"ေန႔လည္စာ ေရာက္ၿပီလား ကိုကို..."
"အခုပဲ လာပို႔သြားတယ္ ဒုကၡရွာလို႔ ညီရယ္ ေနာက္ဆိုရင္ တကူးတကေတြ မလုပ္ပါနဲ႔..."
"တကူးတက ဘယ္ဟုတ္ပါ့မလဲ ကိုကို႔ရဲ႕ မနက္က ႀကီးပုက ငါးရံံ႕အူေတြ ဝယ္ခဲ့ေတာ့ ကိုကိုႀကိဳက္တက္တာ သတိရလို႔ေလ.."
ရွင္းခန္႔က ေျပာေတာ့ စစ္နိုင္း ဖုန္းကို ဘက္ေျပာင္းကိုင္ရင္းျဖင့္ မွန္တံခါးအနီးသို႔ ရည္႐ြယ္ခ်က္ မရွိဘဲ ေလ်ွာက္လာခဲ့လိုက္ေတာ့သည္။အရင္ရက္ေတြကဆို ရွင္းခန္႔က ေန႔လည္စာခ်ိန္အမွီ ဆိုင္ကေန ေပါက္ခ်လာတက္သည္။ဒီေန႔ေတာ့ အလုပ္နည္းနည္းမ်ား၍ ေန႔လည္စာ အတူ မစားနိုင္ေတာ့ဟုဆိုကာ စစ္နိုင္းအတြက္ ေန႔လည္စာ ထမင္းခ်ိဳင့္ကို ေဆးရံုသို႔အေရာက္ စီစဥ္ ပို႔ေဆာင္ေပးေလသည္။
"ကိုယ္က ေဆးရံု ကန္တင္းမွာစားလည္း ျဖစ္ပါတယ္ ညီရယ္ ေနာက္ဆ္ို တကူးတကေတြ မလုပ္နဲ႔ ဝန္ပိုတယ္.."
စစ္နိုင္းေျပာေတာ့....
"ကိုကိုကေနာ္ ေစတနာနဲ႔ စားေစခ်င္လို႔ ပို႔ေပးတာကို လူကို စိတ္မေကာင္းေအာင္ ေျပာျပန္ၿပီ"
ဖုန္းထဲကေန ထြက္လာတဲ့ အသံေဖ်ာ့ေဖ်ာ့ေလးအရ ရွင္းခန္႔တို႔ နႈတ္ခမ္းေလးေတြ စုလံုးကာ မ်က္ေမွာင္ေလး တြန္႔ေနေတာ့မွာကို စစ္နိုင္း ေတြးမိလိုက္ၿပီးမွ ၿပံဳးမိကာ....
"ဟုတ္ပါၿပီကြာ ကိုယ္က ကိုယ့္အတြက္နဲ႔ ညီအလုပ္ရႈပ္မွာ စိုးတာပါ.."
"ရႈပ္စရာလား ဖုန္းေလးဆက္ၿပီး ၫႊန္ၾကားယံုေလးကို..."
ဖုန္းထဲမွ စူပြပြ ကေလးဆန္ဆန္ အသံေလးေၾကာင့္ စစ္နိုင္း မ်က္နွာမွာ ႏူးညံံ႕ျခင္းအရိပ္ေတြ မစဲေတာ့။ရွင္းခန္႔က ဟိုးငယ္ငယ္ေလးထဲက ႏူးညံ႕ေအးေဆးတဲ့ ေကာင္ေလး။ယခု အသက္၂၄စြန္းစြန္းမွာ ကိုယ္တိုင္ကိုယ္က် လုပ္ငန္းေတြကို ဦးစီးဦး႐ြက္ ျပဳေနတာေတာင္မွ မာန္ေတြမာနေတြျဖင့္ ထည္ေနတာမ်ိဳးမရွိ။ဟိုးယခင္ကအတိုင္း ေအးေအးေဆးေဆးသာ။သူ႔ကိုဆိုလည္း ငယ္စဥ္တုန္းကအတိုင္း ခင္တြယ္ေနတက္တာ အေျပာင္းအလဲမရွိ။
အေျပာင္းအလဲ မရွိဘူးဆိုလို႔ မဆီမဆိုင္ စူးရဲရန္လိုေနတက္တဲ့ အစိမ္းေရာင္ မ်က္ဝန္းေတြကို ျဖတ္ကနဲ သတိရမိေသးသည္။ေဒါနလည္း ဘာမ်ားေျပာင္းလဲလို႔လဲ။ငယ္ငယ္တုန္းကလိုမ်ိဳး ယခုအခ်ိန္အထိ ရန္လို ရိုင္းစိုင္းေနဆဲပဲကို။
"Hello ကိုကို ဘာလို႔တိတ္သြားတာလဲ...."
"ဟင္..."
ဖုန္းေျပာေနရင္း ရုတ္တရက္ အေတြးက ေဒါနဆီသို႔ ေျပးလႊားေရာက္သြားေတာ့ စကားေျပာေနတာကို အာရံုမရေတာ့။
!က်စ္...ဘာလို႔မ်ား မဆီမဆိုင္ ဆြဲေတြးေနမိမွန္းမသိ..!
ကိုယ့္ဖာသာကိုယ္ စိတ္ထဲ မေက်မလည္ ေရ႐ြတ္မိရင္း....
"ေအာ္ မတိတ္ပါဘူး ေက်းဇူးပါေနာ္ ေန႔လည္စာအတြက္.."
"ဟင္ ဘာေက်းဇူးလဲ ကိုကိုကေနာ္ ဟိုက ျပန္လာၿပီးမွ တအားသူစိမ္းဆန္တာပဲ ကြၽန္ေတာ္တို႔ၾကားမွာ ေက်းဇူးဆိုတာ ရွိလုိ႔လား"
ေလလိႈင္းထဲမွ မေက်မနပ္ အသံေလး ထပ္ထြက္လာေတာ့ စစ္နိုင္း မ်က္ခံုးကို လက္မျဖင့္ ကုတ္ျခစ္မိသည္။ရွင္းခန္႔တစ္ေယာက္ဟာ သူ႔အေပၚမွာ ငယ္ငယ္တုန္းက သံေယာဇဥ္ထက္ ပိုသာတဲ့စိတ္မ်ဳိးရွိေနသလားလို႔ သံသယဝင္ေနမိတာလည္း အခါခါ။သို႔ေသာ္ ထိုသံသယတို႔က ဘယ္တုန္းကမွ ၾကာရွည္မခံခဲ့။သူ႔ဖက္ကသာ အေတြးလြန္ေနခဲ့တာ ျဖစ္သည္။
ရွင္းခန္႔ဆိုတာ သိပ္ကို ျဖဴစင္လြန္းတဲ့ ေကာင္ေလးမဟုတ္လား။ေယာင္ၿပီးေတာ့ေတာင္ ညစ္ညမ္းတဲ့စိတ္မ်ိဳး သူ႔မွာ မေတြးရက္ပါ။ရွင္းခန္႔နွင့္ သူ႔ၾကားက ေမတၱာတရားကို အျဖဴေရာင္ သန္႔သန္႔ေလးျဖင့္ ထာဝရ တည္တံ့ ေနေစခ်င္တာ။ရွင္းခန္႔ကို တန္ဖိုးထားရလြန္းလို႔ သူတကယ္ အေတြးထဲမွာေတာင္ မျပစ္မွားဝ့ံပါ။ဒါက ဘယ္လို ေမတၱာတရားမ်ိဳးလဲေတာ့ သူမရွင္းျပတက္။ရွင္းခန္႔ဆိုတာ သူ႔အတြက္ေတာ့ တဏွာရာဂ ညစ္ႏြမ္းမႈေတြ ကင္းစင္တဲ့ နယ္ေျမမွာ တသီးတသန္႔နဲ႔ တသက္လံုး အလွသိမ္းထားခ်င္မိတဲ့ အရုပ္ေလးတစ္ရုပ္သာ။
"ဟုတ္ပါၿပီဗ်ာ...ေကာင္းေကာင္းစားပါမယ္ ခင္ဗ်"
"အင္း..အဲ့ဒါဆို ကြၽန္ေတာ္ ဖုန္းခ်လိုက္ေတာ့မယ္ေနာ္ ကိုကိုလည္း ေန႔လည္စာ စားလိုက္ဦး bye.."
"Ok ညီ bye..."
ရွင္းခန္႔ ဖုန္းခ်သြားသည့္အထိ စစ္နိုင္းမ်က္နွာမွာ အၿပံဳးႏုႏုတို႔ ထင္ဟပ္က်န္ေနခဲ့ဆဲ။အဲ့ဒီကေလးက အဲ့ဒီလိုပဲ..စကားစျမည္ေျပာလိုက္ရရံုေလးေတာင္ စိတ္ေအးခ်မ္းေစနိုင္စြမ္းတယ္။စစ္နိုင္း ေတြးေနမိရင္း မ်က္လံုးအၾကည့္တို႔က ဘာရယ္မဟုတ္ ေဆးရံုေအာက္သို႔ ေရာက္သြားေတာ့ ကားပါကင္အေရွ႕က အရိပ္ရေသာ ခံုတန္းေလး၌ ပူးကပ္ထိုင္ေနၾကေသာ အရိပ္နွစ္ခုအား ျမင္ေတြ႕လိုက္ရတာေၾကာင့္ မ်က္နွာေပၚက အၿပံဳးတို႔ လမ္းခုလတ္မွာ ရပ္တန္႔သြားရေတာ့သည္။
!ေဒါနက....ေဆးရံုကို ေန႔တိုင္းလာေနတာလား...!
ဟိုတစ္ေန႔က ေတြ႕ခဲ့သည့္အတ္ုိင္း ေကာ္ဖီညိဳရင့္ေရာင္ ဂုတ္ေထာက္ လိႈင္းတြန္႔ဆံပင္ေတြကို ျဖစ္သလို စုသိမ္းစည္းထားကာ မ်က္နွာေပၚ ဟိုတစ္စ ဒီတစ္စ ဆံပင္ေတြ ျပန္က်ေနပံုက တမင္တကာစတိုင္ထြင္ထားသလို တမ်ိဳးေလး ၾကည့္ေကာင္းေနတာ ျငင္းမရ။ျမင္းေခ်းစိမ္းရင့္ေရာင္ တီရွပ္ကိုယ္က်ပ္က ပိန္ပါးေသာ ကိုယ္ဟန္ သြယ္သြယ္ေပၚမွာ ခ်ပ္ကပ္ေနလ်ွက္ ျဖဴဝင္းေနေသာ အသားအရည္ကို ပို၍ပိုလြင္ေအာင္ ပံ့ပ္ုိးေပးေနသည့္နွယ္။ေဒါနရဲ႕ ကုသိုလ္ကံက ငယ္စဥ္ကတဲက ေနပူထဲ ဘယ္ေလာက္ထြက္ထြက္ အသားအေရာင္က ေျပာင္းလဲသြားတာမ်ိဳး မရွိတာျဖစ္သည္။
ခံုတန္းေလးေပၚ ယွဥ္လ်ွက္ထိုင္ေနရင္း ေနာက္ဖက္သို႔ လက္ပစ္တင္ေတာ့ ရဲဇင္က ေဒါနရဲ႕ ရင္ခြင္ထဲ ဝင္ထိုင္ေနသလိုလို။ေဆးလိပ္ကို လက္ၾကားညႇပ္ထားလ်ွက္ စကားေတြ ေျပာေနၾကတာကို အေပၚက လွမ္းၾကည့္ေနရင္း ၾကည္လင္ေနတဲ့ စိတ္က ေနာက္က်ိ ရႈပ္ေထြးလာရေတာ့သည္။ဒီေနရာဟာ ေဆးလိပ္ကင္းစင္နယ္ေျမ ဆ္ိုတာ မသိတာလား တမင္ဂရုမစိုက္တာလား ဒီေကာင္က။
ေဘးကတစ္ေယာက္ကလည္း ဆရာဝန္ျဖစ္ေနၿပီး ေဆးရံုမွာ ေဆးလိပ္လာေသာက္ေနတာကို လက္သင့္ခံေနရလား။မနက္ျဖန္က်ရင္ေတာ့ ေဆးလိပ္မေသာက္ရဆိုတဲ့ စာေတြ ျပဴးၿပဲေနေအာင္ ေဆးရံုတစ္ဝန္းလံုး အနံ႕ လိုက္ကပ္ခိုင္းဦးမွ။ၿပီးေတာ့ ဝန္ထမ္းေတြရဲ႕ ဧည့္ေတြ႕ခ်ိန္ကိုလည္း ေသခ်ာကန္႔သတ္မွ ျဖစ္ေတာ့မယ္။
!ေန႔တိုင္း ေဆးရံုကို ပန္းၿခံနဲ႔မွတ္ၿပီး လာလာ dateေနတာကေတာ့ ဟုတ္ကိုမဟုတ္ေသးဘူး..!
ေနာက္က်ိရႈပ္ေထြး ေနတဲ့ စိတ္မ်ားျဖင့္ စားျဖစ္တဲ့ ေန႔လည္စာေတာင္ လည္ေခ်ာင္းထဲဘယ္လို ခုန္ေပါက္ ဝင္သြားသလဲမသိ။အရသာခံျဖစ္ဖို႔ ေဝးစြ။ေဒါနကေတာ့ ငယ္ငယ္တုန္းကေန ယခုအခ်ိန္ထိ စိတ္အေနွာင့္အယွက္ကို ေကာင္းေကာင္းႀကီး ေပးေနဆဲ။
.
.
.
"Sorryပါကြာ ထြက္လာခါနီးမွ သမီးက ဂ်ီက်ေနလို႔ကြ..."
ဖုန္းထဲမွ ေတာင္းပန္တိုးလိွွွ်ဳးစြာ ထြက္လာေသာ ထင္ေက်ာ္၏ အသံေၾကာင့္ စစ္နိုင္း စိတ္ပ်က္လက္ပ်က္ ျဖစ္သြားရေတာ့သည္။ဟိုေကာင္ သီဟကလည္း သူ႔ေယာကၡမႀကီးကို လိုက္ပို႔ေနရလို႔တဲ့။ခိုင္ေဇာ္က်ေတာ့လည္း အလုပ္ကိစၥနဲ႔ မႏၲေလးေရာက္ေနသတဲ့။ရွိတာမွ သူငယ္ခ်င္းေလး ၄ေယာက္။ေက်ာင္းၿပီးထဲက သူ႔နယ္ပယ္နွင့္သူ ကိုယ္နယ္ပယ္နွင့္ကိုယ္ မေတြ႕ၾကမဆံုၾကရတာ ဘယ္ေလာက္ေတာင္ ၾကာခဲ့ၿပီလည္း။သူလည္း ျမန္မာနိုင္ငံမွာမွ မရွိဘဲ။အခုေတာ့ ျပန္ေရာက္တုန္းေလး ဆံုျဖစ္ၾကဖို႔ကို ေလးေယာက္သား ဘယ္လိုမွ တိုင္ပင္မမိ။
"ဟ မင္းေမ့ ငါကေရာက္ေနၿပီေလကြာ..."
"ေအးပါကြာ ငါလည္းထြက္လာဖို႔ ျပင္ထားၿပီးကာမွ သမီးကကပ္ေနတာ ဘယ္လိုမွမရဘူး ဟိုေကာင္ေတြ ျပန္လာမွ တစ္ရက္ျပန္ခ်ိန္းမယ္ကြာ ေနာ္ ေယာက္ဖ ငါေကြၽးမွာပါ.."
ထင္ေက်ာ္က ေလျပည္ထိုးေတာ့ စစ္နိုင္း က်စ္ကနဲ စုတ္သပ္ၿပီးမွ
"က်စ္...ၿပီးေရာကြာ ၿပီးေရာ.."
စစ္နိုင္း ေျပာၿပီးတာနွင့္ ဆက္သြယ္မႈ ျပတ္ေတာက္သြားေသာ ဖုန္းကို ခါးၾကားထဲသို႔ ျပန္ထိုးလိုက္ၿပီးမွ ေသာက္စရာတစ္ခုခုသာ မွာလိုက္ရေတာ့သည္။weekendေလးမလို႔ သူငယ္ခ်င္းေတြ ဆံုၾကျပဳၾကရင္း ေပါ့ေပါ့ပါးပါး ေသာက္စားၾက ငယ္မူျပန္ၾကမည့္ သူ႔စိတ္ကူးေတြဟာ တိမ္လိုေလလို လြင့္ပါးသြားရၿပီ။ဘယ္သူငယ္ခ်င္း ၾကည့္ၾကည့္ သားေကြၽးမႈ မယားေကြၽးမႈေတြနဲ႔ ဗ်ာမ်ားေနၾကတာ တစ္ဖြဲ႕လံုးမွာ တစ္ကိုယ္ရည္ တစ္ကာယ သူတစ္ေယာက္ထဲသာ အားယားေနတာ။တခါတေလ က်ေတာ့လည္း ေယာင္ခ်ာခ်ာနဲ႔။
ယမကာကို ဇိမ္ခံေသာက္ေနရင္းျဖင့္ Barထဲ ဟုိဟုိဒီဒီ ေလ်ွာက္ၾကည္ေနမိဆဲ မလွမ္းမကမ္းရွ္ိ အေမွာင္ရိပ္နည္းနည္း က်ေနေသာ စားပြဲဝိုင္းတစ္ခုမွာ ေဒါနအား လွမ္းေတြ႕လိုက္ရတာေၾကာင့္ စစ္နိုင္း အံ့ၾသသြားရသည္။ပို၍ အံ့ၾသစရာေကာင္းတာက အတူရွ္ိေနတဲ့ အေဖာ္က ေဒါက္တာရဲဇင္ ဟုတ္မေနတာျဖစ္သည္။
ေယာက္်ားေလး နွစ္ေယာက္ သမာရိုးက် ပခံုးဖက္ကာ ပူးကပ္ထိုင္ေနၾကတာလားလို႔ ေတြးစရာ ရွိေပမဲ့ အေၾကာင္းသိေနတဲ့ သူ႔မ်က္လံုးထဲမွေတာ့ ဘယ္လိုမွ သာမာန္ဆက္ဆံေရး မဟုတ္ဘူးဆိုတာကို ျမင္ေနရသည္။ၾကည့္ေနတုန္း ေကာင္ေလးက ေဒါန၏ ပါးတစ္ဖက္ကို ျဖတ္ကနဲ လွမ္းနမ္းတာ ျမင္လိုက္ရေတာ့ စစ္နိုင္း မ်က္ေမွာင္ၾကဳတ္သြားရကာ လက္ထဲမွ ယမကာခြက္ကို Barေကာင္တာအေပၚ ေဆာင့္ခ်မိေတာ့ အသံက်ယ္သြား၍ထင္ နံေဘးမွ မိန္းကေလးက ေစာင္းငဲ့ ၾကည့္လာေတာ့သည္။
"Sorry..."
ခပ္တိုးတိုး ေတာင္းပန္လိုက္ေတာ့မွ ထိုမိန္းကေလးက တဖက္သို႔ ျပန္လွည့္သြားေတာ့သည္။ေဒါနကို ျမင္လိုက္ရတိုင္း အလိုမက်စိတ္ေတြနဲ႔ စိတ္လြတ္လက္လြတ္ အာရံုမ်ားသြားမိတဲ့ ကိုယ့္အျဖစ္ကိုလည္း ကိုယ္မေက်နပ္နိုင္။
"ရွင္က ေကာင္မတကာနဲ႔ ေဖာက္ျပန္တာ အားမရလို႔ အေကာင္ေတြနဲ႔ပါ ေဖာက္ျပန္ေနတယ္ ဟက္လား.."
"ဖုန္း ဘုန္း ဘုန္း...."
"ဟာ ရတီ မဟုတ္ဘူး ကိုယ္ရွင္းျပ..."
"ဘာမဟုတ္တာလဲ ဘာရွင္းျပမွာလဲ လက္ပူး လက္ၾကပ္မိေနတာေတာင္ ရွင္က ဘာကို မုန္လာဥ လုပ္ခ်င္ေနတာလဲ ဟမ္..."
"မဟုတ္ပါဘူး ရတီရယ္..."
"ဟုတ္တာေတြ မဟုတ္တာေတြ လာမေျပာနဲ႔ ရွင္နဲ႔ အဲ့ဒီၾကာကူလီေကာင္ကို ေစာက္ရွက္ခြဲဖို႔လိုက္လာတာ တစ္သက္လံုး ေခါင္းမေဖာ္နိုင္ေအာင္ ေစာက္ရွက္ခြဲေပးမယ္.."
ပိုက္ဆံအိ္တ္ျဖင့္ တဘုန္းဘုန္း ထုရိုက္သံ စကားသံ ဆူဆူညံညံမ်ားေၾကာင့္ ခုနက အေနာက္တိုင္း တီးလံုးသံၿငိမ့္ၿငိမ့္ေလးျဖင့္ ေအးခ်မ္း ၿငိမ္သက္ေနေသာ Barေလးက ခ်က္ခ်င္းပြက္ေလာရိုက္သြားေတာ့သည္။အသံလာရာကို စူးစမ္းမိေတာ့ ေဒါနတို႔ ဝိုင္းကျဖစ္ေနေလသည္။
"ဟိတ္ စကားကို ၾကည့္ေျပာ ငါၾကာကူလီ မဟုတ္ဘူး မင္းလင္ကို ၾကာခိုစရာ ဘာေစာက္ေၾကာင္းမွ မရွ္ိဘူး..."
ေဒါန၏ ခပ္ရင့္ရင့္အသံက ေဒါသေတြကို မ်ိဴခ်ေအာင့္အီး ထားရသလိုမ်ိဳး ခပ္ရိုင္းရိုင္း ထြက္ေပၚလာေလသည္။
"ေဟ်ာင့္ ေဂ်မီ လစ္လိုက္ေတာ့ မင္း ေစာက္ဇယားေတြ မၿငိမ္ဘဲ ငါ့ကို ေစာက္ဇယားလာမကပ္နဲ႔ ေဟ်ာင့္ လစ္ေတာ့."
ေဒါနက ထိုမိန္းမကိုလည္း ေျပာသလို နံေဘးက ေယာက္်ားေလးကိုလည္း ေအာ္ပစ္သည္။ထိုေယာက္်ားကေတာ့ ေဒါနနွင့္ ထိုမိန္းမၾကား ဘာလုပ္ရမလဲ ဗ်ာမ်ားေနသည္ပံု။Barထဲမွ လူေတြအားလံုးလည္း ျဖစ္ေနေသာ အေရးအခင္းကို မသိမသာ စပ္စုေနရာမွေန၍ ေျပာင္ေျပာင္တင္းတင္း ျဖစ္လာရေတာ့သည္။
"အံမာ သူခိုးက လူျပန္ဟစ္လို႔ ေစာက္ေျခာက္ ၾကာကူလီ သူမ်ားေယာက္်ားကို ၾကာခိုေနၿပီး ဖာေလာက္ေတာင္ ေစာက္ဆင့္မရွိတဲ့ ေကာင္ကမ်ား..ကဲ..."
မိန္းကေလးက၏ နႈတ္မွ ရုပ္ရည္နွင့္ မလိုက္ဖက္လွစြာ စကားၾကမ္းၾကမ္းမ်ား ခုန္ေပါက္ထြက္လာၿပီး ေဒါန၏ ပါးအား ေျပးရိုက္ခ်ေတာ့ ေဒါနက လက္ကိုျဖတ္ကနဲ အားျဖင့္ ဖမ္းဆုပ္ၿပီးမွ...
"ငါ့ျဖစ္တည္မႈကို နင့္လိုမိန္းမ မေျပာနဲ႔ ငါ့အေမ ေစာ္ကားလာရင္ေတာင္ သည္းမခံဘူး ေတာက္!.."
သြားၾကားထဲမွ စိမ့္ထြက္လာေသာ လူသတ္လိုရိပ္ အျပည့္ပါသည့္ ေအးစက္ေနေသာ အသံျဖင့္ တစ္လံုးခ်င္း ေျပာၿပီးေတာ့မွ ဆုပ္ကိုင္ထားေသာ လက္ကို အားျဖင့္ ေဆာင့္တြန္းလႊတ္ေတာ့ ထိုမိန္းကေလး ၾကမ္းျပင္ေပၚသို႔ ပံုကနဲက်သည္။စစ္နိုင္း စိုရိမ္းစိတ္ေတြ ျမင့္တက္လာကာ ဘယ္လိုကဘယ္လို ေဒါန အနားသို႔ ေစြ႕ကနဲ ေရာက္သြားမိလဲ မသိေတာ့။
"ေဒါန...."
စစ္နိုင္း၏ အရိပ္ကို ျမင္ေတာ့ မ်က္ဝန္းစိမ္းေတြထဲ အံ့ၾသရိပ္ေတြ ျဖတ္ေျပးသြားတာက ခဏေလးပဲျဖစ္သည္။နီးကပ္ေနေသာ အေနအထားအရ အသက္ရႈသံေတြ ျပင္းထန္ကာ ေဒါနတစ္ေယာက္ မ်က္ဝန္းေတြက စိမ္းေတာက္ေနလ်ွက္ အလြန္းအမင္း ေဒါသထြက္ေနတာ သိသာလွသည္။စစ္နိုင္းက ေဒါန၏ ပခံုးတစ္ဖက္အား သတ္ိေပးသလို ဆုပ္က္ုိင္ျဖစ္ညႇစ္သည္။ငယ္ငယ္ထဲက ေဒါနက ဘယ္ေလာက္အထိ ေဒါသႀကီးသလဲ သူအသိဆံုး မဟုတ္လား။
"နင္ နင္ ေအာက္တန္းစား အရိုင္းစိုင္းေကာင္ ပိုင္းလံုးေကာင္..."
"ရတီ ေတာ္ေတာ့လို႔ ေျပာေနတယ္...."
ေဂ်မီက လဲက်သြားေသာ ရတီ့အား ေပြ႕ထူကာ ခပ္ဆတ္ဆတ္ ေအာ္ေတာ့...
"ေအာ္ ရွင့္လင္ငယ္ ထိေတာ့ ရွင္နာတယ္ေပါ့ ေအာက္တန္းစား ပိုင္းလံုးဟာ ပိုင္းလံုးပဲေလ မဟုတ္လို႔လား သူမ်ားလင္ကို ခိုးစားေနတဲ့ ပိုင္းလံုးေကာင္.."
ရတီဆိုေသာ မိန္းမက စူးစူးဝါးဝါး ထေအာ္ေတာ့....
"ဟာ...ဒီမိန္းမ..."
"ေဒါန မလုပ္နဲ႔ စိတ္ထိန္းစမ္း..."
စစ္နိုင္း ေဒါသ၏ ကိုယ္ႀကီးအား အသဲအသန္ ျပန္ဆြဲထားလိုက္ရသည္။မိန္းကေလးနဲ႔ ေယာက္်ားေလး ျဖစ္ေဟ့ဆို ကိုယ့္ဖက္ကပဲ အလြန္ျဖစ္မယ္ မဟုတ္လား။
"အံမာ လာေလ နင္က ဘာလုပ္ခ်င္လို႔လဲ ေအာက္တန္းစား ပိုင္းလံုးေကာင္ကမ်ား ကဲဟယ္..."
ရတီက ေျပာေျပာဆိုဆို ပုလင္းကို ဘယ္အခ်ိန္ထဲက ဆြဲယူလိုက္မွန္း မသိရကာ ေဒါန၏ မ်က္နွာတည့္တည့္သို႔ အရက္ပုလင္းျဖင့္ ပစ္ေပါက္ေလတာေၾကာင့္ စစ္နိုင္း ထိတ္ကနဲ ျဖစ္သြားရကာ ကိုယ္ကို တစ္ပတ္လွည့္ပစ္၍ ေဒါ၏ မ်က္နွာကို ရင္ခြင္ထဲ ဆြဲသြင္းရင္း အသဲအသန္ ကာကြယ္လိုက္ရေတာ့ ေက်ာျပင္နွင့္ အရက္ပုလင္းက က်က်နန မိတ္ဆက္ေလေတာ့သည္။
"အင့္...."
လႊဲျပစ္လိုက္တဲ့ အရွိန္ကမနည္းတာမလို႔ စစ္နိုင္း ေက်ာျပင္တစ္ခုလံုး ေအာင့္ျမက္သြားကာ အသက္ရႈပါမွားသြား ရေတာ့သည္။ဒီအရွိန္ အတိုင္းသာ ေဒါန၏ မ်က္နွာအား မိ္တ္ဆက္မိသြားလို႔ကေတာ့ မေတြးရဲေတာ့။
"ရတီ ေတာ္ၿပီလို႔ ျပန္မယ္.."
"မေတာ္ဘူး မျပန္ဘူး ဖယ္ လႊတ္ အဲ့ဒီပ္ိုင္းလံုးေကာင္ကို အေသသတ္မွာ ဖယ္ လႊတ္...."
ေဂ်မီက အေျခအေနေတြ ပိုဆိုး႐ြားမလာခင္ ေအာ္ဟစ္ေသာင္းက်န္း ေနေသာ ရတီ့အား ေကာက္ေပြ႕ကာ ေခၚထုတ္သြားတာေၾကာင့္
ေအာ္ဟစ္ဆူညံသံေတြ ထုရိုက္ပုတ္သံေတြ တျဖည္းျဖည္း ေဝးသြားကာ Barထဲ ျပန္လည္ တိတ္ဆ္ိတ္သြားရေတာ့သည္။
"ေတာက္!..."
ေတာက္ေခါက္သံ ျပင္းျပင္းေၾကာင့္ စစ္နိုင္းက ေဒါနအား ရင္ခြင္ထဲမွ ခြာ၍ မ်က္နွာေလးအား စိုက္ကနဲ ၾကည့္ၿပီးမွ...
"ဘာျဖစ္သြားေသးလဲ..."
စစ္နိုင္းေမးေတာ့ ေဒါနက ဘာျဖစ္ရမွာလဲဆိုတဲ့ အဓိပၸါယ္ရတဲ့ ခ်ဥ္တူးတူး မ်က္ဝန္းေတြ ပင့္တက္လာၿပီးမွ ရင္ခြင္ထဲက မညႇာမတာ ရုန္းထြက္ေတာ့ စစ္နိုင္း ေက်ာျပင္က စူးကနဲ ေအာင့္တက္လာကာ မ်က္နွာမဲ့ကနဲ ျဖစ္သြားရေတာ့သည္။ဒါကိုလည္း ေဒါနကေတာ့ သူ႔ေဒါသနွင့္သူ သတိထားမိပံု မရပါပဲ စားပြဲေပၚမွ ပိုက္ဆံအိတ္ကို ေကာက္ဆြဲကာ စစ္နိုင္း၏ ပခံုးအား တိုးတိုက္ထြက္ေလသည္။စစ္နိုင္းလည္း ေဒါနထြက္သြားရာေနာက္သို႔ ေယာင္ခ်ာခ်ာနွင့္ လိုက္ပါလာခဲ့မိတာ ဘာေၾကာင့္မွန္းေတာင္ မေတြးမိခဲ့။
ၿပီးေတာ့ ကားပါကင္ေရာက္ေတာ့ ေဒါနက စစ္နိုင္းဖြင့္ေပးေသာ ကားတံခါးထဲသို႔ ဘာမွမေျပာပဲ ခပ္တည္တည္သာ ဝင္ထိုင္ေလသည္။
"အိမ္ျပန္မယ္ မွတ္လား...."
နွစ္ေယာက္ၾကားက တိတ္ဆိတ္ေနေသာ ေလထုကို စစ္နိုင္းက စတင္ၿဖိဳခြဲပစ္ေတာ့....
"ဘယ္အခ်ိန္ရွိေသးလို႔ အိမ္ျပန္ရမွာလဲ.."
ေဒါန၏ စကားေၾကာင့္ စစ္နိုင္း လက္မွ နာရီကို ပင့္ၾကည့္ေတာ့ ၁၂ေက်ာ္ေနၿပီ။ဒါက အိမ္ျပန္သင့္တဲ့ အခ်ိန္မဟုတ္ေသးဘူးတဲ့လား။
အမွန္ဆို သူလည္း အိမ္ျပန္ခ်င္စိတ္မွ မရွိဘဲ။နဂိုထဲက သူငယ္ခ်င္းေတြနဲ႔ Night outထြက္ဖို႔ လာခဲ့တာပဲ။အစီအစဥ္ေတြ ကေမာက္ကမ ျဖစ္ကုန္လို႔ ဘူေနရတာေလ။
"Okေလ အဲ့ဒါဆုိ ဘယ္သြားခ်င္လဲ..."
"ဘယ္ေနရာ ျဖစ္ျဖစ္ အိမ္မဟုတ္ရင္ ၿပီးေရာ..."
ေဒါန၏ စကားေၾကာင့္ စစ္နိုင္း ခပ္ဟဟ ရယ္ကာ ကားကို အျမန္လမ္းဖက္သို႔ လမ္းေၾကာင္းေျပာင္းၿပီးမွ အရွိန္တင္လိုက္ေလေတာ့သည္။ၿပီးေတာ့ အျမန္လမ္းေဘးက ဆိုင္မွ ဘီယာနွစ္ကဒ္ေလာက္ကိုလည္း ကားအေနာက္ခန္းထဲသို႔ ပစ္တင္ခဲ့လိုက္ေသးသည္။
!But if you like causing trouble up in the hotel room!
မင္းက hotelအခန္းထဲမွာ ျပႆနာ ရွာရတာ ႀကိဳက္တယ္ဆိုလ်ွင္ေတာ့
!And if you like having secret little rendezvous!
ၿပီးေတာ့ တိတ္တိတ္ေလး ခိုးၿပီးခ်ိန္းေတြ႕ရတာကို ႀကိဳက္တယ္ ဆိုလ်ွင္ေတာ့
!if you like to do the things you know that we shouldn't do!
ငါတို႔ မလုပ္သင့္ဘူးလို႔ သိေနတဲ့ အရာေတြကို လုပ္ရတာႀကိဳက္တယ္ဆိုလ်ွင္ေတာ့
Baby! I'm perfect
ေဘဘီ ငါက အသင့္ေတာ္ဆံုးသူပဲ
Baby! I'm perfect for you
ေဘဘီ ငါကမင္းအတြက္ အသင့္ေတာ္ဆံုးပဲ....
And if you like midnight driving with the windows down
ညလယ္ေခါင္မွာ ကားမွန္တံခါးေလးဖြင့္ၿပီး ကားေမာင္းရတာႀကိဳက္တယ္ ဆိုလ်ွင္ေတာ့
if you like to do whatever you've been dreaming about
မင္းေလးက စိတ္ကူးေပါက္တဲ့အတိုင္း ထလုပ္ရတာ ႀကိဳက္တဲ့သူဆိုလ်ွင္ေတာ့
Baby! you're perfect
ေဘဘီ! မင္းက အသင့္ေတာ္ဆံုးသူပါပဲ....
ကားအမိုးကို ဖြင့္ေပးကာ One directionရဲ႕ perfectသီခ်င္းကိုပါ ခပ္က်ယ္က်ယ္ေလး ဖြင့္ေပးလိုက္ေတာ့
ေဒါနတို႔ ဘီယာဘူးကို က္ုိင္ရင္းျဖင့္ အာၿဗဲလ်ွာၿဗဲ လိုက္ဆိုေနၿပီ ျဖစ္သည္။မွတ္မိပါေသးသည္..ေဒါန၈တန္းေလာက္တုန္းက One directionအဖြဲ႕က အဖြဲ႕ဝင္ျဖစ္သူ zaynထြက္သြားလို႔တဲ့ ၿခံေထာင့္မွာ ထိုင္ငိုေနခဲ့ဖူးေသးတာ။အဲ့ဒီေကာင္က တခါတရံလည္း သူမွဟုတ္ရဲ႕လားလို႔ ေတြးယူရေအာင္ ႏူးညံ့ေနတက္ျပန္သည္။အဲ့အခ်ိန္ကစၿပီး သူလည္း ဘာရယ္မဟုတ္ one directionရဲ႕ သီခ်င္းေတြကို လိုက္နားေထာင္ျဖစ္ခဲ့တာ။ေဒါနလိုေကာင္ကိုေတာင္ ငိုေအာင္လုပ္နိုင္ခဲ့တာ ဘယ္လိုအဆိုေတာ္မ်ားလဲ ဆိုတဲ့စိတ္နဲ႔ေပါ့။
ကားေလးက အျမန္လမ္းေပၚ တရိပ္ရိပ္ ေျပးေနရင္း ကားေနာက္ခန္းမွာ ဘီယာဘူးေတြ စုပံုလာသလို ေဒါနကမ္းေပးသမ်ွ ယူေမာ့ေနရတာ လူလည္း ေခါင္းထဲ တရိပ္ရိပ္ျဖင့္ အေတာ့္ကို ေရခ်ိန္ကိုက္ေနၿပီ ျဖစ္သည္။ကားဆက္ေမာင္းလို႔ မျဖစ္ေတာ့တာ သတိဝင္ေတာ့မွ ကားက္ုိ အျမန္လမ္းေဘး ထိုးခ်ရပ္လိုက္ေတာ့သည္။နွစ္ေယာက္သား ကားေပၚမွ ဆင္းကာ ေနာက္ဖံုးဖြင့္လ်ွက္ ယွဥ္မိၾကရင္း
ပတ္ဝန္းက်င္ကို စူးစမ္းမိေတာ့ ေဘးမွ လယ္ကြင္းေတြက ေမွာင္မဲတိတ္ဆိတ္ေနကာ ကားေတြ ျဖတ္သြားေနတာပဲရိွေလသည္။
"ကိုကို...ေရာ႕.."
ေဒါနကေတာ့ အေတာ္ေလး မွန္ေနပံုရကာ ဘီယာဘူးကို လက္ထဲလာထိုး ေပးျပန္သည္။စစ္နိုင္းက ဆြဲယူလိုက္ေတာ့မွ ေဒါနက စစ္နိုင္း၏ ပခံုးေပၚ ေခါင္းမွီခ်သည္။
"Bbay! I'm perfect for you.."
အခုထိ အရွိန္မေသခ်င္ဘဲ ပခံုးမွီရင္း သီခ်င္း ၿငီးေနေသးသည္။စစ္နိုင္း ဘီယာကို တစ္က်ိဳက္ေမာ့ၿပီးေတာ့မွ...
"ရဲဇင္နဲ႔က ျပတ္သြားၿပီလား ဘာလို႔အိမ္ေထာင္သည္နဲ႔ ပတ္သတ္ေနရတာလဲ.."
အရွိန္ေလးရေနေတာ့ ေမးသင့္တာေတြ မေမးသင့္တာေတြ မေတြးမိပါဘူး။ေမးခ်င္တာေတြ ေတာက္ေလ်ွာက္ေမးခ်သည္။
"ရဲဇင္..!"
ေဒါနက သံေယာင္လိုက္႐ြတ္ၿပီးမွ....
"ေအာ္ ေဒါက္တာေလး..အဟား မျပတ္ပါဘူး သူကခ်စ္ဖို႔ေကာင္းတယ္..."
ေဒါနေျပာေတာ့ စစ္နိုင္း မ်က္ေမွာင္ၾကဳတ္သြားရကာ...
"အဲ့ဒါဆို ဟိုမိန္းမရွိတဲ့ေကာင္ကေရာ သူမ်ားေယာက္်ားကို မင္းက ဘာလို႔.."
"ဟက္ ေအာက္လိုက္တာ ကုိကိုရာ ကြၽန္ေတာ္က သူမိန္းမဆီက သြားလုေနတာ မလို႔လား ဒီလိုပဲ one night standသေဘာမ်ိဳးပဲကို.."
"ဒါဆိုလည္း တျခားလြတ္လြတ္ကင္းကင္း..."
"No No အမ်ားႀကီး မေတြးနဲ႔ ကိုကိုရဲ႕ sexဆိုတာ စိတ္အပန္းေျဖမႈ သက္သက္ပဲေလ အမ်ားႀကီး မေတြးနဲ႔.."
အမ်ားႀကီး မေတြးနဲ႔ဆိုတဲ့ စကားကို အမူးသမားတို႔ ထံုးစံအတိုင္း လက္ညိွဳးတစ္ေခ်ာင္း ေထာင္လ်ွက္ မ်က္လံုးေတြ ရီေဝစင္းက်ေနစြာ ေျပာေလသည္။ေျပာၿပီးမွ ေနာက္တစ္ဖန္ စစ္နိုင္း၏ ပခံုးေပၚသို႔ ေခါင္းမွီခ်ေတာ့ စစ္နိုင္က မလိုလားစြာ ပခံုးကို တြန္႔ကာ ေရွာင္ဖယ္ျပစ္သည္။ေဒါနက ဘာကို သေဘာက်သြားမွန္းမသိပဲ ခပ္ဟဟရယ္ၿပီးမွ...
"ဟား..ကြၽန္ေတာ္ အိပ္ခ်င္ၿပီ.."
ေျပာေျပာဆိုဆို အေနာက္ဖံုးထဲမွာပဲ ေကြးေကြးေလး ကိုယ္ကို ေစာင္းကာ စစ္နိုင္း၏ ေပါင္ေပၚသို႔ ေခါင္းအံုးခ်ေလေတာ့သည္။
"ကိုကို I'm perfect for you..."
အိပ္ေပ်ာ္ခါနီး အခ်ိန္အထိ သီခ်င္းစာသားေတြကို မပီမသ ဗလံုးဗေထြး ေရ႐ြတ္သြားေသးသည္။စစ္နိုင္း ေခါင္းေမာ့၍သာ ဟက္ကနဲ အသံထြက္၍ ရယ္မိတက္ေတာ့သည္။
!ဒါက ေဒါနရဲ႕ မ်က္နွာတစ္ဖက္ျခမ္းတဲ့လား...!
Unicode
"နေ့လည်စာ ရောက်ပြီလား ကိုကို..."
"အခုပဲ လာပို့သွားတယ် ဒုက္ခရှာလို့ ညီရယ် နောက်ဆိုရင် တကူးတကတွေ မလုပ်ပါနဲ့..."
"တကူးတက ဘယ်ဟုတ်ပါ့မလဲ ကိုကို့ရဲ့ မနက်က ကြီးပုက ငါးရံံ့အူတွေ ဝယ်ခဲ့တော့ ကိုကိုကြိုက်တက်တာ သတိရလို့လေ.."
ရှင်းခန့်က ပြောတော့ စစ်နိုင်း ဖုန်းကို ဘက်ပြောင်းကိုင်ရင်းဖြင့် မှန်တံခါးအနီးသို့ ရည်ရွယ်ချက် မရှိဘဲ လျှောက်လာခဲ့လိုက်တော့သည်။အရင်ရက်တွေကဆို ရှင်းခန့်က နေ့လည်စာချိန်အမှီ ဆိုင်ကနေ ပေါက်ချလာတက်သည်။ဒီနေ့တော့ အလုပ်နည်းနည်းများ၍ နေ့လည်စာ အတူ မစားနိုင်တော့ဟုဆိုကာ စစ်နိုင်းအတွက် နေ့လည်စာ ထမင်းချိုင့်ကို ဆေးရုံသို့အရောက် စီစဉ် ပို့ဆောင်ပေးလေသည်။
"ကိုယ်က ဆေးရုံ ကန်တင်းမှာစားလည်း ဖြစ်ပါတယ် ညီရယ် နောက်ဆို တကူးတကတွေ မလုပ်နဲ့ ဝန်ပိုတယ်.."
စစ်နိုင်းပြောတော့....
"ကိုကိုကနော် စေတနာနဲ့ စားစေချင်လို့ ပို့ပေးတာကို လူကို စိတ်မကောင်းအောင် ပြောပြန်ပြီ"
ဖုန်းထဲကနေ ထွက်လာတဲ့ အသံဖျော့ဖျော့လေးအရ ရှင်းခန့်တို့ နှုတ်ခမ်းလေးတွေ စုလုံးကာ မျက်မှောင်လေး တွန့်နေတော့မှာကို စစ်နိုင်း တွေးမိလိုက်ပြီးမှ ပြုံးမိကာ....
"ဟုတ်ပါပြီကွာ ကိုယ်က ကိုယ့်အတွက်နဲ့ ညီအလုပ်ရှုပ်မှာ စိုးတာပါ.."
"ရှုပ်စရာလား ဖုန်းလေးဆက်ပြီး ညွှန်ကြားယုံလေးကို..."
ဖုန်းထဲမှ စူပွပွ ကလေးဆန်ဆန် အသံလေးကြောင့် စစ်နိုင်း မျက်နှာမှာ နူးညံံ့ခြင်းအရိပ်တွေ မစဲတော့။ရှင်းခန့်က ဟိုးငယ်ငယ်လေးထဲက နူးညံ့အေးဆေးတဲ့ ကောင်လေး။ယခု အသက်၂၄စွန်းစွန်းမှာ ကိုယ်တိုင်ကိုယ်ကျ လုပ်ငန်းတွေကို ဦးစီးဦးရွက် ပြုနေတာတောင်မှ မာန်တွေမာနတွေဖြင့် ထည်နေတာမျိုးမရှိ။ဟိုးယခင်ကအတိုင်း အေးအေးဆေးဆေးသာ။သူ့ကိုဆိုလည်း ငယ်စဉ်တုန်းကအတိုင်း ခင်တွယ်နေတက်တာ အပြောင်းအလဲမရှိ။
အပြောင်းအလဲ မရှိဘူးဆိုလို့ မဆီမဆိုင် စူးရဲရန်လိုနေတက်တဲ့ အစိမ်းရောင် မျက်ဝန်းတွေကို ဖြတ်ကနဲ သတိရမိသေးသည်။ဒေါနလည်း ဘာများပြောင်းလဲလို့လဲ။ငယ်ငယ်တုန်းကလိုမျိုး ယခုအချိန်အထိ ရန်လို ရိုင်းစိုင်းနေဆဲပဲကို။
"Hello ကိုကို ဘာလို့တိတ်သွားတာလဲ...."
"ဟင်..."
ဖုန်းပြောနေရင်း ရုတ်တရက် အတွေးက ဒေါနဆီသို့ ပြေးလွှားရောက်သွားတော့ စကားပြောနေတာကို အာရုံမရတော့။
!ကျစ်...ဘာလို့များ မဆီမဆိုင် ဆွဲတွေးနေမိမှန်းမသိ..!
ကိုယ့်ဖာသာကိုယ် စိတ်ထဲ မကျေမလည် ရေရွတ်မိရင်း....
"အော် မတိတ်ပါဘူး ကျေးဇူးပါနော် နေ့လည်စာအတွက်.."
"ဟင် ဘာကျေးဇူးလဲ ကိုကိုကနော် ဟိုက ပြန်လာပြီးမှ တအားသူစိမ်းဆန်တာပဲ ကျွန်တော်တို့ကြားမှာ ကျေးဇူးဆိုတာ ရှိလို့လား"
လေလှိုင်းထဲမှ မကျေမနပ် အသံလေး ထပ်ထွက်လာတော့ စစ်နိုင်း မျက်ခုံးကို လက်မဖြင့် ကုတ်ခြစ်မိသည်။ရှင်းခန့်တစ်ယောက်ဟာ သူ့အပေါ်မှာ ငယ်ငယ်တုန်းက သံယောဇဉ်ထက် ပိုသာတဲ့စိတ်မျိုးရှိနေသလားလို့ သံသယဝင်နေမိတာလည်း အခါခါ။သို့သော် ထိုသံသယတို့က ဘယ်တုန်းကမှ ကြာရှည်မခံခဲ့။သူ့ဖက်ကသာ အတွေးလွန်နေခဲ့တာ ဖြစ်သည်။
ရှင်းခန့်ဆိုတာ သိပ်ကို ဖြူစင်လွန်းတဲ့ ကောင်လေးမဟုတ်လား။ယောင်ပြီးတော့တောင် ညစ်ညမ်းတဲ့စိတ်မျိုး သူ့မှာ မတွေးရက်ပါ။ရှင်းခန့်နှင့် သူ့ကြားက မေတ္တာတရားကို အဖြူရောင် သန့်သန့်လေးဖြင့် ထာဝရ တည်တံ့ နေစေချင်တာ။ရှင်းခန့်ကို တန်ဖိုးထားရလွန်းလို့ သူတကယ် အတွေးထဲမှာတောင် မပြစ်မှားဝံ့ပါ။ဒါက ဘယ်လို မေတ္တာတရားမျိုးလဲတော့ သူမရှင်းပြတက်။ရှင်းခန့်ဆိုတာ သူ့အတွက်တော့ တဏှာရာဂ ညစ်နွမ်းမှုတွေ ကင်းစင်တဲ့ နယ်မြေမှာ တသီးတသန့်နဲ့ တသက်လုံး အလှသိမ်းထားချင်မိတဲ့ အရုပ်လေးတစ်ရုပ်သာ။
"ဟုတ်ပါပြီဗျာ...ကောင်းကောင်းစားပါမယ် ခင်ဗျ"
"အင်း..အဲ့ဒါဆို ကျွန်တော် ဖုန်းချလိုက်တော့မယ်နော် ကိုကိုလည်း နေ့လည်စာ စားလိုက်ဦး bye.."
"Ok ညီ bye..."
ရှင်းခန့် ဖုန်းချသွားသည့်အထိ စစ်နိုင်းမျက်နှာမှာ အပြုံးနုနုတို့ ထင်ဟပ်ကျန်နေခဲ့ဆဲ။အဲ့ဒီကလေးက အဲ့ဒီလိုပဲ..စကားစမြည်ပြောလိုက်ရရုံလေးတောင် စိတ်အေးချမ်းစေနိုင်စွမ်းတယ်။စစ်နိုင်း တွေးနေမိရင်း မျက်လုံးအကြည့်တို့က ဘာရယ်မဟုတ် ဆေးရုံအောက်သို့ ရောက်သွားတော့ ကားပါကင်အရှေ့က အရိပ်ရသော ခုံတန်းလေး၌ ပူးကပ်ထိုင်နေကြသော အရိပ်နှစ်ခုအား မြင်တွေ့လိုက်ရတာကြောင့် မျက်နှာပေါ်က အပြုံးတို့ လမ်းခုလတ်မှာ ရပ်တန့်သွားရတော့သည်။
!ဒေါနက....ဆေးရုံကို နေ့တိုင်းလာနေတာလား...!
ဟိုတစ်နေ့က တွေ့ခဲ့သည့်အတိုင်း ကော်ဖီညိုရင့်ရောင် ဂုတ်ထောက် လှိုင်းတွန့်ဆံပင်တွေကို ဖြစ်သလို စုသိမ်းစည်းထားကာ မျက်နှာပေါ် ဟိုတစ်စ ဒီတစ်စ ဆံပင်တွေ ပြန်ကျနေပုံက တမင်တကာစတိုင်ထွင်ထားသလို တမျိုးလေး ကြည့်ကောင်းနေတာ ငြင်းမရ။မြင်းချေးစိမ်းရင့်ရောင် တီရှပ်ကိုယ်ကျပ်က ပိန်ပါးသော ကိုယ်ဟန် သွယ်သွယ်ပေါ်မှာ ချပ်ကပ်နေလျှက် ဖြူဝင်းနေသော အသားအရည်ကို ပို၍ပိုလွင်အောင် ပံ့ပိုးပေးနေသည့်နှယ်။ဒေါနရဲ့ ကုသိုလ်ကံက ငယ်စဉ်ကတဲက နေပူထဲ ဘယ်လောက်ထွက်ထွက် အသားအရောင်က ပြောင်းလဲသွားတာမျိုး မရှိတာဖြစ်သည်။
ခုံတန်းလေးပေါ် ယှဉ်လျှက်ထိုင်နေရင်း နောက်ဖက်သို့ လက်ပစ်တင်တော့ ရဲဇင်က ဒေါနရဲ့ ရင်ခွင်ထဲ ဝင်ထိုင်နေသလိုလို။ဆေးလိပ်ကို လက်ကြားညှပ်ထားလျှက် စကားတွေ ပြောနေကြတာကို အပေါ်က လှမ်းကြည့်နေရင်း ကြည်လင်နေတဲ့ စိတ်က နောက်ကျိ ရှုပ်ထွေးလာရတော့သည်။ဒီနေရာဟာ ဆေးလိပ်ကင်းစင်နယ်မြေ ဆိုတာ မသိတာလား တမင်ဂရုမစိုက်တာလား ဒီကောင်က။
ဘေးကတစ်ယောက်ကလည်း ဆရာဝန်ဖြစ်နေပြီး ဆေးရုံမှာ ဆေးလိပ်လာသောက်နေတာကို လက်သင့်ခံနေရလား။မနက်ဖြန်ကျရင်တော့ ဆေးလိပ်မသောက်ရဆိုတဲ့ စာတွေ ပြူးပြဲနေအောင် ဆေးရုံတစ်ဝန်းလုံး အနံ့ လိုက်ကပ်ခိုင်းဦးမှ။ပြီးတော့ ဝန်ထမ်းတွေရဲ့ ဧည့်တွေ့ချိန်ကိုလည်း သေချာကန့်သတ်မှ ဖြစ်တော့မယ်။
!နေ့တိုင်း ဆေးရုံကို ပန်းခြံနဲ့မှတ်ပြီး လာလာ dateနေတာကတော့ ဟုတ်ကိုမဟုတ်သေးဘူး..!
နောက်ကျိရှုပ်ထွေး နေတဲ့ စိတ်များဖြင့် စားဖြစ်တဲ့ နေ့လည်စာတောင် လည်ချောင်းထဲဘယ်လို ခုန်ပေါက် ဝင်သွားသလဲမသိ။အရသာခံဖြစ်ဖို့ ဝေးစွ။ဒေါနကတော့ ငယ်ငယ်တုန်းကနေ ယခုအချိန်ထိ စိတ်အနှောင့်အယှက်ကို ကောင်းကောင်းကြီး ပေးနေဆဲ။
.
.
.
"Sorryပါကွာ ထွက်လာခါနီးမှ သမီးက ဂျီကျနေလို့ကွ..."
ဖုန်းထဲမှ တောင်းပန်တိုးလှိှျှုးစွာ ထွက်လာသော ထင်ကျော်၏ အသံကြောင့် စစ်နိုင်း စိတ်ပျက်လက်ပျက် ဖြစ်သွားရတော့သည်။ဟိုကောင် သီဟကလည်း သူ့ယောက္ခမကြီးကို လိုက်ပို့နေရလို့တဲ့။ခိုင်ဇော်ကျတော့လည်း အလုပ်ကိစ္စနဲ့ မန္တလေးရောက်နေသတဲ့။ရှိတာမှ သူငယ်ချင်းလေး ၄ယောက်။ကျောင်းပြီးထဲက သူ့နယ်ပယ်နှင့်သူ ကိုယ်နယ်ပယ်နှင့်ကိုယ် မတွေ့ကြမဆုံကြရတာ ဘယ်လောက်တောင် ကြာခဲ့ပြီလည်း။သူလည်း မြန်မာနိုင်ငံမှာမှ မရှိဘဲ။အခုတော့ ပြန်ရောက်တုန်းလေး ဆုံဖြစ်ကြဖို့ကို လေးယောက်သား ဘယ်လိုမှ တိုင်ပင်မမိ။
"ဟ မင်းမေ့ ငါကရောက်နေပြီလေကွာ..."
"အေးပါကွာ ငါလည်းထွက်လာဖို့ ပြင်ထားပြီးကာမှ သမီးကကပ်နေတာ ဘယ်လိုမှမရဘူး ဟိုကောင်တွေ ပြန်လာမှ တစ်ရက်ပြန်ချိန်းမယ်ကွာ နော် ယောက်ဖ ငါကျွေးမှာပါ.."
ထင်ကျော်က လေပြည်ထိုးတော့ စစ်နိုင်း ကျစ်ကနဲ စုတ်သပ်ပြီးမှ
"ကျစ်...ပြီးရောကွာ ပြီးရော.."
စစ်နိုင်း ပြောပြီးတာနှင့် ဆက်သွယ်မှု ပြတ်တောက်သွားသော ဖုန်းကို ခါးကြားထဲသို့ ပြန်ထိုးလိုက်ပြီးမှ သောက်စရာတစ်ခုခုသာ မှာလိုက်ရတော့သည်။weekendလေးမလို့ သူငယ်ချင်းတွေ ဆုံကြပြုကြရင်း ပေါ့ပေါ့ပါးပါး သောက်စားကြ ငယ်မူပြန်ကြမည့် သူ့စိတ်ကူးတွေဟာ တိမ်လိုလေလို လွင့်ပါးသွားရပြီ။ဘယ်သူငယ်ချင်း ကြည့်ကြည့် သားကျွေးမှု မယားကျွေးမှုတွေနဲ့ ဗျာများနေကြတာ တစ်ဖွဲ့လုံးမှာ တစ်ကိုယ်ရည် တစ်ကာယ သူတစ်ယောက်ထဲသာ အားယားနေတာ။တခါတလေ ကျတော့လည်း ယောင်ချာချာနဲ့။
ယမကာကို ဇိမ်ခံသောက်နေရင်းဖြင့် Barထဲ ဟိုဟိုဒီဒီ လျှောက်ကြည်နေမိဆဲ မလှမ်းမကမ်းရှိ အမှောင်ရိပ်နည်းနည်း ကျနေသော စားပွဲဝိုင်းတစ်ခုမှာ ဒေါနအား လှမ်းတွေ့လိုက်ရတာကြောင့် စစ်နိုင်း အံ့သြသွားရသည်။ပို၍ အံ့သြစရာကောင်းတာက အတူရှိနေတဲ့ အဖော်က ဒေါက်တာရဲဇင် ဟုတ်မနေတာဖြစ်သည်။
ယောက်ျားလေး နှစ်ယောက် သမာရိုးကျ ပခုံးဖက်ကာ ပူးကပ်ထိုင်နေကြတာလားလို့ တွေးစရာ ရှိပေမဲ့ အကြောင်းသိနေတဲ့ သူ့မျက်လုံးထဲမှတော့ ဘယ်လိုမှ သာမာန်ဆက်ဆံရေး မဟုတ်ဘူးဆိုတာကို မြင်နေရသည်။ကြည့်နေတုန်း ကောင်လေးက ဒေါန၏ ပါးတစ်ဖက်ကို ဖြတ်ကနဲ လှမ်းနမ်းတာ မြင်လိုက်ရတော့ စစ်နိုင်း မျက်မှောင်ကြုတ်သွားရကာ လက်ထဲမှ ယမကာခွက်ကို Barကောင်တာအပေါ် ဆောင့်ချမိတော့ အသံကျယ်သွား၍ထင် နံဘေးမှ မိန်းကလေးက စောင်းငဲ့ ကြည့်လာတော့သည်။
"Sorry..."
ခပ်တိုးတိုး တောင်းပန်လိုက်တော့မှ ထိုမိန်းကလေးက တဖက်သို့ ပြန်လှည့်သွားတော့သည်။ဒေါနကို မြင်လိုက်ရတိုင်း အလိုမကျစိတ်တွေနဲ့ စိတ်လွတ်လက်လွတ် အာရုံများသွားမိတဲ့ ကိုယ့်အဖြစ်ကိုလည်း ကိုယ်မကျေနပ်နိုင်။
"ရှင်က ကောင်မတကာနဲ့ ဖောက်ပြန်တာ အားမရလို့ အကောင်တွေနဲ့ပါ ဖောက်ပြန်နေတယ် ဟက်လား.."
"ဖုန်း ဘုန်း ဘုန်း...."
"ဟာ ရတီ မဟုတ်ဘူး ကိုယ်ရှင်းပြ..."
"ဘာမဟုတ်တာလဲ ဘာရှင်းပြမှာလဲ လက်ပူး လက်ကြပ်မိနေတာတောင် ရှင်က ဘာကို မုန်လာဥ လုပ်ချင်နေတာလဲ ဟမ်..."
"မဟုတ်ပါဘူး ရတီရယ်..."
"ဟုတ်တာတွေ မဟုတ်တာတွေ လာမပြောနဲ့ ရှင်နဲ့ အဲ့ဒီကြာကူလီကောင်ကို စောက်ရှက်ခွဲဖို့လိုက်လာတာ တစ်သက်လုံး ခေါင်းမဖော်နိုင်အောင် စောက်ရှက်ခွဲပေးမယ်.."
ပိုက်ဆံအိတ်ဖြင့် တဘုန်းဘုန်း ထုရိုက်သံ စကားသံ ဆူဆူညံညံများကြောင့် ခုနက အနောက်တိုင်း တီးလုံးသံငြိမ့်ငြိမ့်လေးဖြင့် အေးချမ်း ငြိမ်သက်နေသော Barလေးက ချက်ချင်းပွက်လောရိုက်သွားတော့သည်။အသံလာရာကို စူးစမ်းမိတော့ ဒေါနတို့ ဝိုင်းကဖြစ်နေလေသည်။
"ဟိတ် စကားကို ကြည့်ပြော ငါကြာကူလီ မဟုတ်ဘူး မင်းလင်ကို ကြာခိုစရာ ဘာစောက်ကြောင်းမှ မရှိဘူး..."
ဒေါန၏ ခပ်ရင့်ရင့်အသံက ဒေါသတွေကို မျိူချအောင့်အီး ထားရသလိုမျိုး ခပ်ရိုင်းရိုင်း ထွက်ပေါ်လာလေသည်။
"ဟျောင့် ဂျေမီ လစ်လိုက်တော့ မင်း စောက်ဇယားတွေ မငြိမ်ဘဲ ငါ့ကို စောက်ဇယားလာမကပ်နဲ့ ဟျောင့် လစ်တော့."
ဒေါနက ထိုမိန်းမကိုလည်း ပြောသလို နံဘေးက ယောက်ျားလေးကိုလည်း အော်ပစ်သည်။ထိုယောက်ျားကတော့ ဒေါနနှင့် ထိုမိန်းမကြား ဘာလုပ်ရမလဲ ဗျာများနေသည်ပုံ။Barထဲမှ လူတွေအားလုံးလည်း ဖြစ်နေသော အရေးအခင်းကို မသိမသာ စပ်စုနေရာမှနေ၍ ပြောင်ပြောင်တင်းတင်း ဖြစ်လာရတော့သည်။
"အံမာ သူခိုးက လူပြန်ဟစ်လို့ စောက်ခြောက် ကြာကူလီ သူများယောက်ျားကို ကြာခိုနေပြီး ဖာလောက်တောင် စောက်ဆင့်မရှိတဲ့ ကောင်ကများ..ကဲ..."
မိန်းကလေးက၏ နှုတ်မှ ရုပ်ရည်နှင့် မလိုက်ဖက်လှစွာ စကားကြမ်းကြမ်းများ ခုန်ပေါက်ထွက်လာပြီး ဒေါန၏ ပါးအား ပြေးရိုက်ချတော့ ဒေါနက လက်ကိုဖြတ်ကနဲ အားဖြင့် ဖမ်းဆုပ်ပြီးမှ...
"ငါ့ဖြစ်တည်မှုကို နင့်လိုမိန်းမ မပြောနဲ့ ငါ့အမေ စော်ကားလာရင်တောင် သည်းမခံဘူး တောက်!.."
သွားကြားထဲမှ စိမ့်ထွက်လာသော လူသတ်လိုရိပ် အပြည့်ပါသည့် အေးစက်နေသော အသံဖြင့် တစ်လုံးချင်း ပြောပြီးတော့မှ ဆုပ်ကိုင်ထားသော လက်ကို အားဖြင့် ဆောင့်တွန်းလွှတ်တော့ ထိုမိန်းကလေး ကြမ်းပြင်ပေါ်သို့ ပုံကနဲကျသည်။စစ်နိုင်း စိုရိမ်းစိတ်တွေ မြင့်တက်လာကာ ဘယ်လိုကဘယ်လို ဒေါန အနားသို့ စွေ့ကနဲ ရောက်သွားမိလဲ မသိတော့။
"ဒေါန...."
စစ်နိုင်း၏ အရိပ်ကို မြင်တော့ မျက်ဝန်းစိမ်းတွေထဲ အံ့သြရိပ်တွေ ဖြတ်ပြေးသွားတာက ခဏလေးပဲဖြစ်သည်။နီးကပ်နေသော အနေအထားအရ အသက်ရှုသံတွေ ပြင်းထန်ကာ ဒေါနတစ်ယောက် မျက်ဝန်းတွေက စိမ်းတောက်နေလျှက် အလွန်းအမင်း ဒေါသထွက်နေတာ သိသာလှသည်။စစ်နိုင်းက ဒေါန၏ ပခုံးတစ်ဖက်အား သတိပေးသလို ဆုပ်ကိုင်ဖြစ်ညှစ်သည်။ငယ်ငယ်ထဲက ဒေါနက ဘယ်လောက်အထိ ဒေါသကြီးသလဲ သူအသိဆုံး မဟုတ်လား။
"နင် နင် အောက်တန်းစား အရိုင်းစိုင်းကောင် ပိုင်းလုံးကောင်..."
"ရတီ တော်တော့လို့ ပြောနေတယ်...."
ဂျေမီက လဲကျသွားသော ရတီ့အား ပွေ့ထူကာ ခပ်ဆတ်ဆတ် အော်တော့...
"အော် ရှင့်လင်ငယ် ထိတော့ ရှင်နာတယ်ပေါ့ အောက်တန်းစား ပိုင်းလုံးဟာ ပိုင်းလုံးပဲလေ မဟုတ်လို့လား သူများလင်ကို ခိုးစားနေတဲ့ ပိုင်းလုံးကောင်.."
ရတီဆိုသော မိန်းမက စူးစူးဝါးဝါး ထအော်တော့....
"ဟာ...ဒီမိန်းမ..."
"ဒေါန မလုပ်နဲ့ စိတ်ထိန်းစမ်း..."
စစ်နိုင်း ဒေါသ၏ ကိုယ်ကြီးအား အသဲအသန် ပြန်ဆွဲထားလိုက်ရသည်။မိန်းကလေးနဲ့ ယောက်ျားလေး ဖြစ်ဟေ့ဆို ကိုယ့်ဖက်ကပဲ အလွန်ဖြစ်မယ် မဟုတ်လား။
"အံမာ လာလေ နင်က ဘာလုပ်ချင်လို့လဲ အောက်တန်းစား ပိုင်းလုံးကောင်ကများ ကဲဟယ်..."
ရတီက ပြောပြောဆိုဆို ပုလင်းကို ဘယ်အချိန်ထဲက ဆွဲယူလိုက်မှန်း မသိရကာ ဒေါန၏ မျက်နှာတည့်တည့်သို့ အရက်ပုလင်းဖြင့် ပစ်ပေါက်လေတာကြောင့် စစ်နိုင်း ထိတ်ကနဲ ဖြစ်သွားရကာ ကိုယ်ကို တစ်ပတ်လှည့်ပစ်၍ ဒေါ၏ မျက်နှာကို ရင်ခွင်ထဲ ဆွဲသွင်းရင်း အသဲအသန် ကာကွယ်လိုက်ရတော့ ကျောပြင်နှင့် အရက်ပုလင်းက ကျကျနန မိတ်ဆက်လေတော့သည်။
"အင့်...."
လွှဲပြစ်လိုက်တဲ့ အရှိန်ကမနည်းတာမလို့ စစ်နိုင်း ကျောပြင်တစ်ခုလုံး အောင့်မြက်သွားကာ အသက်ရှုပါမှားသွား ရတော့သည်။ဒီအရှိန် အတိုင်းသာ ဒေါန၏ မျက်နှာအား မိတ်ဆက်မိသွားလို့ကတော့ မတွေးရဲတော့။
"ရတီ တော်ပြီလို့ ပြန်မယ်.."
"မတော်ဘူး မပြန်ဘူး ဖယ် လွှတ် အဲ့ဒီပိုင်းလုံးကောင်ကို အသေသတ်မှာ ဖယ် လွှတ်...."
ဂျေမီက အခြေအနေတွေ ပိုဆိုးရွားမလာခင် အော်ဟစ်သောင်းကျန်း နေသော ရတီ့အား ကောက်ပွေ့ကာ ခေါ်ထုတ်သွားတာကြောင့်
အော်ဟစ်ဆူညံသံတွေ ထုရိုက်ပုတ်သံတွေ တဖြည်းဖြည်း ဝေးသွားကာ Barထဲ ပြန်လည် တိတ်ဆိတ်သွားရတော့သည်။
"တောက်!..."
တောက်ခေါက်သံ ပြင်းပြင်းကြောင့် စစ်နိုင်းက ဒေါနအား ရင်ခွင်ထဲမှ ခွာ၍ မျက်နှာလေးအား စိုက်ကနဲ ကြည့်ပြီးမှ...
"ဘာဖြစ်သွားသေးလဲ..."
စစ်နိုင်းမေးတော့ ဒေါနက ဘာဖြစ်ရမှာလဲဆိုတဲ့ အဓိပ္ပါယ်ရတဲ့ ချဉ်တူးတူး မျက်ဝန်းတွေ ပင့်တက်လာပြီးမှ ရင်ခွင်ထဲက မညှာမတာ ရုန်းထွက်တော့ စစ်နိုင်း ကျောပြင်က စူးကနဲ အောင့်တက်လာကာ မျက်နှာမဲ့ကနဲ ဖြစ်သွားရတော့သည်။ဒါကိုလည်း ဒေါနကတော့ သူ့ဒေါသနှင့်သူ သတိထားမိပုံ မရပါပဲ စားပွဲပေါ်မှ ပိုက်ဆံအိတ်ကို ကောက်ဆွဲကာ စစ်နိုင်း၏ ပခုံးအား တိုးတိုက်ထွက်လေသည်။စစ်နိုင်းလည်း ဒေါနထွက်သွားရာနောက်သို့ ယောင်ချာချာနှင့် လိုက်ပါလာခဲ့မိတာ ဘာကြောင့်မှန်းတောင် မတွေးမိခဲ့။
ပြီးတော့ ကားပါကင်ရောက်တော့ ဒေါနက စစ်နိုင်းဖွင့်ပေးသော ကားတံခါးထဲသို့ ဘာမှမပြောပဲ ခပ်တည်တည်သာ ဝင်ထိုင်လေသည်။
"အိမ်ပြန်မယ် မှတ်လား...."
နှစ်ယောက်ကြားက တိတ်ဆိတ်နေသော လေထုကို စစ်နိုင်းက စတင်ဖြိုခွဲပစ်တော့....
"ဘယ်အချိန်ရှိသေးလို့ အိမ်ပြန်ရမှာလဲ.."
ဒေါန၏ စကားကြောင့် စစ်နိုင်း လက်မှ နာရီကို ပင့်ကြည့်တော့ ၁၂ကျော်နေပြီ။ဒါက အိမ်ပြန်သင့်တဲ့ အချိန်မဟုတ်သေးဘူးတဲ့လား။
အမှန်ဆို သူလည်း အိမ်ပြန်ချင်စိတ်မှ မရှိဘဲ။နဂိုထဲက သူငယ်ချင်းတွေနဲ့ Night outထွက်ဖို့ လာခဲ့တာပဲ။အစီအစဉ်တွေ ကမောက်ကမ ဖြစ်ကုန်လို့ ဘူနေရတာလေ။
"Okလေ အဲ့ဒါဆို ဘယ်သွားချင်လဲ..."
"ဘယ်နေရာ ဖြစ်ဖြစ် အိမ်မဟုတ်ရင် ပြီးရော..."
ဒေါန၏ စကားကြောင့် စစ်နိုင်း ခပ်ဟဟ ရယ်ကာ ကားကို အမြန်လမ်းဖက်သို့ လမ်းကြောင်းပြောင်းပြီးမှ အရှိန်တင်လိုက်လေတော့သည်။ပြီးတော့ အမြန်လမ်းဘေးက ဆိုင်မှ ဘီယာနှစ်ကဒ်လောက်ကိုလည်း ကားအနောက်ခန်းထဲသို့ ပစ်တင်ခဲ့လိုက်သေးသည်။
!But if you like causing trouble up in the hotel room!
မင်းက hotelအခန်းထဲမှာ ပြဿနာ ရှာရတာ ကြိုက်တယ်ဆိုလျှင်တော့
!And if you like having secret little rendezvous!
ပြီးတော့ တိတ်တိတ်လေး ခိုးပြီးချိန်းတွေ့ရတာကို ကြိုက်တယ် ဆိုလျှင်တော့
!if you like to do the things you know that we shouldn't do!
ငါတို့ မလုပ်သင့်ဘူးလို့ သိနေတဲ့ အရာတွေကို လုပ်ရတာကြိုက်တယ်ဆိုလျှင်တော့
Baby! I'm perfect
ဘေဘီ ငါက အသင့်တော်ဆုံးသူပဲ
Baby! I'm perfect for you
ဘေဘီ ငါကမင်းအတွက် အသင့်တော်ဆုံးပဲ....
And if you like midnight driving with the windows down
ညလယ်ခေါင်မှာ ကားမှန်တံခါးလေးဖွင့်ပြီး ကားမောင်းရတာကြိုက်တယ် ဆိုလျှင်တော့
if you like to do whatever you've been dreaming about
မင်းလေးက စိတ်ကူးပေါက်တဲ့အတိုင်း ထလုပ်ရတာ ကြိုက်တဲ့သူဆိုလျှင်တော့
Baby! you're perfect
ဘေဘီ! မင်းက အသင့်တော်ဆုံးသူပါပဲ....
ကားအမိုးကို ဖွင့်ပေးကာ One directionရဲ့ perfectသီချင်းကိုပါ ခပ်ကျယ်ကျယ်လေး ဖွင့်ပေးလိုက်တော့
ဒေါနတို့ ဘီယာဘူးကို ကိုင်ရင်းဖြင့် အာဗြဲလျှာဗြဲ လိုက်ဆိုနေပြီ ဖြစ်သည်။မှတ်မိပါသေးသည်..ဒေါန၈တန်းလောက်တုန်းက One directionအဖွဲ့က အဖွဲ့ဝင်ဖြစ်သူ zaynထွက်သွားလို့တဲ့ ခြံထောင့်မှာ ထိုင်ငိုနေခဲ့ဖူးသေးတာ။အဲ့ဒီကောင်က တခါတရံလည်း သူမှဟုတ်ရဲ့လားလို့ တွေးယူရအောင် နူးညံ့နေတက်ပြန်သည်။အဲ့အချိန်ကစပြီး သူလည်း ဘာရယ်မဟုတ် one directionရဲ့ သီချင်းတွေကို လိုက်နားထောင်ဖြစ်ခဲ့တာ။ဒေါနလိုကောင်ကိုတောင် ငိုအောင်လုပ်နိုင်ခဲ့တာ ဘယ်လိုအဆိုတော်များလဲ ဆိုတဲ့စိတ်နဲ့ပေါ့။
ကားလေးက အမြန်လမ်းပေါ် တရိပ်ရိပ် ပြေးနေရင်း ကားနောက်ခန်းမှာ ဘီယာဘူးတွေ စုပုံလာသလို ဒေါနကမ်းပေးသမျှ ယူမော့နေရတာ လူလည်း ခေါင်းထဲ တရိပ်ရိပ်ဖြင့် အတော့်ကို ရေချိန်ကိုက်နေပြီ ဖြစ်သည်။ကားဆက်မောင်းလို့ မဖြစ်တော့တာ သတိဝင်တော့မှ ကားကို အမြန်လမ်းဘေး ထိုးချရပ်လိုက်တော့သည်။နှစ်ယောက်သား ကားပေါ်မှ ဆင်းကာ နောက်ဖုံးဖွင့်လျှက် ယှဉ်မိကြရင်း
ပတ်ဝန်းကျင်ကို စူးစမ်းမိတော့ ဘေးမှ လယ်ကွင်းတွေက မှောင်မဲတိတ်ဆိတ်နေကာ ကားတွေ ဖြတ်သွားနေတာပဲရှိလေသည်။
"ကိုကို...ရော့.."
ဒေါနကတော့ အတော်လေး မှန်နေပုံရကာ ဘီယာဘူးကို လက်ထဲလာထိုး ပေးပြန်သည်။စစ်နိုင်းက ဆွဲယူလိုက်တော့မှ ဒေါနက စစ်နိုင်း၏ ပခုံးပေါ် ခေါင်းမှီချသည်။
"Bbay! I'm perfect for you.."
အခုထိ အရှိန်မသေချင်ဘဲ ပခုံးမှီရင်း သီချင်း ငြီးနေသေးသည်။စစ်နိုင်း ဘီယာကို တစ်ကျိုက်မော့ပြီးတော့မှ...
"ရဲဇင်နဲ့က ပြတ်သွားပြီလား ဘာလို့အိမ်ထောင်သည်နဲ့ ပတ်သတ်နေရတာလဲ.."
အရှိန်လေးရနေတော့ မေးသင့်တာတွေ မမေးသင့်တာတွေ မတွေးမိပါဘူး။မေးချင်တာတွေ တောက်လျှောက်မေးချသည်။
"ရဲဇင်..!"
ဒေါနက သံယောင်လိုက်ရွတ်ပြီးမှ....
"အော် ဒေါက်တာလေး..အဟား မပြတ်ပါဘူး သူကချစ်ဖို့ကောင်းတယ်..."
ဒေါနပြောတော့ စစ်နိုင်း မျက်မှောင်ကြုတ်သွားရကာ...
"အဲ့ဒါဆို ဟိုမိန်းမရှိတဲ့ကောင်ကရော သူများယောက်ျားကို မင်းက ဘာလို့.."
"ဟက် အောက်လိုက်တာ ကိုကိုရာ ကျွန်တော်က သူမိန်းမဆီက သွားလုနေတာ မလို့လား ဒီလိုပဲ one night standသဘောမျိုးပဲကို.."
"ဒါဆိုလည်း တခြားလွတ်လွတ်ကင်းကင်း..."
"No No အများကြီး မတွေးနဲ့ ကိုကိုရဲ့ sexဆိုတာ စိတ်အပန်းဖြေမှု သက်သက်ပဲလေ အများကြီး မတွေးနဲ့.."
အများကြီး မတွေးနဲ့ဆိုတဲ့ စကားကို အမူးသမားတို့ ထုံးစံအတိုင်း လက်ညှိုးတစ်ချောင်း ထောင်လျှက် မျက်လုံးတွေ ရီဝေစင်းကျနေစွာ ပြောလေသည်။ပြောပြီးမှ နောက်တစ်ဖန် စစ်နိုင်း၏ ပခုံးပေါ်သို့ ခေါင်းမှီချတော့ စစ်နိုင်က မလိုလားစွာ ပခုံးကို တွန့်ကာ ရှောင်ဖယ်ပြစ်သည်။ဒေါနက ဘာကို သဘောကျသွားမှန်းမသိပဲ ခပ်ဟဟရယ်ပြီးမှ...
"ဟား..ကျွန်တော် အိပ်ချင်ပြီ.."
ပြောပြောဆိုဆို အနောက်ဖုံးထဲမှာပဲ ကွေးကွေးလေး ကိုယ်ကို စောင်းကာ စစ်နိုင်း၏ ပေါင်ပေါ်သို့ ခေါင်းအုံးချလေတော့သည်။
"ကိုကို I'm perfect for you..."
အိပ်ပျော်ခါနီး အချိန်အထိ သီချင်းစာသားတွေကို မပီမသ ဗလုံးဗထွေး ရေရွတ်သွားသေးသည်။စစ်နိုင်း ခေါင်းမော့၍သာ ဟက်ကနဲ အသံထွက်၍ ရယ်မိတက်တော့သည်။
!ဒါက ဒေါနရဲ့ မျက်နှာတစ်ဖက်ခြမ်းတဲ့လား...!