အခန်း[၁၁]ယယ်အင်တောင်

32 2 0
                                    

Zawgyi:

သမန်းကျားစ်က်မျိုးနွယ်စုအန္တရာယ်
ပိုင်း//၁-၁၁//{ယယ်င်တောင်}

〰〰〰〰〰〰〰〰〰〰〰〰〰〰

ဟိုဂျူးတောအုပ်ရဲ့အရှေ့ဘက်တွင် မ်မ်းလွင်ငြ်၊ မြောက်ဘက်တွင် ဟွမ်ယ်ကျောက်ဆောင်န်း၊ အနောက်ဘက်တွင် သားရဲများကျက်စားရာ အီဆောတောအုပ်နှင့် တောင်ဘက်တွင် ခီရာတောင်ကြားရှိပြီး ထိုတောင်ကြားလမ်းထဲတွင် ယ်င်တောင် ဟူ၍ရှိသည်၊၊

မျိုးနွယ်စုတွေရဲ့နေထိုင်ရာပိုင်နက်ဟာ မြောင်ဘက်ဟွမ်ရယ်ကျောက်ဆောင်တန်းကနေ တောင်ဘက်တစ်လျှောက်ဖြစ်သည်၊၊

သို့သော်လည်း ယယ်အင်တောင်ရဲ့နယ်နမိတ်အထိတော့ မရောက်ပေ၊၊ ဘာကြောင့်ဆို ခီရာတောင်ကြားဟာ မျိုးနွယ်စုတွေနဲ့ ယယ်အင်တောင်ကို ဟိုးရှေးကာလကတည်းက စည်းခြားထားတာဖြစ်သည်၊၊

သီးသန့်နယ်မြေအဖြစ် ထားထားသည်ဆို ပိုမှန်လိမ့်မှာပေါ့၊၊

ယယ်အင်တောင်ဟာ ဆန်းကြယ်မှုတွေနဲ့ပြည့်နေသည့်နေရာဆိုတာသိကြသော်လည်း ခီရာတောင်ကြားအတွင်းကို ဘယ်မျိုးနွယ်စုမှ မသွားကြပေ၊၊

ဘာကြောင့်ဆို ခီရာတောင်ကြားဟာ ခြောက်ခြားဖွယ်အရာတွေနဲ့ ပြည့်နေပြီး မျိုးနွယ်စုတွေရဲ့သိတတ်နားလည်မှုအရ ဘယ်သူမှ ထိုနေရာကို မသွားရဲကြတာပါ၊၊

သို့ပေမဲ့ ဘယ်သူမှမသိသည်က ထိုယယ်အင်တောင်ဟာ နတ်လိပ်ပြာမျိုးနွယ်စုနေထိုင်ရာဆိုတာပါပဲ၊၊

အမှောင်လောက၊ ဟိုဂျူးတောအုပ်တောင်ဘက်ရှိ ယယ်အင်တောင်ကို အဝေးက လှမ်းကြည့်မယ်ဆိုရင် မြူတွေအုပ်ဆိုင်းနေသည်ကိုသာ တွေ့ရမှာဖြစ်ပြီး ယယ်အင်တောင်၏ အတော်လှမ်းနေရာသိုရောက်ခဲ့ရင်လည်း ယယ်အင်တောင်ရဲ့ပုံစံအမှန်ကို အတိအကျမမြင်နိုင်ပဲ ကြည့်တဲ့သူတိုင်းကို ခြောက်ခြားစေသည်၊၊

မိန်းမပျိုလေးထယ်ရီဟာ သူမလိုက်ကြည့်ခဲ့တဲ့အမျိုးသမီးနဲ့ကလေးကို မတွေ့တော့ပေမဲ့ သူမဟာ ကလေးငယ်ကို စိတ်ဝင်စားမိတာမို့ ကလေးငယ်အပေါ် သူမအမှတ်အသားလုပ်ထားလိုက်သည်၊၊

သွေးနီဖြာသောလျို့ဝှက်ဒဏ္ဍာရီ『𝔻𝔸ℝ𝕂 𝕎𝕆ℝ𝕃𝔻 : 𝔻𝔸ℝ𝕂 𝔽𝕀𝔼ℕ𝔻』Where stories live. Discover now