Ep.23

1.8K 169 32
                                    

Flower Language
~~~

Unicode

"So Jinက အခုတလော ပိုက်ဆံလိုတယ် ဘာညာ ပြောတာကို ကြားမိကြသေးလား?" Seohyunက အခြားဝန်ထမ်းတွေကို မေးသည်။

"So Jin Unnieက အရမ်းစကားနည်းတဲ့သူလေ။ သူက လုပ်စရာအလုပ်တွေကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ခပ်သွက်သွက် လုပ်တယ်။ အလုပ်အကြောင်းကလွဲပြီး သူ စကားအပိုပြောတာ အရမ်းရှားတယ်။ ညီမတို့တွေ အပြင်ထွက်စားဖို့ ခေါ်ရင်တောင် တောင်းပန်ပြီး ငြင်းတတ်တာ"

"အဲ့လို အေးဆေးတည်ငြိမ်တဲ့သူက ဒီလိုအလုပ်မျိုး လုပ်လိမ့်မယ်လို့ တကယ်ကို မထင်ထားဘူး"

"တို့တွေလည်း သူ့ကို ဒီလိုလူမျိုးဖြစ်လိမ့်မယ်လို့ မထင်ခဲ့ဘူးလေ" Ireneက စိတ်မသက်မသာဖြင့် ပြောသည်။

ထိုစဥ် ဝန်ထမ်းတစ်ယောက်က "ဟိုလေ..."

"ပြောလေ"

"So Jinက ပြီးခဲ့တဲ့အပတ်တုန်းက အလုပ်ကို နေ့တစ်ဝက် ခွင့်ယူခဲ့တယ်လေ။ အဲ့တုန်းက သူဖုန်းပြောနေတာကို ကြားတာတော့ သူ့အမေ ဆေးရုံတင်လိုက်ရတယ် ဆိုလားပဲ။ သေချာမကြားလိုက်ရတော့ အတိအကျတော့ မသိဘူး။ ဒါပေမယ့် အဲ့နေ့နောက်ပိုင်း သူ့ကိုကြည့်ရတာ မလန်းမဆန်းနဲ့ တစ်ခုခုကို ပူပန်နေသလိုကြီး"

"ငါတို့ အခုပဲ သူ့အိမ်သွားကြမယ်။ တို့နဲ့ Seohyunက သူ့အိမ်သွားမှာဆိုတော့ Emma မင်းက ဆိုင်ကို သေချာကြည့်ထား။ ဒီနေ့ order ပန်းစည်းတွေ လာယူရင် အမှားအယွင်းမရှိစေနဲ့ ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါ"

"တစ်ခုခုဆို ငါတို့ကို ဖုန်းဆက်လိုက်နော်။ သွားရအောင် Irene"
.
.
.
.
.
.
.
.
.
.
.
.
.
.
So Jinရဲ့ အိမ်ကိုသွားကြည့်တော့ တကယ်ပဲ သူမအမေ ဆေးရုံတင်ထားရတာကြောင့် ဆေးရုံရောက်နေတယ်ဟု အိမ်နီးချင်းတွေ ပြောစကားအရ သူမတို့တွေ ဆေးရုံကို ချက်ချင်းလိုက်သွားလိုက်သည်။

ဆေးရုံရောက်တော့ တကယ်ပဲ နေမကောင်းတဲ့ အမေဖြစ်သူကို ပြုစုနေတဲ့ So Jinကို တွေ့လိုက်တော့ သူမတို့ရဲ့ ခြေလှမ်းတွေ တုံ့ဆိုင်းသွားသည်။

Flower Language [Completed]Where stories live. Discover now