ရှီရှန်း ( ႐ွီ႐ွန္း) Book 4...

By Hanpandora

294K 38.3K 810

Collaboration Work for Shisheng❣ More

collaboration❣
Arc 16.1
Arc 16.2
Arc 16.3
Arc 16.4
Arc 16.5
Arc 16.6
Arc 16.7
Arc 16.8
Arc 16.9
Arc 16.10
Arc 16.11
Arc 16.12
Arc 16.13
Arc 16.14
Arc 16.15
Arc 16.16
Arc 16.17
Arc 16.18
Arc 16.19
Arc 16.20
Arc 16.21
Arc 16.22
Arc 16.23
Arc 16.24
Arc 16.25
Arc 16.26
Arc 16.27
Arc 16.28
Arc 16.29
Arc 16.30
Arc 16.31
Arc 16.32
Arc 16.33
Arc 16.34
Arc 16.35
Arc 16.36
Arc 16.37
Arc 16.38
Arc 16.39
Arc 16.40
Arc 16.41
Arc 16.42
Arc 16.43
Arc 16.44[End]
Arc 17.1
Arc 17.2
Arc 17.3
Arc 17.4
Arc 17.5
Arc 17.6
Arc 17.7
Arc 17.8
Arc 17.9
Arc 17.10
Arc 17.11
Arc 17.12
Arc 17.13
Arc 17.14
Arc 17.15
Arc 17.16
Arc 17.18
Arc 17.19
Arc 17.20
Arc 17.21
Arc 17.22
Arc 17.23
Arc 17.24
Arc 17.25
Arc 17.26
Arc 17.27
Arc 17.28
Arc 17.29
Arc 17.30
Arc 17.31
Arc 17.32 END
Arc 18.1
Arc 18.2
Arc 18.3
Arc 18.4
Arc 18.5
Arc 18.6
Arc 18.7
Arc 18.8
Arc 18.9
Arc 18.10
Arc 18.11
Arc 18.12
Arc 18.13
Arc 18.14
Arc 18.15
Pls Read❤
Arc 19.1
Arc 19.2
Arc 19.3
Arc 19.4
Arc 19.5
Arc 19.6
Arc 19.7
Arc 19.8
Arc 19.9
Arc 19.10
Arc 19.11
Arc 19.12
Arc 19.13
Arc 19.14
Arc 19.15
Arc 19.16
Arc 19.17
Arc 19.18
Arc 19.19
Arc 19.20
Arc 19.21
Arc 19.22
Arc 19.23
Arc 19.24
Arc 19.25
Arc 19.26
Arc 19.27
Arc 19.28
Arc 19.29
Arc 19.30
Arc 19.31 END
Arc 20.1
Arc 20.2
Arc 20.3
Arc 20.4
Arc 20.5
Arc 20.6
Arc 20.7
Arc 20.8
Arc 20.9
Arc 20.10
Arc 20.11
Arc 20.12
Arc 20.13
Arc 20.14
Arc 20.15
Arc 20.16
Arc 20.17
Arc 20.18

Arc 17.17

1.8K 288 0
By Hanpandora

Unicode

ချင်းဟန်က ပေါက်ကွဲသွားတဲ့နေရာကို အမြန်ဆုံးပြေးသွားလိုက်တယ်။

ယခင်အဆောက်အအုံနေရာမှာ ကြီးမားနက်ရှိုင်းပြီးလျှပ်စီးကြောင်းတွေယှက်ဖျာနေသည့် မြေကျင်းကြီးတစ်ခုကိုသာ တွေ့လိုက်ရတယ်။ အနီးပတ်ဝန်းကျင်ကိုလိုက်ရှာကြည့်ပေမယ့် နှင်းလုံးလေးလိုအဖြူရောင်ပုံရိပ်လေးကို မတွေ့ရတော့ဘူး။ ချင်းဟန်လည်း ထိတ်လန့်သွားခဲ့ပြီး မြေကျင်းရှိရာသို့ အသိစိတ်လွတ်နေသူလို လျှောက်သွားလိုက်တယ်။

‘အခုလေးတင် သူမကို ဒီနေရာမှာထားခဲ့မိတယ်..’

ရှီရှန်းက မီးကျွမ်းသွားတဲ့အမွှေးတွေကိုခါထုတ်လိုက်ပြီး ချင်းဟန်ရဲ့လက်မောင်းကြားကို ပြေးဝင်လိုက်တယ်။

ရုတ်တရက်ပြေးဝင်လာတဲ့ပုံရိပ်တစ်ခုကြောင့် ချင်းဟန်ရဲ့တစ်ကိုယ်လုံး တောင့်တင်းသွားရတယ်။ အသာငုံ့ကြည့်လိုက်တော့ ညစ်ပေနေတဲ့မြေခွေးလေး။ ဒါပေမဲ့ ရှီရှန်းက စိတ်တိုနေတာဆိုတော့ လက်သည်းထုတ်လိုက်ပြီး ချင်းဟန်ကိုကုတ်လိုက်တယ်။

‘အကုန်လုံး ဒီအရူးကြောင့်ပဲ..’
သူမအရမ်းစိတ်ဆိုးတယ်။ အခန်းကိုဖောက်ခွဲရင်း ကိုယ့်ကိုယ်ကိုပြန်ထိရတယ်လို့..

ချင်းဟန်က ရှီရှန်းရဲ့လုပ်ရပ်ကို စိတ်မဆိုးဘူး။ လက်ဆန့်ပြီး သူမရဲ့ခန္ဓာကိုယ်ကို ထိကြည့်လိုက်တယ်။ အပူချိန်ကိုခံစားမိတော့မှ စိတ်သက်သာရသွားခဲ့တယ်။

“အစ်ကိုချင်းဟန်..”
ဂိုဏ်းချုပ်က ချင်းဟန်ကို ကြောင်ကြည့်နေတော့တယ်။

‘အခုလေးတင် သူ့ရဲ့မျက်နှာပေါ်မှာ ခံစားချက်အစုံအလင်ဖြတ်ပြေးသွားတာလား..? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..? ထင်ယောင်ထင်မှားဖြစ်နေတာ.. ဟုတ်တယ် ထင်ယောင်ထင်မှားဖြစ်နေတာ..’

“မင်းအရင်ပြန်သွားတော့..”
ချင်းဟန်က ရှီရှန်းကို ဂိုဏ်းချုပ်မမြင်အောင်ကွယ်လိုက်ပြီး အေးစက်စက်ပြောလိုက်တယ်။

“အစ်ကိုချင်းဟန်.. ဒါက..”

ဂိုဏ်းချုပ်က မြေကျင်းကြီးကိုလှမ်းကြည့်လိုက်ပြီး ပြောလိုက်တယ်။ ဒါပေမဲ့ ချင်းဟန်က အမူအရာကင်းမဲ့နေတဲ့မျက်နှာနဲ့ စိုက်ကြည့်လာတာကြောင့် ခေါင်းငုံ့လိုက်ပြီး..
“ဟုတ်ကဲ့ပါ..”

‘ဒီကျင်းကြီးကို အရမ်းရင်းနှီးနေသလိုပဲ.. ဒါပေမဲ့ မမှတ်မိဘူးဖြစ်နေတယ်..’

……………………

“မင်းဒဏ်ရာရသွားသေးလား..?”
ချင်းဟန်က ရှီရှန်းကိုပွတ်သပ်ပေးရင်း မေးလိုက်တယ်။

ရှီရှန်းက အမွှေးတွေကိုခါထုတ်လိုက်ပြီး…
“ဟင့်အင်း..”

ချင်းဟန်က တည်ကြည်သည့်မျက်နှာဖြင့်..
“မင်းအဲ့တာကို ဘယ်လိုလုပ်ဖျက်ဆီးပစ်လိုက်တာလဲ..?”

‘ဒီမှာအပြင်လူမရှိဘူး။ အဖြစ်နိုင်ဆုံးက အဆောက်အအုံကို သူမကိုယ်တိုင်ဖျက်ဆီးပစ်လိုက်တာပဲ။ အထဲမှာဖောက်ခွဲရဲတယ်..? သူမ,ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ..? အန္တရာယ်ရှိတာကို မသိဘူးလား..?’

ရှီရှန်းက အလုံးလေးတစ်လုံးကိုထုတ်လိုက်ပြီး ချင်းဟန်လက်ထဲထည့်ပေးလိုက်တယ်။
“ဒီဟာ..”

ထိုအလုံးလေးရဲ့မျက်နှာပြင်က ချောမွေ့နေပြီး အတွင်းထဲမှာတော့ ခရမ်းရောင်လေထုနဲ့လျှပ်စီးကြောင်းအနည်းငယ်ရှိနေခဲ့တယ်။ ကြီးမားလွန်းတဲ့စွမ်းအင်တစ်ခုက ထိုအတွင်းပိုင်းကနေ ဖြာထွက်နေတာကြောင့် ချင်းဟန်မျက်မှောင်ကြုတ်လိုက်တယ်။

သူမမှာ ဘာလို့ဒီလိုထူးဆန်းတဲ့ပစ္စည်းတွေ ရှိနေရတာလဲ..?

“လျှောက်မသုံးနဲ့..”
ဘယ်လောက်အန္တရာယ်ရှိလိုက်တဲ့ပစ္စည်းလဲ..? သူမကိုထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ..?

“ကျွန်မကိုပိတ်လှောင်ထားဖို့ ရှင့်ကိုဘယ်သူပြောလို့လဲ..?”
ရှီရှန်းက အလုံးလေးကိုပြန်သိမ်းရင်း ပြောလိုက်ယ်။

‘မင်းကောင်းကျိုးအတွက် ငါလုပ်ခဲ့ရတာလေ.. ငါ့ကိုအပြစ်တင်နေပြန်တာလား..? ဒီအမျိုးသမီးကတော့ တကယ့်ကိုအကျိုးအကြောင်းမရှိဘူးပဲ…

“အခုအခန်းလည်းမရှိတော့ဘူး.. ကျွန်မရှင်နဲ့နေလို့ရပြီလား..?”

‘အဲ့တော့ ဒါက အခန်းကိုဖျက်ဆီးပစ်ခဲ့ရတဲ့တစ်ခုတည်းသောအကြောင်းအရင်းပေါ့လေ.. ဒီအမျိုးသမီးက တကယ့်ကိုမျက်နှာပြောင်တိုက်တာပဲ..’

အခန်းပျက်စီးသွားတာကြောင့် ရှီရှန်းမျှော်လင့်ထားသလို ချင်းဟန်ရဲ့အခန်းထဲမှာ အတူနေခွင့်ရလိုက်တယ်။ သူမက မျက်နှာပြောင်တိုက်ပြီး သူ့ရဲ့အိပ်ယာပေါ်ကိုတောင် တွယ်တက်လိုက်သေးတယ်။

“ဟမ်..? ဒီနေမှာ ချီစွမ်းအားဘာလို့များနေရတာလဲ..?”
ရှီရှန်းက ခုတင်ပေါ်မှာခုန်နေရင်း ချင်းဟန်ကိုလှည့်မေးလိုက်တယ်..

ချင်းဟန်က အသာအယာပြန်ဖြေလိုက်တယ်။
“ဒီအိပ်ရာကို ပူနွေးတဲ့ကျောက်စိမ်းနဲ့ပြုလုပ်ထားပြီး သူ့ရဲ့အောက်မှာ ချီစုစည်းခြင်းအစီအရင်တည်ထားတယ်..”

‘ချီစုစည်းခြင်းအစီအရင်း..? ဒီအစီအရင်က ချီစွမ်းအင်တွေကိုစုစည်းတဲ့နေရာမှာ အသုံးများတယ်လေ..’

ရှီရှန်းက အိပ်ရာပေါ်မှာလဲလျောင်းလိုက်တယ်။ ချီစွမ်းအင်တွေက သူမရဲ့ခန္ဓာကိုယ်တစ်လျှောက် လှည့်ပတ်သွားနေတာကြောင့် နာကျင်မှုတွေလျော့ကျသွားခဲ့တယ်။

အသံတိတ်ဆိတ်သွားတာကြောင့် ချင်းဟန်က ဖတ်လက်စစာအုပ်ကိုချထားလိုက်ပြီး အိပ်ရာအနားကိုလျှောက်သွားလိုက်တယ်။ ရှီရှန်းက အိပ်ရာပေါ်မှာ အိပ်ပျော်နေချေပြီ။ သူမရဲ့မျက်နှာလေးကတော့ နူးညံ့တဲ့အမွှေးတွေကြားမှာ နစ်မြုပ်နေလေရဲ့။

ထိုနေ့မှစ၍ ရှီရှန်းက အိပ်ရာပေါ်မှာ ရက်အတော်ကြာအောင် လဲလျောင်းနေခဲ့သလို ချင်းဟန်ကလည်း ညတိုင်းထိုင်ကြည့်နေခဲ့တယ်။ ချီစွမ်းအားတွေက သူမရဲ့ခန္ဓာကိုယ်ထဲကိုဝင်လာပေမယ့် သာမာန်ထက်အရမ်းနှေးကွေးလွန်းနေတော့ လူသားအသွင်ကို ပြန်ပြောင်းလို့မရနိုင်ခဲ့ဘူး..

………………………………..

ဝမ်ရှန်းဂိုဏ်းရဲ့ပင်မခန်းမကြီးအလယ်..

ဝူဟန်က အံ့ဩတကြီးမော့ကြည့်ရင်း..
“ဂိုဏ်းချုပ်.. မှားမြင်ခဲ့တာမဟုတ်ဘူးဆိုတာ သေချာရဲ့လား..?”

ဂိုဏ်းချုပ်က တည်ကြည်စွာခေါင်းညိတ်ပြလိုက်ပြီး..
“ဟုတ်တယ်.. သူတို့အစီအရင်ခံတုန်းကအတိုင်းပဲ..”

မြေကျင်းကြီးကို အရမ်းရင်းနှီးနေပါတယ်မှတ်တာ။ အခန်းပြန်ရောက်မှ သတိရသွားခဲ့တယ်။ လွန်ခဲ့တဲ့ရက်တွေတုန်းက ဂိုဏ်းတပည့်တွေက ဒီလိုထူးဆန်းတဲ့မြေကျင်းကြီးအကြောင်း တင်ပြခဲ့ဖူးတယ်လေ…

“အရှင်သခင်ချင်းဟန်နဲ့မြေခွေးမိစ္ဆာ..?”

“အရှင်သခင်ချင်းဟန်ပြန်လာတုန်းက တစ်စုံတစ်ခုကိုသယ်လာခဲ့တယ်လေ.. မြေခွေးမိစ္ဆာများလား..? အဲ့မိစ္ဆာမက လူတွေအများကြီးကိုသတ်ခဲ့တာ.. ဒါက..”

လူအုပ်ကြီးက အကြီးအကျယ်စတင်ဆွေးနွေးကြတော့တယ်။ မြေခွေးမိစ္ဆာက ဝမ်ရှန်းဂိုဏ်းထဲမှာ ပုန်းအောင်းနေတယ်။ ပြီးတော့လည်း အဲ့မိစ္ဆာမကို အရှင်သခင်ချင်းဟန်က ခေါ်ဆောင်လာခဲ့တာ..

“ဂိုဏ်းချုပ်.. ကျွန်တော်တို့မှာ သက်သေမရှိဘူးလေ.. ဘယ်လိုသွားပြောကြမလဲ..?”

အရှင်သခင်ချင်းဟန်ကို တည့်တိုးသွားမေးဖို့ကျ မသင့်တော်ပြန်ဘူး။ ပြီးတော့ ဘယ်သူကလုပ်ရဲမှာလဲ..?

“သူပြန်ရောက်လာကတည်းက အဲ့နေရာကို သန့်ရှင်းရေးမလုပ်ပေးရသေးဘူးမလား..? ဂိုဏ်းသားတစ်ယောက်ကို သန့်ရှင်းရေးလုပ်ခိုင်းမယ်ဆိုပြီး ပို့လိုက်ရင်ရော..? တိတ်တဆိတ်စုံစမ်းလို့ရနိုင်တယ်..”
တစ်ယောက်က အကြံပေးလိုက်တယ်။

ဂိုဏ်းချုပ်လည်း တခနတွေးတောလိုက်ပြီး..
“ဒီတစ်နည်းပဲရှိတယ်..”

“ကောင်းပြီ.. ကျွန်တော်စီစဉ်လိုက်တော့မယ်..”

“ဂိုဏ်းချုပ်.. တကယ်လို့ အရှင်ချင်းဟန်က မြေခွေးမိစ္ဆာကိုခေါ်ဆောင်လာခဲ့တယ်ဆိုရင် ကျွန်တော်တို့ဘယ်လိုလုပ်ကြမှာလဲ..?”

ခန်းမတစ်ခုလုံးက ထိုမေးခွန်းကြောင့် တိတ်ဆိတ်သွားခဲ့တယ်။ တစ်ယောက်မှ ထိုမေးခွန်းကို မဖြေနိုင်ခဲ့ကြဘူး…

………

နောက်တစ်ရက်ရောက်တော့ ဂိုဏ်းတပည့်တစ်ယောက်ကို ‘သန့်ရှင်းရေးလုပ်ပေးရန်’ဆိုတဲ့အကြောင်းပြချက်ဖြင့် ချင်းဟန်ဆီကို ပို့လွှတ်လိုက်တော့တယ်။

ချင်းဟန်က မသိမသာစပ်စုနေတဲ့မိန်းကလေးကို ကြည့်လိုက်တယ်။

“ငါ့အခန်းထဲကို ခွင့်ပြုချက်မရှိပဲ ဝင်ခွင့်မရှိဘူး..”

မိန်းကလေးက ခေါင်းငုံ့ပြီး ခပ်တိုးတိုးပြန်ဖြေလိုက်တယ်။
“ဟုတ်ကဲ့..”

ချင်းဟန်ထွက်သွားတော့မှ မိန်းကလေးရဲ့အမူအယာက သက်သောင့်သက်သာဖြစ်သွားတော့တယ်။

‘သူက ငါ့ကို အေးခဲစေတော့မလို့ပဲ.. ဒီလူရဲ့အရှိန်အဝါက တကယ့်ကိုပြင်းထန်လွန်းတယ်.. မျက်နှာတောင်မကြည့်လိုက်ရဘူး..’

မိန်းကလေးက ခေါင်းမော့လိုက်တယ်။ သူမရဲ့မျက်နှာက အရမ်းထူးဆန်းနေပေမယ့် မျက်ဝန်းတွေကရင်းနှီးနေတယ်။ တကယ်လို့ ရှီရှန်းသာရှိနေခဲ့ရင် သူမကိုချက်ချင်းမှတ်မိလိမ့်မယ်။

ထိုမိန်းကလေးကတော့ ဇာတ်လိုက်မယွီရှောင်ချီပါပဲ။

ယွီရှောင်ချီက မျက်နှာဖုံးလူရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးနောက် လွတ်မြောက်နိုင်မယ့်အခွင့်အရေးတစ်ခုကို စောင့်နေခဲ့တယ်။ နောက်ဆုံးတော့ လွတ်မြောက်အောင်ထွက်ပြေးနိုင်ခဲ့တယ်။ ထို့အပြင် မျက်နှာဖုံးလူဆီက ဆေးတစ်မျိုးကိုခိုးယူနိုင်ခဲ့ပြီး ထိုဆေးရဲ့အစွမ်းနဲ့ သူမရဲ့အသွင်အပြင်၊ မိစ္ဆာအငွေ့အသက်ကို ဖုံးကွယ်ထားနိုင်ခဲ့တယ်။

မျက်နှာဖုံးလူကိုရှောင်ရှားနိုင်ရန်အတွက် ယွီရှောင်ချီလည်းဆေးသောက်လိုက်ပြီး ဝမ်ရှန်းဂိုဏ်းသားတွေကြားမှာ ရောနှောနေထိုင်ခဲ့လိုက်တယ်။ ဒါပေမဲ့ ဝမ်ရှန်းဂိုဏ်းထဲအထိ ဝင်ရောက်နိုင်လိမ့်မယ်လို့တော့ မထင်ထားခဲ့မိဘူး။ ယွီရှောင်ချီလည်း အလိုက်သင့်နေလိုက်ရတော့တာပေါ့။

ဒီကိုမရောက်ခင် တစ်စုံတစ်ယောက်က ချင်းဟန်ရဲ့အကျင့်စရိုက်တွေကို ပြောပြခဲ့သလိုပဲ။ စိတ်ထဲရောထွေးနေပေမယ့် မှတ်မိနေခဲ့တုန်းပဲ။

ထိုနေရာမှထွက်လာလိုက်တော့ လမ်းထောင့်ချိုးအရောက် ရှီရှန်းကြောင့်ဖြစ်ခဲ့တဲ့ကျင်းနက်ကြီးကို ယွီရှောင်ချီတစ်ယောက် တွေ့လိုက်ရတော့တယ်။ မျက်မှောင်ကြုတ်လိုက်ပြီး ကျင်းအနီးအနားကိုသွားကာ စပ်စုလိုက်တယ်။

‘ဒီတွင်းကြိးက ဘာလို့ဒီနေရာမှရှိနေရတာလဲ..?’

ယွီရှောင်ချီက ကျင်းထဲကိုငုံကြည့်လိုက်ပေမယ့် အရမ်းနက်ရှိုင်းတာကလွဲရင် ဘာမှရှိမနေခဲ့ဘူး။

“အရမ်းထူးဆန်းတာပဲ..”

ယွီရှောင်ချီလည်း ထိုကျင်းကိုဂရုမစိုက်တော့ပဲ သန့်ရှင်းရေးစလုပ်လိုက်တယ်။ ကောင်းကင်မှာအမှောင်ထုလွှမ်းမိုးလာတော့မှ သန့်ရှင်းရေးလုပ်တာပြီးသွားတော့တယ်။

ဒါနဲ့ အရှင်သခင်ချင်းဟန်က သူမအတွက် နေစရာမပေးရသေးဘူးပဲ။

ယွီရှောင်ချီက ချင်းဟန်ကိုသွားရှာဖို့ ဆုံးဖြတ်လိုက်တယ်။ ချင်းဟန်ရဲ့အခန်းအပြင်ကိုရောက်တော့ အခန်းထဲမှာမီးလင်းနေတာကို တွေ့လိုက်ရတယ်။ ယွီရှောင်ချီက ဂရုတစိုက်အနားကပ်သွားလိုက်ပြီး..

“အရှင်သခင်.. အခန်းထဲမှာလား..?”

“ဘာကိစ္စလဲ..?”

“ကျွန်မအတွက် နေစရာမပေးရသေးလို့ပါ..”

အခန်းက အတော်ကြာတောင်တိတ်ဆိတ်သွားခဲ့ပြီး..
“လန်ယွဲ့ခန်းမဘေးနားက အခန်း..”

‘လန်ယွဲ့ခန်းမ..?’

ယွီရှောင်ချီတွေးကြည့်လိုက်တော့ အခုလေးတင် အဲ့နားရောက်ခဲ့သေးတာပဲ။ လန်ယွဲ့ခန်းမက သူမ,မဖတ်တတ်တဲ့စာအုပ်တွေနဲ့ ပြည့်နှက်နေတယ်။ လန်ယွဲ့ခန်းမဘေးကအခန်းဆို အရမ်းဝေးတာပဲ။

ယွီရှောင်ချီလည်း အထွန့်မတက်ရဲတာကြောင့် ရိုရိုသေသေပြန်ဖြေလိုက်တယ်။

“ဟုတ်ကဲ့ပါ..”

…………………………….

Translated by Melinoe_Megami

Zawgyi

ခ်င္းဟန္က ေပါက္ကြဲသြားတဲ့ေနရာကို အျမန္ဆုံးေျပးသြားလိုက္တယ္။

ယခင္အေဆာက္အအုံေနရာမွာ ႀကီးမားနက္႐ိႈင္းၿပီးလွ်ပ္စီးေၾကာင္းေတြယွက္ဖ်ာေနသည့္ ေျမက်င္းႀကီးတစ္ခုကိုသာ ေတြ႕လိုက္ရတယ္။ အနီးပတ္ဝန္းက်င္ကိုလိုက္႐ွာၾကည့္ေပမယ့္ ႏွင္းလုံးေလးလိုအျဖဴေရာင္ပုံရိပ္ေလးကို မေတြ႕ရေတာ့ဘူး။ ခ်င္းဟန္လည္း ထိတ္လန္႔သြားခဲ့ၿပီး ေျမက်င္း႐ွိရာသို႔ အသိစိတ္လြတ္ေနသူလို ေလွ်ာက္သြားလိုက္တယ္။

‘အခုေလးတင္ သူမကို ဒီေနရာမွာထားခဲ့မိတယ္..’

႐ွီ႐ွန္းက မီးကြၽမ္းသြားတဲ့အေမႊးေတြကိုခါထုတ္လိုက္ၿပီး ခ်င္းဟန္ရဲ႕လက္ေမာင္းၾကားကို ေျပးဝင္လိုက္တယ္။

႐ုတ္တရက္ေျပးဝင္လာတဲ့ပုံရိပ္တစ္ခုေၾကာင့္ ခ်င္းဟန္ရဲ႕တစ္ကိုယ္လုံး ေတာင့္တင္းသြားရတယ္။ အသာငုံ႔ၾကည့္လိုက္ေတာ့ ညစ္ေပေနတဲ့ေျမေခြးေလး။ ဒါေပမဲ့ ႐ွီ႐ွန္းက စိတ္တိုေနတာဆိုေတာ့ လက္သည္းထုတ္လိုက္ၿပီး ခ်င္းဟန္ကိုကုတ္လိုက္တယ္။

‘အကုန္လုံး ဒီအ႐ူးေၾကာင့္ပဲ..’
သူမအရမ္းစိတ္ဆိုးတယ္။ အခန္းကိုေဖာက္ခြဲရင္း ကိုယ့္ကိုယ္ကိုျပန္ထိရတယ္လို႔..

ခ်င္းဟန္က ႐ွီ႐ွန္းရဲ႕လုပ္ရပ္ကို စိတ္မဆိုးဘူး။ လက္ဆန္႔ၿပီး သူမရဲ႕ခႏၶာကိုယ္ကို ထိၾကည့္လိုက္တယ္။ အပူခ်ိန္ကိုခံစားမိေတာ့မွ စိတ္သက္သာရသြားခဲ့တယ္။

“အစ္ကိုခ်င္းဟန္..”
ဂိုဏ္းခ်ဳပ္က ခ်င္းဟန္ကို ေၾကာင္ၾကည့္ေနေတာ့တယ္။

‘အခုေလးတင္ သူ႕ရဲ႕မ်က္ႏွာေပၚမွာ ခံစားခ်က္အစုံအလင္ျဖတ္ေျပးသြားတာလား..? ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ..? ထင္ေယာင္ထင္မွားျဖစ္ေနတာ.. ဟုတ္တယ္ ထင္ေယာင္ထင္မွားျဖစ္ေနတာ..’

“မင္းအရင္ျပန္သြားေတာ့..”
ခ်င္းဟန္က ႐ွီ႐ွန္းကို ဂိုဏ္းခ်ဳပ္မျမင္ေအာင္ကြယ္လိုက္ၿပီး ေအးစက္စက္ေျပာလိုက္တယ္။

“အစ္ကိုခ်င္းဟန္.. ဒါက..”

ဂိုဏ္းခ်ဳပ္က ေျမက်င္းႀကီးကိုလွမ္းၾကည့္လိုက္ၿပီး ေျပာလိုက္တယ္။ ဒါေပမဲ့ ခ်င္းဟန္က အမူအရာကင္းမဲ့ေနတဲ့မ်က္ႏွာနဲ႔ စိုက္ၾကည့္လာတာေၾကာင့္ ေခါင္းငုံ႔လိုက္ၿပီး..
“ဟုတ္ကဲ့ပါ..”

‘ဒီက်င္းႀကီးကို အရမ္းရင္းႏွီးေနသလိုပဲ.. ဒါေပမဲ့ မမွတ္မိဘူးျဖစ္ေနတယ္..’

……………………

“မင္းဒဏ္ရာရသြားေသးလား..?”
ခ်င္းဟန္က ႐ွီ႐ွန္းကိုပြတ္သပ္ေပးရင္း ေမးလိုက္တယ္။

႐ွီ႐ွန္းက အေမႊးေတြကိုခါထုတ္လိုက္ၿပီး…
“ဟင့္အင္း..”

ခ်င္းဟန္က တည္ၾကည္သည့္မ်က္ႏွာျဖင့္..
“မင္းအဲ့တာကို ဘယ္လိုလုပ္ဖ်က္ဆီးပစ္လိုက္တာလဲ..?”

‘ဒီမွာအျပင္လူမ႐ွိဘူး။ အျဖစ္ႏိုင္ဆုံးက အေဆာက္အအုံကို သူမကိုယ္တိုင္ဖ်က္ဆီးပစ္လိုက္တာပဲ။ အထဲမွာေဖာက္ခြဲရဲတယ္..? သူမ,ထိခိုက္သြားရင္ ဘယ္လိုလုပ္မလဲ..? အႏၲရာယ္႐ွိတာကို မသိဘူးလား..?’

႐ွီ႐ွန္းက အလုံးေလးတစ္လုံးကိုထုတ္လိုက္ၿပီး ခ်င္းဟန္လက္ထဲထည့္ေပးလိုက္တယ္။
“ဒီဟာ..”

ထိုအလုံးေလးရဲ႕မ်က္ႏွာျပင္က ေခ်ာေမြ႕ေနၿပီး အတြင္းထဲမွာေတာ့ ခရမ္းေရာင္ေလထုနဲ႔လွ်ပ္စီးေၾကာင္းအနည္းငယ္႐ွိေနခဲ့တယ္။ ႀကီးမားလြန္းတဲ့စြမ္းအင္တစ္ခုက ထိုအတြင္းပိုင္းကေန ျဖာထြက္ေနတာေၾကာင့္ ခ်င္းဟန္မ်က္ေမွာင္ၾကဳတ္လိုက္တယ္။

သူမမွာ ဘာလို႔ဒီလိုထူးဆန္းတဲ့ပစၥည္းေတြ ႐ွိေနရတာလဲ..?

“ေလွ်ာက္မသုံးနဲ႔..”
ဘယ္ေလာက္အႏၲရာယ္႐ွိလိုက္တဲ့ပစၥည္းလဲ..? သူမကိုထိခိုက္သြားရင္ ဘယ္လိုလုပ္မလဲ..?

“ကြၽန္မကိုပိတ္ေလွာင္ထားဖို႔ ႐ွင့္ကိုဘယ္သူေျပာလို႔လဲ..?”
႐ွီ႐ွန္းက အလုံးေလးကိုျပန္သိမ္းရင္း ေျပာလိုက္ယ္။

‘မင္းေကာင္းက်ိဳးအတြက္ ငါလုပ္ခဲ့ရတာေလ.. ငါ့ကိုအျပစ္တင္ေနျပန္တာလား..? ဒီအမ်ိဳးသမီးကေတာ့ တကယ့္ကိုအက်ိဳးအေၾကာင္းမ႐ွိဘူးပဲ…

“အခုအခန္းလည္းမ႐ွိေတာ့ဘူး.. ကြၽန္မ႐ွင္နဲ႔ေနလို႔ရၿပီလား..?”

‘အဲ့ေတာ့ ဒါက အခန္းကိုဖ်က္ဆီးပစ္ခဲ့ရတဲ့တစ္ခုတည္းေသာအေၾကာင္းအရင္းေပါ့ေလ.. ဒီအမ်ိဳးသမီးက တကယ့္ကိုမ်က္ႏွာေျပာင္တိုက္တာပဲ..’

အခန္းပ်က္စီးသြားတာေၾကာင့္ ႐ွီ႐ွန္းေမွ်ာ္လင့္ထားသလို ခ်င္းဟန္ရဲ႕အခန္းထဲမွာ အတူေနခြင့္ရလိုက္တယ္။ သူမက မ်က္ႏွာေျပာင္တိုက္ၿပီး သူ႕ရဲ႕အိပ္ယာေပၚကိုေတာင္ တြယ္တက္လိုက္ေသးတယ္။

“ဟမ္..? ဒီေနမွာ ခ်ီစြမ္းအားဘာလို႔မ်ားေနရတာလဲ..?”
႐ွီ႐ွန္းက ခုတင္ေပၚမွာခုန္ေနရင္း ခ်င္းဟန္ကိုလွည့္ေမးလိုက္တယ္..

ခ်င္းဟန္က အသာအယာျပန္ေျဖလိုက္တယ္။
“ဒီအိပ္ရာကို ပူေႏြးတဲ့ေက်ာက္စိမ္းနဲ႔ျပဳလုပ္ထားၿပီး သူ႕ရဲ႕ေအာက္မွာ ခ်ီစုစည္းျခင္းအစီအရင္တည္ထားတယ္..”

‘ခ်ီစုစည္းျခင္းအစီအရင္း..? ဒီအစီအရင္က ခ်ီစြမ္းအင္ေတြကိုစုစည္းတဲ့ေနရာမွာ အသုံးမ်ားတယ္ေလ..’

႐ွီ႐ွန္းက အိပ္ရာေပၚမွာလဲေလ်ာင္းလိုက္တယ္။ ခ်ီစြမ္းအင္ေတြက သူမရဲ႕ခႏၶာကိုယ္တစ္ေလွ်ာက္ လွည့္ပတ္သြားေနတာေၾကာင့္ နာက်င္မႈေတြေလ်ာ့က်သြားခဲ့တယ္။

အသံတိတ္ဆိတ္သြားတာေၾကာင့္ ခ်င္းဟန္က ဖတ္လက္စစာအုပ္ကိုခ်ထားလိုက္ၿပီး အိပ္ရာအနားကိုေလွ်ာက္သြားလိုက္တယ္။ ႐ွီ႐ွန္းက အိပ္ရာေပၚမွာ အိပ္ေပ်ာ္ေနေခ်ၿပီ။ သူမရဲ႕မ်က္ႏွာေလးကေတာ့ ႏူးညံ့တဲ့အေမႊးေတြၾကားမွာ နစ္ျမဳပ္ေနေလရဲ႕။

ထိုေန႔မွစ၍ ႐ွီ႐ွန္းက အိပ္ရာေပၚမွာ ရက္အေတာ္ၾကာေအာင္ လဲေလ်ာင္းေနခဲ့သလို ခ်င္းဟန္ကလည္း ညတိုင္းထိုင္ၾကည့္ေနခဲ့တယ္။ ခ်ီစြမ္းအားေတြက သူမရဲ႕ခႏၶာကိုယ္ထဲကိုဝင္လာေပမယ့္ သာမာန္ထက္အရမ္းေႏွးေကြးလြန္းေနေတာ့ လူသားအသြင္ကို ျပန္ေျပာင္းလို႔မရႏိုင္ခဲ့ဘူး..

………………………………..

ဝမ္႐ွန္းဂိုဏ္းရဲ႕ပင္မခန္းမႀကီးအလယ္..

ဝူဟန္က အံ့ဩတႀကီးေမာ့ၾကည့္ရင္း..
“ဂိုဏ္းခ်ဳပ္.. မွားျမင္ခဲ့တာမဟုတ္ဘူးဆိုတာ ေသခ်ာရဲ႕လား..?”

ဂိုဏ္းခ်ဳပ္က တည္ၾကည္စြာေခါင္းညိတ္ျပလိုက္ၿပီး..
“ဟုတ္တယ္.. သူတို႔အစီအရင္ခံတုန္းကအတိုင္းပဲ..”

ေျမက်င္းႀကီးကို အရမ္းရင္းႏွီးေနပါတယ္မွတ္တာ။ အခန္းျပန္ေရာက္မွ သတိရသြားခဲ့တယ္။ လြန္ခဲ့တဲ့ရက္ေတြတုန္းက ဂိုဏ္းတပည့္ေတြက ဒီလိုထူးဆန္းတဲ့ေျမက်င္းႀကီးအေၾကာင္း တင္ျပခဲ့ဖူးတယ္ေလ…

“အ႐ွင္သခင္ခ်င္းဟန္နဲ႔ေျမေခြးမိစၧာ..?”

“အ႐ွင္သခင္ခ်င္းဟန္ျပန္လာတုန္းက တစ္စုံတစ္ခုကိုသယ္လာခဲ့တယ္ေလ.. ေျမေခြးမိစၧာမ်ားလား..? အဲ့မိစၧာမက လူေတြအမ်ားႀကီးကိုသတ္ခဲ့တာ.. ဒါက..”

လူအုပ္ႀကီးက အႀကီးအက်ယ္စတင္ေဆြးေႏြးၾကေတာ့တယ္။ ေျမေခြးမိစၧာက ဝမ္႐ွန္းဂိုဏ္းထဲမွာ ပုန္းေအာင္းေနတယ္။ ၿပီးေတာ့လည္း အဲ့မိစၧာမကို အ႐ွင္သခင္ခ်င္းဟန္က ေခၚေဆာင္လာခဲ့တာ..

“ဂိုဏ္းခ်ဳပ္.. ကြၽန္ေတာ္တို႔မွာ သက္ေသမ႐ွိဘူးေလ.. ဘယ္လိုသြားေျပာၾကမလဲ..?”

အ႐ွင္သခင္ခ်င္းဟန္ကို တည့္တိုးသြားေမးဖို႔က် မသင့္ေတာ္ျပန္ဘူး။ ၿပီးေတာ့ ဘယ္သူကလုပ္ရဲမွာလဲ..?

“သူျပန္ေရာက္လာကတည္းက အဲ့ေနရာကို သန္႔႐ွင္းေရးမလုပ္ေပးရေသးဘူးမလား..? ဂိုဏ္းသားတစ္ေယာက္ကို သန္႔႐ွင္းေရးလုပ္ခိုင္းမယ္ဆိုၿပီး ပို႔လိုက္ရင္ေရာ..? တိတ္တဆိတ္စုံစမ္းလို႔ရႏိုင္တယ္..”
တစ္ေယာက္က အၾကံေပးလိုက္တယ္။

ဂိုဏ္းခ်ဳပ္လည္း တခနေတြးေတာလိုက္ၿပီး..
“ဒီတစ္နည္းပဲ႐ွိတယ္..”

“ေကာင္းၿပီ.. ကြၽန္ေတာ္စီစဥ္လိုက္ေတာ့မယ္..”

“ဂိုဏ္းခ်ဳပ္.. တကယ္လို႔ အ႐ွင္ခ်င္းဟန္က ေျမေခြးမိစၧာကိုေခၚေဆာင္လာခဲ့တယ္ဆိုရင္ ကြၽန္ေတာ္တို႔ဘယ္လိုလုပ္ၾကမွာလဲ..?”

ခန္းမတစ္ခုလုံးက ထိုေမးခြန္းေၾကာင့္ တိတ္ဆိတ္သြားခဲ့တယ္။ တစ္ေယာက္မွ ထိုေမးခြန္းကို မေျဖႏိုင္ခဲ့ၾကဘူး…

………

ေနာက္တစ္ရက္ေရာက္ေတာ့ ဂိုဏ္းတပည့္တစ္ေယာက္ကို ‘သန္႔႐ွင္းေရးလုပ္ေပးရန္’ဆိုတဲ့အေၾကာင္းျပခ်က္ျဖင့္ ခ်င္းဟန္ဆီကို ပို႔လႊတ္လိုက္ေတာ့တယ္။

ခ်င္းဟန္က မသိမသာစပ္စုေနတဲ့မိန္းကေလးကို ၾကည့္လိုက္တယ္။

“ငါ့အခန္းထဲကို ခြင့္ျပဳခ်က္မ႐ွိပဲ ဝင္ခြင့္မ႐ွိဘူး..”

မိန္းကေလးက ေခါင္းငုံ႔ၿပီး ခပ္တိုးတိုးျပန္ေျဖလိုက္တယ္။
“ဟုတ္ကဲ့..”

ခ်င္းဟန္ထြက္သြားေတာ့မွ မိန္းကေလးရဲ႕အမူအယာက သက္ေသာင့္သက္သာျဖစ္သြားေတာ့တယ္။

‘သူက ငါ့ကို ေအးခဲေစေတာ့မလို႔ပဲ.. ဒီလူရဲ႕အ႐ွိန္အဝါက တကယ့္ကိုျပင္းထန္လြန္းတယ္.. မ်က္ႏွာေတာင္မၾကည့္လိုက္ရဘူး..’

မိန္းကေလးက ေခါင္းေမာ့လိုက္တယ္။ သူမရဲ႕မ်က္ႏွာက အရမ္းထူးဆန္းေနေပမယ့္ မ်က္ဝန္းေတြကရင္းႏွီးေနတယ္။ တကယ္လို႔ ႐ွီ႐ွန္းသာ႐ွိေနခဲ့ရင္ သူမကိုခ်က္ခ်င္းမွတ္မိလိမ့္မယ္။

ထိုမိန္းကေလးကေတာ့ ဇာတ္လိုက္မယြီေ႐ွာင္ခ်ီပါပဲ။

ယြီေ႐ွာင္ခ်ီက မ်က္ႏွာဖုံးလူရဲ႕ဖမ္းဆီးျခင္းကိုခံခဲ့ရၿပီးေနာက္ လြတ္ေျမာက္ႏိုင္မယ့္အခြင့္အေရးတစ္ခုကို ေစာင့္ေနခဲ့တယ္။ ေနာက္ဆုံးေတာ့ လြတ္ေျမာက္ေအာင္ထြက္ေျပးႏိုင္ခဲ့တယ္။ ထို႔အျပင္ မ်က္ႏွာဖုံးလူဆီက ေဆးတစ္မ်ိဳးကိုခိုးယူႏိုင္ခဲ့ၿပီး ထိုေဆးရဲ႕အစြမ္းနဲ႔ သူမရဲ႕အသြင္အျပင္၊ မိစၧာအေငြ႕အသက္ကို ဖုံးကြယ္ထားႏိုင္ခဲ့တယ္။

မ်က္ႏွာဖုံးလူကိုေ႐ွာင္႐ွားႏိုင္ရန္အတြက္ ယြီေ႐ွာင္ခ်ီလည္းေဆးေသာက္လိုက္ၿပီး ဝမ္႐ွန္းဂိုဏ္းသားေတြၾကားမွာ ေရာေႏွာေနထိုင္ခဲ့လိုက္တယ္။ ဒါေပမဲ့ ဝမ္႐ွန္းဂိုဏ္းထဲအထိ ဝင္ေရာက္ႏိုင္လိမ့္မယ္လို႔ေတာ့ မထင္ထားခဲ့မိဘူး။ ယြီေ႐ွာင္ခ်ီလည္း အလိုက္သင့္ေနလိုက္ရေတာ့တာေပါ့။

ဒီကိုမေရာက္ခင္ တစ္စုံတစ္ေယာက္က ခ်င္းဟန္ရဲ႕အက်င့္စ႐ိုက္ေတြကို ေျပာျပခဲ့သလိုပဲ။ စိတ္ထဲေရာေထြးေနေပမယ့္ မွတ္မိေနခဲ့တုန္းပဲ။

ထိုေနရာမွထြက္လာလိုက္ေတာ့ လမ္းေထာင့္ခ်ိဳးအေရာက္ ႐ွီ႐ွန္းေၾကာင့္ျဖစ္ခဲ့တဲ့က်င္းနက္ႀကီးကို ယြီေ႐ွာင္ခ်ီတစ္ေယာက္ ေတြ႕လိုက္ရေတာ့တယ္။ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး က်င္းအနီးအနားကိုသြားကာ စပ္စုလိုက္တယ္။

‘ဒီတြင္းႀကိးက ဘာလို႔ဒီေနရာမွ႐ွိေနရတာလဲ..?’

ယြီေ႐ွာင္ခ်ီက က်င္းထဲကိုငုံၾကည့္လိုက္ေပမယ့္ အရမ္းနက္႐ိႈင္းတာကလြဲရင္ ဘာမွ႐ွိမေနခဲ့ဘူး။

“အရမ္းထူးဆန္းတာပဲ..”

ယြီေ႐ွာင္ခ်ီလည္း ထိုက်င္းကိုဂ႐ုမစိုက္ေတာ့ပဲ သန္႔႐ွင္းေရးစလုပ္လိုက္တယ္။ ေကာင္းကင္မွာအေမွာင္ထုလႊမ္းမိုးလာေတာ့မွ သန္႔႐ွင္းေရးလုပ္တာၿပီးသြားေတာ့တယ္။

ဒါနဲ႔ အ႐ွင္သခင္ခ်င္းဟန္က သူမအတြက္ ေနစရာမေပးရေသးဘူးပဲ။

ယြီေ႐ွာင္ခ်ီက ခ်င္းဟန္ကိုသြား႐ွာဖို႔ ဆုံးျဖတ္လိုက္တယ္။ ခ်င္းဟန္ရဲ႕အခန္းအျပင္ကိုေရာက္ေတာ့ အခန္းထဲမွာမီးလင္းေနတာကို ေတြ႕လိုက္ရတယ္။ ယြီေ႐ွာင္ခ်ီက ဂ႐ုတစိုက္အနားကပ္သြားလိုက္ၿပီး..

“အ႐ွင္သခင္.. အခန္းထဲမွာလား..?”

“ဘာကိစၥလဲ..?”

“ကြၽန္မအတြက္ ေနစရာမေပးရေသးလို႔ပါ..”

အခန္းက အေတာ္ၾကာေတာင္တိတ္ဆိတ္သြားခဲ့ၿပီး..
“လန္ယြဲ႕ခန္းမေဘးနားက အခန္း..”

‘လန္ယြဲ႕ခန္းမ..?’

ယြီေ႐ွာင္ခ်ီေတြးၾကည့္လိုက္ေတာ့ အခုေလးတင္ အဲ့နားေရာက္ခဲ့ေသးတာပဲ။ လန္ယြဲ႕ခန္းမက သူမ,မဖတ္တတ္တဲ့စာအုပ္ေတြနဲ႔ ျပည့္ႏွက္ေနတယ္။ လန္ယြဲ႕ခန္းမေဘးကအခန္းဆို အရမ္းေဝးတာပဲ။

ယြီေ႐ွာင္ခ်ီလည္း အထြန္႔မတက္ရဲတာေၾကာင့္ ႐ို႐ိုေသေသျပန္ေျဖလိုက္တယ္။

“ဟုတ္ကဲ့ပါ..”

…………………………….

Translated by Melinoe_Megami

Continue Reading

You'll Also Like

726K 32K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
380K 62.7K 105
ဝတၳဳေပါင္း ဇာတ္​လမ္​းေပါင္​း ေျမာက္​မ် ားစြာကေန ျဖစ္​ေပၚလာတဲ့ ေလာကေတြ ကမၻာေတြဆီကို သြားလို႔ရတယ္​လို႔ စိတ္​ကူးၾကည္​့ပါလား။ သင္​သာဆိုရင္​ ဘယ္​ဇာတ္​ရုပ...
380K 51K 59
Author(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿...
19.6K 1K 5
Author : Celine Gu Xi Jue Short chinese story Not Mine Myanmar Translation (Zawgyi&Unicode) 5July-8July(2020)