Ep.1

4.8K 222 30
                                    

Flower Language
~~~

Unicode

ဒီနေ့က ပုံမှန်နေ့တွေနဲ့ မတူပဲ ရာသီဥတုသာယာတဲ့ နေ့တစ်နေ့ပါ။ ဒီတစ်လလုံး Torontoမြို့မှာ မိုးတွေ အဆက်မပြတ် ရွာနေခဲ့တာ။

ကျွန်မမိဘတွေက ပြီိးခဲ့တဲ့အပတ်က Korea ကနေ ကျွန်မကျောင်းတက်နေတဲ့ ဒီကိုရုတ်တရက် အပြီးကို ပြောင်းလာခဲ့ပြီး ဒီမနက်မှာတော့ ကျွန်မကို လှလှပပ အထက်တန်းဆန်တဲ့ပုံစံ ဝတ်စားခိုင်းပြီး သွားစရာရှိတယ်ဟု ပြောခဲ့တယ်။ ကျွန်မလည်း ထုံးစံအတိုင်း ခေါင်းညိမ့်ပြီး
ဝတ်နေကျ ပေါ့ပေါ့ပါးပါး အဝတ်အစားတွေ မဟုတ်ပဲ Designer made အဝတ်အစားတွေနဲ့ လက်ဝတ် ရတနာအချို့ကို ဝတ်လာခဲ့တယ်။

တစ်လမ်းလုံး ကျွန်မဘက်ကနေ ဘယ်သွားမှာလဲလို့
မမေးမိခဲ့ပေ။ ကျွန်မက အပြင်မှာရော မိဘတွေနဲ့ အတူရှိရင်ရော အေးတိအေးစက်နဲ့ ခံစားချက်မရှိတဲ့ ပုံစံမျိုးရှိတာ။ အဲ့ဒါကြောင့် ကျွန်မကို လူဖြစ်ပြီး ဘာလို့ခံစားချက် မရှိတာလဲလို့ ကျွန်မနဲ့ ပတ်သက်ဖူးတဲ့ လူတွေက အမြဲမေးကြတယ်။ အဲ့အချိန်တိုင်း ကျွန်မမှာတော့
တကယ်ကို ဖြေစရာမရှိပေ။

ကျွန်မမိဘတွေက အလုပ်အရမ်းများတဲ့ လူချမ်းသာတွေ ဆိုပေမယ့် ကျွန်မကို အမြဲဂရုစိုက်ပြီး အချိန်ပေးတာမို့ ကျွန်မမှာ မိသားစုစိတ်ဒဏ်ရာမျိုးလည်း မရခဲ့ပါပဲ
အချစ်တွေနဲ့ ကြီးပြင်းခဲ့ရတာ။ ဒါပေမယ့် ကျွန်မရဲ့ ခံစားချက်တွေကတော့ အချိန်တိုင်း ဗလာချည်းပဲ။

သူငယ်ချင်းတွေက ကျွန်မကို ဘုရားသခင်က လှပပြီး အပြည့်အနာအဆာ မရှိအောင် ဖန်ဆင်းခဲ့ပေမယ့်
ခံစားချက်တွေ ထည့်ပေးဖို့ မေ့ခဲ့တယ်လို့ ပြောတယ်။
သူတို့မှာ တစ်နေ့တစ်နေ့ ကျွန်မရဲ့ခံစားချက်တွေကို သိပ်စိတ်ဝင်စားနေပုံပါပဲ။

ကျွန်မအာရုံမရှိစွာနဲ့ ကားနောက်ခန်းမှာ ထိုင်နေရင်း
ကျွန်မအဖေက ခြံဝန်းကျယ်ကြီးတစ်ခုရှေ့မှာ ကားရပ်
လိုက်သည်။

"ဆင်းရအောင်"

ကျွန်မတို့ ကားထဲက မထွက်သေးပဲ ကြီးမားလှတဲ့အဖြူရောင် သံတံခါးကြီးရှေ့မှာ ရပ်လိုက်ကြသည်။ ရုတ်တရက် ထိုတံခါးကြီးက ကျွီခနဲ ပွင့်လာပြီိး အတွင်းဘက်မှ အသက်၄၀ရွယ် လူတစ်ယောက်က ကျွန်မတို့ကို ဦးညွှတ်ကာ

Flower Language [Completed]Hikayelerin yaşadığı yer. Şimdi keşfedin