Flower Language
~~~Unicode
"Irene-nim"
"Seung Wan အထဲမှာလား?"
"ဘော့စ် အထဲမှာ ရှိပါတယ်။ ဒါပေမယ့် ဒါရိုက်တာတွေနဲ့ စကားပြောနေတယ်"
"ဒါဆို တစ်ချက်လောက် ပြောထားပေးလေ။ ငါဒီမှာပဲ စောင့်နေမယ်" သူမ ချိုသာစွာ ပြုံးလျက် Joyကို ပြောလိုက်သည်။
"ကောင်းပါပြီ" Joy အနည်းငယ် တွန့်ဆုတ်စွာ ပြောသည်။
ဟိုတယ်အသစ်ဆောက်ဖို့ ပြောထားတဲ့ ရက်ကို နှစ်ရက်နောက်ကျနေလို့ Wendyမှာ နေ့လယ်ကတည်းက ဒါရိုက်တာတွေကို ခေါ်ပြီး ဆူနေတာ ၂နာရီလောက်တောင် ရှိနေပြီဖြစ်ရာ Wendyရဲ့ စိတ်အခြေအနေကို Joy သိလိုက်သည်။ အထဲမှ ဒါရိုက်တာတွေလည်း တကယ်ကို သေချင်စော်နံနေကြမှာ။ Irene လာလျှင် ဘယ်လို အခြေအနေရှိနေရှိနေ သူမကို အသိပေးဖို့ မှာထားတာကြောင့် Joy တွန့်ဆုတ်ပေမယ့်လည်း အထဲကို ဖုန်းခေါ်လိုက်သည်။
တစ်ဖက်လိုင်းက ခက်ထန်တဲ့ တုံ့ပြန်မှုကို ကြားလိုက်ရတော့ Joy တစ်ချက်တုန်သွားပြီး "Irene-nim ရောက်နေပါတယ်"
"ဝင်လာခိုင်းလိုက်" ထိုစကားကိုတော့ Wendy က ပုံမှန်လေသံဖြင့် ပြောသည်။
ဒါရိုက်တာတွေလည်း ဖုန်းဝင်လာပြီးနောက် ပြောင်းလဲသွားတဲ့ Wendyရဲ့ မျက်နှာရိပ်ကို အကဲခတ်မိသည်။ ရုတ်တရက် သူတို့တွေ တစ်စုံတစ်ယောက်ကို သတိရလိုက်ပြီး သူတို့ မျက်လုံးထဲမှာ မျှော်လင့်ချက်ရောင်ခြည်လေး သမ်းသွားသည်။
သူတို့မျှော်လင့်သည့်အတိုင်းပင် အခန်းထဲကို လှပပြီး အေးချမ်းတဲ့အသွင်ရှိတဲ့ မိန်းကလေးတစ်ယောက် ဝင်လာသည်။ သူမကို ကြည့်ရသည်မှာ ဘာစိတ်ရှုပ်မှုမှ မရှိသည့်အလား ကြည်လင်နေသည်။ သူမက Wendyကို ပြုံးပြီးကြည့်ကာ "နင်ပြီးတဲ့အထိ ငါစောင့်နိုင်တာကို ဘာလို့ အထဲကို ခေါ်တာလဲ?" သူမက ပျားရည်လို ချိုမြိန်တဲ့ အသံလေးနဲ့ ဆိုသည်။
"ကိစ္စမရှိဘူး။ သူတို့က ပြန်တော့မှာ" Wendy က ပြန်ပြုံးပြီး ညင်သာစွာ ပြောသည်။
ဒါရိုက်တာတွေအားလုံး ထိုအပြုံးကြောင့် တုန်လှုပ်သွားကြသည်။ အမြဲလူသတ်လိုတဲ့ အငွေ့အသက်တွေနဲ့ ဒီမိန်းကလေးက ဒီလို ပြုံးတတ်မယ်ဆိုတာ သူတို့ မယုံနိုင်ပေ။
YOU ARE READING
Flower Language [Completed]
Random❝ ပန်းလေးတွေထက်လှတဲ့ အပြုံးတွေက နွေဦးအစောပိုင်းမှာ စတင်ခဲ့တဲ့ ပန်းချီကားလေးပေါ့ ... မေပယ်လ်တစ်ရွက် အပြုံးတစ်ပွင့်နဲ့ ထိုအမျိုးသမီးလေးကို ချစ်မိသွားဖို့ လုံလောက်ခဲ့တယ် ... 🍁 ❞