဇာ္ေလးငို...အားရပါးရငိုရတယ္။ လူေဇာ္ေလးငိုလို႔ဝရင္ေတာ့လုပ္သင့္တာေတြကိုလုပ္ရမယ္ငါ့ညီေလးရဲ႕။ ဘဝဆိုတာတိုက္ပြဲတစ္ခု။ကိုယ္တို႔အၿမဲတမ္းဝင္ေနရမဲ့တိုက္ပြဲပဲ။"
လူေဇာ္ေလးကရွိုက္၍ငိုေတာ့ ယုေမာင္ကသူရင္ခြင္ထဲထည့္၍ မိခင္က ကေလးကိုေခ်ာျမဴသလိုေခါင္းေလးကိုသပ္၍ သူပါမ်က္ရည္က်မိသည္။
'ဘဝမွာအတူတူရယ္ေမာဖူးသူထပ္အတူတူငိုဖူးတဲ့သူကိုေမ့လို႔မရဘူး'ဆိုတာကိုသူေရာကိုယ္ေရာေနာင္တစ္ခ်ိန္မွာ သိလာပါလိမ့္မည္။
@@@@
လူေဇာ့္အေမ့ကိုအသုဘခ်တဲ့ေန႕က ေထြးေရာေမေမေရာ အနဂၢေမာင္ေရာ လာၾကသည္။
ေမေမကေတာ့ကေလးႏွစ္ေယာက္ကိုထိန္းရင္းသူပါငိုတာေပါ့။
ေထြးတို႔ႏွစ္ေယာက္ကလည္း အသုဘလာတဲ့သူေတြကိုကူညီရွာသည္။
အသုဘေျမခ်ေတာ့ လူေဇာ္ကကိုကိုႀကီးစကားေတြေၾကာင့္အရမ္းစိတ္မေပ်ာ့ေတာ့ေပမဲ့ သိတတ္စ ညီမေလးကေတာ့ငိုရင္းတတ္သြားလို႔ မနည္းႏွာႏွပ္ယူရေသးသည္။
အသုဘကိစၥေတြၿပီးေတာ့ အားလုံးအိမ္ျပန္ၾကေတာ့ ယုေမာင္ကပင္ဘာမွမေျပာရေသးပဲေမေမကအရင္စသည္။
"ကေလးႏွစ္ေယာက္တည္းဘယ္လိုမွစိတ္မခ်နိဳင္ဘူး။အငယ္မေလးကလည္းမၾကာခင္အ႐ြယ္ေရာက္လာမွာဆိုေတာ့ေမေမပဲသည္ကေလးႏွစ္ေယာက္ကိုေမြးစားခ်င္တယ္"
"ဟို အဲ့တာကေဒၚေဒၚ"
လူေဇာ္ကျငင္းရန္ျပင္သည္။ထိုအခါယုေမာင္က လူေဇာ္ေဘးနားမွထိုင္၍လူေဇာ္လက္ကေလးေတကိုအုံ႕မိုးကိုင္လိုက္သည္။
"မျငင္းနဲ႕လူေဇာ္။မင္းညီမေလးက မၾကာခင္အ႐ြယ္ေရာက္လာမွာ။မင္းကအျပင္မွာ အလုပ္လုပ္တဲ့သူ မိန္းမငယ္ေလးတစ္ေယာက္တည္းအိမ္မွာရွိေနရမွာပတ္ဝန္းက်င္မွာလည္းအျမင္မတင့္ဘူး။ငါတို႔ေျပာတာလက္ခံပါ"
"အ...အကုိ..ဒါေပမဲ့"
ထိုအခါေထြးကၾကားထဲကဝင္ေျပာသည္။
"ဘာမွအားမနာနဲ႕လူေဇာ္။ကြၽန္ေတာ္တို႔ကအစကတည္းကမိသားစုေတြလိုပဲ။အခုေတာ့လူေဇာ္ေလးအတြက္မဟုတ္ေတာင္ညီမေလးအတြက္စဥ္းစားေပးရမယ္"
ထိုအခါလူေဇာ္ေလးကညီမေလးဘက္သို႔လွည့္၍ေမးလိုက္သည္။
"ညီမေလးကေရာ"
"သမီးကိုကိုနဲ႕မခြဲနိုင္ဘူး"
ညီမေလးကလူေဇာ္ကိုဖက္၍ငိုသည္။သူထင္သည္ကသူမကိုပဲေမြးစားၿပီးသူ႕အကိုနဲ႕ခြဲတယ္ထင္ေနသည္ပင္။
ေဒၚလွရီကပဲဆက္ေျပာသည္။
"ေဒၚေဒၚတို႔က သမီးကိုေရာသမီးအကိုကိုပါေမြးစားမွာေလ ေဒၚေဒၚတို႔အိမ္မွာပဲေန။ေဒၚေဒၚတို႔က ေက်ာင္းလည္းထားေပးမွာပါသမီးရယ္"
ညီမေလးက လူေဇာ့္ဘက္သို႔တစ္ဖက္လွည့္ၾကည့္ျပန္သည္။
"ကိုကို႔သေဘာပါညီမေလးကကိုကို႔ဆႏၵအတိုင္းပဲ"
ေနာက္ဆုံးေတာ့ လူေဇာ္ကေခါင္းၿငိမ့္၍အားလုံးအဆင္ေျပၾကသည္။တစ္ပတ္ေလာက္ေတာ့ေမေမအေငြ႕အသက္ရွိေသာသည္အိမ္မွာေနခ်င္သည္ဆို၍ ယုေမာင္ကပါလာေနေပးမည္ဟုေျပာ၍အဆုံးသတ္သြားသည္။
*********
တစ္ပတ္ေလာက္ၾကာေတာ့ လူေဇာ္တို႔ေမာင္ႏွမလည္းအိမ္ရာက္လာသည္။ ကိုကိူႀကီးကလည္းကိုေမာင္ႏွင့္ေထြးကိုသေဘာတူသည္သာမေျပာေသးတာ မကန့္ကြပ္ေတာ့။
တစ္ခါတေလေထြးႏွင့္ကိုေမာင္စကားေျပာေနတာေတြဘာေတြဆိုမျမင္ခ်င္ေယာင္ေဆာင္သြားသည္။ေရွာင္ေပးတတ္သည္။
ဟိုတေန႕ကလည္း ဧည့္ခန္းထဲမွာ ကိုေမာင္ရယ္ ေထြးရယ္ ေမေမရယ္စကားေျပာေနတုန္း ကိုကိုႀကီးကအျပင္ကျပန္လာသည္။
ပထမဧည့္ခန္းထဲဝင္ရန္ျပင္လိုက္ၿပီးမွကိုေမာင္ကပါရွိေနသည္ကိုျမင္၍ မထုိင်တော့ဘူးဟုဆိုကာအပေါ်ထပ်တတ်သွားလေသည်။
ေထြးမွာစိတ္မေကာင္းျဖစ္သြားရေသာ္လည္း ေမေမ့စကားေၾကာင့္ ေထြးေရာကိုေမာင္ေရာရယ္ခဲ့ရပါေသးသည္။
"ဘာမွမဟုတ္ဘူးသားေထြးေရ ညီလင္ရလို႔အကိုဖင္ႀကိမ္းျဖစ္ေနတာတဲ့"ေလ။
******
သည္ညေနေတာ့ ေထြးရယ္ကိုေမာင္ရယ္ လမ္းထိပ္က မုန့္တီဆိုင္ေလးသို႔ထြက္လာခဲ့သည္။
ပုံမွန္ဆိုအစပ္စားတာသေဘာမက်တတ္ေပမဲ့ ဒင္းကိုစိတ္ပါေကာက္ၿပီးဆႏၵျပထားသျဖင့္ ပုတ္သိုးသိုးမ်က္ႏွာႏွင့္ခြင့္ျပဳသည္တဲ့ေလ။
ဒါေတာင္ေျပာေသးသည္။ "င႐ုပ္သီးကိုသူထည့္ေပးတာပဲစားရမယ္။"တဲ့။
ေနာင္ခါလာေနာင္ခါေစ်းပဲ အဓိက က မုန့္တီဆိုင္ေရာက္ဖို႔ပင္။
မုန့္တီဆိုင္ေရာက္ေတာ့မုန့်တီနှစ်ပွဲမှာ၍ င႐ုပ္သီးခြက္ကေလးကိုကိုယ့္ဘက္မ႐ုံရွိေသး။လမ္းတစ္ဝက္မွာတင္ လက္ထဲကင႐ုတ္သီးခြက္ကိုအလုခံရသည္။
"မရဘူးကိုယ္ထည့္ေပးသေလာက္ပဲစားရမယ္"
ေျပာလည္းေျပာၿပီး ကိုယ့္ပန္းကန္ထဲင႐ုပ္သီးသုံးေလးမႈန့္ေလာက္ကိုထည့္ေပးသည္။
"ဒါကလူစားမွာလား။ နတ္တင္မွာလားကိုအနဂၢေမာင္"
"မရဘူးေနာ္ ေထြးဗိုက္ေအာင့္လိမ့္မယ္"
"မရဘူးစားမွာနည္းနည္းေတာ့ထပ္ထည့္"
"ေထြးေနာ္ ကိုယ္အေကာင္းေျပာေနတုန္းအဲ့ေလာက္ပဲစားေနာ္။ၿပီးမွကိုယ့္အဆိုးမဆိုနဲ႕"
သင္းကခ်က္ခ်င္းမ်က္ႏွာကိုတည္၍ေျပာလာသည္။ ေအာ္...ေၾကာက္ေနမယ္သည္က။
"နားမေထယင္ေတာ့ဘာလုပ္ခ်င္လည္း ကိုအနဂၢေမာင္"
ေထြးကလည္းအားက်မခံ ခါးေထာက္၍သူ႕ကိုခပ္တည္တည္ၾကည့္ေပးလိုက္သည္။
ထိုအခါမ်က္ႏွာငယ္ေလးနဲ႕သူက
"ေထြးရယ္ အစပ္ေတြမစားပါနဲ႕ကြာ။ေတာ္ၾကာေထြးဗိုက္ေအာင့္တယ္ဆိုကိုယ့္မွာဘယ္လိုေနလို႔ေနရမွန္းမသိလို႔ပါကြာ။ကိုယ္ေတာင္းပန္ပါတယ္ေနာ္"
ေနာက္ဆုံးေတာ့ သည္ကကိုယ္ကပဲလင္နိုင္တယ္ဆိုၿပီးဘြဲ႕ခံရၿပီးသူကိုအေလ်ာ့ေပးလိုက္ရပါသည္။ ဒါေတာင္သူ႕ကိုေသခ်ာၾကည့္၍ေျပာလိုက္ပါေသးသည္။
"ဟြန္း..ေထြးတဲ့တစ္ေထြးတည္းရွိတယ္။ "
ထို႔ေနာက္လက္ဖက္စားဇြန္းအဖ်ားေလးနဲ႕င႐ုပ္သီးမႈန့္ကိုထည့္ကာစားေတာ့သူကဘာမွမေျပာေတာ့။
ဒါေတာင္သူကပြစိပြစိေျပာေသး။
"မြုိ့အုပ်မင်းကိုနိုင်တာသူတစ်ယောက်ပဲရှိတယ်
ယူၿပီးကာမွေတြ႕မယ္"တဲ့ေလ။
May26,2022(2:17PM)
Next Part's Hint
မိုးႀကိဳပန္းကေလးမ်ားကိုၾကားဖူးၾကသလားဒါဒါတို႔ေရ။ေနာက္အပိုင္းက်မိဳးႀကိဳပန္းကေလးေတြႏွင့္အတူျပန္လာမယ္ေနာ္ ။ ေနာက်ပြီးအဆင်ပြေရင် Reviewေလးေတြ FB မွာျမင္ခ်င္ေသးတယ္ရယ္
တ႐ုတ္လိုင္းပူးေနလို႔ခုမွတင္ရတာ ပုံမွာသာၾကည့္ Rေပၚေနတာေလ