Ep.12

1.4K 171 17
                                    

Flower Language
~~~

Unicode

ဒီနေ့မှာတော့ တစ်နေ့လုံး နေသာနေခဲ့သော်လည်း ညနေစောင်းလာလျှင် ကောင်းကင်မှာ မှောင်မည်းလျက် မိုးသားများ တက်လာသည်။ သူမတို့ ညစာစားနေတုန်းမှာ Wendy က အရင်လို သူမကို စကားတစ်ခွန်းမှ မပြောတာကို သူမ သတိထားမိသည်။ ထို့အပြင် Wendyမျက်နှာမှာလည်း မပျော်ရွှင်သည့် အရိပ်အယောင်တွေကို တွေ့ရသည်။ ဒါပေမယ့် သူမ ဘာမှမမေးပဲ နေခဲ့သည်။ ညစာစားပြီးတာနဲ့ Wendy စာဖတ်ခန်းထဲ ဝင်သွားသည်မှာ ယခုဆို ည၁၀နာရီတောင် ကျော်နေပြီ။

အပြင်ဘက်တွင် လျှပ်စီးများ လက်ကာ မိုးသည်းထန်စွာ ရွာနေတာကြောင့် သူမ အိပ်မပျော်ပေ။ Wendy ဘာလုပ်နေလဲ သိရအောင် သွားကြည့်ရမလားဆိုတာကို စဥ်းစားရခက်နေသည်။ သူမက အခုဆို Wendyနဲ့ ရင်းနှီးလာပြီဖြစ်ရာ တစ်ကုတင်ထဲ အိပ်ရသည်ကို အသားကျနေပြီဖြစ်သည်။

Wendy က နေ့တိုင်းသူမကို လာမကြိုနိုင်ပေမယ့် ညစာစားချိန်ထက် နောက်ကျပြီး အလုပ်က ပြန်လာတာမျိုး မရှိပေ။ ပြန်ရောက်လျှင်လည်း ညစာအတူစားပြီး သူ့ဘာသာ အလုပ်လုပ်ရင်လုပ် မလုပ်လျှင် သူမကို အဖော်ပြုပေးသည်။ ဝရံတာမှာ Wendy က သူမနဲ့အတူထိုင်ပြီး သူမရဲ့ တစ်နေ့တာအကြောင်းတွေကို နားထောင်ပေးသည်။ တစ်ခါတစ်ရံကျ Wendy က ဟိုတယ်ကို လာတဲ့ ထူးခြားတဲ့ဧည့်သည်တွေအကြောင်း ပြောပြသည့်အခါ သူမလည်း စိတ်ဝင်တစား နားထောင်လေ့ရှိသည်။

သူမတို့ လက်ထပ်ပြီးသည့်နောက် သူမရဲ့ နေ့ရက်တွေက ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုးတော့ မရှိပေမယ့် အထီးကျန်မဆန်တော့ပေ။ ပြီးတော့ Wendy က အေးစက်တဲ့ပုံစံနဲ့ သိပ်နွေးထွေးတာကိုလည်း သူမ သိလာရသည်။ သူများတွေကတော့ Wendyရဲ့ အရှိန်အဝါကြောင့် နာမည်ကြားရုံနဲ့တင် ကြောက်လန့်ကြပေမယ့် သူမအတွက်တော့ Wendy က အမြဲတံခါးဖွင့်ပြီး ကြိုဆိုနေတဲ့အိမ်လိုပင်။

ရုတ်တရက် မိုးခြိန်းသံကြောင့် ကုတင်ပေါ်လှဲနေတဲ့ သူမကိုယ်လေး တုန်သွားသည်။ သူမ ထရပ်လိုက်ပြီး နာရီကိုတစ်ချက်ကြည့်ကာ အိပ်ခန်းထဲက ထွက်လာခဲ့သည်။ ထို့နောက် ကပ်ရပ်ရှိ စာဖတ်ခန်းကို ဦးတည်လိုက်သည်။

Flower Language [Completed]Where stories live. Discover now