Unicode
အခန်းထဲဝယ်…
ရှီရှန်းကလူးလိမ့်နေရင်း သူမရဲ့လက်ကလေးတွေနဲ့ ဝမ်းဗိုက်ကြွက်သားကို ပွတ်သပ်လိုက်တယ်။ သူမရဲ့မျက်ဝန်းတွေက လှုပ်ရှားနေပြီး တစ်စုံတစ်ရာကိုတွေးတောနေသလိုပင်…
‘ဇာတ်လိုက်မက ဒီကိုရောက်နေတာလား..?’
“ချင်းဟန်က ဒီဇာတ်ကြောင်းအတွက် အရေးပါတဲ့လူပဲ.. အမျိုးသမီးဇာတ်လိုက်က ဒီလိုဘာလို့ရောက်နေတာထင်လဲ..?”
System က ရှီရှန်းကို အထင်သေးသလိုပြောလိုက်တယ်။
“မသိဘူး.. ငါ့ကိုဇာတ်ညွှန်းပေး..”
“အလဲအလှယ်အတွက် Point 3000 ကျသင့်ပါတယ်..”
“နင်ဘာလို့ ဓားပြမတိုက်တာလဲ..”
“Point 5000..”
“Fuck Off… ငါမလိုချင်တော့ဘူး..”
“Host, အဲ့တာကို တကယ်မလိုချင်တော့ဘူးလား..?”
“Fuck Off..”
Host ကအရမ်းကပ်စေးနည်းတာပဲ…
“ဘာဖြစ်နေတာလဲ..?”
ချင်းဟန်က သူ့ရဲ့လက်ချောင်းကို ရုတ်တရက်ထကိုက်လိုက်တဲ့မြေခွေးလေးကိုကြည့်ရင်း ခေါင်းရှုပ်သွားရတယ်။
‘ငါလည်းသူမကို ဘာမှမလုပ်မိပါဘူး..’
ရှီရှန်းက ချင်းဟန်ရဲ့လက်ချောင်းတွေကို လက်နဲ့ပွေ့ဖက်လိုက်တယ်။ ထို့နောက် ချင်းဟန်ရဲ့ဗိုက်ပေါ်မှာလှဲချလိုက်ပြီး အိပ်စက်ဖို့ပြင်လိုက်တယ်။
‘သူမ ဘာဖြစ်နေတာလဲ..?’
ရှီရှန်းက ဇာတ်ကြောင်းကိုပုံဖော်ကြည့်ချင်ပေမယ့် အလွန်အမင်းပျင်းရိနေခဲ့တယ်။
…………..
ဇာတ်လိုက်မ,ရောက်လာကတည်းက ရှီရှန်းရဲ့သွားလာလှုပ်ရှားမှုကို ကန့်သတ်ခံလိုက်ရတော့တယ်။ ဒါပေမဲ့ ချင်းဟန်ရဲ့အိပ်ရာက သူမအတွက် ပိုပြီးအသုံးဝင်တယ်ဆိုတော့ ရှီရှန်းကလည်း အပြင်ထွက်ဖို့စိတ်ကူးမရှိဘူး။ ချင်းဟန်ရဲ့အမြင်မှာတော့ ရှီရှန်းက နေ့တိုင်းအိပ်စက်နေတော့တာပဲ။
တနေကုန်စွမ်းအားကျင့်ကြံပြီးနောက် ရှီရှန်းက အိပ်ရာပေါ်ကနေခုန်ထလိုက်တယ်။ ကောင်းကင်ကမှောင်ရိပ်သမ်းနေပြီဆိုပေမယ့် ချင်းဟန်ကိုတော့မတွေ့ဘူး။ ရှီရှန်းက အမြီးလေးမြှောက်ပြီး ဟိုဟိုသည်သည်လမ်းလျှောက်ရင်းစောင့်နေလိုက်တယ်။ ဒါပေမဲ့ ချင်းဟန်ရဲ့အရိပ်အယောင်ကို မတွေ့ရသေးဘူး။
‘သူလမ်းပျောက်နေတာများလား..? ဖြစ်နိုင်တယ်..’
ရှီရှန်းလည်း ပြတင်းပေါက်ကနေခုန်ထွက်လိုက်ပြီး ချင်းဟန်သွားတတ်တဲ့နေရာတွေမှာ လိုက်ရှာကြည့်လိုက်တယ်။ ဒါပေမဲ့ ရှာမတွေ့ပြန်တော့ ရှီရှန်းအံ့အားသင့်သွားရတယ်။
‘သူတကယ်ကြီး လမ်းပျောက်နေတာလား..? ကိုယ့်ဂိုဏ်းထဲမှာတောင် ဘယ်လိုလုပ်လမ်းပျောက်နိုင်ရတာလဲ..? ဒီအရူးကတော့..’
ရှီရှန်းက အတော်ကြာအောင်လိုက်ရှာနေရင်း တောင်ပတ်လမ်းတစ်ခုမှာ လမ်းကျဉ်းလေးတစ်ခုကိုတွေ့လိုက်ရတာကြောင့် လိုက်သွားကြည့်လိုက်တယ်။ နောက်ဆုံးတော့ ချင်းဟန်ကို အေးစိမ့်နေတဲ့ရေကန်တစ်ခုထဲမှာ ရှာတွေ့လိုက်တယ်။ သူက ဘာမှမဝတ်ထားဘူးပဲ…
အအေးဓာတ်ကြောင့် ရေခဲမှုန်လေးတွေက ဆံပင်၊ မျက်ခုံးနဲ့ မျက်တောင်တွေပေါ်မှာတောင် အေးခဲနေခဲ့တယ်။ အဝေးမှာရပ်ကြည့်နေတဲ့ရှီရှန်းတောင်မှ အအေးဓာတ်ကိုခံစားလိုက်ရတယ်။ ခန္ဓာကိုယ်သေးသေးလေးကို ပြန်ငုံ့ကြည့်ရင်း အေးစိမ့်နေတဲ့ရေကန်အနားကို တိုးကပ်သွားလိုက်တယ်။
ရေကန်ဘောင်တစ်လျှောက် ဂရုတစိုက်လမ်းလျှောက်ရင်း ချင်းဟန်နဲ့အနီးဆုံးနေရာအထိ တိုးကပ်သွားလိုက်တယ်။
‘ဒီထဲသာပြုတ်ကျသွားရင် ငါခဲသွားလောက်မယ်..’
ရေကန်အလယ်မှာရှိနေတဲ့ထိုလူသားက ရှီရှန်းအနားကပ်လာတာနဲ့ မျက်လုံးပွင့်လာတော့တယ်။ သေခြင်းတရားရဲ့အငွေ့အသက်တွေက မျက်ဝန်းထဲကနေလျှံကျလာခဲ့ပြီး ရှီရှန်းကို စူးရှစွာစိုက်ကြည့်နေတော့တယ်။
“Fuck..”
“ဝရော..”
ထွင်းဖောက်မြင်နိုင်လောက်အောင် ကြည်လင်နေတဲ့ကန်ရေတွေက ရှီရှန်းဆီကို အလုံးအရင်းနဲ့တိုးဝင်လာခဲ့ပြီး ရေကန်အောက်ခြေအထိ ရက်ရက်စက်စက်ဆွဲချသွားတော့တယ်။ သူမရဲ့ခြေထောက်တိုလေးတွေနဲ့ ကြိုးစားပြီးရေကူးလိုက်ပေမယ့်လည်း အချည်းနှီးသာ။
‘Oh…No… ငါသေရတော့မှာလား…’
ဒါက ရှီရှန်းအတွက် အဆိုးရွားဆုံးအတွေ့အကြုံဖြစ်သွားတော့တယ်။
နွေးထွေးတဲ့လက်တစ်ဖက်က ရှီရှန်းရဲ့ခါးကိုပွေ့ဖက်လိုက်ပြီး ချီစွမ်းအားအနည်းငယ်သွင်းပေးလာခဲ့တယ်။ တခနအတွင်း လက်ဆတ်တဲ့လေထုအရာသာကို ပြန်ခံစားလိုက်ရတယ်…
“ဟူး..”
ရှီရှန်းလည်း ချင်းဟန်ရဲ့လည်ပင်းကိုပွေ့ဖက်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို သူ့ဆီမှာပစ်လှဲချလိုက်တော့တယ်။
‘ခန္ဓာကိုယ်..? နေပါဦး..’
ရှီရှန်းက လက်ကိုမြှောက်ကြည့်လိုက်တယ်။
‘ငါလေး လူသားအသွင် ပြန်ပြောင်းသွားတာလား..?’
မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး ချင်းဟန်ကိုကြည့်လိုက်၊ ရေထဲကသူမရဲ့ခန္ဓာကိုယ်ကြည့်လိုက် လုပ်နေမိတော့တယ်။
‘ကောင်းရော.. ငါလည်းကိုယ်လုံးတီးဖြစ်သွားပြီ.. ဒါလည်းကောင်းတာပဲ သူနဲ့အိပ်လို့ရတာပေါ့..’
အေးစိမ့်နေတဲ့ရေက သူမရဲ့သေးသွယ်ကျစ်လစ်တဲ့ ကိုယ်လုံးကိုယ်ပေါက်ကို မဖုံးကွယ်နိုင်ခဲ့ဘူး။ သူမရဲ့ခါးကို ပွေ့ဖက်ထားတဲ့လက်က ပိုပြီးတင်းကျပ်လာခဲ့တယ်။ ရှီရှန်းက ချင်းဟန်ရဲ့နှုတ်ခမ်းတွေကို နမ်းရှိုက်လိုက်တယ်။ သူမရဲ့လျှာဖျားလေးနဲ့ သူ့ရဲ့နှုတ်ခမ်းကြားထဲတိုးဝှေ့သွားလိုက်ပြီး သွားများကိုဖြတ်ကျော်ကာ သူ့ရဲ့လျှာဖျားလေးတွေကို သူမနဲ့အတူလူးလွန့်စေလိုက်တယ်။
သူမရဲ့လက်တွေက ချင်းဟန်ရဲ့လည်ပင်းကိုဖက်တွယ်ထားပြီး ခြေထောက်တွေက သူ့ရဲ့ခါးကို ချိတ်တွယ်ထားခဲ့တယ်။
ထိုအခိုက်အတန့် ချင်းဟန်ရဲ့ဆင်ခြင်တုံတရားလည်း ပြိုလဲသွားခဲ့ပြီး သူ့အရှေ့ကမိန်းကလေးအပေါ်သာ စိတ်လွှတ်ထားလိုက်တော့တယ်။
အေးစက်စက်ရေကန်အလယ် စီးဆင်းနေတဲ့ရေသံနဲ့အတူ စီးချက်ညီညီကခုန်နေတဲ့ပုံရိပ်လေးနှစ်ခုကိုသာ မသဲမကွဲမြင်နိုင်တော့၏။
…………….
အလွန်အကျွံတွေးတာက သိပ်ကောင်းတဲ့အရာမဟုတ်ဘူး။ ချင်းဟန်ခမျာ သူမလေးကိုပွေ့ဖက်ပြီးနမ်းရှိုက်ခဲ့ပေမယ့် တခြားဘာမှမလုပ်ခဲ့ဘူး။
လမင်းကြီးက ကောင်းကင်ယံရဲ့အမြင့်ဆုံးနေရာကို ရောက်သွားတဲ့အချိန်..
ချင်းဟန်လည်း ရှီရှန်းကိုပွေ့ချီပြီး အခန်းထဲကိုပြန်လာခဲ့လိုက်တယ်။
“အေးနေတုန်းလား..?”
ချင်းဟန်က သူမလေးကို စောင်ခြုံပေးပြီးမေးလိုက်တယ်။ ရေကန်ရဲ့အအေးက သူမ,မခံနိုင်လောက်အောင် အေးစိမ့်လွန်းတယ်လေ။
“အေးတယ်..
ဆက်လုပ်ကြမလား.. အဲ့တာဆို ကျွန်မ,မအေးလောက်တော့ဘူး..”
ရှီရှန်းက စောင်ကိုတင်းတင်းဆုပ်ကာ ခေါင်းလေးစောင်းပြီးမေးလိုက်တော့ ချင်းဟန်ရဲ့နားရွက်ဖျားလေးတွေ ရဲတက်သွားခဲ့တယ်။
‘သူမက ဒီလိုအရာမျိုးကို ဘာလို့တည့်တိုးပြောနိုင်ရတာလဲ..?’
ရှီရှန်းလည်း သည်းမခံနိုင်တော့ပဲ ချင်းဟန်ရဲ့အင်္ကျီကိုဆောင့်ဆွဲလိုက်တယ်။ ချင်းဟန်က အင်္ကျီဟသွားတဲ့နေရာကို ဖုံးကွယ်လိုက်ပြီး..
“မင်း.. ဒဏ်ခံနိုင်မှာမဟုတ်ဘူး..”
‘သူမက အရမ်းအားနည်းလွန်းတယ်..’
“တူနှစ်ကိုယ်ကျင့်စဉ် ကျင့်ကြံကြမယ်လေ..”
ရှီရှန်းက ချင်းဟန်ရဲ့လက်သီးဆုပ်ကို ဖြေဖို့ကြိုးစားလိုက်ပေမယ့် ချင်းဟန်က တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားဆဲ။ ရှီရှန်းက သူ့ကိုစိုက်ကြည့်လိုက်ပြီး..
“စကြတယ်…”
“တူနှစ်ကိုယ်ကျင့်စဉ်က ဒီလိုမဟုတ်…” ဘူးလေ..
‘သူမကို တူနှစ်ကိုယ်ကျင့်စဉ်က ဒီလိုမျိုးပါလို့ ဘယ်သူသင်ပေးလိုက်တာလဲ..?”
ရှီရှန်းက အိပ်ရာပေါ်မှာဒူးထောက်ထိုင်လိုက်ပြီး ချင်းဟန်ကိုမော့ကြည့်ကာ..
“စကြတော့မလားလို့..”
ချင်းဟန်ကတော့ သူ့ရဲ့အင်္ကျီကို တင်းတင်ဆုပ်ထားဆဲ။
“မင်းအရင်အနားယူဦး။ ဒါက.. ဒီကိစ္စက ငါတို့အချိန်ယူလို့ရတယ်.. မင်းရဲ့ခန္ဓာကိုယ်က ပိုပြီးအရေးကြီးတယ်..”
ချင်းဟန်က သူမရဲ့ခန္ဓာကိုယ်အတွက် အရမ်းစိုးရိမ်နေတာပဲ…
“ငါ့ရဲ့ဓား ဘယ်မှာလဲ..?”
ရှီရှန်းက ချင်းဟန်ကိုဆွဲချလိုက်တာကြောင့် ဟန်ချက်ပျက်သွားပြီး နှစ်ယောက်သားအိပ်ရာထဲမှာ လုံးထွေးသွားတော့တယ်။ နောက်ဆုံးတော့ ချင်းဟန်ကရှီရှန်းကို လှုပ်ရှားလို့မရအောင်ဖိထားလိုက်တော့တယ်။
“အခု ကျွန်မတို့ဆက်ဆံရေးက ဘယ်အဆင့်လဲ..?”
ရှီရှန်းက သက်သောင့်သက်သာမဖြစ်တာကြောင့် နှစ်ကြိမ်ခန့်ရုန်းလိုက်ပြီး နူးညံ့စွာမေးလိုက်တယ်။
ချင်းဟန်က အတော်ကြာအောင်တိတ်ဆိတ်သွားခဲ့ပြီမှ…
“မနက်ဖြန် ဝမ်ရှန်းဂိုဏ်းကနေ ထွက်သွားကြမယ်.. ပြီးရင် မင်းကိုလက်ထပ်မယ်..”
ဝမ်ရှန်းဂိုဏ်းမှာဆက်နေရင်တော့ သူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲကို ဘယ်သူမှလက်ခံနိုင်မှာမဟုတ်ဘူး။
“တကယ်တော့ ကျွန်မက ရှင့်လက်ထပ်မှာ..”
ချင်းဟန်က မျက်နှာတည်သွားပြီး..
“မိန်းကလေးက ယောက်ျားလေးကို လက်ထပ်ယူရတာမဟုတ်ဘူးလေ..”
“ဘာလို့မရရမှာလဲ..? ရှင်က ပထမဆုံးဖြစ်နိုင်တယ်လေ..”
(T/N : တင်တောင်းမယ့်လူနေရာကို လုနေကြတာပါ..)
“အိပ်တော့..”
“မအိပ်ချင်ပါဘူး.. လုပ်လက်စကို ဆက်လုပ်ကြရအောင်..”
ချင်းဟန်ခမျာ ဆွံ့အသွားရပြန်တယ်။
………
ရှီရှန်းအိပ်ပျော်နေစဉ် ဆူညံတဲ့အသံတွေကြောင့် လန့်နိုးလာခဲ့တယ်။ ထထိုင်လိုက်တော့ သေးငယ်တဲ့ခြေထောက်တွေနဲ့ အမြီးဖွားဖွားကြီးက နေရာယူထားပြန်တယ်။
‘Fuck သားရဲအသွင် ပြန်ပြောင်းသွားပြန်ပြီ..’
“မထွက်လာခဲ့နဲ့..”
ချင်းဟန်က သူမရဲ့ခေါင်းလေးကို ခပ်ဖွဖွပုတ်ပေးလိုက်ပြီး တိုးညှင်းစွာပြောလိုက်တယ်။
ရှီရှန်းလည်း ကြောင်အနေခဲ့တယ်။
‘ဘာတွေဖြစ်နေတာလဲ..?’
ချင်းဟန်က တံခါးဖွင့်လိုက်တာနဲ့ အပြင်ဘက်ကဆူညံသံတွေက ချက်ချင်းတိတ်ဆိတ်သွားခဲ့တယ်။
“အစ်ကိုချင်းဟန်..”
ဂိုဏ်းချုပ်က အရိုအသေပေးလိုက်တယ်။
ချင်းဟန်က မျက်နှာသေဖြင့်စိုက်ကြည့်လိုက်ပြီး..
“ဘာလို့ဆူညံနေကြတာလဲ..?”
“အစ်ကိုချင်းဟန်.. မြေခွေးမိစ္ဆာကို ဘာလို့ခေါ်လာခဲ့တာလဲ..?”
ဂိုဏ်းချုပ်က မျက်နှာထားတင်းတင်းနဲ့ မေးလာခဲ့သလို ချင်းဟန်ကလည်း သူတို့တွေကို စူးစူးရဲရဲစိုက်ကြည့်လိုက်တယ်။
“ဂိုဏ်းတပည့်တစ်ယောက် နှလုံးထုတ်ပြီးအသတ်ခံလိုက်ရပါတယ်..” ဝူဟန်က ထပ်ပြောလိုက်တယ်.. “အရှင်သခင် ချင်းဟန်.. မြေခွေးမိစ္ဆာကြောင့် အပြုစားမခံရပါစေနဲ့..”
“ကျေးဇူးပြုပြီး မြေခွေးမိစ္ဆာကို ကျွန်တော်တို့ဆီလွှဲပေးပါ..”
“ကျေးဇူးပြုပြီး မြေခွေးမိစ္ဆာကို ကျွန်တော်တို့ဆီလွှဲပေးပါ..”
ဂိုဏ်းချုပ်နောက်မှာရှိနေတဲ့ တပည့်တွေအကုန်လုံး မြေကြီးပေါ်မှာ ဒူးထောက်လိုက်ကြတယ်။ တညီတညာတည်းထွက်ပေါ်လာခဲ့တဲ့အသံက ကြိုတင်လေ့ကျင့်ထားသလားပဲ။
“ဘယ်အချိန် သေခဲ့တာလဲ..”
ချင်းဟန်က အလောမကြီးပဲ အေးအေးဆေးဆေးမေးလိုက်တယ်။
ဂိုဏ်းချုပ်က တည်ကြည်စွာဖြင့် ပြန်ဖြေလိုက်တယ်။
“မနေ့ညလယ်လောက်ကပါ..”
“အဲ့ကိစ္စက သူမနဲ့ဘာမှမဆိုင်ဘူး… ငါသက်သေခံနိုင်တယ်..”
ရှီရှန်းအကြောင်း အနှေးနဲ့အမြန်ဆိုသလို ရှာတွေ့သွားကြမယ်ဆိုတာကိုသိပေမယ့် ဒီလောက်မြန်လိမ့်မယ်လို့တော့ မထင်မှတ်ထားခဲ့ဘူး။
“အစ်ကို ချင်းဟန်..”
ဂိုဏ်းချုပ်က အံ့အားသင့်သွားခဲ့တယ်။
‘သူဘယ်လိုလုပ် မြေခွေးမိစ္ဆာမကို ကာကွယ်ပေးနိုင်ရတာလဲ..?’
“အရှင်သခင်ချင်းဟန်.. လူသားတွေနဲ့မိစ္ဆာတွေက မတူညီကြပါဘူး… အမှားတွေ မလုပ်ပါနဲ့တော့..”
“အရှင်သခင်ချင်းဟန်.. မြေခွေးမိစ္ဆာကို ကျွန်တော်တို့ဆီလွှဲပေးပါ..”
“အရှင်သခင်ချင်းဟန်.. မြေခွေးမိစ္ဆာက လူတွေအများကြီးကိုသတ်ဖြတ်ခဲ့တာပါ.. ကျေးဇူပြုပြီး သူမကိုမယုံပါနဲ့..”
“အရှင်သခင်ချင်းဟန်…”
……………………..
Translated by Melinoe_Megami
Zawgyi
အခန္းထဲဝယ္…
႐ွီ႐ွန္းကလူးလိမ့္ေနရင္း သူမရဲ႕လက္ကေလးေတြနဲ႔ ဝမ္းဗိုက္ႂကြက္သားကို ပြတ္သပ္လိုက္တယ္။ သူမရဲ႕မ်က္ဝန္းေတြက လႈပ္႐ွားေနၿပီး တစ္စုံတစ္ရာကိုေတြးေတာေနသလိုပင္…
‘ဇာတ္လိုက္မက ဒီကိုေရာက္ေနတာလား..?’
“ခ်င္းဟန္က ဒီဇာတ္ေၾကာင္းအတြက္ အေရးပါတဲ့လူပဲ.. အမ်ိဳးသမီးဇာတ္လိုက္က ဒီလိုဘာလို႔ေရာက္ေနတာထင္လဲ..?”
System က ႐ွီ႐ွန္းကို အထင္ေသးသလိုေျပာလိုက္တယ္။
“မသိဘူး.. ငါ့ကိုဇာတ္ၫႊန္းေပး..”
“အလဲအလွယ္အတြက္ Point 3000 က်သင့္ပါတယ္..”
“နင္ဘာလို႔ ဓားျပမတိုက္တာလဲ..”
“Point 5000..”
“Fuck Off… ငါမလိုခ်င္ေတာ့ဘူး..”
“Host, အဲ့တာကို တကယ္မလိုခ်င္ေတာ့ဘူးလား..?”
“Fuck Off..”
Host ကအရမ္းကပ္ေစးနည္းတာပဲ…
“ဘာျဖစ္ေနတာလဲ..?”
ခ်င္းဟန္က သူ႕ရဲ႕လက္ေခ်ာင္းကို ႐ုတ္တရက္ထကိုက္လိုက္တဲ့ေျမေခြးေလးကိုၾကည့္ရင္း ေခါင္း႐ႈပ္သြားရတယ္။
‘ငါလည္းသူမကို ဘာမွမလုပ္မိပါဘူး..’
႐ွီ႐ွန္းက ခ်င္းဟန္ရဲ႕လက္ေခ်ာင္းေတြကို လက္နဲ႔ေပြ႕ဖက္လိုက္တယ္။ ထို႔ေနာက္ ခ်င္းဟန္ရဲ႕ဗိုက္ေပၚမွာလွဲခ်လိုက္ၿပီး အိပ္စက္ဖို႔ျပင္လိုက္တယ္။
‘သူမ ဘာျဖစ္ေနတာလဲ..?’
႐ွီ႐ွန္းက ဇာတ္ေၾကာင္းကိုပုံေဖာ္ၾကည့္ခ်င္ေပမယ့္ အလြန္အမင္းပ်င္းရိေနခဲ့တယ္။
…………..
ဇာတ္လိုက္မ,ေရာက္လာကတည္းက ႐ွီ႐ွန္းရဲ႕သြားလာလႈပ္႐ွားမႈကို ကန္႔သတ္ခံလိုက္ရေတာ့တယ္။ ဒါေပမဲ့ ခ်င္းဟန္ရဲ႕အိပ္ရာက သူမအတြက္ ပိုၿပီးအသုံးဝင္တယ္ဆိုေတာ့ ႐ွီ႐ွန္းကလည္း အျပင္ထြက္ဖို႔စိတ္ကူးမ႐ွိဘူး။ ခ်င္းဟန္ရဲ႕အျမင္မွာေတာ့ ႐ွီ႐ွန္းက ေန႔တိုင္းအိပ္စက္ေနေတာ့တာပဲ။
တေနကုန္စြမ္းအားက်င့္ၾကံၿပီးေနာက္ ႐ွီ႐ွန္းက အိပ္ရာေပၚကေနခုန္ထလိုက္တယ္။ ေကာင္းကင္ကေမွာင္ရိပ္သမ္းေနၿပီဆိုေပမယ့္ ခ်င္းဟန္ကိုေတာ့မေတြ႕ဘူး။ ႐ွီ႐ွန္းက အၿမီးေလးေျမႇာက္ၿပီး ဟိုဟိုသည္သည္လမ္းေလွ်ာက္ရင္းေစာင့္ေနလိုက္တယ္။ ဒါေပမဲ့ ခ်င္းဟန္ရဲ႕အရိပ္အေယာင္ကို မေတြ႕ရေသးဘူး။
‘သူလမ္းေပ်ာက္ေနတာမ်ားလား..? ျဖစ္ႏိုင္တယ္..’
႐ွီ႐ွန္းလည္း ျပတင္းေပါက္ကေနခုန္ထြက္လိုက္ၿပီး ခ်င္းဟန္သြားတတ္တဲ့ေနရာေတြမွာ လိုက္႐ွာၾကည့္လိုက္တယ္။ ဒါေပမဲ့ ႐ွာမေတြ႕ျပန္ေတာ့ ႐ွီ႐ွန္းအံ့အားသင့္သြားရတယ္။
‘သူတကယ္ႀကီး လမ္းေပ်ာက္ေနတာလား..? ကိုယ့္ဂိုဏ္းထဲမွာေတာင္ ဘယ္လိုလုပ္လမ္းေပ်ာက္ႏိုင္ရတာလဲ..? ဒီအ႐ူးကေတာ့..’
႐ွီ႐ွန္းက အေတာ္ၾကာေအာင္လိုက္႐ွာေနရင္း ေတာင္ပတ္လမ္းတစ္ခုမွာ လမ္းက်ဥ္းေလးတစ္ခုကိုေတြ႕လိုက္ရတာေၾကာင့္ လိုက္သြားၾကည့္လိုက္တယ္။ ေနာက္ဆုံးေတာ့ ခ်င္းဟန္ကို ေအးစိမ့္ေနတဲ့ေရကန္တစ္ခုထဲမွာ ႐ွာေတြ႕လိုက္တယ္။ သူက ဘာမွမဝတ္ထားဘူးပဲ…
အေအးဓာတ္ေၾကာင့္ ေရခဲမႈန္ေလးေတြက ဆံပင္၊ မ်က္ခုံးနဲ႔ မ်က္ေတာင္ေတြေပၚမွာေတာင္ ေအးခဲေနခဲ့တယ္။ အေဝးမွာရပ္ၾကည့္ေနတဲ့႐ွီ႐ွန္းေတာင္မွ အေအးဓာတ္ကိုခံစားလိုက္ရတယ္။ ခႏၶာကိုယ္ေသးေသးေလးကို ျပန္ငုံ႔ၾကည့္ရင္း ေအးစိမ့္ေနတဲ့ေရကန္အနားကို တိုးကပ္သြားလိုက္တယ္။
ေရကန္ေဘာင္တစ္ေလွ်ာက္ ဂ႐ုတစိုက္လမ္းေလွ်ာက္ရင္း ခ်င္းဟန္နဲ႔အနီးဆုံးေနရာအထိ တိုးကပ္သြားလိုက္တယ္။
‘ဒီထဲသာျပဳတ္က်သြားရင္ ငါခဲသြားေလာက္မယ္..’
ေရကန္အလယ္မွာ႐ွိေနတဲ့ထိုလူသားက ႐ွီ႐ွန္းအနားကပ္လာတာနဲ႔ မ်က္လုံးပြင့္လာေတာ့တယ္။ ေသျခင္းတရားရဲ႕အေငြ႕အသက္ေတြက မ်က္ဝန္းထဲကေနလွ်ံက်လာခဲ့ၿပီး ႐ွီ႐ွန္းကို စူး႐ွစြာစိုက္ၾကည့္ေနေတာ့တယ္။
“Fuck..”
“ဝေရာ..”
ထြင္းေဖာက္ျမင္ႏိုင္ေလာက္ေအာင္ ၾကည္လင္ေနတဲ့ကန္ေရေတြက ႐ွီ႐ွန္းဆီကို အလုံးအရင္းနဲ႔တိုးဝင္လာခဲ့ၿပီး ေရကန္ေအာက္ေျခအထိ ရက္ရက္စက္စက္ဆြဲခ်သြားေတာ့တယ္။ သူမရဲ႕ေျခေထာက္တိုေလးေတြနဲ႔ ႀကိဳးစားၿပီးေရကူးလိုက္ေပမယ့္လည္း အခ်ည္းႏွီးသာ။
‘Oh…No… ငါေသရေတာ့မွာလား…’
ဒါက ႐ွီ႐ွန္းအတြက္ အဆိုး႐ြားဆုံးအေတြ႕အၾကဳံျဖစ္သြားေတာ့တယ္။
ေႏြးေထြးတဲ့လက္တစ္ဖက္က ႐ွီ႐ွန္းရဲ႕ခါးကိုေပြ႕ဖက္လိုက္ၿပီး ခ်ီစြမ္းအားအနည္းငယ္သြင္းေပးလာခဲ့တယ္။ တခနအတြင္း လက္ဆတ္တဲ့ေလထုအရာသာကို ျပန္ခံစားလိုက္ရတယ္…
“ဟူး..”
႐ွီ႐ွန္းလည္း ခ်င္းဟန္ရဲ႕လည္ပင္းကိုေပြ႕ဖက္လိုက္ၿပီး ခႏၶာကိုယ္တစ္ခုလုံးကို သူ႕ဆီမွာပစ္လွဲခ်လိုက္ေတာ့တယ္။
‘ခႏၶာကိုယ္..? ေနပါဦး..’
႐ွီ႐ွန္းက လက္ကိုေျမႇာက္ၾကည့္လိုက္တယ္။
‘ငါေလး လူသားအသြင္ ျပန္ေျပာင္းသြားတာလား..?’
မ်က္လုံးေလး ပုတ္ခတ္ပုတ္ခတ္လုပ္လိုက္ၿပီး ခ်င္းဟန္ကိုၾကည့္လိုက္၊ ေရထဲကသူမရဲ႕ခႏၶာကိုယ္ၾကည့္လိုက္ လုပ္ေနမိေတာ့တယ္။
‘ေကာင္းေရာ.. ငါလည္းကိုယ္လုံးတီးျဖစ္သြားၿပီ.. ဒါလည္းေကာင္းတာပဲ သူနဲ႔အိပ္လို႔ရတာေပါ့..’
ေအးစိမ့္ေနတဲ့ေရက သူမရဲ႕ေသးသြယ္က်စ္လစ္တဲ့ ကိုယ္လုံးကိုယ္ေပါက္ကို မဖုံးကြယ္ႏိုင္ခဲ့ဘူး။ သူမရဲ႕ခါးကို ေပြ႕ဖက္ထားတဲ့လက္က ပိုၿပီးတင္းက်ပ္လာခဲ့တယ္။ ႐ွီ႐ွန္းက ခ်င္းဟန္ရဲ႕ႏႈတ္ခမ္းေတြကို နမ္း႐ိႈက္လိုက္တယ္။ သူမရဲ႕လွ်ာဖ်ားေလးနဲ႔ သူ႕ရဲ႕ႏႈတ္ခမ္းၾကားထဲတိုးေဝွ႔သြားလိုက္ၿပီး သြားမ်ားကိုျဖတ္ေက်ာ္ကာ သူ႕ရဲ႕လွ်ာဖ်ားေလးေတြကို သူမနဲ႔အတူလူးလြန္႔ေစလိုက္တယ္။
သူမရဲ႕လက္ေတြက ခ်င္းဟန္ရဲ႕လည္ပင္းကိုဖက္တြယ္ထားၿပီး ေျခေထာက္ေတြက သူ႕ရဲ႕ခါးကို ခ်ိတ္တြယ္ထားခဲ့တယ္။
ထိုအခိုက္အတန္႔ ခ်င္းဟန္ရဲ႕ဆင္ျခင္တုံတရားလည္း ၿပိဳလဲသြားခဲ့ၿပီး သူ႕အေ႐ွ႕ကမိန္းကေလးအေပၚသာ စိတ္လႊတ္ထားလိုက္ေတာ့တယ္။
ေအးစက္စက္ေရကန္အလယ္ စီးဆင္းေနတဲ့ေရသံနဲ႔အတူ စီးခ်က္ညီညီကခုန္ေနတဲ့ပုံရိပ္ေလးႏွစ္ခုကိုသာ မသဲမကြဲျမင္ႏိုင္ေတာ့၏။
…………….
အလြန္အကြၽံေတြးတာက သိပ္ေကာင္းတဲ့အရာမဟုတ္ဘူး။ ခ်င္းဟန္ခမ်ာ သူမေလးကိုေပြ႕ဖက္ၿပီးနမ္း႐ိႈက္ခဲ့ေပမယ့္ တျခားဘာမွမလုပ္ခဲ့ဘူး။
လမင္းႀကီးက ေကာင္းကင္ယံရဲ႕အျမင့္ဆုံးေနရာကို ေရာက္သြားတဲ့အခ်ိန္..
ခ်င္းဟန္လည္း ႐ွီ႐ွန္းကိုေပြ႕ခ်ီၿပီး အခန္းထဲကိုျပန္လာခဲ့လိုက္တယ္။
“ေအးေနတုန္းလား..?”
ခ်င္းဟန္က သူမေလးကို ေစာင္ျခဳံေပးၿပီးေမးလိုက္တယ္။ ေရကန္ရဲ႕အေအးက သူမ,မခံႏိုင္ေလာက္ေအာင္ ေအးစိမ့္လြန္းတယ္ေလ။
“ေအးတယ္..
ဆက္လုပ္ၾကမလား.. အဲ့တာဆို ကြၽန္မ,မေအးေလာက္ေတာ့ဘူး..”
႐ွီ႐ွန္းက ေစာင္ကိုတင္းတင္းဆုပ္ကာ ေခါင္းေလးေစာင္းၿပီးေမးလိုက္ေတာ့ ခ်င္းဟန္ရဲ႕နား႐ြက္ဖ်ားေလးေတြ ရဲတက္သြားခဲ့တယ္။
‘သူမက ဒီလိုအရာမ်ိဳးကို ဘာလို႔တည့္တိုးေျပာႏိုင္ရတာလဲ..?’
႐ွီ႐ွန္းလည္း သည္းမခံႏိုင္ေတာ့ပဲ ခ်င္းဟန္ရဲ႕အက်ႌကိုေဆာင့္ဆြဲလိုက္တယ္။ ခ်င္းဟန္က အက်ႌဟသြားတဲ့ေနရာကို ဖုံးကြယ္လိုက္ၿပီး..
“မင္း.. ဒဏ္ခံႏိုင္မွာမဟုတ္ဘူး..”
‘သူမက အရမ္းအားနည္းလြန္းတယ္..’
“တူႏွစ္ကိုယ္က်င့္စဥ္ က်င့္ၾကံၾကမယ္ေလ..”
႐ွီ႐ွန္းက ခ်င္းဟန္ရဲ႕လက္သီးဆုပ္ကို ေျဖဖို႔ႀကိဳးစားလိုက္ေပမယ့္ ခ်င္းဟန္က တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္ထားဆဲ။ ႐ွီ႐ွန္းက သူ႕ကိုစိုက္ၾကည့္လိုက္ၿပီး..
“စၾကတယ္…”
“တူႏွစ္ကိုယ္က်င့္စဥ္က ဒီလိုမဟုတ္…” ဘူးေလ..
‘သူမကို တူႏွစ္ကိုယ္က်င့္စဥ္က ဒီလိုမ်ိဳးပါလို႔ ဘယ္သူသင္ေပးလိုက္တာလဲ..?”
႐ွီ႐ွန္းက အိပ္ရာေပၚမွာဒူးေထာက္ထိုင္လိုက္ၿပီး ခ်င္းဟန္ကိုေမာ့ၾကည့္ကာ..
“စၾကေတာ့မလားလို႔..”
ခ်င္းဟန္ကေတာ့ သူ႕ရဲ႕အက်ႌကို တင္းတင္ဆုပ္ထားဆဲ။
“မင္းအရင္အနားယူဦး။ ဒါက.. ဒီကိစၥက ငါတို႔အခ်ိန္ယူလို႔ရတယ္.. မင္းရဲ႕ခႏၶာကိုယ္က ပိုၿပီးအေရးႀကီးတယ္..”
ခ်င္းဟန္က သူမရဲ႕ခႏၶာကိုယ္အတြက္ အရမ္းစိုးရိမ္ေနတာပဲ…
“ငါ့ရဲ႕ဓား ဘယ္မွာလဲ..?”
႐ွီ႐ွန္းက ခ်င္းဟန္ကိုဆြဲခ်လိုက္တာေၾကာင့္ ဟန္ခ်က္ပ်က္သြားၿပီး ႏွစ္ေယာက္သားအိပ္ရာထဲမွာ လုံးေထြးသြားေတာ့တယ္။ ေနာက္ဆုံးေတာ့ ခ်င္းဟန္က႐ွီ႐ွန္းကို လႈပ္႐ွားလို႔မရေအာင္ဖိထားလိုက္ေတာ့တယ္။
“အခု ကြၽန္မတို႔ဆက္ဆံေရးက ဘယ္အဆင့္လဲ..?”
႐ွီ႐ွန္းက သက္ေသာင့္သက္သာမျဖစ္တာေၾကာင့္ ႏွစ္ႀကိမ္ခန္႔႐ုန္းလိုက္ၿပီး ႏူးညံ့စြာေမးလိုက္တယ္။
ခ်င္းဟန္က အေတာ္ၾကာေအာင္တိတ္ဆိတ္သြားခဲ့ၿပီမွ…
“မနက္ျဖန္ ဝမ္႐ွန္းဂိုဏ္းကေန ထြက္သြားၾကမယ္.. ၿပီးရင္ မင္းကိုလက္ထပ္မယ္..”
ဝမ္႐ွန္းဂိုဏ္းမွာဆက္ေနရင္ေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕မဂၤလာပြဲကို ဘယ္သူမွလက္ခံႏိုင္မွာမဟုတ္ဘူး။
“တကယ္ေတာ့ ကြၽန္မက ႐ွင့္လက္ထပ္မွာ..”
ခ်င္းဟန္က မ်က္ႏွာတည္သြားၿပီး..
“မိန္းကေလးက ေယာက်္ားေလးကို လက္ထပ္ယူရတာမဟုတ္ဘူးေလ..”
“ဘာလို႔မရရမွာလဲ..? ႐ွင္က ပထမဆုံးျဖစ္ႏိုင္တယ္ေလ..”
(T/N : တင္ေတာင္းမယ့္လူေနရာကို လုေနၾကတာပါ..)
“အိပ္ေတာ့..”
“မအိပ္ခ်င္ပါဘူး.. လုပ္လက္စကို ဆက္လုပ္ၾကရေအာင္..”
ခ်င္းဟန္ခမ်ာ ဆြံ႕အသြားရျပန္တယ္။
………
႐ွီ႐ွန္းအိပ္ေပ်ာ္ေနစဥ္ ဆူညံတဲ့အသံေတြေၾကာင့္ လန္႔ႏိုးလာခဲ့တယ္။ ထထိုင္လိုက္ေတာ့ ေသးငယ္တဲ့ေျခေထာက္ေတြနဲ႔ အၿမီးဖြားဖြားႀကီးက ေနရာယူထားျပန္တယ္။
‘Fuck သားရဲအသြင္ ျပန္ေျပာင္းသြားျပန္ၿပီ..’
“မထြက္လာခဲ့နဲ႔..”
ခ်င္းဟန္က သူမရဲ႕ေခါင္းေလးကို ခပ္ဖြဖြပုတ္ေပးလိုက္ၿပီး တိုးညႇင္းစြာေျပာလိုက္တယ္။
႐ွီ႐ွန္းလည္း ေၾကာင္အေနခဲ့တယ္။
‘ဘာေတြျဖစ္ေနတာလဲ..?’
ခ်င္းဟန္က တံခါးဖြင့္လိုက္တာနဲ႔ အျပင္ဘက္ကဆူညံသံေတြက ခ်က္ခ်င္းတိတ္ဆိတ္သြားခဲ့တယ္။
“အစ္ကိုခ်င္းဟန္..”
ဂိုဏ္းခ်ဳပ္က အ႐ိုအေသေပးလိုက္တယ္။
ခ်င္းဟန္က မ်က္ႏွာေသျဖင့္စိုက္ၾကည့္လိုက္ၿပီး..
“ဘာလို႔ဆူညံေနၾကတာလဲ..?”
“အစ္ကိုခ်င္းဟန္.. ေျမေခြးမိစၧာကို ဘာလို႔ေခၚလာခဲ့တာလဲ..?”
ဂိုဏ္းခ်ဳပ္က မ်က္ႏွာထားတင္းတင္းနဲ႔ ေမးလာခဲ့သလို ခ်င္းဟန္ကလည္း သူတို႔ေတြကို စူးစူးရဲရဲစိုက္ၾကည့္လိုက္တယ္။
“ဂိုဏ္းတပည့္တစ္ေယာက္ ႏွလုံးထုတ္ၿပီးအသတ္ခံလိုက္ရပါတယ္..” ဝူဟန္က ထပ္ေျပာလိုက္တယ္.. “အ႐ွင္သခင္ ခ်င္းဟန္.. ေျမေခြးမိစၧာေၾကာင့္ အျပဳစားမခံရပါေစနဲ႔..”
“ေက်းဇူးျပဳၿပီး ေျမေခြးမိစၧာကို ကြၽန္ေတာ္တို႔ဆီလႊဲေပးပါ..”
“ေက်းဇူးျပဳၿပီး ေျမေခြးမိစၧာကို ကြၽန္ေတာ္တို႔ဆီလႊဲေပးပါ..”
ဂိုဏ္းခ်ဳပ္ေနာက္မွာ႐ွိေနတဲ့ တပည့္ေတြအကုန္လုံး ေျမႀကီးေပၚမွာ ဒူးေထာက္လိုက္ၾကတယ္။ တညီတညာတည္းထြက္ေပၚလာခဲ့တဲ့အသံက ႀကိဳတင္ေလ့က်င့္ထားသလားပဲ။
“ဘယ္အခ်ိန္ ေသခဲ့တာလဲ..”
ခ်င္းဟန္က အေလာမႀကီးပဲ ေအးေအးေဆးေဆးေမးလိုက္တယ္။
ဂိုဏ္းခ်ဳပ္က တည္ၾကည္စြာျဖင့္ ျပန္ေျဖလိုက္တယ္။
“မေန႔ညလယ္ေလာက္ကပါ..”
“အဲ့ကိစၥက သူမနဲ႔ဘာမွမဆိုင္ဘူး… ငါသက္ေသခံႏိုင္တယ္..”
႐ွီ႐ွန္းအေၾကာင္း အေႏွးနဲ႔အျမန္ဆိုသလို ႐ွာေတြ႕သြားၾကမယ္ဆိုတာကိုသိေပမယ့္ ဒီေလာက္ျမန္လိမ့္မယ္လို႔ေတာ့ မထင္မွတ္ထားခဲ့ဘူး။
“အစ္ကို ခ်င္းဟန္..”
ဂိုဏ္းခ်ဳပ္က အံ့အားသင့္သြားခဲ့တယ္။
‘သူဘယ္လိုလုပ္ ေျမေခြးမိစၧာမကို ကာကြယ္ေပးႏိုင္ရတာလဲ..?’
“အ႐ွင္သခင္ခ်င္းဟန္.. လူသားေတြနဲ႔မိစၧာေတြက မတူညီၾကပါဘူး… အမွားေတြ မလုပ္ပါနဲ႔ေတာ့..”
“အ႐ွင္သခင္ခ်င္းဟန္.. ေျမေခြးမိစၧာကို ကြၽန္ေတာ္တို႔ဆီလႊဲေပးပါ..”
“အ႐ွင္သခင္ခ်င္းဟန္.. ေျမေခြးမိစၧာက လူေတြအမ်ားႀကီးကိုသတ္ျဖတ္ခဲ့တာပါ.. ေက်းဇူျပဳၿပီး သူမကိုမယုံပါနဲ႔..”
“အ႐ွင္သခင္ခ်င္းဟန္…”
……………………..
Translated by Melinoe_Megami