" ရမ်ဘိုရေ....လာလာ..."
ဒါသူ့အသံပဲ။ မင်းဘုန်းအမှောင်ထဲမှာ ရောက်နေသည်။ပတ်ဝန်းကျင်ကိုကြည့်တော့လည်း အနက်ရောင်လွင်ပြင်ထီးထီးချည်းသာ။
တစ်ချက်တစ်ချက်ပြုံးရယ်နေသံနှင့်အတူ။ခြူသံလေးကတလွင့်လွင့်။
"ရမ်ဘိုရေ...လာလေကွာ...ဟားဟားဟား"
ပုံရိပ်တွေကတဖြည်းဖြည်းမြင်လာရသည်။
ဟမ် ဒါ ကိုယ့်သားလေးရမ်ဘိုပဲ! ။ ရမ်ဘိုကကိုယ့်ကိုမမြင်ဟန်တူသည်။ သူ့ကိုလူတစ်ယောက်ကဆွဲပွေ့တော့သူကအလိုက်သင့်ပါသွားသည်။
တကယ်ဆိုရမ်ဘိုက ကိုယ်ရယ် ဆလိုင်း ရယ်ကလွဲရင်မည်သူကိုမှ အကပ်ခံတာမဟုတ်။
ဒါဆိုသည်လူကမည်သူနည်း။
သူထိုလူ့မျက်နှာကိုကြည့်တော့သွေးပါပျက်ချင်သွားတယ်။
ဒါ ဒါ သူပဲလေ။ မဖြစ်နိုင်တာ။
"ငါ့ခန္ဓာကိုယ်ထဲကထွက်သွားပေးပါ"
တည်တင်းတဲ့ရုပ်နဲ့သူကိုပြောလာသည်။
"ဟင့်အင်း။ မဟုတ်ဘူး...."
"သူခိုး.....နင်ငါ့ခန္ဓာကိုယ်ကိုကော ငါ့မေမေနဲ့ကိုကိုကြီးကိုပါအတင်းလုယူထားတာ ပြန်ပေး"
ဒေါသထွက်နေသောမျက်နှာက ခုနကသူနှင့်တစ်ထပ်တည်းတူသည့်ရုပ်ပုံစံမဟုတ်တော့ပေ။
သွေးမရှိတော့ပဲဖြူစွတ်နေသည့်မျက်နှာထားနှင့်မည်းနက်နေသောမျက်ကွင်းများ။
"မဟုတ်ဘူး...ငါအဲ့လိုမဟုတ်ဘူး။...ငါမဟုတ်ဘူး"
.......
"ချပ်...ချပ်...ချပ်..."
နာရီလက်တံလည်သံ တချက်ချက်နှင့်အတူသူကြောက်စရာအိမ်မက်ဆိုးမှနိုးထလာခဲ့သည်။
"ဘာလိုဒီလိုကြီးမက်ရတာလဲ"
သူလည်းတံခါးနားရှိရေအိုးစင်မှရေတစ်ခွက်ကိုအပြည့်ခပ်သောက်လိုက်ပြီး နဖူးပေါ်ကျနေသောချွေးစိုများကိုလက်ဖြင့်သပ်လိုက်သည်။
"ဒီခန္ဓာကိုယ်ပိုင်ရှင် ချစ်သောထွေးကရော ဘယ်တွေရောက်နေတာပါလိမ့်။"
"တောင်းပန်ပါတယ်ကောင်လေးရယ် ကိုမရည်ရွယ်ပဲဒီလိုတွေဖြစ်လာပြီးကိုယ်လည်းဒီခန္ဓာကိုယ်ကပြန်ထွက်မရဖြစ်နေလို့ပါ"
**********************************
"နို့ ဆိုစမ်းပါအုံး ဒါဆို မူဆယ်က ကော်ဖီခြံကိုကျုပ်ကသွားကြည့်ပေးရမယ်ဆိုပါတော့ "
"ကူညီပါကိုယ့်လူရယ်။ကျုပ်ကမအားလပ်လို့ပါ။ အခုကော်ဖီမှုန့်တွေက ဘိလပ်အထိပြန်တင်ပို့မှာမို့ပါ"
"ဒါဖြင့်ကျွန်တော့်ဘက်ကတောင်းဆိုစရာတစ်ခုတော့ရှိတယ်နော"
အနဂ္ဂေမာင်လည်း ဆေးပေါ့လိပ်ကိုဟန်ပါပါဖွာလိုက်ပြီး မျက်နှာကျက်သို့ခေါင်းမော့ကာ ဆေးလိပ်ငွေ့များကိုမှုတ်ထုတ်လိုက်သည်။
အနဂ္ဂမောင်လုပ်သမျှကိုသူကြည့်နေရင်းသူပြောလာမည့်စကားကိုသာ စောင့်နေလိုက်သည်။
"အထွေးကို ကျုပ်နဲ့ဒီခရီးကိုထည့်ပေးနိုင်မလားဗျာ"
"သူလဲနေမကောင်းထားတာဆိုတော့အပန်းဖြေခရီးလေးဘာလေးထွက်ရတာပေါ့ဗျာ"
"ကျုပ်ညီထွေးကို ပြောကြည့်ပါအုံးမယ်ဗျာသူစိတ်ပါရင်ပေါ့ "
"ကောင်းပါပြီဗျာ"
ထိုသို့နှင့် ယုမောင်နှင့်အနဂ္ဂတို့နှစ်ယောက် အလုပ်ကိစ္စများဆွေးနွေးတိုင်ပင်ဖို့ ရုံးအောက်ထပ်ရှိ ကာဖေးဆိုင်လေးသို့ထွက်လာကြတာ့သည်။
**********************************
"အမေ သက်သာလားဟင်"
"သက်သာပါတယ်ငါ့သားရယ်
ငါ့သားလဲ အမေတို့အတွက်..အဟွတ်ဟွတ်...ပင်ပမ်းနေပါပြီကွယ်"
"မဟုတ်တာအမေရ။ လူဇော်ဆိုတဲ့သားက ယောကျ်ားပါ။ အမေတို့ကိုအခုလိုပြန်စောင့်ရှောက်ပြုစုရတာသားကုသိုလ်ရတာပေါ့"
"သာဓုကွယ်...သာဓု..သာဓု အမေ့သားလေး
ဘုန်းကြီးလို့သက်ရှည်ပါစေ မျက်နှာမြင်ချစ်ခင်ပါစေ။အသံကြားသနားတဲ့ကိုယ်ဖြစ်ပါစေ။ ကပ်ကြီးသုံးပါးကျော်နိုင်နင်းနိုင်ပါစေကွယ်"
"မေမေဒါဆိုကျုပ် အနောက်မှာလုပ်စရာရှိတာလုပ်လိုက်အုံးမယ်နော်"
"အဟွတ်..ဟွတ်...အေးအေး"
လူဇော်လည်းအညာစောင်အပါးလေးကိုအမေ့ကိုယ်ပေါ်လွှားခြုံပေးပြီး မီးဖိုချောင်ဆီသို့ ထွက်လာလိုက်သည်။
လူဇော်တို့အိမ်က ဆယ်ပေပတ်လည်လေးကိုဓနိမိုးထရံကာလေးသာဖြစ်သည်။ မီးဖိုချောင်ဆိုတာလည်း အိမ်ဘေးမြေကွက်လပ်တွင် ရွှံဖြင့်ပြုလုပ်ထားသော မီးဖိုလေးသာဖြစ်သည်။
"ကိုကြီး...ညီမလေးကျောင်းတက်ချင်တယ်"
"ဟေ..ငါ့ညီမရယ် ကိုကြီးကအမေ့ဆေးဖိုးနဲ့ပိုက်ဆံရှာမလောက်တာ ကိုယ့်ညီမလေးကိုဘယ်လိုကျောင်းထားနိုင်မလဲ"
"ဟိုလေအခုကြားတာ သမီးတို့ရွာမှာအမျိုးသားကျောင်းတွေဖွင့်မယ်တဲ့ ကောလိပ်ကအစ်ကိုကြီးတွေအစ်မကြီးတွေလာသင်မယ်ကြားတယ်"
"ဒါဆိုလည်းအဲ့ကျောင်းဖွင့်ရင်တက်ပေါ့"..
"ဒါပေမဲ့ညီမလေးကျောက်တံနဲ့ကျောက်သင်ပုန်းရယ်၊လွယ်အိတ်ရယ်မရှိဘူးလေ"
"ကိုကြီးဝယ်ပေးမှာပေါ့ညီမလေးရယ်"
"အခုလောလော ဆယ် အမေ့ကိုဆေးကျိုပေးဖို့ ပျားရည်အစိတ်ဖိုးလောက်သွားဝယ်သွား"
စုမော်လည်း အကိုထ်ိုးပေးလာသော ဖန်ပုလင်းအလွတ်လေးကိုင်ကာ ပိုက်ဆံလေးကိုလက်ထဲကျစ်ကျစ်ဆုပ်လျက် ရွာထဲက တရုတ်ကြီးကုန်စုံဆိုင်သို့ပြေးထွက်လာလိုက်သည်။
ကျွန်တော့်ဘဝဆိုတာအဲ့တာပဲ။
အများကထင်ကြတယ် သူခိုး၊ဓားပြပေါ့။
အဟက်! ဆေးနှင့်အသက်ဆက်နေရတဲ့မေမေ့အတွက် မြန်မာဆေးရောအင်္ဂလိပ်ဆေးရောဝယ်ဖို့ဆေးဖိုးတွေကို 19နှစ်လူငယ်ကျုပ်ကဘယ်ကနေသွားရှာရမလဲ။
ညီမလေးနဲ့မေမေ၊ကျုပ်တို့မိသားစုထမင်းတစ်နပ်အတွက် ရရာအလုပ်အကုန်လုပ်ပြီးငွေရှာရတယ်။ နောက်ဆုံးကြံရာမရတော့ ခိုးရလုရတော့တယ်။
တစ်ချို့ကနှာခေါင်းရှုံ့ကြတာ သူခိုးဓားပြတဲ့။ သူတို့ကခိုးတာလုတာပဲမြင်ကြတာ။နောက်ကွယ်က ဒီလိုလူတွေရဲ့အခက်အခဲကြပ်တည်းမှုကိုမမြင်နိုင်ကြဘူး။
သူလည်းအတွေးကိုလက်စသပ်ကာ ပွက်ပွက်ဆူနေသောထမင်းအိုးလေးကိုရေငှဲ့ကာပေါင်းလိုက်သည်။
**********************************
ထွေးမနေ့ညကအိမ်မက်တွေမကောင်းဘူး။ ဒီခန္ဓာကိုယ်ပိုင်ရှင် ထွေးကလည်းဘယ်တွေရောက်နေလဲမသ်ိပေ။
ဟုတ်သော်ရှိ မဟုတ်သော်ရှိ။သူ့အတွက်ကောင်းမှူကုသိုလ်လေးတော့ပြုပေးချင်တယ်။
ဟုတ်တယ်ဒီနေ့ဘုရားသွားရမယ်။
အပြောထပ်ေခြလှမ်းများကအရင်သွက်လက်ကာ ရေမိုးချိုးပြီး အဖြူရောင်ရှပ်လက်ရှည်အင်္ကျီအပေါ်ကို နို့နှစ်ရောင်တိုက်ပုံလေးထပ်ဝတ်လိုက်သည်။ပုဆိုးကိုတော့အနက်ရောင်ယောအစင်လေးရွေးဝတ်ပြီး အောက်ထပ်သို့ဆင်းခဲ့လိုက်သည်။
" မညို မေမေဘယ်သွားလဲ"
"အော် အစ်ကိုလေးကိုမပြောခဲ့ဘူးထင်တယ် ။မေမေကြီးက ကမ်းနားလမ်းကသူ့စပါးပွဲရုံမှာအရေးပေါ်ကိစ္စလေးပေါ်လို့ခုနကပဲသွားတယ်"
"အော် အေးအေး မေမေလာရင် ငါဘုရားကိုသွားတယ်လို့ပြောပေးနော်"
"ဟုတ်ကိုကိုလေး"
ထိုသို့နှင့်သူလည်း အိမ်ကဒရိုင်ဘာဦးမောင် ကိုခေါ်ကာ ကားဖြင့်ထွက်လာလိုက်သည်။
********
ထွေးလည်းဘုရားစောင်းတန်းသို့စတက်တက်ချင်းပန်းရောင်းနေသောကလေးများထံမှ နှင်းဆီပန်းလေးများကို ရွေးဝယ်ခဲ့လိုက်သည်။
ဘုရားဇောင်းတန်းတစ်လျှောက်သူ့အတွေးနှင့်သူလျှောက်လာခဲ့လိုက်သည်။
"အော်..ဘဝ...ဘဝ.... အခုလိုဘုရားသွားကျောင်းတက်တောင် တစ်ယောက်တည်းပါလား။
လူဖြစ်ရတဲ့ခဏဘဝ ရာဇဝတ်အုပ်ညီလေးနဲ့ညားလိုက်ရရင်ဖြင့်"
ထွေးလည်းအသံလာရာဆီမသင်္ကါသဖြင့်လှည့်ကြည့်တော့ တကယ်ပါပဲထင်တဲ့အတိုင်း
မြို့အုပ်မင်းဦးအနဂ္ဂမောင် ပါပင်။
သူလည်းဘုရားလာတာအကုသိုလ်မများချင်သဖြင့် ဘာမှမပြောပဲဘုရားရင်ပြင်ပေါ်သို့သာတက်ခဲ့လိုက်သည်။
အနောက်နားကနေတောက်တဲ့လိုလိုက်ကပ်နေသော ထိုလူ့ကြောင့်ကြည့်မရတော့ပေ။သည်းခံနိုင်တာလည်းအတိုင်းအတာလွန်သွားပြီ။
ထွေးလည်းကိုယ်လေးကိုအနောက်သို့လှည့်ရပ်လိုက်ကာထိုလူ့ကိုမော့ကြည့်လိုက်သည်။
"ဒီမှာ..."
"ခင်ဗျာ ! အော် တွေ့ကြပြန်ပြီနော်"
"ဘာ"
"မဟုတ်မှလွဲ ထွေးက ကျွန်တော့်နောက်လိုက်နေတာလားဗျ"
"ဘာဗျ ခင်ဗျား..... "
ဒေါသကြောင့်နီရဲတွတ်နေသောမျက်နှာလေးအားအနဂ္ဂမောင်တစ်ယောက်အသည်းယားစွာကြည့်လိုက်သည်။
ကိုယ့်မှာရီချင်သော်လည်းမရီရဲ။တော်ကြာသူကိုလှောင်တယ်ဆိုပြီး ထထိုးကာမှ ဘုရားပေါ်မှာ မြို့အုပ်မင်းသိက္ခာကျရပေမည်။
"ရုပ်ကိုကမချိုမချဥ်နဲ့ စပရိန်ရုပ်"
ပွစိပွစိပြောကာ ထွေးလည်းစနေထောင့်သို့ေရာက်အောင်သွားလိုက်သည်။
ဘုရားပန်းကိုကိုင်လျက်ထိုင်ပြီးဘုရားဝတ်ပြုနေစဥ်ဘေးနားသို့လူတစ်ယောက်လာထိုင်သည်ကိုသိလိုက်သည်။
ဒီတိုင်းဘုရားရှိခိုးပြီး မျက်စိဖွင့်ကြည့်တော့ ခင်ဗျားတို့ထင်သလိုပါပဲ ဟိုမြို့အုပ်မင်းပါပဲ။
အထွေးလည်းဘုရားပန်းလေးကို ပန်းအိုးဆီသွားထည့်နေစဥ်ဘေးနားလာရပ်သောသူ။
ပန်းအိုးထိုးပြီးကိုယ်ကရေသပ္ပါယ်တော့လည်းသူကလိုက်သပ္ပါယ်သည်။
ဘုရားရေသာသပ္ပါယ်နေတယ်မိမိကို မျက်ထောက်နီဖြင့်ကြည့်နေသော အရှေ့ကကောင်လေးကြောင့် အနဂ္ဂမောင်တယောက်မသိချင်ယောင်ဆောင်နေလိုက်သည်။
သူ ဒီကောင်လေး ရေစ သပ္ပါယ်ကတည်းကခွက်ရေကိုမှတ်ထားတာ သူ့အသက်က၁၈ပေမဲ့ရေကအခွက်နှစ်ဆယ်ကျော်နေပြီ။
'23..24...25..."
ရုတ်တရက်ထိုကောင်လေးလက်က်ိုဟန့်လိုက်သည်။
"မင်းနှယ်ရေသပ္ပါယ်နေတာနဲ့မတူဘူး။ဒီမယ်ဘုရားမှာရေမွန်းတော့မယ် မင်းေလာင်းတာခွက်၂၀ကေျာ်နေပြီ"
ထွေးလည်း စိတ်လွတ်ပြီးဘယ်နှခွက်ရေလောင်းနေမိလဲတောင်မသိတော့ပေ။
"ဒီနေ့ကကိုယ့်အသက်၂၅ပြည့်တာဆိုတော့မင်းလောင်းတာကလည်း ၂၅ခွက်နောက်ပြီးစနေ့ထောင့်မှာဆိုတော့ ကိုယ့်အတွက်ရေသပ္ပါယ်ပေးတာလားဟင်"
အထွေးလည်းရှေ့ကမျက်နှာပြောင်နေသောမြို့အုပ်မင်းကို စိတ်ကလည်း ပေါက်လာကာ
"ဘုရားပေါ်မှာပေါက်ကရပြောချင်အုံးဟယ်.."
"ဂွပ်"
လက်ထဲကစတီးရေခွက်လေးဖြင့် ထိုလူ့နဖူးကိုခေါက်ပြစ်လိုက်သည်။
ထို့နောက်ရေခွက်ကိုသူနေရာသူပြန်ထားကာထိုနေရာမှထွက်လာခဲ့လိုက်သည်။
အနဂ္ဂမောင်လည်းဖုသီးထသွားသောနဖူးပြင်အားပွတ်ရင်း တဟားဟားသဘောကျရင်းကျန်ခဲ့လေသည်။
May10,2022(4:26PM)
Zawgyi Font
" ရမ္ဘိုေရ....လာလာ..."
ဒါသူ႕အသံပဲ။ မင္းဘုန္းအေမွာင္ထဲမွာ ေရာက္ေနသည္။ပတ္ဝန္းက်င္ကိုၾကည့္ေတာ့လည္း အနက္ေရာင္လြင္ျပင္ထီးထီးခ်ည္းသာ။
တစ္ခ်က္တစ္ခ်က္ၿပဳံးရယ္ေနသံႏွင့္အတူ။ျခဴသံေလးကတလြင့္လြင့္။
"ရမ္ဘိုေရ...လာေလကြာ...ဟားဟားဟား"
ပုံရိပ္ေတြကတျဖည္းျဖည္းျမင္လာရသည္။
ဟမ္ ဒါ ကိုယ့္သားေလးရမ္ဘိုပဲ! ။ ရမ္ဘိုကကိုယ့္ကိုမျမင္ဟန္တူသည္။ သူ႕ကိုလူတစ္ေယာက္ကဆြဲေပြ႕ေတာ့သူကအလိုက္သင့္ပါသြားသည္။
တကယ္ဆိုရမ္ဘိုက ကိုယ္ရယ္ ဆလိုင္း ရယ္ကလြဲရင္မည္သူကိုမွ အကပ္ခံတာမဟုတ္။
ဒါဆိုသည္လူကမည္သူနည္း။
သူထိုလူ႕မ်က္ႏွာကိုၾကည့္ေတာ့ေသြးပါပ်က္ခ်င္သြားတယ္။
ဒါ ဒါ သူပဲေလ။ မျဖစ္နိုင္တာ။
"ငါ့ခႏၶာကိုယ္ထဲကထြက္သြားေပးပါ"
တည္တင္းတဲ့႐ုပ္နဲ႕သူကိုေျပာလာသည္။
"ဟင့္အင္း။ မဟုတ္ဘူး...."
"သူခိုး.....နင္ငါ့ခႏၶာကိုယ္ကိုေကာ ငါ့ေမေမနဲ႕ကိုကိုႀကီးကိုပါအတင္းလုယူထားတာ ျပန္ေပး"
ေဒါသထြက္ေနေသာမ်က္ႏွာက ခုနကသူႏွင့္တစ္ထပ္တည္းတူသည့္႐ုပ္ပုံစံမဟုတ္ေတာ့ေပ။
ေသြးမရွိေတာ့ပဲျဖဴစြတ္ေနသည့္မ်က္ႏွာထားႏွင့္မည္းနက္ေနေသာမ်က္ကြင္းမ်ား။
"မဟုတ္ဘူး...ငါအဲ့လိုမဟုတ္ဘူး။...ငါမဟုတ္ဘူး"
.......
"ခ်ပ္...ခ်ပ္...ခ်ပ္..."
နာရီလက္တံလည္သံ တခ်က္ခ်က္ႏွင့္အတူသူေၾကာက္စရာအိမ္မက္ဆိုးမွနိုးထလာခဲ့သည္။
"ဘာလိုဒီလိုႀကီးမက္ရတာလဲ"
သူလည္းတံခါးနားရွိေရအိုးစင္မွေရတစ္ခြက္ကိုအျပည့္ခပ္ေသာက္လိုက္ၿပီး နဖူးေပၚက်ေနေသာေခြၽးစိုမ်ားကိုလက္ျဖင့္သပ္လိုက္သည္။
"ဒီခႏၶာကိုယ္ပိုင္ရွင္ ခ်စ္ေသာေထြးကေရာ ဘယ္ေတြေရာက္ေနတာပါလိမ့္။"
"ေတာင္းပန္ပါတယ္ေကာင္ေလးရယ္ ကိုမရည္႐ြယ္ပဲဒီလိုေတြျဖစ္လာၿပီးကိုယ္လည္းဒီခႏၶာကိုယ္ကျပန္ထြက္မရျဖစ္ေနလို႔ပါ"
**********************************
"နို႔ ဆိုစမ္းပါအုံး ဒါဆို မူဆယ္က ေကာ္ဖီၿခံကိုက်ဳပ္ကသြားၾကည့္ေပးရမယ္ဆိုပါေတာ့ "
"ကူညီပါကိုယ့္လူရယ္။က်ဳပ္ကမအားလပ္လို႔ပါ။ အခုေကာ္ဖီမႈန့္ေတြက ဘိလပ္အထိျပန္တင္ပို႔မွာမို႔ပါ"
"ဒါျဖင့္ကြၽန္ေတာ့္ဘက္ကေတာင္းဆိုစရာတစ္ခုေတာ့ရွိတယ္ေနာ"
အနဂၢေမာင်လည်း ေဆးေပါ့လိပ္ကိုဟန္ပါပါဖြာလိုက္ၿပီး မ်က္ႏွာက်က္သို႔ေခါင္းေမာ့ကာ ေဆးလိပ္ေငြ႕မ်ားကိုမႈတ္ထုတ္လိုက္သည္။
အနဂၢေမာင္လုပ္သမွ်ကိုသူၾကည့္ေနရင္းသူေျပာလာမည့္စကားကိုသာ ေစာင့္ေနလိုက္သည္။
"အေထြးကို က်ဳပ္နဲ႕ဒီခရီးကိုထည့္ေပးနိုင္မလားဗ်ာ"
"သူလဲေနမေကာင္းထားတာဆိုေတာ့အပန္းေျဖခရီးေလးဘာေလးထြက္ရတာေပါ့ဗ်ာ"
"က်ဳပ္ညီေထြးကို ေျပာၾကည့္ပါအုံးမယ္ဗ်ာသူစိတ္ပါရင္ေပါ့ "
"ေကာင္းပါၿပီဗ်ာ"
ထိုသို႔ႏွင့္ ယုေမာင္ႏွင့္အနဂၢတို႔ႏွစ္ေယာက္ အလုပ္ကိစၥမ်ားေဆြးႏြေးတိုင္ပင္ဖို႔ ႐ုံးေအာက္ထပ္ရွိ ကာေဖးဆိုင္ေလးသို႔ထြက္လာၾကတာ့သည္။
**********************************
"အေမ သက္သာလားဟင္"
"သက္သာပါတယ္ငါ့သားရယ္
ငါ့သားလဲ အေမတို႔အတြက္..အဟြတ္ဟြတ္...ပင္ပမ္းေနပါၿပီကြယ္"
"မဟုတ္တာအေမရ။ လူေဇာ္ဆိုတဲ့သားက ေယာက်္ားပါ။ အေမတို႔ကိုအခုလိုျပန္ေစာင့္ေရွာက္ျပဳစုရတာသားကုသိုလ္ရတာေပါ့"
"သာဓုကြယ္...သာဓု..သာဓု အေမ့သားေလး
ဘုန္းႀကီးလို႔သက္ရွည္ပါေစ မ်က္ႏွာျမင္ခ်စ္ခင္ပါေစ။အသံၾကားသနားတဲ့ကိုယ္ျဖစ္ပါေစ။ ကပ္ႀကီးသုံးပါးေက်ာ္နိုင္နင္းနိုင္ပါေစကြယ္"
"ေမေမဒါဆိုက်ဳပ္ အေနာက္မွာလုပ္စရာရွိတာလုပ္လိုက္အုံးမယ္ေနာ္"
"အဟြတ္..ဟြတ္...ေအးေအး"
လူေဇာ္လည္းအညာေစာင္အပါးေလးကိုအေမ့ကိုယ္ေပၚလႊားၿခဳံေပးၿပီး မီးဖိုေခ်ာင္ဆီသို႔ ထြက္လာလိုက္သည္။
လူေဇာ္တို႔အိမ္က ဆယ္ေပပတ္လည္ေလးကိုဓနိမိုးထရံကာေလးသာျဖစ္သည္။ မီးဖိုေခ်ာင္ဆိုတာလည္း အိမ္ေဘးေျမကြက္လပ္တြင္ ႐ႊံျဖင့္ျပဳလုပ္ထားေသာ မီးဖိုေလးသာျဖစ္သည္။
"ကိုႀကီး...ညီမေလးေက်ာင္းတက္ခ်င္တယ္"
"ေဟ..ငါ့ညီမရယ္ ကိုႀကီးကအေမ့ေဆးဖိုးနဲ႕ပိုက္ဆံရွာမေလာက္တာ ကိုယ့္ညီမေလးကိုဘယ္လိုေက်ာင္းထားနိုင္မလဲ"
"ဟိုေလအခုၾကားတာ သမီးတို႔႐ြာမွာအမ်ိဳးသားေက်ာင္းေတြဖြင့္မယ္တဲ့ ေကာလိပ္ကအစ္ကိုႀကီးေတြအစ္မႀကီးေတြလာသင္မယ္ၾကားတယ္"
"ဒါဆိုလည္းအဲ့ေက်ာင္းဖြင့္ရင္တက္ေပါ့"..
"ဒါေပမဲ့ညီမေလးေက်ာက္တံနဲ႕ေက်ာက္သင္ပုန္းရယ္၊လြယ္အိတ္ရယ္မရွိဘူးေလ"
"ကိုႀကီးဝယ္ေပးမွာေပါ့ညီမေလးရယ္"
"အခုေလာေလာ ဆယ္ အေမ့ကိုေဆးက်ိဳေပးဖို႔ ပ်ားရည္အစိတ္ဖိုးေလာက္သြားဝယ္သြား"
စုေမာ္လည္း အကိုထ်ိုးပေးလာသော ဖန္ပုလင္းအလြတ္ေလးကိုင္ကာ ပိုက္ဆံေလးကိုလက္ထဲက်စ္က်စ္ဆုပ္လ်က္ ႐ြာထဲက တ႐ုတ္ႀကီးကုန္စုံဆိုင္သို႔ေျပးထြက္လာလိုက္သည္။
ကြၽန္ေတာ့္ဘဝဆိုတာအဲ့တာပဲ။
အမ်ားကထင္ၾကတယ္ သူခိုး၊ဓားျပေပါ့။
အဟက္! ေဆးႏွင့္အသက္ဆက္ေနရတဲ့ေမေမ့အတြက္ ျမန္မာေဆးေရာအဂၤလိပ္ေဆးေရာဝယ္ဖို႔ေဆးဖိုးေတြကို 19ႏွစ္လူငယ္က်ဳပ္ကဘယ္ကေနသြားရွာရမလဲ။
ညီမေလးနဲ႕ေမေမ၊က်ဳပ္တို႔မိသားစုထမင္းတစ္နပ္အတြက္ ရရာအလုပ္အကုန္လုပ္ၿပီးေငြရွာရတယ္။ ေနာက္ဆုံးႀကံရာမရေတာ့ ခိုးရလုရေတာ့တယ္။
တစ္ခ်ိဳ႕ကႏွာေခါင္းရႈံ႕ၾကတာ သူခိုးဓားျပတဲ့။ သူတို႔ကခိုးတာလုတာပဲျမင္ၾကတာ။ေနာက္ကြယ္က ဒီလိုလူေတြရဲ႕အခက္အခဲၾကပ္တည္းမႈကိုမျမင္နိုင္ၾကဘူး။
သူလည္းအေတြးကိုလက္စသပ္ကာ ပြက္ပြက္ဆူေနေသာထမင္းအိုးေလးကိုေရငွဲ႕ကာေပါင္းလိုက္သည္။
**********************************
ေထြးမေန႕ညကအိမ္မက္ေတြမေကာင္းဘူး။ ဒီခႏၶာကိုယ္ပိုင္ရွင္ ထွေးကလည်းဘယ်တွေရောက်နေလဲမသ်ိပေ။
ဟုတ္ေသာ္ရွိ မဟုတ္ေသာ္ရွိ။သူ႕အတြက္ေကာင္းမႉကုသိုလ္ေလးေတာ့ျပဳေပးခ်င္တယ္။
ဟုတ္တယ္ဒီေန႕ဘုရားသြားရမယ္။
အေျပာထပ္ေခြလှမ်းများကအရင်သွက်လက်ကာ ေရမိုးခ်ိဳးၿပီး အျဖဴေရာင္ရွပ္လက္ရွည္အကၤ်ီအေပၚကို နို႔ႏွစ္ေရာင္တိုက္ပုံေလးထပ္ဝတ္လိုက္သည္။ပုဆိုးကိုေတာ့အနက္ေရာင္ေယာအစင္ေလးေ႐ြးဝတ္ၿပီး ေအာက္ထပ္သို႔ဆင္းခဲ့လိုက္သည္။
" မညို ေမေမဘယ္သြားလဲ"
"ေအာ္ အစ္ကိုေလးကိုမေျပာခဲ့ဘူးထင္တယ္ ။ေမေမႀကီးက ကမ္းနားလမ္းကသူ႕စပါးပြဲ႐ုံမွာအေရးေပၚကိစၥေလးေပၚလို႔ခုနကပဲသြားတယ္"
"ေအာ္ ေအးေအး ေမေမလာရင္ ငါဘုရားကိုသြားတယ္လို႔ေျပာေပးေနာ္"
"ဟုတ္ကိုကိုေလး"
ထိုသို႔ႏွင့္သူလည္း အိမ္ကဒရိုင္ဘာဦးေမာင္ ကိုေခၚကာ ကားျဖင့္ထြက္လာလိုက္သည္။
********
ေထြးလည္းဘုရားေစာင္းတန္းသို႔စတက္တက္ခ်င္းပန္းေရာင္းေနေသာကေလးမ်ားထံမွ ႏွင္းဆီပန္းေလးမ်ားကို ေ႐ြးဝယ္ခဲ့လိုက္သည္။
ဘုရားေဇာင္းတန္းတစ္ေလွ်ာက္သူ႕အေတြးႏွင့္သူေလွ်ာက္လာခဲ့လိုက္သည္။
"ေအာ္..ဘဝ...ဘဝ.... အခုလိုဘုရားသြားေက်ာင္းတက္ေတာင္ တစ္ေယာက္တည္းပါလား။
လူျဖစ္ရတဲ့ခဏဘဝ ရာဇဝတ္အုပ္ညီေလးနဲ႕ညားလိုက္ရရင္ျဖင့္"
ေထြးလည္းအသံလာရာဆီမသကၤါသျဖင့္လွည့္ၾကည့္ေတာ့ တကယ္ပါပဲထင္တဲ့အတိုင္း
ၿမိဳ႕အုပ္မင္းဦးအနဂၢေမာင္ ပါပင္။
သူလည္းဘုရားလာတာအကုသိုလ္မမ်ားခ်င္သျဖင့္ ဘာမွမေျပာပဲဘုရားရင္ျပင္ေပၚသို႔သာတက္ခဲ့လိုက္သည္။
အေနာက္နားကေနေတာက္တဲ့လိုလိုက္ကပ္ေနေသာ ထိုလူ႕ေၾကာင့္ၾကည့္မရေတာ့ေပ။သည္းခံနိုင္တာလည္းအတိုင္းအတာလြန္သြားၿပီ။
ေထြးလည္းကိုယ္ေလးကိုအေနာက္သို႔လွည့္ရပ္လိုက္ကာထိုလူ႕ကိုေမာ့ၾကည့္လိုက္သည္။
"ဒီမွာ..."
"ခင္ဗ်ာ ! ေအာ္ ေတြ႕ၾကျပန္ၿပီေနာ္"
"ဘာ"
"မဟုတ္မွလြဲ ေထြးက ကြၽန္ေတာ့္ေနာက္လိုက္ေနတာလားဗ်"
"ဘာဗ် ခင္ဗ်ား..... "
ေဒါသေၾကာင့္နီရဲတြတ္ေနေသာမ်က္ႏွာေလးအားအနဂၢေမာင္တစ္ေယာက္အသည္းယားစြာၾကည့္လိုက္သည္။
ကိုယ့္မွာရီခ်င္ေသာ္လည္းမရီရဲ။ေတာ္ၾကာသူကိုေလွာင္တယ္ဆိုၿပီး ထထိုးကာမွ ဘုရားေပၚမွာ ၿမိဳ႕အုပ္မင္းသိကၡာက်ရေပမည္။
"႐ုပ္ကိုကမခ်ိဳမခ်ဥ္နဲ႕ စပရိန္႐ုပ္"
ပြစိပြစိေျပာကာ ေထြးလည္းစေနေထာင့္သို႔ေရာက်အောင်သွားလိုက်သည်။
ဘုရားပန္းကိုကိုင္လ်က္ထိုင္ၿပီးဘုရားဝတ္ျပဳေနစဥ္ေဘးနားသို႔လူတစ္ေယာက္လာထိုင္သည္ကိုသိလိုက္သည္။
ဒီတိုင္းဘုရားရွိခိုးၿပီး မ်က္စိဖြင့္ၾကည့္ေတာ့ ခင္ဗ်ားတို႔ထင္သလိုပါပဲ ဟိုၿမိဳ႕အုပ္မင္းပါပဲ။
အေထြးလည္းဘုရားပန္းေလးကို ပန္းအိုးဆီသြားထည့္ေနစဥ္ေဘးနားလာရပ္ေသာသူ။
ပန်းအိုးထိုးပြီးကိုယ်ကရေသပ္ပါယ်တော့လည်းသူကလိုက်သပ္ပါယ်သည်။
ဘုရားရေသာသပ္ပါယ်နေတယ်မိမိကို မ်က္ေထာက္နီျဖင့္ၾကည့္ေနေသာ အေရွ႕ကေကာင္ေလးေၾကာင့္ အနဂၢေမာင္တေယာက္မသိခ်င္ေယာင္ေဆာင္ေနလိုက္သည္။
သူ ဒီေကာင္ေလး ေရစ သပ္ပါယ်ကတည်းကခွက်ရေကိုမှတ်ထားတာ သူ႕အသက္က၁၈ေပမဲ့ေရကအခြက္ႏွစ္ဆယ္ေက်ာ္ေနၿပီ။
'23..24...25..."
ရုတ်တရက်ထိုကောင်လေးလက်က်ိုဟန့်လိုက်သည်။
"မင်းနှယ်ရေသပ္ပါယ်နေတာနဲ့မတူဘူး။ဒီမယ်ဘုရားမှာရေမွန်းတော့မယ် မင္းေလာင်းတာခွက်၂၀ကေျာ်နေပြီ"
ေထြးလည္း စိတ္လြတ္ၿပီးဘယ္ႏွခြက္ေရေလာင္းေနမိလဲေတာင္မသိေတာ့ေပ။
"ဒီေန႕ကကိုယ့္အသက္၂၅ျပည့္တာဆိုေတာ့မင္းေလာင္းတာကလည္း ၂၅ခြက္ေနာက္ၿပီးစေန႕ေထာင့္မွာဆိုေတာ့ ကိုယ့်အတွက်ရေသပ္ပါယ်ပေးတာလားဟင်"
အေထြးလည္းေရွ႕ကမ်က္ႏွာေျပာင္ေနေသာၿမိဳ႕အုပ္မင္းကို စိတ္ကလည္း ေပါက္လာကာ
"ဘုရားေပၚမွာေပါက္ကရေျပာခ်င္အုံးဟယ္.."
"ဂြပ္"
လက္ထဲကစတီးေရခြက္ေလးျဖင့္ ထိုလူ႕နဖူးကိုေခါက္ျပစ္လိုက္သည္။
ထို႔ေနာက္ေရခြက္ကိုသူေနရာသူျပန္ထားကာထိုေနရာမွထြက္လာခဲ့လိုက္သည္။
အနဂၢေမာင္လည္းဖုသီးထသြားေသာနဖူးျပင္အားပြတ္ရင္း တဟားဟားသေဘာက်ရင္းက်န္ခဲ့ေလသည္။
May10,2022(4:26PM)