Flower Language
~~~Unicode
"Seung Wan!"
ကုတင်ပေါ်ကနေ ဘေးကဝှီးချဲဆီကို သွားဖို့လုပ်နေတဲ့ Wendyကို သူမ မျက်မှောင်ကြုတ်ကြည့်ရင်း အော်လိုက်သည်။ သူမ အသံကြားတော့ ဝှီးချဲဆီကို အတင်းသွားဖို့ မကြိုးစားတော့ပဲ ကုတင်ပေါ်မှာ ငြိမ်ငြိမ်လေး ပြန်ထိုင်ပြီး သူမကို ကြည့်လာသည်။
သူမ ခေါင်းခါလိုက်ပြီး အနားကိုသွားကာ Wendyရဲ့ လက်မောင်းကနေမလျက် ထိန်းပေးရင်း ဝှီးချဲပေါ် ထိုင်စေလိုက်သည်။
"ဘာလို့ ငါ့ကိုမစောင့်ပဲ အတင်းထချင်နေတာလဲ!" Irene က သဘောမကျစွာ ပြောသည်။
"ဆောရီး"
"မျက်နှာသစ်ပြီးရင် အောက်ထပ်ကို ပြောင်းဖို့ လုပ်ရအောင်"
"ကောင်းပြီ"
သူမ ဝှီးချဲကိုတွန်းလျက် Wendyကို သန့်စင်ခန်းထဲကို ခေါ်လာခဲ့သည်။
"ငါ့ဘာသာ လုပ်နိုင်တယ်"
"ငါလည်း လုပ်ပေးနိုင်တယ်" Wendyက အခုချိန်ထိ ကိုယ့်အားကိုယ်ကိုးပြီး ခေါင်းမာချင်နေတာကြောင့် သူမ ခပ်မြန်မြန် တုံ့ပြန်လိုက်သည်။
"အခုတလော စွာလာတာပဲ"
"အဲ့ဒါဘယ်သူကြောင့်လဲ?" သူမ ဒေါသတကြီး ပြန်ပက်သည်။
"ဒီနားတိုးလာခဲ့" Wendyပြောတာနဲ့ သူမလည်း တိုးပေးလိုက်တော့ သူမဆံပင်တွေကို ဖွခံလိုက်ရသည်။
"Yah!"
"ကိုယ်,ကိုယ်တိုင်လည်း မျက်နှာမသစ်ရသေးတာကို သတိရရဲ့လား?"
သူမ သဘောမကျစွာနဲ့ အံကြိတ်လိုက်ပြီး Wendyရဲ့ လက်ထဲကို သွားတိုက်ဆေး ထည့်ထားတဲ့ သွားပွတ်တံကို ခပ်ဆောင့်ဆောင့် ထည့်ပေးလိုက်သည်။ ပြီးနောက် Wendyကို မကြည့်တော့ပဲ မှန်ကိုပဲကြည့်ကာ ကိုယ့်ဘာသာ သွားတိုက်နေလိုက်သည်။ သူမကို ကြည့်ပြီး Wendy တစ်ခစ်ခစ်ရယ်ရင်း သွားတိုက်လိုက်သည်။
"အဝတ်အစားတွေ ထုတ်ပေးထားတာ အဆင်ပြေလား ကြည့်ဦး" Irene က အဝတ်ခန်းထဲက အပြာရောင် စပို့ရှပ် လက်ရှည်တစ်ထည်နဲ့ လိုက်ဖက်မည့် အပြာနုရောင် ဆွဲသားဘောင်းဘီ ခပ်ပွပွတစ်ထည်ကို ယူလာပြီး သူမကို ပြသည်။
आप पढ़ रहे हैं
Flower Language [Completed]
बेतरतीब❝ ပန်းလေးတွေထက်လှတဲ့ အပြုံးတွေက နွေဦးအစောပိုင်းမှာ စတင်ခဲ့တဲ့ ပန်းချီကားလေးပေါ့ ... မေပယ်လ်တစ်ရွက် အပြုံးတစ်ပွင့်နဲ့ ထိုအမျိုးသမီးလေးကို ချစ်မိသွားဖို့ လုံလောက်ခဲ့တယ် ... 🍁 ❞