Flower Language
~~~Unicode
ဒီနေ့ဟာ Wendy ခြေထောက်ဒဏ်ရာရခဲ့တာ တစ်လပြည့်ပြီမို့ ဝှီးချဲအစား ချိုင်းထောက်ကို အသုံးပြုပြီး ခြေထောက်လေ့ကျင့်ခန်းတွေ စလုပ်ရမှာမို့ ဧည့်ခန်းထဲမှာ ဒေါက်တာKimက Wendyကို ကူညီလေ့ကျင့်ပေးနေသည်။ ဘေးတွင်တော့ Ireneမှာ Laptopတစ်လုံးနဲ့ အလုပ်ရှုပ်နေသည်။
"ညာဖက်ခြေထောက်ပဲ ထိခိုက်ထားတာမို့ ချိုင်းထောက်ကို အရမ်းအားပြုစရာ မလိုဘူးပေါ့။ ဒါပေမယ့် အသားကျအောင်တော့ အခုသင်ပေးထားသလို လျှောက်ကြည့်ဦး"
Wendyခေါင်းညိမ့်လိုက်ပြီး ဒေါက်တာKim လျှောက်ခိုင်းသလို တစ်ယောက်တည်း ချိုင်းထောက်ဖြင့် ဧည့်ခန်းထဲမှာ ပတ်လျှောက်ကြည့်သည်။ ပထမဆုံး ချိုင့်ထောက်သုံးဖူးတာမို့ အဆင်မပြေပေမယ့်လည်း တစ်လျှောက်လုံး ဝှီးချဲနဲ့ပဲ နေလို့မရတာကြောင့် ကြိုးစားပြီး အသားကျအောင် လေ့ကျင့်ရသည်။
Ireneက Laptopကို ပိတ်လိုက်ပြီး ဘေးမှာချထားတဲ့ မှတ်စုစာအုပ်ကို ယူကာ ဒေါက်တာKimနား ကပ်သွားသည်။
သူမ ဒေါက်တာKimကို မေးလိုရာတွေမေးပြီးတော့ Wendy လမ်းလျှောက်တဲ့နားကို ရောက်လာကာ"ကောင်းကောင်းလျှောက်နိုင်နေပြီပဲ။ တော်လိုက်တာ"
ကိုယ့်ဘာသာလျှောက်နေတာအကောင်း Ireneဆီက ချီးကျူးမှုကိုရတော့ အနည်းငယ်ရှက်သွားကာ မေ့ပြီး ဒဏ်ရာရနေတဲ့ ခြေထောက်နဲ့ ထောက်မိသွားတာကြောင့် လဲမလိုဖြစ်သွားရာ Ireneက သူမ လဲမကျအောင် အမြန်လာထိန်းပေးသည်။
"သတိထားလေ။ နာသွားလား?"
Wendyခေါင်းခါဖို့ တွေးလိုက်ပေမယ့်လည်း မခါတော့ပဲ ချိုင်းထောက်ကို အားပြုကာ ပြန်ထလျက် "နည်းနည်းတော့ နာတယ်"
"ဒေါက်တာKimရေ ဒီနေ့ Wendyလေ့ကျင့်တာ လုံလောက်ပြီလား မသိဘူး?"
"အာ...ရပါပြီ။ ညနေကျမှ အပြင်မှာ တစ်ခေါက်လောက် လမ်းထွက်လျှောက်ပေါ့"
"သိပါပြီ"
Ireneပြောပြီး Wendyကို တွဲကာ ဆိုဖာမှာ ဝင်ထိုင်တော့ ဒေါက်တာKimလည်း သူ့ပစ္စည်းတွေ သိမ်းပြီး ထရပ်သည်။
YOU ARE READING
Flower Language [Completed]
Random❝ ပန်းလေးတွေထက်လှတဲ့ အပြုံးတွေက နွေဦးအစောပိုင်းမှာ စတင်ခဲ့တဲ့ ပန်းချီကားလေးပေါ့ ... မေပယ်လ်တစ်ရွက် အပြုံးတစ်ပွင့်နဲ့ ထိုအမျိုးသမီးလေးကို ချစ်မိသွားဖို့ လုံလောက်ခဲ့တယ် ... 🍁 ❞