"ေဒါက္ ေဒါက္ ေဒါက္..."
တံခါးေခါက္သံေၾကာင့္ ေနရာမွထကာ အခန္းတံခါးအား ဆြဲဖြင့္လိုက္ေတာ့ အခုမွ အလုပ္မွျပန္ေရာက္ပံုရေသာ ရွင္းခန္႔အား အခန္းေရွ႕မွာ အခန္႔သား ရပ္ေနတာကို ေတြ႕လိုက္ရကာ
"ျပန္လာၿပီလား...."
နွစ္ေယာက္ၾကားမွာ ျပႆနာတစ္စံုတရာ မရွိခဲ့ၾကသလိုမ်ိဳး ရွင္းခန္႔က ေအးေဆးတည္ၿငိမ္ေနေသာ မ်က္နွာအမူအယာျဖင့္ ေမးေလတာေၾကာင့္ ေဒါန၏ မ်က္ခံုးတို႔ တြန္႔ေကြးသြားရၿပီးမွ....
"ဘာလဲ..."
ဘာအေၾကာင္းကိစၥရွိသလဲလို႔ ရည္႐ြယ္ၿပီး ေမးလိုက္ေတာ့ ရွင္းခန္႔က ေဒါန၏ တစ္ကိုယ္လံုးလား စုန္ခ်ည္ဆန္ခ်ည္ ၾကည့္ၿပီးေတာ့မွ....
"ျပန္လာၿပီဆိုလို႔ လာၾကည့္တာေလ.."
"ေစာက္ပိုေတြ လာလုပ္ေနျပန္ၿပီ.."
ေဒါန ခပ္ႀကိတ္ႀကိတ္ ေျပာေတာ့ ရွင္းခန္႔က ခပ္လြန္႔လြန္႔ ၿပံဳးလိုက္ၿပီးမွ....
"လိုေနတာေတြ မင္းမသိလုိ႔ပါ..."
ရွင္းခန္႔ ဘာကိုေျပာခ်င္ေနတာလဲ နားမလည္ေတာ့ နဂိုမၾကည္တဲ့ စိတ္အခံက စိတ္မရွည္နိုင္ျဖစ္လာရကာ...
"ဘာလဲ ဘာေျပာခ်င္ေနတာလဲ ေဝ့မေနနဲ႔ ဒဲ့ေျပာ မေျပာရင္လည္း လစ္ေတာ့ ငါ့က္ုိလာမရႈပ္နဲ႔.."
ခပ္ဆတ္ဆတ္ ေျပာရင္းျဖင့္ ေဒါနက တံခါးကို ဆြဲပိတ္ဟန္ျပင္ေတာ့ ရွင္းခန္႔က ျပန္ဆြဲထားၿပီးမွ
"ဘာျဖစ္တာလဲ ေနပါအံုး မေတြရတာ ၅ရက္ေလာက္ရွိၿပီကို..."
မထီတရီ အႁပံဳးမ်ားျဖင့္ အေယာင္မက်ေသးေသာ မ်က္နွာႀကီးအား ဆြဲထိုးပစ္ခ်င္စိတ္ကို အတင္းအက်ပ္ ခ်ိဳးနွိမ္ေနရင္းျဖင့္ ေဒါန အံကို ခပ္တင္းတင္း ႀကိတ္ၿပီးမွ....
"ရွင္းခန္႔ေမာင္....."
ခပ္ႀကိတ္ႀကိတ္ ေအာ္သံကို ရွင္းခန္႔က သေဘာက်သည့္အလား နႈတ္ခမ္းတြန္႔ၿပံဳးၿပီးေတာ့မွ....
"မင္းဘယ္ကိုပဲသြားသြား ေနာက္ဆံုးေတာ့လည္း ဒီအရိပ္ကိုပဲ မင္းျပန္လာရတာပဲ မဟုတ္လား.."
"ဘာ..."
ေဒါန ဘာကနဲ ျဖစ္သြားၿပီးေတာ့မွ ေမးေၾကာတို႔ တင္းကနဲျဖစ္သြားရကာ...
"မင္းအေဖနဲ႔ငါ့အေမက လင္မယား အဲ့ဒီေတာ့ ငါ့အေမနဲ႔ ဆိုင္တဲ့ေနရာကို ငါျပန္လာတာ ဒီအရိပ္ကို ျပန္လာတယ္မ်ား ျဖစ္ရေသးတယ္ ေခြးစကားလာေျပာမေနနဲ႔ ရွင္းခန္႔ေမာင္..."
"ေခြးစကားေျပာေတာ့ေရာ မင္းကနားလည္တယ္လား"
"မင္း..."
ေဒါန မ်က္နွာတင္းသြားတာကို ရွင္းခန္႔က အရသာခံၾကည့္ၿပီးေတာ့မွ...
"ထားပါအဲ့ဒါေတြ ဘယ္လိုလဲ ဟိုေန႔က ငါေျပာထားတာ စဥ္းစားၿပီးၿပီလား.."
ရွင္းခန္႔၏ စကားေၾကာင့္ ေဒါန၏ မ်က္နွာႀကီး ေပါက္ထြက္မတက္ နီရဲတင္းမာသြားရၿပီးမွ....
"ငါ မင္းနဲ႔ရန္မျဖစ္ခ်င္ဘူး ရွင္းခန္႔ေမာင္ မင္း လစ္လိုက္ေတာ့..."
"ေအာ္ ငါလည္း ေျပလည္ၾကဖို႔ ေျပာေနတာပဲေလ ဘယ္လိုလဲ ငါ့ရဲ႕အရသာကို မျမည္းစမ္းၾကည့္ခ်င္ဘူးလား ဟင္.."
မ်က္ခံုးပင့္ၿပီး ေမးဆတ္ကာ ဟင္လို႔ ျငဳတုတုေျပာေနတဲ့ ရွင္းခန္႔ရဲ႕ အသံႀကီးက ေဒါန၏ နားထဲမွာ ေအာ္ဂလီဆန္ခ်င္စရာ ေကာင္းေနရကာ လူတစ္ေကာင္လံုးကို ဆြဲကိုင္ရိုက္သတ္ ပစ္ခ်င္ေသာ စိတ္တို႔သာ အားေကာင္းရုန္းႂကြ လာေလေတာ့သည္။
"ေနာက္တစ္ခါ မင္းပါးစပ္က အဲ့ဒီလို မသတီစရာ စကားမ်ိဳး ထပ္ထြက္လာလို႔ကေတာ့ မင္းကိုေသေအာင္သတ္ဖို႔ ဝန္မေလးဘူးဆိုတာ သိထား မင္းအေဖ မ်က္နွာလည္း ငါေထာက္ေနမွာမဟုတ္ဘူး
ေတာက္!"
ပခံုးကို ခပ္ၾကမ္းၾကမ္း ေဆာင့္တြန္းပစ္ၿပီးမွ ေဒါသျဖစ္လွစြာ အခန္းတံခါးကို ဝုန္းကနဲ ေဆာင့္ပိတ္ပစ္ရျခင္းသို႔ ေရာက္သည္။လက္ထဲမွ မ်က္နွာသုတ္ပုဝါကို ေဒါသအေလ်ွာက္ ကိုင္ေပါက္ပစ္ရင္ ေနာက္ထပ္တစ္ႀကိမ္ ေတာက္ခတ္မ္ိသည့္အထိ။လူကသာ မခုတ္တဲ့ေၾကာင္ပံုစံ ျဖစ္ေနတာ။စကားလံုးေတြျဖင့္ ထိုးနွက္နွိမ္ခ်တဲ့ေနရာမွာေတာ့ ရွင္းခန္႔ေမာင္တို႔က ၿပိဳင္စံရွား။စကားလံုးေတြ ၾကားယံုနဲ႔ကို ႐ြံရွာၿပီးေသနိုင္သည့္အထိ စြမ္းသည္။
!ေတာက္.!
!xီးစကားေတြလာေျပာေနတယ္ ဒီမေအxိုးကေတာ့..!
"ေဒါက္ ေဒါက္ ေဒါက္..."
ေဒါသေတြျဖင့္ မေက်မလည္ ျဖစ္ေနတုန္း ေနာက္ထပ္ တံခါးေခါက္သံ ထပ္ေပၚလာတာမလို႔ ေဒါန တံခါးကို ဝုန္းကနဲ ဆြဲဖြင့္ပစ္ကာ
"xီးလား ရွင္းခန္႔ ဘာျဖစ္ခ်င္ေနတာလဲ မင္း..."
အခန္းဝမွာ မ်က္ေမွာင္ၾကဳတ္၍ ခပ္တင္းတင္း ရပ္ေနေသာ မိခင္ျဖစ္သူေၾကာင့္ ေဒါန၏ ေဒါသေတြ လမ္းခုလတ္မွာ ခရီးမဆက္နိုင္ ျဖစ္သြားရေလေတာ့သည္။
"ဘယ္လိုျဖစ္လို႔ ဆဲဆို ရန္လိုေနရတာလဲ ေဒါန..."
ေဒၚခ်ိဳမာဇင္ ခပ္တင္းတင္း ေျပာရင္းျဖင့္ အခန္းထဲသို႔ ေလ်ွာက္ဝင္လာတာေၾကာင့္ ေဒါန ကိုယ္ကိုယို႔၍ လမ္းဖယ္ေပးၿပီးမွ တံခါးအား ျပန္ပိတ္လိုက္ေတာ့သည္။ေဆးလိပ္အတိုအစမ်ားျဖင့္ အနည္းငယ္ပြေနေသာ အခန္းအား ေဒၚခ်ိဳမာဇင္ အလိုမက်စြာ ေဝ့ၾကည့္ၿပီးေတာ့မွ ကုတင္ေပၚသို႔ ေဆာင့္ကနဲ ထိုင္ခ်ရျခင္းသို႔ေရာက္သည္။ေဒါနကေတာ့ မေအမ်က္နွာလည္း မၾကည့္ပါပဲ ခပ္တည္တည္ျဖင့္လိုက္ဝင္လာခဲ့ရင္း ဗီရိုကိုဆြဲဖြင့္ကာ အက်ႌေ႐ြးေနေလသည္။ေဒါနလုပ္ေနသမ်ွ ေဒၚခ်ိဳမာဇင္ အစအဆံုး လိုက္ၾကည့္ေနၿပီမွ....
"ဘယ္လိုျဖစ္လို႔ အဲ့ဒီေလာက္ေတာင္ လက္ပါေျခပါ ျဖစ္ရတာလဲ ရွင္းခန္႔ မ်က္နွာတစ္ခုလံုး ဖူးေယာင္ေနတာ အခုထိကို အေရာင္မက်ဘူး ဘာျဖစ္လို႔မ်ား နင္အဲ့ဒီေလာက္အထိ လက္ရဲဇက္ရဲ ျဖစ္ေနရတာလဲ..."
မိခင္ဆီမွ ဆူပူေသာ စကားသံတို႔ ထြက္ေပၚလာေတာ့ ေဒါန အံကိုခပ္တင္းတင္း ႀကိတ္ၿပီးမွ ဗီရိုအား အားျဖင့္ေဆာင့္ပိတ္သည္။ၿပီးမွ...
"ကြၽန္ေတာ္ လြန္ခဲ့တာ တစ္ခုမွမရွိဘူး..."
ဘုရားေရလို႔သာ တၿပီး ေဒၚခ်ိဴမာဇင္ ရင္ဘတ္ဖိမိေတာ့သည္။မ်က္နွာတစ္ခုလံုး ဖူးေယာင္ေနေအာင္ ထိုးႀကိတ္သြားၿပီးမွ ကြၽန္ေတာ္ မလြန္ဘူးဆိုေတာ့ ဘယ္သူက လြန္ေနတာလဲ။ငယ္စဥ္ထဲက မသင့္ျမတ္ခဲ့လိုက္ၾကတာ ႀကီးလာေတာ့လည္း မ်က္နွာခ်င္းဆိုင္လို႔မရ။
"အဲ့ဒီေတာ့ မ်က္နွာႀကီး ဖူးေယာင္စုတ္ျပတ္ေနေအာင္ ထိုးခံရတဲ့ လူက လြန္တာလား.."
ေဒၚခ်ိဳမာဇင္ ေျပာၿပီးေတာ့မွ ပင့္သက္ကိုခ်သည္။
"ဘယ္လိုပဲ မခံခ်င္ေအာင္ေျပာေျပာ ညီအစ္ကိုခ်င္း..."
"ဟက္...ဘာညီအစ္ကိုလဲ ညီအစ္ကိုလို သေဘာထားတာ ေသခ်ာရဲ႕လားလို႔ သြားေမးၾကည့္ပါအံုး အေမ့လင္ပါသားကို.."
သူမ၏ စကားကို မဆံုးေစပဲ ေဒါနက ျဖတ္၍ ေထ့ေငါ့ေျပာသည္။
"မရိုင္းစမ္းနဲ႔ ေဒါန..."
ေဒၚခ်ိဳမာဇင္ ခပ္ဆတ္ဆတ္ ဟန္႔လိုက္ေတာ့ ေဒါန နႈတ္ခမ္းကို ခပ္တင္းတင္းေစ့ကာ ၿငိမ္သက္သြားေလသည္။ကိုယ္ေမြးထားတဲ့သား အေၾကာင္း ကိုယ့္ေလာက္ ဘယ္သူကပိုနိုင္မွာမလို႔လဲ။ဒီေလာက္အထိျဖစ္ေအာင္ ထိုးႀကိတ္လိုက္တယ္ ဆိုမွေတာ့ ဒီေလာက္အထိ ျဖစ္ေစတဲ့ စကားကိုေျပာၿပီး ေဒါသႀကီးတက္တဲ့ ေဒါနရဲ႕စိတ္ကို ထိုးဆြလိုက္တယ္ဆိုတာ သူမသိၿပီးသားပါပဲ။သို႔ေပမဲ့ လူေတြရဲ႕သေဘာက ေႁမြကိုက္တာမျမင္ပဲ ဖားေအာ္တာကိုပဲ ၾကားတက္ၾကတာမ်ိဳး မဟုတ္ပါလား။ၿပီးေတာ့ ဆန္ရင္းနာနာ ဖြပ္ရမယ္ဆိုတဲ့ စကားလည္း ရွိထားေသးတယ္ မဟုတ္လား။
"အေမ့မ်က္နွာေထာက္ၿပီး အခုအခ်ိန္အထိ ကြၽန္ေတာ္ဖက္က စၿပီး မရိုင္းဖူးေသးဘူး.."
"ဒါေပမဲ့လည္း မယဥ္ေက်းခဲ့ဘူး မဟုတ္လား..."
ေဒၚခ်ိဳမာဇင္ေျပာေတာ့...
"အေမက ကြၽန္ေတာ္လြန္ပါတယ္လို႔ လက္ညိွဳးထိုးခ်င္တာလား"
"ဟုတ္တယ္ လြန္တယ္ ပညာမဲ့လိုမ်ိဳး ေဒါသကို သြန္ခ်ပစ္တာ လြန္တယ္ သူကဒီလိုျဖစ္ေစဖို႔ ရည္႐ြယ္တာကို ဒီလိုျဖစ္ေပးလိုက္တာဟာ နင္ ညံ့တာပဲေပါ့ ေဒါန.."
ေဒၚခိ်ဳမာဇင္ ဖိေျပာေတာ့ ေဒါန ၿငိမ္သက္သြားရေတာ့သည္။
"ငါက နင့္ကိုေမြးထားတဲ့အေမပါ နင္သိေနတာထက္ကို ပိုသိတယ္
ဒါေပမဲ့ အခုကိစၥမွာ စတုန္းက သူ႔ဖက္ကစခဲ့ပါေစအံုး နင္ထိုးႀကိတ္ရိုက္နွက္လိုက္တယ္ဆိုတာကပဲ ရာဇဝင္တြင္တာ ဘာေၾကာင့္ ထိုးႀကိတ္ရိုက္နွက္ရတယ္ ဆိုတဲ့အေၾကာင္းကို ဘယ္သူမွစိတ္မဝင္စားဘူး လက္ပါေျခပါလုပ္တက္တဲ့ နင္ပဲ လူရမ္းကား ျဖစ္ရတာ အဲ့ဒါ နင္သိရဲ႕လား.."
မိခင္ျဖစ္သူ၏စကားက မွန္ေနတာေၾကာင့္ ေဒါန နႈတ္ဆိတ္သြားရေတာ့ ေဒၚခ်ိဳမာဇင္ ပင့္သက္ကို ရိႈက္ၿပီးေတာ့မွ...
"ပညာရွ္ိအမ်က္ အျပင္မထြက္ရဘူးဆိုတဲ့ စကားကို ေခါင္းထဲထည့္ထားစမ္းပါ ဘာလို႔သူမ်ား ဆင္တဲ့အကြက္ထဲကို တိုးတိုးဝင္ေနရတာလဲ ၿပီးေတာ့ အရာရာတိုင္းဟာ ေဒါသနဲ႔ေျဖရွင္းလို႔ မရဘူး ေဒါန မာယာဆိုတာ မ်ားသင့္ရင္မ်ားရမယ္"
ရွင္းခန္႔ေမာင္ ေျပာလိုက္တဲ့စကားကို အတိအက် သိေနတာေၾကာင့္ ေျပာေနရျခင္းမ်ိဳး မဟုတ္ပါပဲ အေျခအေနအရပ္ရပ္ကို ေကာက္ခ်က္ဆြဲ၍ ကိုယ့္သားကို နားသြင္းေနျခင္းမ်ိဳးသာ ျဖစ္သည္။ငါမိေထြးဟဲ့ဆိုၿပီး ယုတ္မာေကာက္က်စ္တဲ့ စိတ္ထားမ်ိဳး သူမမွာ မရွိေသာ္ျငားလည္း ကိုယ့္ေသြးသားကို ထိပါးလာရင္ေတာ့ ေဂါတမီထံုး နွလံုးမူနိုင္ဖို႔က မေသခ်ာ။ဒါေပမဲ့လည္း အမ်က္ေဒါသကို အျပင္ထုတ္ျပေနလို႔ ဘာေကာင္းက်ိဳးရွိမွာလဲ။သူက မ်က္နွာနွစ္ဖက္ဆို ကိုယ္ကလည္း မ်က္နွာဖံုးတပ္ရမွာေပါ့။
"ၿပီးေတာ့ သူ႔အေဖက ထုတ္မေျပာဘူးဆိုေပမဲ့လည္း သူ႔သားမ်က္နွာေပၚက ဒဏ္ရာကိုျမင္တိုင္း စိတ္ထဲမွာေတာ့ ေက်လည္နိုင္ပါ့မလား."
ေဒၚခ်ိဳမာဇင္ေျပာေတာ့ ေဒါနက တီရွပ္ကို စြပ္ခ်၍ ေနရာက်ေအာင္ ျပဳျပင္ေနၿပီးေတာ့မွ ေဆးလိပ္ဘူးအား ဆြဲယူကာျဖင့္...
"မေက်လည္လို႔ ခဲေနလည္း ဂရုစိုက္မေနဘူး အေမရွိေနလို႔ ဒီအိမ္မွာ သည္းခံၿပီးေနေပးေနတာ အေမမရွိတဲ့နာရီ ဖုတ္ဖတ္ခါၿပီး ထြက္သြားယံုပဲ တခ်က္မွလွည့္ၾကည့္ဖို႔ စိတ္ကူးမရွိဘူး"
ေဒါနေျပာရင္းျဖင့္ ေဆးလိပ္မီးညိွေတာ့ ေဒၚခ်ိဳမာဇင္ သက္ျပင္းကိုသာ ခ်မိေတာ့သည္။ဘယ္သူ႔ဖက္ကို လိုက္ၿပီးေတာ့မ်ား မာနေတြဟာ တလြဲဆံပင္ေကာင္းေနရတာလဲ မသိေတာ့။မိခင္ျဖစ္သူ ျပန္ထြက္သြားေတာ့မွ ဝရန္တာသုိ႔ ထြက္ကာ ေဆးလိပ္ဖြာေနမိရင္း ျဖစ္ပ်က္ခဲ့တဲ့ ကိစၥေတြ ေခါင္းထဲကို အစီအရီ ဝင္ေရာက္လာေတာ့သည္။
ငယ္စဥ္ထဲက တစ္မ်ိဳးမဟုတ္တစ္မ်ိဳး ျပႆနာရွာခဲ့တယ္ ဆိုေပမဲ့ ဒီကိစၥကိုေတာ့ ရွင္းခန္႔ေမာင္က လက္နက္တစ္ခုလို ဘယ္တုန္းကမွ ထုတ္မသံုးခဲ့။
!အခု ရွင္းခန္႔ေမာင္က ဘာေစာက္ရူးစကားေတြလာေျပာေနတာလဲ ဟန္စစ္ႏိုင္းနဲ႔သူရဲ႕ ပက္သတ္မႈေၾကာင့္ ကေယာင္ေျခာက္ျခားျဖစ္ေနတာလား ဟက္!
ေဒါနေတြးရင္းျဖင့္ ဟက္ကနဲ မဲ့ျပံဳးတစ္ခ်က္ျပံဳးကာ ေဆးလိပ္ကိုအားပါးရတာရိွုက္လိုက္မိေတာ့ ေလထုထဲမွာ ေဆးလိပ္ေငြ႕မ်ားသာ ပို၍ သိပ္သည္းလာရေလေတာ့သည္။
***
"ဟို အရိုင္းအစိုင္းေလး ျပန္ေရာက္ေနၿပီ မဟုတ္လား.."
ထမင္းစားေနရင္း ရုတ္တရက္ ထေျပာေသာ မိခင္ျဖစ္သူ၏ စကားေၾကာင့္ စစ္နိုင္း မ်က္ခံုးပင့္ၾကည့္မိေတာ့ ေဒၚနီလာတင့္က ဟင္းကို ခရင္းအကူအညီျဖင့္ ဇြန္းထဲသို႔ ေသခ်ာပံုထည့္ေနရင္းျဖင့္...
"သားရွင္းကို ထိုးႀကိတ္ဆင္းသြားတုန္းကေတာ့ တသက္လံုး ျပန္မလာေတာ့ဘူးလိုလိုနဲ႔ ၿပီးေတာ့ ျပန္ေရာက္လာတာပဲ ကိုမင္းေမာင္မလို႔ သည္းခံေနတာ ကြၽန္မသာဆို အိမ္ေပၚကို ေပးကိုမတက္ဘူး ဒီေလာက္မိုက္ရိုင္းတဲ့ေကာင္ သူမ်ားအိမ္မွာလည္း လာေနေသးတယ္ လူပါးကိုဝလြန္းတယ္.."
ေဒၚနီလာတင့္ မေက်မနပ္ေျပာေနေတာ့ ဦးေနစစ္ ဇြန္းကို ကိုင္ထားရင္းနဲ႔မွ ထမင္းကို ဆက္မစားျဖစ္ေတာ့ပဲ...
"သူမ်ားအတြင္းေရးကို ေသခ်ာလည္းမသိပဲနဲ႔ ေျပာျပန္ၿပီ မင္းကေတာ့.."
ခင္ပြန္းျဖစ္သူ၏ မနွစ္ၿမိဳ႕သလို ေလသံေၾကာင့္ ေဒၚနီလာတင့္၏ မ်က္ဝန္းတို႔ စူးကနဲ ေဝ့လာၿပီးေတာ့မွ...
"မသိစရာဘာရွိလဲ သားရွင္းက ကြၽန္မလက္ထဲ ႀကီးခဲ့တဲ့ကေလး ဒီကေလးက ဘယ္တုန္းကမ်ား စကားကို သူမ်ားနစ္နာေအာင္ ေျပာတက္တဲ့ သူမလို႔လဲ ဟိုအရိုင္းအစိုင္းကိုက တမင္လက္ရဲဇက္ရဲနဲ႔ လူမိုက္ေသြးႂကြေနတာ.."
"အေမ့..."
ေဒါနကို ထိပါးေျပာဆိုေတာ့ စစ္နိုင္း အလိုအေလ်ာက္ ပါးစပ္မွ ဟန္႔လိုက္မိသည္။သားေတာ္ေမာင္ ဆီမွ အသံထြက္လာေတာ့ ေဒၚနီလာတင့္ အံ့ၾသေသာ မ်က္ဝန္းမ်ားက သားျဖစ္သူဆီသို႔ ေဝ့ဝဲသြားရေတာ့သည္။စစ္နိုင္းက မိခင္၏ အၾကည့္စူးစူးေတြကို ရင္မဆိုင္လိုေသာေၾကာင့္ မ်က္လံုးလႊဲ၍ ေရဖန္ခြက္ကို ဆြဲယူၿပီးေတာ့မွ...
"သူတို႔ၾကားမွာ သူတို႔အတြင္းေရးရွိမွာေပါ့ အေမရယ္ အနိုင္က်င့္ခံရတယ္ ဆိုရေအာင္လည္း ကေလးေတြမွ မဟုတ္ၾကေတာ့တာ"
သားျဖစ္သူ၏ စကားေၾကာင့္ ေဒၚနီလာတင့္ မ်က္ခံုးတို႔ တြန္႔၍ အလိုမက် ျဖစ္သြားရကာ...
"ဘာအတြင္းေရးပဲ ရွိရွိေလ ဒီေလာက္အထိ လက္ရဲဇက္ရဲနဲ႔ လူမိုက္စရိုက္ျပသြားတာ သူ႔အေမကလည္း ေျမႇာက္ေနတာ သူမ်ားအိမ္ေပၚလည္း အခန္႔သားတက္ေနေသးတယ္ အရိပ္ေနေန အခက္ခ်ိဳးခ်ိဳးေကာင္"
မိခင္ျဖစ္သူ၏ စကားကို စစ္နိုင္း မနွစ္ၿမိဳ႕နိုင္ျဖစ္သြားရကာ....
"အဲ့ဒီလိုလည္း မဟုတ္ပါဘူး အေမရယ္ အန္တီခ်ိဳတို႔က ဟိုတုန္းထဲက နိမ့္နိမ့္ပါးပါးထဲက မဟုတ္ပါဘူး သံေတာင္မွာ အေျခနဲ႔အေနနဲ႔ပါ"
"ဘာျဖစ္ျဖစ္ ဒီဖက္က အဆင့္အတန္းနဲ႔ေတာ့ ယွဥ္လို႔ရရိုးလား..."
ေဒၚနီလာတင့္ ေျပာၿပီးေတာ့မွ ဟင္းခပ္ဖို႔ လက္ျပင္ၿပီးမွ မခပ္ျဖစ္ေတာ့ပဲ သားေတာ္ေမာင္အား တရားခံစစ္သလို ၾကည့္ကာျဖင့္...
"ေနပါအံုး သားရွင္း ဒီေလာက္ခံလိုက္ရတာကို မင္းက အခု ဘယ္သူ႔ဖက္က ကာကြယ္ေနတာတုန္း.."
မိခင္ျဖစ္သူ၏ စကားေၾကာင့္ စစ္နိုင္း ထိတ္ကနဲ ျဖစ္သြားရၿပီးေတာ့မွ ဟန္ကိုယ္ဖို႔ကာျဖင့္...
"ဘယ္သူ႔ဖက္ကမွ ကာကြယ္တာမဟုတ္ပါဘူး သားက ျပႆနာကို ေယဘုယ် ေကာက္ခ်က္ဆြဲျပတာပါ.."
စစ္နိုင္းေျပာေတာ့ ေဒၚနီလာတင့္ မ်က္ေစာင္းေဝ့ၾကည့္ၿပီးမွ...
"ေနပါအံုး အဲ့ဒီေန႔က မင္းေရွ႕မွာ ထိုးႀကိတ္ေနတာကို အဲ့အရိုင္းအစိုင္းကို ဘာျဖစ္လို႔ ျပန္မထိုးခဲ့ရတာလဲ မင္းက"
"နီလာကေတာ့ မဟုတ္တာေတြ ကေလးေတြကို.."
မိခင္ျဖစ္သူ၏ စကားကို ဖခင္ျဖစ္သူက ဝင္ဟန္႔ေတာ့....
"ရွင္ကေရာ ဘာျဖစ္ေနတာလဲ အဲ့ဒီသတၱဝါဖက္ကဆို ကာဆီးကာဆီးနဲ႔ ရွင့္ကို ကြၽန္မ မသကၤာေတာင္ ျဖစ္လာၿပီေနာ္ ကိုေနစစ္"
"ဟာ ဘာကို မသၤကာတာလဲ လုပ္ျပန္ၿပီ မင္းကေတာ့..."
"အဲ့ဒါဆို ရွင္ဘာလို႔ လိုက္ကာေနတာလဲ..."
"ဘာကိုကာတာလဲ မဟုတ္တာကြာ အဓိပၸါယ္မရွိတာေတြ..."
ျမႇားဦးက ဖခင္ဖက္သို႔ လွည့္သြားၿပီမလို႔ စစ္နိုင္း ထမင္းစားဝိုင္းမွ အသာေလး လစ္ထြက္ခဲ့လိုက္ေတာ့သည္။မဟုတ္ရင္ သူ႔အေမရဲ႕ စစ္ေဆးေမးျမန္းမႈေတြဆီမွာ သူ ေခ်ာင္ပိတ္မိေနမွာျဖစ္သည္။အခန္းျပန္ေရာက္ေတာ့ ေဒါန ျပန္ေရာက္ၿပီဆိုတာ သိလိုက္ရ၍ ဖုန္းေခၚလိုက္ေပမဲ့ ေဒါနကေတာ့ လံုးဝဖုန္းမကိုင္။နာရီၾကည့္ေတာ့ ၉နာရီပဲ ရွိေသးသည္။ဒီဂဏာန္းေကာင္ကေတာ့ေလ။
ဖုန္းနွစ္လံုးျဖင့္ ဇြဲေကာင္းေကာင္းျဖင့္ လွည့္ပတ္ေခၚေနလိုက္တာ ၁၁နာရီထိုးသည့္အထိ ေဒါနတို႔ကလည္း ဇြဲေကာင္းေကာင္းျဖင့္ ကိုင္ဖို႔အစီအစဥ္ရွိပံုမရ။ျပတင္းေပါက္မွေန၍ တဖက္ၿခံထဲရွိ ေဒါန၏ အခန္းအား လွမ္းၾကည့္မိေတာ့ အခန္းမီးမွိန္မိွန္ျပျပျဖင့္ အနည္းငယ္ဟထားေသာ ဝရန္တာမွန္တံခါးကို ေတြ႕လိုက္ရေလသည္။ပံုမွန္ဆို ညဖက္ပ္ု္ိင္းေတြမွာ ေဒါနက အအိပ္အေနနည္းတဲ့သူပီပီ အၿမဲတမ္း ဝရန္တာမွာ ထြက္ထိုင္ေနၾကျဖစ္သည္။ဒီေန႔ေတာ့ အရိပ္အေယာင္ေတာင္မျမင္ရ။စစ္နိုင္းသက္ျပင္းခ်ၿပီးေတာ့မွ ျပတင္းမွန္တံခါးကို ဆြဲပိတ္ရျခင္းသို႔ ေရာက္ေလသည္။
.
.
.
ေရွာကနဲ ဝရံတာမွန္တံခါး ဖြင့္သံတိုးတိုးနွင့္အတူ ရင္းနွီးဖူးေသာ ကိုယ္သင္းရနံံ႕တစ္ခု အခန္းထဲမွာ ေဝ့ကနဲ ျဖစ္သြားရကာ ေဒါန laptopသံုးေနရာမွ လွည့္ၾကည့္ဖို႔ ဟန္ျပင္လိုက္ေပမဲ့ မေအာင္ျမင္ပါပဲ ေနာက္မွသိုင္းဖက္ခံလိုက္ရ၍ လည္တိုင္၌ ေႏြးကနဲ ျဖစ္သြားရေလေတာ့သည္။
"ဖုန္းကို တမင္မကိုင္တာ ဟက္လား..."
"ခင္ဗ်ား...!"
ေဒါန အ့ံၾသတႀကီး ေခါင္းေလးငဲ့ေစာင္း သြားရၿပီးေတာ့မွ....
"ေျပာေတာ့ ခရီးသြားမယ္ဆို..."
"မင္း ျပန္လာေအာင္ တမင္ေျပာခဲ့တာ အဲ့ဲဒါမလို႔ ျပန္လာတာေပါ့ေလ ဟုတ္လား.."
ေျပာရင္းျဖင့္ စစ္နိုင္းက လည္တိုင္တစ္ေလ်ွာက္ တိုးတိုက္နမ္းရိႈက္ေနၿပီးမွ ခပ္ဖြဖြေလးကိုက္ပစ္သည္။ေဒါန ခႏၶာကိုယ္အား တြန္႔လိမ္၍ ရုန္းဖယ္ထြက္ကာျဖင့္...
"ဖယ္စမ္း ခင္ဗ်ား သူမ်ားအိမ္ထဲကို ခိုးေၾကာင္ခိုးဝွက္ သူခိုးက်င့္သူခိုးႀကံနဲ႔..."
ေဒါနက ရုန္းထြက္ရင္းျဖင့္ ကုတင္ေပၚမွ မတ္တပ္ထရပ္ေတာ့ စစ္နိုင္းက ျပန္ဆြဲခ်ျဖင့္ နွစ္ေယာက္သား ရုန္းရင္းဆန္ခတ္ျဖင့္ ကုတင္ေပၚသုိ႔လံုးေထြး က်သြားရကာ စစ္နိုင္းက ေဒါန၏ ကိုယ္ေပၚသို႔ အုပ္မိုး၍ ေျခေထာက္ပစ္တင္ခြကာ ခ်ဳပ္ဖက္ထားၿပီးမွ....
"ဘာမွ သူခိုးက်င့္မဟုတ္ဘူး ဝရန္တာေလွကားကေန ေျဗာင္တက္လာတာ သူခိုးႄကံ အင္း သူခိုးႄကံလည္း မဟုတ္ဘူး ဓားျပႀကံႀကံလာတာ အဓမၼရမ္းကားမလို႔..."
စစ္နိုင္း၏ အေျပာေၾကာင့္ ေဒါနက မႈန္ကုပ္ကုပ္ျဖင့္ ရုန္းကန္ေနရင္း...
"ဖယ္စမ္း xီးလား ဟန္စစ္နိုင္း ခင္ဗ်ားနဲ႔ ထပ္ပတ္သတ္စရာ ေစာက္ေၾကာင္းမရွိဘူး ေျပာၿပီးသား ေစာက္ရွက္မရွိဘူးလား ခင္ဗ်ား.."
ေဒါန ရုန္းကန္ရင္းျဖင့္ ဆဲဆိုေတာ့ စစ္နိုင္းက ပို၍တင္းေအာင္ ခ်ဳပ္ဖက္ၿပီးေတာ့မွ...
"မင္းပါးစပ္ေလးက ဆဲဆိုဖို႔ဆို တာဝန္ေက်တယ္ေနာ္..."
"ေကာင္းေကာင္း ေျပာေနတုန္း ဖယ္ေနာ္ ခင္ဗ်ား..."
ေဒါန ခပ္ဆတ္ဆတ္ေျပာေတာ့....
"ဖယ္ခ်င္မွေတာ့ ဒီအထိေတာင္ စြန္႔စားတက္မလာဘူး.."
စစ္နိုင္းက ၿပီတီတီ မ်က္နွာေပးျဖင့္ ေျပာသည္။
"ဟန္ စစ္ နိုင္း..."
နာမည္က္ုိ တစ္လံုးခ်င္း ပိုင္းျဖတ္၍ ခပ္ႀကိတ္ႀကိတ္အသံျဖင့္ ေအာ္ကာ ေဒါသထြက္ေနေၾကာင္း ျပေသာ္လည္း စစ္နိုင္းကေတာ့ စပ္ၿဖဲၿဖဲ မ်က္နွာထားျဖင့္ ေဒါန၏ နႈတ္ခမ္းေလးမ်ား စူထြက္လာေအာင္ ပါးနွစ္ဖက္အား ဖ်စ္ညစ္ၿပီးေတာ့မွ...
"နာမည္တစ္ခါေခၚရင္ တစ္ခါနမ္းမယ္ ႁပြတ္စ္..!"
ေျပာၿပီးမွ စူထြက္လာေသာ နႈတ္ခမ္းအား ႁပြတ္စ္ကနဲစုပ္ယူ နမ္းသည္။
"ဟန္စစ္နိုင္း....ခင္ဗ်ား.."
"ႁပြတ္စ္..."
ေဒါန ေနာက္တစ္ေခါက္ ထပ္ေခၚတာနွင့္ ေနာက္တစ္ေခါက္ ထပ္နမ္းသည္။ၿပီးေတာ့ ဒီအတိုင္း ထိကပ္သည့္ဆိုယံု နမ္းေနတာျဖင့္ အားမရေတာ့ပဲ နႈတ္ခမ္းလႊာတုို႔အား ခပ္ဖိဖိ စုပ္ယူနမ္းရိႈက္ေတာ့ ေဒါနက လြတ္သြားေသာ လက္မ်ားျဖင့္ စစ္နိုင္း၏ ေက်ာျပင္အား တဗုန္းဗုန္း ထုရိုက္ထိုးနွက္ေပမဲ့လို႔ စစ္နိုင္း၏ အနမ္းမ်ားကေတာ့ ပို၍နက္ရိႈင္းလာကာ မြန္းၾကပ္သိပ္သည္း လာေလေတာ့သည္။အတင္းအၾကပ္ေစ့ပိတ္ထားေသာ နႈတ္ခမ္းလႊာတို႔အား စိတ္ႀကိဳက္စားသံုးေနၿပီးမွ လ်ွာဖ်ားေႏြးေႏြးက တိုးဝင္လာေသာအခါ ေဒါန၏ ရုန္းကန္မႈတို႔ အနည္းငယ္အားေပ်ာ့ သြားရေလေတာ့သည္။
ပထမကေတာ့ တမင္တကာစေနာက္လိုျခင္း။ေနာက္က်ေတာ့ ႏူးညံ့ေသာ အထိအေတြ႕တို႔မွာ စစ္နိုင္း တကယ္ပဲ လိႈက္ပါေမ်ာသြားရလ်ွက္ ခႏၶာကိုယ္ထဲမွ အပူလိႈင္းေတြထႂကြ လာရေလေတာ့သည္။
ေဒါနကို ထိေတြ႕လိုက္ရတိုင္း အပိုင္သိ္္မ္း ရမ္းကားပစ္လိုက္ခ်င္တဲ့ စိတ္ရိုင္းေတြဟာ အႀကိမ္တိုင္းမွာ မရိုးအီနိုင္စြာ အားေကာင္းေနဆဲ။
ဒီေကာင္ေလးနွင့္က်မွ ဆႏၵေတြဟာလည္း ထပ္ခါထပ္ခါ နိုးၾကားတက္ႂကြဖူးတာ။ခပ္ၾကမ္းၾကမ္း နမ္းရိႈက္ေနရင္းျဖင့္ စစ္နိုင္း ညဝတ္အက်ႌရင္ဘတ္အား ၾကယ္သီးျဖဳတ္ရမွာကိုေတာင္ စိတ္မရွည္ေတာ့ပဲ ဆြဲၿဖဲပစ္သည္။
"ဖယ္စမ္း...ငါxိုး..."
ရင္ဘတ္က ေအးကနဲ ျဖစ္သြားေတာ့ ေဒါန ခပ္ႀကိတ္ႀကိတ္ ဆဲေရးကာ အားျဖင့္တြန္းဖယ္တာေၾကာင့္ စစ္နိုင္းက အနမ္းတို႔ကို ခတၱရပ္တန္႔ေပးလိုက္ေပမဲ့ ခႏၶာကိုယ္ေပၚမွာေတာ့ အုပ္မိုးထားဆဲျဖစ္သည္။ေဒါနကေတာ့ အနမ္းတို႔၏ ဖ်ားေယာင္းမႈမွ လြတ္ကင္းသြားတာနွင့္ ပါးစပ္ေလးဟကာ နႈတ္ခမ္းေလးေတြ တလႈပ္လႈပ္ျဖင့္ ေလကိုအငမ္းမရ ရႈရိႈက္ေနေလသည္။
"မင္းကသာ ျငင္းေနကာ မင္းေကာင္က မာေနၿပီ..."
စစ္နိုင္းက ေဒါန၏အရာအား ေပါင္ျဖင့္ပြတ္တိုက္၍ နႈတ္ခမ္းတြန္႔ေျပာေတာ့ ေဒါန မ်က္နွာႀကီး ျဖန္းကနဲျဖစ္သြားရေတာ့သည္။ခံစားလြယ္ေနတဲ့ ကိုယ့္ကိုယ္ကိုယ္ပဲ ေဒါသျဖစ္မိေနၿပီး စစ္နိုင္းကိုေတာ့ ဘာမွလည္း ျပန္မေခ်ပနိုင္။အသက္ကိုသာ ဝေအာင္မနည္း ရႈရိႈက္ေနရေလသည္။
ညမီးေရာင္ မွိန္ျပျပေအာက္မွာ နႈတ္ခမ္းေလးေတြ တလႈပ္လႈပ္ျဖင့္ ေဖြးႏုေသာ ရင္ဘတ္ပိန္ပိန္ေလး နိမ့္ခ်ည္ျမင့္ခ်ည္ ျဖစ္ေနပံုေလးက သူ႔၏ဆႏၵေတြကို ပို၍နိုးႀကြလာေအာင္ ဆြဲေဆာင္ေနသည့္နွယ္။စစ္နိုင္း မ်ားမ်ားစားစား စဥ္းစားမေနေတာ့ပဲ ရင္ဘတ္ေပၚသို႔ မ်က္နွာအပ္ကာ ပန္းရင့္ေရာင္ ခ်ယ္ရီပြင့္ေလးအား လ်ွာဖ်ားေလးျဖင့္ တို႔ထိကစားလုိက္ၿပီး က်န္လက္တစ္ဖက္က ေအာက္သို႔ေလ်ာဆင္းသြားကာ ညဝတ္ေဘာင္းဘီထဲသို႔ လ်ွိဳဝင္၍ အနည္းငယ္မာေနၿပီ ျဖစ္ေသာ ေဒါန၏ အရာအားအုပ္ကိုင္ ပြတ္ဆြဲလိုက္ေတာ့...
"မလုပ္...ငါxိုး...အ့!."
ရင္ဘတ္ေပၚမွာ ဦးေခါင္းအား တြန္းဖယ္ထုတ္ကာ ျငင္းဆန္ခ်င္ေပမဲ့ ခႏၶာကိုယ္ကေတာ့ ျခားနားလွစြာ အထိအေတြ႕တို႔အား အသားတက် တံု႔ျပန္ၾကၿပီျဖစ္ေလသည္။ခ်ယ္ရီသီးေလးအား စုပ္ယူ၍ေနရင္းျဖင့္ စစ္နိုင္းက hand jobလုပ္ေနသလို ေဒါန၏ လက္ကိုလည္း ဆြဲယူ၍ သူ႔အရာအား ကိုင္တြယ္ေစလာတာမလို႔ ေဒါန အလိုအေလ်ာက္ ပြတ္ဆြဲေပးေနမိလိုက္ေလသည္။စစ္နိုင္းက ရင္ဘတ္တစ္ဝိုက္ အမွတ္အသားတို႔ကို ျပဳၿပီးေတာ့မွ ေအာက္သို႔ေလ်ွာဆင္းသြားကာျဖင့္ ခ်က္ေလးအားလ်ွာဖ်ားေလးျဖင့္ ထိုးကေလာ္ျပန္တာေၾကာင့္ ေဒါန၏ ေျခေခ်ာင္းေလးေတြ ကုပ္ေကြးသြားရကာ ခံစားခ်က္ေတြ ျမင့္တက္လာရေတာ့သည္။
ၿပီးမွ စစ္နိုင္းက ေအာက္ဖက္သို႔ ဆင္းသြားကာ ေပါင္အတြင္းသားေလးမ်ားအား နမ္းရိႈက္အမွတ္အသား ျပဳၿပီးသြားေတာ့မွ ဆႏၵမ်ားျဖင့္ နိုးၾကားေနၿပီ ျဖစ္ေသာ ေဒါန၏ အရာအား ပါးစပ္ျဖင့္ငံုေထြးေလသည္။ထိပ္ဖ်ားေလးအား လ်ွာျဖင့္ စက္ဝိုင္းပံုစံ ရစ္ပတ္စုပ္ယူၿပီးေတာ့မွ တစ္ခုလံုးအား ေျဖးေျဖးခ်င္း အာခံတြင္းထဲသို႔ ေရာက္သည့္အထိ စုပ္ယူေလေတာ့သည္။
"အ့....ဟ့..!"
ေနာက္ဆံုးေတာ့လည္း စစ္နိုင္း၏ ဖ်ားေယာင္း ညိွဳ႕ငင္နိုင္မႈေတြဆီမွာ လက္ေျမႇာက္အရံႈးေပးရသူဟာ သူသာျဖစ္ေလေတာ့သည္။စစ္နိုင္း၏ အျပဳအစုအယုေတြမွာ သာယာစြာၿငီးျငဴေနမိတာ ခံစားခ်က္ေတြ ျမင့္တက္ၿပီး ၿပီးေျမာက္သြားသည့္အထိ။ေဒါန ၿပီးေျမာက္သြားေတာ့ စစ္နိုင္းက ကိုယ္ေပၚသို႔ အုပ္မိုးလာၿပီးမွ..
"ကိုယ္ မၿပီးေသးဘူး...."
နွစ္ကိုယ္ၾကားယံု ခပ္တိုးတိုးေျပာေတာ့ ေဒါန ခပ္ေစာင္းေစာင္း ၾကည့္ၿပီးေတာ့မွ
"အဲ့ဒါ ဘာျဖစ္လဲ..."
"ဟာ ကိုယ္က်ေတာ့ မင္း ေကာင္းေအာင္လုပ္ေပးရတယ္ေလ..."
"ဘယ္သူက လုပ္ခိုင္းေနလို႔လဲ ဖယ္!"
ေဒါန ခပ္ဆတ္ဆတ္ေျပာရင္း တြန္းဖယ္ေလေတာ့.....
"ညစ္တယ္ကြာ....!"
ၿငီးၿငီးျငဴျငဴေျပာ၍ နႈတ္ခမ္းေလးအား ျဖတ္ကနဲ ငံု႔နမ္းၿပီးေတာ့မွ...
"ဒီတစ္ေခါက္ကို အေႂကြးမွတ္ထားလိုက္ၿပီ ျပန္ဆပ္ရင္ေတာ့ အတိုးနဲ႔ဆပ္ရမွာေနာ္..."
"ခ်ီးကို အတိုး...fuck!"
ေဒါနခပ္ႀကိတ္ႀကိတ္ ဆဲေရးၿပီး တြန္းဖယ္ေတာ့မွ စစ္နိုင္း ခပ္ဟဟရယ္ကာျဖင့္ ေဒါန၏ ကိုယ္ေလးအား ရင္ခြင္ထဲသို႔ ခပ္တင္းတင္း ဆြဲေပြ႕ရင္း စူပုပ္ပုပ္ မ်က္နွာေလးအား ၾကည့္ကာျဖင့္ ကိုယ့္လက္ကိုယ္သံုးကာ ကိုယ့္ျပႆနာကိုယ္ေျဖရွင္းရျခင္းသို႔ ေရာက္ေလေတာ့သည္။
!တကယ့္ကို စိတ္ပုပ္တဲ့ ဂဏာန္းေကာင္ေလး!
ကိစၥၿပီးလို႔ ကိုယ္လက္သန္႔စင္ၿပီး နာရီၾကည့္ေတာ့ မနက္၂နာရီ ထိုးၿပီျဖစ္ေလသည္။
"ကိုယ္ ျပန္ေတာ့မယ္ မနက္က် ေဆးရံုသြားရအံုးမွာ မနက္ျဖန္ညေနက် ထြက္ခဲ့ေလ ေတြ႕ရေအာင္ေနာ္..."
နား႐ြက္ဖ်ားေလးအား တိုးတိုက္နမ္းရိႈက္ေနရင္း စစ္နိုင္းက ေျပာေတာ့ ေဒါန ခႏၶာကိုယ္ကို တြန္႔လိမ္ရုန္းထြက္ၿပီးမွ...
"ျမန္ျမန္ႂကြ...."
"အဲ့ဒါဆို ထြက္ခဲ့မွာလား ေျပာ...."
"...."
"မေျပာရင္ မျပန္ဘူးကြာ...."
"က်စ္! အဲ့ဝရန္တာကေန ကန္ခ်ခံခ်င္ေနတာလား..."
ေဒါန မ်က္ခံုးေလးေတြ တြန္႔၍ ခပ္ဆတ္ဆတ္ေျပာေတာ့ စစ္နိုင္းက ခပ္ဟဟရယ္ကာျဖင့္ ပါးေလးအား ႐ႊတ္ကနဲ နမ္းၿပီးမွ
"ကိုယ္ ေစာင့္ေနမယ္...."
ေျပာၿပီးမွ ဝရန္တာေလွကားမွ တဆင့္ဆင္းသြား ေလေတာ့သည္။ေဘးၿခံတံခါးေပါက္မွေန၍ ေလတခြၽန္ခြၽန္ျဖင့္ ထြက္သြားတာကို လိုက္ၾကည့္ေနပါေသာ စူးရဲေသာ မ်က္ဝန္းတစ္စံုကိုေတာ့ စစ္နိုင္း သတိမျပဳမိခဲ့ေတာ့ေပ။
***
"ဘယ္သြားမလို႔လဲ..."
အျပင္ထြက္ခါနီး ေရဆာလို႔ ထမင္းစားခန္းထဲဝင္ကာ ေရဝင္ေသာက္မိကာမွ ရွင္းခန္႔နွင့္ တည့္တည့္တိုးတာမလို႔ ေဒါန ေသာက္ထားေသာ ေရပါျပန္အန္ထြက္ခ်င္ သြားေတာ့သည္။
"ဘယ္သြားသြား မင္းနဲ႔ဘာဆိုင္လဲ.."
တခါမွ မ်က္လံုးေတာင္ေစြ မၾကည့္ဘူးတဲ့ေကာင္က အခုမွလူကို စစ္လားေဆးလားနဲ႔ ဘာေတြမ်ား ႄကံစည္ေနျပန္လဲမသိ။ခက္တာက ေဒါနကလည္း ၁၀နွစ္သားေလးမွ မဟုတ္ေတာ့တာ။ေဒါန ခပ္ခ်ဥ္ခ်ဥ္ေတြးေနမိတုန္း....
"ဘယ္လိုလဲ ညကေျပာထားတာ..."
ရွင္းခန္႔စကားစေတာ့ ေဒါန၏ ေရဘူးကို ကိုင္ထားေသာ လက္တို႔တင္းကနဲ ျဖစ္သြားရကာ...
"မင္း ေစာက္စကားေျပာတာ ဆင္ျခင္ရင္ေကာင္းမယ္ ရွင္းခန္႔ေမာင္ xီးလိုလိုမႈိလိုလိုစကားေတြ လာေျပာမေနနဲ႔.."
ေဒါန ခပ္ႀကိ္တ္ႀကိတ္ေျပာေတာ့ ရွင္းခန္႔က ခပ္လြန္႔လြန္႔ ႁပံဳးၿပီးေတာ့မွ
"ငါ တကယ္ေျပာတာ ကိုကိုနဲ႔ေတာ့ မင္းကဘယ္လိုလဲ မသိဘူး ငါကေတာ့ မင္းအတြက္ဆို Bေပးရလည္း ျဖစ္တယ္ေနာ္..."
ရွင္းခန္႔ေျပာေတာ့ ေဒါန၏ မ်က္နွာတင္းကနဲ ျဖစ္သြားရၿပီးမွ ခပ္ခ်ဥ္ခ်ဥ္ၿပံဳးလ္ုိက္ၿပီး....
"ဘာလဲ မင္းကGayလား Bေပးလည္ စိတ္မဝင္စားဘူး xင္ယားတက္ရင္ ဝက္အူလွည့္ေဆာင္ထား ဒါမွမဟုတ္လည္း တျခားတစ္ေယာက္ရွာလိုက္ ငါကေတာ့ မင္းကိုမလုပ္ဘူး ႐ြံလို႔..."
ေဒါနက ပ်စ္ပ်စ္နွစ္နွစ္ ေျပာေသာ္လည္း ရွင္းခန္႔ကေတာ့ ပန္းနဲ႔ေပါက္ေနသည့္အလား...
"တျခားတစ္ေယာက္ ဟက္လား ဘယ္တစ္ေယာက္မ်ားလဲ ကိုကိုလား က္ိုကိုကေတာ့ ငါ့အတြက္ဆို ဘယ္ကိစၥေလးပဲ ျဖစ္ျဖစ္ အျမဲ အဆင္သင့္ဆိုတာ မင္းသိၿပီးသားပဲ . ဘယ္လိုလဲ အခုေရာ ကိုကိုက မင္းအတြက္ဆိုရင္ အျမဲအဆင္သင့္ ျဖစ္ေနရဲ႕လား"
မ်က္ခံုးပင့္ကာ ေလွာင္ေျပာင္ဟန္ အျပည့္ျဖင့္ ေျပာေနေသာ ရွင္းခန္႔အား ေဒါန အံကိုတင္းတင္းႀကိတ္၍ ခပ္တင္းတင္းၾကည့္ၿပီးမွ ေရခဲေသတၲာအား ေဒါသျဖင့္ ေဆာင့္ပိတ္လိုက္ၿပီး ေျခလွမ္းက်ဲမ်ားျဖင့္ ထြက္ခဲ့လိုက္ေတာ့သည္။ဆက္ေျပာေနလ်ွင္ လက္ေတြ ဥပုဒ္ေစာင့္နိုင္ဖို႔က မေသခ်ာေတာ့လို႔။
***
"ဘာေတြ အဲ့ဒီေလာက္ ျပာယာခတ္ေနတာလဲ မင္းက ညစာအတူစားရေအာင္ေလ.."
ထင္ေက်ာ္က ဖိုင္တြဲကို စားပြဲေပၚ ပစ္တင္ရင္းေျပာေတာ့....
"No..."
"ဟ ဘာလဲ ျပန္ေခ်တာလား..."
စစ္နိုင္းက အိတ္ထဲကို ပစၥည္းပစၥယေတြ ခပ္ေလာေလာ စုၿပံဳထည့္ေနရင္းျဖင့္....
"မဟုတ္ဘူး ေဒါနနဲ႔ ခ်ိန္းထားလို႔ ေနာက္က်ေနမွာစိုးလို႔.."
စစ္နိုင္း ေျပာေတာ့...
"အဲ့လယ္ ဘယ္လိုတုန္း မင္းတို႔က အဆင္ေျပေနတာလား..."
"အင္း ငါတို႔အဆင့္တက္ၾကမလို႔..."
စစ္နိုင္းေျပာေတာ့ ထင္ေက်ာ္ ပါးစပ္ႀကီးဟသြားရကာ....
"ဟ တကယ္ၿကီးလား အတည္ႀကီးတြဲေတာ့မွာလား မင္းတို႔က..."
ထင္ေက်ာ္ ေမးေတာ့ စစ္နိုင္း နားမလည္နိုင္သလို ျဖစ္သြားရကာ...
"ဘာကိုအတည္တြဲရမွာလဲ ဒီအတိုင္းပဲ အဆင့္တက္တာပါဆို..."
"ဟ မင္းဟာကလည္း sex partnerကေန အဆင့္တက္ပါတယ္ဆိုမွ ခ်စ္သူရည္းစား အဆင့္မဟုတ္လို႔ ၾကားထဲမွာ ဘယ္အဆင့္မ်ားရွိေသးလို႔တုန္း.."
ထင္ေက်ာ္၏ စကားေၾကာင့္ စစ္နိုင္း ဇေဝဇဝါ ျဖစ္သြားကာ ေတြေဝသြားရေတာ့သည္။
"ေကာင္ေလးလည္း မင္းနဲ႔တြဲၿပီးမွ အေတာ္ေလး ေျခၿငိမ္သြားတာပါ အရင္ကဆို အၿမဲတမ္း ေကာင္ေလးေတြ ထည္လဲနဲ႔ ေတြ႕ေတြ႕ေနရတာ မင္းတို႔က အဆင့္တက္ၾကမွာ ဆိုေတာ့ နွစ္ေယာက္စလံုး တစ္ေယာက္နဲ႔တစ္ေယာက္ ခံစားခ်က္ ရွိေနၾကၿပီမလ္ုိ႔လား"
"လစ္ၿပီကြာ မင္းေမးခြန္းေတြ မေျဖအားေသးဘူး.."
ထင္ေက်ာ္ ေမးေနသမ်ွလည္း တစ္ခုမွျပန္မေျဖနိုင္ပဲ ဒီအတိုင္းသာ လက္ကာျပလ်ွက္ စစ္နိုင္း ဇေဝဇဝါျဖင့္ ခပ္ေလာေလာ ထြက္ခဲ့မိေတာ့သည္။မေျဖနိုင္ဘူးဆိုတာထက္ သူ႔မွာ အေျဖမရိွတာ။ေဆးရံုေရွ႕ေရာက္ေတာ့ ကားပါကင္မွာ ကားေဘာ္ဒီကို ကိုယ္ဟန္ႏြဲ႕ႏြဲ႕ျဖင့္ မွီ၍ စီးကရက္လက္ၾကားညႇပ္ရင္း ဖုန္းသံုးေနေသာ ေဒါနအား ေတြ႕လိုက္ရေတာ့သည္။ေခါင္းကို ခပ္ငံု႔ငံု႔ျပဳထားေတာ့ ျဖစ္သလို စုစည္းထားတဲ့ ေကာ္ဖီညိဳေရာင္ လိႈင္းတြန္႔ဆံပင္ေတြက ကပိုကရိုက်လ်ွက္ မ်က္လံုးထဲမွာ တမ်ိဳးေလး ၾကည့္ေကာင္းေနေလသည္။
ေဒါနကို သူ ခ်စ္သလား မခ်စ္သလားမသိေပမဲ့ ေသခ်ာတာေတာ့ ဒီေကာင္ေလးကို သူတပ္မက္သည္။အနားမွာ ရွိေနေစခ်င္သည္။ေတြ႕ေနခ်င္သည္။ျမင္ေနခ်င္သည္။ၿပီးေတာ့ စိတ္ပိုင္းဆိုင္ရာ ပတ္သတ္ဆက္ႏြယ္မႈေတြမွာ ဒီထက္ပိုၿပီး ရင္နွီးကြၽမ္းဝင္ခ်င္သည္။နားလည္လြယ္ခ်င္သည္။ေသခ်ာတာေတာ့ ေဒါနဟာ သူ႔ကို ဘယ္ေတာ့မွ မၿငီးေငြ႕ေစတဲ့ အမ်ိဳးအမည္မသိေသာ ခံစားခ်က္တစ္ခုကို ေပးစြမ္းေနတာျဖစ္သည္။
သူ႔ဖက္ကေတာ့ အဲ့ဒီလို ပံုစံမ်ိဳးနဲ႔ ဒီေကာင္ေလးကို တပ္မက္မိသလို ဒီေကာင္ေလးကေရာ သူ႔အေပၚမွာ ဘယ္လိုပံုစံမ်ိဳးနဲ႔ ၿငိတြယ္ေနတာလဲ။ဒီေကာင္ေလးရဲ႕ ရင္ထဲမွာေရာ သူဟာ ဘယ္အတိုင္းအတာအထိ အေရးပါၿပီး ဘယ္ေနရာမွာမ်ား ရွိေနေလာက္မလဲလို႔ ပထမဦးဆံုး အႀကိမ္အျဖစ္ စစ္နိုင္း တူးေဖာ္ခ်င္စိတ္ ျဖစ္မိေလေတာ့သည္။
***
နွစ္ေယာက္သား barမွာပဲ ေအးေအးေဆးေဆး ေသာက္စားၾကၿပီး အနည္းငယ္ အခ်ိန္ျဖဳန္းၿပီးေတာ့မွ ျပန္လာခဲ့ၾကေတာ့သည္။ေဒါနကေတာ့ အနည္းငယ္ ေရခ်ိန္လြန္သြားတာမလို႔ နည္းနည္းေလး လြတ္ခ်င္ေနၿပီ ျဖစ္သည္။နည္းနည္းေလာက္ မူးၿပီဆိုတာနွင့္ ေဒါနက အလြန္တရာကိုမွ လိုက္ေလ်ာလြယ္ နာခံလြယ္ကာ ပံုမွန္ဂ်စ္တိဂ်စ္ကန္ မ်က္နွာေပးေလးနွင့္ ျခားနာေနတက္ေလသည္။
"ဘယ္ ဟိုတယ္သြားမွာလဲ..."
ယမကာအရွိန္ျဖင့္ အေရာင္ရင့္၍ မ်က္လံုးေတြ စင္းက်ေနေသာ မ်က္နွာေလးအား ၾကည့္ကာ စစ္နိုင္းေမးမိေတာ့ ေဒါနက ရုတ္တရက္ ကားစီယာရင္ကို အတင္းလိုက္ဆြဲတာေၾကာင့္.....
"ဟာ ေဟ့ ေဟ့ ဘာလုပ္တာလဲ..."
စစ္နိုင္း အသဲအသန္ျပန္ဆြဲကာ လမ္းေဘးဆြဲခ် ရပ္တန္႔ရျခင္းသို႔ ေရာက္ေလေတာ့သည္။ကားရပ္သြားတာနွင့္ ေဒါနက စစ္နိုင္း၏ ကိုယ္ေပၚသို႔ တြယ္တက္လာကာျဖင့္ နႈတ္ခမ္းအား အတင္းတိုးတိုက္နမ္းကာ....
"ဘယ္မွမသြားဘူး ဒီမွာပဲ ႁပြတ္စ္ ႁပြတ္စ္."
နႈတ္ခမ္းကို တႁပြတ္ႁပြတ္နွင့္ စုပ္ယူနမ္းေနတာက နမ္းေနတာနွင့္ မတူပဲ မူႀကိဳကေလးက သၾကားလံုးစုပ္ေနသည္နွယ္။စိတ္ကႂကြလာဖို႔ ေနေနသာ ေဒါန၏ ဇြတ္တ႐ြတ္ျဖစ္ေနတဲ့ ပံုစံကိုသာ စစ္နိုင္းရီခ်င္ေနမိေတာ့သည္။
"ကိုကို ခြၽတ္..."
အက်ႌၾကယ္သီးေတြကို အတင္းဆြဲလြဲျဖဳတ္ေနျပန္တာေၾကာင့္ စစ္နိုင္းက လက္ကိုျပန္ဆြဲထားေတာ့ မ်က္ေမွာင္ေလး က်ဳတ္သြားရကာ..
"ကိုကို အခုလုပ္မယ္ အခုလိုခ်င္တယ္ အခုပဲ..."
ေကာင္းေနရင္ေတာ့ ကိုကိုလို႔ေခၚပါမ်ား ေျပာမိရင္ မိုးမႊန္ေအာင္ ဆဲဆိုေနတဲ့ ေကာင္ေလးက မူးလာၿပီဆို ကုိကုိဆိုတာ ပါးစပ္ဖ်ားကမခ်။ထန္းရည္မူးရင္ ကြၽဲခိုးေပၚတက္တယ္ဆိုတဲ့ စကားပံုကို သတိရမိေတာ့ ေဒါန၏ ရင္ဘတ္ထဲမွ သယံဇာတေတြကို တူးေဖာ္မိခ်င္စိတ္တို႔က တဖြားဖြား ျဖစ္လာရကာ ေဒါန၏ ေမးဖ်ားေလးအား ဆြဲကိုင္လိုက္ၿပီးမွ....
"ေဒါန...."
"ဟင္....."
ေခၚလိုက္ေတာ့ ရီေဝစင္းက်ေနေသာ မ်က္လံုးမ်ားျဖင့္ ဟင္ကနဲ ျပန္ထူးသည္။
"ကိုယ္က မင္းအေပၚ ေကာင္းလားဆိုးလား..."
"ဆိုးတယ္ အမ်ားႀကီးဆိုးတယ္...."
ကေလးေတြလုပ္သလိုမ်ိဳး လက္ကိုပါ အမူအယာနွင့္ ေဝ့ယမ္းေျပာေတာ့ စစ္နိုင္း ၿပံဳးစ္ိစိ ျဖစ္သြားရၿပီးမွ.....
"ဒါဆို ကိုယ္က မင္းရဲ႕ရင္ထဲမွာ မင္းအတြက္ ဘယ္လိုေနရာမ်ိဳးမွာ ရွိေနတာလဲ...."
"ဟင္..."
ေမးတာကို ေသခ်ာနားေထာင္ေနၿပီးမွ ဟင္ကနဲ ျပန္ထူးကာ ရီေဝေဝ မ်က္လံုးမ်ားျဖင့္ ေဝ့ၾကည့္လာတာေၾကာင့္ စစ္နိုင္း ရင္ခုန္သံေတြ ျမန္လာရကာ ေျခဖ်ားလက္ဖ်ားေတြပါ ေအးစက္လာရေတာ့သည္။ဒီေကာင္ေလး ျပန္ေျဖလာမဲ့စကားကို သူတကယ္ပဲ ရင္ခုန္စြာ ေမ်ွာ္လင့္မိေလသည္။
#LahPhan
Unicode
"ဒေါက် ဒေါက် ဒေါက်..."
တံခါးခေါက်သံကြောင့် နေရာမှထကာ အခန်းတံခါးအား ဆွဲဖွင့်လိုက်တော့ အခုမှ အလုပ်မှပြန်ရောက်ပုံရသော ရှင်းခန့်အား အခန်းရှေ့မှာ အခန့်သား ရပ်နေတာကို တွေ့လိုက်ရကာ
"ပြန်လာပြီလား...."
နှစ်ယောက်ကြားမှာ ပြဿနာတစ်စုံတရာ မရှိခဲ့ကြသလိုမျိုး ရှင်းခန့်က အေးဆေးတည်ငြိမ်နေသော မျက်နှာအမူအယာဖြင့် မေးလေတာကြောင့် ဒေါန၏ မျက်ခုံးတို့ တွန့်ကွေးသွားရပြီးမှ....
"ဘာလဲ..."
ဘာအကြောင်းကိစ္စရှိသလဲလို့ ရည်ရွယ်ပြီး မေးလိုက်တော့ ရှင်းခန့်က ဒေါန၏ တစ်ကိုယ်လုံးလား စုန်ချည်ဆန်ချည် ကြည့်ပြီးတော့မှ....
"ပြန်လာပြီဆိုလို့ လာကြည့်တာလေ.."
"စောက်ပိုတွေ လာလုပ်နေပြန်ပြီ.."
ဒေါန ခပ်ကြိတ်ကြိတ် ပြောတော့ ရှင်းခန့်က ခပ်လွန့်လွန့် ပြုံးလိုက်ပြီးမှ....
"လိုနေတာတွေ မင်းမသိလို့ပါ..."
ရှင်းခန့် ဘာကိုပြောချင်နေတာလဲ နားမလည်တော့ နဂိုမကြည်တဲ့ စိတ်အခံက စိတ်မရှည်နိုင်ဖြစ်လာရကာ...
"ဘာလဲ ဘာပြောချင်နေတာလဲ ဝေ့မနေနဲ့ ဒဲ့ပြော မပြောရင်လည်း လစ်တော့ ငါ့ကိုလာမရှုပ်နဲ့.."
ခပ်ဆတ်ဆတ် ပြောရင်းဖြင့် ဒေါနက တံခါးကို ဆွဲပိတ်ဟန်ပြင်တော့ ရှင်းခန့်က ပြန်ဆွဲထားပြီးမှ
"ဘာဖြစ်တာလဲ နေပါအုံး မတွေရတာ ၅ရက်လောက်ရှိပြီကို..."
မထီတရီ အပြုံးများဖြင့် အယောင်မကျသေးသော မျက်နှာကြီးအား ဆွဲထိုးပစ်ချင်စိတ်ကို အတင်းအကျပ် ချိုးနှိမ်နေရင်းဖြင့် ဒေါန အံကို ခပ်တင်းတင်း ကြိတ်ပြီးမှ....
"ရှင်းခန့်မောင်....."
ခပ်ကြိတ်ကြိတ် အော်သံကို ရှင်းခန့်က သဘောကျသည့်အလား နှုတ်ခမ်းတွန့်ပြုံးပြီးတော့မှ....
"မင်းဘယ်ကိုပဲသွားသွား နောက်ဆုံးတော့လည်း ဒီအရိပ်ကိုပဲ မင်းပြန်လာရတာပဲ မဟုတ်လား.."
"ဘာ..."
ဒေါန ဘာကနဲ ဖြစ်သွားပြီးတော့မှ မေးကြောတို့ တင်းကနဲဖြစ်သွားရကာ...
"မင်းအဖေနဲ့ငါ့အမေက လင်မယား အဲ့ဒီတော့ ငါ့အမေနဲ့ ဆိုင်တဲ့နေရာကို ငါပြန်လာတာ ဒီအရိပ်ကို ပြန်လာတယ်များ ဖြစ်ရသေးတယ် ခွေးစကားလာပြောမနေနဲ့ ရှင်းခန့်မောင်..."
"ခွေးစကားပြောတော့ရော မင်းကနားလည်တယ်လား"
"မင်း..."
ဒေါန မျက်နှာတင်းသွားတာကို ရှင်းခန့်က အရသာခံကြည့်ပြီးတော့မှ...
"ထားပါအဲ့ဒါတွေ ဘယ်လိုလဲ ဟိုနေ့က ငါပြောထားတာ စဉ်းစားပြီးပြီလား.."
ရှင်းခန့်၏ စကားကြောင့် ဒေါန၏ မျက်နှာကြီး ပေါက်ထွက်မတက် နီရဲတင်းမာသွားရပြီးမှ....
"ငါ မင်းနဲ့ရန်မဖြစ်ချင်ဘူး ရှင်းခန့်မောင် မင်း လစ်လိုက်တော့..."
"အော် ငါလည်း ပြေလည်ကြဖို့ ပြောနေတာပဲလေ ဘယ်လိုလဲ ငါ့ရဲ့အရသာကို မမြည်းစမ်းကြည့်ချင်ဘူးလား ဟင်.."
မျက်ခုံးပင့်ပြီး မေးဆတ်ကာ ဟင်လို့ ငြုတုတုပြောနေတဲ့ ရှင်းခန့်ရဲ့ အသံကြီးက ဒေါန၏ နားထဲမှာ အော်ဂလီဆန်ချင်စရာ ကောင်းနေရကာ လူတစ်ကောင်လုံးကို ဆွဲကိုင်ရိုက်သတ် ပစ်ချင်သော စိတ်တို့သာ အားကောင်းရုန်းကြွ လာလေတော့သည်။
"နောက်တစ်ခါ မင်းပါးစပ်က အဲ့ဒီလို မသတီစရာ စကားမျိုး ထပ်ထွက်လာလို့ကတော့ မင်းကိုသေအောင်သတ်ဖို့ ဝန်မလေးဘူးဆိုတာ သိထား မင်းအဖေ မျက်နှာလည်း ငါထောက်နေမှာမဟုတ်ဘူး
တောက်!"
ပခုံးကို ခပ်ကြမ်းကြမ်း ဆောင့်တွန်းပစ်ပြီးမှ ဒေါသဖြစ်လှစွာ အခန်းတံခါးကို ဝုန်းကနဲ ဆောင့်ပိတ်ပစ်ရခြင်းသို့ ရောက်သည်။လက်ထဲမှ မျက်နှာသုတ်ပုဝါကို ဒေါသအလျှောက် ကိုင်ပေါက်ပစ်ရင် နောက်ထပ်တစ်ကြိမ် တောက်ခတ်မိသည့်အထိ။လူကသာ မခုတ်တဲ့ကြောင်ပုံစံ ဖြစ်နေတာ။စကားလုံးတွေဖြင့် ထိုးနှက်နှိမ်ချတဲ့နေရာမှာတော့ ရှင်းခန့်မောင်တို့က ပြိုင်စံရှား။စကားလုံးတွေ ကြားယုံနဲ့ကို ရွံရှာပြီးသေနိုင်သည့်အထိ စွမ်းသည်။
!တောက်.!
!xီးစကားတွေလာပြောနေတယ် ဒီမအေxိုးကတော့..!
"ဒေါက် ဒေါက် ဒေါက်..."
ဒေါသတွေဖြင့် မကျေမလည် ဖြစ်နေတုန်း နောက်ထပ် တံခါးခေါက်သံ ထပ်ပေါ်လာတာမလို့ ဒေါန တံခါးကို ဝုန်းကနဲ ဆွဲဖွင့်ပစ်ကာ
"xီးလား ရှင်းခန့် ဘာဖြစ်ချင်နေတာလဲ မင်း..."
အခန်းဝမှာ မျက်မှောင်ကြုတ်၍ ခပ်တင်းတင်း ရပ်နေသော မိခင်ဖြစ်သူကြောင့် ဒေါန၏ ဒေါသတွေ လမ်းခုလတ်မှာ ခရီးမဆက်နိုင် ဖြစ်သွားရလေတော့သည်။
"ဘယ်လိုဖြစ်လို့ ဆဲဆို ရန်လိုနေရတာလဲ ဒေါန..."
ဒေါ်ချိုမာဇင် ခပ်တင်းတင်း ပြောရင်းဖြင့် အခန်းထဲသို့ လျှောက်ဝင်လာတာကြောင့် ဒေါန ကိုယ်ကိုယို့၍ လမ်းဖယ်ပေးပြီးမှ တံခါးအား ပြန်ပိတ်လိုက်တော့သည်။ဆေးလိပ်အတိုအစများဖြင့် အနည်းငယ်ပွနေသော အခန်းအား ဒေါ်ချိုမာဇင် အလိုမကျစွာ ဝေ့ကြည့်ပြီးတော့မှ ကုတင်ပေါ်သို့ ဆောင့်ကနဲ ထိုင်ချရခြင်းသို့ရောက်သည်။ဒေါနကတော့ မအေမျက်နှာလည်း မကြည့်ပါပဲ ခပ်တည်တည်ဖြင့်လိုက်ဝင်လာခဲ့ရင်း ဗီရိုကိုဆွဲဖွင့်ကာ အကျႌရွေးနေလေသည်။ဒေါနလုပ်နေသမျှ ဒေါ်ချိုမာဇင် အစအဆုံး လိုက်ကြည့်နေပြီမှ....
"ဘယ်လိုဖြစ်လို့ အဲ့ဒီလောက်တောင် လက်ပါခြေပါ ဖြစ်ရတာလဲ ရှင်းခန့် မျက်နှာတစ်ခုလုံး ဖူးယောင်နေတာ အခုထိကို အရောင်မကျဘူး ဘာဖြစ်လို့များ နင်အဲ့ဒီလောက်အထိ လက်ရဲဇက်ရဲ ဖြစ်နေရတာလဲ..."
မိခင်ဆီမှ ဆူပူသော စကားသံတို့ ထွက်ပေါ်လာတော့ ဒေါန အံကိုခပ်တင်းတင်း ကြိတ်ပြီးမှ ဗီရိုအား အားဖြင့်ဆောင့်ပိတ်သည်။ပြီးမှ...
"ကျွန်တော် လွန်ခဲ့တာ တစ်ခုမှမရှိဘူး..."
ဘုရားရေလို့သာ တပြီး ဒေါ်ချိူမာဇင် ရင်ဘတ်ဖိမိတော့သည်။မျက်နှာတစ်ခုလုံး ဖူးယောင်နေအောင် ထိုးကြိတ်သွားပြီးမှ ကျွန်တော် မလွန်ဘူးဆိုတော့ ဘယ်သူက လွန်နေတာလဲ။ငယ်စဉ်ထဲက မသင့်မြတ်ခဲ့လိုက်ကြတာ ကြီးလာတော့လည်း မျက်နှာချင်းဆိုင်လို့မရ။
"အဲ့ဒီတော့ မျက်နှာကြီး ဖူးယောင်စုတ်ပြတ်နေအောင် ထိုးခံရတဲ့ လူက လွန်တာလား.."
ဒေါ်ချိုမာဇင် ပြောပြီးတော့မှ ပင့်သက်ကိုချသည်။
"ဘယ်လိုပဲ မခံချင်အောင်ပြောပြော ညီအစ်ကိုချင်း..."
"ဟက်...ဘာညီအစ်ကိုလဲ ညီအစ်ကိုလို သဘောထားတာ သေချာရဲ့လားလို့ သွားမေးကြည့်ပါအုံး အမေ့လင်ပါသားကို.."
သူမ၏ စကားကို မဆုံးစေပဲ ဒေါနက ဖြတ်၍ ထေ့ငေါ့ပြောသည်။
"မရိုင်းစမ်းနဲ့ ဒေါန..."
ဒေါ်ချိုမာဇင် ခပ်ဆတ်ဆတ် ဟန့်လိုက်တော့ ဒေါန နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ကာ ငြိမ်သက်သွားလေသည်။ကိုယ်မွေးထားတဲ့သား အကြောင်း ကိုယ့်လောက် ဘယ်သူကပိုနိုင်မှာမလို့လဲ။ဒီလောက်အထိဖြစ်အောင် ထိုးကြိတ်လိုက်တယ် ဆိုမှတော့ ဒီလောက်အထိ ဖြစ်စေတဲ့ စကားကိုပြောပြီး ဒေါသကြီးတက်တဲ့ ဒေါနရဲ့စိတ်ကို ထိုးဆွလိုက်တယ်ဆိုတာ သူမသိပြီးသားပါပဲ။သို့ပေမဲ့ လူတွေရဲ့သဘောက မြွေကိုက်တာမမြင်ပဲ ဖားအော်တာကိုပဲ ကြားတက်ကြတာမျိုး မဟုတ်ပါလား။ပြီးတော့ ဆန်ရင်းနာနာ ဖွပ်ရမယ်ဆိုတဲ့ စကားလည်း ရှိထားသေးတယ် မဟုတ်လား။
"အမေ့မျက်နှာထောက်ပြီး အခုအချိန်အထိ ကျွန်တော်ဖက်က စပြီး မရိုင်းဖူးသေးဘူး.."
"ဒါပေမဲ့လည်း မယဉ်ကျေးခဲ့ဘူး မဟုတ်လား..."
ဒေါ်ချိုမာဇင်ပြောတော့...
"အမေက ကျွန်တော်လွန်ပါတယ်လို့ လက်ညှိုးထိုးချင်တာလား"
"ဟုတ်တယ် လွန်တယ် ပညာမဲ့လိုမျိုး ဒေါသကို သွန်ချပစ်တာ လွန်တယ် သူကဒီလိုဖြစ်စေဖို့ ရည်ရွယ်တာကို ဒီလိုဖြစ်ပေးလိုက်တာဟာ နင် ညံ့တာပဲပေါ့ ဒေါန.."
ဒေါ်ချိုမာဇင် ဖိပြောတော့ ဒေါန ငြိမ်သက်သွားရတော့သည်။
"ငါက နင့်ကိုမွေးထားတဲ့အမေပါ နင်သိနေတာထက်ကို ပိုသိတယ်
ဒါပေမဲ့ အခုကိစ္စမှာ စတုန်းက သူ့ဖက်ကစခဲ့ပါစေအုံး နင်ထိုးကြိတ်ရိုက်နှက်လိုက်တယ်ဆိုတာကပဲ ရာဇဝင်တွင်တာ ဘာကြောင့် ထိုးကြိတ်ရိုက်နှက်ရတယ် ဆိုတဲ့အကြောင်းကို ဘယ်သူမှစိတ်မဝင်စားဘူး လက်ပါခြေပါလုပ်တက်တဲ့ နင်ပဲ လူရမ်းကား ဖြစ်ရတာ အဲ့ဒါ နင်သိရဲ့လား.."
မိခင်ဖြစ်သူ၏စကားက မှန်နေတာကြောင့် ဒေါန နှုတ်ဆိတ်သွားရတော့ ဒေါ်ချိုမာဇင် ပင့်သက်ကို ရှိုက်ပြီးတော့မှ...
"ပညာရှိအမျက် အပြင်မထွက်ရဘူးဆိုတဲ့ စကားကို ခေါင်းထဲထည့်ထားစမ်းပါ ဘာလို့သူများ ဆင်တဲ့အကွက်ထဲကို တိုးတိုးဝင်နေရတာလဲ ပြီးတော့ အရာရာတိုင်းဟာ ဒေါသနဲ့ဖြေရှင်းလို့ မရဘူး ဒေါန မာယာဆိုတာ များသင့်ရင်များရမယ်"
ရှင်းခန့်မောင် ပြောလိုက်တဲ့စကားကို အတိအကျ သိနေတာကြောင့် ပြောနေရခြင်းမျိုး မဟုတ်ပါပဲ အခြေအနေအရပ်ရပ်ကို ကောက်ချက်ဆွဲ၍ ကိုယ့်သားကို နားသွင်းနေခြင်းမျိုးသာ ဖြစ်သည်။ငါမိထွေးဟဲ့ဆိုပြီး ယုတ်မာကောက်ကျစ်တဲ့ စိတ်ထားမျိုး သူမမှာ မရှိသော်ငြားလည်း ကိုယ့်သွေးသားကို ထိပါးလာရင်တော့ ဂေါတမီထုံး နှလုံးမူနိုင်ဖို့က မသေချာ။ဒါပေမဲ့လည်း အမျက်ဒေါသကို အပြင်ထုတ်ပြနေလို့ ဘာကောင်းကျိုးရှိမှာလဲ။သူက မျက်နှာနှစ်ဖက်ဆို ကိုယ်ကလည်း မျက်နှာဖုံးတပ်ရမှာပေါ့။
"ပြီးတော့ သူ့အဖေက ထုတ်မပြောဘူးဆိုပေမဲ့လည်း သူ့သားမျက်နှာပေါ်က ဒဏ်ရာကိုမြင်တိုင်း စိတ်ထဲမှာတော့ ကျေလည်နိုင်ပါ့မလား."
ဒေါ်ချိုမာဇင်ပြောတော့ ဒေါနက တီရှပ်ကို စွပ်ချ၍ နေရာကျအောင် ပြုပြင်နေပြီးတော့မှ ဆေးလိပ်ဘူးအား ဆွဲယူကာဖြင့်...
"မကျေလည်လို့ ခဲနေလည်း ဂရုစိုက်မနေဘူး အမေရှိနေလို့ ဒီအိမ်မှာ သည်းခံပြီးနေပေးနေတာ အမေမရှိတဲ့နာရီ ဖုတ်ဖတ်ခါပြီး ထွက်သွားယုံပဲ တချက်မှလှည့်ကြည့်ဖို့ စိတ်ကူးမရှိဘူး"
ဒေါနပြောရင်းဖြင့် ဆေးလိပ်မီးညှိတော့ ဒေါ်ချိုမာဇင် သက်ပြင်းကိုသာ ချမိတော့သည်။ဘယ်သူ့ဖက်ကို လိုက်ပြီးတော့များ မာနတွေဟာ တလွဲဆံပင်ကောင်းနေရတာလဲ မသိတော့။မိခင်ဖြစ်သူ ပြန်ထွက်သွားတော့မှ ဝရန်တာသို့ ထွက်ကာ ဆေးလိပ်ဖွာနေမိရင်း ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေ ခေါင်းထဲကို အစီအရီ ဝင်ရောက်လာတော့သည်။
ငယ်စဉ်ထဲက တစ်မျိုးမဟုတ်တစ်မျိုး ပြဿနာရှာခဲ့တယ် ဆိုပေမဲ့ ဒီကိစ္စကိုတော့ ရှင်းခန့်မောင်က လက်နက်တစ်ခုလို ဘယ်တုန်းကမှ ထုတ်မသုံးခဲ့။
!အခု ရှင်းခန့်မောင်က ဘာစောက်ရူးစကားတွေလာပြောနေတာလဲ ဟန်စစ်နိုင်းနဲ့သူရဲ့ ပက်သတ်မှုကြောင့် ကယောင်ခြောက်ခြားဖြစ်နေတာလား ဟက်!
ဒေါနတွေးရင်းဖြင့် ဟက်ကနဲ မဲ့ပြုံးတစ်ချက်ပြုံးကာ ဆေးလိပ်ကိုအားပါးရတာရှိုက်လိုက်မိတော့ လေထုထဲမှာ ဆေးလိပ်ငွေ့များသာ ပို၍ သိပ်သည်းလာရလေတော့သည်။
***
"ဟို အရိုင်းအစိုင်းလေး ပြန်ရောက်နေပြီ မဟုတ်လား.."
ထမင်းစားနေရင်း ရုတ်တရက် ထပြောသော မိခင်ဖြစ်သူ၏ စကားကြောင့် စစ်နိုင်း မျက်ခုံးပင့်ကြည့်မိတော့ ဒေါ်နီလာတင့်က ဟင်းကို ခရင်းအကူအညီဖြင့် ဇွန်းထဲသို့ သေချာပုံထည့်နေရင်းဖြင့်...
"သားရှင်းကို ထိုးကြိတ်ဆင်းသွားတုန်းကတော့ တသက်လုံး ပြန်မလာတော့ဘူးလိုလိုနဲ့ ပြီးတော့ ပြန်ရောက်လာတာပဲ ကိုမင်းမောင်မလို့ သည်းခံနေတာ ကျွန်မသာဆို အိမ်ပေါ်ကို ပေးကိုမတက်ဘူး ဒီလောက်မိုက်ရိုင်းတဲ့ကောင် သူများအိမ်မှာလည်း လာနေသေးတယ် လူပါးကိုဝလွန်းတယ်.."
ဒေါ်နီလာတင့် မကျေမနပ်ပြောနေတော့ ဦးနေစစ် ဇွန်းကို ကိုင်ထားရင်းနဲ့မှ ထမင်းကို ဆက်မစားဖြစ်တော့ပဲ...
"သူများအတွင်းရေးကို သေချာလည်းမသိပဲနဲ့ ပြောပြန်ပြီ မင်းကတော့.."
ခင်ပွန်းဖြစ်သူ၏ မနှစ်မြို့သလို လေသံကြောင့် ဒေါ်နီလာတင့်၏ မျက်ဝန်းတို့ စူးကနဲ ဝေ့လာပြီးတော့မှ...
"မသိစရာဘာရှိလဲ သားရှင်းက ကျွန်မလက်ထဲ ကြီးခဲ့တဲ့ကလေး ဒီကလေးက ဘယ်တုန်းကများ စကားကို သူများနစ်နာအောင် ပြောတက်တဲ့ သူမလို့လဲ ဟိုအရိုင်းအစိုင်းကိုက တမင်လက်ရဲဇက်ရဲနဲ့ လူမိုက်သွေးကြွနေတာ.."
"အမေ့..."
ဒေါနကို ထိပါးပြောဆိုတော့ စစ်နိုင်း အလိုအလျောက် ပါးစပ်မှ ဟန့်လိုက်မိသည်။သားတော်မောင် ဆီမှ အသံထွက်လာတော့ ဒေါ်နီလာတင့် အံ့သြသော မျက်ဝန်းများက သားဖြစ်သူဆီသို့ ဝေ့ဝဲသွားရတော့သည်။စစ်နိုင်းက မိခင်၏ အကြည့်စူးစူးတွေကို ရင်မဆိုင်လိုသောကြောင့် မျက်လုံးလွှဲ၍ ရေဖန်ခွက်ကို ဆွဲယူပြီးတော့မှ...
"သူတို့ကြားမှာ သူတို့အတွင်းရေးရှိမှာပေါ့ အမေရယ် အနိုင်ကျင့်ခံရတယ် ဆိုရအောင်လည်း ကလေးတွေမှ မဟုတ်ကြတော့တာ"
သားဖြစ်သူ၏ စကားကြောင့် ဒေါ်နီလာတင့် မျက်ခုံးတို့ တွန့်၍ အလိုမကျ ဖြစ်သွားရကာ...
"ဘာအတွင်းရေးပဲ ရှိရှိလေ ဒီလောက်အထိ လက်ရဲဇက်ရဲနဲ့ လူမိုက်စရိုက်ပြသွားတာ သူ့အမေကလည်း မြှောက်နေတာ သူများအိမ်ပေါ်လည်း အခန့်သားတက်နေသေးတယ် အရိပ်နေနေ အခက်ချိုးချိုးကောင်"
မိခင်ဖြစ်သူ၏ စကားကို စစ်နိုင်း မနှစ်မြို့နိုင်ဖြစ်သွားရကာ....
"အဲ့ဒီလိုလည်း မဟုတ်ပါဘူး အမေရယ် အန်တီချိုတို့က ဟိုတုန်းထဲက နိမ့်နိမ့်ပါးပါးထဲက မဟုတ်ပါဘူး သံတောင်မှာ အခြေနဲ့အနေနဲ့ပါ"
"ဘာဖြစ်ဖြစ် ဒီဖက်က အဆင့်အတန်းနဲ့တော့ ယှဉ်လို့ရရိုးလား..."
ဒေါ်နီလာတင့် ပြောပြီးတော့မှ ဟင်းခပ်ဖို့ လက်ပြင်ပြီးမှ မခပ်ဖြစ်တော့ပဲ သားတော်မောင်အား တရားခံစစ်သလို ကြည့်ကာဖြင့်...
"နေပါအုံး သားရှင်း ဒီလောက်ခံလိုက်ရတာကို မင်းက အခု ဘယ်သူ့ဖက်က ကာကွယ်နေတာတုန်း.."
မိခင်ဖြစ်သူ၏ စကားကြောင့် စစ်နိုင်း ထိတ်ကနဲ ဖြစ်သွားရပြီးတော့မှ ဟန်ကိုယ်ဖို့ကာဖြင့်...
"ဘယ်သူ့ဖက်ကမှ ကာကွယ်တာမဟုတ်ပါဘူး သားက ပြဿနာကို ယေဘုယျ ကောက်ချက်ဆွဲပြတာပါ.."
စစ်နိုင်းပြောတော့ ဒေါ်နီလာတင့် မျက်စောင်းဝေ့ကြည့်ပြီးမှ...
"နေပါအုံး အဲ့ဒီနေ့က မင်းရှေ့မှာ ထိုးကြိတ်နေတာကို အဲ့အရိုင်းအစိုင်းကို ဘာဖြစ်လို့ ပြန်မထိုးခဲ့ရတာလဲ မင်းက"
"နီလာကတော့ မဟုတ်တာတွေ ကလေးတွေကို.."
မိခင်ဖြစ်သူ၏ စကားကို ဖခင်ဖြစ်သူက ဝင်ဟန့်တော့....
"ရှင်ကရော ဘာဖြစ်နေတာလဲ အဲ့ဒီသတ္တဝါဖက်ကဆို ကာဆီးကာဆီးနဲ့ ရှင့်ကို ကျွန်မ မသင်္ကာတောင် ဖြစ်လာပြီနော် ကိုနေစစ်"
"ဟာ ဘာကို မင်္သကာတာလဲ လုပ်ပြန်ပြီ မင်းကတော့..."
"အဲ့ဒါဆို ရှင်ဘာလို့ လိုက်ကာနေတာလဲ..."
"ဘာကိုကာတာလဲ မဟုတ်တာကွာ အဓိပ္ပါယ်မရှိတာတွေ..."
မြှားဦးက ဖခင်ဖက်သို့ လှည့်သွားပြီမလို့ စစ်နိုင်း ထမင်းစားဝိုင်းမှ အသာလေး လစ်ထွက်ခဲ့လိုက်တော့သည်။မဟုတ်ရင် သူ့အမေရဲ့ စစ်ဆေးမေးမြန်းမှုတွေဆီမှာ သူ ချောင်ပိတ်မိနေမှာဖြစ်သည်။အခန်းပြန်ရောက်တော့ ဒေါန ပြန်ရောက်ပြီဆိုတာ သိလိုက်ရ၍ ဖုန်းခေါ်လိုက်ပေမဲ့ ဒေါနကတော့ လုံးဝဖုန်းမကိုင်။နာရီကြည့်တော့ ၉နာရီပဲ ရှိသေးသည်။ဒီဂဏာန်းကောင်ကတော့လေ။
ဖုန်းနှစ်လုံးဖြင့် ဇွဲကောင်းကောင်းဖြင့် လှည့်ပတ်ခေါ်နေလိုက်တာ ၁၁နာရီထိုးသည့်အထိ ဒေါနတို့ကလည်း ဇွဲကောင်းကောင်းဖြင့် ကိုင်ဖို့အစီအစဉ်ရှိပုံမရ။ပြတင်းပေါက်မှနေ၍ တဖက်ခြံထဲရှိ ဒေါန၏ အခန်းအား လှမ်းကြည့်မိတော့ အခန်းမီးမှိန်မှိန်ပြပြဖြင့် အနည်းငယ်ဟထားသော ဝရန်တာမှန်တံခါးကို တွေ့လိုက်ရလေသည်။ပုံမှန်ဆို ညဖက်ပ်ိုင်းတွေမှာ ဒေါနက အအိပ်အနေနည်းတဲ့သူပီပီ အမြဲတမ်း ဝရန်တာမှာ ထွက်ထိုင်နေကြဖြစ်သည်။ဒီနေ့တော့ အရိပ်အယောင်တောင်မမြင်ရ။စစ်နိုင်းသက်ပြင်းချပြီးတော့မှ ပြတင်းမှန်တံခါးကို ဆွဲပိတ်ရခြင်းသို့ ရောက်လေသည်။
.
.
.
ရှောကနဲ ဝရံတာမှန်တံခါး ဖွင့်သံတိုးတိုးနှင့်အတူ ရင်းနှီးဖူးသော ကိုယ်သင်းရနံံ့တစ်ခု အခန်းထဲမှာ ဝေ့ကနဲ ဖြစ်သွားရကာ ဒေါန laptopသုံးနေရာမှ လှည့်ကြည့်ဖို့ ဟန်ပြင်လိုက်ပေမဲ့ မအောင်မြင်ပါပဲ နောက်မှသိုင်းဖက်ခံလိုက်ရ၍ လည်တိုင်၌ နွေးကနဲ ဖြစ်သွားရလေတော့သည်။
"ဖုန်းကို တမင်မကိုင်တာ ဟက်လား..."
"ခင်ဗျား...!"
ဒေါန အံ့သြတကြီး ခေါင်းလေးငဲ့စောင်း သွားရပြီးတော့မှ....
"ပြောတော့ ခရီးသွားမယ်ဆို..."
"မင်း ပြန်လာအောင် တမင်ပြောခဲ့တာ အဲ့ဲဒါမလို့ ပြန်လာတာပေါ့လေ ဟုတ်လား.."
ပြောရင်းဖြင့် စစ်နိုင်းက လည်တိုင်တစ်လျှောက် တိုးတိုက်နမ်းရှိုက်နေပြီးမှ ခပ်ဖွဖွလေးကိုက်ပစ်သည်။ဒေါန ခန္ဓာကိုယ်အား တွန့်လိမ်၍ ရုန်းဖယ်ထွက်ကာဖြင့်...
"ဖယ်စမ်း ခင်ဗျား သူများအိမ်ထဲကို ခိုးကြောင်ခိုးဝှက် သူခိုးကျင့်သူခိုးကြံနဲ့..."
ဒေါနက ရုန်းထွက်ရင်းဖြင့် ကုတင်ပေါ်မှ မတ်တပ်ထရပ်တော့ စစ်နိုင်းက ပြန်ဆွဲချဖြင့် နှစ်ယောက်သား ရုန်းရင်းဆန်ခတ်ဖြင့် ကုတင်ပေါ်သို့လုံးထွေး ကျသွားရကာ စစ်နိုင်းက ဒေါန၏ ကိုယ်ပေါ်သို့ အုပ်မိုး၍ ခြေထောက်ပစ်တင်ခွကာ ချုပ်ဖက်ထားပြီးမှ....
"ဘာမှ သူခိုးကျင့်မဟုတ်ဘူး ဝရန်တာလှေကားကနေ ပြောင်တက်လာတာ သူခိုးကြံ အင်း သူခိုးကြံလည်း မဟုတ်ဘူး ဓားပြကြံကြံလာတာ အဓမ္မရမ်းကားမလို့..."
စစ်နိုင်း၏ အပြောကြောင့် ဒေါနက မှုန်ကုပ်ကုပ်ဖြင့် ရုန်းကန်နေရင်း...
"ဖယ်စမ်း xီးလား ဟန်စစ်နိုင်း ခင်ဗျားနဲ့ ထပ်ပတ်သတ်စရာ စောက်ကြောင်းမရှိဘူး ပြောပြီးသား စောက်ရှက်မရှိဘူးလား ခင်ဗျား.."
ဒေါန ရုန်းကန်ရင်းဖြင့် ဆဲဆိုတော့ စစ်နိုင်းက ပို၍တင်းအောင် ချုပ်ဖက်ပြီးတော့မှ...
"မင်းပါးစပ်လေးက ဆဲဆိုဖို့ဆို တာဝန်ကျေတယ်နော်..."
"ကောင်းကောင်း ပြောနေတုန်း ဖယ်နော် ခင်ဗျား..."
ဒေါန ခပ်ဆတ်ဆတ်ပြောတော့....
"ဖယ်ချင်မှတော့ ဒီအထိတောင် စွန့်စားတက်မလာဘူး.."
စစ်နိုင်းက ပြီတီတီ မျက်နှာပေးဖြင့် ပြောသည်။
"ဟန် စစ် နိုင်း..."
နာမည်ကို တစ်လုံးချင်း ပိုင်းဖြတ်၍ ခပ်ကြိတ်ကြိတ်အသံဖြင့် အော်ကာ ဒေါသထွက်နေကြောင်း ပြသော်လည်း စစ်နိုင်းကတော့ စပ်ဖြဲဖြဲ မျက်နှာထားဖြင့် ဒေါန၏ နှုတ်ခမ်းလေးများ စူထွက်လာအောင် ပါးနှစ်ဖက်အား ဖျစ်ညစ်ပြီးတော့မှ...
"နာမည်တစ်ခါခေါ်ရင် တစ်ခါနမ်းမယ် ပြွတ်စ်..!"
ပြောပြီးမှ စူထွက်လာသော နှုတ်ခမ်းအား ပြွတ်စ်ကနဲစုပ်ယူ နမ်းသည်။
"ဟန်စစ်နိုင်း....ခင်ဗျား.."
"ပြွတ်စ်..."
ဒေါန နောက်တစ်ခေါက် ထပ်ခေါ်တာနှင့် နောက်တစ်ခေါက် ထပ်နမ်းသည်။ပြီးတော့ ဒီအတိုင်း ထိကပ်သည့်ဆိုယုံ နမ်းနေတာဖြင့် အားမရတော့ပဲ နှုတ်ခမ်းလွှာတို့အား ခပ်ဖိဖိ စုပ်ယူနမ်းရှိုက်တော့ ဒေါနက လွတ်သွားသော လက်များဖြင့် စစ်နိုင်း၏ ကျောပြင်အား တဗုန်းဗုန်း ထုရိုက်ထိုးနှက်ပေမဲ့လို့ စစ်နိုင်း၏ အနမ်းများကတော့ ပို၍နက်ရှိုင်းလာကာ မွန်းကြပ်သိပ်သည်း လာလေတော့သည်။အတင်းအကြပ်စေ့ပိတ်ထားသော နှုတ်ခမ်းလွှာတို့အား စိတ်ကြိုက်စားသုံးနေပြီးမှ လျှာဖျားနွေးနွေးက တိုးဝင်လာသောအခါ ဒေါန၏ ရုန်းကန်မှုတို့ အနည်းငယ်အားပျော့ သွားရလေတော့သည်။
ပထမကတော့ တမင်တကာစနောက်လိုခြင်း။နောက်ကျတော့ နူးညံ့သော အထိအတွေ့တို့မှာ စစ်နိုင်း တကယ်ပဲ လှိုက်ပါမျောသွားရလျှက် ခန္ဓာကိုယ်ထဲမှ အပူလှိုင်းတွေထကြွ လာရလေတော့သည်။
ဒေါနကို ထိတွေ့လိုက်ရတိုင်း အပိုင်သိ်မ်း ရမ်းကားပစ်လိုက်ချင်တဲ့ စိတ်ရိုင်းတွေဟာ အကြိမ်တိုင်းမှာ မရိုးအီနိုင်စွာ အားကောင်းနေဆဲ။
ဒီကောင်လေးနှင့်ကျမှ ဆန္ဒတွေဟာလည်း ထပ်ခါထပ်ခါ နိုးကြားတက်ကြွဖူးတာ။ခပ်ကြမ်းကြမ်း နမ်းရှိုက်နေရင်းဖြင့် စစ်နိုင်း ညဝတ်အကျႌရင်ဘတ်အား ကြယ်သီးဖြုတ်ရမှာကိုတောင် စိတ်မရှည်တော့ပဲ ဆွဲဖြဲပစ်သည်။
"ဖယ်စမ်း...ငါxိုး..."
ရင်ဘတ်က အေးကနဲ ဖြစ်သွားတော့ ဒေါန ခပ်ကြိတ်ကြိတ် ဆဲရေးကာ အားဖြင့်တွန်းဖယ်တာကြောင့် စစ်နိုင်းက အနမ်းတို့ကို ခတ္တရပ်တန့်ပေးလိုက်ပေမဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ အုပ်မိုးထားဆဲဖြစ်သည်။ဒေါနကတော့ အနမ်းတို့၏ ဖျားယောင်းမှုမှ လွတ်ကင်းသွားတာနှင့် ပါးစပ်လေးဟကာ နှုတ်ခမ်းလေးတွေ တလှုပ်လှုပ်ဖြင့် လေကိုအငမ်းမရ ရှုရှိုက်နေလေသည်။
"မင်းကသာ ငြင်းနေကာ မင်းကောင်က မာနေပြီ..."
စစ်နိုင်းက ဒေါန၏အရာအား ပေါင်ဖြင့်ပွတ်တိုက်၍ နှုတ်ခမ်းတွန့်ပြောတော့ ဒေါန မျက်နှာကြီး ဖြန်းကနဲဖြစ်သွားရတော့သည်။ခံစားလွယ်နေတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ ဒေါသဖြစ်မိနေပြီး စစ်နိုင်းကိုတော့ ဘာမှလည်း ပြန်မချေပနိုင်။အသက်ကိုသာ ဝအောင်မနည်း ရှုရှိုက်နေရလေသည်။
ညမီးရောင် မှိန်ပြပြအောက်မှာ နှုတ်ခမ်းလေးတွေ တလှုပ်လှုပ်ဖြင့် ဖွေးနုသော ရင်ဘတ်ပိန်ပိန်လေး နိမ့်ချည်မြင့်ချည် ဖြစ်နေပုံလေးက သူ့၏ဆန္ဒတွေကို ပို၍နိုးကြွလာအောင် ဆွဲဆောင်နေသည့်နှယ်။စစ်နိုင်း များများစားစား စဉ်းစားမနေတော့ပဲ ရင်ဘတ်ပေါ်သို့ မျက်နှာအပ်ကာ ပန်းရင့်ရောင် ချယ်ရီပွင့်လေးအား လျှာဖျားလေးဖြင့် တို့ထိကစားလိုက်ပြီး ကျန်လက်တစ်ဖက်က အောက်သို့လျောဆင်းသွားကာ ညဝတ်ဘောင်းဘီထဲသို့ လျှိုဝင်၍ အနည်းငယ်မာနေပြီ ဖြစ်သော ဒေါန၏ အရာအားအုပ်ကိုင် ပွတ်ဆွဲလိုက်တော့...
"မလုပ်...ငါxိုး...အ့!."
ရင်ဘတ်ပေါ်မှာ ဦးခေါင်းအား တွန်းဖယ်ထုတ်ကာ ငြင်းဆန်ချင်ပေမဲ့ ခန္ဓာကိုယ်ကတော့ ခြားနားလှစွာ အထိအတွေ့တို့အား အသားတကျ တုံ့ပြန်ကြပြီဖြစ်လေသည်။ချယ်ရီသီးလေးအား စုပ်ယူ၍နေရင်းဖြင့် စစ်နိုင်းက hand jobလုပ်နေသလို ဒေါန၏ လက်ကိုလည်း ဆွဲယူ၍ သူ့အရာအား ကိုင်တွယ်စေလာတာမလို့ ဒေါန အလိုအလျောက် ပွတ်ဆွဲပေးနေမိလိုက်လေသည်။စစ်နိုင်းက ရင်ဘတ်တစ်ဝိုက် အမှတ်အသားတို့ကို ပြုပြီးတော့မှ အောက်သို့လျှောဆင်းသွားကာဖြင့် ချက်လေးအားလျှာဖျားလေးဖြင့် ထိုးကလော်ပြန်တာကြောင့် ဒေါန၏ ခြေချောင်းလေးတွေ ကုပ်ကွေးသွားရကာ ခံစားချက်တွေ မြင့်တက်လာရတော့သည်။
ပြီးမှ စစ်နိုင်းက အောက်ဖက်သို့ ဆင်းသွားကာ ပေါင်အတွင်းသားလေးများအား နမ်းရှိုက်အမှတ်အသား ပြုပြီးသွားတော့မှ ဆန္ဒများဖြင့် နိုးကြားနေပြီ ဖြစ်သော ဒေါန၏ အရာအား ပါးစပ်ဖြင့်ငုံထွေးလေသည်။ထိပ်ဖျားလေးအား လျှာဖြင့် စက်ဝိုင်းပုံစံ ရစ်ပတ်စုပ်ယူပြီးတော့မှ တစ်ခုလုံးအား ဖြေးဖြေးချင်း အာခံတွင်းထဲသို့ ရောက်သည့်အထိ စုပ်ယူလေတော့သည်။
"အ့....ဟ့..!"
နောက်ဆုံးတော့လည်း စစ်နိုင်း၏ ဖျားယောင်း ညှို့ငင်နိုင်မှုတွေဆီမှာ လက်မြှောက်အရှုံးပေးရသူဟာ သူသာဖြစ်လေတော့သည်။စစ်နိုင်း၏ အပြုအစုအယုတွေမှာ သာယာစွာငြီးငြူနေမိတာ ခံစားချက်တွေ မြင့်တက်ပြီး ပြီးမြောက်သွားသည့်အထိ။ဒေါန ပြီးမြောက်သွားတော့ စစ်နိုင်းက ကိုယ်ပေါ်သို့ အုပ်မိုးလာပြီးမှ..
"ကိုယ် မပြီးသေးဘူး...."
နှစ်ကိုယ်ကြားယုံ ခပ်တိုးတိုးပြောတော့ ဒေါန ခပ်စောင်းစောင်း ကြည့်ပြီးတော့မှ
"အဲ့ဒါ ဘာဖြစ်လဲ..."
"ဟာ ကိုယ်ကျတော့ မင်း ကောင်းအောင်လုပ်ပေးရတယ်လေ..."
"ဘယ်သူက လုပ်ခိုင်းနေလို့လဲ ဖယ်!"
ဒေါန ခပ်ဆတ်ဆတ်ပြောရင်း တွန်းဖယ်လေတော့.....
"ညစ်တယ်ကွာ....!"
ငြီးငြီးငြူငြူပြော၍ နှုတ်ခမ်းလေးအား ဖြတ်ကနဲ ငုံ့နမ်းပြီးတော့မှ...
"ဒီတစ်ခေါက်ကို အကြွေးမှတ်ထားလိုက်ပြီ ပြန်ဆပ်ရင်တော့ အတိုးနဲ့ဆပ်ရမှာနော်..."
"ချီးကို အတိုး...fuck!"
ဒေါနခပ်ကြိတ်ကြိတ် ဆဲရေးပြီး တွန်းဖယ်တော့မှ စစ်နိုင်း ခပ်ဟဟရယ်ကာဖြင့် ဒေါန၏ ကိုယ်လေးအား ရင်ခွင်ထဲသို့ ခပ်တင်းတင်း ဆွဲပွေ့ရင်း စူပုပ်ပုပ် မျက်နှာလေးအား ကြည့်ကာဖြင့် ကိုယ့်လက်ကိုယ်သုံးကာ ကိုယ့်ပြဿနာကိုယ်ဖြေရှင်းရခြင်းသို့ ရောက်လေတော့သည်။
!တကယ့်ကို စိတ်ပုပ်တဲ့ ဂဏာန်းကောင်လေး!
ကိစ္စပြီးလို့ ကိုယ်လက်သန့်စင်ပြီး နာရီကြည့်တော့ မနက်၂နာရီ ထိုးပြီဖြစ်လေသည်။
"ကိုယ် ပြန်တော့မယ် မနက်ကျ ဆေးရုံသွားရအုံးမှာ မနက်ဖြန်ညနေကျ ထွက်ခဲ့လေ တွေ့ရအောင်နော်..."
နားရွက်ဖျားလေးအား တိုးတိုက်နမ်းရှိုက်နေရင်း စစ်နိုင်းက ပြောတော့ ဒေါန ခန္ဓာကိုယ်ကို တွန့်လိမ်ရုန်းထွက်ပြီးမှ...
"မြန်မြန်ကြွ...."
"အဲ့ဒါဆို ထွက်ခဲ့မှာလား ပြော...."
"...."
"မပြောရင် မပြန်ဘူးကွာ...."
"ကျစ်! အဲ့ဝရန်တာကနေ ကန်ချခံချင်နေတာလား..."
ဒေါန မျက်ခုံးလေးတွေ တွန့်၍ ခပ်ဆတ်ဆတ်ပြောတော့ စစ်နိုင်းက ခပ်ဟဟရယ်ကာဖြင့် ပါးလေးအား ရွှတ်ကနဲ နမ်းပြီးမှ
"ကိုယ် စောင့်နေမယ်...."
ပြောပြီးမှ ဝရန်တာလှေကားမှ တဆင့်ဆင်းသွား လေတော့သည်။ဘေးခြံတံခါးပေါက်မှနေ၍ လေတချွန်ချွန်ဖြင့် ထွက်သွားတာကို လိုက်ကြည့်နေပါသော စူးရဲသော မျက်ဝန်းတစ်စုံကိုတော့ စစ်နိုင်း သတိမပြုမိခဲ့တော့ပေ။
***
"ဘယ်သွားမလို့လဲ..."
အပြင်ထွက်ခါနီး ရေဆာလို့ ထမင်းစားခန်းထဲဝင်ကာ ရေဝင်သောက်မိကာမှ ရှင်းခန့်နှင့် တည့်တည့်တိုးတာမလို့ ဒေါန သောက်ထားသော ရေပါပြန်အန်ထွက်ချင် သွားတော့သည်။
"ဘယ်သွားသွား မင်းနဲ့ဘာဆိုင်လဲ.."
တခါမှ မျက်လုံးတောင်စွေ မကြည့်ဘူးတဲ့ကောင်က အခုမှလူကို စစ်လားဆေးလားနဲ့ ဘာတွေများ ကြံစည်နေပြန်လဲမသိ။ခက်တာက ဒေါနကလည်း ၁၀နှစ်သားလေးမှ မဟုတ်တော့တာ။ဒေါန ခပ်ချဉ်ချဉ်တွေးနေမိတုန်း....
"ဘယ်လိုလဲ ညကပြောထားတာ..."
ရှင်းခန့်စကားစတော့ ဒေါန၏ ရေဘူးကို ကိုင်ထားသော လက်တို့တင်းကနဲ ဖြစ်သွားရကာ...
"မင်း စောက်စကားပြောတာ ဆင်ခြင်ရင်ကောင်းမယ် ရှင်းခန့်မောင် xီးလိုလိုမှိုလိုလိုစကားတွေ လာပြောမနေနဲ့.."
ဒေါန ခပ်ကြိတ်ကြိတ်ပြောတော့ ရှင်းခန့်က ခပ်လွန့်လွန့် ပြုံးပြီးတော့မှ
"ငါ တကယ်ပြောတာ ကိုကိုနဲ့တော့ မင်းကဘယ်လိုလဲ မသိဘူး ငါကတော့ မင်းအတွက်ဆို Bပေးရလည်း ဖြစ်တယ်နော်..."
ရှင်းခန့်ပြောတော့ ဒေါန၏ မျက်နှာတင်းကနဲ ဖြစ်သွားရပြီးမှ ခပ်ချဉ်ချဉ်ပြုံးလိုက်ပြီး....
"ဘာလဲ မင်းကGayလား Bပေးလည် စိတ်မဝင်စားဘူး xင်ယားတက်ရင် ဝက်အူလှည့်ဆောင်ထား ဒါမှမဟုတ်လည်း တခြားတစ်ယောက်ရှာလိုက် ငါကတော့ မင်းကိုမလုပ်ဘူး ရွံလို့..."
ဒေါနက ပျစ်ပျစ်နှစ်နှစ် ပြောသော်လည်း ရှင်းခန့်ကတော့ ပန်းနဲ့ပေါက်နေသည့်အလား...
"တခြားတစ်ယောက် ဟက်လား ဘယ်တစ်ယောက်များလဲ ကိုကိုလား ကိုကိုကတော့ ငါ့အတွက်ဆို ဘယ်ကိစ္စလေးပဲ ဖြစ်ဖြစ် အမြဲ အဆင်သင့်ဆိုတာ မင်းသိပြီးသားပဲ . ဘယ်လိုလဲ အခုရော ကိုကိုက မင်းအတွက်ဆိုရင် အမြဲအဆင်သင့် ဖြစ်နေရဲ့လား"
မျက်ခုံးပင့်ကာ လှောင်ပြောင်ဟန် အပြည့်ဖြင့် ပြောနေသော ရှင်းခန့်အား ဒေါန အံကိုတင်းတင်းကြိတ်၍ ခပ်တင်းတင်းကြည့်ပြီးမှ ရေခဲသေတ္တာအား ဒေါသဖြင့် ဆောင့်ပိတ်လိုက်ပြီး ခြေလှမ်းကျဲများဖြင့် ထွက်ခဲ့လိုက်တော့သည်။ဆက်ပြောနေလျှင် လက်တွေ ဥပုဒ်စောင့်နိုင်ဖို့က မသေချာတော့လို့။
***
"ဘာတွေ အဲ့ဒီလောက် ပြာယာခတ်နေတာလဲ မင်းက ညစာအတူစားရအောင်လေ.."
ထင်ကျော်က ဖိုင်တွဲကို စားပွဲပေါ် ပစ်တင်ရင်းပြောတော့....
"No..."
"ဟ ဘာလဲ ပြန်ချေတာလား..."
စစ်နိုင်းက အိတ်ထဲကို ပစ္စည်းပစ္စယတွေ ခပ်လောလော စုပြုံထည့်နေရင်းဖြင့်....
"မဟုတ်ဘူး ဒေါနနဲ့ ချိန်းထားလို့ နောက်ကျနေမှာစိုးလို့.."
စစ်နိုင်း ပြောတော့...
"အဲ့လယ် ဘယ်လိုတုန်း မင်းတို့က အဆင်ပြေနေတာလား..."
"အင်း ငါတို့အဆင့်တက်ကြမလို့..."
စစ်နိုင်းပြောတော့ ထင်ကျော် ပါးစပ်ကြီးဟသွားရကာ....
"ဟ တကယ်ကြီးလား အတည်ကြီးတွဲတော့မှာလား မင်းတို့က..."
ထင်ကျော် မေးတော့ စစ်နိုင်း နားမလည်နိုင်သလို ဖြစ်သွားရကာ...
"ဘာကိုအတည်တွဲရမှာလဲ ဒီအတိုင်းပဲ အဆင့်တက်တာပါဆို..."
"ဟ မင်းဟာကလည်း sex partnerကနေ အဆင့်တက်ပါတယ်ဆိုမှ ချစ်သူရည်းစား အဆင့်မဟုတ်လို့ ကြားထဲမှာ ဘယ်အဆင့်များရှိသေးလို့တုန်း.."
ထင်ကျော်၏ စကားကြောင့် စစ်နိုင်း ဇဝေဇဝါ ဖြစ်သွားကာ တွေဝေသွားရတော့သည်။
"ကောင်လေးလည်း မင်းနဲ့တွဲပြီးမှ အတော်လေး ခြေငြိမ်သွားတာပါ အရင်ကဆို အမြဲတမ်း ကောင်လေးတွေ ထည်လဲနဲ့ တွေ့တွေ့နေရတာ မင်းတို့က အဆင့်တက်ကြမှာ ဆိုတော့ နှစ်ယောက်စလုံး တစ်ယောက်နဲ့တစ်ယောက် ခံစားချက် ရှိနေကြပြီမလို့လား"
"လစ်ပြီကွာ မင်းမေးခွန်းတွေ မဖြေအားသေးဘူး.."
ထင်ကျော် မေးနေသမျှလည်း တစ်ခုမှပြန်မဖြေနိုင်ပဲ ဒီအတိုင်းသာ လက်ကာပြလျှက် စစ်နိုင်း ဇဝေဇဝါဖြင့် ခပ်လောလော ထွက်ခဲ့မိတော့သည်။မဖြေနိုင်ဘူးဆိုတာထက် သူ့မှာ အဖြေမရှိတာ။ဆေးရုံရှေ့ရောက်တော့ ကားပါကင်မှာ ကားဘော်ဒီကို ကိုယ်ဟန်နွဲ့နွဲ့ဖြင့် မှီ၍ စီးကရက်လက်ကြားညှပ်ရင်း ဖုန်းသုံးနေသော ဒေါနအား တွေ့လိုက်ရတော့သည်။ခေါင်းကို ခပ်ငုံ့ငုံ့ပြုထားတော့ ဖြစ်သလို စုစည်းထားတဲ့ ကော်ဖီညိုရောင် လှိုင်းတွန့်ဆံပင်တွေက ကပိုကရိုကျလျှက် မျက်လုံးထဲမှာ တမျိုးလေး ကြည့်ကောင်းနေလေသည်။
ဒေါနကို သူ ချစ်သလား မချစ်သလားမသိပေမဲ့ သေချာတာတော့ ဒီကောင်လေးကို သူတပ်မက်သည်။အနားမှာ ရှိနေစေချင်သည်။တွေ့နေချင်သည်။မြင်နေချင်သည်။ပြီးတော့ စိတ်ပိုင်းဆိုင်ရာ ပတ်သတ်ဆက်နွယ်မှုတွေမှာ ဒီထက်ပိုပြီး ရင်နှီးကျွမ်းဝင်ချင်သည်။နားလည်လွယ်ချင်သည်။သေချာတာတော့ ဒေါနဟာ သူ့ကို ဘယ်တော့မှ မငြီးငွေ့စေတဲ့ အမျိုးအမည်မသိသော ခံစားချက်တစ်ခုကို ပေးစွမ်းနေတာဖြစ်သည်။
သူ့ဖက်ကတော့ အဲ့ဒီလို ပုံစံမျိုးနဲ့ ဒီကောင်လေးကို တပ်မက်မိသလို ဒီကောင်လေးကရော သူ့အပေါ်မှာ ဘယ်လိုပုံစံမျိုးနဲ့ ငြိတွယ်နေတာလဲ။ဒီကောင်လေးရဲ့ ရင်ထဲမှာရော သူဟာ ဘယ်အတိုင်းအတာအထိ အရေးပါပြီး ဘယ်နေရာမှာများ ရှိနေလောက်မလဲလို့ ပထမဦးဆုံး အကြိမ်အဖြစ် စစ်နိုင်း တူးဖော်ချင်စိတ် ဖြစ်မိလေတော့သည်။
***
နှစ်ယောက်သား barမှာပဲ အေးအေးဆေးဆေး သောက်စားကြပြီး အနည်းငယ် အချိန်ဖြုန်းပြီးတော့မှ ပြန်လာခဲ့ကြတော့သည်။ဒေါနကတော့ အနည်းငယ် ရေချိန်လွန်သွားတာမလို့ နည်းနည်းလေး လွတ်ချင်နေပြီ ဖြစ်သည်။နည်းနည်းလောက် မူးပြီဆိုတာနှင့် ဒေါနက အလွန်တရာကိုမှ လိုက်လျောလွယ် နာခံလွယ်ကာ ပုံမှန်ဂျစ်တိဂျစ်ကန် မျက်နှာပေးလေးနှင့် ခြားနာနေတက်လေသည်။
"ဘယ် ဟိုတယ်သွားမှာလဲ..."
ယမကာအရှိန်ဖြင့် အရောင်ရင့်၍ မျက်လုံးတွေ စင်းကျနေသော မျက်နှာလေးအား ကြည့်ကာ စစ်နိုင်းမေးမိတော့ ဒေါနက ရုတ်တရက် ကားစီယာရင်ကို အတင်းလိုက်ဆွဲတာကြောင့်.....
"ဟာ ဟေ့ ဟေ့ ဘာလုပ်တာလဲ..."
စစ်နိုင်း အသဲအသန်ပြန်ဆွဲကာ လမ်းဘေးဆွဲချ ရပ်တန့်ရခြင်းသို့ ရောက်လေတော့သည်။ကားရပ်သွားတာနှင့် ဒေါနက စစ်နိုင်း၏ ကိုယ်ပေါ်သို့ တွယ်တက်လာကာဖြင့် နှုတ်ခမ်းအား အတင်းတိုးတိုက်နမ်းကာ....
"ဘယ်မှမသွားဘူး ဒီမှာပဲ ပြွတ်စ် ပြွတ်စ်."
နှုတ်ခမ်းကို တပြွတ်ပြွတ်နှင့် စုပ်ယူနမ်းနေတာက နမ်းနေတာနှင့် မတူပဲ မူကြိုကလေးက သကြားလုံးစုပ်နေသည်နှယ်။စိတ်ကကြွလာဖို့ နေနေသာ ဒေါန၏ ဇွတ်တရွတ်ဖြစ်နေတဲ့ ပုံစံကိုသာ စစ်နိုင်းရီချင်နေမိတော့သည်။
"ကိုကို ချွတ်..."
အကျႌကြယ်သီးတွေကို အတင်းဆွဲလွဲဖြုတ်နေပြန်တာကြောင့် စစ်နိုင်းက လက်ကိုပြန်ဆွဲထားတော့ မျက်မှောင်လေး ကျုတ်သွားရကာ..
"ကိုကို အခုလုပ်မယ် အခုလိုချင်တယ် အခုပဲ..."
ကောင်းနေရင်တော့ ကိုကိုလို့ခေါ်ပါများ ပြောမိရင် မိုးမွှန်အောင် ဆဲဆိုနေတဲ့ ကောင်လေးက မူးလာပြီဆို ကိုကိုဆိုတာ ပါးစပ်ဖျားကမချ။ထန်းရည်မူးရင် ကျွဲခိုးပေါ်တက်တယ်ဆိုတဲ့ စကားပုံကို သတိရမိတော့ ဒေါန၏ ရင်ဘတ်ထဲမှ သယံဇာတတွေကို တူးဖော်မိချင်စိတ်တို့က တဖွားဖွား ဖြစ်လာရကာ ဒေါန၏ မေးဖျားလေးအား ဆွဲကိုင်လိုက်ပြီးမှ....
"ဒေါန...."
"ဟင်....."
ခေါ်လိုက်တော့ ရီဝေစင်းကျနေသော မျက်လုံးများဖြင့် ဟင်ကနဲ ပြန်ထူးသည်။
"ကိုယ်က မင်းအပေါ် ကောင်းလားဆိုးလား..."
"ဆိုးတယ် အများကြီးဆိုးတယ်...."
ကလေးတွေလုပ်သလိုမျိုး လက်ကိုပါ အမူအယာနှင့် ဝေ့ယမ်းပြောတော့ စစ်နိုင်း ပြုံးစိစိ ဖြစ်သွားရပြီးမှ.....
"ဒါဆို ကိုယ်က မင်းရဲ့ရင်ထဲမှာ မင်းအတွက် ဘယ်လိုနေရာမျိုးမှာ ရှိနေတာလဲ...."
"ဟင်..."
မေးတာကို သေချာနားထောင်နေပြီးမှ ဟင်ကနဲ ပြန်ထူးကာ ရီဝေဝေ မျက်လုံးများဖြင့် ဝေ့ကြည့်လာတာကြောင့် စစ်နိုင်း ရင်ခုန်သံတွေ မြန်လာရကာ ခြေဖျားလက်ဖျားတွေပါ အေးစက်လာရတော့သည်။ဒီကောင်လေး ပြန်ဖြေလာမဲ့စကားကို သူတကယ်ပဲ ရင်ခုန်စွာ မျှော်လင့်မိလေသည်။
#LahPhan