Green Eye(complete)

By LahPhan_85

3M 261K 43.5K

!အမွန္ေတာ့ မင္းက က္ုိယ္အၿမဲတမ္း အမွတ္တရ သိမ္းထားခ်င္မိတဲ့ အစိမ္းေရာင္ ေပ်ာ္႐ႊင္ျခင္းေလးပါ... ... More

part 1
part 2
part 3
part 4
part 5
part 6
part 7
part 8
part 9
part 10
part 11
part 12
part 13
part 14
part 15
part 16
part 17
part 18
part 19
part 20
part 21
part 22
part 23
part 24
part 25
part 26
part 27
part 28
part 29
part 30
part 31
part 33
part 34
part 35
part 36
part 37
part 38
part 39
part 40
part 41
part 42
part 43
part 44
part45
Final
ေက်းဇူးတင္လႊာ
💚💚💚

part 32

54.3K 5.8K 1.5K
By LahPhan_85

"ေဒါက္ ေဒါက္ ေဒါက္ ဟန္စစ္နိုင္း..."

တံခါးေခါက္သံနွင့္ တဆက္ထဲ ထြက္ေပၚလာေသာ မိခင္ျဖစ္သူ၏ အသံေၾကာင့္ စစ္နိုင္း မ်က္ခံုးတို႔ကို တြန္႔ေကြးကာ က်စ္ကနဲ စုတ္သပ္မိလိုက္သည္။

"ဟန္စစ္နိုင္း မာမီေခၚေနတာ ၾကားတယ္မဟုတ္လား ဒီလိုပဲ အခန္းပိတ္ေနလို႔ မရဘူးေနာ္ မင္း ဒီအတိုင္း ေရစုန္ေမ်ာေနလို႔ ၿပီးမွာလား အခုတံခါးဖြင့္ ဒုန္း ဒုန္း ဒုန္း..."

တံခါးကို တဒုန္းဒုန္း ထုရိုက္သံနွင့္အတူ မိခင္ျဖစ္သူ၏ ေဒါသေငြ႕ပါးပါး ပါေသာအသံက နားစည္အထိ လြင့္ပ်ံလာသည္။အေမွာင္ခ်ထားေသာ အခန္းထဲမွာ ကုတင္ကို ေက်ာမွီ၍ ၾကမ္းျပင္ေပၚ ေျခဆင္းထိုင္ေနရင္း ပုလင္းထဲရွိ လက္က်န္ထိုး ေမာ့ခ်လိုက္၏။အခုအခ်ိန္မွာ သူ ဘယ္သူနဲ႔မွ ဘာစကားမွ မေျပာခ်င္ပါ။ျပႆနာထပ္တက္ၿပီးတဲ့ ေန႔ထဲက အရက္ပုလင္းေတြ ဆြဲခ်ယူလာၿပီး အခန္းေအာင္းေနမိတာ ေန႔ေတြရက္ေတြ ဘယ္ေလာက္ေတာင္ ဝါးၿမိဳကုန္ၿပီလဲ မသိေတာ့။ေဒါန သူ႔ဆီကို ဘယ္ေတာ့မွ ျပန္မလာေတာ့ဘူးဆိုတာ ေသခ်ာေနေပမဲ့ သူလက္မခံရဲ လက္မခံနိုင္။ဒီအတိုင္း ရုတ္တရက္ႀကီး ဇာတ္သိမ္းရေတာ့မဲ့ အျဖစ္ကို သူမယံုၾကည္နိုင္ေပ။သူ႔ရဲ႕ အသံုးမက်မႈမ်ားေၾကာင့္ ေဒါနကို အၿပီးတိုင္ စြန္႔လႊတ္လိုက္ရၿပီလို႔ သိလိုက္ရခ်ိန္မွာေတာ့ နွလံုးသားဟာ ဖန္ပုလင္းေလး က်ကြဲသလိုမ်ိဳး အစိပ္စိပ္ အႁမႊာႁမႊာ ေၾကမြသြားခဲ့ၿပီ ျဖစ္သည္။အရာအားလံုးဟာ ေနာက္က်သြားခဲ့ၿပီ။သူလိုေကာင္အတြက္ ဒီလိုဇာတ္သိမ္းကပဲ ပိုထိုက္တန္ပါတယ္။

ဒါေပမဲ့ ေသလုမတက္နာက်င္ရတယ္။ေသမိန္႔ခ်ခံထားရတဲ့ လူတစ္ေယာက္လိုမ်ိဳး ေသြးပ်က္ေနရတဲ့ ခံစားခ်က္ေတြနဲ႔ ေမ်ွာ္လင့္ခ်က္ေတြလည္း ေပ်ာက္ဆံုးေနရတယ္။sex partnerဆိုတဲ့ ဆက္ဆံေရးကို ေဒါနဖက္က တဖတ္သတ္ လြယ္လြယ္ကူကူ ေက်ာခိုင္းထြက္သြား နိုင္ခဲ့ေပမဲ့ သူ႔အတြက္ေတာ့ ေက်ာခိုင္းလိုက္ဖို႔ ေသေလာက္ေအာင္ ခက္ခဲေနတယ္။ေဒါနကသာ သူ႔ဘဝကို ကယ္တယ္နိုင္မဲ့ တစ္ခုတည္းေသာအလင္း။ဒါေပမဲ့ သူကေတာ့ အဲ့ဒီအလင္းရဲ႕ ျဖန္႔က်က္ရာ စည္းဝိုင္းအျပင္က အေမွာင္ထုထဲမွာ။ထို႔ေၾကာင့္ ခံစားခ်က္ေတြကို အရက္ျဖင့္စိမ္ရင္ ေပါ့ပါးသြားလိုျငား အရည္ေဖ်ာ္ခ်သည္။စိတ္နွင့္ခႏၶာ သတိကပ္မိတာနွင့္ နာက်င္ေၾကကြဲရတဲ့ ခံစားခ်က္က ဆတိုးနွိပ္စက္လြန္းလို႔ ေမွာက္ေအာင္ေသာက္သည္။အရက္ပုလင္းနဲ႔ မ်က္နွာသစ္ရင္း အေမွာင္ခ်ထားတဲ့ အခန္းထဲမွာ ေန႔မွန္းညမွန္းေတာင္ သတိမထားနိုင္ေတာ့။

"ဟန္စစ္နိုင္း မာမီ ေသာ့ဖြင့္ၿပီး ဝင္လာေတာ့မွာေနာ္ ဒုန္း ဒုန္း.."

"ေတာ္ေတာ့ နီလာ အေျခအေနေတြကို ပိုၿပီးဆိုးေအာင္ ထပ္မလုပ္နဲ႔ေတာ့..."

တံခါးကို ထုရိုက္ေနေသာ သူမ၏ လက္မ်ားကို ခင္ပြန္းသည္က ဆုပ္ကိုင္ဖယ္ခ်ေတာ့ သူမငိုခ်င္လာရေတာ့သည္။သားက အခန္းထဲမွာေအာင္းေနတာ ၅ရက္ေတာင္ ရွိၿပီေလ။ပထမတုန္းကေတာ့ ဒီျပႆနာက ၿပီးသြားမွာ။စိတ္ရႈပ္ေနလို႔ ခဏတာ breakယူတာလို႔ သူမ ခပ္ေပါ့ေပါ့ ေတြးထားခဲ့တာျဖစ္သည္။ဒါေပမဲ့ သားက သူမေတြးထင္သလို အေပၚယံခံစားခ်က္မ်ားနွင့္ မဟုတ္ပဲ အႀကီးအက်ယ္ ၿပိဳလဲပ်က္စီးေနတာ ျဖစ္ေလသည္။

"အဲ့ဒါဆို ကြၽန္မက ဘာလုပ္ရေတာ့မွာလဲ သားက အခန္းအျပင္ မထြက္တာ ၅ရက္ေတာင္ ရွိေနၿပီေလ အထဲမွာ တစ္ခုခုျဖစ္ေနရင္ ဘယ္လိုလုပ္မလဲ ကြၽန္မ ကြၽန္မ ဒီလိုႀကီးထိုင္ၾကည့္ ေနရရင္ ရူးလိမ့္မယ္ ကိုေနစစ္ရဲ႕ အင့္ အဟင့္..."

အသံတုန္တုန္ျဖင့္ ေျပာေနရင္းျဖင့္ အင့္ကနဲ ရိႈက္ေသာ ဇနီးသည္၏ ပခံုးအား ေပြ႕ဖက္နွစ္သိမ့္ ေပးလိုက္ၿပီးမွ ဦးေနစစ္ သက္ျပင္းကို ရိႈက္၍....

"မင္း အခန္းျပန္ၿပီး သြားနားေနလိုက္ သားနဲ႔ ကိုယ္ေသခ်ာ စကားေျပာလိုက္မယ္..."

"ဒါေပမဲ့...."

"မင္း သားကို စိတ္ပူေနတာ သိတယ္ ဒါေပမဲ့ စိုးရိမ္စိတ္ေတြနဲ႔ အမွားေတြ ထပ္လုပ္မိရင္ အေျခအေနေတြ ပိုဆိုးလာဖို႔ကလြဲၿပီး ဘာမွမရွိဘူး ကိုယ္ေျပာတာကို နားေထာင္ပါ ကိုယ္ သားနဲ႔ ေသခ်ာ ေက်လည္ေအာင္ ေဆြးေႏြးမွာပါ.."

ခင္ပြန္းျဖစ္သူ၏ စကားေၾကာင့္ ေဒၚနီလာတင့္ နႈတ္ခမ္းကို ခပ္ဖိဖိကိုက္ၿပီးေတာ့မွ ေခါင္းညိတ္ကာ အခန္းေရွ႕မွ မခြာခ်င္ခြာခ်င္ျဖင့္ ခြာခဲ့လိုက္ေတာ့သည္။

"သား ဒယ္ဒီ ဝင္လာခဲ့ၿပီေနာ္..." "ကလစ္..."

မာမီနွင့္ အေျခအတင္ေျပာေနသံ ၿပီးေတာ့ အခန္းထဲ ဝင္လာဖို႔ အသိေပးသည့္ အသံနွင့္အတူ အခန္းတံခါးက ကလစ္ကနဲ ပြင့္သြားေတာ့သည္။ဒယ္ဒီ ဝင္လာတာ သိလိုက္ေပမဲ့ စစ္နိုင္းကေတာ့ ဘာမွတံု႔ျပန္မေနပါပဲ အရက္ပုလင္း အသစ္အား ဆြဲယူကာဖြင့္ေဖာက္၍ ေမာ့ခ်လိုက္သည္။

ေမွာင္ျပျပ အခန္းရဲ႕ ၾကမ္းျပင္ေပၚမွာ ျပန္႔က်ဲေနေသာ အရက္ပုလင္းခြံေတြၾကား ဖရိုဖရဲ ညႇင္းသိုးသိုးျဖင့္ ေခါင္းငိုက္စိုက္ေနေသာ သားျဖစ္သူအား ေတြ႕လိုက္ရေတာ့ ဦးေနစစ္ သက္ျပင္းသဲ့သဲ့ကို ခ်မိေတာ့သည္။အလင္းေရာင္မရွိ ေလဝင္ေပါက္ ေကာင္းေကာင္းမရွိေတာ့ အခန္းတစ္ခုလံုးဟာလည္း ခ်ဥ္စုတ္စူးရွေနေသာ အရက္နံ႔မ်ားျဖင့္ ဖံုးလႊမ္းကာ အနံ႕အသက္ မေကာင္းေပ။ငယ္စဥ္အထဲက အသန္႔အျပန္႔ အလြန္ႀကိဳက္ၿပီး စည္းစနစ္ျဖင့္ စမတ္က်က်ေနတက္တဲ့ ဟန္စစ္နိုင္းဟာ ဒီလူပါလို႔ လက္ညိွဳးထိုးေျပာရင္ ဘယ္သူမွ ယံုၾကမွာမဟုတ္။ဒီေကာင္ေလးအတြက္နဲ႔ ဒီေလာက္အထိ ဖရိုဖရဲ ၿပိဳလဲေနရတယ္တဲ့လား။

ဦးေနစစ္ ေတြးရင္းျဖင့္ သက္ျပင္းေမာကို ခ်ကာ ကုတင္ေပၚ၌ တင္ပါးလႊဲ ဝင္ထိုင္လိုက္သည္။ၿပီးမွ သားျဖစ္သူအား မသက္မသာၾကည့္၍...

"ဒီေလာက္အထိ ရုပ္ပ်က္ဆင္းပ်က္ ျဖစ္ဖို႔လိုလို႔လား..."

"..."

နံရံကိုသာ ခပ္ေတြေတြ စိုက္ၾကည့္ေန၍ ဘာတစ္ခြန္းမွ တံု႔ျပန္မေျပာ။

"ေဒါနနဲ႔ ဘာျဖစ္ၾကတာလဲ.."

"ကြၽန္ေတာ့္ကို ဒီအတိုင္းပဲ လႊတ္ထားေပးပါ ကြၽန္ေတာ္ တစ္ေယာက္ထဲ ေနခ်င္လို႔ပါ.."

သားျဖစ္သူ၏ စကားေၾကာင့္....

"ဒီအတိုင္း ေနေနယံုနဲ႔ ၿပီးသြားမွာလား အခုျဖစ္ေနတာေတြ ေျပလည္သြားမွာလား ဘယ္အခ်ိန္အထိ အခန္းထဲမွာ ကိုယ့္ကိုယ္ပိတ္ေလွာင္ထားမွာလဲ"

"...."

စစ္နိုင္းက ဘာမွျပန္မေျပာေတာ့ ဦးေနစစ္ သားျဖစ္သူ၏ ပခံုးအား အားေပးနွစ္သိမ့္သလိုမ်ိဳး ခပ္ဖြဖြ ပုတ္ၿပီးေတာ့မွ....

"မင္းငယ္ငယ္က ေက်ာင္းမွာ နားမလည္တဲ့ သခ်ၤာပုစာၦေတြကို ဒယ္ဒီနဲ႔အတူတူ အေျဖရွာခဲ့ဖူးၾကတာပဲ မဟုတ္လား ဒီျပႆနာကိုလည္း အဲ့ဒီသခ်ၤာပုစာၦေတြလိုပဲ ဒယ္ဒီနဲ႔အတူတူ အေျဖရွာၾကရေအာင္"

"...."

"သားရဲ႕ လိင္စိတ္တိမ္းၫြတ္မႈကို စသိရတဲ့ အခ်ိန္မွာ ဒယ္ဒီကိုယ္တိုင္လည္း ခ်က္ခ်င္းလက္မခံနိုင္ခဲ့ဘူး။အခုထိလည္း လက္ခံနိုင္ဖို႔ ႀကိဳးစားေနရတုန္းပဲ။ပံုမွန္သမာရိုးက် အိမ္ေထာင္ေရးေတြမွာေတာင္ အခက္အခဲေတြ ဒုကၡေတြရွိတက္ၾကတာပဲ။ပံုမွန္မဟုတ္တဲ့ သမာရိုးက်မဆန္တဲ့ ဘဝထဲမွာ ပတ္ဝန္းက်င္ရဲ႕ ကဲ့ရဲ႕ရံႈ႕ခ်ခံ နိွမ္ခ်ခံရတဲ့ ဘဝမ်ိဳးမွာ ကိုယ့္သားသမီးကို ဘယ္မိဘက ျမင္ခ်င္မွာလဲ။ဒါေပမဲ့လည္း သားက္ုိယ္တိုင္ကိုက ဒီလမ္းကို ေလ်ွာက္ဖို႔ဆံုးျဖတ္ၿပီးၿပီ ဒီဘဝကိုမွ ေ႐ြးျခယ္ၿပီးၿပီးဆိုရင္ေတာ့ ဒယ္ဒီကေတာ့ အတင္းအက်ပ္ ကန္႔ကြက္ေနမွာ မဟုတ္ဘူး။ဒါေပမဲ့ သားေ႐ြးျခယ္မႈရဲ႕ ေကာင္းေမြဆိုးေမြ မွန္သမ်ွကိုေတာ့ သားကိုယ္တိုင္ပဲ ခံစားစံစားရမွာပဲ"

ဦးေနစစ္က စကားကိုခဏရပ္၍ စစ္နိုင္းအား အကဲခတ္သလို ၾကည့္သည္။စကားကို အာရံုစိုက္နားေထာင္ေနတာ ေသခ်ာေတာ့မွ...

"ဒယ္ဒီတို႔ကေတာ့ ကိုယ့္သားသမီးကို ဒီလိုမ်ိဳး ေလာကဓံရဲ႕ ရိုက္ခတ္မႈေတြကို ဘယ္ႀကံဳေစခ်င္မွာလဲ။ဒါေပမဲ့လည္း သားကေ႐ြးျခယ္ခ်င္ပါတယ္ ဒီလိုဘဝကိုမွ ေပ်ာ္နိုင္ပါတယ္ ဆိုမွေတာ့ ဒယ္ဒီေရာမာမီေရာ သားရဲ႕ျဖစ္တည္မႈကို လက္ခံနိုင္ဖို႔အတြက္ ေျဖးေျဖးခ်င္း အခ်ိန္ယူဖို႔ ႀကိဳးစားသြားမွာပါ။အဲ့ဒီေတာ့ သားဘာကိုလိုခ်င္လဲ လိုအက္သလဲ ကိုယ့္ဖာသာေသခ်ာေတြးၿပီး ကိုယ့္စိတ္ကို ကိုယ္ျပန္ဆန္းစစ္ပါ။ေဒါနနဲ႔ကိစၥက္ုိလည္း ဒယ္ဒီအမ်ားႀကီး မေျပာခ်င္ဘူး။သားရဲ႕ ေပ်ာ္႐ႊင္မႈ စိတ္ခ်မ္းသာမႈက ဘယ္မွာျမစ္ဖ်ားခံေနသလဲဆိုတာ ကိုယ့္စိတ္ကိုယ္ ေသခ်ာေနရင္ လက္ေတြ႕ အေကာင္အထည္ေဖာ္ဖို႔ မေတြေဝပါနဲ႔။

ဖခင္၏စကားေတြကို နားေထာင္ေနရင္း စစ္နိုင္း ခဏေလာက္ တိတ္ဆိတ္ေနၿပီးေတာ့မွ....

"ေဒါနက အားလံုးၿပီးသြားၿပီလို႔ ေျပာတယ္..."

တိုးဖြအက္ရွစြာ ထြက္ေပၚလာေသာ ေလသံက ေမ်ွာ္လင့္ခ်က္မဲ့စြာျဖင့္ ၿပိဳလဲေနတာ သိသာေလသည္။ဦးေနစစ္ သက္ျပင္းရိႈက္လိုက္ၿပီးမွ..

"တခ်ိဳ႕အရာေတြက ၿပီးဆံုးသြားၿပီလို႔ ထင္ရေပမဲ့ ထိပ္တိုက္ေျဖရွင္းၿပီးသြားရင္ ျပန္စဖို႔အတြက္ ဒုတိယအၿကိမ္ အခြင့္အေရးဆိုတာမ်ိဳး ရွိတက္ပါတယ္။သားက အရာရာကို စဥ္းစားဆံုးျဖတ္တက္တဲ့ အသက္အ႐ြယ္ကို ေရာက္ေနၿပီပဲ။ဒီီလိုမ်ိဳးႀကီး အခန္းထဲမွာ ပိတ္ေလွာင္ေနယံုနဲ႔ ၿပႆနာက ေျပလည္မသြားဘူး ဆိုတာ သားသိပါတယ္။

ဖခင္ျဖစ္သူ၏ စကားေၾကာင့္ ဆို႔တက္လာေသာ ခံစားခ်က္မ်ားကို စစ္နိုင္း အသက္ေအာင့္ ၿမိဳခ်မိသည္။ေဒါနရဲ႕ စိတ္ဟာ ဘယ္ေလာက္ေတာင္ မာေက်ာျပတ္သားသလဲဆိုတာ သူ႔ေလာက္ ဘယ္သူကပိုၿပီး သိနိုင္မွာတဲ့လဲ။ေဒါနဆီမွာ သူ႔အျဖစ္က အယူခံဝင္ဖို႔ေတာင္ မလြယ္ကူေတာ့ဘူးဆိုတာကို သူဘယ္လို စကားလံုးေတြနဲ႔မ်ား ေျပာျပရမလဲ။

စစ္္နိုင္းေတြးေနရင္းျဖင့္ နွာေခါင္းမႊန္လာရကာ ေယာက္်ားတန္မဲ့ ငိုခ်င္လာရေတာ့သည္။

"မရေတာ့ဘူး ဒယ္ဒီ ျပန္ေျပလည္ဖို႔ ကြၽန္ေတာ္ ျကိဳးစားေနခ်ိန္မွာပဲ ျပႆနာေတြ ထပ္ထပ္တက္တာပဲ အဖတ္တင္တယ္ အခုေတာ့ အားလံုးေနာက္က်သြားၿပီ။ေဒါနက မသိတဲ့လူေတြလို ေနၾကရေအာင္လို႔ ေျပာတယ္"

ေျပာရင္းျဖင့္ အဆံုးသတ္မွာ အဖ်ားခတ္တုန္ယင္၍ တိုးတိမ္ဝင္သြားေသာ စစ္နိုင္း၏ ေလသံကို နားေထာင္ေနရင္း ဦးေနစစ္ သက္ျပင္းေမာမ်ားကို ဘယ္နွႀကိမ္ေျမာက္မွန္းမသိ ခ်မိေတာ့သည္။

"ေဒါနကိစၥနဲ႔ ပတ္သတ္ၿပီး ဒယ္ဒီအမ်ားႀကီး ဝင္မစြက္ဖက္ခ်င္ဘူး။ကိုယ့္စ္ိတ္ကိုယ္ပဲ ျမင္ေအာင္ၾကည့္ပါသား.."

"..."

"မင္းမာမီ အေပၚကိုလည္း ၿငိဳျငင္အျပစ္မတင္ေစခ်င္းဘူး သား"

"..."

နႈတ္ခမ္းကို ခပ္ဖိဖိကိုက္၍ ၿငိမ္သက္ေနေသာ သားျဖစ္သူ၏ ပံုစံကို ၾကည့္၍ ဦးေနစစ္က စစ္နိုင္း၏ ေခါင္းေလးအား ေခ်ာ့ေမာ့သလို ခပ္ဖြဖြ ပြတ္သပ္ၿပီးေတာ့မွ...

"တကယ္ေတာ့ သားရဲ႕ျဖစ္တည္မႈကို သိသိလိုက္ရျခင္းမွာ ဒယ္ဒီကိုယ္တိုင္ေတာင္ လက္မခံနိုင္ခဲ့တာ ငယ္ငယ္ေလးထဲက သားကို စံနႈန္းစံထားေတြနဲ႔ စနစ္တက် ျပဳစုပ်ိဳးေထာင္ခဲ့ရတဲ့ သားအေမ လက္မခံနိုင္ဘူး ဆိုတာဟာ သဘာဝက်ပါတယ္။သားအေမက သားအစ္မထက္ကို သားရဲ႕အေပၚမွာ ပိုၿပီး ေမ်ွာ္လင့္ခ်က္ႀကီးခဲ့တာ။နဂိုထဲက ဥစၥာဂုဏ္ ပညာဂုဏ္နဲ႔ မာနကိုမိုးထိေနတဲ့ မိန္းမတစ္ေယာက္ဟာ သားသမီးေဇာနဲ႔ အတၲေတြဖံုးလႊမ္းၿပီး ေလာင္ၿမိွဳက္ေနရတာပါ။အဲ့ဒါမလို႔ နိုင္ရာဖိတဲ့သေဘာနဲ႔ တဖက္ကို ခ်ိဳးနွိမ္ေစာ္ကားသလို ျဖစ္ခဲ့ရတာ"

ဦးေနစစ္က စကားအရွည္ႀကီး ေျပာလိုက္ရ၍ ေမာသြားဟန္ျဖင့္ ခဏရပ္ၿပီးေတာ့မွ..

"သူမွားတယ္ဆိုေပမဲ့ သားအေပၚခ်စ္တဲ့စိတ္နဲ႔ အတၲလြန္ကဲၿပီး မွားရတဲ့အမွားပါ။သူက သားက္ုိ ခ်ိဳ႕ယြင္းခ်က္ကင္းၿပီး ၿပီးျပည့္စံုေစခ်င္တာ။ၿပီးျပည့္စံုေစခ်င္တယ္ ဆိုလို႔ သားရဲ႕လိင္စိတ္ခံယူခ်က္ကို ခ်ိဳ႕ယြင္းခ်က္ပါလို႔ ဒယ္ဒီေျပာခ်င္တာ မဟုတ္ဘူးေနာ္။ေ႐ွးထံုးထမ္းေတြရဲ႕ လႊမ္းမိုးမႈနည္းနည္းေလး ရွိေနတဲ့ သားအေမအတြက္ လက္မခံနိုင္စရာ ျဖစ္ေနတယ္ဆိုတာကို ေျပာျပတာ.."

"ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္ အရမ္းစိတ္ပ်က္မိတယ္။ ကြၽန္ေတာ္ တသက္လံုး ရိုေသေလးစားခဲ့ရတဲ့ မာမီက ဒီလိုလူမ်ိဳးမဟုတ္ဘူး။အနည္းဆံုးေတာ့ ကြၽန္ေတာ့္ကို နားလည္ေပးၿပီ ကြၽန္ေတာ့္ခံယူခ်က္ကို လက္ခံေပးနိုင္မယ္လို႔ ထင္ခဲ့တာ။အခုေတာ့ ေဒါနအေပၚမွာလည္း စကားေတြလြန္ကြၽံကုန္ၿပီ။အဲ့ဒါေၾကာင့္မလို႔ အခုေလာေလာဆယ္ဆယ္ေတာ့ မာမီနဲ႔မ်က္နွာမဆိုင္ခ်င္ေသးဘူး ဒယ္ဒီ"

သားျဖစ္သူ၏ စကားေၾကာင့္ ဦးေနစစ္ သက္ျပင္းေမာႀကီးကို ခ်မိကာ..

"သားစိတ္ကို ဒယ္ဒီနားလည္ပါတယ္။ဘာပဲျဖစ္ျဖစ္ ဒီလိုမ်ိဳး အခန္းႀကီးထဲမွာ ပိတ္ေလွာင္ေနလို႔ မၿပီးဘူးေလ သားစိတ္ကို သားဖာသာေသခ်ာအေျဖရွာၿပီး ျပန္တည္ေဆာက္ပါလို႔ပဲ ထပ္ေျပာခ်င္တယ္ ကဲ နားလိုက္အံုး.."

ဦးေနစစ္က သားျဖစ္သူ၏ ပခံုးအား ခပ္ဖြဖြပုတ္၍ စစ္နိုင္းဆီမွ တံု႔ျပန္စကားကို မေစာင့္ေတာ့ပဲ ေနရာမွ ထထြက္သြားေလေတာ့သည္။

ဖခင္ျဖစ္သူ ထြက္သြားၿပီးေတာ့မွ ဖခင္ ေျပာသြားေသာ "ဒုတိယအႀကိမ္ ျပန္စဖို႔ အခြင့္အေရးဆိုတာ ရွိတက္တယ္.."ဆုိတဲ့ စကားကို နားထဲမွာ အျကိမ္ႀကိမ္ ပဲ့တင္ထပ္၍ ျပန္ၾကားေနမိေလသည္။

!ဟုတ္တယ္ သူ႔အတြက္ ဒုတိယအခြင့္အေရးဆိုတာ ရွိနိုင္ပါတယ္!

!မရွိရင္လည္း ရွိလာေအာင္လို႔ သူႀကိဳးစားဖန္တီး ယူရမယ္!

!သူ ေဒါနကို မစြန္႔လႊတ္နိုင္ဘူး။အဆံုးအရွံဳးမခံနိုင္ဘူး။သူ႔အနားမွာ ေဒါနမရွိလို႔ မျဖစ္ဘူး။ေဒါနကို သူလိုအပ္တယ္။သူ႔စိတ္ရဲ႕ ရာသီဥတုတိုင္းဟာ ေဒါနဆီမွာပဲ ျမစ္ဖ်ားခံတယ္။အဲ့ဒါေၾကာင့္မလို႔ ေဒါနနဲ႔ ဒီအတိုင္းႀကီး ဇာတ္သိမ္းမသြားခ်င္ဘူး။သူထပ္ႀကိဳးစားၾကည့္သင့္တယ္!

အေတြးတို႔နွင့္အတူ နွလံုးသားဟာ ေမ်ွာ္လင့္ခ်က္ေတြ တဖန္ျပန္ ရွင္လာရင္း အားအင္ေတြ ျပည့္ဝလာသည့္နွယ္။ေဒါနကို ေနာက္တစ္ခါ ပိုင္ဆိုင္ရဖို႔ ထပ္ႀကိဳးစားမယ္လို႔ ေတြးလိုက္ယံုနဲ႔ သူ႔နွလံုးသားထဲမွာ ေပ်ာ္႐ႊင္ျခင္းေတြ အားအင္ေတြ ရုတ္ခ်ည္ျပည့္ဝသြားရသည္။တကယ္သာ ပိုင္ဆိုင္လိုက္ရလ်ွင္ေတာ့ ဒီကမၻာမွာ အေပ်ာ္႐ႊင္ဆံုးလူသားဟာ သူပါလို႔ ဂရင္းနစ္စံခ်ိန္ဝင္သြား လိမ့္မည္ထင္သည္။

                ***
ဗုန္းဗုန္းလဲက်၍ တစစီျပန္႔က်ဲေနေသာ စိတ္အေၾကတုိ႔ကို တစ္ခုစီျပန္ေကာက္ စုစည္း၍ အားတင္ကာ အိမ္မွထြက္လာခဲ့ၿပီး ဘားမွာေတြ႕ၾကဖို႔ ထင္ေက်ာ္အား ဖုန္းဆက္လွမ္းခ်ိန္းလိုက္ေတာ့သည္။ဒီတစ္ခါေတာ့ ထင္ေက်ာ္လည္း ဘာဘာညာညာ အေၾကာင္းမျပပဲ ခ်က္ခ်င္း ေရာက္လာရွာသည္။ထင္ေက်ာ္ေရာက္လာေတာ့ စစ္နိုင္းက ပုလင္းေတာင္ တစ္ဝက္က်ိဴးေနၿပီ ျဖစ္သည္။

"ဟ တစ္ေယာက္ထဲၿဖိဳေနတာ ခဏေတာင္မေစာင့္နိုင္ဘူးလား ႏြား.."

ထင္ေက်ာ္က သူ႔ထံုးစံအတိုင္း အသံဝါႀကီးျဖင့္ အာေပါင္အာရင္းသန္သန္ ေျပာ၍ ခံု၌ ဝင္ထိုင္ေတာ့ စစ္နိုင္း တံု႔ျပန္ေျပာမေနပဲ ေမးဆတ္ျပလိုက္ျခင္းျဖင့္သာ တံု႔ျပန္ျဖစ္သည္။

"ဘာေတြျဖစ္ေနတာလဲ ဒီရက္ထဲ ေဆးရံုလည္းမလာဘူး..."

ထင္ေက်ာ္ ေျပာေတာ့ စစ္နိုင္းက အရက္ခြက္ကို ခပ္လႈပ္လႈပ္ကိုင္ထားရင္းျဖင့္...

"အင္း..."

စစ္နိုင္း၏ မပြင့္တပြင့္ အင္းသံေၾကာင့္ ထင္ေက်ာ္ မ်က္ခံုးပင့္သြားရကာ...

"ဟ ဘာအင္းတာလဲ ေျပာျပစရာရွိလို႔ဆို..."

ထင္ေက်ာ္ေျပာေတာ့ စစ္နိုင္းက အသင့္စပ္ထားၿပီးေသာ အရက္ခြက္အား လွမ္းေပးၿပီးမွ

"ဟ ေျပာမွာေပါ့ ဘာျဖစ္ေနတာလဲ..."

ထင္ေက်ာ္က စစ္နိုင္းကမ္းေပးေသာ အရက္ခြက္ကို ဆြဲယူ၍...

"ဘာလဲ အိုႀကီးအိုမနဲ႔ အသဲဟက္တက္ကြဲေနတာလား..."

ထင္ေက်ာ္၏ ဒက္ထိစကားေၾကာင့္ စစ္နိုင္း အရိႈက္ထိသြားရေတာ့ူည္။စိတ္ေတြအဆင္မေျပဘူး ဆိုေပမဲ့လည္း ဒါကိုအသဲကြဲတယ္လို႔ ေခါင္စဥ္းတက္ဖို႔ကလည္း သူနွင့္ေဒါနဟာ ခ်စ္သူလိုဆက္ဆံေရးကေန ျပတ္စဲခဲ့ၾကတာမွ မဟုတ္တာ...

"ဘာကို အသဲကြဲရမွာလဲ ဒီအတိုင္း နားလည္မႈေတြလြဲၿပီး ျပႆနာေတြ ႀကီးထြားကုန္တာ.."

"မင္းရဲ႕ အစိမ္းေလးနဲ႔လား..."

"ဟ သူနဲ႔မဟုတ္လို႔ ဘယ္သူရွ္ိေသးလို႔လဲ ရႈပ္ရႈပ္ယွက္ယွက္ နွစ္ပင္လိမ္တဲ့ကိစၥေတြ မလုပ္ဘူး ေဟ်ာင့္"

စစ္နိုင္းေျပာေတာ့ ထင္ေက်ာ္က ခပ္ဟဟရယ္ကာျဖင့္....

"ေအး မင္းအသက္အ႐ြယ္နဲ႔လည္း လိမ္ခ်င္လို႔လည္း မရေတာ့ပါဘူး အိုေနၿပီ.."

"ငါxိုးမ xီးမလို႔ ဒီအသက္ပဲလာေျပာေနတာလား မင္းနဲ႔ငါ႐ြယ္တူပဲ ဘိန္းစားခ်င္း တစ္မူးပိုရႈခ်င္မေနနဲ႔.."

စစ္နိုင္း ခပ္တိုးတိုး ဆဲေရးေတာ့ ထင္ေက်ာ္ ခပ္ႀကိတ္ႀကိတ္ ရယ္ရင္းျဖင့္...

"မင္းညစ္ေနတာ သိလုိ႔ တမင္ေလ်ွာက္ေျပာေနတာပါကြာ ေျပာ ဘာျဖစ္ၾကလို႔လဲ.."

ထိုအခါမွ စစ္နိုင္း၏ မ်က္နွာလည္း ပို၍ တည္တံံ့သြားရၿပီ....

"ဒီလိုကြာ××××××"

ျပႆနာအစအဆံုးကို စီကာပတ္ကံုး ေျပာျပလိုက္ေတာ့ ထင္ေက်ာ္ တစ္ေယာက္ အံ့ၾသတႀကီး ပါးစပ္ႀကီးဟလ်ွက္ နားေထာင္ေနၿပီးေတာ့မွ....

"ဟ အဲ့ဒီေလာက္အထိ ျဖစ္ကုန္တာလား..."

"ဟုတ္တယ္ ငါလဲေတာ္ေတာ္ စိတ္ဆင္းရဲတယ္ တကယ္ ဘဝမွာ ဒီေလာက္အထိ ႀကီးႀကီးမားမား စိတ္ဆင္းရဲခဲ့ရတာမ်ိဳး တခါမွမရွိခဲ့ဖူးဘူး ေသခ်င္တဲ့စိတ္ေတြနဲ႔ လူက တကယ္ကိုရူးေၾကာင္ေၾကာင္ပဲ"

ၿငီးျငဴေနေသာ စစ္နိုင္း၏ စကားေၾကာင့္ ထင္ေက်ာ္ မ်က္ခံုးတို႔ ပင့္သြားရၿပီးေတာ့မွ...

"အဲ့ဒီေတာ့ မင္းတကယ္ႀကီး ခ်စ္မိသြားတာေပါ့..."

"ဘာရယ္...."

ထင္ေက်ာ္၏ စကားေၾကာင့္ စစ္နိုင္း အာေမဋိတ္သံ ျပဳမိေတာ့သည္။ခ်စ္မိသြားတာလား ဆိုေတာ့လည္း ဒါကို သူမစဥ္းစားခဲ့မိေပ။သူသ္ိတာက ေဒါနနွင့္ ဒီဆက္ဆံေရးကို မရပ္တန္႔လိုက္ခ်င္ဘူး။ေဒါနကို လက္လႊတ္ဆံုးရံႈးမခံနိုင္ဘူး။ဒါပဲျဖစ္သည္။ဘာေၾကာင့္ဆိုတဲ့ ဇစ္ျမစ္ေတာ့ တခါမွ မေတြးၾကည့္ခဲ့မိေပ။

"ခ်စ္တာမခ်စ္တာေတြ ငါမသိဘူး တခါမွလည္း မေတြးဖူးဘူး ငါသိတာက ငါသူ႔ကို အဆံုးအရံႈးမခံနိုင္ဘူး။သူ႔မရွိလို႔ မျဖစ္ဘူး။သူသာ ငါ့အနားမွာမရွိရင္ ငါ့ဘဝတစ္ခုလံုး ဘယ္လိုမွကို ေကာင္းေကာင္းမြန္မြန္ မလည္ပတ္နိုင္ပဲနဲ႔ စုတ္ျပတ္သြားမွာ အေသအခ်ာပဲ"

!ေအာ္ ခ်စ္လားမခ်စ္လား မသိလို႔သာပဲ။သိမ်ားသိသြားရင္ေတာ့ ဟန္စစ္နိုင္းတို႔ ပုဆိုးမကပ္နိုင္ေအာင္ သြက္သြက္ခါသြားနိုင္သည့္ပံု!

"ဒီေလာက္အထိ ေသေကာင္းေပါင္းလဲ ျဖစ္ေနရဲ႕နဲ႔ ဘာလို႔အဲ့ဒီလို စကားေတြ လြန္ကြၽံကုန္ေအာင္ ေလ်ွာက္ေျပာခဲ့ရတာလဲ.."

"ငါလည္း အေျခအေနေတြ အဲ့ေလာက္အထိ ဆိုးသြားမယ္လို႔ မထင္ခဲ့တာ ငါတို႔ရဲ႕ ဆက္ဆံေရးက fuck buddyသေဘာမ်ိဳးေလ အဲ့ဒါေၾကာင့္မလို႔ ဒီလိုစကားေတြဟာ သူ႔အေပၚမွာ ဒီေလာက္အထိ သက္ေရာက္မႈ မရွိန္ိုင္ဘူး ျပန္ေျဖရွင္းလို႔ ရမွာပဲလို႔ ထင္ခဲ့တာ.."

စစ္နိုင္း ေျပာတာကို နားေထာင္ေနရင္းျဖင့္ ထင္ေက်ာ္ တရားက်သလိုမ်ိဳး ေခါင္းတဆတ္ဆတ္ ၿငိမ့္ေနမိၿပီးမွ....

"ေစာက္ရူးလို႔ ေျပာရင္လည္း နာအံုးမယ္ ဟန္စစ္နိုင္း ဟန္စစ္နိုင္း ရည္းစားေတြလည္း မထားခဲ့ဖူးတာ မဟုတ္ဘူး က်ားက်ားမမ မေရွာင္ အကုန္ကုတင္ေပၚ ဆြဲတင္ခဲ့တဲ့ေကာင္က အခုအခ်ိန္အထိ အခ်စ္ဆိုတာကို ဘာမွန္းမသိေသးဘူးတဲ့..."

"မင္းေမ့××× ဘာဆိုင္လဲ အဲ့ဒါနဲ႔..."

စစ္နိုင္း ဆဲေရးတိုင္းထြာရင္း ေျပာေတာ့....

"ဟ မဟုတ္လို႔လား အခ်စ္ဆိုတဲ့ ခံစားခ်က္ကို ဒီအသက္အ႐ြယ္အထိ ေရာက္ေနၿပီ ကြဲကြဲျပားျပား မသိေသးဘူးဆိုေတာ့ မင္းတစ္ျပားမဟုတ္ဘူး ျပား၃၀ေလာက္ လုိေနတာပဲ ျဖစ္ရမယ္.."

"xီး..."

စစ္နိုင္း ထပ္မံဆဲေရးေသာ္လည္း ထင္ေက်ာ္ကေတာ့ မမႈပါပဲ အကြက္ဝင္တုန္း အျပတ္အသတ္နွိမ္ဖို႔ စိတ္ကူးေတြပဲရင့္သန္ေနပံုရကာ...

"လက္လႊတ္မခံနိုင္ပါဘူး ဆံုရံႈးမခံနိုင္ပါဘူး သူမွမရွိရင္ ဘဝႀကီးတစ္ခုလံုး ပ်က္စီးသြားပါေတာ့မယ္ဆိုတဲ့ ခံစားခ်က္က အခ်စ္မဟုတ္လို႔ ဘာလဲ ေစာက္ရူးရဲ႕..."

!အခ်စ္မဟုတ္လို႔ ဘာလဲ...!

ထင္ေက်ာ္ ဖိသိပ္ေျပာေနတဲ့ စကားေတြကိုလည္း စစ္နိုင္း ျပန္လွန္ေခ်ပေနဖို႔ မစြမ္းေတာ့ပါ။မ်က္နွာေလးငယ္၍ ငိုင္ေတြ တိတ္ဆိတ္သြားေသာ စစ္နိုင္းအား ၾကည့္ကာ ထင္ေက်ာ္ သက္ျပင္းရိႈက္ၿပီးေတာ့မွ...

"အရမ္းစိတ္ညစ္မေနပါနဲ႔ မင္းရဲ႕စကားေတြအတြက္ သူဒီေလာက္အထိ ထိရွသြားတယ္ဆိုတာဟာ အဲ့ဒီေကာင္ေလးကလည္း မင္းအေပၚမွာ sex partnerထက္ ခံစားခ်က္မ်ိဳးရွိေနလို႔ပဲ။သူလည္း မင္းအေပၚ ခံစားခ်က္ရွိေနလို႔ ဒီေလာက္အထိ ထိခိုက္ခံသြားရတာ။မင္းအတြက္ ဒုတိယအခြင့္အေရး ဆိုတာရွိအံုးမွာပါ ငါ့ေကာင္ရာ.."

ေဒါနက သူ႔အေပၚ ခံစားခ်က္ရွိလား မရွိလား သူမသိဘူး။တခါမွလည္း မေတြးဖူးဘူး။အခု သူသိတာက ေဒါနကို ခ်စ္တယ္။ဟုတ္တယ္ ဒီခံစားခ်က္ကို အခ်စ္လို႔ ေခါင္းစဥ္တပ္လို႔ ရတယ္ဆိုလ်ွင္ သူ ေဒါနကို တကယ္ႀကီး ခ်စ္တယ္။

ထိုသို႔ေတြးမိေတာ့ ရင္ဘတ္ထဲမွာ အေႏြးစီးေၾကာင္းေလး တစ္ခုဟာ ျဖတ္စီးေလသည္။ေဒါနကို ခ်စ္တယ္လို႔ ေတြးလိုက္ရယံုျဖင့္ ရင္ထဲမွာ ယားက်ိက်ိ ျဖစ္လာရကာ ၾကည္ႏူးျခင္းေတြဟာ လိႈက္တက္လာရေတာ့သည္။အရက္ခြက္က္ုိ ကိုင္ထားရင္း နႈတ္ခမ္းဖ်ားတို႔ပါ အလိုအေလ်ာက္ တြန္႔ေကြးၿပံးမိသည္။ခ်စ္တယ္ဆိုေသာ ခံစားခ်က္နွင့္အတူ အစိမ္းေရာင္ မ်က္ဝန္းေလးေတြကို ျပန္ေတြးမိေတာ့ စစ္နိုင္း၏ မ်က္ဝန္းေတြ တဖိတ္ဖိတ္ေတာက္လာရေတာ့သည္။

ေဒါနကို တစ္ခါမွ ခ်စ္တယ္လို႔ မေတြးခဲ့ဖူးေပမဲ့ အခု ခ်စ္ေနတာလား ခ်စ္တယ္လို႔ ေတြးလိုက္မိခ်ိန္မွာေတာ့ ေဒါနဟာ သူ႔နွလံုးသားရဲ႕ ဟိုးအနက္ရိႈင္းဆံုး ေနရာမွာ အျမစ္တြယ္၍ နွလံုးသားတစ္ခုလံုးအျပည့္ ရွင္သန္စိုးမိုး ျခယ္လွယ္ေနၿပီ ျဖစ္ေလသည္။

!အမွန္ေတာ့ မင္းက ကိုယ္တသက္လံုး အမွတ္တရ သိမ္းထားခ်င္မိတဲ့ အစိမ္းေရာင္ေပ်ာ္႐ႊင္ျခင္းေလး ျဖစ္မွန္းမသိ ျဖစ္ေနခဲ့ၿပီ ေဒါန...!

                ***

"ဟာ ရွမ္းေခါက္ဆြဲပါလား တပည့္ႀကီးက အလိုက္သိတယ္ကြာ..."

ေကာင္တာစားပြဲေပၚမွ ပူပူေႏြးေႏြး ရွမ္းေခါက္ဆြဲထုပ္ကို လွန္ေလ်ာၾကည့္ေနရင္းျဖင့္ ေဒါနေျပာေတာ့ ကိုျမတ္က လွည့္ၾကည့္လာၿပီးေတာ့မွ...

"ဘာကိုအလိုက္သိရမွာလဲ မင္း ဘဲႀကီး လာပို႔သြားတာ.."

ကိုျမတ္၏ စကားေၾကာင့္ ေဒါန မ်က္ခံုးတို႔ တြန္႔သြားရၿပီးေတာ့မွ..

"ဘာဘဲလဲ.."

"ဘဲမဟုတ္ဘူး မင္းလင္ မင္းလင္ ပါရဂူႀကီး..."

ကိုျမတ္ေျပာေတာ့ ေဒါနက..

"xီးျဖစ္ေနလား ငါxိုးမသား...."

ေဒါန ျပစ္ျပစ္နွစ္နွစ္ဆဲ၍ အထုပ္ကို တဖက္သုိ႔ဖယ္ျပစ္ေတာ့.

"ေစာေစာစီးစီး ဆိုင္လာဘ္တိတ္တယ္ ငါxိုးမသားေလး လစ္စမ္း..."

ကိုျမတ္ကလည္း တစ္ခြန္းမွမခံပဲ ျပန္ဆဲေတာ့ ေဒါန လက္ခလယ္ ေထာင္ျပၿပီးမွ...

"ေဟ်ာင့္ ဖိုးနီ ေရာ႕ လာယူ...."

ဖိုနီးတို႔ကို လွမ္းေခၚ၍ ရွမ္းေခါက္ဆြဲထုပ္အား ကမ္းေပးလိုက္တာမလို႔...

"ဟ မင္းအတြက္ လာပို႔ထားတာ မစားဘူးလား...."

"မစားဘူး..."

ေဒါန အသံျပတ္ျဖင့္ ေျပာ၍ ဆိုင္အေနာက္ဖက္သို႔ ဝင္သြားၿပီမလို႔
ကိုျမတ္ မ်က္ခံုးပင့္၍ ေစာင့္ၾကည့္အံုးမယ္ ဆိုေသာ သေဘာျဖင့္ မဲ့လိုက္ေတာ့သည္။ေဒါနက အေနာက္ဖက္သုိ႔ လွမ္းလာခဲ့ရင္း ဒီလူေတာ့ ဘာေတြ အကြက္ေ႐ႊ႕ဖို႔ လုပ္ေနျပန္ၿပီလဲ မသိဘူးဟု ေတြးေနမိသည္။

ဟန္စစ္နိုင္း၏ ဘာမွန္းမသိတဲ့ မနက္စာပို႔တဲ့ အစီအစဥ္က တစ္ရက္နွစ္ရက္ျဖင့္ ရပ္မသြားပဲ အခုဆုိ ၁၀ရက္ေက်ာ္လို႔ ၁၅ေလာက္ေတာင္ ရွိေနၿပီျဖစ္သည္။ဒီရက္အတြင္းမွာ နွစ္ေယာက္သားက မ်က္နွာခ်င္းမဆိုင္မိ လူခ်င္းမဆံုမိၾကေပမဲ့ မနက္အခ်ိန္တန္ရင္ေတာ့ ဆိုင္ရဲ႕ေကာင္တာစားပြဲေပၚမွာ မနက္စာက အဆင္သင့္ ေရာက္ေနတက္သည္။ထိုမနက္စာတိုင္းကလည္း သူနွစ္သက္တက္တဲ့ စားစရာမ်ိဳးသာ ျဖစ္ေနတက္တာလည္း ထူးဆန္ေလသည္။တခ်ိဳ႕ဟာေတြဆို ရန္ကုန္မွာ ရနိုင္ဖို႔ ခက္ခဲေသာ မနက္စာမ်ားပင္ ပါေလသည္။ဒီလူက ဘာသေဘာနဲ႔ ဒီလိုေတြ လာပို႔ေနလဲ မသိေသာ္ျငား ရက္ၾကာလာေတာ့ သူမရွိသည့္ အခ်ိန္ကိုမွ တမင္ေ႐ြး၍ လာပို႔တယ္ဆိုတာကို သတိျပဳမိသည္။တခါတေလ ဆိုင္ကို ေစာေစာေရာက္တက္ေသာ္လည္း မနက္စာသာ ေရာက္လာတက္ၿပီး ဟန္စစ္နိုင္း၏ အရိပ္ကိုေတာင္မျမင္ရ။

ဒီလိုမ်ိဳး မနက္စာလာပို႔ရေနရေအာင္ သူက မနက္စာမစားနိုင္တဲ့သူမဟုတ္။ကေလးတစ္ေယာက္လို မုန္႔ေကြၽးၿပီး ေခ်ာ့ေမာ့ေနတယ္လို႔ ေျပာရေအာင္လည္း သူတို႔ၾကားမွာ ေခ်ာ့ရေလာက္မဲ့ ဆက္ဆံေရးမ်ိဳး ရွိခဲ့တာလည္းမဟုတ္။ဟန္စစ္နိုင္း ဘာအကြက္ေ႐ြ႕ခ်င္ေနတာလဲ သူတကယ္ နားမလည္နိုင္ေတာ့။အစကေတာ့ လ်စ္လ်ွဴရႈလိုက္ဖို႔ ေတြးထားေပမဲ့ အခုလိုမ်ိဳး ရက္ဆက္ျဖစ္လာေတာ့ ဆိုင္က ကေလးေတြကလည္း မနက္စာေရာက္လာတာနွင့္ ၿပံဳးစိၿပံဳးစိ ျဖစ္တက္လာသလို ကိုျမတ္တို႔ကလည္း မထိတထိျဖင့္ စသလိုလို ေနာက္သလိုလို။ေယာက္်ားရင့္မာႀကီး တစ္ေယာက္ျဖစ္ေနရဲ႕နဲ႔ အားနည္းသည့္လူလိုမ်ိဳး မ်ိဳးတူေယာက္်ားတစ္ေယာက္က ဘာမွန္းမသိတဲ့ သေဘာထားမ်ားျဖင့္ မနက္စာလာပ္ု႔ိ ဂရုစိုက္သလိုလို ဘာလိုလို လုပ္ေနတဲ့ အေျခအေနႀကီးမွာ သူတကယ္အဆင္မေျပေတာ့ေပ။
ထို႔ေၾကာင့္ ဒီလူကို တစ္ရက္ေတာ့ အမိဖမ္းၿပီး ဒီျပႆနာကို ေျဖရွင္းမွ ရေတာ့မည္။

                ***

ကားေပၚကေန ရိႈးစမိုး အျပည့္ျဖင့္ ဆင္းလာရင္း လက္ထဲမွာ မနက္စာအထုပ္ကို ဂရုတစိုက္ကိုင္၍ လမ္းေလ်ွာက္လာပံုက အရင္အတိုင္း ၾကည္ေကာင္းေနဆဲပင္။သို႔ေပမဲ့ ေသခ်ာသတိထား ၾကည့္ရင္ေတာ့ မ်က္နွာက အနည္းငယ္ ႏြမ္းဖတ္ေနတာကို ျမင္ရသည္။ ဆံပင္ေတြလည္း အရင္လို တိုကပ္ကပ္ မဟုတ္ေတာ့ပဲ အနည္းငယ္ရွည္လို႔ ေနသည္။အၿမဲတမ္း ရွင္းသန္႔ေနေအာင္ စနစ္တက် ရိတ္သင္ထားတက္တဲ့ မုတ္ဆိတ္ က်င္စြယ္ေတြကလည္း ဟိုတစ္စ ဒီတစ္စျဖင့္ အနည္းငယ္ သိသာေနေလသည္။မေတြ႕ရတဲ့ လဝက္အတြင္းမွာ ဟန္စစ္နိုင္း၏ ပံုစံက အနည္းငယ္ ဖရိုဖရဲျဖစ္ေနေသာ္ျငားလည္း ၾကည့္ေကာင္းေနဆဲ ဆိုတာေတာ့ ျငင္းမရ။အကြာအေဝးတစ္ခုမွ နွစ္ေယာက္သား မ်က္နွာခ်င္းဆိုင္ ရတ္တရက္ ဆံုမိခ်ိန္မွာေတာ့

"ဟင္ ေဒါန ကိုယ္..."

မ်က္နွာထားတင္းတင္းျဖင့္ မ်က္ခံုးတုိ႔ တြန္႔ကုပ္၍ ခပ္စူးစူးအၾကည့္မ်ားျဖင့္ ထီးထီးႀကီးရပ္ၾကည့္ေနေသာ ေဒါနအား ဆိုင္ေရွ႕မွာ ေတြ႕လိုက္ရ၍ စစ္နိုင္း ထိတ္ကနဲ ျဖစ္သြားရကာ လက္ထဲမွ အထုပ္ကိုပါေယာင္ယမ္း၍ ေနာက္သို႔ကြယ္လိုက္မိ၏။

"ဒီေန႔ေရာ မနက္စာ လာပို႔တာပဲလား.."

"..."

"ေနပါအံုး မသိလို႔ေမးပါရေစအံုး ခင္ဗ်ားက ဘာရည္႐ြယ္ခ်က္နဲ႔ ဒီလိုေတြ လုပ္ေနတာလဲ။ဒီလိုမ်ိဳး ေန႔တိုင္း မနက္စာလာပို႔ေနတဲ့ အဓိက အေၾကာင္းအရင္းက ဘာလဲ"

ေဒါနဆီမွ ေအးစက္ျပတ္ေတာင္းစြာ ခပ္တင္းတင္း ထြက္လာေသာ ေလသံေၾကာင့္ စစ္နိုင္း ဘာျပန္ေျပာရမလဲ မသိပါပဲ အလိုလို ဝမ္းနည္းစိတ္တို႔ လိႈက္တက္လာရေတာ့သည္။မေတြ႕ရတာ ၾကာၿပီျဖစ္တဲ့
ေဒါနရဲ႕ မ်က္နွာႏုႏုေလးကို အလြမ္းေျပလို ေျပျငား အတိုးခ်ၾကည့္ေနမိတာ မ်က္ေတာင္ခတ္လိုက္ဖို႔ေတာင္ နွေျမာေနမိသည့္အထိ။

"မုန္႔ေပးေတာင္းပန္လို႔ ေက်နပ္တက္တာ ကေလးပဲရွိတယ္ေနာ္။က်ဳပ္က ကေလးမဟုတ္ဘူး။ဘာလဲ မုန္႔ေပးေခ်ာ့ၿပီး က်ဳပ္နဲ႔ျပန္အိပ္ခြင့္ရဖို႔ ေမ်ွာ္လင့္ေနတာလား။sexတစ္ခုအတြက္နဲ႔ ဒီေလာက္ အခ်ိန္ျဖဳန္းစရာ လိုလို႔လား။ဒါမ်ိဳးက က်ဳပ္ဆီကမရလည္း ခင္ဗ်ားအတြက္ မရွားပါဘူး။ဘာလို႔မ်ား က်ဳပ္ကို အသဲအသန္ လာျဖစ္ေနတာလဲ။က်ဳပ္တို႔ရဲ႕ ဆက္ဆံေရးကို က်ဳပ္ဖက္က စၿပီး ရပ္လိုက္ၿပီလို႔ ဟိုတစ္ေန႔ထဲက ရွင္းရွင္းလင္းလင္း ေျပာခဲ့ၿပီးၿပီး မဟုတ္လား ဟန္စစ္နိုင္းရဲ႕"

မထီတရီ အႁပံဳးမ်ားျဖင့္ ခပ္ေငါ့ေငါ့ ေျပာေနေသာ ေဒါနအား စစ္နိုင္း လြမ္းဆြတ္စြာ ခပ္ေငးေငးၾကည့္ေနရင္း ဘာမွလည္း ျပန္မေျပာမိ။ျပန္ေျပာဖို႔လည္း သူ႔မွာသင့္ေတာ္တဲ့ စကားလံုးမရွိ။သူအခုလို လာတာဟာ အိပ္ရာေပၚက ကိစၥအတြက္ မဟုတ္။သူ႔ရင္ထဲက လြမ္းဆြတ္ရတဲ့ ခံစားခ်က္သပ္သပ္ေၾကာင့္သာျဖစ္သည္။ေဒါနကို သူ ခ်စ္သည္။ဒီလိုမ်ိဳးေလး ျမတ္ျမတ္နိုးနိုး ဂရုစိုက္မႈေတြ ေပးခ်င္သည္။
အဲ့ဒါေတြကို ဘယ္လိုစကားလံုးမ်ိဳးနဲ႔ ေဒါနကို ေျပာျပရမလဲမသိ။သူေျပာျပရင္ေရာ ေဒါနက ယံုၾကည္နိုင္မွာတဲ့လား။

ကိုယ့္ဖက္ကသာ စကားေတြေျပာေနခဲ့တာ စစ္နိုင္းကေတာ့ ဘာမွျပန္မေျပာပဲ ေဆြးေျမ့၍ အလြမ္းရိပ္သမ္း ေနေသာမ်က္ဝန္းမ်ားျဖင့္ ဒီအတိုင္း ခပ္ေငးေငးၾကည့္ေနေသာ စစ္နိုင္း၏ ပံုစံေၾကာင့္ ေဒါန အိုးတိုးအမ္းတမ္း ျဖစ္သြားရသည္။ထိုအရာကို ဖံုးကြယ္ခ်င္၍ ဟန္ကိုယ္ဖို႔ကာ ေမးေၾကာမ်ာတင္းသည့္အထိ မ်က္နွာေၾကာကို တင္းပစ္လိုက္ရင္း....

"ဒီမွာ ဟန္စစ္နိုင္း က်ဳပ္တို႔ၾကားထဲမွာ ဘာကိစၥမွ မရွိခဲ့ဘူး။ေတာင္းပန္စရာေတြ ေက်ေအးစရာေတြ ခြင့္လႊတ္စရာေတြလည္း မရွိတဲ့အတြက္ ဒီလိုမ်ိဳးေတြ လုပ္ေနစရာမလိုဘူး။အဲ့ဒါမလို႔ ခင္ဗ်ားအခ်ိန္ေတြကို ဒီမွာလာျဖဳန္းမေနနဲ႔ေတာ့။ၿပီးေတာ့ ခင္ဗ်ားပို႔ေပးတဲ့ မနက္စာကိုလည္း က်ဳပ္မစားဘူး။အၿမဲလႊင့္ပစ္ရတာနဲ႔ သူမ်ားကိုေကြၽးရတာနဲ႔ ေစာက္လုပ္ေတြရႈပ္လြန္းလို႔ ေနာက္ထပ္လည္း လာမပို႔နဲ႔။က်ဳပ္တို႔နွစ္ေယာက္က အရင္လိုဆက္ဆံေရးကို ဘယ္လိုမွျပန္သြားလို႔ မရေတာ့ဘူး။ဘာမွ ေျပာင္းလဲသြားမွာမဟုတ္ေတာ့ဘူး။အဲ့ဒါေၾကာင့္ အပိုအလုပ္ေတြ မလုပ္နဲ႔ေတာ့"

စကားကို အျပတ္အသတ္ေျပာၿပီးတာနွင့္ ေဒါနက ေနရာမွ ခ်ာကနဲ လွည့္ထြက္သြားကာမွ စစ္နိုင္း လႈပ္လႈပ္ရွားရွား ျဖစ္သြားရေတာ့သည္။ဒီရက္ေတြထဲ ေဒါနက သူ႔ကိုမျမင္ခ်င္ဘူးဆိုတာေၾကာင့္ အဆင္မေျပေပမဲ့ ႀကိဳးစား၍ ေရွာင္ဖယ္ေနေပးခဲ့သည္။ေဒါနမပါဝင္တဲ့ ေန႔ရက္ေတြကို ေအာင့္အီး အားတင္းရင္း ေရွ႕ဆက္ေနရတာ ျဖစ္သည္။အခုလို ေတြ႕လိုက္ရေတာ့လည္း အလြမ္းေတြက ပို၍အားေကာင္း ေတာက္ေလာင္လာရကာ ခ်က္ခ်င္းကို ရင္ခြင္ထဲ ဆြဲေပြ႕ထားခ်င္စိတ္ေတြ တဖြားဖြား ျဖစ္ေနရေတာ့သည္။မ်က္စိေရွ႕ ျမင္ေနရင္းနဲ႔ေတာင္ လြမ္းဆြတ္သလို ခံစားေနရျပန္သည္။ဒီလူသားေလးကို သူ႔အနားမွာ တစ္စကၠန္႔စာေလာက္ျဖစ္ျဖစ္ ပိုရွိေနဖို႔ သူဘယ္လိုမ်ား လုပ္ရပါ့မလဲ။

!အခုအခ်ိန္မွာ သူ႔အတြက္ အခြင့္အေရးေသးေသးေလးပဲ ရွိမယ္ဆိုရင္ေတာင္ လက္မလႊတ္နိုင္ေတာ့ေပ!

စိတ္ထဲမွာ ေျဗာင္းဆန္ေအာင္ ေတြးေနရင္းျဖင့္ လွည့္ထြက္သြားေသာ ေဒါန၏ ေက်ာျပင္ေလးအားၾကည့္ကာ စစ္န္ိုင္း အလ်င္စလိုျဖင့္...

"ခ်စ္တယ္ ေဒါန...."

စကားသံ အဆံုုးမွာ ရပ္တန္႔သြားေသာ ေက်ာျပင္ေလးအား ၾကည့္ရင္း စစ္နိုင္း အသက္ေအာင့္၍ အားယူလိုက္ၿပီးမွ...

"ကိုယ္ မင္းကို ခ်စ္တယ္ ေဒါန"

#LahPhan

Unicode

"ဒေါက် ဒေါက် ဒေါက် ဟန်စစ်နိုင်း..."

တံခါးခေါက်သံနှင့် တဆက်ထဲ ထွက်ပေါ်လာသော မိခင်ဖြစ်သူ၏ အသံကြောင့် စစ်နိုင်း မျက်ခုံးတို့ကို တွန့်ကွေးကာ ကျစ်ကနဲ စုတ်သပ်မိလိုက်သည်။

"ဟန်စစ်နိုင်း မာမီခေါ်နေတာ ကြားတယ်မဟုတ်လား ဒီလိုပဲ အခန်းပိတ်နေလို့ မရဘူးနော် မင်း ဒီအတိုင်း ရေစုန်မျောနေလို့ ပြီးမှာလား အခုတံခါးဖွင့် ဒုန်း ဒုန်း ဒုန်း..."

တံခါးကို တဒုန်းဒုန်း ထုရိုက်သံနှင့်အတူ မိခင်ဖြစ်သူ၏ ဒေါသငွေ့ပါးပါး ပါသောအသံက နားစည်အထိ လွင့်ပျံလာသည်။အမှောင်ချထားသော အခန်းထဲမှာ ကုတင်ကို ကျောမှီ၍ ကြမ်းပြင်ပေါ် ခြေဆင်းထိုင်နေရင်း ပုလင်းထဲရှိ လက်ကျန်ထိုး မော့ချလိုက်၏။အခုအချိန်မှာ သူ ဘယ်သူနဲ့မှ ဘာစကားမှ မပြောချင်ပါ။ပြဿနာထပ်တက်ပြီးတဲ့ နေ့ထဲက အရက်ပုလင်းတွေ ဆွဲချယူလာပြီး အခန်းအောင်းနေမိတာ နေ့တွေရက်တွေ ဘယ်လောက်တောင် ဝါးမြိုကုန်ပြီလဲ မသိတော့။ဒေါန သူ့ဆီကို ဘယ်တော့မှ ပြန်မလာတော့ဘူးဆိုတာ သေချာနေပေမဲ့ သူလက်မခံရဲ လက်မခံနိုင်။ဒီအတိုင်း ရုတ်တရက်ကြီး ဇာတ်သိမ်းရတော့မဲ့ အဖြစ်ကို သူမယုံကြည်နိုင်ပေ။သူ့ရဲ့ အသုံးမကျမှုများကြောင့် ဒေါနကို အပြီးတိုင် စွန့်လွှတ်လိုက်ရပြီလို့ သိလိုက်ရချိန်မှာတော့ နှလုံးသားဟာ ဖန်ပုလင်းလေး ကျကွဲသလိုမျိုး အစိပ်စိပ် အမြွှာမြွှာ ကြေမွသွားခဲ့ပြီ ဖြစ်သည်။အရာအားလုံးဟာ နောက်ကျသွားခဲ့ပြီ။သူလိုကောင်အတွက် ဒီလိုဇာတ်သိမ်းကပဲ ပိုထိုက်တန်ပါတယ်။

ဒါပေမဲ့ သေလုမတက်နာကျင်ရတယ်။သေမိန့်ချခံထားရတဲ့ လူတစ်ယောက်လိုမျိုး သွေးပျက်နေရတဲ့ ခံစားချက်တွေနဲ့ မျှော်လင့်ချက်တွေလည်း ပျောက်ဆုံးနေရတယ်။sex partnerဆိုတဲ့ ဆက်ဆံရေးကို ဒေါနဖက်က တဖတ်သတ် လွယ်လွယ်ကူကူ ကျောခိုင်းထွက်သွား နိုင်ခဲ့ပေမဲ့ သူ့အတွက်တော့ ကျောခိုင်းလိုက်ဖို့ သေလောက်အောင် ခက်ခဲနေတယ်။ဒေါနကသာ သူ့ဘဝကို ကယ်တယ်နိုင်မဲ့ တစ်ခုတည်းသောအလင်း။ဒါပေမဲ့ သူကတော့ အဲ့ဒီအလင်းရဲ့ ဖြန့်ကျက်ရာ စည်းဝိုင်းအပြင်က အမှောင်ထုထဲမှာ။ထို့ကြောင့် ခံစားချက်တွေကို အရက်ဖြင့်စိမ်ရင် ပေါ့ပါးသွားလိုငြား အရည်ဖျော်ချသည်။စိတ်နှင့်ခန္ဓာ သတိကပ်မိတာနှင့် နာကျင်ကြေကွဲရတဲ့ ခံစားချက်က ဆတိုးနှိပ်စက်လွန်းလို့ မှောက်အောင်သောက်သည်။အရက်ပုလင်းနဲ့ မျက်နှာသစ်ရင်း အမှောင်ချထားတဲ့ အခန်းထဲမှာ နေ့မှန်းညမှန်းတောင် သတိမထားနိုင်တော့။

"ဟန်စစ်နိုင်း မာမီ သော့ဖွင့်ပြီး ဝင်လာတော့မှာနော် ဒုန်း ဒုန်း.."

"တော်တော့ နီလာ အခြေအနေတွေကို ပိုပြီးဆိုးအောင် ထပ်မလုပ်နဲ့တော့..."

တံခါးကို ထုရိုက်နေသော သူမ၏ လက်များကို ခင်ပွန်းသည်က ဆုပ်ကိုင်ဖယ်ချတော့ သူမငိုချင်လာရတော့သည်။သားက အခန်းထဲမှာအောင်းနေတာ ၅ရက်တောင် ရှိပြီလေ။ပထမတုန်းကတော့ ဒီပြဿနာက ပြီးသွားမှာ။စိတ်ရှုပ်နေလို့ ခဏတာ breakယူတာလို့ သူမ ခပ်ပေါ့ပေါ့ တွေးထားခဲ့တာဖြစ်သည်။ဒါပေမဲ့ သားက သူမတွေးထင်သလို အပေါ်ယံခံစားချက်များနှင့် မဟုတ်ပဲ အကြီးအကျယ် ပြိုလဲပျက်စီးနေတာ ဖြစ်လေသည်။

"အဲ့ဒါဆို ကျွန်မက ဘာလုပ်ရတော့မှာလဲ သားက အခန်းအပြင် မထွက်တာ ၅ရက်တောင် ရှိနေပြီလေ အထဲမှာ တစ်ခုခုဖြစ်နေရင် ဘယ်လိုလုပ်မလဲ ကျွန်မ ကျွန်မ ဒီလိုကြီးထိုင်ကြည့် နေရရင် ရူးလိမ့်မယ် ကိုနေစစ်ရဲ့ အင့် အဟင့်..."

အသံတုန်တုန်ဖြင့် ပြောနေရင်းဖြင့် အင့်ကနဲ ရှိုက်သော ဇနီးသည်၏ ပခုံးအား ပွေ့ဖက်နှစ်သိမ့် ပေးလိုက်ပြီးမှ ဦးနေစစ် သက်ပြင်းကို ရှိုက်၍....

"မင်း အခန်းပြန်ပြီး သွားနားနေလိုက် သားနဲ့ ကိုယ်သေချာ စကားပြောလိုက်မယ်..."

"ဒါပေမဲ့...."

"မင်း သားကို စိတ်ပူနေတာ သိတယ် ဒါပေမဲ့ စိုးရိမ်စိတ်တွေနဲ့ အမှားတွေ ထပ်လုပ်မိရင် အခြေအနေတွေ ပိုဆိုးလာဖို့ကလွဲပြီး ဘာမှမရှိဘူး ကိုယ်ပြောတာကို နားထောင်ပါ ကိုယ် သားနဲ့ သေချာ ကျေလည်အောင် ဆွေးနွေးမှာပါ.."

ခင်ပွန်းဖြစ်သူ၏ စကားကြောင့် ဒေါ်နီလာတင့် နှုတ်ခမ်းကို ခပ်ဖိဖိကိုက်ပြီးတော့မှ ခေါင်းညိတ်ကာ အခန်းရှေ့မှ မခွာချင်ခွာချင်ဖြင့် ခွာခဲ့လိုက်တော့သည်။

"သား ဒယ်ဒီ ဝင်လာခဲ့ပြီနော်..." "ကလစ်..."

မာမီနှင့် အခြေအတင်ပြောနေသံ ပြီးတော့ အခန်းထဲ ဝင်လာဖို့ အသိပေးသည့် အသံနှင့်အတူ အခန်းတံခါးက ကလစ်ကနဲ ပွင့်သွားတော့သည်။ဒယ်ဒီ ဝင်လာတာ သိလိုက်ပေမဲ့ စစ်နိုင်းကတော့ ဘာမှတုံ့ပြန်မနေပါပဲ အရက်ပုလင်း အသစ်အား ဆွဲယူကာဖွင့်ဖောက်၍ မော့ချလိုက်သည်။

မှောင်ပြပြ အခန်းရဲ့ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေသော အရက်ပုလင်းခွံတွေကြား ဖရိုဖရဲ ညှင်းသိုးသိုးဖြင့် ခေါင်းငိုက်စိုက်နေသော သားဖြစ်သူအား တွေ့လိုက်ရတော့ ဦးနေစစ် သက်ပြင်းသဲ့သဲ့ကို ချမိတော့သည်။အလင်းရောင်မရှိ လေဝင်ပေါက် ကောင်းကောင်းမရှိတော့ အခန်းတစ်ခုလုံးဟာလည်း ချဉ်စုတ်စူးရှနေသော အရက်နံ့များဖြင့် ဖုံးလွှမ်းကာ အနံ့အသက် မကောင်းပေ။ငယ်စဉ်အထဲက အသန့်အပြန့် အလွန်ကြိုက်ပြီး စည်းစနစ်ဖြင့် စမတ်ကျကျနေတက်တဲ့ ဟန်စစ်နိုင်းဟာ ဒီလူပါလို့ လက်ညှိုးထိုးပြောရင် ဘယ်သူမှ ယုံကြမှာမဟုတ်။ဒီကောင်လေးအတွက်နဲ့ ဒီလောက်အထိ ဖရိုဖရဲ ပြိုလဲနေရတယ်တဲ့လား။

ဦးနေစစ် တွေးရင်းဖြင့် သက်ပြင်းမောကို ချကာ ကုတင်ပေါ်၌ တင်ပါးလွှဲ ဝင်ထိုင်လိုက်သည်။ပြီးမှ သားဖြစ်သူအား မသက်မသာကြည့်၍...

"ဒီလောက်အထိ ရုပ်ပျက်ဆင်းပျက် ဖြစ်ဖို့လိုလို့လား..."

"..."

နံရံကိုသာ ခပ်တွေတွေ စိုက်ကြည့်နေ၍ ဘာတစ်ခွန်းမှ တုံ့ပြန်မပြော။

"ဒေါနနဲ့ ဘာဖြစ်ကြတာလဲ.."

"ကျွန်တော့်ကို ဒီအတိုင်းပဲ လွှတ်ထားပေးပါ ကျွန်တော် တစ်ယောက်ထဲ နေချင်လို့ပါ.."

သားဖြစ်သူ၏ စကားကြောင့်....

"ဒီအတိုင်း နေနေယုံနဲ့ ပြီးသွားမှာလား အခုဖြစ်နေတာတွေ ပြေလည်သွားမှာလား ဘယ်အချိန်အထိ အခန်းထဲမှာ ကိုယ့်ကိုယ်ပိတ်လှောင်ထားမှာလဲ"

"...."

စစ်နိုင်းက ဘာမှပြန်မပြောတော့ ဦးနေစစ် သားဖြစ်သူ၏ ပခုံးအား အားပေးနှစ်သိမ့်သလိုမျိုး ခပ်ဖွဖွ ပုတ်ပြီးတော့မှ....

"မင်းငယ်ငယ်က ကျောင်းမှာ နားမလည်တဲ့ သချၤာပုစ္ဆာတွေကို ဒယ်ဒီနဲ့အတူတူ အဖြေရှာခဲ့ဖူးကြတာပဲ မဟုတ်လား ဒီပြဿနာကိုလည်း အဲ့ဒီသချၤာပုစ္ဆာတွေလိုပဲ ဒယ်ဒီနဲ့အတူတူ အဖြေရှာကြရအောင်"

"...."

"သားရဲ့ လိင်စိတ်တိမ်းညွတ်မှုကို စသိရတဲ့ အချိန်မှာ ဒယ်ဒီကိုယ်တိုင်လည်း ချက်ချင်းလက်မခံနိုင်ခဲ့ဘူး။အခုထိလည်း လက်ခံနိုင်ဖို့ ကြိုးစားနေရတုန်းပဲ။ပုံမှန်သမာရိုးကျ အိမ်ထောင်ရေးတွေမှာတောင် အခက်အခဲတွေ ဒုက္ခတွေရှိတက်ကြတာပဲ။ပုံမှန်မဟုတ်တဲ့ သမာရိုးကျမဆန်တဲ့ ဘဝထဲမှာ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချခံ နှိမ်ချခံရတဲ့ ဘဝမျိုးမှာ ကိုယ့်သားသမီးကို ဘယ်မိဘက မြင်ချင်မှာလဲ။ဒါပေမဲ့လည်း သားကိုယ်တိုင်ကိုက ဒီလမ်းကို လျှောက်ဖို့ဆုံးဖြတ်ပြီးပြီ ဒီဘဝကိုမှ ရွေးခြယ်ပြီးပြီးဆိုရင်တော့ ဒယ်ဒီကတော့ အတင်းအကျပ် ကန့်ကွက်နေမှာ မဟုတ်ဘူး။ဒါပေမဲ့ သားရွေးခြယ်မှုရဲ့ ကောင်းမွေဆိုးမွေ မှန်သမျှကိုတော့ သားကိုယ်တိုင်ပဲ ခံစားစံစားရမှာပဲ"

ဦးနေစစ်က စကားကိုခဏရပ်၍ စစ်နိုင်းအား အကဲခတ်သလို ကြည့်သည်။စကားကို အာရုံစိုက်နားထောင်နေတာ သေချာတော့မှ...

"ဒယ်ဒီတို့ကတော့ ကိုယ့်သားသမီးကို ဒီလိုမျိုး လောကဓံရဲ့ ရိုက်ခတ်မှုတွေကို ဘယ်ကြုံစေချင်မှာလဲ။ဒါပေမဲ့လည်း သားကရွေးခြယ်ချင်ပါတယ် ဒီလိုဘဝကိုမှ ပျော်နိုင်ပါတယ် ဆိုမှတော့ ဒယ်ဒီရောမာမီရော သားရဲ့ဖြစ်တည်မှုကို လက်ခံနိုင်ဖို့အတွက် ဖြေးဖြေးချင်း အချိန်ယူဖို့ ကြိုးစားသွားမှာပါ။အဲ့ဒီတော့ သားဘာကိုလိုချင်လဲ လိုအက်သလဲ ကိုယ့်ဖာသာသေချာတွေးပြီး ကိုယ့်စိတ်ကို ကိုယ်ပြန်ဆန်းစစ်ပါ။ဒေါနနဲ့ကိစ္စကိုလည်း ဒယ်ဒီအများကြီး မပြောချင်ဘူး။သားရဲ့ ပျော်ရွှင်မှု စိတ်ချမ်းသာမှုက ဘယ်မှာမြစ်ဖျားခံနေသလဲဆိုတာ ကိုယ့်စိတ်ကိုယ် သေချာနေရင် လက်တွေ့ အကောင်အထည်ဖော်ဖို့ မတွေဝေပါနဲ့။

ဖခင်၏စကားတွေကို နားထောင်နေရင်း စစ်နိုင်း ခဏလောက် တိတ်ဆိတ်နေပြီးတော့မှ....

"ဒေါနက အားလုံးပြီးသွားပြီလို့ ပြောတယ်..."

တိုးဖွအက်ရှစွာ ထွက်ပေါ်လာသော လေသံက မျှော်လင့်ချက်မဲ့စွာဖြင့် ပြိုလဲနေတာ သိသာလေသည်။ဦးနေစစ် သက်ပြင်းရှိုက်လိုက်ပြီးမှ..

"တချို့အရာတွေက ပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ ထိပ်တိုက်ဖြေရှင်းပြီးသွားရင် ပြန်စဖို့အတွက် ဒုတိယအကြိမ် အခွင့်အရေးဆိုတာမျိုး ရှိတက်ပါတယ်။သားက အရာရာကို စဉ်းစားဆုံးဖြတ်တက်တဲ့ အသက်အရွယ်ကို ရောက်နေပြီပဲ။ဒီလိုမျိုးကြီး အခန်းထဲမှာ ပိတ်လှောင်နေယုံနဲ့ ပြဿနာက ပြေလည်မသွားဘူး ဆိုတာ သားသိပါတယ်။

ဖခင်ဖြစ်သူ၏ စကားကြောင့် ဆို့တက်လာသော ခံစားချက်များကို စစ်နိုင်း အသက်အောင့် မြိုချမိသည်။ဒေါနရဲ့ စိတ်ဟာ ဘယ်လောက်တောင် မာကျောပြတ်သားသလဲဆိုတာ သူ့လောက် ဘယ်သူကပိုပြီး သိနိုင်မှာတဲ့လဲ။ဒေါနဆီမှာ သူ့အဖြစ်က အယူခံဝင်ဖို့တောင် မလွယ်ကူတော့ဘူးဆိုတာကို သူဘယ်လို စကားလုံးတွေနဲ့များ ပြောပြရမလဲ။

စစ်နိုင်းတွေးနေရင်းဖြင့် နှာခေါင်းမွှန်လာရကာ ယောက်ျားတန်မဲ့ ငိုချင်လာရတော့သည်။

"မရတော့ဘူး ဒယ်ဒီ ပြန်ပြေလည်ဖို့ ကျွန်တော် ကြိုးစားနေချိန်မှာပဲ ပြဿနာတွေ ထပ်ထပ်တက်တာပဲ အဖတ်တင်တယ် အခုတော့ အားလုံးနောက်ကျသွားပြီ။ဒေါနက မသိတဲ့လူတွေလို နေကြရအောင်လို့ ပြောတယ်"

ပြောရင်းဖြင့် အဆုံးသတ်မှာ အဖျားခတ်တုန်ယင်၍ တိုးတိမ်ဝင်သွားသော စစ်နိုင်း၏ လေသံကို နားထောင်နေရင်း ဦးနေစစ် သက်ပြင်းမောများကို ဘယ်နှကြိမ်မြောက်မှန်းမသိ ချမိတော့သည်။

"ဒေါနကိစ္စနဲ့ ပတ်သတ်ပြီး ဒယ်ဒီအများကြီး ဝင်မစွက်ဖက်ချင်ဘူး။ကိုယ့်စိတ်ကိုယ်ပဲ မြင်အောင်ကြည့်ပါသား.."

"..."

"မင်းမာမီ အပေါ်ကိုလည်း ငြိုငြင်အပြစ်မတင်စေချင်းဘူး သား"

"..."

နှုတ်ခမ်းကို ခပ်ဖိဖိကိုက်၍ ငြိမ်သက်နေသော သားဖြစ်သူ၏ ပုံစံကို ကြည့်၍ ဦးနေစစ်က စစ်နိုင်း၏ ခေါင်းလေးအား ချော့မော့သလို ခပ်ဖွဖွ ပွတ်သပ်ပြီးတော့မှ...

"တကယ်တော့ သားရဲ့ဖြစ်တည်မှုကို သိသိလိုက်ရခြင်းမှာ ဒယ်ဒီကိုယ်တိုင်တောင် လက်မခံနိုင်ခဲ့တာ ငယ်ငယ်လေးထဲက သားကို စံနှုန်းစံထားတွေနဲ့ စနစ်တကျ ပြုစုပျိုးထောင်ခဲ့ရတဲ့ သားအမေ လက်မခံနိုင်ဘူး ဆိုတာဟာ သဘာဝကျပါတယ်။သားအမေက သားအစ်မထက်ကို သားရဲ့အပေါ်မှာ ပိုပြီး မျှော်လင့်ချက်ကြီးခဲ့တာ။နဂိုထဲက ဥစ္စာဂုဏ် ပညာဂုဏ်နဲ့ မာနကိုမိုးထိနေတဲ့ မိန်းမတစ်ယောက်ဟာ သားသမီးဇောနဲ့ အတ္တတွေဖုံးလွှမ်းပြီး လောင်မြှိုက်နေရတာပါ။အဲ့ဒါမလို့ နိုင်ရာဖိတဲ့သဘောနဲ့ တဖက်ကို ချိုးနှိမ်စော်ကားသလို ဖြစ်ခဲ့ရတာ"

ဦးနေစစ်က စကားအရှည်ကြီး ပြောလိုက်ရ၍ မောသွားဟန်ဖြင့် ခဏရပ်ပြီးတော့မှ..

"သူမှားတယ်ဆိုပေမဲ့ သားအပေါ်ချစ်တဲ့စိတ်နဲ့ အတ္တလွန်ကဲပြီး မှားရတဲ့အမှားပါ။သူက သားကို ချို့ယွင်းချက်ကင်းပြီး ပြီးပြည့်စုံစေချင်တာ။ပြီးပြည့်စုံစေချင်တယ် ဆိုလို့ သားရဲ့လိင်စိတ်ခံယူချက်ကို ချို့ယွင်းချက်ပါလို့ ဒယ်ဒီပြောချင်တာ မဟုတ်ဘူးနော်။ရှေးထုံးထမ်းတွေရဲ့ လွှမ်းမိုးမှုနည်းနည်းလေး ရှိနေတဲ့ သားအမေအတွက် လက်မခံနိုင်စရာ ဖြစ်နေတယ်ဆိုတာကို ပြောပြတာ.."

"ဘာပဲဖြစ်ဖြစ် ကျွန်တော် အရမ်းစိတ်ပျက်မိတယ်။ ကျွန်တော် တသက်လုံး ရိုသေလေးစားခဲ့ရတဲ့ မာမီက ဒီလိုလူမျိုးမဟုတ်ဘူး။အနည်းဆုံးတော့ ကျွန်တော့်ကို နားလည်ပေးပြီ ကျွန်တော့်ခံယူချက်ကို လက်ခံပေးနိုင်မယ်လို့ ထင်ခဲ့တာ။အခုတော့ ဒေါနအပေါ်မှာလည်း စကားတွေလွန်ကျွံကုန်ပြီ။အဲ့ဒါကြောင့်မလို့ အခုလောလောဆယ်ဆယ်တော့ မာမီနဲ့မျက်နှာမဆိုင်ချင်သေးဘူး ဒယ်ဒီ"

သားဖြစ်သူ၏ စကားကြောင့် ဦးနေစစ် သက်ပြင်းမောကြီးကို ချမိကာ..

"သားစိတ်ကို ဒယ်ဒီနားလည်ပါတယ်။ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး အခန်းကြီးထဲမှာ ပိတ်လှောင်နေလို့ မပြီးဘူးလေ သားစိတ်ကို သားဖာသာသေချာအဖြေရှာပြီး ပြန်တည်ဆောက်ပါလို့ပဲ ထပ်ပြောချင်တယ် ကဲ နားလိုက်အုံး.."

ဦးနေစစ်က သားဖြစ်သူ၏ ပခုံးအား ခပ်ဖွဖွပုတ်၍ စစ်နိုင်းဆီမှ တုံ့ပြန်စကားကို မစောင့်တော့ပဲ နေရာမှ ထထွက်သွားလေတော့သည်။

ဖခင်ဖြစ်သူ ထွက်သွားပြီးတော့မှ ဖခင် ပြောသွားသော "ဒုတိယအကြိမ် ပြန်စဖို့ အခွင့်အရေးဆိုတာ ရှိတက်တယ်.."ဆိုတဲ့ စကားကို နားထဲမှာ အကြိမ်ကြိမ် ပဲ့တင်ထပ်၍ ပြန်ကြားနေမိလေသည်။

!ဟုတ်တယ် သူ့အတွက် ဒုတိယအခွင့်အရေးဆိုတာ ရှိနိုင်ပါတယ်!

!မရှိရင်လည်း ရှိလာအောင်လို့ သူကြိုးစားဖန်တီး ယူရမယ်!

!သူ ဒေါနကို မစွန့်လွှတ်နိုင်ဘူး။အဆုံးအရှုံးမခံနိုင်ဘူး။သူ့အနားမှာ ဒေါနမရှိလို့ မဖြစ်ဘူး။ဒေါနကို သူလိုအပ်တယ်။သူ့စိတ်ရဲ့ ရာသီဥတုတိုင်းဟာ ဒေါနဆီမှာပဲ မြစ်ဖျားခံတယ်။အဲ့ဒါကြောင့်မလို့ ဒေါနနဲ့ ဒီအတိုင်းကြီး ဇာတ်သိမ်းမသွားချင်ဘူး။သူထပ်ကြိုးစားကြည့်သင့်တယ်!

အတွေးတို့နှင့်အတူ နှလုံးသားဟာ မျှော်လင့်ချက်တွေ တဖန်ပြန် ရှင်လာရင်း အားအင်တွေ ပြည့်ဝလာသည့်နှယ်။ဒေါနကို နောက်တစ်ခါ ပိုင်ဆိုင်ရဖို့ ထပ်ကြိုးစားမယ်လို့ တွေးလိုက်ယုံနဲ့ သူ့နှလုံးသားထဲမှာ ပျော်ရွှင်ခြင်းတွေ အားအင်တွေ ရုတ်ချည်ပြည့်ဝသွားရသည်။တကယ်သာ ပိုင်ဆိုင်လိုက်ရလျှင်တော့ ဒီကမ္ဘာမှာ အပျော်ရွှင်ဆုံးလူသားဟာ သူပါလို့ ဂရင်းနစ်စံချိန်ဝင်သွား လိမ့်မည်ထင်သည်။

                ***
ဗုန်းဗုန်းလဲကျ၍ တစစီပြန့်ကျဲနေသော စိတ်အကြေတို့ကို တစ်ခုစီပြန်ကောက် စုစည်း၍ အားတင်ကာ အိမ်မှထွက်လာခဲ့ပြီး ဘားမှာတွေ့ကြဖို့ ထင်ကျော်အား ဖုန်းဆက်လှမ်းချိန်းလိုက်တော့သည်။ဒီတစ်ခါတော့ ထင်ကျော်လည်း ဘာဘာညာညာ အကြောင်းမပြပဲ ချက်ချင်း ရောက်လာရှာသည်။ထင်ကျော်ရောက်လာတော့ စစ်နိုင်းက ပုလင်းတောင် တစ်ဝက်ကျိူးနေပြီ ဖြစ်သည်။

"ဟ တစ်ယောက်ထဲဖြိုနေတာ ခဏတောင်မစောင့်နိုင်ဘူးလား နွား.."

ထင်ကျော်က သူ့ထုံးစံအတိုင်း အသံဝါကြီးဖြင့် အာပေါင်အာရင်းသန်သန် ပြော၍ ခုံ၌ ဝင်ထိုင်တော့ စစ်နိုင်း တုံ့ပြန်ပြောမနေပဲ မေးဆတ်ပြလိုက်ခြင်းဖြင့်သာ တုံ့ပြန်ဖြစ်သည်။

"ဘာတွေဖြစ်နေတာလဲ ဒီရက်ထဲ ဆေးရုံလည်းမလာဘူး..."

ထင်ကျော် ပြောတော့ စစ်နိုင်းက အရက်ခွက်ကို ခပ်လှုပ်လှုပ်ကိုင်ထားရင်းဖြင့်...

"အင်း..."

စစ်နိုင်း၏ မပွင့်တပွင့် အင်းသံကြောင့် ထင်ကျော် မျက်ခုံးပင့်သွားရကာ...

"ဟ ဘာအင်းတာလဲ ပြောပြစရာရှိလို့ဆို..."

ထင်ကျော်ပြောတော့ စစ်နိုင်းက အသင့်စပ်ထားပြီးသော အရက်ခွက်အား လှမ်းပေးပြီးမှ

"ဟ ပြောမှာပေါ့ ဘာဖြစ်နေတာလဲ..."

ထင်ကျော်က စစ်နိုင်းကမ်းပေးသော အရက်ခွက်ကို ဆွဲယူ၍...

"ဘာလဲ အိုကြီးအိုမနဲ့ အသဲဟက်တက်ကွဲနေတာလား..."

ထင်ကျော်၏ ဒက်ထိစကားကြောင့် စစ်နိုင်း အရှိုက်ထိသွားရတော့ူည်။စိတ်တွေအဆင်မပြေဘူး ဆိုပေမဲ့လည်း ဒါကိုအသဲကွဲတယ်လို့ ခေါင်စဉ်းတက်ဖို့ကလည်း သူနှင့်ဒေါနဟာ ချစ်သူလိုဆက်ဆံရေးကနေ ပြတ်စဲခဲ့ကြတာမှ မဟုတ်တာ...

"ဘာကို အသဲကွဲရမှာလဲ ဒီအတိုင်း နားလည်မှုတွေလွဲပြီး ပြဿနာတွေ ကြီးထွားကုန်တာ.."

"မင်းရဲ့ အစိမ်းလေးနဲ့လား..."

"ဟ သူနဲ့မဟုတ်လို့ ဘယ်သူရှိသေးလို့လဲ ရှုပ်ရှုပ်ယှက်ယှက် နှစ်ပင်လိမ်တဲ့ကိစ္စတွေ မလုပ်ဘူး ဟျောင့်"

စစ်နိုင်းပြောတော့ ထင်ကျော်က ခပ်ဟဟရယ်ကာဖြင့်....

"အေး မင်းအသက်အရွယ်နဲ့လည်း လိမ်ချင်လို့လည်း မရတော့ပါဘူး အိုနေပြီ.."

"ငါxိုးမ xီးမလို့ ဒီအသက်ပဲလာပြောနေတာလား မင်းနဲ့ငါရွယ်တူပဲ ဘိန်းစားချင်း တစ်မူးပိုရှုချင်မနေနဲ့.."

စစ်နိုင်း ခပ်တိုးတိုး ဆဲရေးတော့ ထင်ကျော် ခပ်ကြိတ်ကြိတ် ရယ်ရင်းဖြင့်...

"မင်းညစ်နေတာ သိလို့ တမင်လျှောက်ပြောနေတာပါကွာ ပြော ဘာဖြစ်ကြလို့လဲ.."

ထိုအခါမှ စစ်နိုင်း၏ မျက်နှာလည်း ပို၍ တည်တံံ့သွားရပြီ....

"ဒီလိုကွာ××××××"

ပြဿနာအစအဆုံးကို စီကာပတ်ကုံး ပြောပြလိုက်တော့ ထင်ကျော် တစ်ယောက် အံ့သြတကြီး ပါးစပ်ကြီးဟလျှက် နားထောင်နေပြီးတော့မှ....

"ဟ အဲ့ဒီလောက်အထိ ဖြစ်ကုန်တာလား..."

"ဟုတ်တယ် ငါလဲတော်တော် စိတ်ဆင်းရဲတယ် တကယ် ဘဝမှာ ဒီလောက်အထိ ကြီးကြီးမားမား စိတ်ဆင်းရဲခဲ့ရတာမျိုး တခါမှမရှိခဲ့ဖူးဘူး သေချင်တဲ့စိတ်တွေနဲ့ လူက တကယ်ကိုရူးကြောင်ကြောင်ပဲ"

ငြီးငြူနေသော စစ်နိုင်း၏ စကားကြောင့် ထင်ကျော် မျက်ခုံးတို့ ပင့်သွားရပြီးတော့မှ...

"အဲ့ဒီတော့ မင်းတကယ်ကြီး ချစ်မိသွားတာပေါ့..."

"ဘာရယ်...."

ထင်ကျော်၏ စကားကြောင့် စစ်နိုင်း အာမေဋိတ်သံ ပြုမိတော့သည်။ချစ်မိသွားတာလား ဆိုတော့လည်း ဒါကို သူမစဉ်းစားခဲ့မိပေ။သူသိတာက ဒေါနနှင့် ဒီဆက်ဆံရေးကို မရပ်တန့်လိုက်ချင်ဘူး။ဒေါနကို လက်လွှတ်ဆုံးရှုံးမခံနိုင်ဘူး။ဒါပဲဖြစ်သည်။ဘာကြောင့်ဆိုတဲ့ ဇစ်မြစ်တော့ တခါမှ မတွေးကြည့်ခဲ့မိပေ။

"ချစ်တာမချစ်တာတွေ ငါမသိဘူး တခါမှလည်း မတွေးဖူးဘူး ငါသိတာက ငါသူ့ကို အဆုံးအရှုံးမခံနိုင်ဘူး။သူ့မရှိလို့ မဖြစ်ဘူး။သူသာ ငါ့အနားမှာမရှိရင် ငါ့ဘဝတစ်ခုလုံး ဘယ်လိုမှကို ကောင်းကောင်းမွန်မွန် မလည်ပတ်နိုင်ပဲနဲ့ စုတ်ပြတ်သွားမှာ အသေအချာပဲ"

!အော် ချစ်လားမချစ်လား မသိလို့သာပဲ။သိများသိသွားရင်တော့ ဟန်စစ်နိုင်းတို့ ပုဆိုးမကပ်နိုင်အောင် သွက်သွက်ခါသွားနိုင်သည့်ပုံ!

"ဒီလောက်အထိ သေကောင်းပေါင်းလဲ ဖြစ်နေရဲ့နဲ့ ဘာလို့အဲ့ဒီလို စကားတွေ လွန်ကျွံကုန်အောင် လျှောက်ပြောခဲ့ရတာလဲ.."

"ငါလည်း အခြေအနေတွေ အဲ့လောက်အထိ ဆိုးသွားမယ်လို့ မထင်ခဲ့တာ ငါတို့ရဲ့ ဆက်ဆံရေးက fuck buddyသဘောမျိုးလေ အဲ့ဒါကြောင့်မလို့ ဒီလိုစကားတွေဟာ သူ့အပေါ်မှာ ဒီလောက်အထိ သက်ရောက်မှု မရှိနိုင်ဘူး ပြန်ဖြေရှင်းလို့ ရမှာပဲလို့ ထင်ခဲ့တာ.."

စစ်နိုင်း ပြောတာကို နားထောင်နေရင်းဖြင့် ထင်ကျော် တရားကျသလိုမျိုး ခေါင်းတဆတ်ဆတ် ငြိမ့်နေမိပြီးမှ....

"စောက်ရူးလို့ ပြောရင်လည်း နာအုံးမယ် ဟန်စစ်နိုင်း ဟန်စစ်နိုင်း ရည်းစားတွေလည်း မထားခဲ့ဖူးတာ မဟုတ်ဘူး ကျားကျားမမ မရှောင် အကုန်ကုတင်ပေါ် ဆွဲတင်ခဲ့တဲ့ကောင်က အခုအချိန်အထိ အချစ်ဆိုတာကို ဘာမှန်းမသိသေးဘူးတဲ့..."

"မင်းမေ့××× ဘာဆိုင်လဲ အဲ့ဒါနဲ့..."

စစ်နိုင်း ဆဲရေးတိုင်းထွာရင်း ပြောတော့....

"ဟ မဟုတ်လို့လား အချစ်ဆိုတဲ့ ခံစားချက်ကို ဒီအသက်အရွယ်အထိ ရောက်နေပြီ ကွဲကွဲပြားပြား မသိသေးဘူးဆိုတော့ မင်းတစ်ပြားမဟုတ်ဘူး ပြား၃၀လောက် လိုနေတာပဲ ဖြစ်ရမယ်.."

"xီး..."

စစ်နိုင်း ထပ်မံဆဲရေးသော်လည်း ထင်ကျော်ကတော့ မမှုပါပဲ အကွက်ဝင်တုန်း အပြတ်အသတ်နှိမ်ဖို့ စိတ်ကူးတွေပဲရင့်သန်နေပုံရကာ...

"လက်လွှတ်မခံနိုင်ပါဘူး ဆုံရှုံးမခံနိုင်ပါဘူး သူမှမရှိရင် ဘဝကြီးတစ်ခုလုံး ပျက်စီးသွားပါတော့မယ်ဆိုတဲ့ ခံစားချက်က အချစ်မဟုတ်လို့ ဘာလဲ စောက်ရူးရဲ့..."

!အချစ်မဟုတ်လို့ ဘာလဲ...!

ထင်ကျော် ဖိသိပ်ပြောနေတဲ့ စကားတွေကိုလည်း စစ်နိုင်း ပြန်လှန်ချေပနေဖို့ မစွမ်းတော့ပါ။မျက်နှာလေးငယ်၍ ငိုင်တွေ တိတ်ဆိတ်သွားသော စစ်နိုင်းအား ကြည့်ကာ ထင်ကျော် သက်ပြင်းရှိုက်ပြီးတော့မှ...

"အရမ်းစိတ်ညစ်မနေပါနဲ့ မင်းရဲ့စကားတွေအတွက် သူဒီလောက်အထိ ထိရှသွားတယ်ဆိုတာဟာ အဲ့ဒီကောင်လေးကလည်း မင်းအပေါ်မှာ sex partnerထက် ခံစားချက်မျိုးရှိနေလို့ပဲ။သူလည်း မင်းအပေါ် ခံစားချက်ရှိနေလို့ ဒီလောက်အထိ ထိခိုက်ခံသွားရတာ။မင်းအတွက် ဒုတိယအခွင့်အရေး ဆိုတာရှိအုံးမှာပါ ငါ့ကောင်ရာ.."

ဒေါနက သူ့အပေါ် ခံစားချက်ရှိလား မရှိလား သူမသိဘူး။တခါမှလည်း မတွေးဖူးဘူး။အခု သူသိတာက ဒေါနကို ချစ်တယ်။ဟုတ်တယ် ဒီခံစားချက်ကို အချစ်လို့ ခေါင်းစဉ်တပ်လို့ ရတယ်ဆိုလျှင် သူ ဒေါနကို တကယ်ကြီး ချစ်တယ်။

ထိုသို့တွေးမိတော့ ရင်ဘတ်ထဲမှာ အနွေးစီးကြောင်းလေး တစ်ခုဟာ ဖြတ်စီးလေသည်။ဒေါနကို ချစ်တယ်လို့ တွေးလိုက်ရယုံဖြင့် ရင်ထဲမှာ ယားကျိကျိ ဖြစ်လာရကာ ကြည်နူးခြင်းတွေဟာ လှိုက်တက်လာရတော့သည်။အရက်ခွက်ကို ကိုင်ထားရင်း နှုတ်ခမ်းဖျားတို့ပါ အလိုအလျောက် တွန့်ကွေးပြံးမိသည်။ချစ်တယ်ဆိုသော ခံစားချက်နှင့်အတူ အစိမ်းရောင် မျက်ဝန်းလေးတွေကို ပြန်တွေးမိတော့ စစ်နိုင်း၏ မျက်ဝန်းတွေ တဖိတ်ဖိတ်တောက်လာရတော့သည်။

ဒေါနကို တစ်ခါမှ ချစ်တယ်လို့ မတွေးခဲ့ဖူးပေမဲ့ အခု ချစ်နေတာလား ချစ်တယ်လို့ တွေးလိုက်မိချိန်မှာတော့ ဒေါနဟာ သူ့နှလုံးသားရဲ့ ဟိုးအနက်ရှိုင်းဆုံး နေရာမှာ အမြစ်တွယ်၍ နှလုံးသားတစ်ခုလုံးအပြည့် ရှင်သန်စိုးမိုး ခြယ်လှယ်နေပြီ ဖြစ်လေသည်။

!အမှန်တော့ မင်းက ကိုယ်တသက်လုံး အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင်ပျော်ရွှင်ခြင်းလေး ဖြစ်မှန်းမသိ ဖြစ်နေခဲ့ပြီ ဒေါန...!

                ***

"ဟာ ရှမ်းခေါက်ဆွဲပါလား တပည့်ကြီးက အလိုက်သိတယ်ကွာ..."

ကောင်တာစားပွဲပေါ်မှ ပူပူနွေးနွေး ရှမ်းခေါက်ဆွဲထုပ်ကို လှန်လျောကြည့်နေရင်းဖြင့် ဒေါနပြောတော့ ကိုမြတ်က လှည့်ကြည့်လာပြီးတော့မှ...

"ဘာကိုအလိုက်သိရမှာလဲ မင်း ဘဲကြီး လာပို့သွားတာ.."

ကိုမြတ်၏ စကားကြောင့် ဒေါန မျက်ခုံးတို့ တွန့်သွားရပြီးတော့မှ..

"ဘာဘဲလဲ.."

"ဘဲမဟုတ်ဘူး မင်းလင် မင်းလင် ပါရဂူကြီး..."

ကိုမြတ်ပြောတော့ ဒေါနက..

"xီးဖြစ်နေလား ငါxိုးမသား...."

ဒေါန ပြစ်ပြစ်နှစ်နှစ်ဆဲ၍ အထုပ်ကို တဖက်သို့ဖယ်ပြစ်တော့.

"စောစောစီးစီး ဆိုင်လာဘ်တိတ်တယ် ငါxိုးမသားလေး လစ်စမ်း..."

ကိုမြတ်ကလည်း တစ်ခွန်းမှမခံပဲ ပြန်ဆဲတော့ ဒေါန လက်ခလယ် ထောင်ပြပြီးမှ...

"ဟျောင့် ဖိုးနီ ရော့ လာယူ...."

ဖိုနီးတို့ကို လှမ်းခေါ်၍ ရှမ်းခေါက်ဆွဲထုပ်အား ကမ်းပေးလိုက်တာမလို့...

"ဟ မင်းအတွက် လာပို့ထားတာ မစားဘူးလား...."

"မစားဘူး..."

ဒေါန အသံပြတ်ဖြင့် ပြော၍ ဆိုင်အနောက်ဖက်သို့ ဝင်သွားပြီမလို့
ကိုမြတ် မျက်ခုံးပင့်၍ စောင့်ကြည့်အုံးမယ် ဆိုသော သဘောဖြင့် မဲ့လိုက်တော့သည်။ဒေါနက အနောက်ဖက်သို့ လှမ်းလာခဲ့ရင်း ဒီလူတော့ ဘာတွေ အကွက်ရွှေ့ဖို့ လုပ်နေပြန်ပြီလဲ မသိဘူးဟု တွေးနေမိသည်။

ဟန်စစ်နိုင်း၏ ဘာမှန်းမသိတဲ့ မနက်စာပို့တဲ့ အစီအစဉ်က တစ်ရက်နှစ်ရက်ဖြင့် ရပ်မသွားပဲ အခုဆို ၁၀ရက်ကျော်လို့ ၁၅လောက်တောင် ရှိနေပြီဖြစ်သည်။ဒီရက်အတွင်းမှာ နှစ်ယောက်သားက မျက်နှာချင်းမဆိုင်မိ လူချင်းမဆုံမိကြပေမဲ့ မနက်အချိန်တန်ရင်တော့ ဆိုင်ရဲ့ကောင်တာစားပွဲပေါ်မှာ မနက်စာက အဆင်သင့် ရောက်နေတက်သည်။ထိုမနက်စာတိုင်းကလည်း သူနှစ်သက်တက်တဲ့ စားစရာမျိုးသာ ဖြစ်နေတက်တာလည်း ထူးဆန်လေသည်။တချို့ဟာတွေဆို ရန်ကုန်မှာ ရနိုင်ဖို့ ခက်ခဲသော မနက်စာများပင် ပါလေသည်။ဒီလူက ဘာသဘောနဲ့ ဒီလိုတွေ လာပို့နေလဲ မသိသော်ငြား ရက်ကြာလာတော့ သူမရှိသည့် အချိန်ကိုမှ တမင်ရွေး၍ လာပို့တယ်ဆိုတာကို သတိပြုမိသည်။တခါတလေ ဆိုင်ကို စောစောရောက်တက်သော်လည်း မနက်စာသာ ရောက်လာတက်ပြီး ဟန်စစ်နိုင်း၏ အရိပ်ကိုတောင်မမြင်ရ။

ဒီလိုမျိုး မနက်စာလာပို့ရနေရအောင် သူက မနက်စာမစားနိုင်တဲ့သူမဟုတ်။ကလေးတစ်ယောက်လို မုန့်ကျွေးပြီး ချော့မော့နေတယ်လို့ ပြောရအောင်လည်း သူတို့ကြားမှာ ချော့ရလောက်မဲ့ ဆက်ဆံရေးမျိုး ရှိခဲ့တာလည်းမဟုတ်။ဟန်စစ်နိုင်း ဘာအကွက်ရွေ့ချင်နေတာလဲ သူတကယ် နားမလည်နိုင်တော့။အစကတော့ လျစ်လျှူရှုလိုက်ဖို့ တွေးထားပေမဲ့ အခုလိုမျိုး ရက်ဆက်ဖြစ်လာတော့ ဆိုင်က ကလေးတွေကလည်း မနက်စာရောက်လာတာနှင့် ပြုံးစိပြုံးစိ ဖြစ်တက်လာသလို ကိုမြတ်တို့ကလည်း မထိတထိဖြင့် စသလိုလို နောက်သလိုလို။ယောက်ျားရင့်မာကြီး တစ်ယောက်ဖြစ်နေရဲ့နဲ့ အားနည်းသည့်လူလိုမျိုး မျိုးတူယောက်ျားတစ်ယောက်က ဘာမှန်းမသိတဲ့ သဘောထားများဖြင့် မနက်စာလာပ်ု့ိ ဂရုစိုက်သလိုလို ဘာလိုလို လုပ်နေတဲ့ အခြေအနေကြီးမှာ သူတကယ်အဆင်မပြေတော့ပေ။
ထို့ကြောင့် ဒီလူကို တစ်ရက်တော့ အမိဖမ်းပြီး ဒီပြဿနာကို ဖြေရှင်းမှ ရတော့မည်။

                ***

ကားပေါ်ကနေ ရှိုးစမိုး အပြည့်ဖြင့် ဆင်းလာရင်း လက်ထဲမှာ မနက်စာအထုပ်ကို ဂရုတစိုက်ကိုင်၍ လမ်းလျှောက်လာပုံက အရင်အတိုင်း ကြည်ကောင်းနေဆဲပင်။သို့ပေမဲ့ သေချာသတိထား ကြည့်ရင်တော့ မျက်နှာက အနည်းငယ် နွမ်းဖတ်နေတာကို မြင်ရသည်။ ဆံပင်တွေလည်း အရင်လို တိုကပ်ကပ် မဟုတ်တော့ပဲ အနည်းငယ်ရှည်လို့ နေသည်။အမြဲတမ်း ရှင်းသန့်နေအောင် စနစ်တကျ ရိတ်သင်ထားတက်တဲ့ မုတ်ဆိတ် ကျင်စွယ်တွေကလည်း ဟိုတစ်စ ဒီတစ်စဖြင့် အနည်းငယ် သိသာနေလေသည်။မတွေ့ရတဲ့ လဝက်အတွင်းမှာ ဟန်စစ်နိုင်း၏ ပုံစံက အနည်းငယ် ဖရိုဖရဲဖြစ်နေသော်ငြားလည်း ကြည့်ကောင်းနေဆဲ ဆိုတာတော့ ငြင်းမရ။အကွာအဝေးတစ်ခုမှ နှစ်ယောက်သား မျက်နှာချင်းဆိုင် ရတ်တရက် ဆုံမိချိန်မှာတော့

"ဟင် ဒေါန ကိုယ်..."

မျက်နှာထားတင်းတင်းဖြင့် မျက်ခုံးတို့ တွန့်ကုပ်၍ ခပ်စူးစူးအကြည့်များဖြင့် ထီးထီးကြီးရပ်ကြည့်နေသော ဒေါနအား ဆိုင်ရှေ့မှာ တွေ့လိုက်ရ၍ စစ်နိုင်း ထိတ်ကနဲ ဖြစ်သွားရကာ လက်ထဲမှ အထုပ်ကိုပါယောင်ယမ်း၍ နောက်သို့ကွယ်လိုက်မိ၏။

"ဒီနေ့ရော မနက်စာ လာပို့တာပဲလား.."

"..."

"နေပါအုံး မသိလို့မေးပါရစေအုံး ခင်ဗျားက ဘာရည်ရွယ်ချက်နဲ့ ဒီလိုတွေ လုပ်နေတာလဲ။ဒီလိုမျိုး နေ့တိုင်း မနက်စာလာပို့နေတဲ့ အဓိက အကြောင်းအရင်းက ဘာလဲ"

ဒေါနဆီမှ အေးစက်ပြတ်တောင်းစွာ ခပ်တင်းတင်း ထွက်လာသော လေသံကြောင့် စစ်နိုင်း ဘာပြန်ပြောရမလဲ မသိပါပဲ အလိုလို ဝမ်းနည်းစိတ်တို့ လှိုက်တက်လာရတော့သည်။မတွေ့ရတာ ကြာပြီဖြစ်တဲ့
ဒေါနရဲ့ မျက်နှာနုနုလေးကို အလွမ်းပြေလို ပြေငြား အတိုးချကြည့်နေမိတာ မျက်တောင်ခတ်လိုက်ဖို့တောင် နှမြောနေမိသည့်အထိ။

"မုန့်ပေးတောင်းပန်လို့ ကျေနပ်တက်တာ ကလေးပဲရှိတယ်နော်။ကျုပ်က ကလေးမဟုတ်ဘူး။ဘာလဲ မုန့်ပေးချော့ပြီး ကျုပ်နဲ့ပြန်အိပ်ခွင့်ရဖို့ မျှော်လင့်နေတာလား။sexတစ်ခုအတွက်နဲ့ ဒီလောက် အချိန်ဖြုန်းစရာ လိုလို့လား။ဒါမျိုးက ကျုပ်ဆီကမရလည်း ခင်ဗျားအတွက် မရှားပါဘူး။ဘာလို့များ ကျုပ်ကို အသဲအသန် လာဖြစ်နေတာလဲ။ကျုပ်တို့ရဲ့ ဆက်ဆံရေးကို ကျုပ်ဖက်က စပြီး ရပ်လိုက်ပြီလို့ ဟိုတစ်နေ့ထဲက ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပြီး မဟုတ်လား ဟန်စစ်နိုင်းရဲ့"

မထီတရီ အပြုံးများဖြင့် ခပ်ငေါ့ငေါ့ ပြောနေသော ဒေါနအား စစ်နိုင်း လွမ်းဆွတ်စွာ ခပ်ငေးငေးကြည့်နေရင်း ဘာမှလည်း ပြန်မပြောမိ။ပြန်ပြောဖို့လည်း သူ့မှာသင့်တော်တဲ့ စကားလုံးမရှိ။သူအခုလို လာတာဟာ အိပ်ရာပေါ်က ကိစ္စအတွက် မဟုတ်။သူ့ရင်ထဲက လွမ်းဆွတ်ရတဲ့ ခံစားချက်သပ်သပ်ကြောင့်သာဖြစ်သည်။ဒေါနကို သူ ချစ်သည်။ဒီလိုမျိုးလေး မြတ်မြတ်နိုးနိုး ဂရုစိုက်မှုတွေ ပေးချင်သည်။
အဲ့ဒါတွေကို ဘယ်လိုစကားလုံးမျိုးနဲ့ ဒေါနကို ပြောပြရမလဲမသိ။သူပြောပြရင်ရော ဒေါနက ယုံကြည်နိုင်မှာတဲ့လား။

ကိုယ့်ဖက်ကသာ စကားတွေပြောနေခဲ့တာ စစ်နိုင်းကတော့ ဘာမှပြန်မပြောပဲ ဆွေးမြေ့၍ အလွမ်းရိပ်သမ်း နေသောမျက်ဝန်းများဖြင့် ဒီအတိုင်း ခပ်ငေးငေးကြည့်နေသော စစ်နိုင်း၏ ပုံစံကြောင့် ဒေါန အိုးတိုးအမ်းတမ်း ဖြစ်သွားရသည်။ထိုအရာကို ဖုံးကွယ်ချင်၍ ဟန်ကိုယ်ဖို့ကာ မေးကြောမျာတင်းသည့်အထိ မျက်နှာကြောကို တင်းပစ်လိုက်ရင်း....

"ဒီမှာ ဟန်စစ်နိုင်း ကျုပ်တို့ကြားထဲမှာ ဘာကိစ္စမှ မရှိခဲ့ဘူး။တောင်းပန်စရာတွေ ကျေအေးစရာတွေ ခွင့်လွှတ်စရာတွေလည်း မရှိတဲ့အတွက် ဒီလိုမျိုးတွေ လုပ်နေစရာမလိုဘူး။အဲ့ဒါမလို့ ခင်ဗျားအချိန်တွေကို ဒီမှာလာဖြုန်းမနေနဲ့တော့။ပြီးတော့ ခင်ဗျားပို့ပေးတဲ့ မနက်စာကိုလည်း ကျုပ်မစားဘူး။အမြဲလွှင့်ပစ်ရတာနဲ့ သူများကိုကျွေးရတာနဲ့ စောက်လုပ်တွေရှုပ်လွန်းလို့ နောက်ထပ်လည်း လာမပို့နဲ့။ကျုပ်တို့နှစ်ယောက်က အရင်လိုဆက်ဆံရေးကို ဘယ်လိုမှပြန်သွားလို့ မရတော့ဘူး။ဘာမှ ပြောင်းလဲသွားမှာမဟုတ်တော့ဘူး။အဲ့ဒါကြောင့် အပိုအလုပ်တွေ မလုပ်နဲ့တော့"

စကားကို အပြတ်အသတ်ပြောပြီးတာနှင့် ဒေါနက နေရာမှ ချာကနဲ လှည့်ထွက်သွားကာမှ စစ်နိုင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားရတော့သည်။ဒီရက်တွေထဲ ဒေါနက သူ့ကိုမမြင်ချင်ဘူးဆိုတာကြောင့် အဆင်မပြေပေမဲ့ ကြိုးစား၍ ရှောင်ဖယ်နေပေးခဲ့သည်။ဒေါနမပါဝင်တဲ့ နေ့ရက်တွေကို အောင့်အီး အားတင်းရင်း ရှေ့ဆက်နေရတာ ဖြစ်သည်။အခုလို တွေ့လိုက်ရတော့လည်း အလွမ်းတွေက ပို၍အားကောင်း တောက်လောင်လာရကာ ချက်ချင်းကို ရင်ခွင်ထဲ ဆွဲပွေ့ထားချင်စိတ်တွေ တဖွားဖွား ဖြစ်နေရတော့သည်။မျက်စိရှေ့ မြင်နေရင်းနဲ့တောင် လွမ်းဆွတ်သလို ခံစားနေရပြန်သည်။ဒီလူသားလေးကို သူ့အနားမှာ တစ်စက္ကန့်စာလောက်ဖြစ်ဖြစ် ပိုရှိနေဖို့ သူဘယ်လိုများ လုပ်ရပါ့မလဲ။

!အခုအချိန်မှာ သူ့အတွက် အခွင့်အရေးသေးသေးလေးပဲ ရှိမယ်ဆိုရင်တောင် လက်မလွှတ်နိုင်တော့ပေ!

စိတ်ထဲမှာ ဗြောင်းဆန်အောင် တွေးနေရင်းဖြင့် လှည့်ထွက်သွားသော ဒေါန၏ ကျောပြင်လေးအားကြည့်ကာ စစ်နိုင်း အလျင်စလိုဖြင့်...

"ချစ်တယ် ဒေါန...."

စကားသံ အဆုံုးမှာ ရပ်တန့်သွားသော ကျောပြင်လေးအား ကြည့်ရင်း စစ်နိုင်း အသက်အောင့်၍ အားယူလိုက်ပြီးမှ...

"ကိုယ် မင်းကို ချစ်တယ် ဒေါန"

#LahPhan

Continue Reading

You'll Also Like

566K 44.8K 103
ခင်ဗျားတော့ကျုပ်လက်ကပြေးမလွတ်တော့ပါဘူး။ကျုပ်ရင်ခွင်ထဲကိုလာဖို့သာပြင်ပေတော့... မလာဘူးလား...မလာရင်ကျုပ်ကမရရအောင်ဆွဲခေါ်မှာလေခင်ဗျားရဲ့... ဇမ္ဗူထက်ရှား ...
252K 9.3K 45
မိုက်တယ်နော်၊ဒါပေမယ့်မယုတ်မာဘူး.. အစ်ကိုက သတ်ရဲတယ်၊သေရဲတယ် ဒါပေမယ့်မူနွဲ့မျက်ရည်ကျတာကိုတော့မကြည့်ရဲဘူး..... ကြက်သမား၊ဖဲသမား..လူမိုက်လေးတေဇဘုန်း‌ကျော်...
88.2K 10K 101
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
357K 8.8K 14
ခရမ်းရောင်ဟာ အာရှတိုက်ရဲ့ မဟာအဆန်ဆုံးအရောင်တစ်ရောင်တဲ့။​ခရမ်းရောင် မိဖုရားကတော့ကိုယ့်တစ်ဘဝလုံးအတွက် မဟာအဆန်ဆုံး ပိုင်စိုးသူပေါ့ ဒေါ်ခင်မင်းရှိန်။