Green Eye(complete)

By LahPhan_85

2.9M 260K 43.4K

!အမွန္ေတာ့ မင္းက က္ုိယ္အၿမဲတမ္း အမွတ္တရ သိမ္းထားခ်င္မိတဲ့ အစိမ္းေရာင္ ေပ်ာ္႐ႊင္ျခင္းေလးပါ... ... More

part 1
part 2
part 3
part 4
part 5
part 6
part 7
part 8
part 9
part 10
part 11
part 12
part 13
part 14
part 15
part 16
part 17
part 18
part 19
part 20
part 21
part 22
part 23
part 24
part 25
part 26
part 28
part 29
part 30
part 31
part 32
part 33
part 34
part 35
part 36
part 37
part 38
part 39
part 40
part 41
part 42
part 43
part 44
part45
Final
ေက်းဇူးတင္လႊာ
💚💚💚

part 27

50.3K 5.6K 3.1K
By LahPhan_85

"မာမီ..."

ေဒါသေသြးမ်ားျဖင့္ မီးေတာက္ေနေသာ မ်က္ဝန္းမ်ားနွင့္အတူ တင္းမာခက္ထန္ေနေသာ မိခင္ျဖစ္သူ၏ အသြင္သ႑န္ေၾကာင့္ စစ္နိုင္းတစ္ေယာက္ ေျခမကိုင္မိလက္မကိုင္မိျဖင့္ ဘာလုပ္လို႔ လုပ္ရမွန္းမသိပဲ ျဖစ္သြားရေတာ့သည္။အေနာက္မွာလည္း ဟိုတယ္ဝန္ထမ္းေလး နွစ္ေယာက္က အသင့္ရွိလ္ု႔ိေနေလသည္။

"ဖယ္စမ္း..."

ပခံုးကို ခပ္ၾကမ္းၾကမ္း တြန္းဖယ္၍ အခန္းထဲသို႔ ေဒါသေျခလွမ္းမ်ားျဖင့္ လွမ္းသြားေသာ မိခင္ျဖစ္သူအား တားဆီးလို႔ေတာင္ မမွီနိုင္ေတာ့။

သားရွင္း ဖုန္းဆက္တုန္းကေတာ့ ဟုတ္မွဟုတ္ရဲ႕လား ဟုတ္ပါရဲ႕လား အဲဒီ့ေလာက္အထိ ကိုယ့္သားက ျဖစ္နိုင္ပါ့မလားလို႔ မယံုရဲယံုရဲ စိတ္ေတြျဖင့္။ကိုယ့္သား ေျခလွမ္းပ်က္ေနတာကို သိေပမဲ့လို႔ ဒီေလာက္အထိ အဆင္ဆိုးေနမယ္လို႔ေတာ့ မထင္ထားခဲ့။အခုေတာ့ အဝတ္ဗလာျဖင့္ ကုတင္ကိုေက်ာမွီထိုင္ကာ ေစာင္ကို ကိုယ္တစ္ပိုင္းသာ လႊမ္းၿခံဳထားၿပီး အနည္းငယ္ ႏြမ္းဖတ္ေနတဲ့ ေဒါနရဲ႕ ပံုစံေၾကာင့္ သူမရင္ထဲက ေဒါသမီးေတာက္က ပို၍အားေကာင္းလာရေတာ့သည္။လည္တိုင္နွင့္ ရင္ဘတ္ေပၚမွာ ပြစာက်ဲေနေသာ အနီေရာင္အမွတ္အသားတို႔အား သတိျပဳမိလိုက္ေတာ့ သူမ၏ ေဒါသေတြ တရားလက္လြတ္ ျဖစ္ကုန္ရေတာ့သည္။

"ျဖန္း...."

"မာမီ...."

အသားခ်င္း ထိခတ္သံရယ္ စစ္နိုင္း၏ အထိတ္တလန္႔ ဟန္႔တားသံရယ္နွင့္အတူ ေဒါန၏ ပါးတစ္ဖက္ ပူကနဲျဖစ္သြားရကာ မ်က္နွာက တစ္ဖက္သို႔လည္က် သြားရေတာ့သည္။ရုတ္တရက္ဆန္တဲ့ အျဖစ္အပ်က္ေၾကာင့္ ဘာျဖစ္လို႔ျဖစ္သြားမွန္းပင္ မသိလိုက္ရပဲ ေဒါနေၾကာင္အေနရေတာ့သည္။

"ေအာက္တန္းစားမ်ိဳး xာေလာက္ေတာင္ အဆင့္မရွ္ိတဲ့အေကာင္ နင္ကမ်ား ငါ့သားက္ုိ ျမႇဴဆြယ္ၿပီး ဖ်က္ဆီးရဲတယ္..."

"မာမီ..."

ေဒါသေၾကာင့္ အသံေတြတုန္ေနယံုမက အသားပါဆတ္ဆတ္တုန္၍ ေဒါနကို တစ္စစီ ဆြဲဆုတ္ပစ္ခ်င္ေနတဲ့ မိခင္ျဖစ္သူ၏ ပံုစံေၾကာင့္
စစ္နိုင္း အလ်ွင္အျမန္ပဲ ေဒါန၏ အေရွ႕မွ ပိတ္ကာရပ္လိုက္ကာ မိခင္ျဖစ္သူ၏ လက္ေတြကို ခ်ဳပ္ကိုင္ထားလိုက္ၿပီးမွ မ်က္နွာခ်င္းဆိုင္ရပ္လိုက္ၿပီ....

"မာမီ စိတ္ေလ်ွာ႔ပါ မာမီေဒါသေတြ အရမ္းႀကီးေနတယ္ စိတ္ေလ်ွာ႔ေနာ္.."

မိခင္ျဖစ္သူအား ေလေျပေအးေအးျဖင့္ ေခ်ာ့ေမာ့သလိုေျပာေတာ့ မိခင္ျဖစ္သူ၏ အၾကည္းစူးစူးမ်ားက စစ္နိုင္းဆီသုိ႔ ဦးတည္လာကာျဖင့္...

"မေလ်ွာ႔နိုင္ဘူး ဟန္စစ္နိုင္း ငါ့ရင္ထဲမွာ မီးေလာင္ျပင္ႀကီး ျဖစ္ေနၿပီသိရဲ႕လား ဟမ္ ေျပာစမ္းပါ ဒါက ဘယ္လိုအေျခအေနလဲ ေျပာျပစမ္းပါ ဒီေအာက္တန္းစားနဲ႔ နင္ကဘာလဲ အခုက ဘယ္လိုအေျခအေနလဲ ငါ့ကိုေျပာျပစမ္းပါ ဟန္စစ္နိုင္းရဲ႕..."

အက်ႌရင္ဘတ္အား ဆြဲလြဲထုရိုက္ကာ ရုပ္ပ်က္ဆင္းပ်က္ အရူးမီးဝိုင္းသလို ျဖစ္ေနတဲ့ မိခင္ျဖစ္သူရဲ႕ ပံုစံေၾကာင့္ ဟန္စစ္နိုင္း၏ စိတ္ေတြ ေလးလံတင္းက်ပ္သြားရေတာ့သည္။ေဒၚနီလာတင့္ဆိုတာ စိတ္ဓာတ္က မာေက်ာသေလာက္ ထက္ျမက္တဲ့မိန္းမမ်ိဳး။အၿမဲတမ္း ထီမထင္အၿပံဳးမ်ားကို ခ်ိတ္ဆြဲ၍ အရာရာမွာ ေအာင္နိုင္ေနခဲ့သူ။အခုလိုမ်ိဳး ၿပိဳလဲ၍ အိေျႏၵတို႔ပ်က္စီး ေပ်ာက္ဆံုးေနခဲ့တာကို သူ႔ရဲ႕တသက္တာမွာ ပထမဦးဆံုး အႀကိမ္ျမင္လိုက္ရတာမလို႔ စစ္နိုင္း ရင္ထဲမွာ တကယ္ပဲ စိုးရိမ္ထိတ္လန္႔ သြားရေလေတာ့သည္။
ေဒၚနီလာတင့္က စစ္နိုင္းအား ဆြဲလြဲထုရိုက္ေနၿပီးေတာ့မွ အားမရနိုင္စြာျဖင့္ ေဒါနဖက္သို႔လွည့္သြားကာ အထင္အျမင္ေသးေသာ အၾကည့္မ်ားျဖင့္ ခပ္စူူးစူး ၾကည့္ၿပီးေတာ့မွ....

"ဘာာလဲ ျခဴဆီထည့္စရာ ေယာက္်ားေတြကုန္ၿပီလား ေယာက္်ားတကာကို ျခဴဆီထည့္ရတာ လူကုန္သြားလို႔ ငါ့သားဆီမွာ ပိုင္းလံုးလာလုပ္တာလား..."

ေဒၚနီလာတင့္ ေျပာၿပီးမႈ နႈတ္ခမ္းကို မဲ့႐ြဲ႕ပစ္ကာ....

"ေယာက္်ားခ်င္းေတာင္မေရွာင္ ႐ြံစရာေကာင္းတဲ့ အတန္းအစားေတြ ေငြအတြက္ဆို သိကၡာတရားဆိုတာ ခြာခ်ေဖ်ာက္ဖ်က္ပစ္မဲ့ ေအာက္တန္းစားမ်ိဳးေတြ.."

မိခင္ျဖစ္သူ၏ ရင့္သီးေသာ နစ္နစ္နာနာ စကားမ်ားေၾကာင့္ စစ္နိုင္း အားနာမ်က္နွာပူလွစြာ ေဒါနအား ၾကည့္မိေတာ့ မ်က္ဝန္းေတြရဲလ်ွက္ ေပါင္ေပၚတင္ထားေသာ လက္သီးအား ခပ္တင္းတင္းဆုပ္ကာ စိတ္ကို ထိန္းခ်ဳပ္ထားသည့္ဟန္တို႔ အတိုင္းသား ေပၚလြင္ေနေလသည္။

"မာမီ ေတာ္ေတာ့..."

စစ္နိုင္း မိခင္ျဖစ္သူ၏ လက္ေမာင္းအား ဆြဲ၍ ဟန္႔တားမိေတာ့ မိခင္ျဖစ္သူ၏ အာရံုက သူ႔ဖက္သုိ႔ ျပန္ေရာက္လာကာျဖင္...

"ေတာ္ေတာ့ ဘာကိုေတာ္ရမွာလဲ ဟန္စစ္နိုင္း မင္းက ဘာကိုေတာ္ေစခ်င္ေနတာလဲ အခုမင္းက သူ႔ကိုကာကြယ္ေနတာလား ေျပာစမ္းပါ ဒါက ဘာအေျခအေနလဲ မင္းက အဲ့ဒီေအာက္တန္းစားမ်ိဳးနဲ႔ တကယ္ပဲ ဟန္စစ္နိုင္း မင္းက မာမီ့ကို အခုပဲေသသြားတာ ျမင္ခ်င္ေနလို႔လား ဟမ္း ေျပာစမ္းပါ ငါအခု ရူးၿပီးေသသြားတာ ျမင္ခ်င္ေနလို႔ ဒီလိုမ်ိဳးလုပ္တာလား ငါ့ကိုတစ္ခုခု ေျပာစမ္းပါ..."

မိခင္ျဖစ္သူ၏ ပံုစံက ထိခိုက္ေၾကကြဲေနဟန္ အျပည့္ျဖင့္ ပို၍ထိန္းခ်ဳပ္ရခက္ခဲလာသလို ေဒါနသည္လည္း အခ်ိန္မေ႐ြး ေပါက္ကြဲေတာ့မည့္ ခ်ိန္ကိုက္ဗံုးတစ္ခုလိုမ်ိဳး။အျပင္ဖက္မွာ ဟိုတယ္ဝန္ထမ္းတခ်ိဳ႕လည္း ရွိေနေသးတာမလို႔ အေျခအေနေတြ ဒီ့ထက္ဆိုးမလာခင္ ဒီထက္အရွက္တကြဲ မျဖစ္ရခင္ အရင္ဦးဆံုး ဒီေနရာမွ မိခင္ျဖစ္သူအား ေခၚထုတ္သြားမွ ျဖစ္မည္ဆုိေသာအေတြးက ဝင္ေရာက္လာေတာ့သည္။

"ကြၽန္ေတာ္တို႔ အရင္ျပန္လိုက္ရေအာင္ေနာ္..."

မိခင္ျဖစ္သူအား ေခ်ာ့ေခ်ာ့ေမာ့ေမာ့ ဆြဲေခၚမိေတာ့ ေဒၚနီလာတင့္က စစ္နိုင္း၏ လက္အား ခါထုတ္လိုက္ၿပီးမွ....

"မာမီ ေမးတာအရင္ေျဖ ဒီအေျခအေနကို ရွင္းျပ မင္းကGayလား မင္းတကယ္ပဲ မင္းတကယ္ပဲ အဲ့ဲဒီအငယ္အေနွာင္း မ်ိဳးရိုးကို ၿငိေနတာလား.."

"အန္တီ...."

ေဒၚနီလာတင့္၏ စကားေၾကာင့္ ေဒါန ေနရာမွ ဝုန္းကနဲ ထရပ္ေတာ့ စစ္နိုင္း နွစ္ေယာက္ၾကားမွာ အသဲအသန္ ျဖတ္ဝင္ကာထားလိုက္ၿပီး bathropeကို ခြၽတ္ကာ အက်ႌဝတ္ေနရင္းျဖင့္.....

"မဟုတ္ဘူး မာမီ..."

ကေသာကေမ်ာ အသဲအသန္ျငင္းဆိုရသည္။ရုတ္တရက္ႀကီး ဟုတ္တယ္ ကြၽန္ေတာ္က gayပါ ေဒါနနွင့္တြဲေနတာပါလို႔ ဒီလိုအေျခအေနမွာ သူဘယ္လိုဖြင့္ဟ ဝန္ခံလိုက္ရမလဲ။တျခား အျပင္လူေတြရဲ႕ေရွ႕မွာ ရုတ္တရက္ႀကီး သူဘယ္လိုcome outလုပ္ရမလဲ။ၿပီးေတာ့ ဒီအေျခအေနအတြက္ သူတကယ္ကို မျပင္ဆင္ရေသးဘူး။ၿပီးေတာ့ မာမီ..သူ႔ရဲ႕စကားတစ္ခြန္းဟာ ေဒါသႀကီးတဲ့ မာမီ့အတြက္ ဘယ္ေလာက္အထိ ထိခ်က္ျပင္းေစမလဲ သူမခန္႔မွန္းရဲဘူး။

"မဟုတ္ရင္ အခုက ဘာလဲ ရွင္းရွင္း ေျပာစမ္းပါ ဟန္စစ္ႏိုင္း မင္းေျပာစမ္း ဒီလို ေအာက္တန္းစားေကာင္းနဲ႔ ပတ္သတ္ၿပီး မာမီ့ကို ျမန္ျမန္ ေသေစခ်င္ေနတာလား ေျပာ မင္းေျပာစမ္းပါအံုး ငါအသက္ရွင္ေနတာ မင္းမျမင္ခ်င္ေတာ့ဘူးလား"

မိခင္ျဖစ္သူက အသံေတြတုန္ကာ ေဒါသေၾကာင့္ တစ္ကိုယ္လံုး တဆတ္ဆတ္ တုန္ယင္ေနေလသည္။ရင္ဘတ္အစံုသည္လည္း နိမ့္ခ်ည္ျမင့္ခ်ည္ပံုက သိသာလြန္းေနကာ ေဒါသေရခ်ိန္ ဘယ္ေလာက္ေတာင္ ျမင့္မားေနသလဲ သိသာလြန္းလွေလသည္။စစ္နိုင္း ပင့္သက္ကိုရိႈက္၍ ေဒါနအား ၾကည့္မိေတာ့ ေဒါန၏ မ်က္ဝန္းမ်ားထဲမွာလည္း တစ္စံုတစ္ခုကို ေမ်ွာ္လင့္ေနသလိုမ်ိဳး အရိပ္အေယာင္တခ်ိဳ႕အား ဖမ္းဆုပ္မိေလေတာ့သည္။တစ္စံုတစ္ခုကို မွားယြင္းေျဖဆို လိုက္မိတာနွင့္ ခ်က္ခ်င္းထေပါက္ကြဲ ဖ်က္ဆီးေတာ့မည့္ ခ်ိန္ကိုက္ဗံုးလိုမ်ိဳး အေျခအေနဟာ စိုးရိမ္ေရမွတ္သို႔ ေရာက္ေနေလတာ့သည္။

!ကိုကို ေက်းဇူးျပဳၿပီး ကြၽန္႔ေတာ့္ဖက္မွာ ရိွေပးလို႔ရမလား ဒီတစ္ခါပါပဲ ဒီတစ္ေခါက္ပါပဲ ဒီတစ္ခါေလးပဲ ကြၽန္ေတာ့္ဖက္က ရပ္တည္ေပးပါ။ကြၽန္ေတာ့္ကို ေ႐ြးျခယ္ေပးပါ။အဲ့ဒီလိုသာဆို ကိုိကို႔အေမရဲ႕ ေရွ႕မွာ ကြၽန္ေတာ္က အၿမဲတမ္း ေခါင္းငံု႔ၿပီးေနေပးမွာမလို႔ ဒီတစ္ခါေလာက္ပဲ ကြၽန္ေတာ့္ဖက္က ေနေပးပါ။ကြၽန္ေတာ့္စိတ္ကို ဖြင့္ၿပီးယံုၾကည္ေပးခဲ့တာ မမွားဘူးဆိုတာကို ဒီတစ္ခါေလာက္ပဲ သက္ေသျပေပးပါ!

စစ္နိုင္း၏ နႈတ္ဖ်ားမွ အေျဖကိုေမ်ွာ္လင့္ေနမိရင္း ေဒါနရင္ထဲမွ အႀကိမ္ႀကိမ္ ေတာင္းဆိုေနမိေတာ့သည္။စကၠန္႔ပိုင္းေလာက္ တိတ္ဆိတ္ၿငိမ္သက္စြာ ေစာင့္စားေနရတဲ့ အခ်ိန္ေလးဟာ ေဒါနအတြက္ေတာ့ ရွင္သန္ခဲ့ရတဲ့ ဘဝတစ္သက္တာအတြင္း အရွည္ၾကာဆံုးနွင့္ ေျခာက္ျခားစရာ အေကာင္းဆံုး ျဖစ္ေလေတာ့သည္။အစြန္းတစ္ဖက္မွာ ရပ္ေနမိရင္း လႊတ္ခ်ခံရမလား ေထြးပိုက္ခံရမလား ဆိုတာဟာ စစ္နိုင္း၏ နႈတ္ဖ်ားေပၚ၌သာ မူတည္ေနသလိုမ်ိဳး။ရွင္သန္ခြင့္ရမလား ၿပိဳလဲပ်က္စီးသြားမလား ဆိုတာဟာလည္း ဒီလူ၏ေစစားရာအတိုင္း။

အခန္းထဲမွ ေလထုအေနအထားက ေၾကာက္စရာ ေကာင္းေလာက္ေအာင္ တိတ္ဆိတ္ၿငိမ္သက္ေနၿပီးေတာ့မွ စစ္နိုင္း ပင့္သက္ကို ရိႈက္လိုက္ကာျဖင့္....

"မဟုတ္ဘူး မာမီ ဒါက ဒီအတိုင္း ေယာက္်ားေလးသဘာဝ အေပ်ာ္ရွာမႈသက္သက္ပါ ေယာက္်ားတစ္ေယာက္နဲ႔ တစ္ေယာက္ အတည္တက် ၿငိတြယ္ၾကတယ္ဆိုတာ ဘယ္လိုျဖစ္နိုင္မွာလဲ မာမီ ၿပီးေတာ့ ေယာက္်ားတစ္ေယာက္ဆီမွာ က်ရံႈးၿငိတြယ္ဖို႔အထိ ကြၽန္ေတာ္မရူးနွမ္းေသးပါဘူး မာမီအရမ္းစိတ္မပူပါနဲ႔ ကြၽန္ေတာ္တို႔က ဒီအတိုင္း ေသြးသားဆႏၵအရ ခဏတာအေပ်ာ္ ပတ္သတ္မႈတစ္ခုပါ အဲ့ဒါမလို႔ မာမီစိတ္ေအးေအးထားပါ ေဒါနကိုလည္း ဘာမွမေျပာပါနဲ႔ေတာ့ သားတို႔က တကယ္ဘာမွမဟုတ္ပါဘူး အိမ္ပဲအရင္ျပန္ၾကရေအာင္ေနာ္ ကြၽန္ေတာ့္ကိုယံုပါ..."

စစ္နိုင္း၏ နႈတ္ဖ်ားမွ တရစပ္ထြက္က်လာေသာ စကားေၾကာင့္ ေဒါန၏ ေမ်ွာ္လင့္ခ်က္အျပည့္ မ်က္ဝန္းေတြဟာ မိႈင္းရီသြားရကာ နွလံုးသားတစ္ခုလံုးဟာလည္း ေအးစက္ေတာင့္တင္း သြားရေတာ့သည္။လူတစ္ကိုယ္လံုးဟာလည္း အျမင့္ဆံုးမွေန၍ ေလဟာနယ္ထဲသို႔ လႊတ္ခ်ခံလိုက္ရသလို လြင့္စင္က်ေပ်ာက္ သြားေတာ့မည္နွယ္။စစ္နိုင္း၏ စကားသံေတြဟာ နားေထာင္ေနရင္းနဲ႔ တျဖည္းျဖည္း ေဝးကြာသြားသလို မ်က္စိေရွ႕မွ ျမင္ကြင္းဟာလည္း ၾကည့္ေနရင္းျဖင့္ တျဖည္းျဖည္း မႈန္ဝါးေပ်ာက္ကြယ္ သြားေတာ့မည့္နွယ္။

!သူတို႔က အဆင့္တက္ခဲ့ၾကၿပီးၿပီေလ သူတို႔က အေပ်ာ္တမ္းဆက္ဆံေရးမဟုတ္ေတာ့ဘူးေလ!

ေဒါန ကေယာင္ကတမ္း ေတြးမိရင္း ထြက္သြားေတာ့မဲ့ စစ္နိုင္း၏ လက္ကို အေနာက္မွလွမ္းဆြဲမိေတာ့ စစ္နိုင္းက လွည့္ၾကည့္လို႔လာေလေတာ့သည္။ေစာင္းငဲ့လာေသာ မ်က္ဝန္းေတြထဲ ျမင္ခ်င္မိတဲ့ အရိပ္အေယာင္ေတြကို အသဲအသန္ ရွာေဖြမိေပမဲ့လို႔ ေတာင္းပန္တိုးလ်ွိဳးေနေသာ အရိပ္မ်ားကိုသာ ေတြ႕ရွိလိုက္ရေတာ့သည္။

နႈတ္ခမ္းကို ခပ္တင္းတင္းေစ့ကာ ခပ္စူးစူးၾကည့္ေနေသာ ေဒါန၏ မ်က္ဝန္းမ်ားကို ၾကည့္ရင္း စစ္နိုင္း၏ရင္ထဲမွာ ထိတ္ကနဲ ျဖစ္သြားရေတာ့သည္။ဒီအေျခအေနကို ေဒါန နားလည္ေပးမွာပဲလို႔ သူေမ်ွာ္လင့္ခဲ့တာ။နားမလည္ေပးနိုင္လို႔ စိတ္ဆိုးရင္ေတာင္မွ မာမီ့ကို အရင္ေျဖရွင္းၿပီးမွ နွစ္ေယာက္သား ျပန္လည္ညႇိယူၾကဖို႔ ေတြးခဲ့မိတာ။သို႔ေပမဲ့ ေအးစက္ေမွာင္မိုက္ေနတဲ့ ေဒါနရဲ႕ မ်က္ဝန္းအၾကည့္ေၾကာင့္ သူ႔ဆံုးျဖတ္ခ်က္ဟာ မွားသြားရၿပီလားလို႔ သံယဝင္ခ်င္သြားရသလို ရင္ထဲမွာ ေလးလံ တင္းၾကပ္လာရေတာ့သည္။ဟိုးငယ္စဥ္ တစ္ေယာက္နဲ႔တစ္ေယာက္ အျမင္မၾကည္ ျဖစ္ခဲ့ၾကတုန္းကေတာင္မွ ေဒါနဆီမွ ဒီလိုမ်ိဳး ေမ်ွာ္လင့္ခ်က္မဲ့ ေအးစက္စိမ္းသက္ေနတဲ့ အၾကည့္မ်ိဳးကို တစ္ခါမွ လက္ခံမရရွိခဲ့ဖူးေခ်။

"လႊတ္စမ္း ဘယ္လိုမာယာေတြနဲ႔ ဆြဲထားခ်င္ေသးလို႔လဲ ႐ြံစရာအေကာင္.."

ခပ္ၾကမ္းၾကမ္း ေဆာင့္ျဖဳတ္ျခင္းကို ခံလိုက္ရတဲ့ လက္အစံုဟာ ေလထဲမွာ အရုပ္ႀကိဳးျပတ္ တြဲေလာင္းက်သြားရသလို လက္ပတ္ကေလး ျပတ္ေတာက္၍ ၾကမ္းျပင္ေပၚသို႔ ေဒါက္ကနဲ ျပဳတ္က်သြားသည့္ အသံဟာလည္း အၾကားအာရံုမွ ေနာက္ဆံုးလက္ခံ သိရွိလိုက္သည့္ အသံသာျဖစ္ေလသည္။ထြက္ခြာသြားေသာ ေက်ာျပင္ကို အသက္မဲ့စြာ ေၾကာင္ၾကည့္ေနမိရင္း ဦးေခါင္းႀကီးတစ္ခုလံုး ထူပူထံုထိုင္းကာ သူ႔ကိုယ္သူ တကယ္ပဲ ေပ်ာက္ဆံုးခဲ့ရၿပီျဖစ္သည္။

!သူတို႔က ေသြးသားဆႏၵအတြက္ ခဏတာအေပ်ာ္ရွာၾကတာလို႔ အဲ့ဒီလူကေျပာလိုက္တာ သူတို႔ရဲ႕ဆက္ဆံေရးက ဘာမွမဟုတ္ဘူးလို႔ အဲ့ဒီလူက တရားဝင္ေၾကျငာလိုက္တာ သူခက္ခက္ခဲခဲ တည္ေဆာက္ယူခဲ့ရတဲ့ ယံုၾကည္ခ်က္ေတြ ေမ်ွာ္လင့္ခ်က္ေတြကို အဲ့ဒီလူက တခ်က္ေတာင္ေစာင္းငဲ့ မၾကည့္ပဲရိုက္ခ်ိဳးလိုက္တာ သူ႔ရဲ႕နွလံုးသားကို အဲ့ဒီလူက အေပ်ာ္ခြဲသြားခဲ့တာ..!

"အား..."

စိတ္ကိုလႊတ္ထုတ္လိုက္ေတာ့ ပထမဦးဆံုး နႈတ္ဖ်ားမွ ထြက္လာတဲ့ေအာ္သံက ရင္ထဲမွနာက်င္မႈေၾကာင့္ ျဖစ္သည္။နာက်ည္းမႈကို ေဒါသအျဖစ္ အသြင္ေျပာင္းမိေတာ့ ကုတင္ေပၚမွ ေခါင္းအံုးေတြ မြစာက်ဲသြားရသလို အလွဆင္ထားေသာ ခရုခြံသည္လည္း နံရံကပ္ထားေသာ ညမီးအိမ္ျဖင့္ မိတ္ဆက္ကာ မီးအိမ္ေရာ ခရုခြံပါ ကြဲေၾကပ်က္စီး သြားရေတာ့သည္။ကုတင္ေဘးမွ စားပြဲပုေလးကိုလည္း အလြတ္မေပးပဲ အသံျမည္ေအာင္ ဆြဲခါပစ္သည္။

"ဒုန္း.....ဝုန္း..."

"ေစာက္ရူး ေစာက္ရူး ေစာက္ရူး xီးဟန္စစ္နိုင္း...."

နႈတ္မွ အရူးတစ္ေယာက္လို ေရ႐ြတ္ေနမိရင္း နံရံကိုလက္သီးျဖင့္ ထိုးေနမိတာ လက္ခံုေပၚမွ အေရျပားေတြ စုတ္ၿပဲပ်က္စီး၍ ေသြးေတြျဖာက်လာရေပမဲ့ ေသြးစိမ္ရွင္ရွင္ စိမ့္က်ေနရတဲ့ နွလံုးသားရဲ႕ နာက်င္မႈကိုေတာ့ မမွီနိုင္ေပ။တစ္ခန္းလံုး အားရေအာက္ဖ်က္ဆီးၿပီး မြစာက်ဲသြားေတာ့မွ ေဒါနသည္ အားအင္တို႔ ကုန္ခမ္းသြားသလိုမ်ိဳး
နံရံ၌ ေက်ာမွီ၍ အရုပ္ႀကိဳးျပတ္ ထိုင္ခ်မိေတာ့သည္။

!ေနာက္ဆံုးေတာ့လည္း ဒီလူက သူ႔ကိုစြန္႔ပစ္ခဲ့တာပဲ။ငယ္ငယ္တုန္းကလို မဟုတ္ပဲ ေျပာင္းလဲၿပီလို႔ ထင္ခဲ့မိတာ သူက ေစာက္ရူးမလို႔ပဲ။နွစ္ဝက္ေလာက္ရွည္ၾကာခဲ့တဲ့ ဆက္ဆံေရးကို မႊန္ထူၿပီး တသက္လံုးအတြက္လို႔ အမွတ္မွားမိတဲ့ သူကေစာက္ရူးပါပဲ။ဟန္စစ္နိုင္းဟာ သူ႔အေပၚမွာ ဘယ္တုန္းကမွ မေျပာင္းလဲခဲ့ဘူး။သူနဲ႔အတူ ေရေပၚမွာ အရုပ္ေရးတမ္းကို အေပ်ာ္သေဘာ ကစားေပးခဲ့တာ။သူကသာ အဟုတ္ႀကီးထင္ မႊန္ထူၿပီး ေဆးေရာင္ထင္မလားလို႔ အားတက္သေရာျခယ္ေနခဲ့မိတာ။ဟန္စစ္နိုင္းဆိုတာ ဘယ္ေတာ့မဆို သူမ်ားနဲ႔ယွဥ္လာရင္ ေဒါနဆိုတဲ့ ေစာက္ရူးလိုေကာင္ကို ဘယ္ေတာ့မွ မေ႐ြးခ်ယ္မွာဟာ မေျပာင္းလဲတဲ့ အမွန္တရားပဲ။ေနာက္ဆံုးေတာ့ ေနာက္ေက်ာကထိုးမဲ့ဓားကို ရင္ဘတ္နဲ႔ေျပးခံခဲ့တဲ့ သူကသာေစာက္ရူး ေစာက္သံုးမက်တဲ့ေကာင္!

!ကြၽန္ေတာ္ တကယ္ကို နာက်င္ဖို႔ေတာင္ အင္အားမရွိေတာ့ဘူး ဟန္စစ္နိုင္း!

ဟိုတယ္ထဲမွ အရွိန္ျပင္းျပင္း ျပန္ထြက္လာေသာ ေဒၚနီလာတင့္၏ ကားေပၚမွာ ဆိတ္ၿငိမ္စြာ ပါသြားတဲ့ စစ္နိုင္း၏ ပံုစံကို ျမင္လိုက္ရေတာ့ ရွင္းခန္႔ နႈတ္ခမ္းတြန္႔၍ ေက်နပ္အားရစြာ ၿပံဳးမိေတာ့သည္။ကိစၥေတြက သူေမ်ွာ္လင့္ထားသည့္အတိုင္း ကြက္တိျဖစ္သြားခဲ့ၿပီပဲ။ရွင္းခန္႔ ေလေလးတခြၽန္ခြၽန္ျဖင့္ ကားစီယာရင္ကို တေဒါက္ေဒါက္ေခါက္ကာ ဟိုတယ္ေရွ႕မွာပဲ မိနစ္၂၀ေလာက္ ထပ္ၿပီး အခ်ိန္ျဖဳန္းၿပီးခ်ိန္မွာေတာ့ ဟိုတယ္ထဲမွ လမ္းေလ်ွာက္ထြက္လာေသာ ေဒါနအား ေတြ႕လိုက္ရေတာ့သည္။မမွီမကမ္း စုစည္းထားတဲ့ ဆံပင္ေတြက ဟိုတစ္စ ဒီတစ္စက်လ်ွက္ ပြေယာင္းျပန္႔က်ဲေနကာ လူပံုစံက အနည္းငယ္ႏြမ္းဖတ္ေနသည္။ဂ်ာကင္ကို ျဖစ္သလို ဆြဲလြဲကိုင္လာခဲ့တဲ့ လက္ခံုေပၚမွာေတာ့ ေသြးစေတြ ေပက်ံေနတာကို ျမင္လိုက္ေတာ့သည္။အသင့္ရွိေနေသာ တကၠစီကို တား၍ တက္သြားသည့္အထိ ရွင္းခန္႔ ေအးေအးေဆးေဆး လိုက္ၾကည့္ ေနၿပီးေတာ့မွ နႈတ္ခမ္းကို ခပ္မဲ့မဲ့ ၿပံဳးမိေတာ့သည္။

!ငါ့အရိပ္ကလြဲၿပီး ဘယ္အရပ္ေဒသမွာမွ မင္းကို ေပ်ာ္႐ႊင္ခြင့္မေပးနိုင္ဘူး မင္းရဲ႕ေပ်ာ္႐ႊင္ျခင္းေတြရဲ႕ ျမစ္ဖ်ားခံရာဟာ ငါမွမဟုတ္ဘူးဆုိရင္ေတာ့ ေနာက္ဆံုးမွာ ဒီလိုအဆံုးသတ္မ်ိဳးကိုပဲ မင္းပိုင္ဆိုင္ရလိမ့္မယ္ ေဒါန!

***

မိခင္၏ ကားေပၚမွာၿငိမ္သက္စြာ ထိုင္လ်ွက္ လိုက္ပါလာခဲ့ေပမဲ့ စစ္နိုင္း၏ စိတ္အစဥ္ကေတာ့ ၿငိမ္သက္မႈမရွိပဲ ဗေလာင္ဆူလႈပ္ခတ္လ်ွက္ရွိေနေလသည္။စိမ္းေတာက္စူးရဲ၍ ေအးစက္နက္ရိႈင္းေနေသာ မ်က္ဝန္းအၾကည့္တစ္စံုကသာ အာရံုထဲမွာ လႊမ္းမိုးလ်ွက္ ရွိေနေလသည္။ေဒါနရဲ႕ အၾကည့္ေတြထဲ တစ္စံုတစ္ခုကို သူရွာေဖြေတြ႕ရွ္ိလိုက္သလိုမ်ိဴး မဟုတ္ဘူး တစ္စံုတစ္ခုကို လက္လႊတ္ဆံုးရံႈးလိုက္ရသလိုမ်ိဳး။အဲ့ဒီမ်က္ဝန္းအၾကည့္ေတြနဲ႔ ဆံုမိလိုက္တဲ့ အခ်ိန္မွာ သူဟာတစ္စံုတစ္ခုကို ေပ်ာက္ဆံုးသြားခဲ့တာ ေသခ်ာေလသည္။

ဒီလိုစကားမ်ိဴးကို ေဒါနရဲ႕ေရွ႕မွာ သူေျပာခဲ့တာ သူလြန္တယ္ဆိုတာ သိပါသည္။ဒါေပမဲ့ သူ႔သာဒီလိုစကားမ်ိဳးကို မေျပာခဲ့ရင္ မာမီက သူမခန္႔မွန္းနိုင္ေလာက္ေအာင္ ဆိုးဝါးတဲ့ အျပဳအမူမ်ိဳးျဖင့္ ေဒါနကို တိုက္ခိုက္လာနိုင္သလို လူအမ်ားရဲ႕အေရွ႕မွာ ေဒါနသာ ပို၍ အရွက္တကြဲ အက်ိဳးနည္းရမွာျဖစ္သည္။ထို႔ေၾကာင့္ သူ႔ဆီမွာ တျခားေ႐ြးျခယ္စရာ မရွိခဲ့။ဒါေပမဲ့ သူ႔ရဲ႕ရည္႐ြယ္ခ်က္ကို ေဒါနက သေဘာေပါက္ပါ့မလား။နားလည္ေပးနိုင္ပါ့မလား။အခုခ်က္ခ်င္းသာ ဟိုတယ္ကို သူျပန္မသြားခဲ့လွ်င္ တစ္စံုတစ္ခုကို ေနာင္တရစြာ စြန္႔လႊတ္ဆံုးရံႈးရေတာ့မယ္လို႔ သူ႔ခံစားခ်က္ေတြက ေဖာ္ျပေနေလေတာ့သည္။

ၿခံဝင္းထဲမွာ ကားရပ္လိုက္သည့္အထိ စစ္နိုင္း ကားေပၚမွ မဆင္းပဲ မလႈပ္မယွက္ၿငိမ္သက္ေနမိစဥ္....

"ကားေပၚမွာ ငုတ္တုတ္ အသက္ထြက္သြားတာေတာ့ မဟုတ္ဘူးမွတ္လား"

မိခင္ျဖစ္သူ၏ စူးရွေသာ အၾကည့္နွင့္စကားမ်ားေၾကာင့္ စစ္နိုင္းသတိဝင္လာရကာ ကားေပၚမွ ဆင္းလိုက္ၿပီးမွ အျပင္သို႔ ေျခလွမ္းျပင္ေလသည္။သားျဖစ္သူ၏ အျပဳအမူေၾကာင့္ ေဒၚနီလာတင့္၏ မ်က္ဝန္းတို႔ ပို၍စူးရဲသြားရကာ....

"ဒါက ဘယ္ကိုေျခလွမ္းျပင္ေနတာလဲ.."

"ကြၽန္ေတာ္ ကြၽန္ေတာ္ ခဏေတာ့ ျပန္သြားမွရမယ္ မာမီ ကြၽန္ေတာ့္မွာ ရွင္းစရာကိစၥေလးရွိေသးလို႔....."

"မသြားရဘူး ေျခတစ္လွမ္းေတာင္ ေ႐ြ႕ဖို႔မစဥ္းစားနဲ႔..."

စစ္နိုင္း၏ စကားမဆံုးေသးပဲ ေဒၚနီလာတင့္က ျဖတ္ေအာ္ပစ္သည္။စစ္နိုင္း ပင့္သက္ကိုရိႈက္ၿပီးေတာ့မွ....

"ကြၽန္ေတာ္ ခဏေလးပဲသြားမွာပါ ကြၽန္ေတာ့္ကိုအခ်ိန္ခဏေလးပဲေပးပါ ကြၽန္ေတာ္မသြားလို႔မျဖစ္ဘူး မာမီ သြားမွကိုျဖစ္မွာ ကြၽန္ေတာ္ျပန္လာခဲ့ပါ့မယ္ ျပန္လာရင္ မာမီနဲ႔ ေသခ်ာစကားေျပာမွာပါ"

စစ္နိုင္းက ေျပာရင္းျဖင့္ ေနရာမွာ ခ်ာကနဲ လွည့္ထြက္ကာ မေျပးရံုတမယ္ေျခလွမ္းကို အရွိန္တင္ေလသည္။

"ဟန္စစ္နိုင္း"

မိခင္ျဖစ္သူ၏ ေအာ္ဟစ္သံသည္လည္း ေနာက္ပါးဆီ၌သာ လြင့္ပ်ံ၍ က်န္ခဲ့ကာ ဟန္စစ္နိုင္း တအားေျပးထြက္ခဲ့မိေတာ့သည္။သူဒီအတိုင္းႀကီးေနလိုက္ရမွာ ေဒါနနွင့္ထပ္မေတြ႕ရဘဲ ေန႔ကူးသြားဖို႔မေျပာနွင့္ ေနာက္ထပ္ နာရီပိုင္းေတာင္ ေနနိုင္ဖို႔ကို ရတက္မေအးနိုင္ ျဖစ္ေနရေလသည္။စိတ္ေဆာင္၍ ေျပးထြက္ခဲ့ၿပီးေတာ့မွ ေတြ႕ရာတကၠစီ တစ္စီးေပၚသို႔ ေျပးတက္ခဲ့ရျခင္းသို႔ ေရာက္သည္။

"xxxxဟိုတယ္ကို အျမန္ဆံုးေမာင္းေပးပါ ဦးေလး.."

တကၠစီေပၚ ထိုင္လိုက္ေနရင္း စိတ္မေအးနိုင္စြာ ကိုယ္တႂကြႂကြျဖင့္ ထိုင္ေနရတာကိုေတာင္ စိတ္မရွည္။ဘဝမွာ စိုးရိမ္ေၾကာင့္ၾကရျခင္းဆိုတဲ့ ခံစားခ်က္ကို အရူးမီးဝိုင္းသလို ခံစားေနရတာ ဒါ ပထမဦးဆံုး။

!ေဒါန ကိုယ့္အတြက္ ခဏေလာက္ရွိေနေပးပါ အရင္လိုပဲ ကိုယ့္ကိုနားလည္ေပးမယ္ မဟုတ္လား!

!နားလည္ေပးေလာက္မွာပါ နားလည္ေအာင္ပဲ သူေျဖရွင္းမွာ..!

ဟိုတယ္ေရွ႕ေရာက္ေတာ့ ပိုက္ဆံကို ဘယ္ေလာက္လဲ မၾကည့္ပဲ ဆြဲထုတ္၍ တကၠစီသမားအား ပစ္ေပးခဲ့ရင္း ကေသာကေမ်ာ ေျပးဝင္ခဲ့မိေတာ့ ဧည့္ၿကိဳဝန္ထမ္းေလးက အသဲအသန္ ပိတ္ကာတားကာျဖင့္....

"အကို ဘယ္သြားခ်င္တာလဲဗ် ဒီအတိုင္းဝင္လို႔မရပါဘူး..."

တားဆီးထားေသာ ဝန္ထမ္းဆီမွ စစ္နိုင္း ဇြတ္တ႐ြတ္ တိုးထြက္ကာျဖင့္...

"ကိုယ္ မနက္ကမွ check inဝင္ထားတဲ့ ဧည့္သည္ပါ အခန္းကိုျပန္လာတာ.."

ေျပာရင္းျဖင့္ အတင္းတိုးတိုက္ကာ ေျပးထြက္ခဲ့ေတာ့....

"ဟာ ေဟ့ ေဟ့လူ အဲ့ဒီလို ဝင္လို႔မရဘူးလို႔ ျပႆနာပဲ.."

ဧည့္ႀကိဳ ဝန္ထမ္းေလး ေနာက္မွ ေျပးလိုက္လာတာကို သိေပမဲ့ စစ္နိုင္း အခန္းေရွ႕သို႔ ေရာက္ေအာင္သာ အရွိန္တင္ခဲ့မိေတာ့သည္။အခန္းေရွ႕ေရာက္ေတာ့ သူစိုးရိမ္ေနခဲ့သည့္အတိုင္း ေဒါနမရွိေတာ့သည့္ အခန္းက အပ်က္အစီးတခ်ိဳ႕ျဖင့္ သူ႔ကိုႀကိဳဆိုေလေတာ့သည္။

အေလာတႀကီး ေျပးဝင္လာေသာ စစ္နိုင္းအား အပ်က္အစီးမ်ားအား ရွင္းလင္းေနေသာ ဝန္းထမ္းမ်ားက ထူးဆန္းသလို ေခါင္းေထာင္၍ ၾကည့္ၾကေလသည္။

"သူေရာ သူ သူ ဘယ္ေရာက္သြားလဲ..."

စစ္နိုင္း တုန္ယင္စြာေမးမိေတာ့ ဝန္ထမ္းေကာင္မေလးက နားမလည္သလို ၾကည့္ေနတာေၾကာင့္....

"ဒီအခန္းက ေကာင္ေလး သူ သူဘယ္ေရာက္သြားလဲလို႔..."

စစ္နိုင္း အသံျမႇင့္ေအာ္ေမးေတာ့ ဝန္ထမ္းေကာင္မေလးက တုန္တက္သြားၿပီးေတာ့မွ....

"ဟို...check outလုပ္သြားပါၿပီရွင့္ ဖ်က္ဆီးခဲ့တာေတြ အတြက္လည္း ေလ်ာ္ေၾကးေပးခဲ့ပါတယ္..."

ေမွ်ာ္လင့္ထားၿပီးတဲ့ စကားျဖစ္ေပမဲ့လို႔ စစ္နိုင္း၏ရင္ထဲ ဟာဆင္းသြားရေလသည္။အခန္းထဲမွ အပ်က္အစီးမ်ားကို ေဝ့ဝဲၾကည့္ရင္း နံရံေပၚမွ လက္သီးျဖင့္ထိုးခဲ့ပံုရေသာ ေသြးကြက္ကို ျမင္လိုက္ရေတာ့ ရင္ဘတ္ထဲမွာ စစ္ကနဲ နာက်င္သြားရကာ ေဒါန၏ ေဒါသေရခ်ိန္နွင့္ နာက်င္ထိရွမႈကို ခန္႔မွန္းမိလိုက္ေတာ့သည္။သူ႔ရဲ႕ ကြၽံ႕မိလြန္မိတဲ့ စကားေတြအတြက္ ျပန္ေျဖရွင္းခြင့္ေလးေတာ့ ရနိုင္ေကာင္းပါရဲ႕။

"ဒါေလးက အခုပဲ ဒီထဲက ေတြ႕တာပါ သူက်န္ခဲ့တာျဖစ္မယ္ရွင့္.."

ဝန္ထမ္းေကာင္မေလး လက္ထဲလာထည့္ေပးေသာ လက္ပတ္အပ်က္ေလးအား ၾကည့္၍ စစ္နိုင္း ငိုင္က်သြားရေတာ့သည္။မင္းေျပာေတာ့ ဆင္တူဝတ္ထားမွာမလို႔ ဘယ္ေတာ့မွ မခြၽတ္ေၾကးဆို။အခုေတာ့ ကိုယ္တို႔ရဲ႕ဆက္ဆံေရးကို ပ်က္စီးသြားၿပီဆိုတဲ့ အဓိပၸါယ္နဲ႔မ်ား ဖ်က္ဆီးခဲ့ရတာလား။

လက္ပတ္အျပတ္ေလးကို ဆုပ္ကိုင္ထားရင္း ထိုအေတြးကို ေတြးမိေတာ့ ဝမ္းနည္းမႈက ရင္ထဲမွာ လိိႈက္တက္လာရကာ ေယာက္်ားတန္မဲ့ ငိုခ်င္လာရေလေတာ့သည္။လက္ပတ္ကို ခပ္တင္းတင္းဆုပ္ကိုင္၍ ငိုင္ေတြရပ္ေနမိၿပီးေတာ့မွ ေခါင္းငိုက္စိုက္ၾကစြာျဖင့္ ဟိုတယ္ထဲမွ ေလးကန္းေသာ ေျခလွမ္းမ်ားျဖင့္ ျပန္ထြက္ခဲ့မိေလသည္။
ဘဝမွာ ဝမ္နည္းစိတ္ကို လိႈက္လိႈက္လွဲလွဲ ခံစားမိရတာဟာလည္း ဒါပထမဦးဆံုးပဲ ျဖစ္ေလေတာ့၏။

#LahPhan

Unicode

"မာမီ..."

ဒေါသသွေးများဖြင့် မီးတောက်နေသော မျက်ဝန်းများနှင့်အတူ တင်းမာခက်ထန်နေသော မိခင်ဖြစ်သူ၏ အသွင်သဏ္ဍန်ကြောင့် စစ်နိုင်းတစ်ယောက် ခြေမကိုင်မိလက်မကိုင်မိဖြင့် ဘာလုပ်လို့ လုပ်ရမှန်းမသိပဲ ဖြစ်သွားရတော့သည်။အနောက်မှာလည်း ဟိုတယ်ဝန်ထမ်းလေး နှစ်ယောက်က အသင့်ရှိလ်ု့ိနေလေသည်။

"ဖယ်စမ်း..."

ပခုံးကို ခပ်ကြမ်းကြမ်း တွန်းဖယ်၍ အခန်းထဲသို့ ဒေါသခြေလှမ်းများဖြင့် လှမ်းသွားသော မိခင်ဖြစ်သူအား တားဆီးလို့တောင် မမှီနိုင်တော့။

သားရှင်း ဖုန်းဆက်တုန်းကတော့ ဟုတ်မှဟုတ်ရဲ့လား ဟုတ်ပါရဲ့လား အဲဒီ့လောက်အထိ ကိုယ့်သားက ဖြစ်နိုင်ပါ့မလားလို့ မယုံရဲယုံရဲ စိတ်တွေဖြင့်။ကိုယ့်သား ခြေလှမ်းပျက်နေတာကို သိပေမဲ့လို့ ဒီလောက်အထိ အဆင်ဆိုးနေမယ်လို့တော့ မထင်ထားခဲ့။အခုတော့ အဝတ်ဗလာဖြင့် ကုတင်ကိုကျောမှီထိုင်ကာ စောင်ကို ကိုယ်တစ်ပိုင်းသာ လွှမ်းခြုံထားပြီး အနည်းငယ် နွမ်းဖတ်နေတဲ့ ဒေါနရဲ့ ပုံစံကြောင့် သူမရင်ထဲက ဒေါသမီးတောက်က ပို၍အားကောင်းလာရတော့သည်။လည်တိုင်နှင့် ရင်ဘတ်ပေါ်မှာ ပွစာကျဲနေသော အနီရောင်အမှတ်အသားတို့အား သတိပြုမိလိုက်တော့ သူမ၏ ဒေါသတွေ တရားလက်လွတ် ဖြစ်ကုန်ရတော့သည်။

"ဖြန်း...."

"မာမီ...."

အသားချင်း ထိခတ်သံရယ် စစ်နိုင်း၏ အထိတ်တလန့် ဟန့်တားသံရယ်နှင့်အတူ ဒေါန၏ ပါးတစ်ဖက် ပူကနဲဖြစ်သွားရကာ မျက်နှာက တစ်ဖက်သို့လည်ကျ သွားရတော့သည်။ရုတ်တရက်ဆန်တဲ့ အဖြစ်အပျက်ကြောင့် ဘာဖြစ်လို့ဖြစ်သွားမှန်းပင် မသိလိုက်ရပဲ ဒေါနကြောင်အနေရတော့သည်။

"အောက်တန်းစားမျိုး xာလောက်တောင် အဆင့်မရှိတဲ့အကောင် နင်ကများ ငါ့သားကို မြှူဆွယ်ပြီး ဖျက်ဆီးရဲတယ်..."

"မာမီ..."

ဒေါသကြောင့် အသံတွေတုန်နေယုံမက အသားပါဆတ်ဆတ်တုန်၍ ဒေါနကို တစ်စစီ ဆွဲဆုတ်ပစ်ချင်နေတဲ့ မိခင်ဖြစ်သူ၏ ပုံစံကြောင့်
စစ်နိုင်း အလျှင်အမြန်ပဲ ဒေါန၏ အရှေ့မှ ပိတ်ကာရပ်လိုက်ကာ မိခင်ဖြစ်သူ၏ လက်တွေကို ချုပ်ကိုင်ထားလိုက်ပြီးမှ မျက်နှာချင်းဆိုင်ရပ်လိုက်ပြီ....

"မာမီ စိတ်လျှော့ပါ မာမီဒေါသတွေ အရမ်းကြီးနေတယ် စိတ်လျှော့နော်.."

မိခင်ဖြစ်သူအား လေပြေအေးအေးဖြင့် ချော့မော့သလိုပြောတော့ မိခင်ဖြစ်သူ၏ အကြည်းစူးစူးများက စစ်နိုင်းဆီသို့ ဦးတည်လာကာဖြင့်...

"မလျှော့နိုင်ဘူး ဟန်စစ်နိုင်း ငါ့ရင်ထဲမှာ မီးလောင်ပြင်ကြီး ဖြစ်နေပြီသိရဲ့လား ဟမ် ပြောစမ်းပါ ဒါက ဘယ်လိုအခြေအနေလဲ ပြောပြစမ်းပါ ဒီအောက်တန်းစားနဲ့ နင်ကဘာလဲ အခုက ဘယ်လိုအခြေအနေလဲ ငါ့ကိုပြောပြစမ်းပါ ဟန်စစ်နိုင်းရဲ့..."

အကျႌရင်ဘတ်အား ဆွဲလွဲထုရိုက်ကာ ရုပ်ပျက်ဆင်းပျက် အရူးမီးဝိုင်းသလို ဖြစ်နေတဲ့ မိခင်ဖြစ်သူရဲ့ ပုံစံကြောင့် ဟန်စစ်နိုင်း၏ စိတ်တွေ လေးလံတင်းကျပ်သွားရတော့သည်။ဒေါ်နီလာတင့်ဆိုတာ စိတ်ဓာတ်က မာကျောသလောက် ထက်မြက်တဲ့မိန်းမမျိုး။အမြဲတမ်း ထီမထင်အပြုံးများကို ချိတ်ဆွဲ၍ အရာရာမှာ အောင်နိုင်နေခဲ့သူ။အခုလိုမျိုး ပြိုလဲ၍ အိနြေ္ဒတို့ပျက်စီး ပျောက်ဆုံးနေခဲ့တာကို သူ့ရဲ့တသက်တာမှာ ပထမဦးဆုံး အကြိမ်မြင်လိုက်ရတာမလို့ စစ်နိုင်း ရင်ထဲမှာ တကယ်ပဲ စိုးရိမ်ထိတ်လန့် သွားရလေတော့သည်။
ဒေါ်နီလာတင့်က စစ်နိုင်းအား ဆွဲလွဲထုရိုက်နေပြီးတော့မှ အားမရနိုင်စွာဖြင့် ဒေါနဖက်သို့လှည့်သွားကာ အထင်အမြင်သေးသော အကြည့်များဖြင့် ခပ်စူူးစူး ကြည့်ပြီးတော့မှ....

"ဘာာလဲ ခြူဆီထည့်စရာ ယောက်ျားတွေကုန်ပြီလား ယောက်ျားတကာကို ခြူဆီထည့်ရတာ လူကုန်သွားလို့ ငါ့သားဆီမှာ ပိုင်းလုံးလာလုပ်တာလား..."

ဒေါ်နီလာတင့် ပြောပြီးမှု နှုတ်ခမ်းကို မဲ့ရွဲ့ပစ်ကာ....

"ယောက်ျားချင်းတောင်မရှောင် ရွံစရာကောင်းတဲ့ အတန်းအစားတွေ ငွေအတွက်ဆို သိက္ခာတရားဆိုတာ ခွာချဖျောက်ဖျက်ပစ်မဲ့ အောက်တန်းစားမျိုးတွေ.."

မိခင်ဖြစ်သူ၏ ရင့်သီးသော နစ်နစ်နာနာ စကားများကြောင့် စစ်နိုင်း အားနာမျက်နှာပူလှစွာ ဒေါနအား ကြည့်မိတော့ မျက်ဝန်းတွေရဲလျှက် ပေါင်ပေါ်တင်ထားသော လက်သီးအား ခပ်တင်းတင်းဆုပ်ကာ စိတ်ကို ထိန်းချုပ်ထားသည့်ဟန်တို့ အတိုင်းသား ပေါ်လွင်နေလေသည်။

"မာမီ တော်တော့..."

စစ်နိုင်း မိခင်ဖြစ်သူ၏ လက်မောင်းအား ဆွဲ၍ ဟန့်တားမိတော့ မိခင်ဖြစ်သူ၏ အာရုံက သူ့ဖက်သို့ ပြန်ရောက်လာကာဖြင်...

"တော်တော့ ဘာကိုတော်ရမှာလဲ ဟန်စစ်နိုင်း မင်းက ဘာကိုတော်စေချင်နေတာလဲ အခုမင်းက သူ့ကိုကာကွယ်နေတာလား ပြောစမ်းပါ ဒါက ဘာအခြေအနေလဲ မင်းက အဲ့ဒီအောက်တန်းစားမျိုးနဲ့ တကယ်ပဲ ဟန်စစ်နိုင်း မင်းက မာမီ့ကို အခုပဲသေသွားတာ မြင်ချင်နေလို့လား ဟမ်း ပြောစမ်းပါ ငါအခု ရူးပြီးသေသွားတာ မြင်ချင်နေလို့ ဒီလိုမျိုးလုပ်တာလား ငါ့ကိုတစ်ခုခု ပြောစမ်းပါ..."

မိခင်ဖြစ်သူ၏ ပုံစံက ထိခိုက်ကြေကွဲနေဟန် အပြည့်ဖြင့် ပို၍ထိန်းချုပ်ရခက်ခဲလာသလို ဒေါနသည်လည်း အချိန်မရွေး ပေါက်ကွဲတော့မည့် ချိန်ကိုက်ဗုံးတစ်ခုလိုမျိုး။အပြင်ဖက်မှာ ဟိုတယ်ဝန်ထမ်းတချို့လည်း ရှိနေသေးတာမလို့ အခြေအနေတွေ ဒီ့ထက်ဆိုးမလာခင် ဒီထက်အရှက်တကွဲ မဖြစ်ရခင် အရင်ဦးဆုံး ဒီနေရာမှ မိခင်ဖြစ်သူအား ခေါ်ထုတ်သွားမှ ဖြစ်မည်ဆိုသောအတွေးက ဝင်ရောက်လာတော့သည်။

"ကျွန်တော်တို့ အရင်ပြန်လိုက်ရအောင်နော်..."

မိခင်ဖြစ်သူအား ချော့ချော့မော့မော့ ဆွဲခေါ်မိတော့ ဒေါ်နီလာတင့်က စစ်နိုင်း၏ လက်အား ခါထုတ်လိုက်ပြီးမှ....

"မာမီ မေးတာအရင်ဖြေ ဒီအခြေအနေကို ရှင်းပြ မင်းကGayလား မင်းတကယ်ပဲ မင်းတကယ်ပဲ အဲ့ဲဒီအငယ်အနှောင်း မျိုးရိုးကို ငြိနေတာလား.."

"အန်တီ...."

ဒေါ်နီလာတင့်၏ စကားကြောင့် ဒေါန နေရာမှ ဝုန်းကနဲ ထရပ်တော့ စစ်နိုင်း နှစ်ယောက်ကြားမှာ အသဲအသန် ဖြတ်ဝင်ကာထားလိုက်ပြီး bathropeကို ချွတ်ကာ အကျႌဝတ်နေရင်းဖြင့်.....

"မဟုတ်ဘူး မာမီ..."

ကသောကမျော အသဲအသန်ငြင်းဆိုရသည်။ရုတ်တရက်ကြီး ဟုတ်တယ် ကျွန်တော်က gayပါ ဒေါနနှင့်တွဲနေတာပါလို့ ဒီလိုအခြေအနေမှာ သူဘယ်လိုဖွင့်ဟ ဝန်ခံလိုက်ရမလဲ။တခြား အပြင်လူတွေရဲ့ရှေ့မှာ ရုတ်တရက်ကြီး သူဘယ်လိုcome outလုပ်ရမလဲ။ပြီးတော့ ဒီအခြေအနေအတွက် သူတကယ်ကို မပြင်ဆင်ရသေးဘူး။ပြီးတော့ မာမီ..သူ့ရဲ့စကားတစ်ခွန်းဟာ ဒေါသကြီးတဲ့ မာမီ့အတွက် ဘယ်လောက်အထိ ထိချက်ပြင်းစေမလဲ သူမခန့်မှန်းရဲဘူး။

"မဟုတ်ရင် အခုက ဘာလဲ ရှင်းရှင်း ပြောစမ်းပါ ဟန်စစ်နိုင်း မင်းပြောစမ်း ဒီလို အောက်တန်းစားကောင်းနဲ့ ပတ်သတ်ပြီး မာမီ့ကို မြန်မြန် သေစေချင်နေတာလား ပြော မင်းပြောစမ်းပါအုံး ငါအသက်ရှင်နေတာ မင်းမမြင်ချင်တော့ဘူးလား"

မိခင်ဖြစ်သူက အသံတွေတုန်ကာ ဒေါသကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေလေသည်။ရင်ဘတ်အစုံသည်လည်း နိမ့်ချည်မြင့်ချည်ပုံက သိသာလွန်းနေကာ ဒေါသရေချိန် ဘယ်လောက်တောင် မြင့်မားနေသလဲ သိသာလွန်းလှလေသည်။စစ်နိုင်း ပင့်သက်ကိုရှိုက်၍ ဒေါနအား ကြည့်မိတော့ ဒေါန၏ မျက်ဝန်းများထဲမှာလည်း တစ်စုံတစ်ခုကို မျှော်လင့်နေသလိုမျိုး အရိပ်အယောင်တချို့အား ဖမ်းဆုပ်မိလေတော့သည်။တစ်စုံတစ်ခုကို မှားယွင်းဖြေဆို လိုက်မိတာနှင့် ချက်ချင်းထပေါက်ကွဲ ဖျက်ဆီးတော့မည့် ချိန်ကိုက်ဗုံးလိုမျိုး အခြေအနေဟာ စိုးရိမ်ရေမှတ်သို့ ရောက်နေလေတာ့သည်။

!ကိုကို ကျေးဇူးပြုပြီး ကျွန့်တော့်ဖက်မှာ ရှိပေးလို့ရမလား ဒီတစ်ခါပါပဲ ဒီတစ်ခေါက်ပါပဲ ဒီတစ်ခါလေးပဲ ကျွန်တော့်ဖက်က ရပ်တည်ပေးပါ။ကျွန်တော့်ကို ရွေးခြယ်ပေးပါ။အဲ့ဒီလိုသာဆို ကိုကို့အမေရဲ့ ရှေ့မှာ ကျွန်တော်က အမြဲတမ်း ခေါင်းငုံ့ပြီးနေပေးမှာမလို့ ဒီတစ်ခါလောက်ပဲ ကျွန်တော့်ဖက်က နေပေးပါ။ကျွန်တော့်စိတ်ကို ဖွင့်ပြီးယုံကြည်ပေးခဲ့တာ မမှားဘူးဆိုတာကို ဒီတစ်ခါလောက်ပဲ သက်သေပြပေးပါ!

စစ်နိုင်း၏ နှုတ်ဖျားမှ အဖြေကိုမျှော်လင့်နေမိရင်း ဒေါနရင်ထဲမှ အကြိမ်ကြိမ် တောင်းဆိုနေမိတော့သည်။စက္ကန့်ပိုင်းလောက် တိတ်ဆိတ်ငြိမ်သက်စွာ စောင့်စားနေရတဲ့ အချိန်လေးဟာ ဒေါနအတွက်တော့ ရှင်သန်ခဲ့ရတဲ့ ဘဝတစ်သက်တာအတွင်း အရှည်ကြာဆုံးနှင့် ခြောက်ခြားစရာ အကောင်းဆုံး ဖြစ်လေတော့သည်။အစွန်းတစ်ဖက်မှာ ရပ်နေမိရင်း လွှတ်ချခံရမလား ထွေးပိုက်ခံရမလား ဆိုတာဟာ စစ်နိုင်း၏ နှုတ်ဖျားပေါ်၌သာ မူတည်နေသလိုမျိုး။ရှင်သန်ခွင့်ရမလား ပြိုလဲပျက်စီးသွားမလား ဆိုတာဟာလည်း ဒီလူ၏စေစားရာအတိုင်း။

အခန်းထဲမှ လေထုအနေအထားက ကြောက်စရာ ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေပြီးတော့မှ စစ်နိုင်း ပင့်သက်ကို ရှိုက်လိုက်ကာဖြင့်....

"မဟုတ်ဘူး မာမီ ဒါက ဒီအတိုင်း ယောက်ျားလေးသဘာဝ အပျော်ရှာမှုသက်သက်ပါ ယောက်ျားတစ်ယောက်နဲ့ တစ်ယောက် အတည်တကျ ငြိတွယ်ကြတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ မာမီ ပြီးတော့ ယောက်ျားတစ်ယောက်ဆီမှာ ကျရှုံးငြိတွယ်ဖို့အထိ ကျွန်တော်မရူးနှမ်းသေးပါဘူး မာမီအရမ်းစိတ်မပူပါနဲ့ ကျွန်တော်တို့က ဒီအတိုင်း သွေးသားဆန္ဒအရ ခဏတာအပျော် ပတ်သတ်မှုတစ်ခုပါ အဲ့ဒါမလို့ မာမီစိတ်အေးအေးထားပါ ဒေါနကိုလည်း ဘာမှမပြောပါနဲ့တော့ သားတို့က တကယ်ဘာမှမဟုတ်ပါဘူး အိမ်ပဲအရင်ပြန်ကြရအောင်နော် ကျွန်တော့်ကိုယုံပါ..."

စစ်နိုင်း၏ နှုတ်ဖျားမှ တရစပ်ထွက်ကျလာသော စကားကြောင့် ဒေါန၏ မျှော်လင့်ချက်အပြည့် မျက်ဝန်းတွေဟာ မှိုင်းရီသွားရကာ နှလုံးသားတစ်ခုလုံးဟာလည်း အေးစက်တောင့်တင်း သွားရတော့သည်။လူတစ်ကိုယ်လုံးဟာလည်း အမြင့်ဆုံးမှနေ၍ လေဟာနယ်ထဲသို့ လွှတ်ချခံလိုက်ရသလို လွင့်စင်ကျပျောက် သွားတော့မည်နှယ်။စစ်နိုင်း၏ စကားသံတွေဟာ နားထောင်နေရင်းနဲ့ တဖြည်းဖြည်း ဝေးကွာသွားသလို မျက်စိရှေ့မှ မြင်ကွင်းဟာလည်း ကြည့်နေရင်းဖြင့် တဖြည်းဖြည်း မှုန်ဝါးပျောက်ကွယ် သွားတော့မည့်နှယ်။

!သူတို့က အဆင့်တက်ခဲ့ကြပြီးပြီလေ သူတို့က အပျော်တမ်းဆက်ဆံရေးမဟုတ်တော့ဘူးလေ!

ဒေါန ကယောင်ကတမ်း တွေးမိရင်း ထွက်သွားတော့မဲ့ စစ်နိုင်း၏ လက်ကို အနောက်မှလှမ်းဆွဲမိတော့ စစ်နိုင်းက လှည့်ကြည့်လို့လာလေတော့သည်။စောင်းငဲ့လာသော မျက်ဝန်းတွေထဲ မြင်ချင်မိတဲ့ အရိပ်အယောင်တွေကို အသဲအသန် ရှာဖွေမိပေမဲ့လို့ တောင်းပန်တိုးလျှိုးနေသော အရိပ်များကိုသာ တွေ့ရှိလိုက်ရတော့သည်။

နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ကာ ခပ်စူးစူးကြည့်နေသော ဒေါန၏ မျက်ဝန်းများကို ကြည့်ရင်း စစ်နိုင်း၏ရင်ထဲမှာ ထိတ်ကနဲ ဖြစ်သွားရတော့သည်။ဒီအခြေအနေကို ဒေါန နားလည်ပေးမှာပဲလို့ သူမျှော်လင့်ခဲ့တာ။နားမလည်ပေးနိုင်လို့ စိတ်ဆိုးရင်တောင်မှ မာမီ့ကို အရင်ဖြေရှင်းပြီးမှ နှစ်ယောက်သား ပြန်လည်ညှိယူကြဖို့ တွေးခဲ့မိတာ။သို့ပေမဲ့ အေးစက်မှောင်မိုက်နေတဲ့ ဒေါနရဲ့ မျက်ဝန်းအကြည့်ကြောင့် သူ့ဆုံးဖြတ်ချက်ဟာ မှားသွားရပြီလားလို့ သံယဝင်ချင်သွားရသလို ရင်ထဲမှာ လေးလံ တင်းကြပ်လာရတော့သည်။ဟိုးငယ်စဉ် တစ်ယောက်နဲ့တစ်ယောက် အမြင်မကြည် ဖြစ်ခဲ့ကြတုန်းကတောင်မှ ဒေါနဆီမှ ဒီလိုမျိုး မျှော်လင့်ချက်မဲ့ အေးစက်စိမ်းသက်နေတဲ့ အကြည့်မျိုးကို တစ်ခါမှ လက်ခံမရရှိခဲ့ဖူးချေ။

"လွှတ်စမ်း ဘယ်လိုမာယာတွေနဲ့ ဆွဲထားချင်သေးလို့လဲ ရွံစရာအကောင်.."

ခပ်ကြမ်းကြမ်း ဆောင့်ဖြုတ်ခြင်းကို ခံလိုက်ရတဲ့ လက်အစုံဟာ လေထဲမှာ အရုပ်ကြိုးပြတ် တွဲလောင်းကျသွားရသလို လက်ပတ်ကလေး ပြတ်တောက်၍ ကြမ်းပြင်ပေါ်သို့ ဒေါက်ကနဲ ပြုတ်ကျသွားသည့် အသံဟာလည်း အကြားအာရုံမှ နောက်ဆုံးလက်ခံ သိရှိလိုက်သည့် အသံသာဖြစ်လေသည်။ထွက်ခွာသွားသော ကျောပြင်ကို အသက်မဲ့စွာ ကြောင်ကြည့်နေမိရင်း ဦးခေါင်းကြီးတစ်ခုလုံး ထူပူထုံထိုင်းကာ သူ့ကိုယ်သူ တကယ်ပဲ ပျောက်ဆုံးခဲ့ရပြီဖြစ်သည်။

!သူတို့က သွေးသားဆန္ဒအတွက် ခဏတာအပျော်ရှာကြတာလို့ အဲ့ဒီလူကပြောလိုက်တာ သူတို့ရဲ့ဆက်ဆံရေးက ဘာမှမဟုတ်ဘူးလို့ အဲ့ဒီလူက တရားဝင်ကြေငြာလိုက်တာ သူခက်ခက်ခဲခဲ တည်ဆောက်ယူခဲ့ရတဲ့ ယုံကြည်ချက်တွေ မျှော်လင့်ချက်တွေကို အဲ့ဒီလူက တချက်တောင်စောင်းငဲ့ မကြည့်ပဲရိုက်ချိုးလိုက်တာ သူ့ရဲ့နှလုံးသားကို အဲ့ဒီလူက အပျော်ခွဲသွားခဲ့တာ..!

"အား..."

စိတ်ကိုလွှတ်ထုတ်လိုက်တော့ ပထမဦးဆုံး နှုတ်ဖျားမှ ထွက်လာတဲ့အော်သံက ရင်ထဲမှနာကျင်မှုကြောင့် ဖြစ်သည်။နာကျည်းမှုကို ဒေါသအဖြစ် အသွင်ပြောင်းမိတော့ ကုတင်ပေါ်မှ ခေါင်းအုံးတွေ မွစာကျဲသွားရသလို အလှဆင်ထားသော ခရုခွံသည်လည်း နံရံကပ်ထားသော ညမီးအိမ်ဖြင့် မိတ်ဆက်ကာ မီးအိမ်ရော ခရုခွံပါ ကွဲကြေပျက်စီး သွားရတော့သည်။ကုတင်ဘေးမှ စားပွဲပုလေးကိုလည်း အလွတ်မပေးပဲ အသံမြည်အောင် ဆွဲခါပစ်သည်။

"ဒုန်း.....ဝုန်း..."

"စောက်ရူး စောက်ရူး စောက်ရူး xီးဟန်စစ်နိုင်း...."

နှုတ်မှ အရူးတစ်ယောက်လို ရေရွတ်နေမိရင်း နံရံကိုလက်သီးဖြင့် ထိုးနေမိတာ လက်ခုံပေါ်မှ အရေပြားတွေ စုတ်ပြဲပျက်စီး၍ သွေးတွေဖြာကျလာရပေမဲ့ သွေးစိမ်ရှင်ရှင် စိမ့်ကျနေရတဲ့ နှလုံးသားရဲ့ နာကျင်မှုကိုတော့ မမှီနိုင်ပေ။တစ်ခန်းလုံး အားရအောက်ဖျက်ဆီးပြီး မွစာကျဲသွားတော့မှ ဒေါနသည် အားအင်တို့ ကုန်ခမ်းသွားသလိုမျိုး
နံရံ၌ ကျောမှီ၍ အရုပ်ကြိုးပြတ် ထိုင်ချမိတော့သည်။

!နောက်ဆုံးတော့လည်း ဒီလူက သူ့ကိုစွန့်ပစ်ခဲ့တာပဲ။ငယ်ငယ်တုန်းကလို မဟုတ်ပဲ ပြောင်းလဲပြီလို့ ထင်ခဲ့မိတာ သူက စောက်ရူးမလို့ပဲ။နှစ်ဝက်လောက်ရှည်ကြာခဲ့တဲ့ ဆက်ဆံရေးကို မွှန်ထူပြီး တသက်လုံးအတွက်လို့ အမှတ်မှားမိတဲ့ သူကစောက်ရူးပါပဲ။ဟန်စစ်နိုင်းဟာ သူ့အပေါ်မှာ ဘယ်တုန်းကမှ မပြောင်းလဲခဲ့ဘူး။သူနဲ့အတူ ရေပေါ်မှာ အရုပ်ရေးတမ်းကို အပျော်သဘော ကစားပေးခဲ့တာ။သူကသာ အဟုတ်ကြီးထင် မွှန်ထူပြီး ဆေးရောင်ထင်မလားလို့ အားတက်သရောခြယ်နေခဲ့မိတာ။ဟန်စစ်နိုင်းဆိုတာ ဘယ်တော့မဆို သူများနဲ့ယှဉ်လာရင် ဒေါနဆိုတဲ့ စောက်ရူးလိုကောင်ကို ဘယ်တော့မှ မရွေးချယ်မှာဟာ မပြောင်းလဲတဲ့ အမှန်တရားပဲ။နောက်ဆုံးတော့ နောက်ကျောကထိုးမဲ့ဓားကို ရင်ဘတ်နဲ့ပြေးခံခဲ့တဲ့ သူကသာစောက်ရူး စောက်သုံးမကျတဲ့ကောင်!

!ကျွန်တော် တကယ်ကို နာကျင်ဖို့တောင် အင်အားမရှိတော့ဘူး ဟန်စစ်နိုင်း!

ဟိုတယ်ထဲမှ အရှိန်ပြင်းပြင်း ပြန်ထွက်လာသော ဒေါ်နီလာတင့်၏ ကားပေါ်မှာ ဆိတ်ငြိမ်စွာ ပါသွားတဲ့ စစ်နိုင်း၏ ပုံစံကို မြင်လိုက်ရတော့ ရှင်းခန့် နှုတ်ခမ်းတွန့်၍ ကျေနပ်အားရစွာ ပြုံးမိတော့သည်။ကိစ္စတွေက သူမျှော်လင့်ထားသည့်အတိုင်း ကွက်တိဖြစ်သွားခဲ့ပြီပဲ။ရှင်းခန့် လေလေးတချွန်ချွန်ဖြင့် ကားစီယာရင်ကို တဒေါက်ဒေါက်ခေါက်ကာ ဟိုတယ်ရှေ့မှာပဲ မိနစ်၂၀လောက် ထပ်ပြီး အချိန်ဖြုန်းပြီးချိန်မှာတော့ ဟိုတယ်ထဲမှ လမ်းလျှောက်ထွက်လာသော ဒေါနအား တွေ့လိုက်ရတော့သည်။မမှီမကမ်း စုစည်းထားတဲ့ ဆံပင်တွေက ဟိုတစ်စ ဒီတစ်စကျလျှက် ပွယောင်းပြန့်ကျဲနေကာ လူပုံစံက အနည်းငယ်နွမ်းဖတ်နေသည်။ဂျာကင်ကို ဖြစ်သလို ဆွဲလွဲကိုင်လာခဲ့တဲ့ လက်ခုံပေါ်မှာတော့ သွေးစတွေ ပေကျံနေတာကို မြင်လိုက်တော့သည်။အသင့်ရှိနေသော တက္ကစီကို တား၍ တက်သွားသည့်အထိ ရှင်းခန့် အေးအေးဆေးဆေး လိုက်ကြည့် နေပြီးတော့မှ နှုတ်ခမ်းကို ခပ်မဲ့မဲ့ ပြုံးမိတော့သည်။

!ငါ့အရိပ်ကလွဲပြီး ဘယ်အရပ်ဒေသမှာမှ မင်းကို ပျော်ရွှင်ခွင့်မပေးနိုင်ဘူး မင်းရဲ့ပျော်ရွှင်ခြင်းတွေရဲ့ မြစ်ဖျားခံရာဟာ ငါမှမဟုတ်ဘူးဆိုရင်တော့ နောက်ဆုံးမှာ ဒီလိုအဆုံးသတ်မျိုးကိုပဲ မင်းပိုင်ဆိုင်ရလိမ့်မယ် ဒေါန!

***

မိခင်၏ ကားပေါ်မှာငြိမ်သက်စွာ ထိုင်လျှက် လိုက်ပါလာခဲ့ပေမဲ့ စစ်နိုင်း၏ စိတ်အစဉ်ကတော့ ငြိမ်သက်မှုမရှိပဲ ဗလောင်ဆူလှုပ်ခတ်လျှက်ရှိနေလေသည်။စိမ်းတောက်စူးရဲ၍ အေးစက်နက်ရှိုင်းနေသော မျက်ဝန်းအကြည့်တစ်စုံကသာ အာရုံထဲမှာ လွှမ်းမိုးလျှက် ရှိနေလေသည်။ဒေါနရဲ့ အကြည့်တွေထဲ တစ်စုံတစ်ခုကို သူရှာဖွေတွေ့ရှိလိုက်သလိုမျိူး မဟုတ်ဘူး တစ်စုံတစ်ခုကို လက်လွှတ်ဆုံးရှုံးလိုက်ရသလိုမျိုး။အဲ့ဒီမျက်ဝန်းအကြည့်တွေနဲ့ ဆုံမိလိုက်တဲ့ အချိန်မှာ သူဟာတစ်စုံတစ်ခုကို ပျောက်ဆုံးသွားခဲ့တာ သေချာလေသည်။

ဒီလိုစကားမျိူးကို ဒေါနရဲ့ရှေ့မှာ သူပြောခဲ့တာ သူလွန်တယ်ဆိုတာ သိပါသည်။ဒါပေမဲ့ သူ့သာဒီလိုစကားမျိုးကို မပြောခဲ့ရင် မာမီက သူမခန့်မှန်းနိုင်လောက်အောင် ဆိုးဝါးတဲ့ အပြုအမူမျိုးဖြင့် ဒေါနကို တိုက်ခိုက်လာနိုင်သလို လူအများရဲ့အရှေ့မှာ ဒေါနသာ ပို၍ အရှက်တကွဲ အကျိုးနည်းရမှာဖြစ်သည်။ထို့ကြောင့် သူ့ဆီမှာ တခြားရွေးခြယ်စရာ မရှိခဲ့။ဒါပေမဲ့ သူ့ရဲ့ရည်ရွယ်ချက်ကို ဒေါနက သဘောပေါက်ပါ့မလား။နားလည်ပေးနိုင်ပါ့မလား။အခုချက်ချင်းသာ ဟိုတယ်ကို သူပြန်မသွားခဲ့လျှင် တစ်စုံတစ်ခုကို နောင်တရစွာ စွန့်လွှတ်ဆုံးရှုံးရတော့မယ်လို့ သူ့ခံစားချက်တွေက ဖော်ပြနေလေတော့သည်။

ခြံဝင်းထဲမှာ ကားရပ်လိုက်သည့်အထိ စစ်နိုင်း ကားပေါ်မှ မဆင်းပဲ မလှုပ်မယှက်ငြိမ်သက်နေမိစဉ်....

"ကားပေါ်မှာ ငုတ်တုတ် အသက်ထွက်သွားတာတော့ မဟုတ်ဘူးမှတ်လား"

မိခင်ဖြစ်သူ၏ စူးရှသော အကြည့်နှင့်စကားများကြောင့် စစ်နိုင်းသတိဝင်လာရကာ ကားပေါ်မှ ဆင်းလိုက်ပြီးမှ အပြင်သို့ ခြေလှမ်းပြင်လေသည်။သားဖြစ်သူ၏ အပြုအမူကြောင့် ဒေါ်နီလာတင့်၏ မျက်ဝန်းတို့ ပို၍စူးရဲသွားရကာ....

"ဒါက ဘယ်ကိုခြေလှမ်းပြင်နေတာလဲ.."

"ကျွန်တော် ကျွန်တော် ခဏတော့ ပြန်သွားမှရမယ် မာမီ ကျွန်တော့်မှာ ရှင်းစရာကိစ္စလေးရှိသေးလို့....."

"မသွားရဘူး ခြေတစ်လှမ်းတောင် ရွေ့ဖို့မစဉ်းစားနဲ့..."

စစ်နိုင်း၏ စကားမဆုံးသေးပဲ ဒေါ်နီလာတင့်က ဖြတ်အော်ပစ်သည်။စစ်နိုင်း ပင့်သက်ကိုရှိုက်ပြီးတော့မှ....

"ကျွန်တော် ခဏလေးပဲသွားမှာပါ ကျွန်တော့်ကိုအချိန်ခဏလေးပဲပေးပါ ကျွန်တော်မသွားလို့မဖြစ်ဘူး မာမီ သွားမှကိုဖြစ်မှာ ကျွန်တော်ပြန်လာခဲ့ပါ့မယ် ပြန်လာရင် မာမီနဲ့ သေချာစကားပြောမှာပါ"

စစ်နိုင်းက ပြောရင်းဖြင့် နေရာမှာ ချာကနဲ လှည့်ထွက်ကာ မပြေးရုံတမယ်ခြေလှမ်းကို အရှိန်တင်လေသည်။

"ဟန်စစ်နိုင်း"

မိခင်ဖြစ်သူ၏ အော်ဟစ်သံသည်လည်း နောက်ပါးဆီ၌သာ လွင့်ပျံ၍ ကျန်ခဲ့ကာ ဟန်စစ်နိုင်း တအားပြေးထွက်ခဲ့မိတော့သည်။သူဒီအတိုင်းကြီးနေလိုက်ရမှာ ဒေါနနှင့်ထပ်မတွေ့ရဘဲ နေ့ကူးသွားဖို့မပြောနှင့် နောက်ထပ် နာရီပိုင်းတောင် နေနိုင်ဖို့ကို ရတက်မအေးနိုင် ဖြစ်နေရလေသည်။စိတ်ဆောင်၍ ပြေးထွက်ခဲ့ပြီးတော့မှ တွေ့ရာတက္ကစီ တစ်စီးပေါ်သို့ ပြေးတက်ခဲ့ရခြင်းသို့ ရောက်သည်။

"xxxxဟိုတယ်ကို အမြန်ဆုံးမောင်းပေးပါ ဦးလေး.."

တက္ကစီပေါ် ထိုင်လိုက်နေရင်း စိတ်မအေးနိုင်စွာ ကိုယ်တကြွကြွဖြင့် ထိုင်နေရတာကိုတောင် စိတ်မရှည်။ဘဝမှာ စိုးရိမ်ကြောင့်ကြရခြင်းဆိုတဲ့ ခံစားချက်ကို အရူးမီးဝိုင်းသလို ခံစားနေရတာ ဒါ ပထမဦးဆုံး။

!ဒေါန ကိုယ့်အတွက် ခဏလောက်ရှိနေပေးပါ အရင်လိုပဲ ကိုယ့်ကိုနားလည်ပေးမယ် မဟုတ်လား!

!နားလည်ပေးလောက်မှာပါ နားလည်အောင်ပဲ သူဖြေရှင်းမှာ..!

ဟိုတယ်ရှေ့ရောက်တော့ ပိုက်ဆံကို ဘယ်လောက်လဲ မကြည့်ပဲ ဆွဲထုတ်၍ တက္ကစီသမားအား ပစ်ပေးခဲ့ရင်း ကသောကမျော ပြေးဝင်ခဲ့မိတော့ ဧည့်ကြိုဝန်ထမ်းလေးက အသဲအသန် ပိတ်ကာတားကာဖြင့်....

"အကို ဘယ်သွားချင်တာလဲဗျ ဒီအတိုင်းဝင်လို့မရပါဘူး..."

တားဆီးထားသော ဝန်ထမ်းဆီမှ စစ်နိုင်း ဇွတ်တရွတ် တိုးထွက်ကာဖြင့်...

"ကိုယ် မနက်ကမှ check inဝင်ထားတဲ့ ဧည့်သည်ပါ အခန်းကိုပြန်လာတာ.."

ပြောရင်းဖြင့် အတင်းတိုးတိုက်ကာ ပြေးထွက်ခဲ့တော့....

"ဟာ ဟေ့ ဟေ့လူ အဲ့ဒီလို ဝင်လို့မရဘူးလို့ ပြဿနာပဲ.."

ဧည့်ကြို ဝန်ထမ်းလေး နောက်မှ ပြေးလိုက်လာတာကို သိပေမဲ့ စစ်နိုင်း အခန်းရှေ့သို့ ရောက်အောင်သာ အရှိန်တင်ခဲ့မိတော့သည်။အခန်းရှေ့ရောက်တော့ သူစိုးရိမ်နေခဲ့သည့်အတိုင်း ဒေါနမရှိတော့သည့် အခန်းက အပျက်အစီးတချို့ဖြင့် သူ့ကိုကြိုဆိုလေတော့သည်။

အလောတကြီး ပြေးဝင်လာသော စစ်နိုင်းအား အပျက်အစီးများအား ရှင်းလင်းနေသော ဝန်းထမ်းများက ထူးဆန်းသလို ခေါင်းထောင်၍ ကြည့်ကြလေသည်။

"သူရော သူ သူ ဘယ်ရောက်သွားလဲ..."

စစ်နိုင်း တုန်ယင်စွာမေးမိတော့ ဝန်ထမ်းကောင်မလေးက နားမလည်သလို ကြည့်နေတာကြောင့်....

"ဒီအခန်းက ကောင်လေး သူ သူဘယ်ရောက်သွားလဲလို့..."

စစ်နိုင်း အသံမြှင့်အော်မေးတော့ ဝန်ထမ်းကောင်မလေးက တုန်တက်သွားပြီးတော့မှ....

"ဟို...check outလုပ်သွားပါပြီရှင့် ဖျက်ဆီးခဲ့တာတွေ အတွက်လည်း လျော်ကြေးပေးခဲ့ပါတယ်..."

မျှော်လင့်ထားပြီးတဲ့ စကားဖြစ်ပေမဲ့လို့ စစ်နိုင်း၏ရင်ထဲ ဟာဆင်းသွားရလေသည်။အခန်းထဲမှ အပျက်အစီးများကို ဝေ့ဝဲကြည့်ရင်း နံရံပေါ်မှ လက်သီးဖြင့်ထိုးခဲ့ပုံရသော သွေးကွက်ကို မြင်လိုက်ရတော့ ရင်ဘတ်ထဲမှာ စစ်ကနဲ နာကျင်သွားရကာ ဒေါန၏ ဒေါသရေချိန်နှင့် နာကျင်ထိရှမှုကို ခန့်မှန်းမိလိုက်တော့သည်။သူ့ရဲ့ ကျွံ့မိလွန်မိတဲ့ စကားတွေအတွက် ပြန်ဖြေရှင်းခွင့်လေးတော့ ရနိုင်ကောင်းပါရဲ့။

"ဒါလေးက အခုပဲ ဒီထဲက တွေ့တာပါ သူကျန်ခဲ့တာဖြစ်မယ်ရှင့်.."

ဝန်ထမ်းကောင်မလေး လက်ထဲလာထည့်ပေးသော လက်ပတ်အပျက်လေးအား ကြည့်၍ စစ်နိုင်း ငိုင်ကျသွားရတော့သည်။မင်းပြောတော့ ဆင်တူဝတ်ထားမှာမလို့ ဘယ်တော့မှ မချွတ်ကြေးဆို။အခုတော့ ကိုယ်တို့ရဲ့ဆက်ဆံရေးကို ပျက်စီးသွားပြီဆိုတဲ့ အဓိပ္ပါယ်နဲ့များ ဖျက်ဆီးခဲ့ရတာလား။

လက်ပတ်အပြတ်လေးကို ဆုပ်ကိုင်ထားရင်း ထိုအတွေးကို တွေးမိတော့ ဝမ်းနည်းမှုက ရင်ထဲမှာ လိှိုက်တက်လာရကာ ယောက်ျားတန်မဲ့ ငိုချင်လာရလေတော့သည်။လက်ပတ်ကို ခပ်တင်းတင်းဆုပ်ကိုင်၍ ငိုင်တွေရပ်နေမိပြီးတော့မှ ခေါင်းငိုက်စိုက်ကြစွာဖြင့် ဟိုတယ်ထဲမှ လေးကန်းသော ခြေလှမ်းများဖြင့် ပြန်ထွက်ခဲ့မိလေသည်။
ဘဝမှာ ဝမ်နည်းစိတ်ကို လှိုက်လှိုက်လှဲလှဲ ခံစားမိရတာဟာလည်း ဒါပထမဦးဆုံးပဲ ဖြစ်လေတော့၏။

#LahPhan

Continue Reading

You'll Also Like

247K 13.5K 52
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
20.4K 2.6K 77
Title - A Filthy Rich Hamster In Apocalypse 🐹 ကမ္ဘာပျက်ကပ်ထဲက ဟမ်းစတားသူဌေးလေး Description ဟမ်းစတားလေး : "ဒယ်ဒီ.. ဒယ်ဒီ.. ဝူယိလေးမှာ အစာတွေရှိတယ်...
261K 20.9K 156
Title - Strict Wife of the '70s Manages the Household 💥Description လင်းလန် နိုးလာချိန်တွင် သူမသည် ပိုးသတ်ဆေးသောက်ထားသည့် အိမ်ထောင်ရှင်မတစ်ဦး၏ ကိုယ်...
11.4K 1K 13
အန်တီက မောင့်ရဲ့ထာဝရကြင်နာသူပါ။ အန္တီက ေမာင့္ရဲ႕ထာဝရၾကင္နာသူပါ။