Ep.7

1.5K 168 10
                                    

Flower Language
~~~

Unicode

"Oh my god! နင့်လူက အရမ်းရိုမန့်တစ်ဖြစ်တာပဲ"

Seohyun က သူမရဲ့Honeymoonအကြောင်းကို သိလိုက်ရတော့ အံ့ဩတကြီး ပြောလာသည်။

"ဘာငါ့လူလဲ! သူ့မှာ နာမည်ရှိပါတယ်ဟ"

"ရှက်မနေပါနဲ့တော့။ နင့်လူဖြစ်နေပြီပဲ။ ဒါနဲ့ Honeymoonမှာ တခြားစိတ်ဝင်စားစရာလေး ဘာလေးများ မရှိတော့ဘူးလား?"

Seohyun ဆိုလိုချင်တာကို သိတော့ သူမ ဒေါသတကြီးနဲ့ မျက်စောင်းထိုးလိုက်ပြီး "မဟုတ်တာတွေပဲ တွေးမနေနဲ့"

"Yah~ ဒီလောက်တောင် ပြင်ဆင်ပေးတာ နင်သူ့အပေါ် ခံစားချက်ပုစိလေးတောင် မဖြစ်ဘူးလား?" Seohyun​က လက်မနဲ့ လက်ညိုးကို အနည်းငယ်ဟလျက် ပြောသည်။

"ငါက ဘာခံစားချက်ဖြစ်ရမှာလဲ?"

"ဒါနဲ့ တစ်ခုတော့ ထူးဆန်းတယ်နော်။ သူက နင့်ကို ချစ်လည်းမချစ်သေးပဲ ဘာလို့ဒီလောက်တောင် ဂရုစိုက်ပေးနေတာလဲ?"

"ငါက ဘယ်လိုသိမလဲ"

"ဘာပဲဖြစ်ဖြစ် ငါကတော့ Wendyကို နင့်ရဲ့ လက်တွဲဖော်အဖြစ် အသိအမှတ်ပြုလိုက်ပြီ။ နင်တို့ လက်မထပ်ခင်တုန်းက မိဘတွေ စီစဥ်ထားတာကို မငြင်းချင်လို့ Wendy က နင့်က်ို လက်ထပ်တာလို့ ထင်ပြီး နင့်ကို ဂရုမစိုက်ပဲ ပစ်ထားမှာ စိုးနေတာ"

"ဘယ်လို မဟုတ်တာတွေလဲ" Irene မျက်စောင်းထိုးရင်း ပြောသည်။ ထိုစဥ် သူမရဲ့ ဖုန်းမြည်လာတာကြောင့်

"ငါ့ဖုန်းလေး တစ်ချက်လောက် ယူပေးပါဦး"

Irene က ပန်းစည်းလုပ်လက်စကြီးမို့ Seohyunကို ယူခိုင်းလိုက်သည်။ Seohyunက ဖုန်းယူပေးရင်း caller name ကိုကြည့်ပြီး "CHWH? ဘယ်သူကြီးလဲဟ?"

Irene က ဖုန်းကို အမြန်လှမ်းယူလိုက်ပြီး 'ဟယ်လို Wendy?'

"အဲ့ဒါ Wendyလား?"

'ကျောင်းသားဟောင်း တွေ့ဆုံပွဲကို ဖိတ်ခံရလား?' တစ်ဖက်မှ တည်ငြိမ်တဲ့ အသံက ထွက်လာသည်။

Flower Language [Completed]Where stories live. Discover now