Flower Language
~~~Unicode
သုံးစက္ကန့်...လေးစက္ကန့်...ငါးစက္ကန့်
Ireneဘက်က ဘာမှတုံ့ပြန်မှုမရှိတာကြောင့် သူမ ဝမ်းနည်းစွာ အနမ်းကို ရပ်လိုက်သည်။
"တောင်းပန်ပါတယ်" သူမ တုန်ရီနေတဲ့ပုံ မပေါက်အောင် ထိန်းပြောလိုက်သည်။
ထို့နောက် ပိတ်ကားဆီကိုပဲ အာရုံလွှဲထားလိုက်သည်။ နှစ်ယောက်လုံး စကားတစ်ခွန်းမှ မပြောတော့တာကြောင့် ကားထဲမှာ တိတ်ဆိတ်မှုတွေ ပြည့်နေသည်။ နာရီဝက်ကြာတော့ ဇာတ်ကားလည်း ပြီးသွားတာနဲ့ ဘေးက Ireneကို လှည့်ကြည့်တော့ Ireneကား အိပ်ပျော်နေပြီ။
သူမ သက်ပြင်းဖွဖွချကာ Ireneရဲ့ နဖူးပေါ်က ဆံပင်လေးတွေကို အသာအယာသပ်ပေးပြီး ထိုင်ခုံခါးပတ် ပတ်ပေးလိုက်သည်။
Ireneမှာ တကယ်တမ်း အိပ်မပျော်သေးပေမယ့်လည်း ပြန်ရတော့မှာမို့ အနေခက်စေတဲ့ အခြေအနေကို ရှောင်ရှားရန် အိပ်ချင်ယောင်ဆောင်နေခြင်းပင်။ Wendy အနားကပ်လာတာကို ခံစားမိတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထားမိသည်။ Wendy သူမမျက်နှာနား ကပ်လာချိန်မှာတော့ တဒုတ်ဒုတ် ခုန်နေတဲ့ နှလုံးခုန်သံကို ကြားသွားမှာတောင် စိုးရိမ်မိပေမယ့် Wendyက သူမကို ခါးပတ်ပတ်ပေးပြီး ချက်ချင်း ပြန်ဖယ်သွားမှသာ စိတ်အေးသွားရသည်။
ထိုညမှစ၍ Wendyက သူမကို ရှောင်နေတော့သည်။ အလုပ်များရင်တောင် အချိန်မှန် အိမ်ပြန်လာတတ်တဲ့ Wendyဟာ အခုဆို ၂ရက် သုံးရက်နေမှသာ အိမ်ပြန်လာလေ့ရှိသည်။ ပြန်လာလည်း သူမ အိပ်ပျော်သွားမှသာ အခန်းထဲ ဝင်လာလေ့ရှိပြီး မနက်ဆိုလည်း သူမ မနိုးသေးခင် ထွက်သွားလေ့ရှိသည်။
ဒီမနက် သူမ နိုးလာတော့လည်း Wendy မရှိတော့ပေ။ အဝတ်ခြင်းထဲက အဝတ်ဟောင်းတွေကို မြင်မှသာ ညက Wendyလာအိပ်သွားမှန်း သိရသည်။ ဒီလိုမျိုး Wendy သူမကို ရှောင်နေတာက သူမအတွက် ရင်ထဲမှာ ဗလာကျင်းသွားသလို ခံစားရစေပြီး ဝမ်းနည်းစေသည်။ တစ်ခုခုဆို သူမကို စိတ်ပူပေးတဲ့ စကားတွေလည်း မပြောတော့တဲ့အပြင် မေးထူးခေါ်ပြောတောင် မလုပ်တော့ပေ။ သူမနဲ့ လက်မထပ်ခင်ကလို အေးစက်စက် ပုံစံပြန်ဖြစ်သွားသလိုပင်။
YOU ARE READING
Flower Language [Completed]
Random❝ ပန်းလေးတွေထက်လှတဲ့ အပြုံးတွေက နွေဦးအစောပိုင်းမှာ စတင်ခဲ့တဲ့ ပန်းချီကားလေးပေါ့ ... မေပယ်လ်တစ်ရွက် အပြုံးတစ်ပွင့်နဲ့ ထိုအမျိုးသမီးလေးကို ချစ်မိသွားဖို့ လုံလောက်ခဲ့တယ် ... 🍁 ❞