The Legendary Master's Wife [...

Galing kay melon_rays

465K 84.3K 4.6K

Original Author - Yin Ya English Translators - Exiled Rebels Scanlations [From Chapter(591)- (731)End] If you... Higit pa

Chapter-591
Chapter-592
Chapter-593
Chapter-594
Chapter-595
ယခင်အပိုင်းမှအဆက်// ယခင္အပိုင္းမွအဆက္
Chapter-596
Chapter-597
Chapter-598
Chapter-599
Chapter-600
Chapter-601
Chapter-602
Chapter-603
Chapter-604
Chapter-605
Chapter-606
Chapter-607
Chapter-608
Chapter-609
Chapter-610
Chapter-611
Chapter-612
Chapter-613
Chapter-614
Chapter-615
Chapter-616
Chapter-617
Chapter-618
Chapter-619
Chapter-620- ဒုတိယမြောက်တိုက်ပွဲ
Chapter-621-အဆုံးသတ်
Chapter-622- အဆိပ်ပြင်းသောလျှာ
Chapter-623-အိမ်နီးချင်းများ
Chapter-624- စာအုပ်စုဆောင်းရေး
Chapter-625-ပြစ်မျိုးခုနစ်ဖြာသားရဲများ
Chapter-626-လွတ်မြောက်သွားသောကျွန်များလော
Chapter-627-အလိုမလိုက်ရဲတော့ပါဘူး
Chapter-628-ပြိုင်ပွဲစတင်ခြင်း
Chapter-629-လေးလံလှသောသတ္တုတုံး
Chapter-630-ဒုတိယစမ်းသပ်ချက်
Chapter-631-ထူးဆန်းသောအခြေအနေ
Chapter-632-အကျဉ်းချခံရခြင်း
Chapter-633-ပြန်လမ်းမဲ့အကျဉ်းထောင်
Chapter-634-လွတ်မြောက်ခြင်း(၁)
Chapter-635- ထုံထျန်းနန်းတော်၊ ဂုဏ်သိက္ခာကျဆင်းရခြင်း
Chapter-636-အခွင့်အလမ်းများနှင့်မတော်တဆများ
Chapter-637- အမှန်တရား
Chapter-638- ဖျက်ဆီးခြင်း
Chapter-639- အောင်မြင်ခြင်း
Chapter-640- လွတ်မြောက်ခြင်း
Chapter-641- ပြန်လည်ကောင်းမွန်လာခြင်း
Chapter-642 - ခွဲခွာနေရခြင်းက စိတ်နှလုံးကိုပိုမိုနှစ်သက်မှုဖြစ်စေသည်
Chapter-643- ရှေးမဟာစစ်ပွဲကြီး၏မူလအစ
Chapter-644- တာဝန်မဲ့သော
Chapter-645- တားမြစ်နယ်မြေ
Chapter-646- ကျိစုရှင်း
Chapter-647- မိခင်
Chapter-648- ကောင်းချီးငါးဖြာစိတ်မျက်လုံး
Chapter-650- ဇူးမား
Chapter-651- စာအုပ်တိုက်
about next new chapters
Chapter-652
Chapter-653
Chapter-654
Chapter-655
Chapter-656
Chapter-657
Chapter-658
Chapter-659
Chapter-660
Chapter -661
Chapter-662

Chapter-649- ပူးပေါင်းခြင်း

5K 1K 7
Galing kay melon_rays

Unicode
အပိုင်း ၆၄၉- ပူးပေါင်းခြင်း

ယူရှောင်းမိုနဲ့လင်းရှောင်တို့ ကူမာမျိုးနွယ်စုမှ
ထွက်ကာ ရွှေ့ရှီမျိုးနွယ်စုသို့ အသော့နှင်ကြသည်။
ရလဒ်အနေနဲ့ကတော့ ကူမာမျိုးနွယ်စုအား
သစ္စာဖောက်ပြီးနှင့်ပြီဖြစ်သော ရှယင်နှင့်
မမျှော်လင့်ထားစွာ သွားတိုးလေသည်။

ရှယင်မှာ သူတို့ကိုမြင်သော် အရင်တစ်ခါတုန်းက
သူတို့အပေါ် အပြစ်လွှဲချဖူးတာနှင့် တုံ့ယွီမြို့မှာ
ဖြစ်ခဲ့သည့်အဖြစ်အပျက်တို့အား ပြန်အမှတ်ရသွား
သည်။ လင်းရှောင်က သူတို့နှင့်
မငြိစွန်းလိုသောကြောင့်သာမဟုတ်လျှင် ယခုဆို
သူတို့နှစ်ဖက် ရန်သူများဖြစ်နေလောက်ပေပြီ။

မော့ချီရှစ်ယွမ်မှာလည်း နေရာမှာတင် ချွေးများ
လက်နဲ့အပြည့်သုတ်လိုက်ရသည်။

ပင်လယ်အောက်တွင် သူနှင့်ဆုံခဲ့သည့်
ယူရှောင်းမိုနဲ့လင်းရှောင်တို့က သူ့သားရဲ့မိတ်ဆွေ
တွေဟု သိလိုက်ရကတည်းက သူ့မှာ အချိန်
အတော်ကြာအောင် ပူပန်နေခဲ့ရသည်။

သူတို့ကြား ရန်ကြွေးမရှိဘူးဟု ပြောလို့မရဘူး
မဟုတ်ပါလား၊ ရန်ကြွေးက ရှိပေမဲ့
တအားမကြီးတာသာရှိသည်။ လင်းရှောင်နှင့်
ယူရှောင်းမိုတို့သာ ပြန်လက်စားချေချင်ခဲ့ပါက
သူ့သားလေးနဲ့ပတ်သက်မှုကို အသုံးချလို့ရသည်။

သို့သော်ငြားလည်း သူတို့လာရသည့်ရည်ရွယ်ချက်ကို
သိရပြီးနောက်မှာတော့ မော့ချီရှစ်ယွင်မှာ လန့်လည်း
မလန့်တော့သလို ပျော်လည်းမပျော်တော့ပေ။
ကြည့်ရသည်မှာ သူတို့က ရှေ့ကရန်ကြွေးများအား
စွန့်ပစ်၍ ဖြစ်ခဲ့ပြီးတာတွေကို ပြန်အစမဖော်ဖို့
ဆုံးဖြတ်ထားပုံပင်။ ထိုသို့ဆိုလျှင် အင်မတန်
ကောင်းလှပေသည်၊ ဒီတစ်ခုကလွဲလို့....

"ကူမာမျိုးနွယ်စုနဲ့ပူးပေါင်းထားတဲ့ အင်အားစုက
ပင့်ကူနက်ဆိုတာသေချာရဲ့လား"

ရှီကျင်း၏လက်ရှိအခြေအနေအကြောင်း
မော့ချီရှစ်ယွမ်လည်း ကြားထားပေသည်။
ပင့်ကူနက်ဆိုသည်က ဉာဏ်နီဉာဏ်နက်များသော၊
ယုတ်မာရက်စက်သော လှည့်ကွက်များအပြည့်နှင့်
အင်မတန်စွမ်းအားကြီးသည်။ ယခင်က အမြဲတမ်း
အမှောင်ထဲမှာသာ ပုန်းအောင်းနေခဲ့ကြသည်၊
သို့ပေမဲ့ယခု အလင်းထဲပေါ်ထွက်လာခဲ့တော့လဲ
ဘယ်သူကမှ သူတို့ကိုသိနားမလည်နိုင်ကြသေးချေ။

"ဒီဇူးမားဆိုတဲ့လူ.. ခေါင်းဆောင်မော့ချီ
ကြားဖူးလောက်ပါတယ် ဟုတ်တယ်မလား"

လင်းရှောင်က ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

မော့ချီရှစ်ယွမ်က ရုတ်ခြည်းမျက်မှောင်ကြုံ့သွား
သည်။

"အေး ကြားဖူးတယ်။ သူမက ကူမာမျိုးနွယ်စုရဲ့
အရင်ကအပျိုစင်ပဲ။ သူမက သိပ်ကိုစွမ်းအားကြီး
တယ်..ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်သောင်းချီအကြာတုန်းက
ဘာရယ်ကြောင့်မသိ ရုတ်တရက်ပျောက်သွားခဲ့တယ်။
သူမဘယ်သွားတာလဲ ဘယ်သူမှမသိကြဘူး"

လင်းရှောင်၏လက်ချောင်းလေးများက စားပွဲပေါ်
တတက်တက်ခေါက်နေသည်။ ခပ်ဖွဖွနှစ်ကြိမ်မျှ
ခေါက်ပြီးနောက် သူက တစ်လုံးချင်းပြောသည်။

"သူမက အခု ပင့်ကူနက်မှာ။ ဒါ့အပြင် ပင့်ကူန​က်
ခေါင်းဆောင်ရဲ့လူယုံလည်းဟုတ်တယ်"

မော့ချီရှစ်ယွမ်မှာ တုန်လှုပ်ချောက်ချားသွားတော့
သည်။ အံ့ချီးလောက်တဲ့အပျိုစင်က ပင့်ကူနက်ကို
တကယ်ပဲဝင်သွားခဲ့တာလား။

ဟိုအီးပေါလောမော့မာသိချင်သိ၊ မသိချင်နေပါစေ
ဒါက သူတို့အတွက်တော့ အန္တရာယ်ကြီးသည်။
ဇူးမား၏လူထုကိုစည်းရုံးနိုင်စွမ်းက ရှယင်ထက်
ပိုမိုအားကောင်းပြီး သူမ အဆင့်ခြောက်ကို
ရောက်နေပြီဟူသော ကောလဟလများလည်း
ရှိသည်။ ၎င်းက အမှန်ဟုတ်ဟုတ်မဟုတ်
သတိဆိုတာပိုသည်မရှိပေ။

အမြန်တွက်ချက်ကြည့်ပြီးနောက် မော့ချီရှစ်ယွမ်
တစ်ယောက် ဆုံးဖြတ်ချက်ချလိုက်တော့သည်။
နက်နဲသောအမူအရာတစ်ခု ချိတ်ဆွဲထားသော
လင်းရှောင်အား သူ ကြည့်လိုက်သည်။

"ဟိုးအဝေးကြီးကနေ တုံကျိုးကို အသော့နှင်လာတဲ့
ခင်ဗျားတို့နှစ်ယောက် ဒီကို ကျုပ်တို့နဲ့
ပူးပေါင်းဖို့အတွက်နဲ့တင် လာတာမဟုတ်ဘူးမလား။
ခင်ဗျားတို့ဘက်က ဘာတောင်းဆိုစရာရှိလဲ"

"မျိုးနွယ်စုခေါင်းဆောင်မော့ချီက တကယ်ကို
ပွင့်လင်းပြီး တည့်တိုးဆန်တဲ့လူမျိုးပါပဲဗျာ။
ကျုပ်ဘက်က ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်
ရွှေ့ရှီမျိုးနွယ်စုမှာ ကောင်းချီးငါးဖြာစိတ်မျက်လုံး
တစ်ခုရှိတယ်လို့ ကျုပ်ကြားထားတယ်ဗျ။ အဲ့ဒါလေး
ခဏလောက် ငှားချင်လို့ ရမလားမသိဘူး"

လင်းရှောင်က နှုတ်ခမ်းထောင့်လေးများကို
ကွေးညွတ်လျက် လိုရင်းကိုတန်းပြောလိုက်သည်။

မော့ချီရှစ်ယွမ်၏အမူအရာမှာ မသိမသာ
ပြောင်းလဲသွားသည်။ သူတို့လာခဲ့တာ
ကောင်းချီးငါးဖြာစိတ်မျက်လုံးကြောင့်ဖြစ်မယ်လို့
သူ မထင်ထားခဲ့ပေ။

ရှေးစစ်ပွဲကြီးကတည်းက တုံကျိုး၏ကောင်းချီး
ငါးဖြာစိတ်မျက်လုံးများစွာ ဖျက်ဆီးခံရပြီးဖြစ်သည်။
ယခုအချိန်အထိ ကျန်ရှိနေသည်မှာ သိပ်အများကြီး
မရှိတော့ဘဲ လုံးဝဥဿုံသုံးစွဲခံရပြီးသည်များပင်
ရှိသည်။

ကောင်းချီးငါးဖြာစိတ်မျက်လုံးအား အပြင်လူများ
မျက်စိမကျဖူးတာတော့မဟုတ်ပေ။ လွန်ခဲ့သည့်
နှစ်များစွာအတွင်း ရောက်လာခဲ့သည့်သူလျှိုများ
ဘယ်လောက်ရှိလဲ မသိရပေမဲ့ သေချာတာတစ်ခု
ကတော့ ဘယ်သူမှ မအောင်မြင်ဖူးပေ။ ကောင်းချီး
ငါးဖြာစိတ်မျက်လုံးအပေါ် မျိုးနွယ်စုကြီးသုံးခု၏
လျှို့ဝှက်ထားမှုအဆင့်အား အပြင်လူများ
ပုံဖော်မကြည့်နိုင်ကြပေ။

လင်းရှောင်သည် သူဒုက္ခဖြစ်နေပုံကိုမြင်လိုက်ပြီး
မျက်လုံးများ အနည်းငယ်မှေးစင်းသွားသည်။

"မျိုးနွယ်စုခေါင်းဆောင်က ဆန္ဒမရှိဘူးပေါ့"

မော့ချီရှစ်ယွမ်သည် ခေါင်းခါ၍ ခါးသက်သက်
ပြုံးလိုက်သည်။

"လူကြီးမင်းတို့ဘက်က ကောင်းချီးငါးဖြာ
စိတ်မျက်လုံးအကြောင်း ထည့်ပြောလာတယ်
ဆိုကတည်းက ဒီဟာကို ကြိုတင်စုံစမ်းထားပြီးသား
ဖြစ်မယ်ထင်တယ်။ အမှန်အတိုင်းပြောရရင်
ရွှေ့ရှီမျိုးနွယ်စုမှာ ကောင်းချီးငါးဖြာစိတ်မျက်လုံး
တစ်ခုရှိတော့ရှိပါတယ်၊ ဒါပေမဲ့ သူက ခမ်းခြောက်
သွားတော့မှာ။ ခင်ဗျားတို့ရဲ့လိုအပ်ချက်နဲ့
မကိုက်ညီမှာပဲ စိုးရွံ့မိပါတယ်"

"ခင်ဗျားပြောချင်တာက"

လင်းရှောင်က မျက်တောင်တစ်ချက်မခတ်ဘဲ
မေးလိုက်သည်။

မော့ချီရှစ်ယွမ်ကရှင်းပြ၏။

"ကျုပ်တို့လက်ရှိအသုံးပြုနေတဲ့ စိတ်မျက်လုံးက
ရှေးက လက်ဆင့်ကမ်းလာတဲ့ဟာမဟုတ်ဘူး၊
ကျုပ်တို့ရှာတွေ့ခဲ့တုန်းက အဆင့်နိမ့်စိတ်မျက်လုံး
သေးသေးလေးပဲရှိတာ။ အရင်နှစ်တွေမှာ
မျိုးနွယ်စုရဲ့လိုအပ်တဲ့ပမာဏ မြင့်တက်လာခဲ့တော့
အခုသိပ်မကျန်တော့ဘူး"

လင်းရှောင်က ထူးမခြားနားစွာပြောလိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင် ကျုပ်တို့ကို ကိုယ်တိုင်
ကြည့်ရအောင် ခေါ်သွားပြလို့ရမလား"

မော့ချီရှစ်ယွမ်သည် ခဏမျှ တွေဝေနေပြီးနောက်
သဘောတူ၏။ သူပြောတာ အမှန်တွေပင်။
ကောင်းချီးငါးဖြာစိတ်မျက်လုံးအကြောင်း သိသူ
နည်းလေ ကောင်းလေလေဆိုပေမဲ့ ခမ်းခြောက်
လုဆဲဆဲ စိတ်မျက်လုံးကတော့ဖြင့် သိပ်အဖိုးမတန်
တော့ပေ။ ၎င်းရှိရာနေရာကို သူတို့သိသွားလျှင်တောင်
ကိစ္စသိပ်မရှိပေ။

မော့ချီရှစ်ယွမ်သည် ဤမဖြစ်စလောက်
တာဝန်လေးအား သားငယ် မော့ချီရုန်ထံလွှဲပေးလိုက်
၏။ မော့ချီရုန်သည် မှော်ဆရာဖြစ်ရာ ငယ်ငယ်က
ကောင်းချီးငါးဖြာစိတ်မျက်လုံးသို့ မကြာခဏ
သွားလေ့ရှိခဲ့သည်။ ထို့အပြင် ဤအခွင့်အရေးကို
အသုံးချပြီး သူတို့နှင့်ဆက်ဆံရေးခိုင်မာအောင်လည်း
လုပ်လို့ရသည်။ ဒါပေါ့လေ၊ ဖန်းချန်းလဲ့နဲ့
ဖူကျစ်လင်းတို့ရဲ့ ယူရှောင်းမိုနဲ့ပတ်သက်မှုကို
အခုအချိန်မှာ မော့ချီရှစ်ယွမ်တစ်ယောက်
မသိသေးပေ။

ယူရှောင်းမိုနဲ့တွေ့ရတော့ မော့ချီရုန်မှာ အလွန်
ပျော်ရွှင်နေသည်။ မျိုးနွယ်စုသို့ပြန်ရောက်လာပြီး
နောက်မှာ တစ်ချိန်လုံး တံခါးပိတ်ကျင့်ကြံခဲ့ပြီး
ရှောင်ယောင်တက္ကသိုလ်မှာတုန်းကလောက်
မအားလပ်တော့ပေ။ ထိုစဉ်တုန်းက သူ့ဘေးမှာ
သူငယ်ချင်းတစ်အုပ်ရှိခဲ့ဖူးပြီး အနက်ရှိုင်းဆုံး
အမြင်တစ်ခု ချန်ခဲ့သူမှာ ယန်ဟွေ့ပင်။ သူတို့
သဘောထားချင်းမတူတာ ဆိုးလှသည်။

ကောင်းချီးငါးဖြာစိတ်မျက်လုံး၏တည်နေရာမှာ
အတော်လေး လျှို့ဝှက်သည်။ ခမ်းခြောက်လုနီးပါး
ဖြစ်နေပြီဖြစ်သော်ငြားလည်း မျိုးနွယ်စုက ၎င်းကို
ကာကွယ်ရန် အစောင့်များစွာစေလွှတ်ထားပြီး
ထောင်ချောက်များ တစ်လွှာပြီးတစ်လွှာချထား
သည်။ အတွင်းသို့ဝင်ရောက်ချင်ပါက ဝင်ပေါက်မှာ
အင်မတန်ရှာရခက်ပြီး အတွင်းထဲက အင်မတန်မှ
ရှုပ်ထွေးလှသည်၊ သို့ဖြစ်ရာ လမ်းပြရန်
အသိတစ်ယောက်မပါပါက လမ်းပျောက်ဖို့
အလွန်လွယ်သည်။

"ဂရုစိုက် ဒီနားမှာ ထောင်ချောက်နည်းနည်းရှိတယ်။
မတော်တဆသွားထိမိရင် လျှို့ဝှက်လမ်းက
ပြောင်းသွားပြီး ငါတို့ကို တစ်ခြားတစ်နေရာ
ပို့လိုက်လိမ့်မယ်။ ပို့ခံရမယ့်နေရာက လျှို့ဝှက်
လမ်းထဲပဲဖြစ်ရင်ဖြစ်မယ် ဒါမှမဟုတ် အပြင်လည်း
ပို့ခံလိုက်ရနိုင်တယ်.."

မော့ချီရုန်က လျှောက်ရင်းရှင်းပြသည်။

ယူရှောင်းမိုမှာ ကြည်ညိုလေးစားစွာ အသံပြုလိုက်မိ
သည်။ ဒါကြီးက မဟာပရောဂျက်ကြီးတစ်ခုပင်၊
လျှို့ဝှက်လမ်းကြီးတစ်ခုလုံးက ဧရာမ
ပို့ဆောင်ရေးစက်ဝိုင်းကြီးတစ်ခုဖြစ်သည်။ ၎င်းက
အင်မတန်ဉာဏ်ကောင်းသော ဒီဇိုင်းပင်၊ ထို့အပြင်
ဝင်္ကပါလည်း ဖြစ်နေသေးသည်။ အစောင့်အကြပ်
နှစ်လွှာဖြင့်ဆိုလျှင် မရင်းနှီးသောလူများဆို
ထောင်ချောက်ထဲကျသွားမှာ မလွဲမသွေပင်။

ခဏကြာပြီးနောက်မှာတော့ ကောင်းချီးငါးဖြာ
စိတ်မျက်လုံးသို့ ရောက်သွားလေသည်။

၎င်းမှာ ဂူအမည်းတစ်လုံးဖြစ်ပြီး စိတ်စွမ်းအင်
အရောင်တစ်ခု လက်လက်သွားတာကို ရံဖန်ရံခါ
မြင်ရနိုင်သည်။ ဂူဆီကနေ အင်မတန်ကြွယ်ဝသော
စိတ်စွမ်းအင်စီးကြောင်းတစ်ခုထွက်နေသည်၊
သို့သော် အပေါက်ဝတွင် နတ်ဒေဝါအဆင့်ရှိသော
ကျင့်ကြံသူလေးဦးစောင့်ကြပ်နေသည်။

မော့ချီရုန်က သူ့အဖေပေးလိုက်သည့်သတ္တုပြားကို
ပြလိုက်သည့်အခါ အစောင့်လေးဦးက ချက်ချင်း
ဖြတ်သွားခွင့်ပေးသည်။

သုံးယောက်သား အတွင်းထဲသို့ဝင်သွားသည့်အခါ
ဂူကြမ်းပြင်အပေါ်မှာ တလက်လက်တောက်နေသော
တစ်စုံတစ်ခုရှိနေတာကို ယူရှောင်းမို ချက်ချင်း
လှမ်းမြင်လိုက်သည်။ ၎င်းက နှစ်မီတာခန့်ရှည်ပြီး
ရွှေ၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီး ၊ မတူညီသော
သက်တန့်အရောင်ဒြပ်စင်ငါးခုသည် အလင်းရောင်
အထက်တွင် တစ်ခုနှင့်တစ်ခုရစ်ပတ်နေကြသည်။
သက်တန့်ရောင် စိတ်စွမ်းအင်များက အပြင်ဘက်သို့
ဆက်တိုက်ပန်းထွက်နေသည်။

"ဒါက ကောင်းချီးငါးဖြာစိတ်မျက်လုံးပဲ။
ခမ်းတော့မှာမလို့ တစ်ခါတလေကျ စိတ်စွမ်းအင်
ရှိတယ်၊ တစ်ခါတလေကျ မရှိဘူးဖြစ်နေတာ။
အလင်းရောင်ကလည်း နည်းနည်းမှိန်သွားတယ်။
အရင်တုန်းကဆို သက်တန့်ရောင်စိတ်စွမ်းအင်တွေက
အခုထက် အဆပေါင်းများစွာအားကောင်းခဲ့တာ"

မော့ချီရုန်က ရှင်းပြသည်။

ယူရှောင်းမိုက သိပ်တော့နားမလည်ပေမဲ့လို့
ခေါင်းညိတ်လိုက်သည်။

"ခမ်းသွားပြီဆိုရင် အလကားဖြစ်သွားမှာလား။
ကျန်တဲ့ဟာကို ဘယ်နှရက်လောက်သုံးလို့ရဦးမယ်
ထင်လဲ"

"တကယ်လို့ ခမ်းသွားပြီဆိုရင် စောင့်ကြပ်ဖို့
လူတွေလွှတ်စရာမလိုတော့ဘူး"

မော့ချီရုန်က ခေါင်းညိတ်သည်။

"ငါ့ခန့်မှန်းချက်အရဆို အများဆုံး နောက်ငါးရက်
အထိပဲ သုံးလို့ရတော့မယ်။ ထိပ်ကိုဖုံးထားတဲ့
ဒြပ်စင်ငါးခုပျောက်ကွယ်သွားပြီဆိုတာနဲ့
ထပ်အသုံးပြုလို့မရတော့ဘူး"

"ငါးရက်ပဲလား!"

ယူရှောင်းမို နည်းနည်းစိတ်ပျက်သွားမိသည်။
ငါးရက်အတွင်း အဆင့်လေးကိုချိုးဖျက်နိုင်ပါ့မလား
သူမသိပေ။

မော့ချီရုန်က အားတောင့်အားနာပြော​လာသည်။

"မင်းကိုစိတ်ပျက်ရစေတဲ့အတွက်
အားနာပါတယ်ကွာ"

အခြေအနေအတိအကျကို မသိပေမဲ့လို့
ယူရှောင်းမိုတစ်ယောက် စွမ်းအားအဆင့်မြှင့်ဖို့
အလောတကြီးဆန္ဒရှိနေတာကိုတော့ သူမြင်နိုင်သည်။

ယူရှောင်းမိုက လက်ခါပြလိုက်ပြီး အတွေးမလွန်ဖို့
သူ့ကို ပြောလိုက်သည်။ ဒါက အချိန်ဆိုးမှ
ရောက်လာတဲ့သူတို့အမှားပင်။

ထိုအခိုက် လင်းရှောင်က ရုတ်တရက်ပြောလာ
သည်။

"ဒီစိတ်မျက်လုံးကို ငါတို့ကိုပေးဖို့ မင်းအဖေဆီ
ပြန်သွားပြောရအောင်။ ဒါက အလဲအလှယ်လုပ်ဖို့
ငါတို့ဘက်ကလိုအပ်ချက်ဖြစ်လိမ့်မယ်။ ငါတို့က
ကူမာမျိုးနွယ်စုနဲ့တိုက်တဲ့နေရာမှာ
ရွှေ့ရှီမျိုးနွယ်စုဘက်ကနေ ကူပေးမယ်"

ယူရှောင်းမိုရော မော့ချီရုန်ရော တစ်ပြိုင်တည်းလိုလို
သူ့ကို အံ့ဩတကြီးလှည့်ကြည့်လိုက်ကြသည်။

ဒီအလဲအလှယ်က လုံးဝမတန်ပေ။ ငါးရက်အတွင်း
ရလဒ်ရှိပါ့မလား သင်မသိနိုင်ချေ။ ရွှေ့ရှီမျိုးနွယ်စု
ဘက်က အမြတ်ကြီးကြီးရပေလိမ့်မည်၊ ဒါကို
လင်းရှောင်မသိဘူးလို့ ယူရှောင်းမိုမယုံပေ။
သို့သော်ငြားလည်း လင်းရှောင်က ကိုယ့်ဘက်က
ရှုံးတဲ့ကိစ္စကိုလုပ်မယ့်သူ မဟုတ်တာ ယူရှောင်းမို
သိသည်။ တစ်ခြားသူဘက်က ပြန်မရှုံးရလျှင်ပင်
တော်တော်ကြီးကောင်းနေပြီ။ ဒီလိုပြောပါက
သူ့စိတ်ထဲ အခြားအကြံအစည်များ
သေချာပေါက်ရှိကိုရှိနေလို့ပင်။

နောက်ဆုံးမှာတော့လည်း မော့ချီရုန်သည်
သူ့အဖေဆီ သတင်းပို့လိုက်သည်။

မော့ချီရှစ်ယွမ်မှာလည်း ထူးဆန်းသည်ဟု
ခံစားရ၏၊ သို့သော် လင်းရှောင်၏ရည်ရွယ်ချက်က
ဘာများဖြစ်လောက်မလဲ သူမစဉ်းစားနိုင်ပေ။
ကောင်းချီးငါးဖြာစိတ်မျက်လုံးနှင့်ပတ်သက်ပြီး
မော့ချီရှစ်ယွမ် မသိသည့်တစ်စုံတစ်ရာရှိနေတာတော့
မဖြစ်နိုင်ပေ။

ကောင်းချီးငါးဖြာစိတ်မျက်လုံးအား ရွှေ့ရှီမျိုးနွယ်စုက
ပိုင်ဆိုင်ထားသည်မှာ နှစ်တစ်သောင်းနီးပါးရှိလေပြီ။
ထိုအချိန်အတွင်း စိတ်မျက်လုံးကိုစောင့်ကြည့်
လေ့လာခဲ့သည့်အကြိမ်ပေါင်း ရေတွက်၍ပင်
မရနိုင်တော့ပေ။ လျှို့ဝှက်ချက်တစ်မျိုးမျိုး ရှိခဲ့မည်ဆိုပါက သူတို့ရှာတွေ့တာကြာလှပေပြီ။

သို့ပေမဲ့လည်း ဖူကျစ်လင်း၊ ဖန်ချန်းလဲ့တို့နှင့်
ယူရှောင်းမို၏ပတ်သက်မှုအကြောင်း သူ့သားငယ်ဆီမှ
ကြားရပြီးနောက်မှာတော့ လင်းရှောင်က
ထိုပတ်သက်မှုကြောင့် ဒီလိုလုပ်ပေးနေတာဟု
မော့ချီရှစ်ယွမ်တစ်ယောက် ထင်သွားတော့သည်။
ထိုကဲ့သို့ဖြစ်လျှင် သူတို့၏ထူးထူးခြားခြား
အပြုအမူများမှာ ဖြေရှင်းချက်တစ်ခုရှိပေလိမ့်မည်။

ဒီ့ထက်လည်း ပိုအကျိုးအကြောင်းသင့်သည့်
ဖြေရှင်းချက် မတွေးနိုင်တော့၍ အဆုံးမှာတော့
မော့ချီရှစ်ယွမ်သည် ဤအလဲအလှယ်ကို
သဘောတူလိုက်၏။ သူတို့၏အကြံအစည်ကို
ဘေးဖယ်ထားလျှင် ဒါက ရွှေ့ရှီမျိုးနွယ်စုအတွက်
အကျိုးရှိရုံသာမက အကျိုးယုတ်စရာလည်းမရှိပေ။
ထို့အ​​ပြင် နောက်ဆုံးအချိန်မှာ သူ့အား
သစ္စာဖောက်သွားမည်လည်း စိုးရိမ်စရာမလိုပေ။

ထို့နောက်မှာ လင်းရှောင်၏တောင်းဆိုမှုအတိုင်း
မော့ချီရှစ်ယွမ်သည် သူတို့အား လျှို့ဝှက်လမ်းကို
လွတ်လွတ်လပ်လပ် ဝင်ခွင့်ပြုရန်အလို့ငှာ
ကောင်းချီးငါးဖြာစိတ်မျက်လုံးအား စောင့်ရှောက်
နေသည့် မျိုးနွယ်စုဝင်များကို ပြန်ခေါ်စေသည်။
လျှို့ဝှက်လမ်း၏ဖွဲ့စည်းပုံအကြောင်းလည်း သူတို့ကို
ပြောပြလိုက်သည်၊ သို့ပေမဲ့ ပုံစံတစ်မျိုးတည်းသာ။

လျှို့ဝှက်လမ်းများမှာ ပုံစံပေါင်းထောင်နှင့်ချီရှိ၏၊
သို့သော် သူတို့ မည်သည့်ထောင်ချောက်ကိုမှ
သွားမထိသရွေ့ ဘာမှဖြစ်မည်မဟုတ်ပေ။
ဤလျှို့ဝှက်လမ်းအား နောင်တွင်လ​ည်း အသုံးပြုရန်
အစီအစဉ်ရှိထားသေးရာ သူတို့အား
ပုံစံတစ်မျိုးတည်းသာ ပြောပြလို့ရနိုင်သည်။

ကိစ္စအားလုံး အပြီးသတ်နောက်ပြီးတွင်
ယူရှောင်းမိုသည် ကောင်းချီးငါးဖြာစိတ်မျက်လုံးသို့
တန်းသွားပြီး ကျင့်ကြံခြင်းမပြုသေးပေ။ သူ့တွင်
တုံကျိုးသို့လာရသည့် အခြားအကြောင်းအရင်း
ရှိသေးသည်၊ သူမတွေ့ရတာ ကြာပြီဖြစ်တဲ့
သရှစ်ရှုန်းနဲ့တွေ့ဖို့ ဖြစ်သည်။ ယခုအချိန်ဆို
ဦးလေးကြီးက သူတို့ဆီသတင်းပို့ပြီးလောက်ပေပြီ။

သူ့ရဲ့ရှောင်ရှစ်တိလေး ရောက်နေပြီဖြစ်ကြောင်း
ဖန်းချန်းလဲ့တစ်ယောက် သိရသည့်နောက်
အလွန်တရာမှစိတ်လှုပ်ရှားနေလေသည်။

သူတို့မတွေ့နိုင်ခင် နောက်ထပ်နှစ်တွေအများကြီး
ကြာလိမ့်ဦးမည်ဟု သူ အမြဲတစေယုံကြည်ထားခဲ့
သည်။ သူနှင့်ဖူကျစ်လင်းတို့ ထုံထျန်းတိုက်မကြီးကို
ရောက်နေသည်မှာ နှစ်များစွာရှိပြီဖြစ်ပြီး
ယူရှောင်းမိုနှင့်လင်းရှောင်တို့ထက်ပင် စောသေးသည်။
အဲ့ဒီကအခြေအနေအကြောင်း သူတို့
ရှင်းရှင်းလင်းလင်းသိထားပေသည်။

ဤနှစ်များအတွင်း သူတို့အကြောင်း မကြာခဏ
ကြားရလေ့ရှိခဲ့ပြီး အချိန်တိုင်းလိုလို
သူ့ခံစားချက်များမှာ ဝုန်းခနဲထိုးတက်သွားလိုက်
ဝုန်းခနဲကျသွားလိုက်နှင့်ပင်။ ၎င်းက သူ့ကို
ကြောက်ရွံ့စိတ် အင်မတန်ဖြစ်စေသည်။

မျှော်လင့်ထားသလိုပါပင်၊ အခြားတစ်နေရာသို့
သွားပြီးနောက်မှာတောင် သူ့ရဲ့ရှောင်ရှစ်တိလေးက
လူကို စိတ်ပူစေတာမလျော့သေးပေ။
___________________________

Zawgyi
အပိုင္း ၆၄၉- ပူးေပါင္းျခင္း

ယူေရွာင္းမိုနဲ႔လင္းေရွာင္တို႔ ကူမာမ်ိဳးႏြယ္စုမွ
ထြက္ကာ ေရႊ့ရွီမ်ိဳးႏြယ္စုသို႔ အေသာ့ႏွင္ၾကသည္။
ရလဒ္အေနနဲ႔ကေတာ့ ကူမာမ်ိဳးႏြယ္စုအား
သစၥာေဖာက္ၿပီးႏွင့္ၿပီျဖစ္ေသာ ရွယင္ႏွင့္
မေမ်ွာ္လင့္ထားစြာ သြားတိုးေလသည္။

ရွယင္မွာ သူတို႔ကိုျမင္ေသာ္ အရင္တစ္ခါတုန္းက
သူတို႔အေပၚ အျပစ္လႊဲခ်ဖူးတာႏွင့္ တံု႔ယီြၿမိဳ႔မွာ
ျဖစ္ခဲ့သၫ့္အျဖစ္အပ်က္တို႔အား ျပန္အမွတ္ရသြား
သည္။ လင္းေရွာင္က သူတို႔ႏွင့္
မၿငိစြန္းလိုေသာေၾကာင့္သာမဟုတ္လ်ွင္ ယခုဆို
သူတို႔ႏွစ္ဖက္ ရန္သူမ်ားျဖစ္ေနေလာက္ေပၿပီ။

ေမာ့ခ်ီရွစ္ယြမ္မွာလည္း ေနရာမွာတင္ ခၽြေးမ်ား
လက္နဲ႔အျပၫ့္သုတ္လိုက္ရသည္။

ပင္လယ္ေအာက္တြင္ သူႏွင့္ဆံုခဲ့သၫ့္
ယူေရွာင္းမိုနဲ႔လင္းေရွာင္တို႔က သူ႔သားရဲ့မိတ္ေဆြ
ေတြဟု သိလိုက္ရကတည္းက သူ႔မွာ အခ်ိန္
အေတာ္ၾကာေအာင္ ပူပန္ေနခဲ့ရသည္။

သူတို႔ၾကား ရန္ႂကြေးမရိွဘူးဟု ေျပာလို႔မရဘူး
မဟုတ္ပါလား၊ ရန္ႂကြေးက ရိွေပမဲ့
တအားမႀကီးတာသာရိွသည္။ လင္းေရွာင္ႏွင့္
ယူေရွာင္းမိုတို႔သာ ျပန္လက္စားေခ်ခ်င္ခဲ့ပါက
သူ႔သားေလးနဲ႔ပတ္သက္မႈကို အသံုးခ်လို႔ရသည္။

သို႔ေသာ္ျငားလည္း သူတို႔လာရသၫ့္ရည္ရြယ္ခ်က္ကို
သိရၿပီးေနာက္မွာေတာ့ ေမာ့ခ်ီရွစ္ယြင္မွာ လန႔္လည္း
မလန႔္ေတာ့သလို ေပ်ာ္လည္းမေပ်ာ္ေတာ့ေပ။
ၾကၫ့္ရသည္မွာ သူတို႔က ေရ႔ွကရန္ႂကြေးမ်ားအား
စြန႔္ပစ္၍ ျဖစ္ခဲ့ၿပီးတာေတြကို ျပန္အစမေဖာ္ဖို႔
ဆံုးျဖတ္ထားပံုပင္။ ထိုသို႔ဆိုလ်ွင္ အင္မတန္
ေကာင္းလွေပသည္၊ ဒီတစ္ခုကလဲြလို႔....

"ကူမာမ်ိဳးႏြယ္စုနဲ႔ပူးေပါင္းထားတဲ့ အင္အားစုက
ပင့္ကူနက္ဆိုတာေသခ်ာရဲ့လား"

ရွီက်င္း၏လက္ရိွအေျခအေနအေၾကာင္း
ေမာ့ခ်ီရွစ္ယြမ္လည္း ၾကားထားေပသည္။
ပင့္ကူနက္ဆိုသည္က ဉာဏ္နီဉာဏ္နက္မ်ားေသာ၊
ယုတ္မာရက္စက္ေသာ လွၫ့္ကြက္မ်ားအျပၫ့္ႏွင့္
အင္မတန္စြမ္းအားႀကီးသည္။ ယခင္က အၿမဲတမ္း
အေမွာင္ထဲမွာသာ ပုန္းေအာင္းေနခဲ့ၾကသည္၊
သို႔ေပမဲ့ယခု အလင္းထဲေပၚထြက္လာခဲ့ေတာ့လဲ
ဘယ္သူကမွ သူတို႔ကိုသိနားမလည္ႏိုင္ၾကေသးေခ်။

"ဒီဇူးမားဆိုတဲ့လူ.. ေခါင္းေဆာင္ေမာ့ခ်ီ
ၾကားဖူးေလာက္ပါတယ္ ဟုတ္တယ္မလား"

လင္းေရွာင္က ေပါ့ေပါ့ပါးပါးေျပာလိုက္သည္။

ေမာ့ခ်ီရွစ္ယြမ္က ရုတ္ျခည္းမ်က္ေမွာင္ႄကံု႔သြား
သည္။

"ေအး ၾကားဖူးတယ္။ သူမက ကူမာမ်ိဳးႏြယ္စုရဲ့
အရင္ကအပ်ိဳစင္ပဲ။ သူမက သိပ္ကိုစြမ္းအားႀကီး
တယ္..ဒါေပမဲ့ လြန္ခဲ့တဲ့ႏွစ္ေသာင္းခ်ီအၾကာတုန္းက
ဘာရယ္ေၾကာင့္မသိ ရုတ္တရက္ေပ်ာက္သြားခဲ့တယ္။
သူမဘယ္သြားတာလဲ ဘယ္သူမွမသိၾကဘူး"

လင္းေရွာင္၏လက္ေခ်ာင္းေလးမ်ားက စားပဲြေပၚ
တတက္တက္ေခါက္ေနသည္။ ခပ္ဖြဖြႏွစ္ႀကိမ္မ်ွ
ေခါက္ၿပီးေနာက္ သူက တစ္လံုးခ်င္းေျပာသည္။

"သူမက အခု ပင့္ကူနက္မွာ။ ဒါ့အျပင္ ပင့္ကူန​က္
ေခါင္းေဆာင္ရဲ့လူယံုလည္းဟုတ္တယ္"

ေမာ့ခ်ီရွစ္ယြမ္မွာ တုန္လႈပ္ေခ်ာက္ခ်ားသြားေတာ့
သည္။ အံ့ခ်ီးေလာက္တဲ့အပ်ိဳစင္က ပင့္ကူနက္ကို
တကယ္ပဲဝင္သြားခဲ့တာလား။

ဟိုအီးေပါေလာေမာ့မာသိခ်င္သိ၊ မသိခ်င္ေနပါေစ
ဒါက သူတို႔အတြက္ေတာ့ အႏၲရာယ္ႀကီးသည္။
ဇူးမား၏လူထုကိုစည္းရံုးႏိုင္စြမ္းက ရွယင္ထက္
ပိုမိုအားေကာင္းၿပီး သူမ အဆင့္ေျခာက္ကို
ေရာက္ေနၿပီဟူေသာ ေကာလဟလမ်ားလည္း
ရိွသည္။ ၄က အမွန္ဟုတ္ဟုတ္မဟုတ္
သတိဆိုတာပိုသည္မရိွေပ။

အျမန္တြက္ခ်က္ၾကၫ့္ၿပီးေနာက္ ေမာ့ခ်ီရွစ္ယြမ္
တစ္ေယာက္ ဆံုးျဖတ္ခ်က္ခ်လိုက္ေတာ့သည္။
နက္နဲေသာအမူအရာတစ္ခု ခ်ိတ္ဆဲြထားေသာ
လင္းေရွာင္အား သူ ၾကၫ့္လိုက္သည္။

"ဟိုးအေဝးႀကီးကေန တံုက်ိဳးကို အေသာ့ႏွင္လာတဲ့
ခင္ဗ်ားတို႔ႏွစ္ေယာက္ ဒီကို က်ဳပ္တို႔နဲ႔
ပူးေပါင္းဖို႔အတြက္နဲ႔တင္ လာတာမဟုတ္ဘူးမလား။
ခင္ဗ်ားတို႔ဘက္က ဘာေတာင္းဆိုစရာရိွလဲ"

"မ်ိဳးႏြယ္စုေခါင္းေဆာင္ေမာ့ခ်ီက တကယ္ကို
ပြင့္လင္းၿပီး တၫ့္တိုးဆန္တဲ့လူမ်ိဳးပါပဲဗ်ာ။
က်ဳပ္ဘက္က ပြင့္ပြင့္လင္းလင္းေျပာရမယ္ဆိုရင္
ေရႊ့ရွီမ်ိဳးႏြယ္စုမွာ ေကာင္းခ်ီးငါးျဖာစိတ္မ်က္လံုး
တစ္ခုရိွတယ္လို႔ က်ဳပ္ၾကားထားတယ္ဗ်။ အဲ့ဒါေလး
ခဏေလာက္ ငွားခ်င္လို႔ ရမလားမသိဘူး"

လင္းေရွာင္က ႏႈတ္ခမ္းေထာင့္ေလးမ်ားကို
ေကြးၫြတ္လ်က္ လိုရင္းကိုတန္းေျပာလိုက္သည္။

ေမာ့ခ်ီရွစ္ယြမ္၏အမူအရာမွာ မသိမသာ
ေျပာင္းလဲသြားသည္။ သူတို႔လာခဲ့တာ
ေကာင္းခ်ီးငါးျဖာစိတ္မ်က္လံုးေၾကာင့္ျဖစ္မယ္လို႔
သူ မထင္ထားခဲ့ေပ။

ေရွးစစ္ပဲြႀကီးကတည္းက တံုက်ိဳး၏ေကာင္းခ်ီး
ငါးျဖာစိတ္မ်က္လံုးမ်ားစြာ ဖ်က္ဆီးခံရၿပီးျဖစ္သည္။
ယခုအခ်ိန္အထိ က်န္ရိွေနသည္မွာ သိပ္အမ်ားႀကီး
မရိွေတာ့ဘဲ လံုးဝဥႆံုသံုးစဲြခံရၿပီးသည္မ်ားပင္
ရိွသည္။

ေကာင္းခ်ီးငါးျဖာစိတ္မ်က္လံုးအား အျပင္လူမ်ား
မ်က္စိမက်ဖူးတာေတာ့မဟုတ္ေပ။ လြန္ခဲ့သၫ့္
ႏွစ္မ်ားစြာအတြင္း ေရာက္လာခဲ့သၫ့္သူလ်ိႈမ်ား
ဘယ္ေလာက္ရိွလဲ မသိရေပမဲ့ ေသခ်ာတာတစ္ခု
ကေတာ့ ဘယ္သူမွ မေအာင္ျမင္ဖူးေပ။ ေကာင္းခ်ီး
ငါးျဖာစိတ္မ်က္လံုးအေပၚ မ်ိဳးႏြယ္စုႀကီးသံုးခု၏
လ်ိႈ႔ဝွက္ထားမႈအဆင့္အား အျပင္လူမ်ား
ပံုေဖာ္မၾကၫ့္ႏိုင္ၾကေပ။

လင္းေရွာင္သည္ သူဒုႂကၡဖစ္ေနပံုကိုျမင္လိုက္ၿပီး
မ်က္လံုးမ်ား အနည္းငယ္ေမွးစင္းသြားသည္။

"မ်ိဳးႏြယ္စုေခါင္းေဆာင္က ဆႏၵမရိွဘူးေပါ့"

ေမာ့ခ်ီရွစ္ယြမ္သည္ ေခါင္းခါ၍ ခါးသက္သက္
ႃပံုးလိုက္သည္။

"လူႀကီးမင္းတို႔ဘက္က ေကာင္းခ်ီးငါးျဖာ
စိတ္မ်က္လံုးအေၾကာင္း ထၫ့္ေျပာလာတယ္
ဆိုကတည္းက ဒီဟာကို ႀကိဳတင္စံုစမ္းထားၿပီးသား
ျဖစ္မယ္ထင္တယ္။ အမွန္အတိုင္းေျပာရရင္
ေရႊ့ရွီမ်ိဳးႏြယ္စုမွာ ေကာင္းခ်ီးငါးျဖာစိတ္မ်က္လံုး
တစ္ခုရိွေတာ့ရိွပါတယ္၊ ဒါေပမဲ့ သူက ခမ္းေျခာက္
သြားေတာ့မွာ။ ခင္ဗ်ားတို႔ရဲ့လိုအပ္ခ်က္နဲ႔
မကိုက္ညီမွာပဲ စိုးရြံ႔မိပါတယ္"

"ခင္ဗ်ားေျပာခ်င္တာက"

လင္းေရွာင္က မ်က္ေတာင္တစ္ခ်က္မခတ္ဘဲ
ေမးလိုက္သည္။

ေမာ့ခ်ီရွစ္ယြမ္ကရွင္းျပ၏။

"က်ဳပ္တို႔လက္ရိွအသံုးျပဳေနတဲ့ စိတ္မ်က္လံုးက
ေရွးက လက္ဆင့္ကမ္းလာတဲ့ဟာမဟုတ္ဘူး၊
က်ဳပ္တို႔ရွာေတြ့ခဲ့တုန္းက အဆင့္နိမ့္စိတ္မ်က္လံုး
ေသးေသးေလးပဲရိွတာ။ အရင္ႏွစ္ေတြမွာ
မ်ိဳးႏြယ္စုရဲ့လိုအပ္တဲ့ပမာဏ ျမင့္တက္လာခဲ့ေတာ့
အခုသိပ္မက်န္ေတာ့ဘူး"

လင္းေရွာင္က ထူးမျခားနားစြာေျပာလိုက္သည္။

"မ်ိဳးႏြယ္စုေခါင္းေဆာင္ က်ဳပ္တို႔ကို ကိုယ္တိုင္
ၾကၫ့္ရေအာင္ ေခၚသြားျပလို႔ရမလား"

ေမာ့ခ်ီရွစ္ယြမ္သည္ ခဏမ်ွ ေတြေဝေနၿပီးေနာက္
သေဘာတူ၏။ သူေျပာတာ အမွန္ေတြပင္။
ေကာင္းခ်ီးငါးျဖာစိတ္မ်က္လံုးအေၾကာင္း သိသူ
နည္းေလ ေကာင္းေလေလဆိုေပမဲ့ ခမ္းေျခာက္
လုဆဲဆဲ စိတ္မ်က္လံုးကေတာ့ျဖင့္ သိပ္အဖိုးမတန္
ေတာ့ေပ။ ၄ရိွရာေနရာကို သူတို႔သိသြားလ်ွင္ေတာင္
ကိစၥသိပ္မရိွေပ။

ေမာ့ခ်ီရွစ္ယြမ္သည္ ဤမျဖစ္စေလာက္
တာဝန္ေလးအား သားငယ္ ေမာ့ခ်ီရုန္ထံလႊဲေပးလိုက္
၏။ ေမာ့ခ်ီရုန္သည္ ေမွာ္ဆရာျဖစ္ရာ ငယ္ငယ္က
ေကာင္းခ်ီးငါးျဖာစိတ္မ်က္လံုးသို႔ မၾကာခဏ
သြားေလ့ရိွခဲ့သည္။ ထို႔အျပင္ ဤအခြင့္အေရးကို
အသံုးခ်ၿပီး သူတို႔ႏွင့္ဆက္ဆံေရးခိုင္မာေအာင္လည္း
လုပ္လို႔ရသည္။ ဒါေပါ့ေလ၊ ဖန္းခ်န္းလဲ့နဲ႔
ဖူက်စ္လင္းတို႔ရဲ့ ယူေရွာင္းမိုနဲ႔ပတ္သက္မႈကို
အခုအခ်ိန္မွာ ေမာ့ခ်ီရွစ္ယြမ္တစ္ေယာက္
မသိေသးေပ။

ယူေရွာင္းမိုနဲ႔ေတြ့ရေတာ့ ေမာ့ခ်ီရုန္မွာ အလြန္
ေပ်ာ္ရႊင္ေနသည္။ မ်ိဳးႏြယ္စုသို႔ျပန္ေရာက္လာၿပီး
ေနာက္မွာ တစ္ခ်ိန္လံုး တံခါးပိတ္က်င့္ႀကံခဲ့ၿပီး
ေရွာင္ေယာင္တကၠသိုလ္မွာတုန္းကေလာက္
မအားလပ္ေတာ့ေပ။ ထိုစဉ္တုန္းက သူ႔ေဘးမွာ
သူငယ္ခ်င္းတစ္အုပ္ရိွခဲ့ဖူးၿပီး အနက္ရိႈင္းဆံုး
အျမင္တစ္ခု ခ်န္ခဲ့သူမွာ ယန္ေဟြ့ပင္။ သူတို႔
သေဘာထားခ်င္းမတူတာ ဆိုးလွသည္။

ေကာင္းခ်ီးငါးျဖာစိတ္မ်က္လံုး၏တည္ေနရာမွာ
အေတာ္ေလး လ်ိႈ႔ဝွက္သည္။ ခမ္းေျခာက္လုနီးပါး
ျဖစ္ေနၿပီျဖစ္ေသာ္ျငားလည္း မ်ိဳးႏြယ္စုက ၄ကို
ကာကြယ္ရန္ အေစာင့္မ်ားစြာေစလႊတ္ထားၿပီး
ေထာင္ေခ်ာက္မ်ား တစ္လႊာၿပီးတစ္လႊာခ်ထား
သည္။ အတြင္းသို႔ဝင္ေရာက္ခ်င္ပါက ဝင္ေပါက္မွာ
အင္မတန္ရွာရခက္ၿပီး အတြင္းထဲက အင္မတန္မွ
ရႈပ္ေထြးလွသည္၊ သို႔ျဖစ္ရာ လမ္းျပရန္
အသိတစ္ေယာက္မပါပါက လမ္းေပ်ာက္ဖို႔
အလြန္လြယ္သည္။

"ဂရုစိုက္ ဒီနားမွာ ေထာင္ေခ်ာက္နည္းနည္းရိွတယ္။
မေတာ္တဆသြားထိမိရင္ လ်ိႈ႔ဝွက္လမ္းက
ေျပာင္းသြားၿပီး ငါတို႔ကို တစ္ျခားတစ္ေနရာ
ပို႔လိုက္လိမ့္မယ္။ ပို႔ခံရမယ့္ေနရာက လ်ိႈ႔ဝွက္
လမ္းထဲပဲျဖစ္ရင္ျဖစ္မယ္ ဒါမွမဟုတ္ အျပင္လည္း
ပို႔ခံလိုက္ရႏိုင္တယ္.."

ေမာ့ခ်ီရုန္က ေလ်ွာက္ရင္းရွင္းျပသည္။

ယူေရွာင္းမိုမွာ ၾကည္ညိုေလးစားစြာ အသံျပဳလိုက္မိ
သည္။ ဒါႀကီးက မဟာပေရာဂ်က္ႀကီးတစ္ခုပင္၊
လ်ိႈ႔ဝွက္လမ္းႀကီးတစ္ခုလံုးက ဧရာမ
ပို႔ေဆာင္ေရးစက္ဝိုင္းႀကီးတစ္ခုျဖစ္သည္။ ၄က
အင္မတန္ဉာဏ္ေကာင္းေသာ ဒီဇိုင္းပင္၊ ထို႔အျပင္
ဝကၤပါလည္း ျဖစ္ေနေသးသည္။ အေစာင့္အၾကပ္
ႏွစ္လႊာျဖင့္ဆိုလ်ွင္ မရင္းႏွီးေသာလူမ်ားဆို
ေထာင္ေခ်ာက္ထဲက်သြားမွာ မလဲြမေသြပင္။

ခဏၾကာၿပီးေနာက္မွာေတာ့ ေကာင္းခ်ီးငါးျဖာ
စိတ္မ်က္လံုးသို႔ ေရာက္သြားေလသည္။

၄မွာ ဂူအမည္းတစ္လံုးျဖစ္ၿပီး စိတ္စြမ္းအင္
အေရာင္တစ္ခု လက္လက္သြားတာကို ရံဖန္ရံခါ
ျမင္ရႏိုင္သည္။ ဂူဆီကေန အင္မတန္ႂကြယ္ဝေသာ
စိတ္စြမ္းအင္စီးေၾကာင္းတစ္ခုထြက္ေနသည္၊
သို႔ေသာ္ အေပါက္ဝတြင္ နတ္ေဒဝါအဆင့္ရိွေသာ
က်င့္ႀကံသူေလးဦးေစာင့္ၾကပ္ေနသည္။

ေမာ့ခ်ီရုန္က သူ႔အေဖေပးလိုက္သၫ့္သတၲုျပားကို
ျပလိုက္သၫ့္အခါ အေစာင့္ေလးဦးက ခ်က္ခ်င္း
ျဖတ္သြားခြင့္ေပးသည္။

သံုးေယာက္သား အတြင္းထဲသို႔ဝင္သြားသၫ့္အခါ
ဂူၾကမ္းျပင္အေပၚမွာ တလက္လက္ေတာက္ေနေသာ
တစ္စံုတစ္ခုရိွေနတာကို ယူေရွာင္းမို ခ်က္ခ်င္း
လွမ္းျမင္လိုက္သည္။ ၄က ႏွစ္မီတာခန႔္ရွည္ၿပီး
ေရႊ၊ သစ္သား၊ ေရ၊ မီးႏွင့္ ေျမၾကီး ၊ မတူညီေသာ
သက္တန႔္အေရာင္ျဒပ္စင္ငါးခုသည္ အလင္းေရာင္
အထက္တြင္ တစ္ခုႏွင့္တစ္ခုရစ္ပတ္ေနၾကသည္။
သက္တန႔္ေရာင္ စိတ္စြမ္းအင္မ်ားက အျပင္ဘက္သို႔
ဆက္တိုက္ပန္းထြက္ေနသည္။

"ဒါက ေကာင္းခ်ီးငါးျဖာစိတ္မ်က္လံုးပဲ။
ခမ္းေတာ့မွာမလို႔ တစ္ခါတေလက် စိတ္စြမ္းအင္
ရိွတယ္၊ တစ္ခါတေလက် မရိွဘူးျဖစ္ေနတာ။
အလင္းေရာင္ကလည္း နည္းနည္းမိွန္သြားတယ္။
အရင္တုန္းကဆို သက္တန႔္ေရာင္စိတ္စြမ္းအင္ေတြက
အခုထက္ အဆေပါင္းမ်ားစြာအားေကာင္းခဲ့တာ"

ေမာ့ခ်ီရုန္က ရွင္းျပသည္။

ယူေရွာင္းမိုက သိပ္ေတာ့နားမလည္ေပမဲ့လို႔
ေခါင္းညိတ္လိုက္သည္။

"ခမ္းသြားၿပီဆိုရင္ အလကားျဖစ္သြားမွာလား။
က်န္တဲ့ဟာကို ဘယ္ႏွရက္ေလာက္သံုးလို႔ရဦးမယ္
ထင္လဲ"

"တကယ္လို႔ ခမ္းသြားၿပီဆိုရင္ ေစာင့္ၾကပ္ဖို႔
လူေတြလႊတ္စရာမလိုေတာ့ဘူး"

ေမာ့ခ်ီရုန္က ေခါင္းညိတ္သည္။

"ငါ့ခန႔္မွန္းခ်က္အရဆို အမ်ားဆံုး ေနာက္ငါးရက္
အထိပဲ သံုးလို႔ရေတာ့မယ္။ ထိပ္ကိုဖံုးထားတဲ့
ျဒပ္စင္ငါးခုေပ်ာက္ကြယ္သြားၿပီဆိုတာနဲ႔
ထပ္အသံုးျပဳလို႔မရေတာ့ဘူး"

"ငါးရက္ပဲလား!"

ယူေရွာင္းမို နည္းနည္းစိတ္ပ်က္သြားမိသည္။
ငါးရက္အတြင္း အဆင့္ေလးကိုခ်ိဳးဖ်က္ႏိုင္ပါ့မလား
သူမသိေပ။

ေမာ့ခ်ီရုန္က အားေတာင့္အားနာေျပာ​လာသည္။

"မင္းကိုစိတ္ပ်က္ရေစတဲ့အတြက္
အားနာပါတယ္ကြာ"

အေျခအေနအတိအက်ကို မသိေပမဲ့လို႔
ယူေရွာင္းမိုတစ္ေယာက္ စြမ္းအားအဆင့္ၿမွင့္ဖို႔
အေလာတႀကီးဆႏၵရိွေနတာကိုေတာ့ သူျမင္ႏိုင္သည္။

ယူေရွာင္းမိုက လက္ခါျပလိုက္ၿပီး အေတြးမလြန္ဖို႔
သူ႔ကို ေျပာလိုက္သည္။ ဒါက အခ်ိန္ဆိုးမွ
ေရာက္လာတဲ့သူတို႔အမွားပင္။

ထိုအခိုက္ လင္းေရွာင္က ရုတ္တရက္ေျပာလာ
သည္။

"ဒီစိတ္မ်က္လံုးကို ငါတို႔ကိုေပးဖို႔ မင္းအေဖဆီ
ျပန္သြားေျပာရေအာင္။ ဒါက အလဲအလွယ္လုပ္ဖို႔
ငါတို႔ဘက္ကလိုအပ္ခ်က္ျဖစ္လိမ့္မယ္။ ငါတို႔က
ကူမာမ်ိဳးႏြယ္စုနဲ႔တိုက္တဲ့ေနရာမွာ
ေရႊ့ရွီမ်ိဳးႏြယ္စုဘက္ကေန ကူေပးမယ္"

ယူေရွာင္းမိုေရာ ေမာ့ခ်ီရုန္ေရာ တစ္ၿပိဳင္တည္းလိုလို
သူ႔ကို အံ့ဩတႀကီးလွၫ့္ၾကၫ့္လိုက္ၾကသည္။

ဒီအလဲအလွယ္က လံုးဝမတန္ေပ။ ငါးရက္အတြင္း
ရလဒ္ရိွပါ့မလား သင္မသိႏိုင္ေခ်။ ေရႊ့ရွီမ်ိဳးႏြယ္စု
ဘက္က အျမတ္ႀကီးႀကီးရေပလိမ့္မည္၊ ဒါကို
လင္းေရွာင္မသိဘူးလို႔ ယူေရွာင္းမိုမယံုေပ။
သို႔ေသာ္ျငားလည္း လင္းေရွာင္က ကိုယ့္ဘက္က
ရႈံးတဲ့ကိစၥကိုလုပ္မယ့္သူ မဟုတ္တာ ယူေရွာင္းမို
သိသည္။ တစ္ျခားသူဘက္က ျပန္မရႈံးရလ်ွင္ပင္
ေတာ္ေတာ္ႀကီးေကာင္းေနၿပီ။ ဒီလိုေျပာပါက
သူ႔စိတ္ထဲ အျခားအႀကံအစည္မ်ား
ေသခ်ာေပါက္ရိွကိုရိွေနလို႔ပင္။

ေနာက္ဆံုးမွာေတာ့လည္း ေမာ့ခ်ီရုန္သည္
သူ႔အေဖဆီ သတင္းပို႔လိုက္သည္။

ေမာ့ခ်ီရွစ္ယြမ္မွာလည္း ထူးဆန္းသည္ဟု
ခံစားရ၏၊ သို႔ေသာ္ လင္းေရွာင္၏ရည္ရြယ္ခ်က္က
ဘာမ်ားျဖစ္ေလာက္မလဲ သူမစဉ္းစားႏိုင္ေပ။
ေကာင္းခ်ီးငါးျဖာစိတ္မ်က္လံုးႏွင့္ပတ္သက္ၿပီး
ေမာ့ခ်ီရွစ္ယြမ္ မသိသၫ့္တစ္စံုတစ္ရာရိွေနတာေတာ့
မျဖစ္ႏိုင္ေပ။

ေကာင္းခ်ီးငါးျဖာစိတ္မ်က္လံုးအား ေရႊ့ရွီမ်ိဳးႏြယ္စုက
ပိုင္ဆိုင္ထားသည္မွာ ႏွစ္တစ္ေသာင္းနီးပါးရိွေလၿပီ။
ထိုအခ်ိန္အတြင္း စိတ္မ်က္လံုးကိုေစာင့္ၾကၫ့္
ေလ့လာခဲ့သၫ့္အႀကိမ္ေပါင္း ေရတြက္၍ပင္
မရႏိုင္ေတာ့ေပ။ လ်ိႈ႔ဝွက္ခ်က္တစ္မ်ိဳးမ်ိဳး ရိွခဲ့မည္ဆိုပါက သူတို႔ရွာေတြ့တာၾကာလွေပၿပီ။

သို႔ေပမဲ့လည္း ဖူက်စ္လင္း၊ ဖန္ခ်န္းလဲ့တို႔ႏွင့္
ယူေရွာင္းမို၏ပတ္သက္မႈအေၾကာင္း သူ႔သားငယ္ဆီမွ
ၾကားရၿပီးေနာက္မွာေတာ့ လင္းေရွာင္က
ထိုပတ္သက္မႈေၾကာင့္ ဒီလိုလုပ္ေပးေနတာဟု
ေမာ့ခ်ီရွစ္ယြမ္တစ္ေယာက္ ထင္သြားေတာ့သည္။
ထိုကဲ့သို႔ျဖစ္လ်ွင္ သူတို႔၏ထူးထူးျခားျခား
အျပဳအမူမ်ားမွာ ေျဖရွင္းခ်က္တစ္ခုရိွေပလိမ့္မည္။

ဒီ့ထက္လည္း ပိုအက်ိဳးအေၾကာင္းသင့္သည့္
ေျဖရွင္းခ်က္ မေတြးႏိုင္ေတာ့၍ အဆံုးမွာေတာ့
ေမာ့ခ်ီရွစ္ယြမ္သည္ ဤအလဲအလွယ္ကို
သေဘာတူလိုက္၏။ သူတို႔၏အႀကံအစည္ကို
ေဘးဖယ္ထားလ်ွင္ ဒါက ေရႊ့ရွီမ်ိဳးႏြယ္စုအတြက္
အက်ိဳးရိွရံုသာမက အက်ိဳးယုတ္စရာလည္းမရိွေပ။
ထို႔အ​​ျပင္ ေနာက္ဆံုးအခ်ိန္မွာ သူ႔အား
သစၥာေဖာက္သြားမည္လည္း စိုးရိမ္စရာမလိုေပ။

ထို႔ေနာက္မွာ လင္းေရွာင္၏ေတာင္းဆိုမႈအတိုင္း
ေမာ့ခ်ီရွစ္ယြမ္သည္ သူတို႔အား လ်ိႈ႔ဝွက္လမ္းကို
လြတ္လြတ္လပ္လပ္ ဝင္ခြင့္ျပဳရန္အလို႔ငွာ
ေကာင္းခ်ီးငါးျဖာစိတ္မ်က္လံုးအား ေစာင့္ေရွာက္
ေနသၫ့္ မ်ိဳးႏြယ္စုဝင္မ်ားကို ျပန္ေခၚေစသည္။
လ်ိႈ႔ဝွက္လမ္း၏ဖဲြ႔စည္းပံုအေၾကာင္းလည္း သူတို႔ကို
ေျပာျပလိုက္သည္၊ သို႔ေပမဲ့ ပံုစံတစ္မ်ိဳးတည္းသာ။

လ်ိႈ႔ဝွက္လမ္းမ်ားမွာ ပံုစံေပါင္းေထာင္ႏွင့္ခ်ီရိွ၏၊
သို႔ေသာ္ သူတို႔ မည္သၫ့္ေထာင္ေခ်ာက္ကိုမွ
သြားမထိသေရြ့ ဘာမျွဖစ္မည္မဟုတ္ေပ။
ဤလ်ိႈ႔ဝွက္လမ္းအား ေနာင္တြင္လ​ည္း အသံုးျပဳရန္
အစီအစဉ္ရိွထားေသးရာ သူတို႔အား
ပံုစံတစ္မ်ိဳးတည္းသာ ေျပာျပလို႔ရႏိုင္သည္။

ကိစၥအားလံုး အၿပီးသတ္ေနာက္ၿပီးတြင္
ယူေရွာင္းမိုသည္ ေကာင္းခ်ီးငါးျဖာစိတ္မ်က္လံုးသို႔
တန္းသြားၿပီး က်င့္ႀကံျခင္းမျပဳေသးေပ။ သူ႔တြင္
တံုက်ိဳးသို႔လာရသၫ့္ အျခားအေၾကာင္းအရင္း
ရိွေသးသည္၊ သူမေတြ့ရတာ ၾကာၿပီျဖစ္တဲ့
သရွစ္ရႈန္းနဲ႔ေတြ့ဖို႔ ျဖစ္သည္။ ယခုအခ်ိန္ဆို
ဦးေလးႀကီးက သူတို႔ဆီသတင္းပို႔ၿပီးေလာက္ေပၿပီ။

သူ႔ရဲ့ေရွာင္ရွစ္တိေလး ေရာက္ေနၿပီျဖစ္ေၾကာင္း
ဖန္းခ်န္းလဲ့တစ္ေယာက္ သိရသၫ့္ေနာက္
အလြန္တရာမွစိတ္လႈပ္ရွားေနေလသည္။

သူတို႔မေတြ့ႏိုင္ခင္ ေနာက္ထပ္ႏွစ္ေတြအမ်ားႀကီး
ၾကာလိမ့္ဦးမည္ဟု သူ အၿမဲတေစယံုၾကည္ထားခဲ့
သည္။ သူႏွင့္ဖူက်စ္လင္းတို႔ ထံုထ်န္းတိုက္မႀကီးကို
ေရာက္ေနသည္မွာ ႏွစ္မ်ားစြာရိွၿပီျဖစ္ၿပီး
ယူေရွာင္းမိုႏွင့္လင္းေရွာင္တို႔ထက္ပင္ ေစာေသးသည္။
အဲ့ဒီကအေျခအေနအေၾကာင္း သူတို႔
ရွင္းရွင္းလင္းလင္းသိထားေပသည္။

ဤႏွစ္မ်ားအတြင္း သူတို႔အေၾကာင္း မၾကာခဏ
ၾကားရေလ့ရိွခဲ့ၿပီး အခ်ိန္တိုင္းလိုလို
သူ႔ခံစားခ်က္မ်ားမွာ ဝုန္းခနဲထိုးတက္သြားလိုက္
ဝုန္းခနဲက်သြားလိုက္ႏွင့္ပင္။ ၄က သူ႔ကို
ေၾကာက္ရြံ႔စိတ္ အင္မတန္ျဖစ္ေစသည္။

ေမ်ွာ္လင့္ထားသလိုပါပင္၊ အျခားတစ္ေနရာသို႔
သြားၿပီးေနာက္မွာေတာင္ သူ႔ရဲ့ေရွာင္ရွစ္တိေလးက
လူကို စိတ္ပူေစတာမေလ်ာ့ေသးေပ။
___________________________

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

6.4K 1.2K 38
ලෝකයාගෙන් සැඟවී ගිය දක්ෂයන් රජ කරවන ඉන්ද්‍රජාලික රජදනක්. 🔮🪄 ලෝකයේ අති දක්ෂ ඉන්ද්‍රජාලිකයන් බිහි කරන තෝතැන්නක්. වසර දහසකට පෙර හිස එසවූ අඳුරු මායාවක...
2.9M 189K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022