ချစ်သော "ထွေး" (Complete)
By LibraO161003
954K 80.6K 2.6K
"ထွေးမြို့အုပ်မင်းကတော်မလုပ်ချင်ဘူးလားဟင်" "မျက်နှာရူးမြို့အုပ်မင်း" More
💜Part 1💜
💜Part 2💜
💜Part 3💜
💜Part 4💜
💜Part 5💜
💜Part 6💜
💜Part 7💜
💜Part 8💜
💜Part 9💜
💜Part 10💜
💜Part 11💜
💜Part 12💜
💜Part 13💜
💜Part 14💜
💜Part 16💜
💜Part 17💜
💜Part 18💜
💜Part 19💜
💜Part20💜
💜Part 21💜
💜Part22💜
💜Part23💜
💜Part24💜
💜Part25💜
💜Part 26💜
🌚Part 27🌚 (18+warning)
🌚Part28🌚(18+warning🚨)
💜Part 29💜
💜Part 30💜
💜Part 31💜
💜Part32💜
💜Part 33💜
💜Part34💜
💜Part35💜
💜Part36💜
💜Part 37💜
Final Part💜
Extra(ယုမောင်+လူဇော်
💜💜
💜Part15💜
23.5K 2K 72
By LibraO161003
တောင်ပေါ်မြို့လေးမူဆယ်ရဲ့ရာသီဥတုကခန့်မှန်းရခက်သည်။ အခုလို ဇန်နဝါရီလိုဆောင်းတွင်းတောင် မိုးတွေကရွာရင်ရွာတတ်သည်။
လည်ပတ်စရာသိပ်မရှိတဲ့နယ်စပ်မြို့ကလေးက တောင်ယာစိုက်ခင်းတွေရယ်။ရွှေလီမြစ်ကလေးရယ်သာရှိသည်။
(1940ကို အခြေခံထားတာမို့ လည်ပတ်စရာမရှိတာပါဗျ။ 2000ခုနှစ်ဝန်းကျင်မှာ တရုတ်ပြည်ကိုရွှေစင်းတုတော်တစ်ဆူလှုဒါန်းသော်လည်းအဘွားအိုတစ်ယောက်ကအိမ်မက်ရလို့ထိုဆင်းတုတော်ကြီးကိုမူဆ
ယ်ကိုပင့်ဆောင်ပြီးလှူဒါန်းထားပါတယ်။ "ပြည်တော်သာဘုရား"လို့ အမည်ရပြီး ထိုဘုရားကနေတောင်တစ်တောင်ထပ်တက်ရင်မူဆယ်ရဲ့ပြယုတ်ဖစ်တဲ့ရပ်တော်မူဘုရားကြီးကိုဖူးမြော်ရပါမယ်ဗျ။ထို့နောက် လှိုဏ်ဂူဘုရားကလည်းမူဆယ်ရဲ့လည်ပတ်ဖူး​မြော်စရာတစ်ခုပါပဲခင်ဗျာ။ရှေ့ကပြောခဲ့သလိ​ုသည်ဘုရားတွေက 2000ခုနှစ်ဝန်းကျင်မှပေါ်ပေါက်ခဲ့တာမို့ ထည့်သွင်းရေးသားခြင်းမပြုတာပါခင်ဗျာ)
ရွှေလီမြစ်ကမ်းနားကိုပျော်ပွဲစားသဖွယ်သူရယ်ထွေးရယ်ထွက်လာခဲ့လိုက်သည်။
အမိုးခုံးကားလေးကို မြစ်အစပ်နားတွင်ရပ်ထားလိုက်ပြီး သန့်ရှင်းသောမြက်ခင်းစိမ်းနုနုပေါ်တွင်အဝတ်စကိုဖြန့်ခင်းလိုက်သည်။ အသင့်ယူလာသော လက်ကိုင်ခြင်းလေးထဲမှ အသီးတစ်ချို့နှင့်စားစရာများကိုထုတ်ကာ သူတို့ကမသ်ိလျှင်ကြင်စဦးဇနီးမောင်နှံပျော်ပွဲစားထွက်လာသလို။
"အကို "
"မောင်လို့ခေါ်"
"ခင်ဗျာ"
"ထွေးကကို့ကိုအကိုလိုခေါ်တာသူစိမ်းဆန်တယ်"
အကိုကပြောရင်းလေအဝေ့မျက်စိနားထိရောက်လာသောဆံစလေးများကိုသပ်ပေးရင်းပြောသည်။
"မောင်လို့မခေါ်ချင်ဘူး။ကိုမောင်လို့ခေါ်ချင်တယ်"
"ဟော ထွေးသဘောခေါ်စေဗျာ"
အကိုကအားရပါးရရယ်တယ်။ ရယ်နေရင်းပေါ်လာသောသွားစွယ်လေးများကသိပ်ကိုလှသည်။ အမှတ်မထင်ဘေးတိုက်မြင်နေရတဲ့အကို့ဘယ်ဘက်နားထင်ကမှဲ့စိမ်းစိမ်းကလေးကအစထင်းလို့။
ကျွန်တော်လည်းမဆီမဆိုင် မြစ်ပြင်ကျယ်ကိုကြည့်မ်ိတော့ လှေကလေးတစ်စီးကရပ်ထားတာဒီအတိုင်း။အကြံတစ်ခုကိုချက်ချင်းရလိုက်သည်။
"ကိုမောင် ထွေးတို့ လှေစီးကြရအောင်"
"ဘယ်မှာလဲထွေးရဲ့ လှေက"
"ဟိုမာလေ"
ထွေးညွှန်ပြရာအနဂ္ဂမောင်ကြည့်မိတော့ သစ်သားလှေသေးသေးလေးက ကမ်းစပ်မှာရပ်ထားလျက်။
ကျွန်​ေတ်ာဆိုတဲ့ အနဂ္ဂ​​မောင်ကလည်း ထွေးအလိုတော်ကျ။ထွေးသဘောမို့။ထွေးခေါ်ဆောင်ရာပေါ့ဗျာ။
******
လက်ထဲတွင် ရေဒီယိုလေးက ပါလာလျက် သူတို့လှေကလေးကမြစ်အလယ်သို့ပင်ရောက်လာလေသည်။
အကိုကလှေလှော်လို့ကျွန်တော်က အကို့ရှေ့ထိုင်ကာသီချင်းလေးများလည်းဖွင့်ရင်းရသည့်သီချင်းများကိုလိုက်ညီးရင်းနှင့်။
အနဂ္ဂမောင်လည်း မိမိရှေ့က ကိုယ့်အသက်တစ်မျှချစ်ရသောကောင်လေးရဲ့ဖြူသွယ်သွယ်လက်ကလေးများနှင့်ရေကလေးများကိုဆော့ကစားနေဟန်ကိုကြည့်ရင်းသူပါပြုံးမိသည်။
ဒါကြောင့်စကားအဆိုရှိတာထင်သည်။
"ချစ်တဲ့သူပြုံးပျော်ရွှင်ရင်ထိုအပျော်တွေက ကိုယ့်ကိုပါကူးစက်တတ်လေသည်ဆိုတာ"
မိုးကလေးကခပ်ညိုညိုနှင့်။ ရေဒီယိုကထွက်လာသောသီချင်းက ဓာတ်ဆက်မင်းသမီးကြီး မေရှင်၏ 'ရွှေမိုးညို" သိီချင်းလေး။
ထွေးလည်းထိုသီချင်းကို 2020တုန်းက မေလသံစဥ်ပြန်ဆိုထားသဖြင့်ရနေသောကြောင့်လိုက်ညီးမိလိုက်သည်။
"(လှုိင်းကလေးတွေဖွေးတဲ့.....
မြစ်ဧရာပြင်ဝယ်.....🌊🌊
ခင်နဲ့မောင်လောင်းလှေစီးကာ လျောင်းမွေ့လိုရယ်) 2
စောင်းပုလွေဘာဂျာစုံတယ်..... သာယာပုံတွေရယ်....
အထက်ကျော်ဂယက်မော်....
ဝေ့ရောက်တော့မယ်လှော်စမ်းကွယ်..
(မောင့်မျက်နှာတဖြေးဖြေးပြုံးလို့လှော်ပုံတွေဆန်းကြယ်.....
ကြက်သီးများတဖြန်းဖြန်းထလို့ ခင့်...ကိုကိုရယ် ရှက်အားကြွယ်..)2
(တိမ်တောင်တွေရယ်...ညိုတယ်....
မိုးသက်လို့ဂယက်ဆင်မယ်....
ချစ်တဲ့သူအပြောခက်တယ် တိုးဖက်ကွယ်
မိုးသက်တော့မယ်..🎼🎼🎼)2
(လှေဏာဝါ ရေပြင်ကြီးမှာလှော်ရှာတယ်...
ချစ်တဲ့သူအပျော်ရှာမယ်....
အေးချမ်းလှတယ်မောင်ရယ်ချာချာလည်....)2
(တိမ်တောင်တွေရယ်...ညိုတယ်....
မိုးသက်လို့ဂယက်ဆင်မယ်.....
ချစ်တဲ့သူအပြောခက်တယ်...
တိုးဖက်ကွယ်မိုးသက်တော့မယ်...)"
🎼🎼🎼
အနဂ္ဂမောင်လည်း လှေလှော်နေသောသူ့လှော်တပ်ကို လှေဝမ်းဗိုက်ထဲထည့်လိုက်သည်။ သူကိုယ်တိုင်လည်း ေထွေးအနားသို့လျှောက်သွားတော့လှေလေးကလှုပ်လိလှုပ်လဲ့။
ထွေးကိုဖက်လိုက်ကာ ထွေးပါးပြင်ကိုနက်ရှိုင်းစွာ အနမ်းတစ်ပွင့်ကခြွေလိုက်သည်။
ထွေးကရှက်လွန်း၍လားမသိခေါင်းလေးကငုံ့သွားသည်။
ဒါကိုပင်အခွင့်ကောင်းယူကာ သူကထွေးကိုတင်းကြပ်စွာဖက်လိုက်သည်။
"လွှတ်အုံးဗျဒီမှာအသက်ရှုရခက်နေပြီ"
ထိုအခါမှာအနဂ္ဂမောင်ကသူဖက်ထားသောထွေးကိုယ်လေးက်ိုလျှော့လိုက်သည်။သို့သော်လွှတ်မပေး။
"ထွေး....."
"ခင်ဗျာ"
" Please may I kiss your sweety lip"
အရှက်သည်းစွာခေါင်းလေးငုံသည်။ထို့နောက် အင်းဆိုသည့်စကားလေးကအနဂ္ဂမောင်တစ်ယောက်ကြားရုံမျှသာ။
ထို့နောက်အနဂ္ဂမောင်လည်း ထွေးနှုတ်ခမ်းလေးများကိုနူးညံ့စွာငုံထွေးလိုက်သည်။အနဂ္ဂမောင်ရဲ့အနမ်းများကိုထွေးကလည်းအလိုက်သင့်ပြန်တုန့်ပြန်ရင်းသူတို့ရဲ့လှေကလေးကလည်းဦးတည်ရာမဲ့ရွေ့လျားလျက်။
ထိုကောင်လေးနှစ်ယောက်ဟာလည်း သူတို့ရဲ့အနမ်းများ၌နစ်မွန်း၍ပတ်ဝန်းကျင်ကိုမေ့ထားလိုက်သည်။
>>>>>>>>>>>>>>>>>
မနက်ကရုံးရောက်ရောက်ချင်း အစီရင်ခံစာသတင်းတစ်ခုက မြို့ထဲက ရွှေတိုက်ပိုင်ရှင်တရုတ်သူဋ္ဌေးဝမ်ဟုန်အိမ်ဓားပြတိုက်ခံရမှူ။
ထိုဝမ်ဟုန်မှာပစ္စည်းတင်ဓားပြတိုက်ခံရရုံသာမက လူကိုပါ သေနတ်နှင့်ပစ်သွားရာမသေပဲကံကောင်းသွားခြင်း။ ထိုအခြင်းအရာကိုအမှုဖွင့်ထားသဖြင့် ယုမောင်တစ်ယောက်ခေါင်းရှုတ်နေလေသည်။
ထိုအချိန်တံခါးကိုသုံးချက်ခေါက်လာသံကြားရသည်။
သေချာသည်။ဒါလူဇော်ပဲ။ရောက်ကတည်းကရုံးအောက်ထပ်ကလက်ဖက်ရည်ဆိုင်မှာလက်ဖက်ရည်သွားဝယ်ခိုင်းတာကြာနေသည်ကြောင့်သူပါမေ့နေသည်ပင်။
"ကြာလိုက်တာ လူဇော်ရယ်။ငါ့ဖြင့်မင်းကို အဖျော်ဆရာကြီးနဲ့ညားနေတယ်ထင်တာ"
"ဟာဗျာဆရာကလည်းတောက်တီးတောက်တဲ့
ကျွန်တော်လက်ဖက်ရည်ဆိုင်မှာသတင်းထောက်နေတာဗျ".
လူဇော်ကသူ့ကိုယ်သူဟန်ပါပါပြောနေတော့ယုမောင်က ဟုတ်လှချည်လားဆိုသောအပြုံးတစ်ခုဖြင့်ခပ်ဟဟပြုံးသည်။
"ဆိုစမ်းပါအုံး လူဇော်ရဲ့ မင်းကဘယ်လိုသတင်းထောက်လာတာလဲ"
"ရော်ဗျာ ဆရာကလဲ လက်ဖက်ရည်ဆိုင်ဆိုတာ လူပေါင်းစုံလာ​တဲ့ ေနေရာလေ။ဒီလိုပဲ မနေ့ညကရာဇဝတ်မှုလုပ်ထားတဲ့ သူတစ်ယောက်ကတော့ ဒီရုံးတော်မှာဘာဖြစ်လဲလို့သတင်းနံ့လာ​ခံမှာပဲလေဗျာ"
ယုမောင်ကလူဇော်၏စပ်ဆက်သောစကားကြောင့်မျက်ခုံးတစ်ချက်ပင့်ရင်း ခေါင်းငြိမ့်ကာထောက်ခံသည်။
"ဆက်ဆိုပါအုံးကွ"
"အ့ဲတာ ကျွန်တော် ခပ်လှမ်းလှမ်းကအခြေနေတစ်ချက်​ကြည့်မိတော့ ကျွန်တော်နဲ့အရင်က အလုပ်အတူတူလုပ်တဲ့ကောင်လေးတစ်ယောက်က ဆိုင်ထဲမှာခပ်ကုတ်ကုတ်နဲ့ကျွန်တော်ကိုမမြင်ဖူးလေ။ ကျွန်တော်လဲသူတို့နောက်နားကနေမသိမသာနားထောင်နေတာဒီလိုဗျ".
Before about 2 hours.....
"ပေါက်ဖော်အရေးဘယ်လိုတွေ့လဲ"
"အုပ်ဆောင်းကတော့ သိပြီ ။ ကြွက်နဲ့နဂါးပိုင်ရှင်ကိုဆိုတာတော့မသိသေးဘူး"
ပြောရင်း လက်ဖက်ရည်လာချသောကောင်လေးကြောင့် သူတို့စကားဝိုင်းလေးက ခဏမျှရပ်သွားသည်။
"ကြွက်နဲ့နဂါးကသူ့မြေကြီးထဲမှာပဲရှိတယ် မနက်ဖြန်ညကိုးနာရီ စုဝေးဖို့ရှိတယ် "
"ဟုတ်ပြီ ကျုပ်တို့မနက်ဖြန်ညဆုံကြတာပေါ့'"
"ဟုတ်ပြီ "
Flash back end...
"ဒါဆိုသူတို့ပြောတာကိုမင်းဘယ်လိုနားလည်လဲလူဇော်"
"ကျုပ်ဆရာရယ်မေ့တတ်ရန်ကော။..အရင်ကကျုပ်ကဒီအလုပ်တွေလုပ်လာတာပါဗျသူတို့စကားဝှက်တွေသိတာပေါ့"
ယုမောင်လည်း Burma State (ဘားမားစတိတ်)
စီးကရက်ကိုမီးညှိလိုက်သည်။
"ဆက်ပါအုံး"
"ကျုပ်တို့ဗမာတွေကတရုတ်ကိုပေါက်ဖော်လို့ခေါ်ကြတာလေ။ အဲ့တော့မနေ့ညက လောလောလတ်လတ်ဓားပြမှူဖြစ်ထားတဲ့တရုတ်ဝမ်ဟုန်ရဲ့အကြောင်းပေါ့ဗျ..
နောက်ပြီးသူတို့ပြောတဲ့အုပ်ဆောင်းဆိုတာ ဆရာ့ကိုပြောတာ။ရာဇဝတ်အုပ်ကိုအုပ်ဆောင်းလို့ခေါ်တာ။ မြုိ့အုပ်မင်းကို အုပ်ကြီးလို့သုံးတာဗျ။
အဲ့ထဲကပြောတဲ့ ကြွက်နဲ့နဂါးပိုင်ရှင်ဆိုတာဒါနာမည်ဝှက်။ ဗေဒင်ပညာမှာ ကခဂဃငကို တနင်္လါနာမ်၊ စဆဇစျညကို အင်္ဂါနာမ်လို့သတ်မှတ်တယ်ဆိုရင် တနင်္လါနာမ်ဟာကျား၊ အင်္ဂါနာမ်ဟာခြ​ေသ့်လေ။ သူပြောတဲ့ကြွက်နဲ့နဂါးဆိုတော့ ကြွက်ကကြာပသတေးနာမ်၊နဂါးကစနေနာမ် ။ဒီတော့သူတို့ခေါင်းဆောင်က ကြာသပတေးနာမ်နဲ့စနေနာမ် နာမည်ပဲဖစ်ရမည်ဆရာ ကျန်တာက"
"ရပြီရပြီ ငါသဘောပေါက်ပြီနောက်ကဆက်ပြောတဲ့နေရာက သူတို့​နေရာနဲ့ဆုံရပ်ကို ပြောတာမို့လား"
"ဟုတ်တယ်ဆရာ"
"ငါစဥ်းစားမိသမျှကြာသပတေးနာမ်နဲ့စတဲ့လူဆိုးတွေ....?.?.?"
"မိုးညို...မောင်ဘ....မဟုတ်သေးဘူး"
"ဖိုးတေ" "ဖိုးတေ"
ယုမောင်ရော လူဇော်ရောတစ်ပြိုင်နက်တည်းထုတ်ပြောမိသည်။
"ဟုတ်တယ်လမ်းမတော်ဖိုးတေ"
"ဆရာအဲ့တာကျွန်တော့်ရဲ့အရင်ကခေါင်းဆောင်"
"ဟေ...ဟုတ်လား..ဒါဆိုပိုကောင်းတာပေါ့ကွာ'
ယုမောင်မျက်နှာ၌ဝေခွဲမရသောပဟေဋ္ဌိဆန်သောအပြုံးတစ်ခုကချိတ်ဆွဲလျက်။.....
(Author's note :သည်ထဲကပြောတယ့် အရိပ်အမြွက်တွေကဆရာမင်းသိင်္ခဝတ္ထုတွေကိုဖတ်နေကြကျွန်တော်ကဆရာကြီးရဲ့ ဆရာကြီးရဲ့မမင်းဖြူမှန်မှန်ပြောမှာ သည်လ်ိုစကားဝှက်ကိုရေးထားတာကိုအကြံရပြီးရေးမိတာပါဗျ။ )
May16,2022(6:21PM)
💜💜💜💜💜💜💜💜💜💜💜💜💜
Zawgyi Font
တောင်ပေါ်မြို့လေးမူဆယ်ရဲ့ရာသီဥတုကခန့်မှန်းရခက်တယ်။ အခုလို ဇန်နဝါရီလိုဆောင်းတွင်းတောင် မိုးတွေကရွာရင်ရွာတတ်တာ။
"အကို "
"မောင်လို့ခေါ်"
"ခင်ဗျာ"
"ဘယ်မှာလည်းထွေးရဲ့လှေက"
"ဟိုမာလေ"
******
"(လှုိင်းကလေးတွေဖွေးတဲ့.....
မြစ်ဧရာပြင်ဝယ်.....
အထက်ကျော်ဂယက်မော်....
မိုးသက်တော့မယ်..)2
အေးချမ်းလှတယ်မောင်ရယ်ခြာခြာလညျ....)2
"လွှတ်ဦးဗျသည်မှာအသက်ရှုရခက်နေပြီ"
ထိုအခါမှာအနဂ္ဂမောင်ကသူဖက်ထားသောထွေးကိုယ်လေးက်ိုလျှော့လိုက်သည်။သို့သော်လွှတ်မပေး။
(seme တွေများ သူများသားပျိုကိုမစာမနာ😟😒)
"ထွေး....."
"ခင်ဗျာ"
ထို့နောက်အနဂ္ဂမောင်လည်း ထွေးနှုတ်ခမ်းလေးများကိုနူးညံ့သွာငုံထွေးလိုက်သည်။အနဂ္ဂမောင်ရယ့်အနမ်းများကိုထွေးကလည်းအလိုက်သင့်ပြန်တုန့်ပြန်ရင်းသူတို့ရဲ့လှေကလေးကလည်းဦးတည်ရာမဲ့ရွေ့လျားလျက်။
(ရည်းစားတစ်ခါမှမထားဖူးပါဘူးဆိုအနမ်းခန်းပေးရတာ တကယ်မရေးတတ်ဘူးအဆင်မပြေလည်းသည်းခံဖတ်ပးကြနော်။😣)
မနက်ကရုံးရောက်ရောက်ချင်း အစီရင်ခံစာသတင်းတစ်ခုက မွို့ထဲက ရွှေတိုက်ပိုင်ရှင်တရုတ်သူဋ္ဌေးဝမ်ဟုန်အိမ်ဓားပြတိုက်ခံရမှူ။
ထိုဝမ်းဟုန်မှာပစ္စည်းတင်ဓားပြတိုက်ခံရရုံသာမက လူကိုပါ သေနတ်နှင့်ပစ်သွားရာမသေပဲကံကောင်းသွားခြင်း။ ထိုအခြင်းအရာကိုအမှုဖွင့်ထားသဖြင့် ယုမောင်တစ်ယောက်ခေါင်းရှုတ်နေတာ။
"ဆိုစမ်းပါဦး လူဇော်ရဲ့ မင်းကဘယ်လိုသတင်းထောက်လာတာလည်း"
"ရော်ဗျာ ဆရာကလည်း လက်ဖက်ရည်ဆိုင်ဆိုတာ လူပေါင်းစုံလာတဲ့ နေရောလေ။သညျလိုပဲ မနေ့ညကရာဇဝတ်မှုလုပ်ထားတဲ့ သူတယောက်ကတော့ သည်ရုံးတော်မှာဘာဖြစ်လည်းလို့သတင်းနံ့လာခံမှာပဲလေဗျာ"
"ဆက်ဆိုပါဦးကွ"
"အဲ့တာ ကျတော် ခပ်လှမ်းလှမ်းကအခြေနေတစ်ချက်ကြည့်မိတော့ ကျတော်နဲ့အရင်က အလုပ်အတူတူလုပ်တဲ့ကောင်လေးတယောက်က ဆိုင်ထဲမှာခပ်ကုတ်ကုတ်နဲ့ကျတော်ကိုမမြင်ဖူးလေ။ ကျတော်လည်းသူတို့နောက်နားကနေမသိမသာနားထောင်နေတာသည်လိုဗျ".
Before about 2 hours.....
"ပေါက်ဖော်အရေးဘယ်လိုတွေ့လည်း"
"ဟုတ်ပြီ "
Flash back end...
"ဒါဆိုသူတို့ပြောတာကိုမင်းဘယ်လိုနားလည်လည်းလူဇော်"
"ဆက်ပါဦး"
နောက်ပြီးသူတို့ပြောတဲ့အုပ်ဆောင်းဆိုတာ ဆရာ့ကိုပြောတာရာဇဝတ်အုပ်ကိုအုပ်ဆောင်းလို့ခေါ်တာ။ မွို့အုပျမငျးကို အုပ်ကြီးလို့သုံးတာဗျ။
"ရပြီရပြီ ငါသဘောပေါက်ပြီနောက်ကဆက်ပြောတဲ့နေရာက သူတို့နေရာနဲ့စုံရပ်ကို ပြောတာမို့လား"
"ဟုတ်တယ်ဆရာ"
"ဖိုးတုတ်" "ဖိုးတုတ်"
"ဟုတ်တယ်လမ်းမတော်ဖိုးတုတ်"
"ဆရာအဲ့တာကျတော့်ရဲ့အရင်ကခေါင်းဆောင်"
May16,2022(6:21PM)
Continue Reading
You'll Also Like
644K 38.1K 33
၀န်ခံပါတယ် ကျွန်တော် သူ့ကိုမြင်မြင်ချင်းချစ်မိခဲ့တယ် #ဈာန်ဘုန်းမာန် မချစ်ပါနဲ့ ကလေး ကိုယ်ကမင်းဖေဖေရဲ့ သူငယ်ချင်းဖြစ်နေတယ်လေ #ဘုန်းသစ်နိုင် (Yaoi)
507K 63.3K 36
373K 17.4K 54
မင်းကသာကိုယ်ရဲ့တစ်ဦးတည်းသောအချစ်ရဆုံးသူပါ baby..... မင်းကသာကိုယ်ရဲ့တစ်ဦးတည်းသောအချစ်ရဆုံးသူပါ baby..... {zawgyi, unicode} Start date 24. 11.2020 End...
1M 90.1K 73
မှုတ်ထုတ်လိုက်တဲ့ အမွှားလေးတွေမှာ ကိုယ့်အချစ်တွေပါသွားခဲ့သလား.... မှုတ်ထုတ်လိုက်တဲ့အမွှားလေးတွေမှာ ကိုယ့်အချစ်တွေပါသွားခဲ့သလား.... Start- October-12 En...