Extra (2)

1.3K 131 23
                                    

Flower Language
~~~

Unicode

(အခုထိ ရေချိုးခန်းထဲကကိစ္စကို ဆက်စေချင်တဲ့သူတွေ ရှိနေသေးတာ မယုံနိုင်ဘူး အဆက်မရှိဘူးလို့ မရှိဘူး 😒)

ကလင်..ကလင်

ခေါင်းလောင်းသံလေးနဲ့အတူ ဆိုင်တံခါးပွင့်လာပြီး Wendyဝင်လာပေမယ့် Irene က စားပွဲမှာ တစ်စုံတစ်ယောက်နဲ့ စကားပြောရာမှာ အာရုံရောက်နေတာကြောင့် သတိမထားမိပါ။

"အိုး Wendyပဲ~"

Seohyun ပြောလိုက်တော့မှ Ireneလည်း လှမ်းကြည့်လာသည်။ Wendyလည်း သူအပေါ်မှာ စောင့်နေမယ့်အကြောင်း လက်ဟန်ခြေဟန်ဖြင့်ပြလိုက်တော့ Ireneက ခေါင်းညိမ့်သည်။

"Babyကတော့ အခုချိန်ထိ ချစ်ဖို့ကောင်းနေတုန်းပဲ ခစ်ခစ်"

Wendy လှေကားပေါ်တက်နေစဥ် ကြားလိုက်ရတဲ့ စကားသံကြောင့် အကြည့်က Irene တို့ဆီ ရောက်သွားသည်။

"Baby?"

သူရှိနေတာကို မသိသည့်အလား ရယ်မောပြောဆိုနေတဲ့အပြင် တစ်ဖက်လူကို babyလို့တောင် ခေါ်လိုက်သေးတာကြောင့် Wendy သဘောမကျဖြစ်သွားကာ မျက်မှောင်ကြုတ်လိုက်တယ်။ ဒါပေမယ့် အပေါ်ကိုတော့ ဆက်တက်သွားသည်။

ဆယ့်ငါးမိနစ်လောက် ကြာတော့ Irene အပေါ်တက်လာတယ်။ Wendyလည်း အလိုမကျဖြစ်နေတဲ့ မျက်နှာဖြင့် မက်တပ်ရပ်လိုက်ပြီး Irene ဆီ လျှောက်သွားလိုက်သည်။

Ireneက သူ့မျက်နှာကို လက်ဖြင့်ညင်သာစွာကိုင်ကာ "တစ်ခုခုဖြစ်လို့လား?"

"ငါ့ကိုတောင် babyလို့ မခေါ်ဘူး"

"ဟမ်?"

ရုတ်တရက်ထိုစကားကို စဥ်းစားဖို့ Irene အချိန်တောင် ယူလိုက်ရတယ်။

"ငါက ချစ်ဖို့မကောင်းလို့လား?"

Wendyထိုစကားကို သနားစရာခွေးပေါက်စလေးလို အမူအရာနဲ့ ပြောလိုက်တာကြောင့် Irene သူ့ကို တစ်ခုခုမလုပ်မိအောင် စိတ်ထိန်းထားရသည်။

Flower Language [Completed]Where stories live. Discover now