Flower Language
~~~Unicode
Wendy တစ်ယောက် အဝတ်လဲခန်းရဲ့ မှန်ရှေ့မှာ ရပ်နေပြီး လည်ပင်းက အနီရောင် အမှတ်အသားအချို့ကြောင့် ခေါင်းခါပြီး ပြုံးလိုက်မိသည်။
"အစည်းအဝေးအတွက် ဝတ်စုံပြောင်းရတော့မယ်။
ဟင်း .. ကြောင်ဆိုးလေးက တကယ်ဆိုးတာပဲ""ဘာတွေပြောနေတာလဲ?"
အနောက်ဘက်မှ Ireneရဲ့ အသံထွက်ပေါ်လာပြီး သူမ ကျောပေါ်မှာ ခေါင်းကို မှီလာသည်။
"ဘာလို့ထလာတာလဲ?"
"နင်မရှိတော့လို့" Irene မျက်လုံးမပွင့်သေးပဲ ပြောသည်။
"ဘယ်နှနာရီလဲ အခု?"
"အစောကြီးပဲ ရှိသေးတယ်။ ပြန်သွားအိပ်ဦးလေ"
"နင်သွားမှ ပြန်အိပ်မယ်" Irene မျက်လုံးကို ကြိုးစားဖွင့်လိုက်ပြီး "မနေ့က ငါထုတ်ပေးထားတဲ့ အက်ျီမဝတ်ဘူးလား?"
Ireneက အလိုမကျစွာ နှုတ်ခမ်းဆူလာတော့ သူမလည်း ညဝတ်အက်ျီရဲ့ အပေါ်ပိုင်းကို အနည်းငယ် လှပ်ပြလိုက်ပြီး "ငါက နင့်အပိုင်ဆိုတာကို ထုတ်ဖော်ပြရတာ ကိစ္စမရှိပေမယ့် ဒီမနက်အစည်းအဝေးက အရမ်းအရေးကြီးလို့ တည်တည်ငြိမ်ငြိမ်ရှိဖို့လိုတယ် ကြောင်ဆိုးလေးရဲ့" ပြောပြီး Ireneရဲ့ နဖူးကို လက်ညိုးနဲ့ တို့လိုက်သည်။
ထိုအခါမှ Irene လည်း မနေ့က သူလုပ်ခဲ့တာတွေကို ပြန်တွေးမိပြီး ပါးနှစ်ဖက်ရဲတက်လာသည်။
"အခုမှရှက်မနေပါနဲ့တော့ Ju Hyun-ssi~ မနေ့က တကယ်ပျော်ခဲ့ရပါတယ်"
"မစနဲ့တော့နော် Shon Wendy" Irene သူမရဲ့ လက်မောင်းကို လက်သီးဖြင့် ခပ်ဖွဖွထုသည်။
Wendyလည်း သဘောကျစွာ ရယ်ရင်း Irene ရဲ့ ခါးကို လက်နှစ်ဖက်ဖြင့် ဖက်ကာ မျက်နှာချင်းဆိုင်လိုက်ပြီး
"အလုပ်မသွားခင် ဒီအပြုံးလေးတွေကို မြင်ရတော့ အားတွေရှိသွားပြီ။ ကျေးဇူးပဲ Hyun-ah" ပြောပြီး Ireneရဲ့ ရှက်သွေးဖြာနေတဲ့ ပါးမို့မို့လေးကို နမ်းလိုက်သည်။
![](https://img.wattpad.com/cover/215476360-288-k821734.jpg)
VOCÊ ESTÁ LENDO
Flower Language [Completed]
Diversos❝ ပန်းလေးတွေထက်လှတဲ့ အပြုံးတွေက နွေဦးအစောပိုင်းမှာ စတင်ခဲ့တဲ့ ပန်းချီကားလေးပေါ့ ... မေပယ်လ်တစ်ရွက် အပြုံးတစ်ပွင့်နဲ့ ထိုအမျိုးသမီးလေးကို ချစ်မိသွားဖို့ လုံလောက်ခဲ့တယ် ... 🍁 ❞