Ep.8

1.6K 175 16
                                    

Flower Language
~~~

Unicode

"နင်အရမ်းစိတ်ပူလွန်းနေတာ မဟုတ်လား? Irene က ကလေးမှ မဟုတ်တော့တာ"

"ငါပြောတဲ့အတိုင်းသာ လုပ်လိုက်" Seulgiရဲ့ အထွန့်တက်မှုကို သူမ စိတ်မရှည်စွာ ပြောသည်။

"ဒူဘိုင်းက DUဟိုတယ်နဲ့ ပူးပေါင်းမှု စာချုပ်က်ို လွှဲပေးမယ်"

Seulgiက တိတ်နေတာကြောင့် သူမ ထပ်တိုး ပြောလိုက်သည်။

အဲ့တော့မှ Seulgiမျက်နှာက ပြုံးဖြီးသွားပြီး "အာ... ဟုတ်တာပေါ့။ Irene က အနေအေးတဲ့လူဆိုတော့ ကျောင်းကလူတွေနဲ့ ပြန်တွေ့ရင် အနေရခက်မှာပဲ။ အဲ့အတွက်စိတ်မပူနဲ့တော့။ ငါက နင်မလာခင် အဖော် လုပ်ပေးလိုက်မယ်"

ချက်ချင်းလေသံပြောင်းသွားတဲ့ Seulgiကြောင့် သူမမျက်နှာသေဖြင့် ကြည့်ကာ "အဲ့ဒီအစား တစ်ခုခု ဖြစ်ခဲ့မယ်ဆို ရှန်ဟိုင်းမှာ နင်လေလံဆွဲမယ့် ဟိုတယ်ကို ငါယူပစ်မယ်"

သူမရဲ့ ခြိမ်းခြောက်မှုကို Seulgi လန့်သွားသည်။ အဲ့ဟိုတယ်ကို လေလံဆွဲနိုင်ဖို့ နှစ်ချီပြီးစောင့်ထားရတဲ့ အပြင် လူ​ပေါင်းများစွာနဲ့ စကားပြောထားရတာ။ သူမက အဖေဖြစ်သူရဲ့ လက်အောက်မှာ အလုပ်လုပ်နေတုန်းဆိုတော့ Wendyလို စိတ်တိုင်းကျမလုပ်နိုင်ကြောင့် ဒီလိုခြိမ်းခြောက်မှုမျိုးကို ​ကြောက်ရလေသည်။

"သိပါပြီ သိပါပြီ။ နင်ကအရမ်းခြိမ်းခြောက်တာပဲ။ ငြင်းလို့တောင် မရဘူး"

"ငြင်းချင်လည်း ငြင်းလေ"

"အာ...ငါက ငြင်းမယ်လို့ မပြောမိပါဘူး။ DUနဲ့ ပူးပေါင်းမှုကိုသာ ရရင် ဒက်ဒီက အိမ်ထောင်ဖက် မတွေ့ခိုင်းတော့ဘူးတဲ့"

Wendy တစ်ချက်ရယ်လိုက်ပြီး "သွားတော့။ နင်အလုပ်များနေတယ်ဆို"

"ဟုတ်သားပဲ။ ငါသွားပြီ bye" Seulgiတစ်ယောက် ပျော်ရွှင်စွာ နှုတ်ဆက်ပြီး ထွက်သွားလေသည်။

***

"မမလေးIrene~ ဒါက ဒီနေ့ ကျောင်းသားဟောင်း တွေ့ဆုံပွဲမှာ မမလေး ဝတ်ဖို့ မမလေးWendy ပို့ခိုင်းထားတဲ့ dress ပါ"

Flower Language [Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ