Green Eye(complete)

By LahPhan_85

2.9M 260K 43.4K

!အမွန္ေတာ့ မင္းက က္ုိယ္အၿမဲတမ္း အမွတ္တရ သိမ္းထားခ်င္မိတဲ့ အစိမ္းေရာင္ ေပ်ာ္႐ႊင္ျခင္းေလးပါ... ... More

part 1
part 2
part 3
part 4
part 5
part 6
part 7
part 8
part 9
part 10
part 11
part 12
part 13
part 14
part 15
part 16
part 17
part 18
part 19
part 20
part 21
part 22
part 23
part 24
part 25
part 26
part 27
part 28
part 29
part 30
part 31
part 32
part 33
part 34
part 36
part 37
part 38
part 39
part 40
part 41
part 42
part 43
part 44
part45
Final
ေက်းဇူးတင္လႊာ
💚💚💚

part 35

53.2K 5.6K 556
By LahPhan_85

!ရွင္းခန္႔ ဘာျဖစ္လို႔ ဒီလိုမ်ိဳး လုပ္တာလဲ...!

!ရွင္းခန္႔က Gayလား ေဒါနကို စိတ္ဝင္စားေနတာလား...!

ေဒါနနွင့္ သူ႔ရဲ႕ၾကားမွာေတာင္ ေျဖရွင္းလို႔မရတဲ့ ျပႆနာမ်ားစြာျဖင့္ ရႈပ္ေထြးေနခဲ့တာ ရွင္းခန္႔ကပါ ဘယ္ကဘယ္လို ပါဝင္ပတ္သတ္လာရတာလဲ။ေသခ်ာျပန္ေတြးၾကည့္ေတာ့လည္း ရွင္းခန္႔ဆိုတာ သူနွင့္ေဒါနရဲ႕ၾကားမွာ ေမ့ေပ်ာက္ထားလို႔ မရတဲ့လူ႔ျဖစ္သည္။ရွင္းခန္႔နွင့္ ဆက္ႏြယ္၍ ေဒါနနွင့္ေတြ႕ဆံုခဲ့ရသလို ရွင္းခန္႔နွင့္ပတ္သတ္၍လည္း ေဒါနအေပၚ အျမင္မၾကည္မႈေတြ စတင္ခဲ့ရတာျဖစ္သည္။ငယ္စဥ္ကတဲက ရွင္းခန္႔ဆိုတာ သူ႔အတြက္ေတာ့ ညီငယ္ေလးတစ္ေယာက္လို ျဖဴစင္စြာ ခ်စ္ခင္ေစာင့္ေရွာက္ခဲ့ရတဲ့ သူမလို႔ ရွင္းခန္႔အေပၚမွ တစ္ခါေလးေတာင္မွ အျမင္မေစာင္းခဲ့ဖူးေပ။

အခု အခန္းထဲမွာ ျမင္ခဲ့ရတဲ့ ျမင္ကြင္းကိုေတာ့ မ်က္လံုးထဲကေန ဘယ္လိုမွ ေဖ်ာက္ဖ်က္ပစ္၍ မရပါပဲ ထပ္တလဲလဲ ျမင္ေယာင္ေနမိေတာ့သည္။ရွင္းခန္႔က တကယ္ပဲ gayလား။သူတို႔ အတူတူ ရင္းနွီးခဲ့တဲ့ ကာလတစ္ေလ်ွာက္လံုးမွာလည္း ရွင္းခန္႔ဆီကေန ေယာက္်ားတစ္ေယာက္ကို ႀကိဳက္နွစ္သက္တဲ့ အမူအယာမ်ိဴး တစ္စြန္းတစေတာင္ မျမင္တြ႕ခဲ့ရဖူးေပ။အခုလို ရွင္းခန္႔လုပ္လိုက္တာက ေဒါနရဲ႕ ျဖစ္တည္မႈကို တမင္တကာ နွိမ့္ခ်ေလွာင္ေျပာင္လိုစိတ္လား..ဒါမွမဟုတ္ ေဒါနအေပၚမွာ မရိုးမသားခံစားခ်က္ေတြ ရွိေနခဲ့လို႔လား။ရုတ္တရက္ ဆန္လွတဲ့ အေျခအေနမ်ားကို လိုက္မွီေစဖို႔ စစ္နိုင္း အသဲအသန္ေတြးေတာေနရသည္။

ဟိုးငယ္ငယ္ကတည္းကေန အခုအခ်ိန္အထိ ရွင္းခန္႔နွင့္ေဒါနရဲ႕ၾကားမွာ အမွန္တကယ္ ဘယ္လိုဆက္ဆံေရးမ်ိဳး ရွိသလဲဆိုတာကို သူတစ္ခါမွ စိတ္မဝင္စားခဲ့ဖူးေပ။ျပႆနာျဖစ္ၾကတိုင္းလည္း ဂ်စ္ကန္ကန္ေဒါနထက္ ပိုၿပီးအားနည္ပံုရတဲ့ ရွင္းခန္႔၏ဖက္မွာသာ ရပ္တည္ျဖစ္ခဲ့သည္။ဘယ္တုန္းကမွ သူတို႔နွစ္ေယာက္၏ ၾကားထဲမွ ျပႆနာမ်ားကို အေသးစိတ္မဆန္းစစ္ခဲ့ဖူးေပ။ဘယ္လို အေျခအေနမွာပဲျဖစ္ျဖစ္ ရွင္းခန္႔ကိုသာ အျပည့္အဝ ယံုၾကည္ေပးမိခဲ့သည္။ေဒါနဆိုတဲ့ လူသားေလး၏ ဖက္ျခမ္းကိုေတာ့ တစ္ခါမွ မၾကည့္ဖူးခဲ့။

!ေသခ်ာစဥ္းစားၾကည့္ရင္ သူဆိုတဲ့ေကာင္ဟာ ေဒါနအေပၚမွာ ငယ္ငယ္ေလးထဲက မေကာင္းခဲ့တဲ့လူပါလား!

ထိုသို႔ ေတြးမိေတာ့ စစ္နိုင္း၏ ရင္ဘတ္ထဲ တင္းက်ပ္ဆို႔နင့္လာရေတာ့သည္။

ခုနက ျမင္လိုက္ရတဲ့ ျမင္ကြင္းအရလည္း ရွင္းခန္႔ဟာ အလံုးစံု ရိုးသားျဖဴစင္သည္ဟု မခံစားရေတာ့ေပ။ရွင္းခန္႔ဟာ ေဒါနရဲ႕ အေပၚမွာ ဘယ္အခ်ိန္ထဲကစၿပီး ေျပာင္းလဲေနတာလဲ။ေဒါနအေပၚမွာ ရိုးသားမွာေရာ ရွိေသးရဲ႕လား။ဒီအတိုင္းဆိုလ်ွင္ေပၚ ေဒါနအေပၚမွာရွိတဲ့ ရွင္းခန္႔ရဲ႕စိတ္ကို သူဆန္းစစ္ၾကည့္ဖို႔ လိုေနၿပီျဖစ္သည္။ရွင္းခန္႔သာ ေဒါနအေပၚမွာ အမွန္တကယ္ မရိုးသားခဲ့ဘူးဆိုလ်ွင္ ဒီအရိပ္ႀကီးကေရာ ေဒါနအတြက္ လံုၿခံဳမႈရွိပါ့ေတာ့မလား။

စစ္နိုင္း ေတြးေနရင္းျဖင့္ စိတ္ရႈပ္ေထြးလာရကာ ရင္ပူလာရေတာ့သည္။ရွင္းခန္႔၏ အျပဳအမူမ်ားအား ဆက္စပ္ေတြးေတာေနရင္း ေဒါနက မိမိကို ဒုတိယအႀကိမ္း အခြင့္အေရး ထပ္ေပးပါ့မလား ဆိုတာကိုလည္း စိုးရိမ္စိတ္တို႔ ျမင့္တက္လာရသည္။တကယ္တမ္း ေသခ်ာစဥ္းစားၾကည့္မယ္ဆိုလ်ွင္ သူဟာ ငယ္ငယ္ထဲက ေဒါနအေပၚမွာ ေကာင္းမြန္ခဲ့တဲ့သူမဟုတ္။အခုအခ်ိန္အထိလည္း ေဒါနအေပၚ အမွားေတြ ထပ္ခါထပ္ခါ က်ဴးလြန္ကည စိတ္ပ်က္ေစခဲ့တဲ့သူျဖစ္သည္။သူဘယ္လိုပဲ ေတာင္းပန္တိုးလ်ွိဳးေနပါေစ ေဒါနက သူ႔အတြက္ ဒုတိယအႀကိမ္ အခြင့္အေရးေပးဖို႔ဆို မေသခ်ာေတာ့ေပ။သူကိုယ္တိုင္လည္း အဲ့ဒီလိုအခြင့္အေရးရဖို႔ ထိုက္တန္ရဲ႕လား မသိေပမဲ့ သူ႔ရဲ႕အစိမ္းေရာင္ေလးကိုေတာ့ သူတကယ္မစြန္႔လႊတ္နိုင္ပါ။အခ်ိန္ေနွာင္းမွ သိခဲ့ရေပမဲ့ ေဒါနဟာ သူ႔အတြက္ အလြန္အေရးပါေလသည္။ေဒါနကိုသာ ပ္ိုင္ဆုိင္ခြင့္ရမယ္ ဆိုလ်ွင္ အရာအားလံုးနဲ႔ အလဲအထပ္လုပ္ပစ္ခ်င္တဲ့အထိ သူစြန္႔စားရဲသည္။။သူပိုင္ဆိုင္သမ်ွ အရာအားလံုး ဆံုးရံႈးလိုက္ရမယ္ဆိုရင္ေတာင္ အဲ့ဒီအစိမ္းေရာင္ေလးကိုေတာ့ ျမတ္ျမတ္နိုးနိုး ဖက္တြယ္ထားအံုးမွာ ျဖစ္သည္။

အခုအခ်ိန္မွာ သူဟာ ေခ်ာက္ကမ္းပါးစြန္းမွာ ရပ္ေနရတဲ့ ခံစားခ်က္မ်ိဳးျဖစ္သည္။အခ်ိန္မေ႐ြး ေအာက္သို႔ ျပဳတ္က်သြားနိုင္သလို ေနာက္ျပန္လွည့္ၿပီ ျပန္လည္ရွင္သန္ ရပ္တည္နိုင္ဖို႔ အခြင့္အေရးဟာလည္း ေဒါန၏ ကမ္းလက္ေပၚ၌သာ မူတည္ေနတာမ်ိဳးျဖစ္သည္။ေဒါန စြန္႔ႀကဲလာမဲ့ ဒုတိယအခြင့္အေရးဟာ သူ႔အတြက္ေတာ့ ျပန္လည္ရွင္သန္နိုးထနိုင္မဲ့ မဟာကံထူးမႈတစ္ခုလိုပင္။

ခံုတန္းေလးေရွ႕ လမ္းေလ်ွာက္ေနရင္း စိတ္ကိုၿငိမ္ေအာင္ ထိန္းေနစဥ္မွာပင္ သူအစိမ္းေရာင္အရိပ္ကေလးက တေ႐ြ႕ေ႐ြ႕ျဖင့္ သူ႔ဆီ လွမ္းလာေနတာကို ျမင္လိုက္ရသည္။စစ္န္ုိင္း၏ ရင္ဘတ္ထဲ လိႈက္ကနဲ ခုန္လႈပ္သြားရကာ ဘာပဲျဖစ္ျဖစ္ ဒီလိုေလးစကားေျပာခြင့္ရျခင္း သူ႔အတြက္ ေမ်ွာ္လင့္ခ်က္ ရွိေသးတယ္ဆိုတဲ့ သေဘာမဟုတ္လား။
အေတြးတို႔ျဖင့္ စစ္နိုင္း ရင္ခုန္ျမန္လာရေတာ့သည္။

ေဒါနက သူ႔၏မူပိုင္ ေအးေဆးတည္ၿငိမ္ေသာ မ်က္နွာထားျဖင့္ ေလ်ွာက္လာခဲ့ရင္း သူနွင့္ ခပ္လွမ္းလွမ္း အကြာအေဝးတစ္ခု၌ ရပ္ကာျဖင့္....

"ေျပာ ဘာေျပာခ်င္တာလဲ..."

စိတ္ခံစားခ်က္ကို မွန္းဆဖို႔ မလြယ္ကူေလာက္ေအာင္ ေဒါန၏ ေလသံက အတက္အက်မရွိ တည္ၿငိမ္လို႔ေနေလသည္။စစ္နိုင္း ပင့္သက္အား ရိႈက္လိုက္ၿပီးမွ...

"ကိုယ္......"

ရင္ဘတ္ထဲမွာ စကားလံုးမ်ားစြာ ခုန္ေပါက္ေနေသာ္ျငားလည္း ေဒါန၏ စိမ္းသက္ေနေသာ အၾကည့္မ်ားေအာက္မွာ သိမ္ငယ္စြာ ငံု႔လိ်ွဳးသြားရျပန္ေလသည္။ေဒါနကို ခ်စ္တယ္ လိုခ်င္တယ္ လိုအပ္တယ္။အရင္လိုမ်ိဳး ျပန္ခ်စ္ခ်င္တယ္။အရင္လို အေျခအေနကို ျပန္သြားခ်င္တယ္။ဒါေပမဲ့ ဒီတစ္ခါကေတာ့ ခံစားခ်က္ေတြ တနင့္တပိုးနဲ႔ တန္ဖိုးထားတည္ေဆာက္ခ်င္တဲ့ ဆက္ဆံေရးမ်ိဳး ျဖစ္တယ္ဆိုတာကို သူဘယ္လိုမ်ား အစျပဳေျပာဆိုရမလဲ မသိေတာ့ပါ။သူ႔စကားေတြထဲ အမွားေတြထပ္ပါခဲ့ရင္ ေဒါနထပ္ၿပီး စိတ္ပ်က္သြားမွာကိုလည္း ေသေလာက္ေအာင္ ေၾကာက္ေနမိတာ ျဖစ္သည္။

စစ္နိုင္း အားတင္းသလိုမ်ိဳး လက္သီးကို ခပ္တင္းတင္းဆုပ္၍ နႈတ္ခမ္းအား ခပ္ဖိဖိကိုက္ၿပီးေတာ့မွ....

"ကိုယ္...ကိုယ္ ေတာင္းပန္ပါတယ္....."

စစ္နိုင္းဆီမွ တိုးတိုးဖြဖြ ထြက္ေပၚလာေသာ အသံေၾကာင့္ ေဒါန၏ နႈတ္ခမ္းတို႔ ခပ္တင္းတင္း ေစ့ပိတ္သြားၿပီးေတာ့မွ....

"ဘာေတြကို ေတာင္းပန္ေနလဲဆိုတာကို မသိေပမဲ့ ေတာင္းပန္ဖို႔မလိုဘူးလို႔ ေျပာခဲ့ၿပီးသားေလ။ကြၽန္ေတာ္တို႔က sex partnerအေနနဲ႔ပဲ ေနခဲ့ၾကတာေလ။ အဲ့ဒါေၾကာင့္မလို႔ ခင္ဗ်ားလုပ္ခဲ့တဲ့ အျပဴအမူေတြအတြက္ ခင္ဗ်ားကိုယ္ခင္ဗ်ား အျပစ္ရွိတယ္လို႔ ခံစားေနစရာမလိုဘူး။ ၿပီးေတာ့ ခင္ဗ်ားအေမေရွ႕မွာ ဘယ္လိုစကားမ်ိဳးကို ေျပာခဲ့သည္ျဖစ္ပါေစ အဲ့ဒါက ကြၽန္ေတာ္တို႔ ဆက္ဆံေရးကို ရပ္လိုက္ရတဲ့ အဓိကအေၾကာင္းအရင္းေတာ့ မဟုတ္ဘူး။ဒီအတိုင္း ခင္ဗ်ားနဲ႔ အိပ္ရာေပၚက ဆက္ဆံေရးမွာ မေပ်ာ္ေတာ့လို႔ အဆင္မေျပေတာ့လို႔ အမွန္အတိုင္းေျပာရရင္ ခင္ဗ်ားနဲ႔ လိင္ဆက္ဆံေဖာ္သာသာ ပတ္သတ္ေနရတယ္ဆိုတဲ့ ခံစားခ်က္ကို မုန္းလာလို႔ ကြၽန္ေတာ့္ဖာသာ ဆံုးျဖတ္ၿပီး ေနာက္ဆုတ္ခဲ့တာပဲ...."

ေဒါနက ပံုမွန္ေလသံျဖင့္ ျပတ္ျပတ္သားသား ေပါ့ေပါ့ပါးပါး ေျပာသြားေပမဲ့လို႔ စစ္နိုင္း၏ ရင္ထဲမွာေတာ့ တင္းက်ပ္ေလးလံ လာရေတာ့သည္။တစ္ၿပိဳင္နက္ထဲမွာပဲ ေဒါနက သူနွင့္sexကိစၥ တစ္ခုထဲအတြက္ပဲ မပတ္သတ္ခ်င္ေတာ့ဘူး ဆိုတဲ့စကားေၾကာင့္ ေဒါနဆီမွာ သူ႔အတြက္ sexထက္ပိုတဲ့ တျခားစိတ္ခံစားခ်က္ေတြမ်ား ရွိခဲ့ေလသလားဟု ေတြးမိသည္။ထိုသို႔ ေတြးမိလိုက္တာနွင့္ စစ္နိုင္း၏ ရင္ဘတ္ထဲ ၾကည္ႏူးမႈဓာတ္သက္ေလးတစ္ခု ေႏြးေထြးစြာ ျဖတ္သန္းစီးဆင္းေလသည္။

နွလံုးသားဟာ ေႏြးေထြးစြာ ခုန္ေပါက္လႈပ္ရွားသြားေပမဲ့လည္း လက္ရွိအေျခအေနကို ျပန္သတိျပဳမိေတာ့ ခံစားခ်က္ေတြဟာ စိတ္လြတ္လက္လြတ္ မေပ်ာ္နိုင္ေတာ့ေပ။ေဒါနဟာ သူ႔ကိုတကယ္ပဲ စြန္႔လႊတ္လိုက္ၿပီ ျဖစ္သည္။ေဒါနဆီမွာ သူ႔အတြက္ ခံစားခ်က္ေတြဟာ ျမဴမႈန္တစ္စေတာင္ မက်န္ေတာ့ဘူးဆိုတာကို သတိျပန္ျပဳမိေတာ့ စစ္နိုင္း ထပ္မံ၍ ထိတ္လန္႔ေျခာက္ျခားလာရေတာ့သည္။

"မင္းကို ခ်စ္တယ္ ေဒါနရယ္..."

စစ္နိုင္း မခ်င့္မရဲ ေရ႐ြတ္မိသည္။

ေဒါနဖက္က ဘယ္လိုသေဘာထားပဲရွိရွိ သူလည္း သူ႔ရဲ႕သေဘာထားကို ထုတ္ေဖာ္ျပသခြင့္ ရွိတယ္မဟုတ္လား။

စစ္နိုင္း၏ ေလးနက္တည္ၿငိမ္ေသာ အမူအယာနွင့္ နက္နဲေသာ မ်က္ဝန္းအၾကည့္မ်ားျဖင့္ ေျပာလာေသာစကားေၾကာင့္ ေဒါန၏ရင္ထဲ လိႈင္းကေလး ျဖစ္သြားရေတာ့သည္။နွလံုးသားအလႊာပါးေလး တစ္ထပ္ျခားၿပီး ေအးခဲပစ္ထားေသာ္လည္း ထိုစကားကို ၾကားလိုက္ရယံုျဖင့္ ျပန္လည္ ေႏြးေထြးေပ်ာ္ဝင္ခ်င္လာသည့္ စိတ္က ျငင္းမရ။

ေဒါနေတြးေနတုန္းမွာပဲ စစ္နိုင္းက ေဒါန၏ ပခံုးနွစ္ဖက္အား ခပ္ဖြဖြ ဆုပ္ကိုင္၍ မ်က္လံုးခ်င္း ဆံုေအာင္ၾကည့္ကာ

"ကိုယ္မင္းကို ခ်စ္တယ္ အဆံုးရံႈးမခံနိုင္ဘူးလို႔ သိလိုက္ရခ်ိန္မွာ ဒီစကားကို ေျပာဖို႔အတြက္ အရမ္းေနာက္က်သြားခဲ့့ၿပီဆိုတာ ကိုယ္ သိပါတယ္ ဒါေပမဲ့ ကိုယ္ေလ မင္းကို မစြန္႔လႊတ္နိုင္ဘူး ကိုယ့္ဆီမွာ မင္းမရွ္ိလို႔ မျဖစ္ဘူး ကိုယ္တကယ္ပဲ မင္းနဲ႔ အစကေနျပန္စခ်င္တယ္။ဒီတစ္ခါ ျပန္စခ်င္တယ္ဆိုတဲ့ ဆက္ဆံေရးကလည္း တကယ္ကို တန္ဖိုးထားၿပီးေတာ့ ေလးနက္တဲ့ ခံစားခ်က္ေတြနဲ႔ အျမတ္တနိုး ျပန္တည္ေဆာက္ခ်င္တာ။ကိုယ္ဆိုးခဲ့ပါတယ္။အတၲလည္းႀကီးခဲ့တယ္။မင္းအတြက္လည္း မေတြးေပးခဲ့မိဘူး။အခုကစၿပီးေတာ့ မင္းေပ်ာ္႐ႊင္ရဖို႔အတြက္ပဲ ေရွ႕တန္းတင္ပါ့မယ္။ျဖစ္နိုင္မယ္ဆိုရင္ ကိုယ့္ကို ေနာက္ထပ္တစ္ႀကိမ္ အခြင့္အေရးေလး ထပ္ေပးပါကြာ ဒါဟာေနာက္ဆံုးပါပဲ ေနာက္ဆံုးေတာင္းခံတဲ့ အခြင့္အေရးပါ မင္းကို ဒီထက္ပိုၿပီး ဂရုစိုက္ခြင့္ရဖို႔ ဒီထက္ပိုၿပီး ခ်စ္ခြင့္ရဖို႔ ဒီပိုၿပီးေပ်ာ္႐ႊင္ေအာင္ထားနိုင္ဖို႔ ကိုယ့္ကိုသက္ေသျပခြင့္ေလးေပးပါ..."

စစ္နိုင္းကသာ ခံစားခ်က္ေတြ လိႈက္လိႈက္လွဲလွဲျဖင့္ ေျပာေနတာ ေဒါနကေတာ့ ေအးစက္စက္ မ်က္နွာထားျဖင့္သာ စိုက္ျကည့္ေနတာမလို႔ စစ္နိုင္း၏ ရင္ထဲ ဝမ္းနည္းစိတ္တို႔ အလံုးအရင္းျဖင့္ လိႈက္တက္လာရေတာ့သည္။

"ဒါဟာ မင္းထင္သလို ခဏတာ မိုက္ရူးရဲဆန္ၿပီး ေျပာေနတာမ်ိဳး မဟုတ္ဘူး တစ္ဘဝလံုးစာအတြက္ ရည္႐ြယ္တယ္ဆိုတာကို ကိုယ္ဘယ္လို သက္ေသျပရမလဲ ကိုယ္...ကိုယ္ ဘယ္လိုလုပ္မွ မင္းက ကိုယ့္ကို ျပန္ယံုၾကည္လာမွာလဲ ကိုယ္ဘယ္လိုလုပ္မွ မင္းနဲ႔ျပန္ေျပလည္မွာလဲ ကိုယ္ဘာေတြစြန္႔လႊတ္ေပးရမလဲ ဘယ္လိုလုပ္မွ မင္းကို ျပန္ၿပီးေတာ့ ပိုင္ဆိုင္နိုင္မွာလဲ ေဒါနရယ္ ေျပာပါအံုးကြာ..."

စစ္နိုင္း၏ ဆို႔နင့္ေသာ ေလသံ အဆံုးမွာ ေဒါန ပင့္သက္ကိုရိႈက္ရင္း စစ္နိုင္း၏ လက္နွစ္ဖက္အား အသာအယာဖယ္ခ်သည္။ၿပီးမွ...

"မရတာကိုမွ ပိုလိုခ်င္တက္ၾကတာ လူ႔သဘာဝပါပဲ။အခု ခင္ဗ်ားကြၽန္ေတာ့္ကို ေသလုေမ်ာပါး လိုအပ္ေနတယ္ဆိုတာဟာလည္း ဒီသေဘာပဲ။မရနိုင္ဘူးထင္လို႔ ပိုလိုခ်င္ေနတာမ်ိဳးပါ။လိုအပ္ေနတဲ့ လိုအင္ဆႏၵတစ္ခုဟာ ျပည့္ဝသြားတဲ့အခါ လိုအပ္ေနတုန္းကေလာက္ တန္ဖိုးမႀကီးနိုင္ေတာ့တာလည္း အမွန္ပဲ။အဲ့ဒီအခါက်ရင္ ခင္ဗ်ားအတြက္ အေရးႀကီးဆံုးဆိုတဲ့ ေနရာမွာ ကြၽန္ေတာ္ရွိမွာ မဟုတ္ေတာ့ဘူး။ခင္ဗ်ားရဲ႕ ဂုဏ္သိကၡာရယ္ မိဘအသိုင္းအဝိုင္းရယ္ကပဲ ေရွ႕တန္းေရာက္လာအံုးမွာပဲ။ေနာက္ဆံုးေတာ့ အားလံုးနဲ႔ ယွဥ္လာရင္ ခင္ဗ်ားကြၽန္ေတာ္ကို ထားခဲ့အံုးမွာပဲ။ခင္ဗ်ား မိဘစိတ္တိုင္းက် သားလိမၼာေလးအျဖစ္ကိုပဲ ထပ္ေ႐ြးခ်ယ္သြားအံုးမွာပဲ။အဲ့ဒါေၾကာင့္ ကြၽန္ေတာ္တို႔နွစ္ေယာက္ ေရွ႕မဆက္ၾကတာ အေကာင္းဆံုးေ႐ြးခ်ယ္မႈပဲ။အခ်ိန္တန္ရင္ ခင္ဗ်ားလည္း ေနသားက်သြားမွာပါ။

ေဒါနက ပံုမွန္ေလသံေလးျဖင့္ ဘာမွမျဖစ္သလို ေအးေအးေဆးေဆး ေျပာေနေပမဲ့လို႔ မ်က္ဝန္းေတြကေတာ့ အနည္းငယ္ မႈန္မိႈင္းကာ မ်က္နွာေပၚမွာ ဝမ္းနည္နာက်င္ေသာ အရိပ္အေငြ႕တို႔ ယွက္သန္းေနတာကို စစ္နိုင္း သတိျပဳမိလိုက္သည္။ဒီစကားေတြမွတဆင့္ ေဒါန၏ ရင္ထဲကိုလည္း တစ္စြန္းတစ္စ ျမင္ေတြ႕လိုက္ရသလို ခံစားလိုက္ရသည္။

"ဘယ္အရာနဲ႔မွ ယွဥ္ေ႐ြးစရာမလိုေအာင္ မင္းကကိုယ့္အတြက္ နံပါတ္တစ္ပဲ ေဒါန။အားလံုးက လက္ခံၿပီးေျပလည္လာေအာင္ ကိုယ္ႀကိဳးစားမယ္ဆိုရင္ေရာ မင္းကိုယ္ကို ျပန္လက္ခံလာမွာလား..."

စစ္နိုင္း၏ စကားေၾကာင့္ ေဒါန၏ မ်က္ဝန္းတို႔ထဲ မယံုၾကည္နိုင္ေသာ အရိပ္တခ်ိဳ႕ ျဖတ္ေျပးသြားၿပီး နႈတ္ခမ္းတို႔အား တြန္႔ေကြးႁပံဳး၍ စစ္နိုင္းနွင့္ မ်က္လံုးခ်င္းဆံုေအာင္ ၾကည့္ကာ

"ခင္ဗ်ာအေမပဲ အရင္ဆံုး လက္ခံပါေစအံုး....."

"..."

စစ္နိုင္းက ဘာမွျပန္မေျပာနိုင္ပဲ တိတ္ဆိတ္ေနေတာ့ ေဒါနက ဟမ့္ကနဲ မဲ့ၿပီးကာမွ ေနရာမွာ ေက်ာခိုင္း လွည့္ထြက္ေလေတာ့သည္။

"ကိုယ္ႀကိဳးစားမယ္ မာမီတင္မဟုတ္ဘူး အားလံုးလက္ခံလာေအာင္ ႀကိဳးစားမယ္ အကယ္၍ လက္မခံဘူး ေ႐ြးခ်ယ္ရမယ္ဆိုရင္လည္း ကိုယ္မင္းကိုပဲ ေ႐ြးခ်ယ္မယ္ဆိုတာေတာ့ သိထားပါ ေဒါန...."

ေနာက္ပါးဆီမွ လြင့္ပါလာေသာ စစ္နိုင္း၏ စကားသံတို႔ကို ဥေပကၡာျပဳရင္း ေျခလွမ္းတို႔အား တက္နိုင္သမ်ွ ခပ္သြက္သြက္ လွမ္းခဲ့လိုက္ေတာ့သည္။ဘာမွေရေရရာရာ မရွိတဲ့ ေလထဲကကတိစကားေတြဆီမွာ အလြယ္တကူေပ်ာ္ဝင္ဖို႔ နွလံုးသားကို ခြင့္မျပဳသင့္ေတာ့ဘူး မဟုတ္လား။

***

"ဒီေန႔ ေဆးရံုသြားမလို႔လား...."

မိခင္ျဖစ္သူ၏ အေမးေၾကာင့္ စစ္နိုင္း ေကာ္ဖီကို ေမာ့ခ်ၿပီးမွ ေခါင္းညိတ္ျပလိုက္သည္။ေဒၚနီလာတင့္က မုတ္ဆိတ္ေတြ ဗရပြျဖင့္ အနည္းငယ္ ဖရိုဖရဲျဖစ္ေနေသာ သားျဖစ္သူ၏ ပံုစံအား မနွစ္ၿမိဳ႕သလို ခပ္စူးစူးၾကည့္ၿပီးမွ...

"ဒီ တနဂၤေႏြကို ျမသားတို႔ မိသားစုေတြနဲ႔ ထမင္းစားဖို႔ ခ်ိန္းထားတာေနာ္ မင္းရဲ႕ အဲ့ဒီဖရိုဖရဲ ပံုစံေတြကို ျပင္ဆင္ထားအံုး စစ္နိုင္း"

မိခင္ျဖစ္သူ၏ စကားေၾကာင့္ စစ္နိုင္း၏ စိတ္တို႔ ေနာက္က်ိရႈပ္ေထြး လာရေတာ့သည္။သူ အျပတ္အသတ္ ျငင္းဆန္ခဲ့ၿပီးသား ကိစၥတစ္ခုကို မာမီက လုပ္ကိုလုပ္မွာပဲလို႔ ေၾကျငာေနတာလား။သူ႔ရဲ႕ သေဘာထား စိတ္ခံစားခ်က္က အေရးမပါဘူးလို႔ သတ္မွတ္ထားတာလား။

"သူတို႔နဲ႔ ဘာကိစၥ ထပ္ေတြ႕စရာလို႔ေသးလို႔လဲ မာမီ..."

စစ္နိုင္း ခပ္တည္တည္ေမးေတာ့ မိခင္ျဖစ္သူက မ်က္ေစာင္းခဲသည္။ဒယ္ဒီကေတာ့ အိမ္တြင္စစ္ပြဲအရိပ္အေငြ႕ကို ရိပ္ဖမ္းမိသည့္အလား မနက္စာ စားေသာက္ျခင္းအား လက္စသတ္၍ အလုပ္သြားဖို႔ရာ အေၾကာင္းျပခ်က္ျဖင့္ ေရွာင္ထြက္သြားၿပီ ျဖစ္ေလသည္။

"ဘာက္္ိစၥနဲ႔ ထပ္ေတြ႕ရမွာလဲ ျမသားက မာမီ့စိတ္တိုင္းက် ေ႐ြးခ်ယ္ထားတဲ့ ေခြၽးမလို႔ မာမီေျပာထားၿပီးသားေနာ္ ဟန္စစ္နိုင္း..."

"မာမီ စိတ္တိုင္းက်ေပမဲ့ ကြၽန္ေတာ္မွ စိတ္တိုင္းမက်တာ..."

စစ္နိုင္းက ကိတ္တစ္ဖဲ့အား ပါးစပ္ထဲထည့္ၿပီးမွ ေအးေအးေဆးေဆး ပံုမွန္ေလသံျဖင့္ ေျပာေလသည္။သားျဖစ္သူ၏ အေလးအနက္မထားေသာ အမူအယာေၾကာင့္ ေဒၚနီလာတင့္ စိတ္တို႔ ေထာင္းကနဲ ျဖစ္သြားရကာ...

"ဟန္စစ္နိုင္း...."

ေဒါသျဖစ္လာလ်ႈင္ လုပ္ေနၾကအတိုင္း စားပြဲကို လက္သီးဆုပ္ျဖင့္ထု၍ နာမည္အျပည့္စံုကို ခပ္ေဆာင့္ေဆာင့္ ေခၚသည္။စစ္နိုင္း လက္ထဲမွ ဇြန္းအား ပန္းကန္ထဲသုိ႔ ျပန္ခ်လိုက္ၿပီး မိခင္ျဖစ္သူအား မ်က္လံုးခ်င္း ဆံုေအာင္ၾကည့္၍...

"ကြၽန္ေတာ္ ေသခ်ာေျပာထားခဲ့ၿပီးသားပါ မာမီ ကြၽန္ေတာ္ မိန္းမမယူန္ိုင္ဘူးလို႔ ကြၽန္ေတာ္က ေယာက္်ားေလးေတြကိုပဲ ပိုစိတ္ဝင္စားတာ ေယာက္်ားေလးေတြနဲ႔ပဲ ပိုအဆင္ေျပတာမလို႔ ကြၽန္ေတာ့္ကို အတင္းအၾကပ္ ဖိအားမေပးပါနဲ႔..."

သားျဖစ္သူ၏ စကားေၾကာင့္ သူမရင္ထဲ ေဒါသေတြ တလိပ္လိပ္ျဖစ္လာရကာ အသက္ရႈသံမ်ားပါ ျပင္းထန္လာရေတာ့သည္။

"မာမီက ဖိအားေပးေနတာလား သားသမီးကို ေကာင္းရာေကာင္းေၾကာင္း လမ္းျပေနတာလားဆိုတာ မင္းဦးေနွာက္နဲ႔ ေတြးတက္ဖို႔ေကာင္းတယ္ မင္းအတြက္ ျဖစ္သင့္ျဖစ္ထိုက္တာ ျဖစ္သြားဖို႔ ငါတသက္လံုး မခ်ခဲ့ဖူးတဲ့ မာနေတြလည္း သူမ်ားေရွ႕မွာ အရည္ေဖ်ာ္ခ်ေနရတာ မင္းသိရဲ႕လား..."

ခပ္ေဆာင့္ေဆာင့္ ေအာ္ေျပာေနေသာ မိခင္ျဖစ္သူအား စစ္နိုင္း စိတ္ပ်က္စြာ ၾကည့္ရင္းျဖင့္....

"ဘယ္ဟာကေရာ မျဖစ္သင့္မျဖစ္ထိုက္ေနလို႔လဲ မာမီ ကြၽန္ေတာ္လိင္တူစိတ္ဝင္စားတာက မျဖစ္သင့္တဲ့ အျပစ္လား လိင္တူခ်စ္သူေတြအတြက္ ဘယ္ဘုရားကမ်ား ငရဲဘံုကိုသီးသန္႔ ဖန္တီးေပးခဲ့လို႔လဲ ကြၽန္ေတာ္ မာမီ့ကို ေျပာခဲ့ၿပီးသားပဲ ကြၽန္ေတာ့္ရဲ႕ ျဖစ္တည္မႈကို ဘယ္အရာကမွ မေျပာင္းလဲနိုင္ဘူးလို႔ ဘာလို႔မ်ား မာမီတယူသန္ဆန္ေနရတာလဲ..."

သားျဖစ္သူ၏ စကားေၾကာင့္ ေဒၚနီလာတင့္၏ မ်က္ဝန္းတို႔ စူးရဲသြားရေတာ့သည္။

"ေအး ဟုတ္တယ္ တယူသန္တယ္ အဲ့ဒီအေကာင္မို႔လို႔ကို တယူသန္တာ ေဒါနျဖစ္ေနလို႔ကို မရတာ မျဖစ္မေန မင္းက ေယာက္်ားတစ္ေယာက္ ယူမွျဖစ္မယ္ ဆိုရင္ေတာင္ အဲ့ဒီအရိုင္းအစိုင္းေတာ့ ျဖစ္လို႔မရဘူး..."

"မာမီ..."

ထံုးစံအတိုင္း တဖက္သားအေပၚ လြန္က်ဴးခ်င္လာေသာ မိခင္ျဖစ္သူ၏ စကားေၾကာင့္ စစ္နိုင္း၏ ေမးေၾကာႀကီးမ်ား တင္းသြားရၿပီးမွ....

"ေဒါနကို အရိုင္းအစိုင္းလို႔ မေျပာနဲ႔ မာမီ ကြၽန္ေတာ္မႀကိဳက္ဘူး မာမီက သူမို႔လို႔ မျဖစ္ဘူးဆိုေပမဲ့ ကြၽန္ေတာ္ကေတာ့ သူမွ ျဖစ္မွာ မာမီ...."

"ဘာ...."

"ဟုတ္တယ္ မာမီ ကြၽန္ေတာ့္ဘဝမွာ တစ္ခါမွ မျဖစ္ဖူးခဲ့တဲ့ အလိုဆႏၵနဲ႔ ေဒါနအေပၚမွာ ေလာဘတက္တာ သူ႔ကိုသာ ရမယ္ဆိုရင္ ကြၽန္ေတာ့္ဆီမွာ ရွိသမ်ွအရာအားလံုးကို ပံုေအာၿပီး အလဲအထပ္လုပ္ဖို႔ ဝန္မေလးဘူး။ကြၽန္ေတာ့္ဘဝမွာ အလိုအပ္ဆံုးက ေဒါနဆိုတဲ့ သက္ရွိေလးတစ္ခုထဲပဲ။သူ႔အတြက္ဆို ကြၽန္ေတာ္ ဘာမဆိုစြန္႔စားပစ္မွာ။အဲ့ဒါေၾကာင့္မလို႔ သူ႔က္ုိေရာ သူတန္ဖိုးထားရတဲ့ သူ႔အေမကိုေရာ မာမီထပ္ၿပီးေတာ့ စကားနဲ႔ေတာင္ ေစာ္ကားဖို႔႔မႀကိဳးစားပါနဲ႔။ေဒါနကို ထပ္ၿပီးေတာ့ ထိခိုက္မယ္ဆို ကြၽန္ေတာ္ဘာလုပ္မိမလဲ မသိဘူး"

စစ္နိုင္း၏ ေအးစက္ျပတ္ေတာင္းေနေသာ ေလသံနွင့္ ျပတ္သားစြာဆိုေလေသာ စကားမ်ားေၾကာင့္ ေဒၚနီလာတင့္ မူးေမ့လဲမတက္ ျဖစ္သြားရေတာ့သည္။အံ့ၾသျခင္း၊မယံုၾကည္နိုင္ျခင္း၊ထိတ္လန္႔ျခင္း၊ယူႀကံဳးမရျဖစ္ရျခင္း စသည့္ခံစားခ်က္မ်ားျဖင့္ သူမ၏ရင္ဟာ လိႈင္းထန္ေနေတာ့သည္။တသက္လံုး သူမရဲ႕စကားကို ေျမဝယ္မက် နားေထာင္ခဲ့တဲ့ သားက အခုေတာ့ အခုေတာ့ ဘာမဟုတ္တဲ့ လူတစ္ေယာက္ေၾကာင့္ သူမကို အတိအလင္း ဆန္႔က်င္ေၾကာင္း ျပေနၿပီတဲ့လား။မိသားစု အသိုင္းအဝိုင္းကိုေတာင္ စြန္႔လႊတ္လိုက္ဖို႔ အသင့္ပဲ သြယ္ဝိုက္ေၾကျငာတက္ေနၿပီလား။

"ဟန္စစ္နိုင္း မင္းက...မင္းက..အဲ့ဒီဘာမွမဟုတ္တဲ့ေကာင္ေၾကာင့္ မာမီ့ကို အခု ဆန္႔က်င္ေနၿပီလား ဟမ္..."

မိခင္ျဖစ္သူက အသံတုန္တုန္ျဖင့္ ေျပာေလေတာ့ စစ္နိုင္း စိတ္မေကာင္းသလို တခ်က္ၾကည့္ၿပီးမွ ေနရာမွ ထရပ္ကာျဖင့္...

"မာမီအတြက္ သူက ဘာမွမဟုတ္ေပမဲ့ ကြၽန္ေတာ့္အတြက္ေတာ့ အသက္ေလာက္ ျဖစ္တည္မႈလိုမ်ိဳးမလို႔ ကြၽန္ေတာ့္ကို နားလည္ေပးပါ မာမီ။မာမီနဲ႔ေဒါနၾကားမွာ ကြၽန္ေတာ္ အတက္နိုင္ဆံုး ေျပလည္ေအာင္ ညႇိနိႈင္းေပးခ်င္တယ္။ကြၽန္ေတာ္က မာမီ့စကားကို အၿမဲနားေထာင္ခဲ့တဲ့သူပါ။ဒီတစ္ခါေလးေတာ့ သားရဲ႕ဆႏၵကို နားလည္ေပးပါ မာမီရယ္"

စစ္နိုင္း ယတ္ိျပတ္ေျပာၿပီးေတာ့ အိတ္ကိုဆြဲယူ၍ ထြက္သြားၿပီျဖစ္သည္။သားျဖစ္သူ၏ စကားသံမ်ားက သူမ၏နားထဲ ပဲ့တင္ထပ္ေနရင္းျဖင့္ ေဒၚနီလာတင့္ ထိုင္ေနရင္း ယိုင္လဲမက်သြားေစဖို႔အတြက္ စားပြဲအား ထိန္းကိုင္ထားလိုက္ရေတာ့သည္။သူမအတြက္ ေမ်ွာ္လင့္ခ်က္ႀကီးမားစြာထားရိွခဲ့တဲ့ သူမရဲ့တစ္ဦးတည္းေသာသား၏စကားေတြက သူမႏွလံုးသားကို ဓားနဲ႔ ပိုင္းျဖတ္ေနသလိုပါပဲလား......

A.N.Rvေလးေတြ ေပးရင္ စိတ္မဆိုးဘူးေနာ္🤭

#LahPhan

Unicode

!ရှင်းခန့် ဘာဖြစ်လို့ ဒီလိုမျိုး လုပ်တာလဲ...!

!ရှင်းခန့်က Gayလား ဒေါနကို စိတ်ဝင်စားနေတာလား...!

ဒေါနနှင့် သူ့ရဲ့ကြားမှာတောင် ဖြေရှင်းလို့မရတဲ့ ပြဿနာများစွာဖြင့် ရှုပ်ထွေးနေခဲ့တာ ရှင်းခန့်ကပါ ဘယ်ကဘယ်လို ပါဝင်ပတ်သတ်လာရတာလဲ။သေချာပြန်တွေးကြည့်တော့လည်း ရှင်းခန့်ဆိုတာ သူနှင့်ဒေါနရဲ့ကြားမှာ မေ့ပျောက်ထားလို့ မရတဲ့လူ့ဖြစ်သည်။ရှင်းခန့်နှင့် ဆက်နွယ်၍ ဒေါနနှင့်တွေ့ဆုံခဲ့ရသလို ရှင်းခန့်နှင့်ပတ်သတ်၍လည်း ဒေါနအပေါ် အမြင်မကြည်မှုတွေ စတင်ခဲ့ရတာဖြစ်သည်။ငယ်စဉ်ကတဲက ရှင်းခန့်ဆိုတာ သူ့အတွက်တော့ ညီငယ်လေးတစ်ယောက်လို ဖြူစင်စွာ ချစ်ခင်စောင့်ရှောက်ခဲ့ရတဲ့ သူမလို့ ရှင်းခန့်အပေါ်မှ တစ်ခါလေးတောင်မှ အမြင်မစောင်းခဲ့ဖူးပေ။

အခု အခန်းထဲမှာ မြင်ခဲ့ရတဲ့ မြင်ကွင်းကိုတော့ မျက်လုံးထဲကနေ ဘယ်လိုမှ ဖျောက်ဖျက်ပစ်၍ မရပါပဲ ထပ်တလဲလဲ မြင်ယောင်နေမိတော့သည်။ရှင်းခန့်က တကယ်ပဲ gayလား။သူတို့ အတူတူ ရင်းနှီးခဲ့တဲ့ ကာလတစ်လျှောက်လုံးမှာလည်း ရှင်းခန့်ဆီကနေ ယောက်ျားတစ်ယောက်ကို ကြိုက်နှစ်သက်တဲ့ အမူအယာမျိူး တစ်စွန်းတစတောင် မမြင်တွ့ခဲ့ရဖူးပေ။အခုလို ရှင်းခန့်လုပ်လိုက်တာက ဒေါနရဲ့ ဖြစ်တည်မှုကို တမင်တကာ နှိမ့်ချလှောင်ပြောင်လိုစိတ်လား..ဒါမှမဟုတ် ဒေါနအပေါ်မှာ မရိုးမသားခံစားချက်တွေ ရှိနေခဲ့လို့လား။ရုတ်တရက် ဆန်လှတဲ့ အခြေအနေများကို လိုက်မှီစေဖို့ စစ်နိုင်း အသဲအသန်တွေးတောနေရသည်။

ဟိုးငယ်ငယ်ကတည်းကနေ အခုအချိန်အထိ ရှင်းခန့်နှင့်ဒေါနရဲ့ကြားမှာ အမှန်တကယ် ဘယ်လိုဆက်ဆံရေးမျိုး ရှိသလဲဆိုတာကို သူတစ်ခါမှ စိတ်မဝင်စားခဲ့ဖူးပေ။ပြဿနာဖြစ်ကြတိုင်းလည်း ဂျစ်ကန်ကန်ဒေါနထက် ပိုပြီးအားနည်ပုံရတဲ့ ရှင်းခန့်၏ဖက်မှာသာ ရပ်တည်ဖြစ်ခဲ့သည်။ဘယ်တုန်းကမှ သူတို့နှစ်ယောက်၏ ကြားထဲမှ ပြဿနာများကို အသေးစိတ်မဆန်းစစ်ခဲ့ဖူးပေ။ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် ရှင်းခန့်ကိုသာ အပြည့်အဝ ယုံကြည်ပေးမိခဲ့သည်။ဒေါနဆိုတဲ့ လူသားလေး၏ ဖက်ခြမ်းကိုတော့ တစ်ခါမှ မကြည့်ဖူးခဲ့။

!သေချာစဉ်းစားကြည့်ရင် သူဆိုတဲ့ကောင်ဟာ ဒေါနအပေါ်မှာ ငယ်ငယ်လေးထဲက မကောင်းခဲ့တဲ့လူပါလား!

ထိုသို့ တွေးမိတော့ စစ်နိုင်း၏ ရင်ဘတ်ထဲ တင်းကျပ်ဆို့နင့်လာရတော့သည်။

ခုနက မြင်လိုက်ရတဲ့ မြင်ကွင်းအရလည်း ရှင်းခန့်ဟာ အလုံးစုံ ရိုးသားဖြူစင်သည်ဟု မခံစားရတော့ပေ။ရှင်းခန့်ဟာ ဒေါနရဲ့ အပေါ်မှာ ဘယ်အချိန်ထဲကစပြီး ပြောင်းလဲနေတာလဲ။ဒေါနအပေါ်မှာ ရိုးသားမှာရော ရှိသေးရဲ့လား။ဒီအတိုင်းဆိုလျှင်ပေါ် ဒေါနအပေါ်မှာရှိတဲ့ ရှင်းခန့်ရဲ့စိတ်ကို သူဆန်းစစ်ကြည့်ဖို့ လိုနေပြီဖြစ်သည်။ရှင်းခန့်သာ ဒေါနအပေါ်မှာ အမှန်တကယ် မရိုးသားခဲ့ဘူးဆိုလျှင် ဒီအရိပ်ကြီးကရော ဒေါနအတွက် လုံခြုံမှုရှိပါ့တော့မလား။

စစ်နိုင်း တွေးနေရင်းဖြင့် စိတ်ရှုပ်ထွေးလာရကာ ရင်ပူလာရတော့သည်။ရှင်းခန့်၏ အပြုအမူများအား ဆက်စပ်တွေးတောနေရင်း ဒေါနက မိမိကို ဒုတိယအကြိမ်း အခွင့်အရေး ထပ်ပေးပါ့မလား ဆိုတာကိုလည်း စိုးရိမ်စိတ်တို့ မြင့်တက်လာရသည်။တကယ်တမ်း သေချာစဉ်းစားကြည့်မယ်ဆိုလျှင် သူဟာ ငယ်ငယ်ထဲက ဒေါနအပေါ်မှာ ကောင်းမွန်ခဲ့တဲ့သူမဟုတ်။အခုအချိန်အထိလည်း ဒေါနအပေါ် အမှားတွေ ထပ်ခါထပ်ခါ ကျူးလွန်ကည စိတ်ပျက်စေခဲ့တဲ့သူဖြစ်သည်။သူဘယ်လိုပဲ တောင်းပန်တိုးလျှိုးနေပါစေ ဒေါနက သူ့အတွက် ဒုတိယအကြိမ် အခွင့်အရေးပေးဖို့ဆို မသေချာတော့ပေ။သူကိုယ်တိုင်လည်း အဲ့ဒီလိုအခွင့်အရေးရဖို့ ထိုက်တန်ရဲ့လား မသိပေမဲ့ သူ့ရဲ့အစိမ်းရောင်လေးကိုတော့ သူတကယ်မစွန့်လွှတ်နိုင်ပါ။အချိန်နှောင်းမှ သိခဲ့ရပေမဲ့ ဒေါနဟာ သူ့အတွက် အလွန်အရေးပါလေသည်။ဒေါနကိုသာ ပိုင်ဆိုင်ခွင့်ရမယ် ဆိုလျှင် အရာအားလုံးနဲ့ အလဲအထပ်လုပ်ပစ်ချင်တဲ့အထိ သူစွန့်စားရဲသည်။။သူပိုင်ဆိုင်သမျှ အရာအားလုံး ဆုံးရှုံးလိုက်ရမယ်ဆိုရင်တောင် အဲ့ဒီအစိမ်းရောင်လေးကိုတော့ မြတ်မြတ်နိုးနိုး ဖက်တွယ်ထားအုံးမှာ ဖြစ်သည်။

အခုအချိန်မှာ သူဟာ ချောက်ကမ်းပါးစွန်းမှာ ရပ်နေရတဲ့ ခံစားချက်မျိုးဖြစ်သည်။အချိန်မရွေး အောက်သို့ ပြုတ်ကျသွားနိုင်သလို နောက်ပြန်လှည့်ပြီ ပြန်လည်ရှင်သန် ရပ်တည်နိုင်ဖို့ အခွင့်အရေးဟာလည်း ဒေါန၏ ကမ်းလက်ပေါ်၌သာ မူတည်နေတာမျိုးဖြစ်သည်။ဒေါန စွန့်ကြဲလာမဲ့ ဒုတိယအခွင့်အရေးဟာ သူ့အတွက်တော့ ပြန်လည်ရှင်သန်နိုးထနိုင်မဲ့ မဟာကံထူးမှုတစ်ခုလိုပင်။

ခုံတန်းလေးရှေ့ လမ်းလျှောက်နေရင်း စိတ်ကိုငြိမ်အောင် ထိန်းနေစဉ်မှာပင် သူအစိမ်းရောင်အရိပ်ကလေးက တရွေ့ရွေ့ဖြင့် သူ့ဆီ လှမ်းလာနေတာကို မြင်လိုက်ရသည်။စစ်နိုင်း၏ ရင်ဘတ်ထဲ လှိုက်ကနဲ ခုန်လှုပ်သွားရကာ ဘာပဲဖြစ်ဖြစ် ဒီလိုလေးစကားပြောခွင့်ရခြင်း သူ့အတွက် မျှော်လင့်ချက် ရှိသေးတယ်ဆိုတဲ့ သဘောမဟုတ်လား။
အတွေးတို့ဖြင့် စစ်နိုင်း ရင်ခုန်မြန်လာရတော့သည်။

ဒေါနက သူ့၏မူပိုင် အေးဆေးတည်ငြိမ်သော မျက်နှာထားဖြင့် လျှောက်လာခဲ့ရင်း သူနှင့် ခပ်လှမ်းလှမ်း အကွာအဝေးတစ်ခု၌ ရပ်ကာဖြင့်....

"ပြော ဘာပြောချင်တာလဲ..."

စိတ်ခံစားချက်ကို မှန်းဆဖို့ မလွယ်ကူလောက်အောင် ဒေါန၏ လေသံက အတက်အကျမရှိ တည်ငြိမ်လို့နေလေသည်။စစ်နိုင်း ပင့်သက်အား ရှိုက်လိုက်ပြီးမှ...

"ကိုယ်......"

ရင်ဘတ်ထဲမှာ စကားလုံးများစွာ ခုန်ပေါက်နေသော်ငြားလည်း ဒေါန၏ စိမ်းသက်နေသော အကြည့်များအောက်မှာ သိမ်ငယ်စွာ ငုံ့လျှိုးသွားရပြန်လေသည်။ဒေါနကို ချစ်တယ် လိုချင်တယ် လိုအပ်တယ်။အရင်လိုမျိုး ပြန်ချစ်ချင်တယ်။အရင်လို အခြေအနေကို ပြန်သွားချင်တယ်။ဒါပေမဲ့ ဒီတစ်ခါကတော့ ခံစားချက်တွေ တနင့်တပိုးနဲ့ တန်ဖိုးထားတည်ဆောက်ချင်တဲ့ ဆက်ဆံရေးမျိုး ဖြစ်တယ်ဆိုတာကို သူဘယ်လိုများ အစပြုပြောဆိုရမလဲ မသိတော့ပါ။သူ့စကားတွေထဲ အမှားတွေထပ်ပါခဲ့ရင် ဒေါနထပ်ပြီး စိတ်ပျက်သွားမှာကိုလည်း သေလောက်အောင် ကြောက်နေမိတာ ဖြစ်သည်။

စစ်နိုင်း အားတင်းသလိုမျိုး လက်သီးကို ခပ်တင်းတင်းဆုပ်၍ နှုတ်ခမ်းအား ခပ်ဖိဖိကိုက်ပြီးတော့မှ....

"ကိုယ်...ကိုယ် တောင်းပန်ပါတယ်....."

စစ်နိုင်းဆီမှ တိုးတိုးဖွဖွ ထွက်ပေါ်လာသော အသံကြောင့် ဒေါန၏ နှုတ်ခမ်းတို့ ခပ်တင်းတင်း စေ့ပိတ်သွားပြီးတော့မှ....

"ဘာတွေကို တောင်းပန်နေလဲဆိုတာကို မသိပေမဲ့ တောင်းပန်ဖို့မလိုဘူးလို့ ပြောခဲ့ပြီးသားလေ။ကျွန်တော်တို့က sex partnerအနေနဲ့ပဲ နေခဲ့ကြတာလေ။ အဲ့ဒါကြောင့်မလို့ ခင်ဗျားလုပ်ခဲ့တဲ့ အပြူအမူတွေအတွက် ခင်ဗျားကိုယ်ခင်ဗျား အပြစ်ရှိတယ်လို့ ခံစားနေစရာမလိုဘူး။ ပြီးတော့ ခင်ဗျားအမေရှေ့မှာ ဘယ်လိုစကားမျိုးကို ပြောခဲ့သည်ဖြစ်ပါစေ အဲ့ဒါက ကျွန်တော်တို့ ဆက်ဆံရေးကို ရပ်လိုက်ရတဲ့ အဓိကအကြောင်းအရင်းတော့ မဟုတ်ဘူး။ဒီအတိုင်း ခင်ဗျားနဲ့ အိပ်ရာပေါ်က ဆက်ဆံရေးမှာ မပျော်တော့လို့ အဆင်မပြေတော့လို့ အမှန်အတိုင်းပြောရရင် ခင်ဗျားနဲ့ လိင်ဆက်ဆံဖော်သာသာ ပတ်သတ်နေရတယ်ဆိုတဲ့ ခံစားချက်ကို မုန်းလာလို့ ကျွန်တော့်ဖာသာ ဆုံးဖြတ်ပြီး နောက်ဆုတ်ခဲ့တာပဲ...."

ဒေါနက ပုံမှန်လေသံဖြင့် ပြတ်ပြတ်သားသား ပေါ့ပေါ့ပါးပါး ပြောသွားပေမဲ့လို့ စစ်နိုင်း၏ ရင်ထဲမှာတော့ တင်းကျပ်လေးလံ လာရတော့သည်။တစ်ပြိုင်နက်ထဲမှာပဲ ဒေါနက သူနှင့်sexကိစ္စ တစ်ခုထဲအတွက်ပဲ မပတ်သတ်ချင်တော့ဘူး ဆိုတဲ့စကားကြောင့် ဒေါနဆီမှာ သူ့အတွက် sexထက်ပိုတဲ့ တခြားစိတ်ခံစားချက်တွေများ ရှိခဲ့လေသလားဟု တွေးမိသည်။ထိုသို့ တွေးမိလိုက်တာနှင့် စစ်နိုင်း၏ ရင်ဘတ်ထဲ ကြည်နူးမှုဓာတ်သက်လေးတစ်ခု နွေးထွေးစွာ ဖြတ်သန်းစီးဆင်းလေသည်။

နှလုံးသားဟာ နွေးထွေးစွာ ခုန်ပေါက်လှုပ်ရှားသွားပေမဲ့လည်း လက်ရှိအခြေအနေကို ပြန်သတိပြုမိတော့ ခံစားချက်တွေဟာ စိတ်လွတ်လက်လွတ် မပျော်နိုင်တော့ပေ။ဒေါနဟာ သူ့ကိုတကယ်ပဲ စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။ဒေါနဆီမှာ သူ့အတွက် ခံစားချက်တွေဟာ မြူမှုန်တစ်စတောင် မကျန်တော့ဘူးဆိုတာကို သတိပြန်ပြုမိတော့ စစ်နိုင်း ထပ်မံ၍ ထိတ်လန့်ခြောက်ခြားလာရတော့သည်။

"မင်းကို ချစ်တယ် ဒေါနရယ်..."

စစ်နိုင်း မချင့်မရဲ ရေရွတ်မိသည်။

ဒေါနဖက်က ဘယ်လိုသဘောထားပဲရှိရှိ သူလည်း သူ့ရဲ့သဘောထားကို ထုတ်ဖော်ပြသခွင့် ရှိတယ်မဟုတ်လား။

စစ်နိုင်း၏ လေးနက်တည်ငြိမ်သော အမူအယာနှင့် နက်နဲသော မျက်ဝန်းအကြည့်များဖြင့် ပြောလာသောစကားကြောင့် ဒေါန၏ရင်ထဲ လှိုင်းကလေး ဖြစ်သွားရတော့သည်။နှလုံးသားအလွှာပါးလေး တစ်ထပ်ခြားပြီး အေးခဲပစ်ထားသော်လည်း ထိုစကားကို ကြားလိုက်ရယုံဖြင့် ပြန်လည် နွေးထွေးပျော်ဝင်ချင်လာသည့် စိတ်က ငြင်းမရ။

ဒေါနတွေးနေတုန်းမှာပဲ စစ်နိုင်းက ဒေါန၏ ပခုံးနှစ်ဖက်အား ခပ်ဖွဖွ ဆုပ်ကိုင်၍ မျက်လုံးချင်း ဆုံအောင်ကြည့်ကာ

"ကိုယ်မင်းကို ချစ်တယ် အဆုံးရှုံးမခံနိုင်ဘူးလို့ သိလိုက်ရချိန်မှာ ဒီစကားကို ပြောဖို့အတွက် အရမ်းနောက်ကျသွားခဲ့ပြီဆိုတာ ကိုယ် သိပါတယ် ဒါပေမဲ့ ကိုယ်လေ မင်းကို မစွန့်လွှတ်နိုင်ဘူး ကိုယ့်ဆီမှာ မင်းမရှိလို့ မဖြစ်ဘူး ကိုယ်တကယ်ပဲ မင်းနဲ့ အစကနေပြန်စချင်တယ်။ဒီတစ်ခါ ပြန်စချင်တယ်ဆိုတဲ့ ဆက်ဆံရေးကလည်း တကယ်ကို တန်ဖိုးထားပြီးတော့ လေးနက်တဲ့ ခံစားချက်တွေနဲ့ အမြတ်တနိုး ပြန်တည်ဆောက်ချင်တာ။ကိုယ်ဆိုးခဲ့ပါတယ်။အတ္တလည်းကြီးခဲ့တယ်။မင်းအတွက်လည်း မတွေးပေးခဲ့မိဘူး။အခုကစပြီးတော့ မင်းပျော်ရွှင်ရဖို့အတွက်ပဲ ရှေ့တန်းတင်ပါ့မယ်။ဖြစ်နိုင်မယ်ဆိုရင် ကိုယ့်ကို နောက်ထပ်တစ်ကြိမ် အခွင့်အရေးလေး ထပ်ပေးပါကွာ ဒါဟာနောက်ဆုံးပါပဲ နောက်ဆုံးတောင်းခံတဲ့ အခွင့်အရေးပါ မင်းကို ဒီထက်ပိုပြီး ဂရုစိုက်ခွင့်ရဖို့ ဒီထက်ပိုပြီး ချစ်ခွင့်ရဖို့ ဒီပိုပြီးပျော်ရွှင်အောင်ထားနိုင်ဖို့ ကိုယ့်ကိုသက်သေပြခွင့်လေးပေးပါ..."

စစ်နိုင်းကသာ ခံစားချက်တွေ လှိုက်လှိုက်လှဲလှဲဖြင့် ပြောနေတာ ဒေါနကတော့ အေးစက်စက် မျက်နှာထားဖြင့်သာ စိုက်ကြည့်နေတာမလို့ စစ်နိုင်း၏ ရင်ထဲ ဝမ်းနည်းစိတ်တို့ အလုံးအရင်းဖြင့် လှိုက်တက်လာရတော့သည်။

"ဒါဟာ မင်းထင်သလို ခဏတာ မိုက်ရူးရဲဆန်ပြီး ပြောနေတာမျိုး မဟုတ်ဘူး တစ်ဘဝလုံးစာအတွက် ရည်ရွယ်တယ်ဆိုတာကို ကိုယ်ဘယ်လို သက်သေပြရမလဲ ကိုယ်...ကိုယ် ဘယ်လိုလုပ်မှ မင်းက ကိုယ့်ကို ပြန်ယုံကြည်လာမှာလဲ ကိုယ်ဘယ်လိုလုပ်မှ မင်းနဲ့ပြန်ပြေလည်မှာလဲ ကိုယ်ဘာတွေစွန့်လွှတ်ပေးရမလဲ ဘယ်လိုလုပ်မှ မင်းကို ပြန်ပြီးတော့ ပိုင်ဆိုင်နိုင်မှာလဲ ဒေါနရယ် ပြောပါအုံးကွာ..."

စစ်နိုင်း၏ ဆို့နင့်သော လေသံ အဆုံးမှာ ဒေါန ပင့်သက်ကိုရှိုက်ရင်း စစ်နိုင်း၏ လက်နှစ်ဖက်အား အသာအယာဖယ်ချသည်။ပြီးမှ...

"မရတာကိုမှ ပိုလိုချင်တက်ကြတာ လူ့သဘာဝပါပဲ။အခု ခင်ဗျားကျွန်တော့်ကို သေလုမျောပါး လိုအပ်နေတယ်ဆိုတာဟာလည်း ဒီသဘောပဲ။မရနိုင်ဘူးထင်လို့ ပိုလိုချင်နေတာမျိုးပါ။လိုအပ်နေတဲ့ လိုအင်ဆန္ဒတစ်ခုဟာ ပြည့်ဝသွားတဲ့အခါ လိုအပ်နေတုန်းကလောက် တန်ဖိုးမကြီးနိုင်တော့တာလည်း အမှန်ပဲ။အဲ့ဒီအခါကျရင် ခင်ဗျားအတွက် အရေးကြီးဆုံးဆိုတဲ့ နေရာမှာ ကျွန်တော်ရှိမှာ မဟုတ်တော့ဘူး။ခင်ဗျားရဲ့ ဂုဏ်သိက္ခာရယ် မိဘအသိုင်းအဝိုင်းရယ်ကပဲ ရှေ့တန်းရောက်လာအုံးမှာပဲ။နောက်ဆုံးတော့ အားလုံးနဲ့ ယှဉ်လာရင် ခင်ဗျားကျွန်တော်ကို ထားခဲ့အုံးမှာပဲ။ခင်ဗျား မိဘစိတ်တိုင်းကျ သားလိမ္မာလေးအဖြစ်ကိုပဲ ထပ်ရွေးချယ်သွားအုံးမှာပဲ။အဲ့ဒါကြောင့် ကျွန်တော်တို့နှစ်ယောက် ရှေ့မဆက်ကြတာ အကောင်းဆုံးရွေးချယ်မှုပဲ။အချိန်တန်ရင် ခင်ဗျားလည်း နေသားကျသွားမှာပါ။

ဒေါနက ပုံမှန်လေသံလေးဖြင့် ဘာမှမဖြစ်သလို အေးအေးဆေးဆေး ပြောနေပေမဲ့လို့ မျက်ဝန်းတွေကတော့ အနည်းငယ် မှုန်မှိုင်းကာ မျက်နှာပေါ်မှာ ဝမ်းနည်နာကျင်သော အရိပ်အငွေ့တို့ ယှက်သန်းနေတာကို စစ်နိုင်း သတိပြုမိလိုက်သည်။ဒီစကားတွေမှတဆင့် ဒေါန၏ ရင်ထဲကိုလည်း တစ်စွန်းတစ်စ မြင်တွေ့လိုက်ရသလို ခံစားလိုက်ရသည်။

"ဘယ်အရာနဲ့မှ ယှဉ်ရွေးစရာမလိုအောင် မင်းကကိုယ့်အတွက် နံပါတ်တစ်ပဲ ဒေါန။အားလုံးက လက်ခံပြီးပြေလည်လာအောင် ကိုယ်ကြိုးစားမယ်ဆိုရင်ရော မင်းကိုယ်ကို ပြန်လက်ခံလာမှာလား..."

စစ်နိုင်း၏ စကားကြောင့် ဒေါန၏ မျက်ဝန်းတို့ထဲ မယုံကြည်နိုင်သော အရိပ်တချို့ ဖြတ်ပြေးသွားပြီး နှုတ်ခမ်းတို့အား တွန့်ကွေးပြုံး၍ စစ်နိုင်းနှင့် မျက်လုံးချင်းဆုံအောင် ကြည့်ကာ

"ခင်ဗျာအမေပဲ အရင်ဆုံး လက်ခံပါစေအုံး....."

"..."

စစ်နိုင်းက ဘာမှပြန်မပြောနိုင်ပဲ တိတ်ဆိတ်နေတော့ ဒေါနက ဟမ့်ကနဲ မဲ့ပြီးကာမှ နေရာမှာ ကျောခိုင်း လှည့်ထွက်လေတော့သည်။

"ကိုယ်ကြိုးစားမယ် မာမီတင်မဟုတ်ဘူး အားလုံးလက်ခံလာအောင် ကြိုးစားမယ် အကယ်၍ လက်မခံဘူး ရွေးချယ်ရမယ်ဆိုရင်လည်း ကိုယ်မင်းကိုပဲ ရွေးချယ်မယ်ဆိုတာတော့ သိထားပါ ဒေါန...."

နောက်ပါးဆီမှ လွင့်ပါလာသော စစ်နိုင်း၏ စကားသံတို့ကို ဥပေက္ခာပြုရင်း ခြေလှမ်းတို့အား တက်နိုင်သမျှ ခပ်သွက်သွက် လှမ်းခဲ့လိုက်တော့သည်။ဘာမှရေရေရာရာ မရှိတဲ့ လေထဲကကတိစကားတွေဆီမှာ အလွယ်တကူပျော်ဝင်ဖို့ နှလုံးသားကို ခွင့်မပြုသင့်တော့ဘူး မဟုတ်လား။

***

"ဒီနေ့ ဆေးရုံသွားမလို့လား...."

မိခင်ဖြစ်သူ၏ အမေးကြောင့် စစ်နိုင်း ကော်ဖီကို မော့ချပြီးမှ ခေါင်းညိတ်ပြလိုက်သည်။ဒေါ်နီလာတင့်က မုတ်ဆိတ်တွေ ဗရပွဖြင့် အနည်းငယ် ဖရိုဖရဲဖြစ်နေသော သားဖြစ်သူ၏ ပုံစံအား မနှစ်မြို့သလို ခပ်စူးစူးကြည့်ပြီးမှ...

"ဒီ တနင်္ဂနွေကို မြသားတို့ မိသားစုတွေနဲ့ ထမင်းစားဖို့ ချိန်းထားတာနော် မင်းရဲ့ အဲ့ဒီဖရိုဖရဲ ပုံစံတွေကို ပြင်ဆင်ထားအုံး စစ်နိုင်း"

မိခင်ဖြစ်သူ၏ စကားကြောင့် စစ်နိုင်း၏ စိတ်တို့ နောက်ကျိရှုပ်ထွေး လာရတော့သည်။သူ အပြတ်အသတ် ငြင်းဆန်ခဲ့ပြီးသား ကိစ္စတစ်ခုကို မာမီက လုပ်ကိုလုပ်မှာပဲလို့ ကြေငြာနေတာလား။သူ့ရဲ့ သဘောထား စိတ်ခံစားချက်က အရေးမပါဘူးလို့ သတ်မှတ်ထားတာလား။

"သူတို့နဲ့ ဘာကိစ္စ ထပ်တွေ့စရာလို့သေးလို့လဲ မာမီ..."

စစ်နိုင်း ခပ်တည်တည်မေးတော့ မိခင်ဖြစ်သူက မျက်စောင်းခဲသည်။ဒယ်ဒီကတော့ အိမ်တွင်စစ်ပွဲအရိပ်အငွေ့ကို ရိပ်ဖမ်းမိသည့်အလား မနက်စာ စားသောက်ခြင်းအား လက်စသတ်၍ အလုပ်သွားဖို့ရာ အကြောင်းပြချက်ဖြင့် ရှောင်ထွက်သွားပြီ ဖြစ်လေသည်။

"ဘာက်ိစ္စနဲ့ ထပ်တွေ့ရမှာလဲ မြသားက မာမီ့စိတ်တိုင်းကျ ရွေးချယ်ထားတဲ့ ချွေးမလို့ မာမီပြောထားပြီးသားနော် ဟန်စစ်နိုင်း..."

"မာမီ စိတ်တိုင်းကျပေမဲ့ ကျွန်တော်မှ စိတ်တိုင်းမကျတာ..."

စစ်နိုင်းက ကိတ်တစ်ဖဲ့အား ပါးစပ်ထဲထည့်ပြီးမှ အေးအေးဆေးဆေး ပုံမှန်လေသံဖြင့် ပြောလေသည်။သားဖြစ်သူ၏ အလေးအနက်မထားသော အမူအယာကြောင့် ဒေါ်နီလာတင့် စိတ်တို့ ထောင်းကနဲ ဖြစ်သွားရကာ...

"ဟန်စစ်နိုင်း...."

ဒေါသဖြစ်လာလျှုင် လုပ်နေကြအတိုင်း စားပွဲကို လက်သီးဆုပ်ဖြင့်ထု၍ နာမည်အပြည့်စုံကို ခပ်ဆောင့်ဆောင့် ခေါ်သည်။စစ်နိုင်း လက်ထဲမှ ဇွန်းအား ပန်းကန်ထဲသို့ ပြန်ချလိုက်ပြီး မိခင်ဖြစ်သူအား မျက်လုံးချင်း ဆုံအောင်ကြည့်၍...

"ကျွန်တော် သေချာပြောထားခဲ့ပြီးသားပါ မာမီ ကျွန်တော် မိန်းမမယူနိုင်ဘူးလို့ ကျွန်တော်က ယောက်ျားလေးတွေကိုပဲ ပိုစိတ်ဝင်စားတာ ယောက်ျားလေးတွေနဲ့ပဲ ပိုအဆင်ပြေတာမလို့ ကျွန်တော့်ကို အတင်းအကြပ် ဖိအားမပေးပါနဲ့..."

သားဖြစ်သူ၏ စကားကြောင့် သူမရင်ထဲ ဒေါသတွေ တလိပ်လိပ်ဖြစ်လာရကာ အသက်ရှုသံများပါ ပြင်းထန်လာရတော့သည်။

"မာမီက ဖိအားပေးနေတာလား သားသမီးကို ကောင်းရာကောင်းကြောင်း လမ်းပြနေတာလားဆိုတာ မင်းဦးနှောက်နဲ့ တွေးတက်ဖို့ကောင်းတယ် မင်းအတွက် ဖြစ်သင့်ဖြစ်ထိုက်တာ ဖြစ်သွားဖို့ ငါတသက်လုံး မချခဲ့ဖူးတဲ့ မာနတွေလည်း သူများရှေ့မှာ အရည်ဖျော်ချနေရတာ မင်းသိရဲ့လား..."

ခပ်ဆောင့်ဆောင့် အော်ပြောနေသော မိခင်ဖြစ်သူအား စစ်နိုင်း စိတ်ပျက်စွာ ကြည့်ရင်းဖြင့်....

"ဘယ်ဟာကရော မဖြစ်သင့်မဖြစ်ထိုက်နေလို့လဲ မာမီ ကျွန်တော်လိင်တူစိတ်ဝင်စားတာက မဖြစ်သင့်တဲ့ အပြစ်လား လိင်တူချစ်သူတွေအတွက် ဘယ်ဘုရားကများ ငရဲဘုံကိုသီးသန့် ဖန်တီးပေးခဲ့လို့လဲ ကျွန်တော် မာမီ့ကို ပြောခဲ့ပြီးသားပဲ ကျွန်တော့်ရဲ့ ဖြစ်တည်မှုကို ဘယ်အရာကမှ မပြောင်းလဲနိုင်ဘူးလို့ ဘာလို့များ မာမီတယူသန်ဆန်နေရတာလဲ..."

သားဖြစ်သူ၏ စကားကြောင့် ဒေါ်နီလာတင့်၏ မျက်ဝန်းတို့ စူးရဲသွားရတော့သည်။

"အေး ဟုတ်တယ် တယူသန်တယ် အဲ့ဒီအကောင်မို့လို့ကို တယူသန်တာ ဒေါနဖြစ်နေလို့ကို မရတာ မဖြစ်မနေ မင်းက ယောက်ျားတစ်ယောက် ယူမှဖြစ်မယ် ဆိုရင်တောင် အဲ့ဒီအရိုင်းအစိုင်းတော့ ဖြစ်လို့မရဘူး..."

"မာမီ..."

ထုံးစံအတိုင်း တဖက်သားအပေါ် လွန်ကျူးချင်လာသော မိခင်ဖြစ်သူ၏ စကားကြောင့် စစ်နိုင်း၏ မေးကြောကြီးများ တင်းသွားရပြီးမှ....

"ဒေါနကို အရိုင်းအစိုင်းလို့ မပြောနဲ့ မာမီ ကျွန်တော်မကြိုက်ဘူး မာမီက သူမို့လို့ မဖြစ်ဘူးဆိုပေမဲ့ ကျွန်တော်ကတော့ သူမှ ဖြစ်မှာ မာမီ...."

"ဘာ...."

"ဟုတ်တယ် မာမီ ကျွန်တော့်ဘဝမှာ တစ်ခါမှ မဖြစ်ဖူးခဲ့တဲ့ အလိုဆန္ဒနဲ့ ဒေါနအပေါ်မှာ လောဘတက်တာ သူ့ကိုသာ ရမယ်ဆိုရင် ကျွန်တော့်ဆီမှာ ရှိသမျှအရာအားလုံးကို ပုံအောပြီး အလဲအထပ်လုပ်ဖို့ ဝန်မလေးဘူး။ကျွန်တော့်ဘဝမှာ အလိုအပ်ဆုံးက ဒေါနဆိုတဲ့ သက်ရှိလေးတစ်ခုထဲပဲ။သူ့အတွက်ဆို ကျွန်တော် ဘာမဆိုစွန့်စားပစ်မှာ။အဲ့ဒါကြောင့်မလို့ သူ့ကိုရော သူတန်ဖိုးထားရတဲ့ သူ့အမေကိုရော မာမီထပ်ပြီးတော့ စကားနဲ့တောင် စော်ကားဖို့မကြိုးစားပါနဲ့။ဒေါနကို ထပ်ပြီးတော့ ထိခိုက်မယ်ဆို ကျွန်တော်ဘာလုပ်မိမလဲ မသိဘူး"

စစ်နိုင်း၏ အေးစက်ပြတ်တောင်းနေသော လေသံနှင့် ပြတ်သားစွာဆိုလေသော စကားများကြောင့် ဒေါ်နီလာတင့် မူးမေ့လဲမတက် ဖြစ်သွားရတော့သည်။အံ့သြခြင်း၊မယုံကြည်နိုင်ခြင်း၊ထိတ်လန့်ခြင်း၊ယူကြုံးမရဖြစ်ရခြင်း စသည့်ခံစားချက်များဖြင့် သူမ၏ရင်ဟာ လှိုင်းထန်နေတော့သည်။တသက်လုံး သူမရဲ့စကားကို မြေဝယ်မကျ နားထောင်ခဲ့တဲ့ သားက အခုတော့ အခုတော့ ဘာမဟုတ်တဲ့ လူတစ်ယောက်ကြောင့် သူမကို အတိအလင်း ဆန့်ကျင်ကြောင်း ပြနေပြီတဲ့လား။မိသားစု အသိုင်းအဝိုင်းကိုတောင် စွန့်လွှတ်လိုက်ဖို့ အသင့်ပဲ သွယ်ဝိုက်ကြေငြာတက်နေပြီလား။

"ဟန်စစ်နိုင်း မင်းက...မင်းက..အဲ့ဒီဘာမှမဟုတ်တဲ့ကောင်ကြောင့် မာမီ့ကို အခု ဆန့်ကျင်နေပြီလား ဟမ်..."

မိခင်ဖြစ်သူက အသံတုန်တုန်ဖြင့် ပြောလေတော့ စစ်နိုင်း စိတ်မကောင်းသလို တချက်ကြည့်ပြီးမှ နေရာမှ ထရပ်ကာဖြင့်...

"မာမီအတွက် သူက ဘာမှမဟုတ်ပေမဲ့ ကျွန်တော့်အတွက်တော့ အသက်လောက် ဖြစ်တည်မှုလိုမျိုးမလို့ ကျွန်တော့်ကို နားလည်ပေးပါ မာမီ။မာမီနဲ့ဒေါနကြားမှာ ကျွန်တော် အတက်နိုင်ဆုံး ပြေလည်အောင် ညှိနှိုင်းပေးချင်တယ်။ကျွန်တော်က မာမီ့စကားကို အမြဲနားထောင်ခဲ့တဲ့သူပါ။ဒီတစ်ခါလေးတော့ သားရဲ့ဆန္ဒကို နားလည်ပေးပါ မာမီရယ်"

စစ်နိုင်း ယတိပြတ်ပြောပြီးတော့ အိတ်ကိုဆွဲယူ၍ ထွက်သွားပြီဖြစ်သည်။သားဖြစ်သူ၏ စကားသံများက သူမ၏နားထဲ ပဲ့တင်ထပ်နေရင်းဖြင့် ဒေါ်နီလာတင့် ထိုင်နေရင်း ယိုင်လဲမကျသွားစေဖို့အတွက် စားပွဲအား ထိန်းကိုင်ထားလိုက်ရတော့သည်။သူမအတွက် မျှော်လင့်ချက်ကြီးမားစွာထားရှိခဲ့တဲ့ သူမရဲ့တစ်ဦးတည်းသောသား၏စကားတွေက သူမနှလုံးသားကို ဓားနဲ့ ပိုင်းဖြတ်နေသလိုပါပဲလား......

A.N.Rvလေးတွေ ပေးရင် စိတ်မဆိုးဘူးနော်🤭

#LahPhan

Continue Reading

You'll Also Like

5.2M 710K 199
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
69K 8K 84
transition novel
97.3K 10.2K 145
အပိုင်း၃၁၁စပါ့မယ်ရှင့်အရှေ့အပိုင်းများကို accထဲတွင်ရှာ၍ဖတ်နိုင်ပါတယ်😊
245K 13.4K 52
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...