Green Eye(complete)

By LahPhan_85

3M 261K 43.5K

!အမွန္ေတာ့ မင္းက က္ုိယ္အၿမဲတမ္း အမွတ္တရ သိမ္းထားခ်င္မိတဲ့ အစိမ္းေရာင္ ေပ်ာ္႐ႊင္ျခင္းေလးပါ... ... More

part 1
part 2
part 3
part 4
part 5
part 6
part 7
part 8
part 9
part 10
part 11
part 12
part 13
part 14
part 15
part 16
part 17
part 18
part 19
part 20
part 21
part 22
part 23
part 24
part 25
part 26
part 27
part 28
part 29
part 30
part 31
part 32
part 33
part 34
part 35
part 36
part 37
part 39
part 40
part 41
part 42
part 43
part 44
part45
Final
ေက်းဇူးတင္လႊာ
💚💚💚

part 38

50.9K 5.4K 546
By LahPhan_85

"ငါနိုင္ၿပီေနာ္...အဟား..."

"သနားလို႔ အေလ်ွာ႔ေပးထားတာ..."

"အံမာ မေက်နပ္ရင္ ထပ္ၿပိဳင္မလား လာေလ လာခဲ့...."

"လာၿပီေလ" "ဝုန္း...ဝုန္း..!!"

"အား....ဟား ဟား ဟား..."

ေအာ္ဟစ္ရယ္ေမာ စကားေျပာဆိုသံေတြရယ္ ေရကူးကန္ထဲမွ ကန္ေဘာင္အား ေရရိုက္ခတ္သံေတြရယ္က က်ယ္ေလာင္စြာ ထြက္ေပၚလို႔လာသည္။ဧည့္သည္ေကာင္နွင့္ ေဒါနက ေရကူးၿပိဳင္ေနရာကေန ေရကန္ထဲ၌ လံုးေထြးက်ီစယ္ေနသည့္ အဆင့္သို႔ေရာက္ေနၿပီ ျဖစ္သည္။တစ္လဆိုတဲ့ အခ်ိန္ခဏေလး အတြင္းမွာ သူတို႔နွစ္ေယာက္သား ရင္းနွီးလံုးေထြး သြားလ္ုိက္ၾကတာ ေရွးယခင္ကတည္းက ကြၽမ္းဝင္ခဲ့ဖူးတဲ့သူမ်ားအတိုင္း။ေဒါန၏ လိင္စိတ္တိမ္းၫႊတ္မႈကို သိေနခဲ့တဲ့ သူ႔အတြက္ေတာ့ မ်က္စိေရွ႕မွနွစ္ေယာက္၏ ဆက္ဆံေရးဟာ မရိုးရွင္းေတာ့ဘူးဆိုတာ ရိပ္စားမိေနသည္။ပို၍ စိုးရိမ္စရာေကာင္းတာက ေဒါန၏ ပံုစံဟာလည္း အရင္လူမ်ားနွင့္မတူပဲ ဒီေကာင္ေလးအေပၚက်မွ အနည္းငယ္ေလးနက္ ေႏြးေထြးလိုဟန္ျပေန၍ ျဖစ္သည္။အၿမဲတမ္း ေဝေလေလ ေလ်ွာက္သြားေနတက္တဲ့သူက အခုဆို တစ္လလံုးလံုး အျပင္တခ်က္ မထြက္ပဲ ဒီေကာင္ေလးကိုသာ အေဖာ္လုပ္ေပးေနတာ ျဖစ္သည္။ေဒါန၏ ေအးတိေအးစက္ မႈန္ကုပ္ကုပ္ မ်က္နွာထားသည္လည္း  ႏူးညံ့ေႏြးေထြးမႈမ်ားျဖင့္ ေပ်ာ္ဝင္ေနဟန္ကို အတိုင္းသား ျမင္ေနရေလသည္။

"ေတာက္!..."

ရွင္းခန္႔ ျမင္ကြင္းကို ၾကည့္ေနမိရင္းျဖင့္ ဝန္တိုေဒါသစိတ္တို႔က ရင္ထဲမွာ ေဘာင္ဘင္ခတ္လို႔လာရသည္။လက္သီးကို ခပ္တင္းတင္းဆုပ္ ေတာက္တခ်က္ကို ခပ္ႀကိတ္ႀကိတ္ ခတ္ၿပီးေတာ့မွ ေနရာမွ ခ်ာကနဲ လွည့္ထြက္ခဲ့လိုက္သည္။တစ္ပါးသူနဲ႔မွ ေဒါန စိတ္ခ်မ္းသာ ေပ်ာ္႐ႊင္ေနရတာကို သူမျမင္ခ်င္ေပ။

                 ***
"ေကတို႔ ျပန္ရင္ ေဒါနေလးကို ထည့္ေပးလိုက္ပါလား မခ်ိဳ..."

ညစာစားေနၾကရင္း ရုတ္တရက္ ထေျပာလာေသာ ေဒၚေကသီ၏ စကားေၾကာင့္ အားလံုး အံ့ၾသသြားရသလို ဇြန္းကို ကိုင္ထားေသာ  ရွင္းခန္႔၏ လက္တို႔သည္လည္း ဆက္ကနဲ တုန္ယင္သြားရသည္။

!ေဒါနကို ေခၚသြားမယ္...ေခၚသြားမယ္ ဆိုတာ ဘာသေဘာလဲ  ဘယ္ကို ေခၚသြားရမွာလဲ..!

"ဟို မေကသီ ေျပာတာက.."

ေဒၚခ်ိဳမာဇင္ အံ့ၾသသလို ေမးမိေတာ့ အန္တီေကသီက သူ႔သား၏ ေခါင္းအား ခ်စ္စနိုးပြတ္သပ္ျပၿပီးမွ...

"သားက တစ္ဦးတည္းေသာသား ဆိုေတာ့ အေပါင္းအသင္းအရမ္းမက္တာ ဟိုမွာက ဗမာေတြရွိတယ္ဆုိေပမဲ့လည္း ေက်ာင္းမွာက် လူမ်ိဳးျခားေတြမ်ားတယ္ေလ အဲ့ဒီေတာ့ သားက အေပါင္းအသင္း သိပ္မဆန္႔ဘူးေပါ့ အခု ဒီက္ိုေရာက္လာေတာ့ ေဒါနနဲ႔ အရမ္းရင္းနွီးသြားၿပီး အေဖာ္ရသြားတာကို ေကကအရမ္းဝမ္းသာေနတာ ေဒါနလည္း ေနာက္နွစ္ဆို အထက္တန္း တက္ရၿပီမဟုတ္လား အဲ့ဒါမလို႔ အခုကတည္းက စလံုးမွာပဲ ေျပာင္းထားလိုက္ပါလား ကေလးေတြလည္း အေဖာ္ရတာေပါ့ မဟုတ္လည္း ၁၀တန္းၿပီးရင္ ေက်ာင္းေလ်ွာက္ရမွာပဲေလ.."

ေဒၚေကသီေျပာေတာ့ ေဒၚခ်ိဳမာဇင္ ေခါင္းတဆတ္ဆတ္ညိမ့္ၿပီးမွ

"မေကေျပာတာလည္း ဟုတ္ပါတယ္ ဒါေပမဲ့ ေဒါနက ငယ္ေသးေတာ့ စိတ္မခ်နိုင္ေသးဘူး ခ်ိဳတို႔က ၁၀တန္းၿပီးမွပဲ ညီအစ္ကိုနွစ္ေယာက္စလံုးကို အတူတူလႊတ္ဖို႔ စီစဥ္ထားၾကတာ..."

ေဒၚခ်ိဳမာဇင္ေျပာေတာ့ အန္တီေကသီက ရွင္းခန္႔အား ေဝ့ၾကည့္ၿပီးမွ

"တကယ္ေတာ့ ၁၃နွစ္ ၁၄နွစ္ဆိုတာ ကိုယ္ေတြျမန္မာျပည္မွာမလို႔ ကေလးသာသာ ထင္ေနရတာ မငယ္လွေတာ့ပါဘူး သားရွင္းကိုပါ  လႊတ္ဖို႔ အစီအစဥ္ရွိတယ္ဆ္ို နွစ္ေယာက္စလံုး အတူတူထည့္ေပးလိုက္လို႔ရတာပဲ"

ေဒၚေကသီေျပာေတာ့ ဦးမင္းေမာင္က ေခါင္းညိတ္ျပၿပီးမွ...

"သားေတြကို နိုင္ငံျခားမွာ ေက်ာင္းထားဖို႔ ခ်ိဳကသာစီစဥ္ေနတာ ကြၽန္ေတာ့္သေဘာကေတာ့ ကေလးေတြလိုပဲ ျမင္ေနေသးလို႔ စိတ္မခ်နိုင္ျဖစ္ၿပီး ေသခ်ာမဆံုးျဖတ္ရေသးပါဘူး။နိုင္ငံရပ္ျခားမွာ ေဒါနက ေနတက္ထိုင္တက္ရင္ေတာင္မွ ရွင္းခန္႔ပံုစံကေတာ့ မေကေတြ႕တဲ့အတိုင္းပဲဗ်ာ ကြၽန္ေတာ္ကေတာ့ သူ႔ကို စိတ္မခ်ေသးပါဘူး ၿပီးေတာ့သူက က်န္းမာေရးလည္း နည္းနည္းခ်ဴခ်ာတက္ေတာ့ ကြၽန္ေတာ့္မ်က္စိေရွ႕မွာပဲ စိတ္ခ်နိုင္ေသးတယ္"

"ကိုမင္းေမာင္ေျပာတာလည္း ဟုတ္ပါတယ္ အဲ့ဒါဆို ေဒါနကို ေကတို႔နဲ႔ အရင္ထည့္လိုက္ၿပီးမွ သားရွင္းကို အထက္တန္းၿပီးမွ လႊတ္လိုက္လဲ ရတာပဲ..."

!မ်က္လံုးထဲမွာေတာ့ ေဒါနကိုပဲ ေခၚသြားခ်င္တယ္ ေဒါနကိုပဲ ေခၚသြားခ်င္တယ္ ဆိုၿပီး တလက္လက္ ျဖစ္ေနတဲ့ သားအမိ္နွစ္ေယာက္ကို ရွင္းခန္႔ ၾကည့္လို႔မရေတာ့ေပ။ေဒါနဆိုတာ သူတို႔ ေခၚခ်င္တိုင္းေခၚလို႔ရမဲ့သူမလို႔လား!

ရွင္းခန္႔ ေဒါသစိတ္မ်ားျဖင့္ ေတြးရင္း အသားျပားကို အားသံုး၍ ဖိလွီးေနမိသည္။

ထိုအခ်ိန္မွာပဲ ေဖေဖက ေဒါန၏ဖက္သို႔ လွည့္ၿပီးမွ...

"သား ေဒါနကေရာ အန္တီေကတို႔နဲ႔လိုက္သြားၿပီး ဟိုမွာေက်ာင္းတက္ခ်င္လား.."

ရုတ္တရက္ႀကီး ေဒါန၏ ဆႏၵကို အတည္ျပဳခ်င္သလို ေျပာလာေသာ ဖခင္ျဖစ္သူေၾကာင့္ ရွင္းခန္႔၏ရင္ထဲ ထိတ္ကနဲ လန္႔သြားရေတာ့သည္။

!မတက္ခ်င္ဘူးလို႔ ေျပာလိုက္ မလိုက္ခ်င္ဘူးလို႔ မသြားခ်င္ဘူးလို႔ ေျပာလိုက္ေလ ျငင္းလိုက္ေလ...!

ေဒါနဆီမွ အေျဖစကားကို ေစာင့္ဆိုင္းေနရင္း စိတ္ထဲမွာေတာ့ မလိုက္ရဘူး မသြားရဘူးဆိုေသာ စကားမ်ားျဖင့္ ေအာ္ဟစ္တားျမစ္ေနမိသည္။သူေၾကာက္တယ္..ေဒါန သူ႔အရိပ္ထဲကေန အေဝးထြက္သြားမွာကို ေၾကာက္တယ္။ေဒါနကို သူက မ်က္စိေရွ႕မွာပဲထားရင္းနဲ႔ သူပဲ တစိမ့္စိမ့္ၾကည့္ မုန္းေနခ်င္တာ။သူ႔အရိပ္ေအာက္မွာပဲ ေမွးမ္ွိန္ေဖ်ာ့ေတာကို လိုခ်င္တာ။ေဒါနအတြက္ ဒီအရိပ္ကထြက္ၿပီး တျခားမွာ လင္းလက္ေတာက္ပလာဖို႔ဆိုတာ ရွိမလာေစရဘူး။

"ဟုတ္ သား လိုက္သြားခ်င္တယ္...."

ခပ္တိုးတိုး ျပန္ေျဖလိုက္တဲ့ ေဒါန၏ အေျဖစကားဟာ သူ႔၏နားထဲမွာေတာ့ မိုင္းဗံုးတစ္လံုး ေပါက္ကြဲသြားသည့္အလား က်ယ္ေလာင္စြာ ျမည္ဟည္းေလသည္။ေဒါနကိုယ္တိုင္က ထိုမိသားစုနဲ႔ လိုက္သြားခ်င္တယ္။အခုေတာ့ ဒီအရိပ္ကို ေျခစံုကန္ခ်င္ေနၿပီေပါ့။

အလိုဆႏၵျပည့္ဝသြား၍ အန္တီေကသီနွင့္ သူ႔သားတို႔က ေပ်ွာ္႐ႊင္ျမဴးထူးသြားသလို  ေမခ်ိဳကလည္း သေဘာက်စြာ ၿပံဳးရယ္လို႔ေနသည္။ပတ္ဝန္းက်င္၌ ရယ္ေမာသံ စကားေျပာသံတို႔ဟာ ဆူညံလို႔ေနေပမဲ့ သူကေတာ့ သီးျခားကမၻာကိုေရာက္သြားသလိုမ်ိဳး စိတ္ထဲလစ္ဟာလို႔ေနသည္။

                ***

"သားက စကားနားမေထာင္တာ ဘာညာရွိရင္ အားမနာတမ္း ဆံုးမေနာ္ မေက ခ်ိဳေသခ်ာ အပ္ပါတယ္..."

"စိတ္မပူပါနဲ႔ မခ်ိဳရယ္ ေဒါနက လိမၼာပါတယ္ ေကလည္း သားနဲ႔ထပ္တူ ကိုယ့္သားအရင္းေလးလိုပဲ ေစာင့္ေရွာက္မွာပါ"

"ေက်းဇူးပါ မေကရယ္ ကြၽန္မသေဘာခ်ည္းပဲသာဆို စိတ္မခ်နိုင္ပါဘူး ကိုမင္းေမာင္ကလည္း လက္ခံတာရယ္ ၿပီးေတာ့ သားကလည္း စိတ္အား ထက္သန္ေနတာရယ္ေၾကာင့္သာ လႊတ္လိုက္ရတာ.."

"စိ္တ္ခ်ပါ မခ်ိဳရယ္ စလံုးနဲ႔ဒီလည္း ဘာေဝးလို႔လဲ မခ်ိဳ မၾကာမၾကာ လာလည္လို႔ရတာပဲကို..."

ေမခ်ိဳနွင့္ အန္တီေကတို႔၏ ေျပာဆိုေနၾကတဲ့ စကားသံေတြက ရွင္းခန္႔၏ နားထဲသုိ႔ ခါးသက္စြာ တိုးဝင္လို႔လာသည္။ေဒါန စကၤာပူလိူက္သြားဖို႔ကိစၥ အတည္ျပဳၿပီးကတည္းက ဗီဇာကိစၥဘာညာ ျပင္ဆင္ရင္း ေန႔ရက္ေတြ ကုန္ဆံုးလာလိုက္တာ မနက္ျဖန္ဆိုရင္ စကၤာပူသို႔ သြားရေတာ့မည္ ျဖစ္သည္။ထို႔ေၾကာင့္ ဒီညမွာေတာ့ နႈတ္ဆက္ပြဲသေဘာမ်ိဳးအျဖစ္ ညစာကို မိသားစုေတြ ၿခံထဲမွာ တည္ခင္းရင္းစားေသာက္ ျဖစ္ၾကသည္။ေမခ်ိဳနွင့္အန္တီေကသီက အဖြဲ႕က်ေနသလို ေဖေဖနွင့္အန္ကယ္ကလည္းတစ္ဖြဲ႕ ေဒါနနွင့္ဟိုေကာင္ကလည္း တီးတိုးပူးကပ္ေနၾကသည္။သူတစ္ေယာက္ထဲသာ စားစရာေတြ ျပင္ဆင္ေနတဲ့ေဘးမွာ ေယာင္လည္လည္ျဖင့္ သီးသန္႔ႀကီး ျဖစ္လို႔ေနေလသည္။

ၿပံဳး႐ႊင္ရယ္ေမာေနတဲ့ ေဒါန၏ အၿပံဳးမ်ားက ဒီညမွပဲ ပို၍လြတ္လပ္ ေတာက္ပေနသေယာင္ရွိသည္။

!မနက္ျဖန္ဆို ေဒါနက ဒီအရိပ္ကေန ထြက္သြားၿပီး သူမျမင္နိုင္တဲ့ေနရာမွာ လြတ္လြတ္လပ္လပ္ လင္းလက္ေတာက္ပေနေတာ့မွာ!

!ေဒါနကို သူထပ္ျမင္ရေတာ့မွာ မဟုတ္ဘူး..!

!ေဒါနဟာ သူ႔အရိပ္ကေန တကယ္ပဲ ကင္းလႊတ္ခြင့္ရေတာ့မွာ..!

!သူခြင့္မျပဳခ်င္ရင္ေတာင္ တားဆီးဖို႔နည္းလမ္း သူ႔မွာမရွိေပ!

"ဟဲ့ ပုစြန္ေတြ မထည့္နဲ႔ေလ အကိုေလးေဒါနက ပုစြန္နဲ႔မတည့္ဘူး..."

ရွင္းခန္႔ အေတြးမ်ားျဖင့္ ေလာင္ၿမိွဳက္ေနရတုန္း နံေဘးမွ အိမ္အကူကေလးမ၏ အသံေၾကာင့္ ငဲ့ၾကည့္မိလိုက္သည္။ေဒါနနွင့္ဧည့္သည္အေကာင္ အတြက္ အသားညႇပ္ေပါင္မုန္႔ကို ျပင္ဆင္ေပးေနၾကတာ ျဖစ္သည္။စားစရာျပင္ဆင္ ေနတာကို ဘာရယ္မဟုတ္ ေငးၾကည့္ေနရင္းျဖင့္ ရွင္းခန္႔၏ေခါင္းထဲ အေတြးတခ်က္ လက္ကနဲျဖစ္သြားရကာ နႈတ္ခမ္းတြန္႔ ၿပံဳးမိလိုက္ေတာ့၏။

"ဖယ္ ငါ လုပ္လိုက္မယ္...."

"ဟင္ အကိုေလးက လုပ္တတ္လို႔လား..."

ဆံုးျဖတ္ခ်ၿပီးသည္နွင့္ တၿပိဳင္နက္ စားစရာျပင္ဆင္ဖို႔ လက္လႊဲယူေတာ့ အိမ္အကူကေလးမေတြက အ့ံၾသတႀကီးေမးသည္။

"လုပ္တတ္တယ္ သြား အိမ္ေပၚက ေရခဲေသတၱာထဲမွာ ဆလပ္႐ြက္နည္းနည္း သြားယူေပး..."

"ဒီမွာ အ႐ြက္ေတြရွိေသးတယ္ေလ...."

"လ်ွာရွည္လိုက္တာ လိုအပ္လို႔သြားယူခိုင္းေနတာ သြားယူဆိုသြားယူလိုက္..."

မေအာ္ေငါက္စဖူး ရွင္းခန္႔ မ်က္နွာထားတင္းတင္းျဖင့္ ေအာ္ေငါက္လိုက္ေတာ့ ကေလးမေလးက လန္႔သြားၿပီးမွ ခပ္သြက္သြက္ ထြက္သြားေလသည္။

"နင္ေရာ ဘာလုပ္ေနတာလဲ လိုက္သြားေလ..."

"ဟုတ္ ဟုတ္ အကိုေလး...."

ေၾကာင္ၾကည့္ေနေသာ ေနာက္တစ္ေယာက္ကိုပါ ေအာ္ထုတ္လိုက္ၿပီးေတာ့မွ ရွင္းခန္႔ ေက်နပ္စြာ ၿပံဳးရင္း မ်က္စိေရွ႕မွ ပုစြန္မ်ားအား ပန္းကန္တစ္ခုထဲသို႔ ထည့္ကာ ခရင္းျဖင့္ေက်ညက္ေနေအာင္ ထိုးေခ်လိုက္ေတာ့သည္။

!ငါပိုင္ဆိုင္တဲ့အရာ ငါနဲ႔သက္ဆိုင္တဲ့အရာဆို သူမ်ားနဲ႔ ခြဲေဝဖို႔ဆိုတာ ဘယ္ေတာ့မွ ျဖစ္လာနိုင္မွာမဟုတ္ဘူး ငါ့မွအျပည့္မရရင္ သူမ်ားလည္း မရေစရဘူး!
                 ***

ေဆးရံုကုတင္ေပၚမွာ သတိလစ္ေမ့ေမ်ာေနေသာ ေဒါနအား မမွိတ္သုန္ ၾကည့္ေနမိရင္း ရွင္းခန္႔ ေဆာက္တည္ရာမရ ျဖစ္ေနရသည္။သူမ်ားဆီကို မေပးလိုက္ခ်င္တဲ့စိတ္ သူ႔မ်က္စိေရွ႕က ေပ်ာက္ကြယ္သြားမွာ စိုးတဲ့စိတ္မ်ားျဖင့္ လတ္တေလာ ဆံုးျဖတ္ခ်က္ခ်ကာ ျပဳမူလိုက္တဲ့ အျပဳအမူက အရာအားလံုးကို လက္လႊတ္လိုက္ရလုနီးပါး ျဖစ္ေနၿပီျဖစ္သည္။သို႔ေပမဲ့ အခုလိုမ်ိဳး ေဆးရံုကုတင္ေပၚမွာ ျဖဴေဖ်ာ့ကာ သတိလစ္ေမ့ေမ်ာေနတဲ့ ေဒါန၏အျဖစ္ကိုေတာ့ မျမင္လိုေပ။သူလိုခ်င္တာ သူ႔မ်က္စိေရွ႕မွာ သက္ရွိထင္ရွား ရွိေနတဲ့ ေဒါနကိုသာျဖစ္သည္။ေဒါနသာ ျပန္မနိုးထေတာ့လွ်င္ ဘယ္လိုမ်ားလုပ္ရပါ့မလဲ ဆုိတဲ့အေတြးက သူ႔အားအခါခါ နွိပ္စက္လို႔ေနသည္။ဒီေလာကႀကီးထဲကေန ေဒါန အၿပီးတိုင္ေပ်ာက္ကြယ္သြားရင္ဆိုတဲ့ အေတြးက သူ႔အား ေသမေလာက္ ထိတ္လန္႔ေျခာက္ျခားေစသည္။

သူမ်ားဆီကိုလည္း မေပးလိုက္နိုင္သလို သူကိုယ္တိုင္လည္း လက္လႊတ္ဆံုးရံႈးလို႔မျဖစ္ဘူးဆိုတဲ့ ခံစားခ်က္ကို အခုမွ သူသိ၍လာရၿပီျဖစ္သည္။ဘယ္လိုပဲျဖစ္ျဖစ္ ေဒါနဟာ သူ႔မ်က္စိေရွ႕ကေရာ သူ႔ဘဝထဲကေရာ ေပ်ာက္ကြယ္သြား၍ မျဖစ္ေပ။

!ဒီတစ္ခါေတာ့ ျပန္နိုးလာေပးပါ ငါတို႔အတူတူ အခ်ိန္အၾကာႀကီး ျဖတ္သန္းရအံုးမယ္!

!ငါ့ေဘးနား ငါ့အရိပ္ေအာက္မွာ မင္းစိတ္ေပ်ာ္သလို စိတ္ႀကိဳက္ေန
ငါ့အရိပ္ေအာက္ကေန ထပ္ထြက္ေျပးဖို႔ေတာ့ မႀကိဳးစားပါနဲ႔!

!ငါ့ဘဝထဲမွာ မင္းရွိေနတာ ငါ့မ်က္စိေရွ႕မွာ မင္းကိုျမင္ေနရတာကို ႀကိဳက္တာမလို႔ မင္းကို ထိခိုက္ရေအာင္ ငါဘယ္ေတာ့မွ ထပ္မလုပ္ေတာ့ဘူး ေဒါန!

!အဲ့ဒါေၾကာင့္ ေက်းဇူးျပဳၿပီး ျပန္နိုးလာေပးပါ...!

ထိုအခ်ိန္မွစ၍ သူ႔ဆုေတာင္းေလး ကံေကာင္းေထာက္မစြာ ျပည့္ဝခဲ့ေလသည္။ေဒါနျပန္လည္ သတိရလာသလို မူလစီစဥ္ထားတဲ့အတိုင္း စကၤာပူသို႔လည္း ေက်ာင္းသြားမတက္ျဖစ္ေတာ့ေပ။

!ရလဒ္ကေတာ့ သူ႔နဖူးေလးေပါက္သြားတာေပါ့!

!ဒါေပမဲ့ သူေပ်ာ္ပါတယ္ ေဒါနဟာ သူ႔မ်က္စိေရွ႕မွာရိွေနတာမလို႔!

                ***

"သားလွမ္းေျပာတုန္းကသာ အန္တီမလိုက္သြားရင္ အခုေလာက္ဆို ဒင္းတို႔ ဘယ္ေလာက္အထိ ျဖစ္ပ်က္ေနၾကမလဲပဲ။မူမမွန္တာသိေနေပမဲ့ ဒီေလာက္အထိကို မထင္ခဲ့ဘူး။သားကိုကိုက ဒီလိုဘာဘာညာညာေတြ ရွ္ိဖူးတာမွမဟုတ္ပဲ ဟိုအေကာင္က ဘယ္လိုပညာေတြနဲ႔ ျပဳစားလိုက္သလဲမသိဘူး သားရယ္.."

"..."

"အရင္ကဆိုေလ အေမ့စကားတစ္ခြန္းပဲဆိုတဲ့ သားေလးက အခုေတာ့ ဘယ္လိုမွေျပာဆိုမရေတာ့ဘူး ေဆးမိေနတဲ့အတိုင္းပဲျဖစ္ေနတာ သားရယ္ ဘာေျပာေျပာ အန္တီ့စကားမေအာင္ေတာ့ပါဘူး..."

"ဘာပဲျဖစ္ျဖစ္ အန္တီ ဟိုတယ္လိုက္သြားလိုက္တာ ေကာင္းပါတယ္ အခ်ိန္မလြန္ခင္မွာ ဟန္႔တားသလိုေတာ့ ျဖစ္သြားတာပဲေလ.."

"အဲ့ဒီတုန္းကလည္း သားရွင္း သတင္းေပးလို႔သာေပါ့ အန္တီ့ အတိုင္းသာဆို ဘာမွေတာင္ သိလုိက္ရမွာမဟုတ္ဘူး..."

ခပ္ဟဟပြင့္ေနေသာ မာမီ့၏ အခန္းတံခါးၾကားမွ ထြက္လာေသာ စကားသံတို႔က အခန္းအျပင္မွာ ရပ္ေနမိေသာ စစ္နိုင္းအတြက္ေတာ့ အတိုင္းသားၾကားေနရသည္။မာမီ့ကို ေန႔လယ္ ေဆးထိုးေပးဖို႔အတြက္ အိမ္ျပန္လာခဲ့ရင္း အခန္းအေရွ႕အေရာက္မွာ ၾကားလိုက္ရေသာ စကားမ်ားေၾကာင့္ စစ္နိုင္း အံ့ၾသမွင္သက္မိလြန္း၍ ေဒါသျဖစ္ဖို႔ေတာင္ ေမ့ေနခဲ့သည့္အထိ။သူနွင့္ေဒါနရွိေနတဲ့ ဟိုတယ္သို႔ မာမီလိုက္လာၿပီး ေသာင္းက်န္ေစခဲ့တဲ့ တရားခံက ရွင္းခန္႔တဲ့လား။ရွင္းခန္႔က သတင္းေပးတိုင္တန္းလို႔ လိုက္လာတာတဲ့လား။

ရွင္းခန္႔ ဘာေၾကာင့္ ဒီလိုလုပ္ရလဲ သူဘယ္လိုမွ နားမလည္နိုင္။အခုမွ ေသခ်ာစဥ္းစားမိေတာ့ ဟိုတယ္မွာတုန္းက ဖုန္းဆက္ေမးတဲ့ အျဖစ္အပ်က္ကစလို႔ လက္ပတ္ကိစၥအလယ္ ေနာက္ဆံုး ေဒါန၏အခန္းထဲမွာ နွစ္ေယာက္သား ရုန္းရင္းဆန္ခတ္ ျဖစ္ေနၾကတဲ့အထိ ကိစၥအားလံုးက တကယ္ကိုရိုးရွင္း မေနေခ်။ေဒါနနွင့္ ရွင္းခန္႔၏ၾကားထဲ ဘာကိစၥေတြရွိသလဲ သူစဥ္းစားေပမဲ့လည္း တိက်စြာ အေျဖထြက္မလာခဲ့ေပ။

အခန္းေရွ႕မွ ျပန္လွည့္ထြက္ခဲ့မိရင္း ၿခံထဲေရာက္သည့္အထိ စစ္နိုင္း၏ ေခါင္းထဲ အေတြးမ်ားျဖင့္ ရႈပ္ယွက္ခတ္ေနသည္။သူ႔အတြက္ ရိုးသားျဖဴစင္တယ္လို႔ သတ္မွတ္ထားတဲ့ ညီေလးက ဘာလိုအခုလိုမ်ိဳး ေနာက္ကြယ္ကေန မထင္ထားတဲ့ကိစၥေတြကို လုပ္နိုင္ရတာလဲ။

"ကိုကို ျပန္ေရာက္လာၿပီလား..."

ေနာက္ပါးဆီမွ ထြက္ေပၚလာေသာ အသံေၾကာင့္ စစ္နိုင္း လွည့္ၾကည့္လိုက္ေတာ့ ထံုးစံအတ္ုိင္း ၾကည္ၾကည္စင္စင္ အၿပံဳးမ်ားျဖင့္ ရွိေနေသာ ရွင္းခန္႔အား ေတြ႕လိုက္ရသည္။ဒီလို ျဖဴစင္အျပစ္ကင္းတဲ့ မ်က္နွာေလးရဲ႕ေအာက္မွာ ဘာလို႔မ်ား သူနားမလည္နိုင္တဲ့ ေနာက္ထပ္ မ်က္နွာတစ္ခု ရွိေနရတာလဲ။

စစ္နိုင္း မခ်္ိတင္ကဲ ေတြးေနမိၿပီးမွ....

"ဘာလို႔လဲ ဘာေၾကာင့္ ဒီလိုလုပ္ရတာလဲ...."

ေဒါသေတြကို ဖိနွိပ္ထားရတဲ့ၾကားက မခ်ိတင္ကဲယူႀကံဳးမရ ေလသံျဖင့္ ေျပာလာေသာ စစ္နိုင္း၏ ပံုစံေၾကာင့္ ရွင္းခန္႔ ရုတ္တရက္ ေၾကာင္အသြားရေတာ့သည္။

"ဘာကိုေျပာတာလဲ ကိုကို...."

နားမလည္သလို ျပန္ေမးလာေသာ ရွင္းခန္႔ေၾကာင့္ စစ္နိုင္း၏ ေမးေၾကာႀကီးမ်ား တင္းကနဲျဖစ္သြားရၿပီးမွ....

"ကိုယ္အားလံုး ၾကားလိုက္တယ္ ကိုယ္နဲ႔ေဒါနရွိေနတဲ့ေနရာကို မာမီလိုက္လာေအာင္ သတင္းေပးလိုက္တဲ့ တရားခံက ညီပဲဆိုတာကို ကိုယ့္ကို ေျပာပါအံုး ဘာလို႔ အဲ့လိုလုပ္ရတာလဲ ကိုယ္နဲ႔ေဒါနၾကားက ဆက္ဆံေရးကို ရိပ္မိထားတယ္ဆိုရင္ေတာင္ ကိုယ့္ကိုအရင္ေျပာသင့္တာ မဟုတ္ဘူးလား"

စစ္နိုင္း၏ အေမးေၾကာင့္ ရွင္းခန္႔ မ်က္နွာကြက္ကနဲ ပ်က္သြားေသာ္လည္း ခ်က္ခ်င္း မ်က္နွာအမူအယာအား ျပန္လည္ျပင္ဆင္ကာ စိုးထိတ္ေသာ မ်က္နွာျဖင့္

"မျဖစ္သင့္တာေတြ မျဖစ္ရေအာင္လို႔ပါ ကိုကို..."

"ဘာရယ္..."

"ဟုတ္တယ္ ကိုကို မျဖစ္သင့္တာေတြ မျဖစ္ရေအာင္ အန္တီ့ကို တိုက္ရိုက္ ေျပာျပလိုက္တာပါ."

ဘယ္လိုပဲ မ်က္နွာက စိုးထိတ္ေၾကာက္႐ြံံေနဟန္ ျပထားပါေစ ထြက္လာေသာ ေလသံမ်ားကေတာ့ ထီမထင္ဟန္မ်ားျဖင့္ ျပည့္လို႔ေနသည္။စစ္နိုင္း ေဒါသတို႔ေထာင္းကနဲ ျဖစ္သြားရၿပီး

"ကုိယ္နဲ႔ေဒါနရဲ႕ၾကားက ျဖစ္သင့္တယ္မျဖစ္သင့္ဘူးဆိုတဲ့ ကိစၥေတြကို မင္းက ဆံုးျဖတ္ပိုင္ခြင့္ရွ္ိတယ္လို႔မ်ား ထင္ေနတာလား ရွင္းခန္႔"

ညီဟုေခၚေနရာကေန မင္းေတြငါေတြ ျဖစ္သြားလ်ွက္ နာမည္ကိုပါ ခပ္တင္းတင္း ေခၚေလတာေၾကာင့္ စစ္နိုင္း ေဒါသတို႔ႀကီးေနၿပီဆုိတာ သိသာလွသည္။ရွင္းခန္႔ နႈတ္ခမ္းအား မသိမသာ မဲ့မိၿပီးမွ..

"ဆံုးျဖတ္ခြင့္မရွိလို႔ ရွိတဲ့သူကို တင္ျပလိုက္တာေလ ကိုကို...."

"မင္း...!"

စစ္နိုင္း စိတ္တိုေဒါသျဖစ္လြန္း၍ တစ္ခုခု လုပ္ပစ္လိုက္ခ်င္ေပမဲ့လည္း ဟုန္းကနဲေတာက္လာေသာ ေဒါသစိတ္တို႔အား ထိန္းခ်ဳပ္ကာ  ဂရုမစုိက္လိုေသာ ေလသံခပ္ေအးေအးျဖင့္...

"မာမီကေရာ ဆံုးျဖတ္ခြင့္ရွိမယ္ ထင္ေနလို႔လား မိဘဆံုးျဖတ္သမ်ွ အလံုးစံုကို ေခါင္းညိတ္နာခံေနရေအာင္ ကိုယ္က ၁၆နွစ္သားမဟုတ္ေတာ့ဘူး တခ်ိဳ႕အရာေတြမွာ ကိုယ့္ဆံုးျဖတ္ခ်က္နဲ႔ကိုယ္ ရွင္သန္ခြင့္ရွိေနၿပီ အဲ့ဒါမလို႔ ကိုယ္နဲ႔တစ္ဘဝလံုး အတူရွိေနမဲ့သူကိုလည္း ကိုယ့္စိတ္ႀကိဳက္ ကိုယ္ေ႐ြးခ်ယ္ခြင့္ ကိုယ့္မွာအျပည့္ရွ္ိတယ္.."

"ေ႐ြးခ်ယ္ဖို႔မသင့္လို႔ အမုန္းခံၿပီး ေျပာေနရတာကိုကို ကိုကို႔ဖက္ကသာ တစ္ဘဝလံုး အတူရွိခ်င္တာေတြနဲ႔ အနာဂတ္အိမ္မက္အတြက္ ေသခ်ာေနတာ ေဒါနက ကိုကို႔ကို အတည္တက် ေ႐ြးခ်ယ္မယ္မ်ား ကိုကိုထင္ေနလား ေဒါနလို လူမ်ိဳးက သူစိမ္းတစ္ေယာက္နဲ႔ အတည္တက်ေပါင္းဖက္ခ်င္တဲ့ စိတ္ကူးမ်ိဳးမရွိဘူး သူ႔အတြက္သစ္ဆန္းေနတုန္း ခဏပဲ ရိုးသြားရင္ လွည့္ေတာင္မၾကည့္တတ္တဲ့ သူမ်ိဳး..."

ေဒါနအား မေကာင္းေျပာခ်င္ေနေသာ ရွင္းခန္႔၏ စကားမ်ားေၾကာင့္ စစ္နိုင္းေဒါသတို႔အား မထိန္းခ်ဳပ္ထားနိုင္ေတာ့ေပ။

"ေဒါနအေၾကာင္းကို မင္းေျပာခ်င္တိုင္း ေျပာလို႔မရဘူး ရွင္းခန္႔ ေျပာပိုင္ခြင့္လည္း မင္းမွာမရွ္ိဘူး မင္းက ဘာကိုအဲ့ဒီေလာက္ ေသခ်ာၿပီး ေဒါနအေၾကာင္းကို အရမ္းသိသလိုမ်ိဳး ေျပာေနရတာလဲ..."

"အဟက္ ကိုကိုသိတာထက္ ကြၽန္ေတာ္က ပိုသိေနတယ္ ဆိုရင္ေရာ.."

"ဘာ...."

စစ္နိုင္း၏ ပ်က္ယြင္းသြားေသာ မ်က္နွာအား ရွင္းခန္႔က အရသာခံ၍ၾကည့္သည္။

"ဘာကို ပိုသိတာလဲ ရွင္းခန္႔ စကားကို ရွင္းရွင္းေျပာ ပိုသိရေအာင္ မင္းတို႔က ဘယ္တုန္းက ရင္းနွီးကြၽမ္းဝင္ခဲ့ဖူးလို႔လဲ..."

"ဒါကေတာ့ ကိုကိုျမင္ရတဲ့အပိုင္းေလ ကြၽန္ေတာ္တို႔ၾကားထဲက အတြင္းကိစၥေတြကို ကိုကိုေသခ်ာသိနိုင္လို႔လား ကိုကိုတို႔ ျပန္ေတြ႕ခ်ိန္က ခဏေလးပဲ ရွိပါေသးတယ္။ကြၽန္ေတာ္တို႔က အတူရွိခဲ့တာ ၁၅နွစ္ေက်ာ္ၿပီ။ၿပီးေတာ့ gayနွစ္ေယာက္ တစ္အိမ္ထဲမွာ ေနၾကတာ ရာနႈန္းျပည့္ ရိုးသားနိုင္ၾကပါ့မလား အဟက္"

ေျပာရင္းျဖင့္ ရွင္းခန္႔က ခပ္ေမာ့ေမာ့ရယ္သည္။ရွင္းခန္႔၏ ပံုစံနွင့္ အေျပာအဆိုမ်ားေၾကာင့္ စစ္နိုင္းရင္ထဲ ေတြကနဲ ျဖစ္သြားေသာ္လည္း ေဒါနဖက္ကေတာ့ ရွင္းခန္႔နွင့္ ကင္းရွင္းတယ္ဆိုတာကို သူခံစား၍ရေနသည္။

"မင္း ဘာကိုဆိုလိုခ်င္တာလဲ...."

"ကိုကိုကေရာ ဘယ္လိုထင္လဲ..."

"ဘယ္လိုမွ မထင္ဘူး မင္းေျပာတာ တကယ္ျဖစ္ခဲ့တယ္ဆိုရင္ေတာင္ အခုလက္ရွ္ိမွာေတာ့ ေဒါနဆီမွာ ကိုယ္တစ္ေယာက္ထဲပဲ ရွိတယ္။ၿပီးေတာ့ မင္း မာမီ့ကို သြားေျပာျပလိုက္တာလည္း ေကာင္းသြားတယ္..."

စစ္နိုင္းက စကားအား ခဏရပ္ၿပီးမွ ရွင္းခန္႔အား ေလွာင္ခ်င္သလို ၾကည့္၍ ေဘာင္းဘီအိတ္ထဲ လက္ထည့္ၿပီး ခပ္ေပါ့ေပါ့ပံုစံျဖင့္..

"ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ္ ေဒါနကို ဘယ္ေလာက္အထိ ျမတ္နိုးေနမိလဲ ဘယ္ေလာက္အထိ တန္ဖိုးထားၿပီး လက္လႊတ္အဆံုးရံႈး မခံနိုင္ဘူးလဲဆိုတာကို အဲ့ဒီအျဖစ္အပ်က္ေၾကာင့္ သိသြားရလို႔ပဲ.."

"...."

စစ္နိုင္း၏ စကားတုိ႔ေၾကာင့္ ရွင္းခန္႔၏ မ်က္နွာနီရဲပ်က္ယြင္းလာရေတာ့သည္။

"ေဒါနကိုသာ ပိုင္ဆိုင္ရဖို႔ဆိုရင္ ဘာပဲျဖစ္ျဖစ္ စြန္႔စားလိုက္ဖို႔ စိတ္ကူးေတြ ျဖစ္လာတဲ့အထိ ျဖစ္ေစခဲ့လို႔ မင္းကို တကယ္ေက်းဇူးတင္ပါတယ္..."

"ေက်းဇူးတင္ မေစာပါနဲ႔ ကိုကိုရယ္ အခုလက္ရွ္ိ ေဒါနမွာ ကိုိကိုတစ္ေယာက္ပဲ ရွ္ိတာလို႔ ဘာကိုယံုၾကည္ၿပီး ေျပာေနတာလဲ ေဒါနလို လူမ်ိဳးအနားမွာ ေဟာတစ္ေယာက္ ေဟာတစ္ေယာက္နဲ႔ ရွိေနတာ လက္ေတာင္မလည္ဘူး ကိုကိုကသာ အနစ္နာခံၿပီး စြန္႔စားေနတာ အခ်ိန္တန္ရင္ ကိုကိုကက်န္ခဲ့မွာပဲ အခုေတာင္ အျငင္းခံေနရတာ မဟုတ္ဘူးလား"

"အဲ့ဒါကို မင္းစိတ္ပူေပးစရာမလိုပါဘူး ဘာျဖစ္လို႔လဲဆုိေတာ့ ေဒါနက ၁၀ႀကိမ္ျငင္းရင္ ကိုယ္က ၁၁ႀကိမ္ေျမာက္ႀကိဳးစားမွာ အႀကိမ္၁၀၀ျငင္းရင္ ၁၀၁ႀကိမ္ေျမာက္ ႀကိဳးစားမွာ အႀကိမ္၁၀၀၀ျငင္းရင္ ၁၀၀၁ႀကိမ္ေျမာက္ ႀကိဳးစားမွာ အသက္ရွင္ေနသေ႐ြ႕ ႀကိဳးစားဖို႔အခြင့္အေရးဆိုတာ စကၠန္႔နဲ႔အမ်ွ ရွိေနမွာပဲ အဲ့ဒါေၾကာင့္မလို ကိုယ္က အသက္ရွိေနသေ႐ြ႕ ႀကိဳးစားေနမွာ ဘာျဖစ္လို႔လဲဆိုေတာ့ ေဒါနဟာ ကိုယ့္ဘဝအတြက္ ေနာက္ဆံုးလိုအင္ဆႏၵမလို႔ သူကလြဲၿပီး ေနာက္ထပ္လိုခ်င္တယ္ လိုအပ္တယ္ဆိုတဲ့ ဆႏၵမ်ိဳးဟာ ထပ္ၿပီးျဖစ္ေပၚလာေတာ့မွာ မဟုတ္လို႔ပဲ..."

စစ္နိုင္း ေျပာၿပီးတာနွင့္ ရွင္းခန္႔၏ ပခံုးအား တိုးတိုက္၍ ထြက္ခဲ့ေတာ့သည္။

"ေတာက္...!"

ေနာက္ပါးဆီမွ ခပ္ႀကိတ္ႀကိတ္ ေတာက္ေခါက္လိုက္ေသာ ရွင္းခန္႔၏ အျပဳအမူကိုေတာ့ စစ္နိုင္း သတိမျပဳမိလိုက္ေတာ့ေခ်။အနိုင္ပိုင္းေျပာၿပီး ထြက္လာခဲ့ေသာ္လည္း ကားေပၚေရာက္ခ်ိန္မွာေတာ့ ထိန္းခ်ဳပ္ထားေသာ ေဒါသမ်ားအား ကားစီယာရင္အား ထုရိုက္ရင္း ေပါက္ကြဲ လႊတ္ခ်မိေတာ့သည္။အမွန္တကယ္ စဥ္းစားၾကည့္ေတာ့လည္း ရွင္းခန္႔ေျပာေသာ စကားမ်ားဟာ မွန္သင့္သေလာက္ မွန္ေလသည္။ေဒါနအတြက္ အေဖာ္ဆိုတာ မရွားဘူး ဆိုတာလည္းမွန္သည္။ေဒါနသူ႔ကို လက္မခံေသးဘူးဆိုတာလည္း မွန္သည္။အခုအခ်ိန္မွာ ေဒါန၏ စိတ္ထဲမွာ သူမရွ္ိေတာ့ဘူးဆိုတာလည္း မွန္သည္။ေဒါနသူ႔ကို ေ႐ြးခ်ယ္မွာလား မေ႐ြးခ်ယ္ဘူးလား ဆိုတာဟာလည္း ခန္႔မွန္းမရတဲ့ မုတ္သံုရာသီလိုမ်ိဳး။သူကသာ ခ်စ္တဲ့စိတ္နဲ႔ မာန္တင္းေနရတာ အေျခအေနက ပင္လယ္ထဲမွာ ကမ္းမျမင္လမ္းမျမင္း ကမ္းေပ်ာက္ေနခဲ့သည့္အတိုင္းျဖစ္သည္။

"ဟာကြာ...ဒုန္း!"

နႈတ္မွဖြင့္ထုတ္ေရ႐ြတ္မိရင္း စီယာရင္ကို ထပ္ထုခ်ၿပီးမွ စီယာရင္ေပၚ ေခါင္းေမွာက္၍ ေဒါသစိတ္တို႔အား ၿငိမ္သက္ေအာင္ ထိန္းခ်ဳပ္ေနရေလသည္။ရွင္းခန္႔၏ စကားမ်ားေၾကာင့္ ေဒါသျဖစ္မိတာက သပ္သပ္ ေဒါနနွင့္သူ႔၏ အေျခအေန အမွန္ကိုသံုးသပ္မိေတာ့ ရင္ထဲမွာ ပူေလာင္ေသာကမ်ားၿပီး ဝမ္းနည္းလာရတာက သပ္သပ္ပဲျဖစ္သည္။ရင္ထဲမွာ ဗေလာင္ဆူေနေသာ ေဒါသတို႔ အတန္ငယ္ၿငိမ္သက္သြားေတာ့မွ ေဒါနရွိရာသို႔ သြားဖို႔စိတ္ကူးျဖင့္ ကားေမာင္းထြက္ခဲ့လိုက္ေတာ့သည္။ဒီအခ်ိန္ဆို ဆိုင္မွာပဲ ရွ္ိေနလိမ့္မည္ျဖစ္သည္။
              
ကားကို ပံုမွန္ထက္ အရွိန္ပိုတင္၍ ေမာင္းလာခဲ့မိရင္း ေဒါန၏ဆိုင္ေရွ႕နားေရာက္ခါနီးမွာေတာ့ စစ္နိုင္း၏ စုိးရိမ္ပူပန္ေသာကမ်ားအား ေလာင္စာဆီထည့္ေပးမည့္ ျမင္ကြင္းက အသင့္ေစာင့္ႀကိဳလို႔ေနသည္။စစ္နိုင္း၏ကားက ဆိုင္နားသို႔ အခ်ိန္ကိုက္ေရာက္လာသလို ေဒါနသည္လည္း ေဝယံ၏ ၿပိဳင္ကားေပၚသုိ႔ အဆင္သင့္တက္လိုက္သြားၿပီ ျဖစ္သည္။

!ေဒါနလိုလူမ်ိဳးအနားမွာ ေဟာတစ္ေယာက္ ေဟာတစ္ေယာက္နဲ႔ ရွိေနတာ လက္ေတာင္မလည္ဘူး...!

ျမင္ကြင္းကို ၾကည့္ေနမိရင္း စစ္နိုင္း၏ နားထဲ ေလာေလာလတ္လတ္ ရွင္းခန္႔ေျပာလိုက္ေသာ စကားသံတို႔က ပဲ့တင္ထပ္လို႔ လာေလသည္။

!ေဝယံနဲ႔က ဘာေတြလဲကြာ ကိုယ္စိတ္ပူတယ္ ကိုယ္မႀကိဳက္ဘူးဆိုတာကို သိသိရဲ႕နဲ႔ မင္းအနားမွာ အဲ့ဒီေကာင္ ဘာလို႔ ဒီကာင္ကအၿမဲရွိေနတာလဲ ေဒါနရာ.!

အေတြးမ်ားျဖင့္ထပ္တူ ရင္ထဲမွာ သံသယမ်ားျဖင့္ ပူေလာင္လာရကာ လုပ္သင့္သည္ မလုပ္သင့္သည္ကို မစဥ္စားနိုင္ေတာ့ပဲ ထြက္သြားေသာ ေဝယံ၏ကားေနာက္သို႔ လိုက္ေမာင္းလာခဲ့ေတာ့သည္။
အတန္ၾကာ ေနာက္မွလိုက္လာခဲ့မိရင္း ေဝယံကားက 3stars ဟိုတယ္တစ္ခုထဲသို႔ ခ်ိဳးေကြ႕ဝင္သြားတာကို ေတြ႕လိုက္ရေတာ့သည္။စစ္နိုင္း ကားအား လမ္းေဘးသို႔ ကပ္ရပ္လိုက္ရင္း မ်က္စိေရွ႕မွ ဟိုတယ္ႀကီးအား စိတ္လြတ္စြာျဖင့္ ေယာင္နန ၾကည့္ေနမိသည္။

!ကိုယ္ ရင္ကြဲၿပီးေသတာကို ျမင္ခ်င္တာလား ေဒါနရယ္!

                ***

AN.GEအတြက္ Vdေလးေတြ RVေလးေတြ လုပ္ေပးၾကတာ ေက်းဇူးတင္ပါတယ္။ခ်စ္စရာေလးေတြ အရမ္းသေဘာက်တာပဲ။ခ်စ္တယ္ေနာ္ ဗီတာမင္ေလးေတြ....

LahPhan

Unicode

"ငါနိုင်ပြီနော်...အဟား..."

"သနားလို့ အလျှော့ပေးထားတာ..."

"အံမာ မကျေနပ်ရင် ထပ်ပြိုင်မလား လာလေ လာခဲ့...."

"လာပြီလေ" "ဝုန်း...ဝုန်း..!!"

"အား....ဟား ဟား ဟား..."

အော်ဟစ်ရယ်မော စကားပြောဆိုသံတွေရယ် ရေကူးကန်ထဲမှ ကန်ဘောင်အား ရေရိုက်ခတ်သံတွေရယ်က ကျယ်လောင်စွာ ထွက်ပေါ်လို့လာသည်။ဧည့်သည်ကောင်နှင့် ဒေါနက ရေကူးပြိုင်နေရာကနေ ရေကန်ထဲ၌ လုံးထွေးကျီစယ်နေသည့် အဆင့်သို့ရောက်နေပြီ ဖြစ်သည်။တစ်လဆိုတဲ့ အချိန်ခဏလေး အတွင်းမှာ သူတို့နှစ်ယောက်သား ရင်းနှီးလုံးထွေး သွားလိုက်ကြတာ ရှေးယခင်ကတည်းက ကျွမ်းဝင်ခဲ့ဖူးတဲ့သူများအတိုင်း။ဒေါန၏ လိင်စိတ်တိမ်းညွှတ်မှုကို သိနေခဲ့တဲ့ သူ့အတွက်တော့ မျက်စိရှေ့မှနှစ်ယောက်၏ ဆက်ဆံရေးဟာ မရိုးရှင်းတော့ဘူးဆိုတာ ရိပ်စားမိနေသည်။ပို၍ စိုးရိမ်စရာကောင်းတာက ဒေါန၏ ပုံစံဟာလည်း အရင်လူများနှင့်မတူပဲ ဒီကောင်လေးအပေါ်ကျမှ အနည်းငယ်လေးနက် နွေးထွေးလိုဟန်ပြနေ၍ ဖြစ်သည်။အမြဲတမ်း ဝေလေလေ လျှောက်သွားနေတက်တဲ့သူက အခုဆို တစ်လလုံးလုံး အပြင်တချက် မထွက်ပဲ ဒီကောင်လေးကိုသာ အဖော်လုပ်ပေးနေတာ ဖြစ်သည်။ဒေါန၏ အေးတိအေးစက် မှုန်ကုပ်ကုပ် မျက်နှာထားသည်လည်း  နူးညံ့နွေးထွေးမှုများဖြင့် ပျော်ဝင်နေဟန်ကို အတိုင်းသား မြင်နေရလေသည်။

"တောက်!..."

ရှင်းခန့် မြင်ကွင်းကို ကြည့်နေမိရင်းဖြင့် ဝန်တိုဒေါသစိတ်တို့က ရင်ထဲမှာ ဘောင်ဘင်ခတ်လို့လာရသည်။လက်သီးကို ခပ်တင်းတင်းဆုပ် တောက်တချက်ကို ခပ်ကြိတ်ကြိတ် ခတ်ပြီးတော့မှ နေရာမှ ချာကနဲ လှည့်ထွက်ခဲ့လိုက်သည်။တစ်ပါးသူနဲ့မှ ဒေါန စိတ်ချမ်းသာ ပျော်ရွှင်နေရတာကို သူမမြင်ချင်ပေ။

                 ***
"ကေတို့ ပြန်ရင် ဒေါနလေးကို ထည့်ပေးလိုက်ပါလား မချို..."

ညစာစားနေကြရင်း ရုတ်တရက် ထပြောလာသော ဒေါ်ကေသီ၏ စကားကြောင့် အားလုံး အံ့သြသွားရသလို ဇွန်းကို ကိုင်ထားသော  ရှင်းခန့်၏ လက်တို့သည်လည်း ဆက်ကနဲ တုန်ယင်သွားရသည်။

!ဒေါနကို ခေါ်သွားမယ်...ခေါ်သွားမယ် ဆိုတာ ဘာသဘောလဲ  ဘယ်ကို ခေါ်သွားရမှာလဲ..!

"ဟို မကေသီ ပြောတာက.."

ဒေါ်ချိုမာဇင် အံ့သြသလို မေးမိတော့ အန်တီကေသီက သူ့သား၏ ခေါင်းအား ချစ်စနိုးပွတ်သပ်ပြပြီးမှ...

"သားက တစ်ဦးတည်းသောသား ဆိုတော့ အပေါင်းအသင်းအရမ်းမက်တာ ဟိုမှာက ဗမာတွေရှိတယ်ဆိုပေမဲ့လည်း ကျောင်းမှာကျ လူမျိုးခြားတွေများတယ်လေ အဲ့ဒီတော့ သားက အပေါင်းအသင်း သိပ်မဆန့်ဘူးပေါ့ အခု ဒီကိုရောက်လာတော့ ဒေါနနဲ့ အရမ်းရင်းနှီးသွားပြီး အဖော်ရသွားတာကို ကေကအရမ်းဝမ်းသာနေတာ ဒေါနလည်း နောက်နှစ်ဆို အထက်တန်း တက်ရပြီမဟုတ်လား အဲ့ဒါမလို့ အခုကတည်းက စလုံးမှာပဲ ပြောင်းထားလိုက်ပါလား ကလေးတွေလည်း အဖော်ရတာပေါ့ မဟုတ်လည်း ၁၀တန်းပြီးရင် ကျောင်းလျှောက်ရမှာပဲလေ.."

ဒေါ်ကေသီပြောတော့ ဒေါ်ချိုမာဇင် ခေါင်းတဆတ်ဆတ်ညိမ့်ပြီးမှ

"မကေပြောတာလည်း ဟုတ်ပါတယ် ဒါပေမဲ့ ဒေါနက ငယ်သေးတော့ စိတ်မချနိုင်သေးဘူး ချိုတို့က ၁၀တန်းပြီးမှပဲ ညီအစ်ကိုနှစ်ယောက်စလုံးကို အတူတူလွှတ်ဖို့ စီစဉ်ထားကြတာ..."

ဒေါ်ချိုမာဇင်ပြောတော့ အန်တီကေသီက ရှင်းခန့်အား ဝေ့ကြည့်ပြီးမှ

"တကယ်တော့ ၁၃နှစ် ၁၄နှစ်ဆိုတာ ကိုယ်တွေမြန်မာပြည်မှာမလို့ ကလေးသာသာ ထင်နေရတာ မငယ်လှတော့ပါဘူး သားရှင်းကိုပါ  လွှတ်ဖို့ အစီအစဉ်ရှိတယ်ဆို နှစ်ယောက်စလုံး အတူတူထည့်ပေးလိုက်လို့ရတာပဲ"

ဒေါ်ကေသီပြောတော့ ဦးမင်းမောင်က ခေါင်းညိတ်ပြပြီးမှ...

"သားတွေကို နိုင်ငံခြားမှာ ကျောင်းထားဖို့ ချိုကသာစီစဉ်နေတာ ကျွန်တော့်သဘောကတော့ ကလေးတွေလိုပဲ မြင်နေသေးလို့ စိတ်မချနိုင်ဖြစ်ပြီး သေချာမဆုံးဖြတ်ရသေးပါဘူး။နိုင်ငံရပ်ခြားမှာ ဒေါနက နေတက်ထိုင်တက်ရင်တောင်မှ ရှင်းခန့်ပုံစံကတော့ မကေတွေ့တဲ့အတိုင်းပဲဗျာ ကျွန်တော်ကတော့ သူ့ကို စိတ်မချသေးပါဘူး ပြီးတော့သူက ကျန်းမာရေးလည်း နည်းနည်းချူချာတက်တော့ ကျွန်တော့်မျက်စိရှေ့မှာပဲ စိတ်ချနိုင်သေးတယ်"

"ကိုမင်းမောင်ပြောတာလည်း ဟုတ်ပါတယ် အဲ့ဒါဆို ဒေါနကို ကေတို့နဲ့ အရင်ထည့်လိုက်ပြီးမှ သားရှင်းကို အထက်တန်းပြီးမှ လွှတ်လိုက်လဲ ရတာပဲ..."

!မျက်လုံးထဲမှာတော့ ဒေါနကိုပဲ ခေါ်သွားချင်တယ် ဒေါနကိုပဲ ခေါ်သွားချင်တယ် ဆိုပြီး တလက်လက် ဖြစ်နေတဲ့ သားအမိနှစ်ယောက်ကို ရှင်းခန့် ကြည့်လို့မရတော့ပေ။ဒေါနဆိုတာ သူတို့ ခေါ်ချင်တိုင်းခေါ်လို့ရမဲ့သူမလို့လား!

ရှင်းခန့် ဒေါသစိတ်များဖြင့် တွေးရင်း အသားပြားကို အားသုံး၍ ဖိလှီးနေမိသည်။

ထိုအချိန်မှာပဲ ဖေဖေက ဒေါန၏ဖက်သို့ လှည့်ပြီးမှ...

"သား ဒေါနကရော အန်တီကေတို့နဲ့လိုက်သွားပြီး ဟိုမှာကျောင်းတက်ချင်လား.."

ရုတ်တရက်ကြီး ဒေါန၏ ဆန္ဒကို အတည်ပြုချင်သလို ပြောလာသော ဖခင်ဖြစ်သူကြောင့် ရှင်းခန့်၏ရင်ထဲ ထိတ်ကနဲ လန့်သွားရတော့သည်။

!မတက်ချင်ဘူးလို့ ပြောလိုက် မလိုက်ချင်ဘူးလို့ မသွားချင်ဘူးလို့ ပြောလိုက်လေ ငြင်းလိုက်လေ...!

ဒေါနဆီမှ အဖြေစကားကို စောင့်ဆိုင်းနေရင်း စိတ်ထဲမှာတော့ မလိုက်ရဘူး မသွားရဘူးဆိုသော စကားများဖြင့် အော်ဟစ်တားမြစ်နေမိသည်။သူကြောက်တယ်..ဒေါန သူ့အရိပ်ထဲကနေ အဝေးထွက်သွားမှာကို ကြောက်တယ်။ဒေါနကို သူက မျက်စိရှေ့မှာပဲထားရင်းနဲ့ သူပဲ တစိမ့်စိမ့်ကြည့် မုန်းနေချင်တာ။သူ့အရိပ်အောက်မှာပဲ မှေးမ်ှိန်ဖျော့တောကို လိုချင်တာ။ဒေါနအတွက် ဒီအရိပ်ကထွက်ပြီး တခြားမှာ လင်းလက်တောက်ပလာဖို့ဆိုတာ ရှိမလာစေရဘူး။

"ဟုတ် သား လိုက်သွားချင်တယ်...."

ခပ်တိုးတိုး ပြန်ဖြေလိုက်တဲ့ ဒေါန၏ အဖြေစကားဟာ သူ့၏နားထဲမှာတော့ မိုင်းဗုံးတစ်လုံး ပေါက်ကွဲသွားသည့်အလား ကျယ်လောင်စွာ မြည်ဟည်းလေသည်။ဒေါနကိုယ်တိုင်က ထိုမိသားစုနဲ့ လိုက်သွားချင်တယ်။အခုတော့ ဒီအရိပ်ကို ခြေစုံကန်ချင်နေပြီပေါ့။

အလိုဆန္ဒပြည့်ဝသွား၍ အန်တီကေသီနှင့် သူ့သားတို့က ပျှော်ရွှင်မြူးထူးသွားသလို  မေချိုကလည်း သဘောကျစွာ ပြုံးရယ်လို့နေသည်။ပတ်ဝန်းကျင်၌ ရယ်မောသံ စကားပြောသံတို့ဟာ ဆူညံလို့နေပေမဲ့ သူကတော့ သီးခြားကမ္ဘာကိုရောက်သွားသလိုမျိုး စိတ်ထဲလစ်ဟာလို့နေသည်။

                ***

"သားက စကားနားမထောင်တာ ဘာညာရှိရင် အားမနာတမ်း ဆုံးမနော် မကေ ချိုသေချာ အပ်ပါတယ်..."

"စိတ်မပူပါနဲ့ မချိုရယ် ဒေါနက လိမ္မာပါတယ် ကေလည်း သားနဲ့ထပ်တူ ကိုယ့်သားအရင်းလေးလိုပဲ စောင့်ရှောက်မှာပါ"

"ကျေးဇူးပါ မကေရယ် ကျွန်မသဘောချည်းပဲသာဆို စိတ်မချနိုင်ပါဘူး ကိုမင်းမောင်ကလည်း လက်ခံတာရယ် ပြီးတော့ သားကလည်း စိတ်အား ထက်သန်နေတာရယ်ကြောင့်သာ လွှတ်လိုက်ရတာ.."

"စိတ်ချပါ မချိုရယ် စလုံးနဲ့ဒီလည်း ဘာဝေးလို့လဲ မချို မကြာမကြာ လာလည်လို့ရတာပဲကို..."

မေချိုနှင့် အန်တီကေတို့၏ ပြောဆိုနေကြတဲ့ စကားသံတွေက ရှင်းခန့်၏ နားထဲသို့ ခါးသက်စွာ တိုးဝင်လို့လာသည်။ဒေါန စင်္ကာပူလိူက်သွားဖို့ကိစ္စ အတည်ပြုပြီးကတည်းက ဗီဇာကိစ္စဘာညာ ပြင်ဆင်ရင်း နေ့ရက်တွေ ကုန်ဆုံးလာလိုက်တာ မနက်ဖြန်ဆိုရင် စင်္ကာပူသို့ သွားရတော့မည် ဖြစ်သည်။ထို့ကြောင့် ဒီညမှာတော့ နှုတ်ဆက်ပွဲသဘောမျိုးအဖြစ် ညစာကို မိသားစုတွေ ခြံထဲမှာ တည်ခင်းရင်းစားသောက် ဖြစ်ကြသည်။မေချိုနှင့်အန်တီကေသီက အဖွဲ့ကျနေသလို ဖေဖေနှင့်အန်ကယ်ကလည်းတစ်ဖွဲ့ ဒေါနနှင့်ဟိုကောင်ကလည်း တီးတိုးပူးကပ်နေကြသည်။သူတစ်ယောက်ထဲသာ စားစရာတွေ ပြင်ဆင်နေတဲ့ဘေးမှာ ယောင်လည်လည်ဖြင့် သီးသန့်ကြီး ဖြစ်လို့နေလေသည်။

ပြုံးရွှင်ရယ်မောနေတဲ့ ဒေါန၏ အပြုံးများက ဒီညမှပဲ ပို၍လွတ်လပ် တောက်ပနေသယောင်ရှိသည်။

!မနက်ဖြန်ဆို ဒေါနက ဒီအရိပ်ကနေ ထွက်သွားပြီး သူမမြင်နိုင်တဲ့နေရာမှာ လွတ်လွတ်လပ်လပ် လင်းလက်တောက်ပနေတော့မှာ!

!ဒေါနကို သူထပ်မြင်ရတော့မှာ မဟုတ်ဘူး..!

!ဒေါနဟာ သူ့အရိပ်ကနေ တကယ်ပဲ ကင်းလွှတ်ခွင့်ရတော့မှာ..!

!သူခွင့်မပြုချင်ရင်တောင် တားဆီးဖို့နည်းလမ်း သူ့မှာမရှိပေ!

"ဟဲ့ ပုစွန်တွေ မထည့်နဲ့လေ အကိုလေးဒေါနက ပုစွန်နဲ့မတည့်ဘူး..."

ရှင်းခန့် အတွေးများဖြင့် လောင်မြှိုက်နေရတုန်း နံဘေးမှ အိမ်အကူကလေးမ၏ အသံကြောင့် ငဲ့ကြည့်မိလိုက်သည်။ဒေါနနှင့်ဧည့်သည်အကောင် အတွက် အသားညှပ်ပေါင်မုန့်ကို ပြင်ဆင်ပေးနေကြတာ ဖြစ်သည်။စားစရာပြင်ဆင် နေတာကို ဘာရယ်မဟုတ် ငေးကြည့်နေရင်းဖြင့် ရှင်းခန့်၏ခေါင်းထဲ အတွေးတချက် လက်ကနဲဖြစ်သွားရကာ နှုတ်ခမ်းတွန့် ပြုံးမိလိုက်တော့၏။

"ဖယ် ငါ လုပ်လိုက်မယ်...."

"ဟင် အကိုလေးက လုပ်တတ်လို့လား..."

ဆုံးဖြတ်ချပြီးသည်နှင့် တပြိုင်နက် စားစရာပြင်ဆင်ဖို့ လက်လွှဲယူတော့ အိမ်အကူကလေးမတွေက အံ့သြတကြီးမေးသည်။

"လုပ်တတ်တယ် သွား အိမ်ပေါ်က ရေခဲသေတ္တာထဲမှာ ဆလပ်ရွက်နည်းနည်း သွားယူပေး..."

"ဒီမှာ အရွက်တွေရှိသေးတယ်လေ...."

"လျှာရှည်လိုက်တာ လိုအပ်လို့သွားယူခိုင်းနေတာ သွားယူဆိုသွားယူလိုက်..."

မအော်ငေါက်စဖူး ရှင်းခန့် မျက်နှာထားတင်းတင်းဖြင့် အော်ငေါက်လိုက်တော့ ကလေးမလေးက လန့်သွားပြီးမှ ခပ်သွက်သွက် ထွက်သွားလေသည်။

"နင်ရော ဘာလုပ်နေတာလဲ လိုက်သွားလေ..."

"ဟုတ် ဟုတ် အကိုလေး...."

ကြောင်ကြည့်နေသော နောက်တစ်ယောက်ကိုပါ အော်ထုတ်လိုက်ပြီးတော့မှ ရှင်းခန့် ကျေနပ်စွာ ပြုံးရင်း မျက်စိရှေ့မှ ပုစွန်များအား ပန်းကန်တစ်ခုထဲသို့ ထည့်ကာ ခရင်းဖြင့်ကျေညက်နေအောင် ထိုးချေလိုက်တော့သည်။

!ငါပိုင်ဆိုင်တဲ့အရာ ငါနဲ့သက်ဆိုင်တဲ့အရာဆို သူများနဲ့ ခွဲဝေဖို့ဆိုတာ ဘယ်တော့မှ ဖြစ်လာနိုင်မှာမဟုတ်ဘူး ငါ့မှအပြည့်မရရင် သူများလည်း မရစေရဘူး!
                 ***

ဆေးရုံကုတင်ပေါ်မှာ သတိလစ်မေ့မျောနေသော ဒေါနအား မမှိတ်သုန် ကြည့်နေမိရင်း ရှင်းခန့် ဆောက်တည်ရာမရ ဖြစ်နေရသည်။သူများဆီကို မပေးလိုက်ချင်တဲ့စိတ် သူ့မျက်စိရှေ့က ပျောက်ကွယ်သွားမှာ စိုးတဲ့စိတ်များဖြင့် လတ်တလော ဆုံးဖြတ်ချက်ချကာ ပြုမူလိုက်တဲ့ အပြုအမူက အရာအားလုံးကို လက်လွှတ်လိုက်ရလုနီးပါး ဖြစ်နေပြီဖြစ်သည်။သို့ပေမဲ့ အခုလိုမျိုး ဆေးရုံကုတင်ပေါ်မှာ ဖြူဖျော့ကာ သတိလစ်မေ့မျောနေတဲ့ ဒေါန၏အဖြစ်ကိုတော့ မမြင်လိုပေ။သူလိုချင်တာ သူ့မျက်စိရှေ့မှာ သက်ရှိထင်ရှား ရှိနေတဲ့ ဒေါနကိုသာဖြစ်သည်။ဒေါနသာ ပြန်မနိုးထတော့လျှင် ဘယ်လိုများလုပ်ရပါ့မလဲ ဆိုတဲ့အတွေးက သူ့အားအခါခါ နှိပ်စက်လို့နေသည်။ဒီလောကကြီးထဲကနေ ဒေါန အပြီးတိုင်ပျောက်ကွယ်သွားရင်ဆိုတဲ့ အတွေးက သူ့အား သေမလောက် ထိတ်လန့်ခြောက်ခြားစေသည်။

သူများဆီကိုလည်း မပေးလိုက်နိုင်သလို သူကိုယ်တိုင်လည်း လက်လွှတ်ဆုံးရှုံးလို့မဖြစ်ဘူးဆိုတဲ့ ခံစားချက်ကို အခုမှ သူသိ၍လာရပြီဖြစ်သည်။ဘယ်လိုပဲဖြစ်ဖြစ် ဒေါနဟာ သူ့မျက်စိရှေ့ကရော သူ့ဘဝထဲကရော ပျောက်ကွယ်သွား၍ မဖြစ်ပေ။

!ဒီတစ်ခါတော့ ပြန်နိုးလာပေးပါ ငါတို့အတူတူ အချိန်အကြာကြီး ဖြတ်သန်းရအုံးမယ်!

!ငါ့ဘေးနား ငါ့အရိပ်အောက်မှာ မင်းစိတ်ပျော်သလို စိတ်ကြိုက်နေ
ငါ့အရိပ်အောက်ကနေ ထပ်ထွက်ပြေးဖို့တော့ မကြိုးစားပါနဲ့!

!ငါ့ဘဝထဲမှာ မင်းရှိနေတာ ငါ့မျက်စိရှေ့မှာ မင်းကိုမြင်နေရတာကို ကြိုက်တာမလို့ မင်းကို ထိခိုက်ရအောင် ငါဘယ်တော့မှ ထပ်မလုပ်တော့ဘူး ဒေါန!

!အဲ့ဒါကြောင့် ကျေးဇူးပြုပြီး ပြန်နိုးလာပေးပါ...!

ထိုအချိန်မှစ၍ သူ့ဆုတောင်းလေး ကံကောင်းထောက်မစွာ ပြည့်ဝခဲ့လေသည်။ဒေါနပြန်လည် သတိရလာသလို မူလစီစဉ်ထားတဲ့အတိုင်း စင်္ကာပူသို့လည်း ကျောင်းသွားမတက်ဖြစ်တော့ပေ။

!ရလဒ်ကတော့ သူ့နဖူးလေးပေါက်သွားတာပေါ့!

!ဒါပေမဲ့ သူပျော်ပါတယ် ဒေါနဟာ သူ့မျက်စိရှေ့မှာရှိနေတာမလို့!

                ***

"သားလှမ်းပြောတုန်းကသာ အန်တီမလိုက်သွားရင် အခုလောက်ဆို ဒင်းတို့ ဘယ်လောက်အထိ ဖြစ်ပျက်နေကြမလဲပဲ။မူမမှန်တာသိနေပေမဲ့ ဒီလောက်အထိကို မထင်ခဲ့ဘူး။သားကိုကိုက ဒီလိုဘာဘာညာညာတွေ ရှိဖူးတာမှမဟုတ်ပဲ ဟိုအကောင်က ဘယ်လိုပညာတွေနဲ့ ပြုစားလိုက်သလဲမသိဘူး သားရယ်.."

"..."

"အရင်ကဆိုလေ အမေ့စကားတစ်ခွန်းပဲဆိုတဲ့ သားလေးက အခုတော့ ဘယ်လိုမှပြောဆိုမရတော့ဘူး ဆေးမိနေတဲ့အတိုင်းပဲဖြစ်နေတာ သားရယ် ဘာပြောပြော အန်တီ့စကားမအောင်တော့ပါဘူး..."

"ဘာပဲဖြစ်ဖြစ် အန်တီ ဟိုတယ်လိုက်သွားလိုက်တာ ကောင်းပါတယ် အချိန်မလွန်ခင်မှာ ဟန့်တားသလိုတော့ ဖြစ်သွားတာပဲလေ.."

"အဲ့ဒီတုန်းကလည်း သားရှင်း သတင်းပေးလို့သာပေါ့ အန်တီ့ အတိုင်းသာဆို ဘာမှတောင် သိလိုက်ရမှာမဟုတ်ဘူး..."

ခပ်ဟဟပွင့်နေသော မာမီ့၏ အခန်းတံခါးကြားမှ ထွက်လာသော စကားသံတို့က အခန်းအပြင်မှာ ရပ်နေမိသော စစ်နိုင်းအတွက်တော့ အတိုင်းသားကြားနေရသည်။မာမီ့ကို နေ့လယ် ဆေးထိုးပေးဖို့အတွက် အိမ်ပြန်လာခဲ့ရင်း အခန်းအရှေ့အရောက်မှာ ကြားလိုက်ရသော စကားများကြောင့် စစ်နိုင်း အံ့သြမှင်သက်မိလွန်း၍ ဒေါသဖြစ်ဖို့တောင် မေ့နေခဲ့သည့်အထိ။သူနှင့်ဒေါနရှိနေတဲ့ ဟိုတယ်သို့ မာမီလိုက်လာပြီး သောင်းကျန်စေခဲ့တဲ့ တရားခံက ရှင်းခန့်တဲ့လား။ရှင်းခန့်က သတင်းပေးတိုင်တန်းလို့ လိုက်လာတာတဲ့လား။

ရှင်းခန့် ဘာကြောင့် ဒီလိုလုပ်ရလဲ သူဘယ်လိုမှ နားမလည်နိုင်။အခုမှ သေချာစဉ်းစားမိတော့ ဟိုတယ်မှာတုန်းက ဖုန်းဆက်မေးတဲ့ အဖြစ်အပျက်ကစလို့ လက်ပတ်ကိစ္စအလယ် နောက်ဆုံး ဒေါန၏အခန်းထဲမှာ နှစ်ယောက်သား ရုန်းရင်းဆန်ခတ် ဖြစ်နေကြတဲ့အထိ ကိစ္စအားလုံးက တကယ်ကိုရိုးရှင်း မနေချေ။ဒေါနနှင့် ရှင်းခန့်၏ကြားထဲ ဘာကိစ္စတွေရှိသလဲ သူစဉ်းစားပေမဲ့လည်း တိကျစွာ အဖြေထွက်မလာခဲ့ပေ။

အခန်းရှေ့မှ ပြန်လှည့်ထွက်ခဲ့မိရင်း ခြံထဲရောက်သည့်အထိ စစ်နိုင်း၏ ခေါင်းထဲ အတွေးများဖြင့် ရှုပ်ယှက်ခတ်နေသည်။သူ့အတွက် ရိုးသားဖြူစင်တယ်လို့ သတ်မှတ်ထားတဲ့ ညီလေးက ဘာလိုအခုလိုမျိုး နောက်ကွယ်ကနေ မထင်ထားတဲ့ကိစ္စတွေကို လုပ်နိုင်ရတာလဲ။

"ကိုကို ပြန်ရောက်လာပြီလား..."

နောက်ပါးဆီမှ ထွက်ပေါ်လာသော အသံကြောင့် စစ်နိုင်း လှည့်ကြည့်လိုက်တော့ ထုံးစံအတိုင်း ကြည်ကြည်စင်စင် အပြုံးများဖြင့် ရှိနေသော ရှင်းခန့်အား တွေ့လိုက်ရသည်။ဒီလို ဖြူစင်အပြစ်ကင်းတဲ့ မျက်နှာလေးရဲ့အောက်မှာ ဘာလို့များ သူနားမလည်နိုင်တဲ့ နောက်ထပ် မျက်နှာတစ်ခု ရှိနေရတာလဲ။

စစ်နိုင်း မချိတင်ကဲ တွေးနေမိပြီးမှ....

"ဘာလို့လဲ ဘာကြောင့် ဒီလိုလုပ်ရတာလဲ...."

ဒေါသတွေကို ဖိနှိပ်ထားရတဲ့ကြားက မချိတင်ကဲယူကြုံးမရ လေသံဖြင့် ပြောလာသော စစ်နိုင်း၏ ပုံစံကြောင့် ရှင်းခန့် ရုတ်တရက် ကြောင်အသွားရတော့သည်။

"ဘာကိုပြောတာလဲ ကိုကို...."

နားမလည်သလို ပြန်မေးလာသော ရှင်းခန့်ကြောင့် စစ်နိုင်း၏ မေးကြောကြီးများ တင်းကနဲဖြစ်သွားရပြီးမှ....

"ကိုယ်အားလုံး ကြားလိုက်တယ် ကိုယ်နဲ့ဒေါနရှိနေတဲ့နေရာကို မာမီလိုက်လာအောင် သတင်းပေးလိုက်တဲ့ တရားခံက ညီပဲဆိုတာကို ကိုယ့်ကို ပြောပါအုံး ဘာလို့ အဲ့လိုလုပ်ရတာလဲ ကိုယ်နဲ့ဒေါနကြားက ဆက်ဆံရေးကို ရိပ်မိထားတယ်ဆိုရင်တောင် ကိုယ့်ကိုအရင်ပြောသင့်တာ မဟုတ်ဘူးလား"

စစ်နိုင်း၏ အမေးကြောင့် ရှင်းခန့် မျက်နှာကွက်ကနဲ ပျက်သွားသော်လည်း ချက်ချင်း မျက်နှာအမူအယာအား ပြန်လည်ပြင်ဆင်ကာ စိုးထိတ်သော မျက်နှာဖြင့်

"မဖြစ်သင့်တာတွေ မဖြစ်ရအောင်လို့ပါ ကိုကို..."

"ဘာရယ်..."

"ဟုတ်တယ် ကိုကို မဖြစ်သင့်တာတွေ မဖြစ်ရအောင် အန်တီ့ကို တိုက်ရိုက် ပြောပြလိုက်တာပါ."

ဘယ်လိုပဲ မျက်နှာက စိုးထိတ်ကြောက်ရွံံနေဟန် ပြထားပါစေ ထွက်လာသော လေသံများကတော့ ထီမထင်ဟန်များဖြင့် ပြည့်လို့နေသည်။စစ်နိုင်း ဒေါသတို့ထောင်းကနဲ ဖြစ်သွားရပြီး

"ကိုယ်နဲ့ဒေါနရဲ့ကြားက ဖြစ်သင့်တယ်မဖြစ်သင့်ဘူးဆိုတဲ့ ကိစ္စတွေကို မင်းက ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့များ ထင်နေတာလား ရှင်းခန့်"

ညီဟုခေါ်နေရာကနေ မင်းတွေငါတွေ ဖြစ်သွားလျှက် နာမည်ကိုပါ ခပ်တင်းတင်း ခေါ်လေတာကြောင့် စစ်နိုင်း ဒေါသတို့ကြီးနေပြီဆိုတာ သိသာလှသည်။ရှင်းခန့် နှုတ်ခမ်းအား မသိမသာ မဲ့မိပြီးမှ..

"ဆုံးဖြတ်ခွင့်မရှိလို့ ရှိတဲ့သူကို တင်ပြလိုက်တာလေ ကိုကို...."

"မင်း...!"

စစ်နိုင်း စိတ်တိုဒေါသဖြစ်လွန်း၍ တစ်ခုခု လုပ်ပစ်လိုက်ချင်ပေမဲ့လည်း ဟုန်းကနဲတောက်လာသော ဒေါသစိတ်တို့အား ထိန်းချုပ်ကာ  ဂရုမစိုက်လိုသော လေသံခပ်အေးအေးဖြင့်...

"မာမီကရော ဆုံးဖြတ်ခွင့်ရှိမယ် ထင်နေလို့လား မိဘဆုံးဖြတ်သမျှ အလုံးစုံကို ခေါင်းညိတ်နာခံနေရအောင် ကိုယ်က ၁၆နှစ်သားမဟုတ်တော့ဘူး တချို့အရာတွေမှာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ရှင်သန်ခွင့်ရှိနေပြီ အဲ့ဒါမလို့ ကိုယ်နဲ့တစ်ဘဝလုံး အတူရှိနေမဲ့သူကိုလည်း ကိုယ့်စိတ်ကြိုက် ကိုယ်ရွေးချယ်ခွင့် ကိုယ့်မှာအပြည့်ရှိတယ်.."

""ရွေးချယ်ဖို့မသင့်လို့ အမုန်းခံပြီး ပြောနေရတာကိုကို ကိုကို့ဖက်ကသာ တစ်ဘဝလုံး အတူရှိချင်တာတွေနဲ့ အနာဂတ်အိမ်မက်အတွက် သေချာနေတာ ဒေါနက ကိုကို့ကို အတည်တကျ ရွေးချယ်မယ်များ ကိုကိုထင်နေလား ဒေါနလို လူမျိုးက သူစိမ်းတစ်ယောက်နဲ့ အတည်တကျပေါင်းဖက်ချင်တဲ့ စိတ်ကူးမျိုးမရှိဘူး သူ့အတွက်သစ်ဆန်းနေတုန်း ခဏပဲ ရိုးသွားရင် လှည့်တောင်မကြည့်တတ်တဲ့ သူမျိုး..."

ဒေါနအား မကောင်းပြောချင်နေသော ရှင်းခန့်၏ စကားများကြောင့် စစ်နိုင်းဒေါသတို့အား မထိန်းချုပ်ထားနိုင်တော့ပေ။

"ဒေါနအကြောင်းကို မင်းပြောချင်တိုင်း ပြောလို့မရဘူး ရှင်းခန့် ပြောပိုင်ခွင့်လည်း မင်းမှာမရှိဘူး မင်းက ဘာကိုအဲ့ဒီလောက် သေချာပြီး ဒေါနအကြောင်းကို အရမ်းသိသလိုမျိုး ပြောနေရတာလဲ..."

"အဟက် ကိုကိုသိတာထက် ကျွန်တော်က ပိုသိနေတယ် ဆိုရင်ရော.."

"ဘာ...."

စစ်နိုင်း၏ ပျက်ယွင်းသွားသော မျက်နှာအား ရှင်းခန့်က အရသာခံ၍ကြည့်သည်။

"ဘာကို ပိုသိတာလဲ ရှင်းခန့် စကားကို ရှင်းရှင်းပြော ပိုသိရအောင် မင်းတို့က ဘယ်တုန်းက ရင်းနှီးကျွမ်းဝင်ခဲ့ဖူးလို့လဲ..."

"ဒါကတော့ ကိုကိုမြင်ရတဲ့အပိုင်းလေ ကျွန်တော်တို့ကြားထဲက အတွင်းကိစ္စတွေကို ကိုကိုသေချာသိနိုင်လို့လား ကိုကိုတို့ ပြန်တွေ့ချိန်က ခဏလေးပဲ ရှိပါသေးတယ်။ကျွန်တော်တို့က အတူရှိခဲ့တာ ၁၅နှစ်ကျော်ပြီ။ပြီးတော့ gayနှစ်ယောက် တစ်အိမ်ထဲမှာ  နေကြတာရာနှုန်းပြည့် ရိုးသားနိုင်ကြပါ့မလား အဟက်"

ပြောရင်းဖြင့် ရှင်းခန့်က ခပ်မော့မော့ရယ်သည်။ရှင်းခန့်၏ ပုံစံနှင့် အပြောအဆိုများကြောင့် စစ်နိုင်းရင်ထဲ တွေကနဲ ဖြစ်သွားသော်လည်း ဒေါနဖက်ကတော့ ရှင်းခန့်နှင့် ကင်းရှင်းတယ်ဆိုတာကို သူခံစား၍ရနေသည်။

"မင်း ဘာကိုဆိုလိုချင်တာလဲ...."

"ကိုကိုကရော ဘယ်လိုထင်လဲ..."

"ဘယ်လိုမှ မထင်ဘူး မင်းပြောတာ တကယ်ဖြစ်ခဲ့တယ်ဆိုရင်တောင် အခုလက်ရှိမှာတော့ ဒေါနဆီမှာ ကိုယ်တစ်ယောက်ထဲပဲ ရှိတယ်။ပြီးတော့ မင်း မာမီ့ကို သွားပြောပြလိုက်တာလည်း ကောင်းသွားတယ်..."

စစ်နိုင်းက စကားအား ခဏရပ်ပြီးမှ ရှင်းခန့်အား လှောင်ချင်သလို ကြည့်၍ ဘောင်းဘီအိတ်ထဲ လက်ထည့်ပြီး ခပ်ပေါ့ပေါ့ပုံစံဖြင့်..

"ဘာဖြစ်လို့လဲဆိုတော့ ကိုယ် ဒေါနကို ဘယ်လောက်အထိ မြတ်နိုးနေမိလဲ ဘယ်လောက်အထိ တန်ဖိုးထားပြီး လက်လွှတ်အဆုံးရှုံး မခံနိုင်ဘူးလဲဆိုတာကို အဲ့ဒီအဖြစ်အပျက်ကြောင့် သိသွားရလို့ပဲ.."

"...."

စစ်နိုင်း၏ စကားတို့ကြောင့် ရှင်းခန့်၏ မျက်နှာနီရဲပျက်ယွင်းလာရတော့သည်။

"ဒေါနကိုသာ ပိုင်ဆိုင်ရဖို့ဆိုရင် ဘာပဲဖြစ်ဖြစ် စွန့်စားလိုက်ဖို့ စိတ်ကူးတွေ ဖြစ်လာတဲ့အထိ ဖြစ်စေခဲ့လို့ မင်းကို တကယ်ကျေးဇူးတင်ပါတယ်..."

"ကျေးဇူးတင် မစောပါနဲ့ ကိုကိုရယ် အခုလက်ရှိ ဒေါနမှာ ကိုကိုတစ်ယောက်ပဲ ရှိတာလို့ ဘာကိုယုံကြည်ပြီး ပြောနေတာလဲ ဒေါနလို လူမျိုးအနားမှာ ဟောတစ်ယောက် ဟောတစ်ယောက်နဲ့ ရှိနေတာ လက်တောင်မလည်ဘူး ကိုကိုကသာ အနစ်နာခံပြီး စွန့်စားနေတာ အချိန်တန်ရင် ကိုကိုကကျန်ခဲ့မှာပဲ အခုတောင် အငြင်းခံနေရတာ မဟုတ်ဘူးလား"

"အဲ့ဒါကို မင်းစိတ်ပူပေးစရာမလိုပါဘူး ဘာဖြစ်လို့လဲဆိုတော့ ဒေါနက ၁၀ကြိမ်ငြင်းရင် ကိုယ်က ၁၁ကြိမ်မြောက်ကြိုးစားမှာ အကြိမ်၁၀၀ငြင်းရင် ၁၀၁ကြိမ်မြောက် ကြိုးစားမှာ အကြိမ်၁၀၀၀ငြင်းရင် ၁၀၀၁ကြိမ်မြောက် ကြိုးစားမှာ အသက်ရှင်နေသရွေ့ ကြိုးစားဖို့အခွင့်အရေးဆိုတာ စက္ကန့်နဲ့အမျှ ရှိနေမှာပဲ အဲ့ဒါကြောင့်မလို ကိုယ်က အသက်ရှိနေသရွေ့ ကြိုးစားနေမှာ ဘာဖြစ်လို့လဲဆိုတော့ ဒေါနဟာ ကိုယ့်ဘဝအတွက် နောက်ဆုံးလိုအင်ဆန္ဒမလို့ သူကလွဲပြီး နောက်ထပ်လိုချင်တယ် လိုအပ်တယ်ဆိုတဲ့ ဆန္ဒမျိုးဟာ ထပ်ပြီးဖြစ်ပေါ်လာတော့မှာ မဟုတ်လို့ပဲ..."

စစ်နိုင်း ပြောပြီးတာနှင့် ရှင်းခန့်၏ ပခုံးအား တိုးတိုက်၍ ထွက်ခဲ့တော့သည်။

"တောက်...!"

နောက်ပါးဆီမှ ခပ်ကြိတ်ကြိတ် တောက်ခေါက်လိုက်သော ရှင်းခန့်၏ အပြုအမူကိုတော့ စစ်နိုင်း သတိမပြုမိလိုက်တော့ချေ။အနိုင်ပိုင်းပြောပြီး ထွက်လာခဲ့သော်လည်း ကားပေါ်ရောက်ချိန်မှာတော့ ထိန်းချုပ်ထားသော ဒေါသများအား ကားစီယာရင်အား ထုရိုက်ရင်း ပေါက်ကွဲ လွှတ်ချမိတော့သည်။အမှန်တကယ် စဉ်းစားကြည့်တော့လည်း ရှင်းခန့်ပြောသော စကားများဟာ မှန်သင့်သလောက် မှန်လေသည်။ဒေါနအတွက် အဖော်ဆိုတာ မရှားဘူး ဆိုတာလည်းမှန်သည်။ဒေါနသူ့ကို လက်မခံသေးဘူးဆိုတာလည်း မှန်သည်။အခုအချိန်မှာ ဒေါန၏ စိတ်ထဲမှာ သူမရှိတော့ဘူးဆိုတာလည်း မှန်သည်။ဒေါနသူ့ကို ရွေးချယ်မှာလား မရွေးချယ်ဘူးလား ဆိုတာဟာလည်း ခန့်မှန်းမရတဲ့ မုတ်သုံရာသီလိုမျိုး။သူကသာ ချစ်တဲ့စိတ်နဲ့ မာန်တင်းနေရတာ အခြေအနေက ပင်လယ်ထဲမှာ ကမ်းမမြင်လမ်းမမြင်း ကမ်းပျောက်နေခဲ့သည့်အတိုင်းဖြစ်သည်။

"ဟာကွာ...ဒုန်း!"

နှုတ်မှဖွင့်ထုတ်ရေရွတ်မိရင်း စီယာရင်ကို ထပ်ထုချပြီးမှ စီယာရင်ပေါ် ခေါင်းမှောက်၍ ဒေါသစိတ်တို့အား ငြိမ်သက်အောင် ထိန်းချုပ်နေရလေသည်။ရှင်းခန့်၏ စကားများကြောင့် ဒေါသဖြစ်မိတာက သပ်သပ် ဒေါနနှင့်သူ့၏ အခြေအနေ အမှန်ကိုသုံးသပ်မိတော့ ရင်ထဲမှာ ပူလောင်သောကများပြီး ဝမ်းနည်းလာရတာက သပ်သပ်ပဲဖြစ်သည်။ရင်ထဲမှာ ဗလောင်ဆူနေသော ဒေါသတို့ အတန်ငယ်ငြိမ်သက်သွားတော့မှ ဒေါနရှိရာသို့ သွားဖို့စိတ်ကူးဖြင့် ကားမောင်းထွက်ခဲ့လိုက်တော့သည်။ဒီအချိန်ဆို ဆိုင်မှာပဲ ရှိနေလိမ့်မည်ဖြစ်သည်။
              
ကားကို ပုံမှန်ထက် အရှိန်ပိုတင်၍ မောင်းလာခဲ့မိရင်း ဒေါန၏ဆိုင်ရှေ့နားရောက်ခါနီးမှာတော့ စစ်နိုင်း၏ စိုးရိမ်ပူပန်သောကများအား လောင်စာဆီထည့်ပေးမည့် မြင်ကွင်းက အသင့်စောင့်ကြိုလို့နေသည်။စစ်နိုင်း၏ကားက ဆိုင်နားသို့ အချိန်ကိုက်ရောက်လာသလို ဒေါနသည်လည်း ဝေယံ၏ ပြိုင်ကားပေါ်သို့ အဆင်သင့်တက်လိုက်သွားပြီ ဖြစ်သည်။

!ဒေါနလိုလူမျိုးအနားမှာ ဟောတစ်ယောက် ဟောတစ်ယောက်နဲ့ ရှိနေတာ လက်တောင်မလည်ဘူး...!

မြင်ကွင်းကို ကြည့်နေမိရင်း စစ်နိုင်း၏ နားထဲ လောလောလတ်လတ် ရှင်းခန့်ပြောလိုက်သော စကားသံတို့က ပဲ့တင်ထပ်လို့ လာလေသည်။

!ဝေယံနဲ့က ဘာတွေလဲကွာ ကိုယ်စိတ်ပူတယ် ကိုယ်မကြိုက်ဘူးဆိုတာကို သိသိရဲ့နဲ့ မင်းအနားမှာ အဲ့ဒီကောင် ဘာလို့ ဒီကာင်ကအမြဲရှိနေတာလဲ ဒေါနရာ.!

အတွေးများဖြင့်ထပ်တူ ရင်ထဲမှာ သံသယများဖြင့် ပူလောင်လာရကာ လုပ်သင့်သည် မလုပ်သင့်သည်ကို မစဉ်စားနိုင်တော့ပဲ ထွက်သွားသော ဝေယံ၏ကားနောက်သို့ လိုက်မောင်းလာခဲ့တော့သည်။
အတန်ကြာ နောက်မှလိုက်လာခဲ့မိရင်း ဝေယံကားက 3stars ဟိုတယ်တစ်ခုထဲသို့ ချိုးကွေ့ဝင်သွားတာကို တွေ့လိုက်ရတော့သည်။စစ်နိုင်း ကားအား လမ်းဘေးသို့ ကပ်ရပ်လိုက်ရင်း မျက်စိရှေ့မှ ဟိုတယ်ကြီးအား စိတ်လွတ်စွာဖြင့် ယောင်နန ကြည့်နေမိသည်။

!ကိုယ် ရင်ကွဲပြီးသေတာကို မြင်ချင်တာလား ဒေါနရယ်!

                ***

AN.GEအတွက် Vdလေးတွေ RVလေးတွေ လုပ်ပေးကြတာ ကျေးဇူးတင်ပါတယ်။ချစ်စရာလေးတွေ အရမ်းသဘောကျတာပဲ။ချစ်တယ်နော် ဗီတာမင်လေးတွေ....

Continue Reading

You'll Also Like

565K 44.8K 103
ခင်ဗျားတော့ကျုပ်လက်ကပြေးမလွတ်တော့ပါဘူး။ကျုပ်ရင်ခွင်ထဲကိုလာဖို့သာပြင်ပေတော့... မလာဘူးလား...မလာရင်ကျုပ်ကမရရအောင်ဆွဲခေါ်မှာလေခင်ဗျားရဲ့... ဇမ္ဗူထက်ရှား ...
29.5K 4.2K 58
Original Title Saving the Tragic Adonis •Associated Names 拯救美强惨反派[穿书] •Type Web Novel (CN) •Genre Comedy School Life Shounen Ai Slice of Life •Author...
327K 24.4K 89
ဆက္ကဘုံလျှန် (Sakka Bxon Hlxan) နေးလက်ျာ (Nayy Lattyar) (own creation) Starting Date ••• 24/9/2021 Ending Date •••
53.7K 5.3K 89
Eldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ...