Green Eye(complete)
由 LahPhan_85
3M 263K 43.6K
!အမှန်တော့ မင်းက ကိုယ်အမြဲတမ်း အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင် ပျော်ရွှင်ခြင်းလေးပါ... ... 更多
part 1
part 2
part 3
part 4
part 5
part 6
part 7
part 8
part 9
part 10
part 11
part 12
part 14
part 15
part 16
part 17
part 18
part 19
part 20
part 21
part 22
part 23
part 24
part 25
part 26
part 27
part 28
part 29
part 30
part 31
part 32
part 33
part 34
part 35
part 36
part 37
part 38
part 39
part 40
part 41
part 42
part 43
part 44
part45
Final
ကျေးဇူးတင်လွှာ
💚💚💚
part 13
58.3K 4.9K 637
由 LahPhan_85
"ဟုတ်ပြီ တွန်း တွန်းချ..."
ဟုတ်ပြီ ညှစ် ညှစ်ထား.."
"ကလေးက အသက်မပါဘူး...."
"ကလေး ကျွန်တော့် ကလေး..."
"အဲ့..အဲ့ အူဝဲ အူဝဲ အူဝဲ..."
.
.
.
"ဘာလဲ..."
"ဟာ ဟေ့ ဘာလုပ်တာလဲ..."
.
.
.
"ဘာ...လဲ.."
"လှလို့လေ..."
"အား စောက်ရမ်းအေးတယ်ဟ..."
"ဆပ်ပြာဘူး တချက်....."
"မင်းကောင် မာနေပြီ..."
"အ့....."
"xီးလား ဟန်စစ်နိုင်း.."
"အ့..."
"အ့...ဟင်း.."
"စိတ်လျှော့ထား ဘေဘီ.."
"အ့...အင့်..ဟင်း"
"ဟား...."
"အ့..မြန်မြန်လေး..fuck!"
"ကောင်းလား...."
"ကောင်းတယ်...အ့.."
"ကိုကိုလို့ခေါ်ပေး..."
.
.
.
"ဟွန်း!"
"အ့..!"
"ထပ်လုပ်ကြရအောင်..."
📌စာမေးပွဲ ကိစ္စလေးရှိနေလို့ နောက်ထပ်Updateက အင်္ဂါနေ့ သို့မဟုတ် ဗုဒ္ဓဟူးနေ့မှ ဖြစ်ပါလိမ့်မယ်
#LahPhan
📌ရေတံခွန် စမ်းချောင်း
Unicode
"ဆရာဝန်တွေပါလာတာလား လာ လာ..."
ကုန်းမြင့်မြင့်ပေါ်မှ အိမ်လေးကို ရောက်တော့ သက်လတ်ပိုင်းအရွယ် ဓနုအမျိုးသမီး တစ်ယောက်က ဆိုလာမီးအိမ်လေးဆွဲကာ ထွက်ကြိုလေသည်။တကျွီကျွီ မြည်နေသော ဝါးကြမ်းခင်းကို နင်းဖြတ်ကာ
အိမ်အနောက်ရှိ မီးနေခန်းထဲသို့ တစ်ခါထဲတန်းဝင်ခဲ့တော့ မိန်းမငယ်တစ်ဦး၏ နာကျင်မှုကြောင့် ငြီးငြူနေသော ခပ်ဖျော့ဖျော့ အသံကိုသာ ကြားလိုက်ရ၍ စစ်နိုင်း စိုးရိမ်သွားကာ ခြေလှမ်းတို့ကို ပို၍သွက်အောင် လှမ်းမိတော့သည်။
"ဆရာဝန် ရောက်ပြီဝေ့ နန်းပုံ အားတင်းထား နင့်ယောက်ျား ဆရာဝန် ခေါ်လာခဲ့ပြီ"
ဝါးထရံကာ နောက်ဖေးခန်းလေးရဲ့ ဆိုလာမီးအိမ် ပြပြအောက်မှာ လူနာက ဖြူဖျော့နေပြီ ဖြစ်လေသည်။အချိန်မဆွဲတော့ပဲ ဆေးချိတ်တန်တာချိတ် လိုအပ်တဲ့ဆေးတွေထိုးဖြင့် လိုအပ်တာအားလုံး လုပ်ကိုင်ပေးပြီးသွားတော့ ဆောင်းညအလယ်ကြီး စစ်နိုင်း၏နဖူးမှာ ချွေးစေးတို့ ပျံနေပြီဖြစ်လေသည်။
"ဒီအတိုင်း အဆင်ပြေပါ့မလား ခွဲမှရမယ်ထင်တယ်..."
ဘေးနာမှာ လိုအပ်တာကူညီ လုပ်ကိုင်ပေးနေရင်း ဒေါန ပြောတော့ စစ်နိုင်းက ခေါင်းကိုခါယမ်းကာဖြင့်...
"မဖြစ်ဘူး အခုခွဲလိုက်ရင် နောက်ကလေးကျ သူခွဲမွေးရမှာ အဆင်မပြေနိုင်ဘူး"
စစ်နိုင်းပြောတာလည်း မှန်သည်။တစ်ခါခွဲမွေးပြီး နောက်ထပ်ခွဲမွေးဖို့ဆိုတာက ဒီဒေသမှာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာ။ဒေါနတွေးနေတုန်း စစ်နိုင်းက နောက်ထပ်ဆေးတစ်လုံး ထပ်ချိတ်သည်။
"နန်းပုံ နန်းပုံ ဟဲ့ သတိထား ဆရာ ဆရာ လုပ်ပါအုံး.."
အော်သံတွေ ညံထသွားတော့ စစ်နိုင်း ကမန်းကတမ်း လူနာ၏မျက်လုံးအား ဖြဲကြည့်စစ်ဆေးပြီးမှ နောက်ထပ်ဆေးတစ်လုံး ထပ်ထိုးကာ...
"မင်း အပေါ်ကနေ တွန်းချပေး..."
ကလေးအဖေက ယောင်တောင်တောင် ခြေမကိုက်မိလက်မကိုင်မိ ဖြစ်နေတာမလို့ ဒေါနကိုယ်တိုင်ပဲ မိန်းကလေး၏ ခေါင်းရင်းဖက်သို့ တက်ထိုင်ကာ ဝမ်းဗိုက်ဖောင်းဖောင်းကို ခြေကန်တွန်းချရသည်။ထိုအခါမှ ကလေးအဖေကလည်း ဘေးနားရောက်လာကာ ဝိုင်းတွန်းလေသည်။
"ဟုတ်ပြီ တွန်း တွန်းချ..."
ကလေးခေါင်းဝက ပြူနေပေမဲ့ မိခင်က ညှစ်အားနည်းနေပြီမလို့ ကလေးက အပြင်သိုု့မထွက်နိုင် ဖြစ်နေသည်။ဗိုက်ကို အပေါ်ကတွန်းချနေတုန်းမှာပဲ ကလေးအမေက ဆေးအရှိန်ကြောင့် သတိပြန်လည်လာပြီ ဖြစ်သည်။
"နန်းပုံ နည်းနည်းညှစ်လိုက် နင်နည်းနည်းအား စိုက်လိုက်.."
"နည်းနည်းအားစိုက် ညှစ်လိုက် ဟုတ်တယ် ညှစ်ညှစ်.."
"နည်းနည်း အားစိုက်တွန်းပေး တွန်း တွန်း..."
စစ်နိုင်းက ကလေးထွက်လာမှာကို အဆင်သင့် စောင့်နေတုန်း ဒေါနကိုလည်း အားစိုက်တွန်းချဖို့ ဆော်သြနေသေးသည်။အိမ်နောက်ဖေး မီးဖိုခန်းလေးထဲမှာ ကလေးမိခင်၏ မာန်တင်းသံ အမျိုးသမီးကြီးများ၏ အားပေးသော ညာသံတို့ဖြင့် ဆူညံလှုပ်ရှားနေလေတော့လေသည်။
"နန်းပုံ ညှစ်လိုက် သမီး ညှစ်လိုက် ဒီတစ်ခါပဲ အားစိုက်ညှစ်လိုက်
ဟုတ်ပြီ ညှစ် ညှစ်ထား.."
ကလေးမိခင်ကတော့ နှုတ်ခမ်းတွေ ဖြူဖျော့ကာ အသံပင်ဟဟ မထွက်နိုင်တော့ပေမဲ့ ဘေးမှ အမျိုးသမီးကြီးများ၏ ညာသံပေး ဆော်သြမှုကြောင့်ထင် လက်ကျန်အားကို အကုန်သုံးကာ အားစိုက်ညှစ်ရှာသည်။ဒေါနလည်း အားအကုန်သုံးကာ ဝမ်းဗိုက်ဖောင်းဖောင်းအား တစ်ပြိုင်တည်း ခြေကန်တွန်းထုတ် ပေးလိုက်တော့သည်။
"မွေးပြီ မွေးပြီ ကလေးထွက်လာပြီ..."
ထိုအခါမှပဲ မိခင်သည်လည်း စိတ်လျှော့လိုက်သလိုမျိုး သတိလစ်မေ့မျော သွားသလို ဒေါနလည်း တာဝန်တစ်ခု ပြီးမြောက်သွားသလို ခြေပစ်လက်ပြစ် ထိုင်ချမိပြီး နဖူးပေါ်မှ ချွေးစတို့ကို လက်ဖြင့်တို့သုတ် ဖြစ်လေတော့သည်။
"ကလေးက အသက်မပါဘူး...."
"ကလေး ကျွန်တော့် ကလေး..."
အမျိုးသမီးကြီးများ၏ စကားသံရယ် ဖခင်ဖြစ်သူရဲ့ ကြေကွဲဆို့နင့်နေတဲ့ အသံရယ်ကြောင့် ဒေါန ခြေပစ်လက်ပစ် ထိုင်ချနေပြီးတော့မှ ခါးပြန်မတ်သွားရကာ စစ်နိုင်း၏ နံဘေးသို့ ချက်ချင်းရောက်သွား ရတော့သည်။
"ဘာဖြစ်တာလဲ ကလေးက ဘာဖြစ်လို့လဲ..."
ဒေါန အသံတုန်တုန်ဖြင့် စစ်နိုင်း၏လက်ထဲမှ အချွဲအကျိများ သွေးများဖြင့် နီရဲပြာစုတ်နေသော လူသေးသေးလေးကို ကြည့်ကာ မေးမိသည်။
"ရေမွှာပေါက်တာ အချိန်ကြာသွားလို့ ရေမွှန်းသွားတာ.."
စစ်နိုင်း၏ ခြောက်ကပ်ကပ် အဖြေစကားကို ဒေါန လက်မခံနိုင်စွာ ခေါင်းကိုခါယမ်း၍ လူသေးသေးလေးကို စိုးရိမ်ထိတ်လန့်စွာ ကြည့်ရင်း စစ်နိုင်း၏ လက်မောင်းအား ဆွဲလှုပ်ခါကာ
"လုပ်လေ ခင်ဗျား တစ်ခုခုလုပ်လေ ခင်ဗျား ဆရာဝန်မဟုတ်ဘူးလား ဒီအတိုင်း ဒီအတိုင်းကြီး မရဘူးလေ ကိုနိုင်း ခင်ဗျားတစ်ခုခု လုပ်လို့..."
ဒေါနအသံတွေပါ တုန်ပြီး မျက်ရည်တွေပါ အလိုလို ရစ်ဝဲလာရတော့သည်။ဒီကလေးလေးကို သူတကယ် အသက်ရှင်စေချင်တယ်။သူကိုယ်တိုင် ကိုယ်ကျ လက်တွဲခေါ်လိုက်တဲ့ သက်ရှိကလေးကို ကမ္ဘာလောကကြီးထဲမှာ ကောင်းကောင်းမွန်မွန်လေး ရှင်သန်စေချင်သေးတယ်။
ဒေါန၏ အသံတွေ တုန်နေယုံမက နှုတ်ခမ်းလေးတွေ လှုပ်ခတ်တုန်ယင်နေတာကိုပါ မြင်လိုက်ရတော့ စစ်နိုင်း သက်ပြင်းကို အသာရိုက်ပြီးမှ လက်ထဲမှ ကလေး၏ ခြေထောက်နှစ်ချောင်းကို ဆွဲကိုင်ပြီး ဇောက်ထိုးအနေအထား ရှိစေလိုက်လျှက် ကလေး၏ ကျောကို ခပ်ဆတ်ဆတ်လေး ရိုက်ပုတ်ပေးလိုက် သော်လည်း ကလေးကတော့ တုံ့ပြန်မှုတို့ ရှိမလာပဲ အချည်းအနှီးသာ။မျှော်လင့်ချက် အပြည့် မျက်ဝန်းတွေကို စစ်နိုင်း စိတ်မကောင်းစွာ ကြည့်၍ ခေါင်းခါယမ်းပြတော့...
"ဟင်အင်း ထပ်လုပ်ကြည့်ပါအုံး ကိုနိုင်း ထပ်ကြိုးစားကြည့်ပါအုံး သူ သူ အသက်ရှင်မှာပါ ထပ်လုပ်ကြည့်ပါအုံး..."
စစ်နိုင်း၏ လက်ထဲမှ ကလေးလေးကို ထိကိုင်တော့မလို ဖြစ်သွားလိုက်ဖြင့် ဆောက်တည်ရာမရ ဖြစ်နေတာကို ကြည့်ပြီး စစ်နိုင်း ပင့်သက်ရှိုက်မိသည်။သူ့ရဲ့ ပထမဦးဆုံး လူနာကို လက်လွှတ်လိုက်ရတုန်းကလည်း သူဒီလို ဆောက်တည်ရာမရ ခံစားခဲ့ရဖူးတယ် မဟုတ်လား။ဒေါန၏ ယခုခံစားချက်ကို သူနားလည်နေသောကြောင့် စိတ်ကျေနပ်သွားအောင် နောက်ထပ်တစ်ခါ ကလေး၏ ကျောကို ခပ်ဆတ်ဆတ် ပုတ်လိုက်တော့...
"အဲ့..အဲ့ အူဝဲ အူဝဲ အူဝဲ..."
ညအမှောင်ယံမှာ ကျယ်လောင်သော ကလေးငိုသံက ဆူဆူညံညံ ထွက်ပေါ်လာလေတော့သည်။အားလုံးရဲ့ မျက်နှာတွေ ဝင်းပတောက်ပ သွားသလို ကလေးအဖေ ကိုယ်တိုင်လည်း မျက်ရည်လည်ရွှဲဖြင့်။ဒေါနသည်လည်း မျက်ရည်တွေကြားက အသံထွက်သည့်အထိ ပြုံးရယ်နေသလို သူကိုယ်တိုင်လည်း မျက်ရည်ဝဲကာ ပြုံပျော်ကြည်နူးနေခဲ့တာ သေချာလေသည်။
အမေရော ကလေးရော စိတ်ချသွားရသွားတော့ နံနက်၁နာရီ ထိုးလေပြီ ဖြစ်လေသည်။ထိုညက ၃ယောက်သား ထိုဓနုအိမ်လေးမှာပဲ ညအိပ်ဖြစ်လေတော့သည်။
.
.
.
ညတုန်းကတော့ စိုးရိမ်စိတ် ဇောတွေဖြင့် ရာသီဥတုအအေးဒဏ်ကိုတောင် ဂရုမစိုက်နိုင်ခဲ့။အိမ်ရှင်တွေပေးတဲ့ ဖျင်ကြမ်းစောင်ကြီးအား နှစ်ယောက်အတူ တိုးဝှေ့ခြုံရင်း မနက်လင်းတော့ စစ်နိုင်း၏ရင်ခွင်ထဲမှာ တိုးအိပ်ဖြစ်နေတာပဲ ဖြစ်သည်။
အိပ်ရာကနိုးတော့ အိမ်ရှင်တွေ ဧည့်ခံတဲ့မနက်စာ ခေါပုပ်နှင့်ရေနွေးကြမ်းကို စားသောက်ကြသည်။ကလေးက အသားဝါချင်သလို ဖြစ်နေတာမလို့ စစ်နိုင်းက ထားခဲ့ပြီးပြန်ဖို့ စိတ်မချနိုင် ဖြစ်နေလေသည်။နောက်ဆုံးတော့ ကိုလူခေးတစ်ယောက်ပဲ ရွာသို့ပြန်ဖို့ ဖြစ်သွားကာ ဒေါနကလည်း စစ်နိုင်းကို အဖော်လုပ်၍ ကလေးကိုတစ်ရက် နှစ်ရက်လောက်တော့ စောင့်ကြည့်ကုသပေးဖို့ ဆုံးဖြတ်လိုက်ကြတော့သည်။
မနက်စားပြီးတော့မှ ခြေဆန့်လက်ဆန့် အိမ်အောက်ဆင်းခဲ့တော့ ရင်သပ်ရှုမောဖွယ် မြင်ကွင်းများအား တွေ့လိုက်ရတော့သည်။အိမ်လေးက တောင်ကုန်းမို့မို့လေးပေါ်မှာ ရှိနေတာမလို့ တောင်စောင်းတစ်လျှောက်မှာ စိမ်းစိမ်းစိုစို ဂေါ်ဖီစိုက်ခင်းတွေက တမျှော်တခေါ်။ပြီးတော့ ရှမ်းတောင်ရဲ့ ဆောင်းဦးသင်္ကေတဖြစ်တဲ့ နေကြာရိုင်းတွေကလည်း ကုန်းမြင့်ဆင်ခြေလျှော မြေသားလမ်းလေးရဲ့ တစ်ဖက်တစ်ချက်စီမှာ ဝါဝါထိန်နေသည်။
ပတ်ဝန်းကျင်တစ်ခွင်လုံး နှင်းငွေ့မြူတွေဖြင့် အုံ့ဆိုင်းအေးစိမ့်လို့ နေလေသည်။စစ်နိုင်း အခါးရည်ခွက်ကို လက်မှကိုင်ကာ အိမ်ပေါ်မှလိုက်ဆင်းခဲ့ရင်း ကုန်းမြင့်တစ်နေရာရှိ ခုံတန်းလေးပေါ်မှာ အေးအေးလူလူ ထိုင်၍ ဆေးလိပ်ဖွာနေသော ဒေါနရှိရာသို့ လျှောက်လာခဲ့လိုက်တော့သည်။
"ဘယ်ရည်းစားကို လွမ်းနေတာလဲ.."
ပြောရင်းဖြင့် ဘေးနားသို့ကပ်၍ ဝင်ထိုင်တော့ ဒေါနက အရေးမပါတာတွေဟူသော အဓိပ္ပါယ်ရသည့် မျက်နှာပေးမျိုးဖြင့် စောင်းကြည့်ပြီးမှ ရှေ့သ်ု့ိ ပြန်လှည့်သွားတော့သည်။ဘေးတစောင်း မြင်နေရတဲ့ နှာခေါင်းထိပ်ဖျားလေးတွေက အအေးဒဏ်ကြောင့် ပို၍ရဲနေကာ နဂိုပန်းသွေးပြေးနေတက်သော နားရွက်ဖျားလေးတွေကလည်း အရောင်ပို့ရင့်နေလေသည်။စစ်နိုင်းက လက်ထဲမှပါလာသော ခေါင်းစွပ်ကို စွပ်ချပေးလိုက်တော့....
"ဘာလဲ..."
ဒေါနက ဘာလဲဆိုတာကို အသံရှည်ဆွဲပြော၍ မကြိုက်ကြောင်းပြကာ ခေါင်းကို စောင်းငဲ့ရှောင်ပေမဲ့ စစ်နိုင်းက အမိအရလည်ပင်းကို ဖမ်းဆွဲကာ ခေါင်းစွပ်ကိုရအောင် စွပ်ချပေးသည်။ထိုမျှနှင့် အားမရနိုင်သေးပဲ လည်ပင်းမှ မာဖလာကိုဆွဲဖြုတ်ကာ ဒေါန၏ လည်တိုင်၌ သေချာလေးပုံကျအောင် ပတ်ထွေးပေးပြီးမှ...
"အေးတယ် ကိုယ့်ရဲ့ အစာလေး အအေးမိလို့ မဖြစ်ဘူး"
စစ်နိုင်း၏ စကားကြောင့် ဒေါန မျက်ခုံးတို့ တွန့်ချိုးသွားရတော့သည်။
!စလာပြီ စောက်ရူးစကားတွေ ဘာဖြစ်ချင်နေတာလဲ ဆိုပြီး စောက်ခွက်ကို လေးငါးချက်လောက် ဆင့်ထိုးလိုက်ရရင် ကောင်းမလားပဲ!
ဒေါနက ခပ်ချဉ်ချဉ်တွေးရင်းဖြင့် လည်ပင်းမှ မာဖလာကို ဆွဲဖြုတ်ဖို့ ကြိုးစားတော့ စစ်နိုင်းက ဒေါန၏ လက်အားဆွဲဖမ်းလိုက်ကာ...
"အေးနေလို့ ဝတ်ထားပေးတာ ဘာဖြစ်နေတာလဲ.."
"ခင်ဗျားကရော ဘာလာဖြစ်နေတာလဲ အေးတော့ဘာဖြစ်လဲ ခင်ဗျား မာဖလာကြီး လာချွတ်ပေးပြီး နုယွနေရအောင် မိန်းမမဟုတ်ဘူး ယောက်ျားချင်းတူတူပဲ သိထားဖို့.."
ပြောရင်းဖြင့် ဒေါနက မာဖလာကို ဇွတ်ဆွဲဖြုတ်တော့ စစ်နိုင်းက ပြုံးစိစိဖြင့် ဒေါန၏လက်ကို ပိုတင်းအောင် ဆွဲထားလိုက်ပြီးမှ
"ယောက်ျားချင်းမလို့ ပုံစံတူပေမဲ့ ဆိုဒ်ကကွာတယ်လေ မင်းကပိုသေးတယ်.."
စစ်နိုင်း၏ အဓိပ္ပါယ်နှစ်ခွဖြစ်သော စကားကြောင့် ဒေါနမျက်နှာကြီး ဖြန်းကနဲဖြစ်သွားရသည်။ဘယ်လိုဖြစ်ဖြစ် ဒီလိုအပြောခံရတာဟာ သူ့ရဲ့ယောက်ျားမာနကို ထိခိုက်တယ်မဟုတ်လား။အမြဲတမ်း သူ့ရဲ့အရည်အချင်းကို သူဂုဏ်ယူခဲ့ရတာ။သူ့ကြောင့် သေလောက်အောင်ကောင်းတယ်လို့ အော်ငြီးကြတဲ့ ကောင်တွေချည်းပဲ။ဒီလူနဲ့ကျမှ သူ့မာနတွေ ထိခိုက်လိုက်ရတာ။တစ်ခါလောက် သူ့အောက်မှာနေလိုက်ရတာနဲ့ပဲ ကိုယ်က သူတသက်လုံး ယုယစရာ အားနွဲ့တဲ့ကောင်ကျလို့။တွေးရင်းဖြင့် ဒေါန၏ မေးကြောတို့ တင်းကနဲ ဖြစ်သွားရပြီးမှ
"ဆိုဒ်ကွာလည်း စိတ်ပါရင် သိပ်မကြာဘူး ခင်ဗျားကို xင်ပြန်ချလို့ရတယ် သဘောပေါက်.."
လက်ထဲမှ မာဖလာကို ပစ်ပေါက်ပေးရင်း ဒေါန ခပ်ဆတ်ဆတ်ပြောတော့ စစ်နိုင်းသဘောကျစွာ တသောသော ရယ်မောကာ..
"ဟေ့ ဟေ့ ဘာလို့ဖြစ်ချင်တာတွေ လိုက်တွေးနေတာလဲ ဆိုဒ်ကွာတယ်ဆိုတာ မင်းက ကိုယ့်ထက် ခန္ဓာကိုယ်အရွယ်အစား ပိုညှက်တာကို ပြောတာ စောစောစီးစီးကွာ မင်းအတွေးတွေက ဟား ဟား ဟား.."
ပြောနေရင်းဖြင့် စစ်နိုင်းက ဝါးလုံးကွဲ ရယ်ချသည်။
!ကိုယ်ကပဲ တွေးရတယ်ရှိသေး။တွေးချင်လာအောင် ပြောနေခဲ့တာက သူမဟုတ်ဘူးလား!
ဒေါန ဒေါသတွေ တလိပ်လိပ်တက်လာကာ လက်သီးတွေ တကယ်ပဲယားလာရတော့သည်။ဒေါသတွေကို ထိန်းချုပ်ကာ နေရာမှ ထရပ်၍ အနီးရှိ ရေအိုးစင်လေးမှ ရေကိုခပ်ယူပြီး ခုံတန်းလေး၌ ပြန်ထိုင်ချကာ ဒေါသတွေကို ရေနဲ့မျှောချဖို့ ကြိုးစားတော့ စစ်နိုင်းက ဒေါန၏ လက်အား ပြန်ဆွဲထားကာ...
"ဟေ့ သန့်လားမသန့်လား မသိပဲနဲ့ ရေနွေးပဲသောက်.."
စစ်နိုင်း၏ စကားကြောင့် ဒေါန သက်ပြင်းကိုသာ ဆောင့်ချမိသည်။ဒီမိုးကျရွှေကိုယ်နဲ့ကတော့ ဘာမှပြောမကောင်း ဆိုမကောင်း။
"ရေစိမ်းဆိုတာ သေချာမသန့်ထားရင် ရောဂါပိုးမွှားတွေချည်းပဲ ကျိုထားတဲ့ရေပဲသောက် အန္တာရယ်ကင်းတယ် ပြီးတော့ ဒီလောက်အေးနေတာ ရေအေးကြီး မသောက်နဲ့.."
အမိန့်ပေးပြီး ဆရာလုပ်ရတာ တော်တော်ဝါသနာ ကြီးပုံရသည်။ဒေါနဆိုတာကလည်း ဘယ်တုန်းထဲကမှ ရေနွေးဆိုတာကို သောက်တက်တဲ့ သူမဟုတ်။ရေငတ်ပါတယ်ဆိုမှ ပူပူလောင်လောင်ရေကြီးကို ရူးနေလို့ မြိုချရမှာလား။ဒေါန တွေးရင်းဖြင့် စစ်နိုင်း၏ လက်ထဲမှ ရေနွေးခွက်အား ဆွဲယူကာ ခပ်ယူခဲ့သော ရေအေးဖြင့် ရောစပ်လိုက်တော့...
"ဟာ ဟေ့ ဘာလုပ်တာလဲ..."
"ခင်ဗျားပဲ ရေစိမ်းဆို ရောဂါပိုးမွှားပါတယ်ဆို အခုလိုရေပူပူလောင်းထည့်လိုက်တော့ ပိုးတွေသေကုန်ရောပေါ့..."
ပြောရင်းဖြင့် ဒေါနက ရေကိုဂွက်ကနဲ မော့သောက်ပစ်တော့ စစ်နိုင်း ဘာပြန်ပြောရမလဲတောင် မသိတော့။
!ဒေါနဆိုတာ အဲ့ဒီလို ဂွတီးဂွကျ ဂဏန်းကောင်ပါဆို!
.
.
.
"ရှေ့နားဆို ရောက်လောက်ပါပြီ.."
စစ်နိုင်းက ဆင်ခြေလျှောလေး အတိုင်းရှေ့မှ ဆင်းသွားနေရင်း ပြောသည်။နှစ်ယောက်သား နေ့ခင်း၁၂နာရီ ထိုးမှပဲ ရေချိုးဖို့စဉ်းစားရဲသည်။ရေချိုးရမဲ့ စမ်းချောင်းနေရာက တောင်ကုန်းအနောက်ဖက်ခြမ်းရှိ ဆင်ခြေလျှောလေး အတိုင်းဆင်းသွားရသေးသည်။ကလေးအဖေက လိုက်ပို့ပေးမည် ဆိုသော်ငြားလည်း စိုက်ခင်းထဲ ပြန်သွားရအုံးမှာမလို့ လမ်းမေးပြီးတော့ နှစ်ယောက်သား ကိုယ့်ဖာသာပဲ ထွက်ခဲ့ကြတာ ဖြစ်သည်။
"ခဏ..အဲ့အတိုင်း ရပ်နေအုံး.."
"ဘာ...လဲ.."
လူက လမ်းလျှောက်ရတာ မောရတဲ့အထဲ ရစ်နေတော့ စိတ်ကမရှည်။စစ်နိုင်းက ခါးကြားမှ ဖုန်းကိုဆွဲထုတ်ကာ နေကြာရိုင်းတွေ နောက်ခံထားသော ဒေါန၏ ပုံရိပ်အား တဖြတ်ဖြတ် ရိုက်ယူနေတော့...
"ခင်ဗျား တော်တော်ပျော်နေတယ် ဟက်လား.."
"လှလို့လေ..."
ပြောရင်းဖြင့် စစ်နိုင်းက အနားသို့ရောက်လာကာ ဒေါန၏ လက်အား ဆွဲယူပြီး နေကြာရိုင်းတွေကြား လက်ကိုပုံစံအမျိုးမျိုး အနေအထားအမျိုးမျိုးဖြင့် ဓာတ်ဖမ်းနေပြန်သည်။စကားတွေလည်း ခပ်များများ မပြောချင်တော့တာမလို့ ဒေါန ပါးစပ်ကိုသာ ပိတ်ထားလိုက်ရတော့သည်။အတော်လေး လမ်းလျှောက်ပြီးတော့မှ စမ်းချောင်းလေးဆီသို့ ရောက်သည်။ဘယ်နေရာက မြစ်ဖျားခံလားလည်း မသိပေမဲ့ ရေကတော့ ခါးစောင်းလောက်ထိ နက်လေသည်။တောရိပ်တောင်ရိပ်ကြောင့်ရယ် ကျောက်ကြားမှာဖြတ်သန်း စီးဆင်လာတာကြောင့်ရယ်မလို့ ရေကကြည်လင် အေးစိမ့်နေလေသည်။
"အား စောက်ရမ်းအေးတယ်ဟ..."
ဒေါနက အကျႌကိုချွတ်၍ ပစ်ချကာ ရေထဲပြေးဆင်းသွားပြီးမှ အော်နေလေတော့ စစ်နိုင်း ခပ်ဟဟ ရယ်ကာ အနောက်မှ ဆပ်ပြာရည်ဘူးကို ကိုင်၍ ခပ်ဖြည်းဖြည်း လိုက်ဆင်းခဲ့တော့သည်။ရေက ကျဉ်စက်နဲ့တို့လိုက်သလိုမျိုး ခန္ဓာကိုယ့်ကို စိမ့်နေအောင်အေးလေသည်။ဒေါန၏ အသားအရည်က အအေးဒဏ်ကြောင့် ပြာမသွားပဲ ပို၍ပန်းရောင်ရင့်နေတော့ ကိုက်စားမြိုချပစ်ချင်စရာအတိ။ဒေါနက ရေထဲကို အသက်အောင့်၍ ငုံ့လျှိုုးပြီးမှ ဘွားကနဲ ပြန်ပေါ်လာကာ ရေစိုနေသော ဆံပင်တွေကို ခါယမ်းပစ်ပြီးမှ မျက်နှာကိုမော့ကာ အနောက်ဖက်သို့ သပ်တင်သည်။
မေးချွန်ချွန်လေး မှတဆင့် တစက်စက်ကျနေသော ရေစက်လေးတွေက လည်တိုင်ကျော့ကျော့ကို ဖြတ်သန်းကာ ပန်းသွေးပြေးနေသော ရင်ဘတ်လေးပေါ်သို့ တလိမ့်လိမ့် စီးဆင်းသွားတာကို ကြည့်ရင်း စစ်နိုင်း အာခေါင်တွေ ခြောက်လာရတော့သည်။လူသူကင်းမဲ့တဲ့ နေရာမှာ နှစ်ယောက်ထဲဆိုတဲ့ အသိကသူ့ရဲ့ စိတ်ရိုင်းတွေကို ပို၍နှိုးဆွနေသည့်နှယ်။တသွင်သွင် စီးနေတဲ့ စမ်းချောင်းလေးရဲ့ ဂီတကိုနားဆင်ရင်း ကမ္ဘာဦး၏အချစ်ပြဇာတ်ကိုသာ ကပြလိုက်ရလျှင် ဟူသောအတွေးကြောင့် အောက်ကကောင်က ချက်ချင်းမာလာရတော့သည်။
"ဆပ်ပြာဘူး တချက်....."
ဒေါနက အနောက်ဖက်သို့ ပြန်လှည့်ရင်း လက်ကမ်းပြီးမှ ချက်ချင်းကိုမြိုချ စားသောက်ချင်နေတဲ့ သားရဲတစ်ကောင်က အစာကိုမြင်တွေ့လိုက်ရ၍ တဖျတ်ဖျတ်လက်နေတဲ့ မျက်ဝန်းများကြောင့် ဒေါန၏ စကားတို့ တဝက်တပျက်ဖြင့် တန့်သွားရသလို ရုတ်တရက် ကြောင်အသွားရတော့သည်။
စစ်နိုင်းက ကမ်းလာသော ဒေါန၏လက်ထဲသို့ ဆပ်ပြာဘူးကိုထည့်ပေးရင်း ဒေါန၏ ကိုယ်လေးအား မိမိဖက်သို့ ယိုင်ကျလာအောင် ဆွဲယူလိုက်ပြီးမှ လက်တစ်ဖက်က ခါးလေးအား ထိန်းဖက်ကာ ကျန်လက်တစ်ဖက်က ဒေါန၏ လည်တိုင်အား ဆွဲကိုင်ထိန်းယူပြီးမှ နှုတ်ခမ်းလေးများအား ခပ်ဖွဖွစုပ်ယူနမ်းရှိုက်သည်။ရုတ်တရက် ထိုးစစ်ဆင်ခံလိုက်ရသလိုမျိုး ဒေါန အငိုက်မိသွားတော့ စစ်နိုင်း၏ ပူနွေးစိုစွတ်နေသောလျှာက အလွယ်တကူပဲ အာခံတွင်းထဲသို့ တိုးဝင်လာကာ လျှာဖျားချင်းထို့ထိ ကျီစယ်လို့နေသည်။တဖြည်းဖြည်းချင်း စတင်ခဲ့သော အနမ်းတို့က ဒေါနဆီမှ တုံ့ပြန်မှုတစ်စုံတစ်ရာ ရလာတာနှင့် အငမ်းမရစွာ ကြမ်းတမ်းလာကာ ဒေါနကို အသက်ရှုဖို့ အခွင့်အရေးတောင်မပေး။
ရေရဲ့အေးစိမ့်မှုတွေဟာလည်း ခန္ဓာကိုယ်ထဲမှ ထကြွလာသော အပူလှိုင်းများကြောင့် နွေးသွားသလိုမျိုး။စစ်နိုင်းက ဒေါန၏ ချောမွေ့နေသော ကိုယ်လေးအား ပွတ်သပ်နေရင်းဖြင့် တင်ပါးလုံးလုံးအိအိလေးများကို ဆုပ်ကိုင်ဖြစ်ညှစ်တော့ ဒေါန၏ အသက်ရှုသံတွေ ပို၍ပြင်းထန်လာရတော့သည်။
"မင်းကောင် မာနေပြီ..."
အနမ်းတို့ကို ခဏအမောဖြေရင်း ဖုဖောင်းနေသော ဒေါန၏အရာကို ဘောင်းဘီပေါ်မှနေ၍ ပွတ်သပ်ဆုပ်ကိုင်ရင်း စစ်နိုင်းကပြောတော့ ဒေါန မျက်နှာကြီး ဖြန်းကနဲဖြစ်သွားရတော့သည်။နားရွက်ဖျားလေးတွေ နီရဲနေသလို မျက်ခမ်းစပ်လေးတွေပါ နီရဲကာ လှုပ်ခတ်နေသော ဒေါနကြောင့် စစ်နိုင်း အံ့သြသွားရတော့သည်။
!ဒေါနက သူ့ကိုရှက်တယ်တဲ့လား..!
ထိုသို့တွေးမိတော့ ရင်ထဲမှာ ငြိမ့်ကနဲ ခံစားချက်တစ်ခုက ဖြတ်သန်းစီးဆင်းသည်။အတွေးနှင့်အတူ စစ်နိုင်း၏ နှုတ်ခမ်းတို့ ပြုံးသွားပြီးမှ ဒေါန၏ ဘောင်ဘီးလေးအား အသာအယာ ဆွဲတွန်းချွတ်ကာ ဒေါန၏ အရာကို ဆုပ်ကိုင်ပွတ်တိုက် ပေးလိုက်တော့...
"အ့....."
ဒေါနဆီမှ ငြီးငြူသံ ခပ်တိုးတိုးလေး ထွက်ပေါ်လာတော့သည်။စစ်နိုင်းက လက်ကိုပို၍မြန်အောင် အရှိန်တင်ပွတ်တိုက်ပြီးတော့မှ ဒေါန၏ လည်တိုင်တစ်လျေှုာက် အမှတ်အသားပြု နမ်းရှိုက်သည်။ပြီးမှ ဒေါန၏ နားရွက်ဖျားလေးအား မထိတထိ ခပ်ဖွဖွကိုက်ကာဖြင့်...
"ဘယ်လိုလဲ ကိုယ်တို့ ဆက်သွားကြမလား ဆန္ဒရှိရဲ့လား.."
စစ်နိုင်း၏ စကားကြောင့် မျောလွင့်နေသော ဒေါန၏ စိတ်တို့ထောင်းကနဲ ဖြစ်သွားရတော့သည်။ထကြွလာအောင် သူကအရင်လာဆွတာ မဟုတ်ဘူလား အခုမှ ကိုယ်ကပဲဆန္ဒရှိနေတယ်ဆိုတဲ့ ဒီဇိုင်းနဲ့
စောက်ရမ်း အကြောကြီးတဲ့ မအေဘေး...
"xီးလား ဟန်စစ်နိုင်း.."
စစ်နိုင်း၏ ရင်ဘတ်အား ခပ်ကြမ်းကြမ်း တွန်းထုတ်ကာ ဒေါနက ဒေါသေငွေ့ငွေ့ဖြင့် တစ်ဖက်လှည့်သွားတော့ စစ်နိုင်း ဟက်ကနဲရယ်ကာ နောက်ကျောမှ နေ၍ သိုင်းဖယ်တွယ်လိုက်ရင်း....
"ဟက် စိတ်လျှော့ပါ ဘေဘီရဲ့ မင်းမဆက်ချင်ရင်တောင် ကိုယ်ကဆက်မှာလို့ ပြောမလို့ပါ..."
စစ်နိုင်းက ပြောရင်းဖြင့် အနောက်မှနေ၍ ချယ်ရီသီးလေးများအား ဆုပ်ကိုင်ပွတ်ချေနေရင်း ဂုတ်သားလေးအား နမ်းရှိုက်ဖိကိုက်သည်။
ပေါင်တံအနောက်ဖက်မှာ လာထောက်နေသော စစ်နိုင်း၏ ပူနွေးမာကျောနေသော အရာကို ခံစားသိရှိမိချိန်မှာတော့ ဒေါန၏ စိတ်အစဉ်တို့ ပို၍ ထိန်းချုပ်မှုမဲ့သွားရတော့သည်။စစ်နိုင်းက ဒေါန၏ မျက်နှာလေးအား နောက်ပြန်လှည့်ယူရင်း နှုတ်ခမ်းတို့ကို ခပ်ကြမ်းကြမ်း နမ်းရှိုက်ပြီးမှ ပန်းရင့်ရောင်ပန်းပွင့်လေးအား နယ်ချဲ့သည်။
"အ့..."
တင်းကြပ်ပူးနွေးနေသော ပန်းပွင့်လေးက လက်ချောင်းတစ်ချောင်းကိုတောင်မှ ဝင်ခွင့်မပြုချင်သည့်ပုံ။စစ်နိုင်း နံဘေးရှိ ကျောက်တုံးပေါ်တင်ထားသော ဆပ်ပြာရည်ဘူးကို ဆွဲယူညှစ်ချပြီးမှ အပေါက်လေးအား ထပ်ချဲ့သည်။ဆပ်ပြာ၏ ချောကျိနေသော အကူအညီကြောင့် လက်ချောင်းက အလွယ်တကူဝင်သွားတော့သည်။လမ်းကြောင်းလေးကို တဖြည်းဖြည်း ချဲ့ထွင်နေတော့ ဒေါနဆီမှ ငြီးငြူသံလေးများ ထွက်ပေါ်လာတော့သည်။
"အ့...ဟင်း.."
"စိတ်လျှော့ထား ဘေဘီ.."
ဂုတ်ပိုးစပ်လေးအား အနမ်းပေးကာ ချော့မြှူရင်းဖြင့် နောက်ထပ်လက်တစ်ချောင်းကို  ထိုးသွင်းလိုက်တော့ ဒေါန၏ ခါးလေးကော့တက်သွားရကာ မျက်နှာလေးမော့သွားတော့ စစ်နိုင်းက နှုတ်ခမ်းလေးများအား ချော့မြှူသလို စုပ်ယူနမ်းရှိုက်သည်။လက်နှစ်ချောင်းစာအတွက် အပေါက်ငယ်လေးက တင်းကြပ်ပူနွေးနေဆဲ ဆိုတဲ့သဘောက ဒေါနဟာ သူကလွဲလို့ တခြားသူတွေနဲ့ ထပ်မထိတွေ့ရသေးဘူးဆိုတဲ့ သဘောပဲမဟုတ်လား။ဒီပန်းပွင့်ရပ်ဝန်းလေးဟာ သူ့တစ်ဦးထဲအတွက် သီးသန့်ဖြစ်တည်မှုလို့ တွေးမိတော့ အောက်ကကောင်က မာန်ဖီလာလေတော့သည်။စစ်နိုင်း အချိန်ထပ်မဆွဲတော့ပဲ ဆပ်ပြာရည်တချို့ မိမိကောင်ပေါ်၌ သုတ်လိမ်း၍ တစ်ချက်နှစ်ချက် ပွတ်ဆွဲပြီးတော့မှ ဒေါနအား ကျောက်တုံဖက်သို့ လက်ထောက်အားပြုစေကာ ချောမွေ့နေပြီ ပြီးသော ပန်းရောင်ရပ်ဝန်းလေးဆီသို့ တရစ်ရစ် တိုးဝင်နယ်ချဲ့ပစ်တော့သည်။
"အ့...အင့်..ဟင်း"
"ဟား...."
နွေးထွေးတင်းကြပ်နေသော ရပ်ဝန်းလေး၏ အထိအတွေ့က လူကိုရူးသွပ်စွာ အသံထွက် ငြီးသံပြုမိသည့်အထိ။ဖြူသွယ်သော ခါးလေးအား ဆွဲကိုင်ကာ အသွင်းအထုတ်ကို ဖြည်းဖြည်းချင်း ပြုလုပ်တော့
တင်ပါးလုံးလုံးလေးများ အိကနဲအိကနဲ လှုပ်ခါသွားပုံက ရှုမငြီးသော မြင်ကွင်းတစ်ခုလိုမျိုး။
"တင်းကြပ်နေတာပဲ fuck! စောက်ရမ်းကောင်းတယ် အ့ ဘေဘီ.."
စစ်နိုင်း နှုတ်မှထုတ်ဖော်ပြောကြားကာ အသွင်းအထုတ်ကို မှန်မှန်လုပ်နေရင်း ဖွေးနု၍ပန်းသွေးပြေးနေသော ကျောပြင်လေးအနှံ့ အမှတ်အသားပြုမိတော့သည်။ဖြစ်နိုင်ရင် ဒီကောင်လေးရဲ့ တစ်ကိုယ်လုံးကို နေရာအနှံ့ တံဆိပ်ခတ်နှိပ်ပစ်ချင်တယ်။
"အ့..မြန်မြန်လေး..fuck!"
ခန္ဓာကိုယ်ထဲမှာ တင်းကျပ်ပြည့်တင်းနေသော ခံစားချက်ကိုပဲ ဒေါနအားမရနိုင်စွာ နှုတ်မှထုတ်ဖော် တောင်းဆိုမိတော့ စစ်နိုင်း၏ကောင်က ပို၍ဖောင်းပွ ကြီးထွားမာကျောလာရသလို ဆောင့်ချက်တွေလည်း ပို၍ပြင်းထန်လာရတော့သည်။
"အ့..ဟုတ်တယ် အင့်..အဲ့နားလေး..ဟ!"
စစ်နိုင်းက အရှိန်ပြင်းပြင်း ဆောင့်ချက်များကို ခပ်သွက်သွက် လှုပ်ရှားရင်းနဲ့မှ ဒေါန၏လည်တိုင်အား လျှာဖြင့်လျှက်နေရင်းဖြင့်...
"ကောင်းလား...."
"ကောင်းတယ်...အ့.."
"ကိုကိုလို့ခေါ်ပေး..."
"xီးတောင် အ့ မခေါ်ဘူး အ့ ဟ့!"
ပြောရင်းဖြင့် စစ်နိုင်းက သူ့ကောင်ကို ဆွဲထုတ်ပြီးမှ အဆုံးစွန်ထိ ပြန်၍ တိုးဝင်ပစ်တော့ ဒေါန၏ ခါးလေး ကော့တက်သွားရပြန်လေသည်။မျက်ခမ်းစပ်လေးတွေ နီရဲကာ မျက်နှာလေးမော့ ပါးစပ်လေးခပ်ဟဟဖြင့် မျက်လုံးတွေမှေးစင်ကာ ငြီးသံပြုနေသော ဒေါန၏ပုံစံကြောင့် သူ့၏ခံစားချက်များ လေဟုန်စီး နေရလေတော့သည်။ရေစီးသံ ကျေးငှက်သံတို့နှင့်အပြိုင် အချိန်ကြာလာသည့်နှင့် အမျှ အသားချင်းရိုက်ခတ်သံ စိတ်ကျေနပ်စွာ ငြီးငြူးသံတို့က ပတ်ဝန်းကျင်မှာ ရှက်ရွံ့ဖွယ်ကောင်းစွာ ပျံ့လွင့်လို့နေလေတော့သည်။
အတွင်းပိုင်းသို့ ရောက်လေ ပို၍တင်းကြပ်စွာ စုပ်ယူဖျစ်ညှစ်လေ ဖြစ်နေသော ဒေါန၏ အတွင်းသားများကြောင့် စစ်နိုင်း တစ်ကိုယ်လုံးကျဉ်တက်သွားရကာ မကြာခင်မှာပဲ ဒေါန၏ အတွင်းထဲသို့ ထုတ်လွှတ်မိလေတော့သည်။
.
.
.
"ကိုယ်နဲ့နေပြီးထဲက တခြားဘယ်သူနဲ့မှ ထပ်မနေဖြစ်ဘူးလား.."
ရေတံခွန် စမ်းချောင်းဘေး ကျောက်တုံးပေါ်မှာ နှစ်ယောက်အတူ လဲလျောင်းအမောဖြေနေရင်း စစ်နိုင်းက ဒေါန၏ ပါးလေးအား ဖြတ်ကနဲ ဖိကပ်နမ်းကာ သူ့လက်ချက် အမှတ်အသားများ ပြည့်နေသော ရင်ဘတ်လေးအား ပွတ်သပ်ကိုင်တွယ်နေရင်း မေးတော့...
"အလုပ်ရှုပ်နေပြီး အဲ့ဒီဖက် အာရုံမရသေးလို့"
ဒေါနက မျက်ဝန်းတို့ကို မှေးမှိတ်ရင်း ပြန်ဖြေတော့ စစ်နိုင်းက နှုတ်ခမ်းတို့ကို တွန့်ကွေးပြုံးကာဖြင့်...
"ဟုတ်လား ကိုယ့်ကိုပဲ စွဲနေလို့ မဟုတ်ဘူးလား.."
"ဟွန်း! ကိုယ့်ကိုယ်ကိုယ် စောက်ထင်ကြီးတက်တာ ခင်ဗျားရဲ့ နာတာရှည်ရောဂါလား"
မျက်လုံးတွေ မှေးစင်းကာ ဒေါနက ခပ်ချဉ်ချဉ် အပြုံးများဖြင့်ပြောတော့ စစ်နိုင်းက ခပ်ဟဟ ရယ်ပြီးမှ....
"ကိုယ်တို့တွဲကြမလား ကိုယ်မင်းကို သဘောကျတယ်.."
စစ်နိုင်း၏စကားကြောင့် ဒေါန၏ ကိုယ်လေးဆတ်ကနဲ
တုန်ခါသွားရပြီး မျက်ဝန်းလေးတွေ တမျိုးတမည်ဖြစ်သွားတော့သည်။စစ်နိုင်းက သတိမပြုမိပဲ ဒေါန၏ နားသယ်စလေးအား ငုံ့နမ်းကာ...
"မင်းနဲ့fuckရတာ တော်တော်သဘောကျတယ် ပြောရရင် ကြုံခဲ့ရသမျှထဲ စိတ်ကျေနပ်စရာ အကောင်းဆုံး ခံစားချက်မျိုးပဲ.."
စစ်နိုင်းပြောရင်းဖြင့် ခပ်စိုက်စိုက်ကြည့်နေသော ဒေါန၏ မျက်ဝန်းစိမ်းလေးများအား ငေးကြည့်ပြီးမှ...
"ကိုယ်တို့တွဲရအောင် fuck buddyသဘောမျိုးလေ.."
"ဟွန်း!"
စစ်နိုင်း၏ စကားကြောင့် ဒေါန၏ မျက်ဝန်းတို့ စူးလက်သွားကာ ဖြူစင်နွေးထွေးမှု အပြည့်ရှိနေသော ရှင်းခန့်၏ ပုံရိပ်အား သတိရမိပြီး နှုတ်ခမ်းတို့ကို တွန့်ကွေး၍ ဟွင်းလား ဟွန်းလား မသဲကွဲသော အသံကို ပြုမိတော့သည်။ပြီးမှ လည်တိုင်တစ်လျှောက် ပွတ်တိုက်နမ်းရှိုက်နေသော စစ်နိုင်း၏ မျက်နှာအား ဆွဲမော့ယူကာ နှုတ်ခမ်းတို့အား ခပ်ကြမ်းကြမ်းနမ်းပစ်ပြီးမှ ကိုက်ချပစ်သည်။
"အ့..!"
နာကျင်သွားသောကြောင့် စစ်နိုင်းအသံထွက် အော်ငြီးမိကာ ဒေါန၏ မျက်နှာအား ပြန်ခွာပြီးမှ....
"ထပ်လုပ်ကြရအောင်..."
ပြောရင်းဖြင့် ဒေါန၏ အဖြေကိုမစောင့်တော့ပဲ အနမ်းတို့ဖြင့် အုံ့မိုးကျူးကျော်လာလေတော့သည်။ထိတွေ့လိုက်တာနှင့် နိုးထလာတဲ့ ဆန္ဒတွေကြောင့် ရေချိူးပြီး အိမ်အပြန်လမ်းကတော့ နောက်ကျတော့မှာ အသေအချာဖြစ်လေတော့သည်။
📌စာမေးပွဲ ကိစ္စလေးရှိနေလို့ နောက်ထပ်Updateက အင်္ဂါနေ့ သို့မဟုတ် ဗုဒ္ဓဟူးမှ ဖြစ်ပါလိမ့်မယ်
#LahPhan
📌ရေတံခွန် စမ်းချောင်း
继续阅读
You'll Also Like
298K 16.1K 53
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
121K 7.6K 35
" មិនថាមានរឿងអ្វីកើតឡើងក៏ដោយខ្ញុំនឹង នៅក្បែរអ្នក ការពារអ្នក រហូតដល់ថ្ងៃស្លាប់..."
113K 12.5K 110
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
403K 29.8K 33
PDF file available! including Extra 1+2 စိန်ပန်းတွေပွင့်တဲ့ နွေတစ်နေ့မှာ နှလုံးသားထဲ မြတ်နိုးမှုတို့ စတင်အမြစ်တွယ်ခဲ့ကြတယ်... အချစ်အကြောင်း‌ကောင်းကော...