"အစောကြီး ပြီးတော့အေးလည်းအေးတယ်။ မသွားနဲ့ နာရီစင်အထိဆို အရမ်းဝေးတယ် ။ ဒီကြားတခြားရပ်ကွက်ပါ ပတ်သွားရဦးမှာ..."

"ဘာဖြစ်လဲ အလင်းကိုကြည့် အဆီတွေပိလို့ ဝက်ဖြစ်တော့မယ် ။ ဒီတစ်ခါတော့ သူများလိုမျိုး လမ်းလျှောက်ထွက်ချင်တယ်..."

မိုးရနောင်ပိုင်သည် ကိုယ်ပေါ်ကစောင်များကို ဖယ်လိုက်၍ အလင်းခရှိသည့် ခုတင်ခြေရင်းတွင်ဝင်ထိုင်သည်။ ပြီးနောက် အလင်းခဘောဖိနပ်တစ်ဖက်ကို ကောက်ကိုင်၏။

"ဒါဆိုလည်း မောင်နဲ့မိုးလင်းကျမှလျှောက် အခုအစောကြီးရှိသေးတယ်။ ပြန်အိပ်လိုက်ဦးနော် လာပါ"

"ဟာဗျာ...ဖိနပ်စီးနေတယ်လေ မမြင်ဘူးလား ။ မနက်အစောကြီး လမ်းထလျှောက်ချင်လို့ပါ မောင်ရေ မတားနဲ့ ..."

လမ်းထလျှောက်ဖို့ စိတ်အားထက်သန်နေသော အလင်းခကိုကြည့်ပြီး သူလွတ်ထားလိုက်သည်။ နံနက်တိုင်း နိုးမှထတတ်သော အကောင်ငယ်လေးက လမ်းလျှောက်ချင်၍အစောကြီးထသည်ကိုကြည့်ပြီး ခွင့်ပြုပေးလိုက်၏။

"ကဲ..ဒါဆိုလည်း အင်္ကျီအထူကြီးဝတ်သွား...။ လူအုပ်ထဲမတိုးနဲ့ တော်ကြာဗိုက်ပေါ်က ချုပ်ရိုးတွေပြန်နာလိမ့်မယ်။ ဦးထုပ်၊လက်အိတ်၊ခြေအိတ်၊ မာဖလာ တစ်ခုမှမမေ့နဲ့နော်..."

"သိပါတယ် မောင်မလိုက်ဘူးလား"

"မပြောမိပါဘူး မင်းကိုဘယ်တုန်းက တစ်ယောက်ထဲလွတ်ဖူးလို့လဲ။ ခဏစောင့် မျက်နှာသစ်ဦးမယ်..."

"ဟုတ် အရမ်းမကြာနဲ့နော် လူအုပ်ကအဝေးကြီးမရောက်ခင် အမီလိုက်ရမယ်..."

"အင်းပါ..."

××××××××××××××××××××××××××××××××

အမိုးအိမ်ရောက်မှ လင်းလက်သူတို့၏ပြောစကားကြားတော့သည်။ ဖခင်ဖြစ်သူက မိမိ၏သားအရင်းမဟုတ်သော သားနှင့် နိုင်ငံခြားထွက်သွားတော့မည်တဲ့...။ ဖခင်ကို နားမလည်နိုင်ဆုံးသူက ထည်ဝါမောင်ပင်။တိမ်ယံလွှာကို ငယ်ငယ်ကတည်းက တစ်ယောက်တည်း ကျွေးမွေးစောင့်ရှောက်လာ၍ မိသားစုအရင်းချာထက် သံယောစဥ်တွယ်နေသည်။

မောင်တို့ဌာနီ(သို့) မောင့်ရဲ့အလင်း(ေမာင္တို႔ဌာနီ)  [Complete] Where stories live. Discover now