Flower Language
~~~Unicode
Wendyခရီးသွားတာ လေးရက်မြောက်နေ့ ရှိခဲ့ပြီ။ သူမ ဆိုင်ကနေ အိမ်ပြန်ရောက်လာတဲ့အချိန်မှာ Wendyဆီက ဖုန်းဝင်လာသည်။
'အိမ်ပြန်ရောက်ပြီလား?'
Wendyဆီက နူးညံ့တဲ့အသံလေးကို ကြားပြီးနောက် သူမစိတ်ထဲ နွေးထွေးသွားသည်။
'ခုနကပဲ ပြန်ရောက်တာ။ နင်ရော အခုဘာလုပ်နေလဲ?'
'အလုပ်လုပ်နေတာ။ တစ်ယောက်တည်း ပျင်းနေလား?'
Wendy က သူမစိတ်ကို သိနေသလား ထင်ရအောင် မေးလိုက်တော့ သူမ ဖုန်းကို မလုံမလဲ ကြည့်သည်။
'နင် ငါ့နောက်ကို လူလွှတ်ထားလား?'
'အင်း' သူမက စလိုက်တာကို Wendy က တကယ် ဝန်ခံလိုက်တော့ အံ့ဩသွားသည်။
'စိတ်မပူနဲ့။ နင့်လုံခြုံရေးအတွက်ပဲ သူတို့ကို ကြည့်ခိုင်းထားတာ။ နင်တစ်ခုခုမဖြစ်သ၍ သူတို့က ဝင်စွက်ဖက်မှာ မဟုတ်သလို ငါ့ကိုလည်း အကြောင်းစုံ တင်ပြမှာ မဟုတ်ဘူး'
ဘာပဲဖြစ်ဖြစ် သူမ စိတ်မကြည်ဖြစ်သွားတာတော့ အမှန်ပင်။ ဒရိုင်ဘာနဲ့ အလုပ်သွားရတာတောင် မလွတ်လပ်သလို ခံစားရပါတယ်ဆို စောင့်ကြည့်ဖို့ လူပါ လွှတ်ထားတယ်ဆိုတော့ တော်တော်လွန်တယ်လို့ ခံစားရသည်။
'Irene-ah? စိတ်ခုသွားတာလား? အဲ့ဒါကြောင့် ငါမပြောဖို့ တွေးထားပေမယ့် လိမ်ထားသလို ဖြစ်မှာစိုးလို့ ပြောပြတာ။ ငါ့ကို နားလည်ပေးစေချင်တယ်'
'ငါ နားလည်ပြီ'
'ငါနင့်ကို သတိရနေတာ'
Wendyဆီက ထိုစကားတစ်ခွန်းက သူမ ကမ္ဘာကြီးကို ခဏတာ ရပ်တန့်သွားစေသည်။ ရုတ်တရက် တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ သူမ နှလုံးခုန်သံကို ပြန်ကြားရလာတာကြောင့် သူမ ရင်ဘတ်က်ို ဖိထားလိုက်သည်။
'ငါ-ငါလည်း ပျင်းနေတာ' ဒါပေမယ့်လည်း သူမ ဝန်ခံမှာ မဟုတ်ပေ။
'ဒါ လုံလောက်တယ်' တစ်ဖက်လိုင်းက Wendy ပြုံးလျက်ပြောသည်။
'နင်မြန်မြန် ပြန်လာရင် ကောင်းမယ်' Irene ရဲ့ အသံက အနည်းငယ် ရှက်ရွံ့သံပေါက်နေသည်။
YOU ARE READING
Flower Language [Completed]
Random❝ ပန်းလေးတွေထက်လှတဲ့ အပြုံးတွေက နွေဦးအစောပိုင်းမှာ စတင်ခဲ့တဲ့ ပန်းချီကားလေးပေါ့ ... မေပယ်လ်တစ်ရွက် အပြုံးတစ်ပွင့်နဲ့ ထိုအမျိုးသမီးလေးကို ချစ်မိသွားဖို့ လုံလောက်ခဲ့တယ် ... 🍁 ❞