THE END

1.5K 111 12
                                    

Flower Language
~~~

Unicode

2023 /

Ju Hyun က ညစာပြင်ဆင်တာကို အိမ်အကူတွေကို မလုပ်စေပဲ သူကိုယ်တိုင်လုပ်လေ့ရှိပေမယ့် တစ်ခါတစ်လေ သူ့ရဲ့ ဒရမ်မာဇာတ်လမ်းတွဲ လာနေချိန်တွင်တော့ ညစာမပြင်ဆင်ပေးလို့ Seung Wan ကိုယ်တိုင်ပြင်ဆင်ရပါတယ်။ ဒါပေမယ့် Seung Wanက စိတ်မဆိုးပါဘူး။ Ju Hyun နဲ့အတူ ဒရမ်မာကြည့်ရတာကို သူလည်း သဘောကျပါတယ်။

2024 /

Ju Hyunက Seung Wanကို အများကြီး သဝန်တိုတတ်လာပြီး စိတ်ဆိုးစိတ်ကောက်တာတွေ လုပ်တတ်လာပေမယ့် Seung Wanရဲ့ အပြောနဲ့အလုပ်ကြောင့် ကြာကြာစိတ်ဆိုးစိတ်ကောက်တာမျိုးတော့ မလုပ်နိုင်ပါဘူး။

2025 /

Seung Wanက Ju Hyunထက်ပိုပြီး သဝန်တိုတာတွေ လုပ်တတ်တယ်ဆိုတာကို Ju Hyunတစ်ယောက် သေချာလေး သဘောပေါက်ခဲ့ပါတယ်။ Seulgiတို့တောင် မမျှော်မှန်းထားတဲ့ Seung Wanရဲ့ Jealousy level unlock ဖြစ်လာတာမျိုးတွေတောင် ရှိလာတဲ့အခါမှာတော့ Ju Hyunပင်ပန်းပေမယ့်လည်း တစ်ခါတစ်လေတော့ အဲ့လိုစနောက်ရတာကိုလည်း ပျော်ရွှင်နေတတ်လာတယ်။ သိပ်မ​ပြင်းထန်တဲ့ Jealousy Seung Wanက ချစ်ဖို့အကောင်းဆုံးအချိန်တွေထဲက တစ်ခုပဲလေ။

2026 /

Ju Hyunမှာ ထိခိုက်မှု အသေးစားလေး ဖြစ်ပြီးတဲ့နောက်မှာတော့ Seung Wanက အသေးအမွှားလေးတွေကအစ လိုက်စိတ်ပူနေခဲ့တာကြောင့် Ju Hyunအနေနဲ့ ကျဥ်းကျပ်သလို ခံစားခဲ့ရပေမယ့်လည်း Seung Wan နားလည်အောင် ပြောပြနိုင်ခဲ့ပါတယ်။

2027 /

Seung Wan က ဟိုတယ်စီအီးအိုအဖြစ်ကနေ အနားယူပြီး  Toronto Island မှာ မော်တော်ဘုတ်ဌားရမ်းရောင်းချတဲ့ လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့တယ်။ Ju Hyunကတော့ သူ့ရဲ့ ပန်းဆိုင်လေးကို တိုးချဲ့သထက် တိုးချဲ့တာပေါ့။ Ju Hyunက Seung Wanနဲ့အတူ မကြာခဏလိုက်လာပြီး မော်တော်ဘုတ်စီးရတာကို သဘောကျလာပေမယ့် ရေကိုတော့ ကြောက်တတ်ဆဲပါ။

2030 /

Mrs.Bae ရဲ့ ကျန်းမာရေးအခြေအနေက ဆိုးလာပေမယ့် Ju Hyunက ကြံ့ကြံ့ခံနိုင်ခဲ့တယ်။ သူ့အနားမှာ အမြဲတမ်းရှိနေပေးမယ့် သူ့အဖေရယ် SeungWanတို့ရယ်ကြောင့်ပါပဲ။

Flower Language [Completed]Where stories live. Discover now